Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )

Start from the beginning
                                    

သို့ရာတွင် သူ့အနေဖြင့် ဘာလုပ်ရပါမည်နည်း?

အကုန်အကျအနည်းဆုံးနည်းလမ်းမှာ သူလာခဲ့သည့်နေရာကို ပြန်သွားရန်ဖြစ်သော်လည်း သူကမ်းပါးပေါ်တွင်ရှိနေစဉ်တုန်းက မည်သို့မည်ပုံ လက်လွတ်၍ ပြုတ်ကျလာခဲ့သည်ကို ပြန်စဉ်းစားမိသောအခါတွင်မူ သူ့အနေဖြင့် အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေစေမည်ကို ချူဟွမ်စိတ်ပူမိပေသည်။

/ပြန်သွားပြီးရင်တော့ ဆေးလေးဘာလေး ရှာသောက်သင့်နေပြီနဲ့ တူပါတယ်/

ဤအခိုက်တွင်ပင် သူ့နားရွက်ဘေးကပ်လျက်၌ ကြားနေကျမဟုတ် တစ်မျိုးတစ်ဖုံထူးခြားသော ကျေးလက်တေးတစ်ပုဒ်ကို တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကိုသုံးလျက် တီးမှုတ်နေသည်ကို ကြားလိုက်ရလေ၏။

နာကျင်မှုသည် လူကို စိတ်မရှည်ဖြစ်စေတတ်၏။ ချူဟွမ်မှာ စိတ်ဓာတ်ထိုးကျသွားခြင်းမျိုး မကြာခဏဖြစ်တတ်သော အလေ့အထရှိကြောင်း သူ့ကိုယ်သူ သိလေရာ သူ့အာရုံကို တစ်ခြားတစ်နေရာသို့ ပို့ထားရန် အကောင်းဆုံး ကြိုးစားလေသည်။ သို့ရာတွင် သူ့နားရွက်များမှာမူ တားမနိုင်ဆီးမရဖြင့် သံစဉ်ကို အာရုံစူးစိုက်၍ နားထောင်နေမိကာ သစ်ရွက်တစ်မျိုးမျိုးကို ပုလွေကဲ့သို့မှုတ်နေခြင်းမျိုး ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိပေ၏။

ပုလွေကို မှုတ်နေသောသူ၏ အဆုတ်မှာ အလွန်ပင် အံ့ဩဖွယ်ကောင်းလှသော စွမ်းအားမျိုးပိုင်ဆိုင်ပေသည်။ ဝင်သက်ထွက်သက်တို့မှာ ရှည်လျားလှပြီး ပုလွေသံမှာ ညက်ညော၍ နားဝင်ပီယံရှိလှလေ၏။

/အင်း... ကြည့်ရတာ ပြတင်းပေါက်အပြင်ဘက်မှာ မိုးရွာနေပုံပဲ/

ချူဟွမ်ကား စင်စစ်အားဖြင့် စာပေအနုပညာနှင့်ပတ်သက်၍ ခံစားတတ်ခြင်းမျိုး တစ်စက်လေးမှ မရှိပါချေ။ သူ၏ ဂီတကို အလေးထားတတ်မှုမှာ "လူသိများသော သီချင်းအချို့ကို လိုက်၍ ညည်းနိုင်ခြင်း" အဆင့်တွင်သာရှိလေသည်။ သို့ရာတွင် ဤကျေးလက်တေးမှာ ယခုအချိန်တွင် မှော်စွမ်းအင်တစ်မျိုးမျိုး ရှိနေပုံရကာ သူ့အနေဖြင့် ကူကယ်ရာမဲ့လျက် သံစဉ်တွင် နစ်မြောနေမိပေ၏။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now