Swamping with Intimacy(Season...
By Sattttttttt
6.8M 676K 79.1K
Describing the love between a soft Doctor and a cool Gangster . _____ သိပ်အားပြင်းလွန်းတဲ့ စိတ္တဇနာမ်တခုမှာ န... More
အပိုင်း-(၁)
အပိုင်း-(၂)
အပိုင်း-(၃)
အပိုင်း-(၄)
အပိုင်း-(၅)
အပိုင်း-(၆)
အပိုင်း-(၇)
အပိုင်း-(၈)
အပိုင်း-(၉)
အပိုင်း-(၁၀)
အပိုင်း-(၁၁)
အပိုင်း-(၁၂)
အပိုင်း-(၁၄)
အပိုင်း-(၁၅)
အပိုင်း-(၁၆)
အပိုင်း-(၁၇)
အပိုင်း-(၁၈)
အပိုင်း-(၁၉)
အပိုင်း-(၂၀)
အပိုင်း-(၂၁)
အပိုင်း-(၂၂)
အပိုင်း-(၂၃)
အပိုင်း-(၂၄)
အပိုင်း-(၂၅)
အပိုင်း-(၂၆)
အပိုင်း-(၂၇)
အပိုင်း-(၂၈)
အပိုင်း-(၂၉)
အပိုင်း-(၃၀)
အပိုင်း-(၃၁)
Merry Christmas
အပိုင်း-(၃၂)
အပိုင်း-(၃၃)
အပိုင်း-(၃၄)
အပိုင်း-(၃၅)
အပိုင်း-(၃၆)
အပိုင်း-(၃၇)
အပိုင်း-(၃၈)
အပိုင်း-(၃၉)
အပိုင်း-(၄၀)
အပိုင်း-(၄၁)
အပိုင်း-(၄၂)
အပိုင်း-(၄၃)
အပိုင်း-(၄၄)
အပိုင်း-(၄၅)
အပိုင်း-(၄၆)
အပိုင်း-(၄၇)
အပိုင်း-(၄၈)
အပိုင်း-(၄၉)
အပိုင်း-(၅၀)
အပိုင်း-(၅၁)
အပိုင်း-(၅၂)
အပိုင်း-(၅၃)
အပိုင်း-(၅၄)
အပိုင်း-(၅၅)
အပိုင်း-(၅၆)
အပိုင်း-(၅၇)
အပိုင်း-(၅၈)
အပိုင်း-(၅၉)
အပိုင်း-(၆၀)
အပိုင်း-(၆၁)
အပိုင်း-(၆၂)
အပိုင်း-(၆၃)
အပိုင်း-(၆၄)
အပိုင်း-(၆၅)
အပိုင်း-(၆၆)
အပိုင်း-(၆၇)
အပိုင်း-(၆၈)
အပိုင်း-(၆၉)
အပိုင်း-(၇၀)
အပိုင်း-(၇၁)
(ဇာတ်သိမ်းပိုင်း)
အပိုင်း-(၁၃)
92.1K 10.2K 647
By Sattttttttt
Luggage ထဲမှ သူနှင့် စိမ်းနေသော ပစ္စည်းများကို လင်းထက်သူ တစ်ချက် ကြည့်လိုက်သည်။ သူများရဲ့ personal မလို့ ဖွင့်မကြည့်သင့်သော်လည်း ဆက်သွယ်စရာ တစ်ခုခုတော့ ရှာရမည်။ သေချာစီခေါက်ထားသော အင်္ကျီများမှာ ခုတလော trend ဖြစ်နေသည့်  Oversize ၊ Hoodie ၊ Vest နဲ့ Pants အတိုအရှည်များ။ ခု ခေတ်ကလေးတွေက ဒီလိုမျိုးတွေ တော်တော်ဝတ်ကြတာပဲ။ ပုဆိုးဟူ၍ တစ်ထည်၊ နှစ်ထည်သာ တွေ့ရသည်။
အင်္ကျီတန်းဘေးက စီထားသော စာအုပ်များကို ကြည့်ပြီး လင်းထက်သူ ခွီ ခနဲ ရယ်ချမိသည်။ 18+Romance book များ၊ Warning ပေးထားသော BL fiction စာအုပ် များနှင့် rated novel များက နေရာတကျ။ BL ချည်းပဲ Eng sub နှင့်ရော Myan sub နှင့်ပါ 5 အုပ်လောက်ရှိပြီ။ ကျန်သည့် normal များက 3 အုပ်လောက်။ ယောက်ျားလေးဆိုတာ နားလည်ပေမဲ့ ရုပ်လေးက မထင်ရက်စရာလေးမလို့ ဒီလောက်ကြီးထိကို သူမတွေးထား။
လေယာဉ်ပေါ်မှာ လူကြီးဆန်ဆန်စကားပြောခဲ့သည့် လွန်းအာကာ ကို ပြန်မြင်ယောင်ပြီး အူလှိုက်သည်းလှိုက် ရယ်မိသည်။
"တကယ့်ကောင်ကွာ!"
ပုံစံကြည့်ရတာ ဒီကောင်လေးက Bisexual လား Fudanshi လားတော့ မသိ။
နောက်ထပ် နည်းနည်းရှာကြည့်တော့ စာအုပ်တွေဘေး အိတ် လိုင်းနားမှာ ကပ်ထည့်ထားသည့် condom တွေက အထုပ်လိုက်။ လူငယ်ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပါ ဟု သူဖြည့်တွေးသော်လည်း ရယ်ချင်နေမိသည်။ စီးကရက် သုံးလေးဗူးသာ ထပ်တွေ့၍ သူ လိုနေသော Business card ဘာညာ မရှိတော့။
ဖုန်းနံပါတ်ကလည်း မရှိသည့်အတွက် လင်းထက်သူ အကြပ်ရိုက်သွားသည်။ Facebook ကနေပဲ ရှာလိုက်ရင်ကောင်းမလား။
ကြာကြာတွေးမနေတော့ဘဲ Fb ထဲဝင်ကာ search bar တွင် Loon Arkar ဟု ရိုက်နှိပ် ရှာကြည့်လိုက်သည်။
တွေ့ပါပြီ...အမှောင်သခင်ကြီးကို။
သူ့ acc က ထိပ်ဆုံးက ပေါ်နေလျက်။ လင်းထက်သူလည်း ခင်မင်နေတာကြောင့် ချက်ချင်း add လိုက်မိသည်။
ထို့နောက် Acc ထဲဝင်ကြည့်စဉ် profile မှ shopping center တစ်ခုတွင် sun glasses ဖြင့် ပြုံးပြနေသည့် ကောင်လေးကို သူတန်းမှတ်မိသွားသည်။ ပုံတိုင်းကလည်း react K ကျော်နေသည်မို့ cele ဖြစ်မည်။
ခဏကြာတော့ ဟိုဖက်က သူ့ကို confirm ၏။ Messenger ကို သွားပြီး သူဘာစပြောရမှန်း မသိ၍ တွေဝေနေတုန်း တစ်ဖက်မှ message ဝင်လာသည်။
"အကို အိတ်မှားသွားတယ်နော်" ဟူသည့် စာတိုလေးကြောင့် စိတ်အေးသွားမိသည်။
"ဟုတ်တယ် ညီလေး...အ​သေးစိတ်ပြောရအောင် ဖုန်းဆက်လိုက်မယ်"
"ဟုတ်ကဲ့"
Audio call ခေါ်လိုက်တော့ တစ်ဖက်မှ ချက်ချင်းကိုင်လေ၏။
"ဟယ်လို!"
ကောင်လေး၏အသံက မာတောင့်တောင့်။ ရယ်ချင်လာသောကြောင့် အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။
"ဟယ်လို...ညီလေး!"
"ဟို..အစ်ကို ကျွန်တော့်အိတ်ဖွင့်ကြည့်လိုက်သေးလားဗျ?"
အဖျားခတ်သွားသော အသံတိုးတိုးအရ လွန်းအာကာ အရှက်သည်းနေပုံ။
"မင်းအိတ်ဖွင့်မကြည့်ဘဲနဲ့ အိတ်မှားလာတာ အစ်ကိုက ဘယ်လိုသိမှာလဲ...ညီရဲ့"
"အာ..ဟုတ်သားပဲ! ကျွန်တော်တို့ အိတ်ကို ဘယ်မှာ ပြန်လဲကြမလဲ?"
"Cafeyard ကို လာခဲ့ပါလား...ကိုယ်က အိမ်ရှင်ဆိုတော့ ညီလေးကိုလည်း တစ်ခါတည်း Coffee တိုက်ချင်လို့ပါ။"
Cafeyard ကို သူတမင်ခေါ်လိုက်သည်။ Coffee နှင့် တခြားမုန့်များလည်း ကောင်းသည့် နေရာမလို့ ဧည့်သည် ကို တခါတည်း မုန့်လိုက်ကျွေးချင်သောကြောင့်ပင်....
"ဟုတ်ကဲ့ ! ကျေးဇူးပါ အကို"
နေရာအချိန်းအချက်လုပ်ပြီး ဖုန်းချလိုက်သည်။ call end ဖြစ်သွားသော Ph screen ကို ကြာကြာစိုက်ကြည့်ရင်း လွန်းအာကာ ရှက်လာသည်။
"ငါ့ကိုတော့ ထင်သွားမှာပဲ နှာဘူးကောင်လို့!"
ညနေက အဖြစ်အပျက်များက သူ့ခေါင်းထဲသို့ အောင့်သက်သက် ဝင်လာတော့၏။
လေဆိပ်ကပြန်ပြီး ဆေးရုံကိုဝင်ကြည့်ကတည်းက အိတ်မှားလာတာ မသိသေး။
ပြင်းပြင်းထန်ထန် ထိခိုက်သွားသော ကောင်လေးတွေကို သူကိုယ်တိုင် ဆေးရုံစောင့်ပေးသည်။ ဒီလောက် ထိခိုက်အောင် လုပ်ရလားဟု စိတ်တိုသွားပေမဲ့ တဖက်က လူတွေကိုလည်း သူ့တပည့်ကျော်များက ပြန်ချသည်ကြားသလို ဟိုဖက် က ဦးဆောင်သူက လာတောင်းပန်ခဲ့သည်။ သူ့ဘက်က တောင်းပန်သင့်တာကို သူ့ထက်အများကြီး ကြီးသည့်လူကြီးဖြစ်သူက လာရိုကျိုးသဖြင့် သူကြေအေးပေးလိုက်ပါသည်။
Hotel ရောက်မှ အိတ်ကို ဖွင့်ကြည့်တော့ သူ့စာအုပ်များအစား ဆေးစာအုပ်ထူထူများဖြစ်နေသည်။ ခေတ်ဆန်ဆန် သူ့အဝတ်အစားများနေရာမှာတော့ မြန်မာဆန်ဆန် လုံချည်ပုဆိုးများနှင့် Pants အနည်းငယ်သာ နေရာယူ၏။ တခြားတကိုယ်ရေတကာယ ပစ္စည်းများအပြင် အိတ်တစ်လုံးတွေ့သည့်အခါ အထဲက အရာကို ထုတ်ကြည့်လိုက်သည်။ Packing လှလှဖြင့် ထုပ်ပိုးထားသော ဗူးတစ်ခု။ Branded လက်ပတ်နာရီတစ်လုံးဖြစ်မည်။ အိတ်ထဲတွင်ပါသော စာကို မဖတ်သင့်မှန်းသိသော်လည်း သူယူဖတ်လိုက်မိသည်။
Happy Birthday ပါ ယမင်း...။
Birthday မှာ ကိုယ်ရှိမနေပေးနိုင်တာ ခွင့်လွှတ်ပါ။ မွေးနေ့လ မှာ ပျော်ရွှင်ပါစေ ။
လက်ရေးခပ်သော့သော့ဖြင့် ရေးထားသော စာလေးကို ကြည့်ပြီး သူမျက်နှာမဲ့လိုက်သည်။
ကောင်မလေးရှိသည်ပဲ။ ဒီရက်ပိုင်း Single ဖြစ်နေသောကြောင့် အတွဲတွေဆို သူ ကြည့်မရ။
ဒါနဲ့ Bd wish ကြီးက ဘယ်လိုကြီးလဲ။ရင်ခုန်စရာမကောင်းလိုက်တာ....
သူများအိတ်ကို မွှေနေသော်လည်း သူ့အိတ်ကို မေ့နေသည်၊၊
"ဘုရား! သူငါ့အိတ်ကိုဖွင့်ကြည့်မှာလား မသိဘူး"
အတွေးပင် မဆုံးလိုက် FB မှ တက်လာသော noti ကို မြင်၍ မျက်လုံးပြူးသွားတော့သည်၊၊
______
Cafeyard ကို မနက်စောစော ၈ နာရီလာခဲ့ခြင်းကြောင့် လွန်းအာကာ နောင်တရမိသည်။ အေးလိုက်တာဆိုတာ ဆိုဖွယ်ပင်မရှိတော့။
ထင်းရှူးတောများပေါ်မှ နှင်းမြူများဟာ မှုန်ပျပျနှင့် သိပ်လှသည်။ မြူကြောင့် အရောင်ဖျော့နေသော စိမ်းတိမ်းတိမ်းသစ်ပင်များဟာ စိုစွတ်မှုတစ်ခုနှင့် ဆန်းသစ်လတ်ဆတ်နေ၏။
"ညီလေး!"
လင်းထက်သူ၏ ခေါ်သံကြောင့် ထင်းရှူးတောကို ငေးနေရာက လှည့်၍ ပြုံးပြလိုက်သည်။
"ရောက်နေတာ ကြာပြီလား?"
Luggage ကို ဆွဲ၍ ရောက်လာသော အစ်ကိုက  အသားခပ်ထူထူ လက်ရှည်အင်္ကျီအဖြူကို အစိမ်းရင့်ရောင် ပုဆိုးဖြင့် တွဲဝတ်ထားသောကြောင့် သန့်ခန့်နေသည်။ ဆံပင်ကိုလည်း Gel ဖြင့် ပုံသွင်းလာပုံရ၏။ နဖူးပေါ်တွင် ဆံမျှင်တစ်မျှင်မှ ကျမနေ။ လူကြီးဆန်စွာ ချောမောနေသည်က မြင်သူတိုင်း လည်ပြန်ငေးရလောက်မည်။
"အထဲ ဝင်ရအောင်လေ...ညီလေး...အပြင်မှာ အေးတယ်"
သူလည်း အရမ်းအေးနေသောကြောင့် လက်ခံ၍ နှစ်ယောက်သား luggage ကိုယ်စီဆွဲပြီး ဆိုင်ထဲဝင်ဖြစ်ကြသည်။ ထို့နောက် စာအုပ်စင်လေးဖြင့် ချစ်စဖွယ်ပြင်ဆင်ထားသော လင်းလင်းရှင်းရှင်းနေရာတွင် သူတို့ နေရာယူလိုက်သည်။
အထဲရောက်၍ အနည်းငယ် နွေးသော်လည်း Hoodie တစ်ထည်နှင့် Pants အရှည်ပါပါးကိုသာ ဝတ်လာသော မန္တလေးသားက ချမ်းနေသေး၏။
"ညီ အရမ်းအေးနေတာလား....မင်းက ပါပါးလေး ဝတ်လာတာကိုးကွ"
"ကျွန်တော်က ဒီလောက်အေးမယ်လို့မှ မထင်တာ"
ဆူပွပွ ပြောတော့ လင်းထက်သူက ခပ်တိုးတိုးရယ်သည်။ ရယ်လိုက်တော့ နှုတ်ခမ်းဘေးနားက ပါးချိုင့်သေးသေးလေးက ချိုင့်ဝင်သွား၏။ ထို့နောက် လင်းထက်သူကပဲ Coffee နှင့် မုန့်အချို့မှာပေးသည်။
"ကဲ...ရော့ ! ညီ့ Luggage "
ပြုံးစိစိနှင့် luggage ကို တွန်းပေးတော့ လွန်းအာကာက သူ့ကို မကြည့်ဘဲ ခေါင်း မြန်မြန် ငြိမ့်ပြသည်။
"ဒါက အစ်ကို့ဟာ"
သူ luggage ကို ဆွဲယူလိုက်ပြီး ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေသော ကောင်လေးကို အရှက်ပြေစေရန် စကား စ ပေးမိသည်။
"ညီ က ဒီမှာ ဘယ်နှရက်လောက်နေမှာလဲ?"
"နှစ်ရက် , သုံးရက်လောက်ပါပဲ"
တစ်ပတ်လောက်ကြာမည်ဟု ထင်ထားသော်လည်း ကိစ္စများကို အမြန်ဖြေရှင်းနိုင်ခဲ့သောကြောင့် ထိုသို့ ဖြေလိုက်ခြင်း ဖြစ်သည်။ မန္တလေးမှာ သူကြာကြာပျောက်နေလို့ မဖြစ်သည်ကတော့ တစ်ကြောင်းအပါအဝင်ပေါ့။
"ဒီဆိုင်က တကယ် ချစ်စရာလေးပဲ...ဒီစာအုပ်တွေကရော ဖတ်လို့ရတာလား?"
ခုံပေါ်က စီထားသော စာအုပ်လေးများကို လက်ချောင်းများနှင့် ဖိကိုင်၍ မေးမိတော့....
"ဖတ်လို့တော့ ရတယ် ! ဒါပေမဲ့ ဒါမင်းကြိုက်တဲ့ စာအုပ်တွေ မဟုတ်ဘူး..."
"ဟင်!"
မေးတာပဲဖြေလျှင် ပြီးသည့် ကိစ္စကို အရစ်တက်စနောက်နေသူကြောင့် လွန်းအာကာ မျက်နှာ ရဲတွတ်သွား၏။
ဒီအကိုကတော့လေ...မချိုမချဉ်ဖြစ်နေသည့်ရုပ်က လူကြီးလူကောင်းလား တဲ့လား ?
"အကိုက စ တာပါ "
ခဏကြာတော့ မှာထားသော Latte နှစ်ခွက်နှင့် Sandwich Smiley potato တို့လာချပေးသည်။
"အကိုကလည်းဗျာ...အဲ့လောက်မလိုပါဘူး အားနာစရာကြီး!"
"အကိုက ဧည့်ခံချင်လို့ပါ။ ပြီးတော့ ညီ့ကိုကြည့်ရတာလည်း ဒီကိုလာတိုင်း အလုပ်ကိစ္စနဲ့ပဲ ရေးကြီးသုတ်ပျာ လာပုံရတယ်....ဘယ်နေရာမှ သေချာမသွားဖူးဘူးထင်တယ်"
တွေးတွေးဆဆ ပြောလာတော့ လက်ခံစွာ ခေါင်းညိမ့်ပြုံးမိသည်။ ကလောလို နေရာမျိုးကို မကြာခဏရောက်ပြီး Hotel ပဲ အောင်းနေမိသည်က အခြေအနေအရပေမို့ သူမတတ်နိုင်ပေ။
"အဲ့ဒါတော့ ဟုတ်တယ် ၊ အလုပ်လုပ်ပြီး ကျန်တဲ့ အချိန်တွေဆို  Hotel မှာပဲ။ ဒီမှာ ရင်းနှီးတဲ့ အသိကလည်း မရှိတော့..."
"ခု အကို ရှိပြီလေ!"
"ခင်ဗျာ...."
"ဒီနှစ်ရက် သုံးရက်အတွင်းမှာ အကိုမင်းကို သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးလို့ ရပါတယ်"
ကျေးဇူးတင်မိပေမဲ့ သူသိပ်တော့ လက်မခံချင်။
"ကောင်းပါ့မလား အစ်ကိုရာ!သက်သက် ဒုက္ခပေးသလိုဖြစ်နေပါပြီ"
"မဖြစ်ပါဘူး....အစ်ကိုလည်း ဒီရက်ပိုင်း အားနေတာပဲ ! မင်းကို လိုက်ပို့ပါ့မယ်"
အမြဲတမ်း Hotel ထဲချည်းနေနေရတာ သူလည်း ငြီးငွေ့ပါသည်။ ကိုယ့်မြို့နယ်မဟုတ်သည့် တခြားတစ်နေရာကို ရောက်တုန်းရောက်ခိုက် လည်ပတ်ကြည့်ချင်သည်မှာ လူ့သဘာဝပဲမဟုတ်လား။
"ဒါဆိုရင်တော့ ကျွန်တော်က ကျေးဇူးတင်တာပေါ့"
"ကဲ....Coffee သောက်"
မွှေးပျံ့ပျံ့ Coffee ပူပူက ခါးသက်သော်လည်း ချမ်းစိမ့်လှသော မနက်ခင်းနှင့်လိုက်ဖက်စွာ လည်ချောင်းတလျှောက် ဖြတ်စီးသွားသည်။
နေရာလေးက ကောင်းသောကြောင့် အကိုနှင့် မကုန်ခမ်းနိုင်သော စကားများ ပြောရင်း ၊ ရှုခင်းလည်း ကြည့်ရင်း သူ့ မနက်ချိန် ကုန်ဆုံးလိုက်ပါသည်။
________
I need feedbacks and ur voting kha 🥺
_________
                   အပိုင်း-(၁၃)
"တကယ့်ကောင်ကွာ!"
"ဟုတ်ကဲ့"
"ဟယ်လို!"
"ဟယ်လို...ညီလေး!"
"ဟို..အကို ကျွန်တော့်အိတ်ဖွင့်ကြည့်လိုက်သေးလားဗျ?"
"မင်းအိတ်ဖွင့်မကြည့်ဘဲနဲ့ အိတ်မှားလာတာ အကိုက ဘယ်လိုသိမှာလဲ...ညီရဲ့"
"Cafeyard ကို လာခဲ့ပါလား...ကိုယ်က အိမ်ရှင်ဆိုတော့ ညီလေးကိုလည်း တခါတည်း Coffee တိုက်ချင်လို့ပါ။"
______
"ညီလေး!"
လင်းထက်သူ၏ ခေါ်သံကြောင့် ထင်းရှူးတောကို အငေးပျက်သွားသော်လည်း လှည့်၍ ပြုံးပြလိုက်သည်။
"ရောက်နေတာ ကြာပြီလား?"
"ကဲ...ရော့ ! ညီ့ Luggage "
ပြုံးစိစိနှင့် luggage ကို တွန်းပေးတော့ လွန်းအာကာက သူ့ကို မကြည့်ဘဲ ခေါင်းသာ မြန်မြန် ငြိမ့်ပြနေသည်။
"ဒါက အကို့ဟာ"
သူ့ luggage ကို ဆွဲယူလိုက်ပြီး ရှိန်းတိန်းတိန်းဖြစ်နေသော ကောင်လေးကို အရှက်ပြေစေရန် စကား စ ပေးမိသည်။
ခုံပေါ်က စီထားသော စာအုပ်လေးများကို လက်ချောင်းများဖြင့် ဖိကိုင်၍ မေးမြန်းမိတော့....
"ဟင်!"
"အကိုက စ တာပါ "
"ခု အကို ရှိပြီလေ!"
"ခင်ဗျာ...."
"ကောင်းပါ့မလား အကိုရာ!သက်သက် ဒုက္ခပေးသလိုဖြစ်နေပါပြီ"
"မဖြစ်ပါဘူး....အကိုလည်း ဒီရက်ပိုင်း အားနေတာပဲ ! မင်းကို လိုက်ပို့ပါ့မယ်"
"ကဲ....Coffee သောက်"
မွှေးပျံ့ပျံ့ Coffee ပူပူက ခါးသက်သော်လည်း ချမ်းစိမ့်လှသော မနက်ခင်းနှင့်လိုက်ဖက်စွာ လည်ချောင်းတစ်လျှောက် ဖြတ်စီးသွားသည်။
နေရာလေးလည်း ကောင်းသောကြောင့် အကိုနှင့် မကုန်ခမ်းနိုင်သော စကားများ ပြောရင်း ၊ ရှုခင်းလည်း ကြည့်ရင်း သူ့ မနက်ချိန် ကုန်ဆုံးလိုက်ပါသည်။
________
_________
Continue Reading
You'll Also Like
390K 15.1K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 60.3K 49
1M 70.7K 64
UNICODE ဒီချာတိတ်နဲ့ဆုံတိုင်း ခဏခဏ စနောက်ချင်ပြီး ခဏခဏ ရယ်မောချင်နေမိတယ်။ ပေစောင်းစောင်းနဲ့ မကြောက်တတ်တဲ့ပုံလေးက တကယ်ထူးဆန်းနေတာမို့ ခဏခဏ စိတ်ဆိုးအော...