အချပ်ပို (၁)

18K 2.1K 543
                                    

အချပ်ပို (၁)

ချန်မင်တောင်ပေါ်ဝယ်

ချန်မင်တောင်ပေါ်ဝယ် တစ်နှစ်ပတ်လုံးလိုလို ဆီးနှင်းများဖုံးလွှမ်းနေလေ့ရှိပြီး မြင်လေရာနေရာတိုင်းတွင် ဆွတ်ဆွတ်ဖြူဖွေးနေသည့်အရာများဖြင့်ပြည့်နှက်လို့နေသည်။ ခြေထောက်အောက်တွင် မြူခိုးငွေ့များနှင့် တိမ်စိုင်တိမ်လွှာများကို စီးနင်းနေရသည့်နှယ်။ အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် သက်ကယ်မိုးထားသော တဲအိမ်လေးအချို့နှင့် ခြံဝန်းငယ်လေးတစ်ခုရှိကာ ကမ္ဘာလောကကြီး၏အပြင်ဘက်ရှိ အမတနတ်ဘုရားများ မှီတင်းနေထိုင်ရာ ဘုံဗိမာန်တစ်ခုသဖွယ်။

အရှင်ခုနစ်က သေရည်များကိုပြန်နွှေးနေသည်။

အနံ့အရသာနှင့်ပြည့်စုံသော မွှေးပျံ့ကြိုင်လှိုင်သည့် ခပ်ဖျော့ဖျော့သင်းရနံ့တို့က ပြတင်းပေါက်မှတဆင့်ဖြတ်သန်းကာ အဝေးတစ်နေရာသို့ လွင့်မျောပျံ့နှံ့သွား၏။ *မြေနီရောင်ရွှံ့စေးမီးဖိုလေးပေါ်တွင်တင်ထားသည့် စစ်ထုတ်သန့်စင်ခြင်းမပြုရသေးသော ဆန်အရက်ပေါ်တွင်ဝေ့နေသည့် စိမ်းဖန့်ဖန့်အမြှုပ်ကလေးများသဖွယ်။ အနှီပုဂ္ဂိုလ်သည်ကား လူသူကင်းမဲ့သည့် မြင့်မားသော တောင်စဉ်တောင်တန်း အသွယ်သွယ်နှင့် ထူထပ်အုံ့ဆိုင်းသော စုံတောမြိုင်ရဂုံအတွင်းဝယ် ချို့ချို့တဲ့တဲ့ နေထိုင်နေရစေကာမူ ဘဝကို တင့်တောင်းတင့်တယ် သက်တောင့်သက်သာ ဖြတ်သန်းနေနိုင်ဆဲဖြစ်သည်။

(T/N *ကဗျာဆရာ ပိုင်ကျွီးရိ ၏ 《လျို ၁၉ ကိုမေးမြန်းခြင်း》 ကဗျာမှ ကောက်နုတ်ချက်ဖြစ်ပါသည်)

နတ်ဆေးဆရာလေးကမူ ပေစာတစ်လိပ်ကို လက်ထဲတွင်ကိုင်ထားရင်း သူ့နံဘေး၌ ထိုင်နေသည်။ ရံဖန်ရံခါ သူနားမလည်သည့်အကြောင်းအရာများရှိလာပါက ခေါင်းထောင်လာကာ တစ်ခွန်းစနှစ်ခွန်းစ မေးမြန်းတတ်၏။ အရှင်ခုနစ်က မျက်လွှာချထားရင်း အဆိုပါသေးငယ်သောမီးဖိုလေးကိုသာ စူးစိုက်ကြည့်ရှုနေသည်။ မေးခွန်းတစ်ခုမေးမြန်းလာတိုင်း သူက စဉ်းတောင်မစဉ်းစားဘဲ လက်တန်းပြန်လည်ဖြေဆိုလိုက်သည်သာဖြစ်သည်__အကယ်၍ လွန်ခဲ့သောနှစ်ပေါင်းများစွာက ၎င်းမှာ တော်ဝင်မင်းသားစံအိမ်တော်အတွင်း မွေးဖွားလာခဲ့ရသူမဟုတ်လျှင်တောင်မှ ထိုကဲ့သို့ ကဗျာဂီတသုခုမနှင့် သမိုင်းကြောင်းဆိုင်ရာ စာပေကျမ်းဂန်များနှင့်ပတ်သက်သည့် ပြည့်စုံကြွယ်ဝသော အသိပညာဗဟုသုတတို့ကြောင့် တော်ဝင်နန်းတော်မှကြီးမှူးကျင်းပသော ပညာရှိအမတ်စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ပြီး နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှားသူတစ်ဦး ဖြစ်လာနိုင်ပေသည်။

လေလွင့်ခရီးသည်Where stories live. Discover now