အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)

Start from the beginning
                                    

ကျောက်ကျင့်က အော်ဟစ်လိုက်သည်။

"မင်းကိုး"

ဝမ်းခယ့်ရှင်က မျက်ခုံးကိုပင့်ကာ နူးညံ့ညင်သာစွာ ခွန်းတုံ့ပြန်လိုက်သည်။

"အာ....ကျောက်သူရဲကောင်းပဲ...မတွေ့တာတောင်ကြာပြီနော်"

ကျောက်ကျင့်သည် ဝမ်းခယ့်ရှင်ကို ယခင်တုန်းက တစ်ကြိမ်ထက်မက တွေ့မြင်ခဲ့ဖူးသည်။ သို့သော် ယခုတစ်ကြိမ်တွေ့မြင်လိုက်ရချိန်တွင်မူ ၎င်းမှာ အခွံအတွင်း၌ ဝိညာဉ်ကို လဲလှယ်ထားသလို ခံစားလိုက်ရလေသည်။ ကြည့်လေလေ ထူးဆန်းလေလေဖြစ်နေပြီး စိတ်ထဲတွင် မဆိုစလောက် စိုးရိမ်ထိတ်လန့်လာတော့သည်။ ဝမ်းခယ့်ရှင်က ကျောက်သားလှေခါးထစ်များပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာနေသည်။ ရှေ့သို့လှမ်းလာနေသော သူ၏ခြေလှမ်းတစ်လှမ်းချင်းစီမှာ ဖိအားတစ်မျိုးကို ထုတ်လွှတ်နေသလို။ ကျောက်ကျင့်မှာ မသိလိုက်မသိဘာသာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားမိပြီး သူ့ကိုယ်သူ ခဲရာခဲဆစ် တောင့်ခံထိန်းချုပ်ထားနေရင်း မေးမြန်းလိုက်၏။

"မင်း...မင်းက..ဟို.."

ဝမ်းခယ့်ရှင်က 'အင်း' ဟု အသံတစ်ချက်ပြုလိုက်ပြီး အားလုံး၏ခံစားချက်များကို အတိုင်းထက်အလွန် သဘောပေါက်နားလည်နေသည့်အလား ရှင်းပြလိုက်သည်။

"အရည်အချင်းညံ့ဖျင်းပြီး သိမ်ဖျင်းသေးနုပ်တဲ့ ဟောဒီက ကျွန်တော်မျိုးက လူတကာ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ မကောင်းဆိုးဝါးမိစ္ဆာဓာတ်တွေပြည့်ဝနေတဲ့ တစ္ဆေမိစ္ဆာတွေရဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ။ အရင်တုန်းက အားလုံးအပေါ်မှာ မရိုမသေ မလေးမစား ပြုမူဆက်ဆံခဲ့မိတာများရှိရင် ခွင့်လွှတ်နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်"

ကျောက်ကျင့်သည် သူ၏လက်စွမ်းလက်စကို အကြိမ်ပေါင်းများစွာမြင်တွေ့ဖူးခဲ့ပြီး ၎င်းမှာ သိုင်းပညာအဆင့်အတန်းမြင့်မားသူတစ်ဦးဖြစ်ကြောင်း သိရှိထားသော်ငြား ဤကိစ္စမှာ မဆိုစလောက် ထူးဆန်းနေသလို ခံစားနေရသည်မှလွဲ၍ သူ့ကဲ့သို့ လူငယ်လေးတစ်ယောက်ကို စိတ်ထဲတွင်ထည့်မထားမိခဲ့ပါချေ။ သို့သော် ၎င်းမှာ ထိုအကြောင်းကို လုံးစေ့ပတ်စေ့ မစဉ်းစားလိုက်ရသေးခင်မှာပင် သူ့အနောက်ဘက်ရှိ လူတစ်ယောက်က လေထုထဲသို့ခုန်ဝင်လာပြီး အော်ဟစ်လိုက်၏။

လေလွင့်ခရီးသည်Where stories live. Discover now