MARRYING MY SECRETARY[Zhanyi...

By Shen05_

237K 24.5K 3.3K

Zhanyi Hope you enjoy 🥳 More

1~//CEOမင်္ဂလာပွဲမှာလုပ်ကြံခံရတယ်//
2~//သေရွာကပြန်လာတဲ့CEO//
3~//CEOမြေခွေးကြံကြံတော့မယ်//
4~//အူတူတူအတွင်းရေးမှူးလေး//
5~//CEOရဲ့ကြီးကျယ်မြင့်မြတ်တဲ့မဂ်လာပွဲ//
6~//အပြာရောင်အချစ်ညမင်းလှမ်းကြည့်လိုက်စမ်း//
7~//အတိတ်ကCEOကဆိုးတယ်//
8~//မနက်၄နာရီမှာသူနိုးထလာ//
9~//အတွင်းရေးမှူးကိုပညာပေးမယ်တဲ့//
10~//သူ့ကိုငိုတဲ့အထိစချင်တယ်//
11~//CEOရဲ့ဗျူဟာ//
12~//ကျန့်ကောကကျွန်တော့ကိုအနိုင်ကျင့်နေတာ//
13~//လည်ပင်းကအမာရွတ်ကလေး//
14~//ကံအကောင်းစားလေးတွေ၀င်နေတဲ့CEO//
16~//ပိုင်လီမျိုးရိုးစပ်စုခန်း//
17~//CEOတော့မချိမဆန့်ခံစားနေရပြီတဲ့//
18~//CEOကချစ်တယ်ဆိုဝာာကိုလက်မခံနိုင်ဘူးတဲ့//
19~//သေချာနေပြီချစ်မိနေတယ်ဆိုတာ//
20~//မကောင်းတတ်လို့လက်ထက်ထားတဲ့CEO//
21~//CEOပြန်ပေးဆွဲခံရ//
22~//ဂျပုမဂြိုလ်မွှေပြီ//
23~//မောင်မင်းကိုခေါင်းဖြတ်မယ်။သင်းကွပ်မယ်//
24~//ရွှေစိတ်တော်မညိုးစေလို//
~Special Chapter~
25~//သူပြန်လာပြီ//
26~//ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ//
27~//ဟောလိုး၀င်းပါတီ//
28~//ဇာတ်သိမ်းပြီ//
Book Refund

15~//အသုံးချခံလိုက်ရတဲ့အတွင်းရေးမှူးလေး//

8K 830 73
By Shen05_

{Unicode Version}

ရှောင်းကျန့်ကလည်း လက်မှာဒဏ်ရာနဲ့မို့ ဆေးရုံတက်
နေရသည်။ ရီပေါ်ကလည်း တောက်တဲ့လေးလိုပဲ ။ဆေး
သောက်ချိန် အစားစားချိန်က အသေးစိတ်အကုန် လုပ်
ပေးသည်။ အလုပ်တွေကတော့ ရုံးမှာ တောင်လိုပုံနေ
လောက်ပြီလေ။

ဒီနေ့ကတော့ ရှောင်းကျန့်ဆေးရုံကနေဆင်းမယ့်နေ့
ရီပေါ်ကတော့ သိမ်းစရာရှိတာ သိမ်းပေးရင်း အလုပ်များနေတယ်။

"ကျန့်ကော .... ဟိုလေ "

‌ရီပေါ်က သိမ်းစရာရှိတာတွေသိမ်းပြီးတော့ ရှောင်းကျန့်ဘေး
နားကိုလာထိုင်သည်။ တစ်ခုခုပြောရမှာကို မဝံ့မရဲဖြစ်နေတဲ့ပုံ
မို့ ရှောင်းကျန့်က လမ်းကြောင်းပေးလိုက်သည်

"အင်း ပြောစရာရှိလို့လား ပြောလေ "

"နောက်တစ်ခါ ဘယ်သွားသွား ကျွန်တော့ကိုခေါ်ပါလား
အခုလို တစ်ယောက်တည်းသွားတော့ အန္တရာယ်များတာ‌
ပေါ့"

အမှန်ဆို အန္တရာယ်များတယ်ဆိုတဲ့စကားက သိပ်ပြီးယုတ္တိ
မရှိဘူးမဟုတ်လား ။ အန္တရာယ်များရအောင် ရှောင်းကျန့်က
ကားမမောင်းတတ်တဲ့ကလေးလည်းမဟုတ်သလို သမ္မတလည်း
မဟုတ်ဖူးလေ။ အမှန်ဆို ကျွန်တော်စိတ်ပူတယ်ဆိုတဲ့ စကားက
ပိုသုံးသင့်တာမဟုတ်လား။ ဒါပေမယ့် လည်း ဒီကောင်လေးမပြော
ရဲလို့ဆို‌တာတော့ ရှောင်းကျန့်သဘောပေါက်ပါသည်

"အဲ့လောက်ထိမလိုပါဘူး ရီပေါ်ရဲ့ ကိုယ်ကကလေးမှမဟုတ်တာ
တစ်ခါတစ်လေ မဖြစ်မနေသွားရမယ့် ကိုယ်ရေးကိုယ်တာကိုယ်
တာကိစ္စလေးတွေရှိတယ်လေ အဲ့တာကြောင့်ပါ"

ရီပေါ်က မျက်မှန်ကိုင်းလေးကို အသာပင်တင့်ရင်းခေါင်းကို
အောက်စိုက်ချလိုက်သည်။ ဒီစကားပြောရဖို့မနည်းအရဲစွန့်
ပြီးပြောရတာ ရှောင်းကျန့်က ငြင်းနေတော့ နောက်တစ်ခေါက်
ထပ်ပြောရဲဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။ နားလည်ပါတယ်
ရှောင်းကျန့် ကိစ္စတွေကို သူ၀င်မစွက်ဖက်သင့်မှန်း။ ကိုယ်ရေး
ကိုယ်တာ ကိစ္စလို့ပြောပြီး ရီပေါ်မသိအောင် လုပ်တာကတော့ရီ
ပေါ်က စိတ်မကောင်းဖြစ်မိပါသည်။ ဒါပေမယ့်လည်း ရီပေါ်က
သူနဲ့လက်ထက်ထားတာ အမည်ခံပဲရှိတာလေ။ ဒီလောက်၀င်စွက်
ဖက်တာတောင် တော်တော် တရားလွန်နေပြီမဟုတ်လား

"ဟုတ် အဲ့တာဆို ကျွန်တော် အထုပ်တွေအရင်သယ်လိုက်ဦးမယ်
နော် "

အထုပ်တွေမပြီး အခန်းပြင် သွက်သွက်ကလေးထွက်သွားတဲ့သူ့
ကိုမြင်တော့စိတ်မကောင်း။ စိတ်ပူတာကိုနားလည်ပါတယ်။ သူ
ကလည်း ရီပေါ်ကိုထပ်ပြီး အန္တရာယ်တွင်းထဲ ဆွဲမသွင်းချင်ဘူးလေ
သူ့အနေနဲ့ထုတ်ပြောလို့ကလည်းမရဘူးလေ။ မီယွဲ့နဲ့ ရွှမ်စစ်က
သူ့ကိုတစ်ခါသတ်ပြီးသွားပြီ။ အဲ့လောက်ထိရဲတင်းတာ နောက်ထပ်
ဘယ်လို တွေထပ်ပြီးကြံစည်ဦးမလဲဆိုတာ ကြိုမသိနိုင်ဘူးလေ။

မီယွဲ့ကိုဖမ်းရဖို့ သိပ်မလိုတော့သလို ရွှမ်စစ်ကို ဆွဲချဖို့ စာရွက်
စာတမ်းတွေလက်ထဲရှိနေပြီ။ လာမယ့် ရှယ်ယာရှင် အစည်းအ
ဝေးပွဲမှာ တစ်ခါတည်းထုတ်ပြောပြီး အားခိုင်ကို ဒုဥက္ကဌနေရာ
ပေးဖို့ စီစဉ်ပြီးသားဖြစ်သည်။ သူ့ရဲ့ အခုကားတိုက်မှုကလည်းမ
ရိုးသားမှန်းသိပါသည်။ သေချာစစ်ဆေးနေပြီမို့ မကြာခင်ဖမ်းမိ
တော့မှာပါ။ သူကတော့ဘာမှမဖြစ်ပေမယ့် လမ်းဆုံးမှာထပ်၀င်
လာတဲ့ ကားထဲက လူကတော့ ပွဲကျင်းပြီးတစ်ခါတည်းဆုံးသွား
သည်။ ရှောင်းကျန့် အသက်ကိုကယ်လိုက်တယ်လို့တောင်ပြော
ရမလားမသိတော့ဘူး။ ဒီအတွက်လည်း ရှောင်းကျန့်က အဲ့ဒီမိ
သားစုကို အနည်းအကျဉ်းတော့ ရှိုးယွဲ့ကတစ်ဆင့်ထောက်ပံ့ခိုင်း
ထားသည်။

ရီပေါ်ကိုတော့မသိစေတော့။ မဟုတ်ရင် ပိုပြီး စိတ်ပူနေဦးမှာသိ
သည်။

*****************

"တက်"

အားခိုင်က ဒီနေ့ ရှိုးယွဲ့ တိုက်အောက်ကနေ စောင့်ကာ ရှိုးယွဲ့
ကိုကားပေါ်အတင်းဆွဲတင်ကာ ရုံးတစ်ခါတည်းလိုက်ခဲ့ဟုခေါ်
သည်။ ဖြစ်နိုင်ရင် ရှိုးယွဲ့က ခိုင်နဲ့ မပတ်သတ်ချင်တော့တာအ
မှန်ပဲ။ သူ့ကိုမြင်လိုက်ရရင် အတိတ်က နာကျင်စရာတွေကိုပြန်
သတိရစေပြီး ထပ်ပြီး နာကျင်ရတာက သူပဲဖြစ်တယ်။အားခိုင်
လို လူကို နောက်ထပ်အခွင့်ရေးပေးရင် ထပ်နာကျင်ရမှာလည်း
သူပဲဖြစ်တာကို ကောင်းကောင်းသိသည် ။

အားခိုင်က လူရှုပ်လူပွေ။ အရင်က သူနဲ့တွဲနေတဲ့အချိန်တုန်း
ကလည်း သူ့ကွယ်ရာမှာ ကောင်မလေးတွေထားသည်။ သူသိ
လို့ ပြသနာရှာမိရင် ရှိုးယွဲ့က ပဲအမြဲ လူဆိုးကြီးဖြစ်ရမြဲပေ။
ဒါကအပျော်ရှာတာ မင်းကိုတော့တကယ်ချစ်တာပါဆိုပြီး အမြဲ
ဒီစကားတွေနဲ့ချုပ်ခဲ့တာ။အဲ့အချိန်တုန်းက ကန်းခဲ့အခဲ့တာက
တော့ သူ့ကိုယ်တိုင်ပဲလေ။ အားခိုင်က သူ့ကိုအရင်ထားပြီးထွက်
သွားခဲ့တာ။ သူကသာ အရူးတစ်ပိုင်းလိုကျန်ခဲ့ရတာ။

အခုကျမှပြန်လာချည်းကပ်ပြီး ဘာရည်ရွယ်ချက်နဲ့လဲတော့
မသိဘူး။ ရှိုးယွဲ့က သူ့ကြောင့်ရတဲ့ဒဏ်ရာတွေကို မျက်ကွယ်
ပြုထားရတာ ပင်ပန်းလှသည်။ သူ့ကိုမြင်လိုက်ရင်ပိုဆိုးသည်။
အဲ့တာကို သူပဲ သူမတရားခံရတဲ့ ပုံစံနဲ့လာပြောသည်။ မင်းနဲ့
ငါကြား ရှင်းစရာရှိတယ်ဆိုပြီး။ မဟုတ်တာလုပ်ထားတာသူမ
ဟုတ်ပါ။ အားခိုင်က တကယ်ကို ယုတ်မာသည်။ ရှိုးယွဲ့လည်း
တကယ်ပင် မုန်းလိုက်ချင်သည်

အခုလည်း မလိုက်ဖူးပြောရင် အတင်းကားပေါ်ကိုဆွဲထည့်
မှာသိသည်။ အားခိုင်က အရင်ကတည်းက ဒီလိုဇွတ်တရွတ်
ဆန်တဲ့သူပဲ။ ပတ်၀န်းကျင်ရှိသေးတာမို့ သူပဲအရှက်ကွဲမှာစိုး
လို့ ကားပေါ်ကို မတက်ချင်တက်ချင်နဲ့ တက်လိုက်ရတော့သည်။

******************

အတိတ်ကာလ ........

ရီပေါ် လည်ပင်းက ဒဏ်ရာကို ပလာစတာလေးနဲ့ပဲကပ်ထား
သည်။ ဒဏ်ရာကအရမ်းမကြီးတာမို့ သူ့အတွက်တော့စာမဖွဲ့
လောက်ပါ။

"သူဌေး ည‌နေ ရှယ်ယာရှင်တစ်ယောက်နဲ့တွေ့ဖို့ရှိတယ် "

"ဖျက်လိုက်"

"ဗျာ....အဲ့တာက အဆင်ပြေပါ့မလားမသိဘူး သူက နည်းနည်း
အချိန်ကိုတန်ဖိုးထားတော့ အခုလိုဖျက်လိုက်ရင်"

"အဲ့တော့ ငါကအချိန်ကိုတန်ဖိုးမထားဘူးလို့ပြောချင်တာလား
မင်းက အတွင်းရေးမှူးမလား ။ အခုလို အခြေအနေတွေကိုမင်း
ဖြေရှင်းပေးရမှာလေ။ ဘာလဲ အဲ့လောက်တောင်အရည်အချင်း
မရှိဘူးလား"

"မဟုတ်ပါဘူး ကျွန်တော် ပြောလိုက်ပါ့မယ်"

"ပြီးရင် တစ်လက်စတည်း ငါ့ကိုကူညီဦး "

"ဟုတ် သူဌေး"

"ခဏနေရင် ရှောင်ချီလာလိုက်မယ် ။ ငါသူ့ကိုဖြတ်ချင်တယ်
အဲ့တာ မင်းက ငါပြောတဲ့အတိုင်းနေပေး "

"ဟုတ် ဘယ်လိုနေပေးရမှာလဲ"

၀မ်ရိပေါ်ဟာ ဒီလိုကိစ္စတွေမှာတော့ သိပ်ကိုတုံးလွန်းပါတယ်။
အရိပ်ပြရင် အကောင်မမြင်ဘူး။ ရှောင်းကျန့်ဆိုလိုချင်တာက
ရှောင်းကျန့်နဲ့ရီပေါ်က ကြိုက်နေပါတယ်ဆိုတဲ့ ပုံစံနဲ့ ရှောင်ချီ
ကိုဖြတ်မှာ။ ရှောင်ချီအကြောင်းကိုသူသိသည်။ ဒီအတိုင်းလမ်း
ခွဲရအောင်ဆိုရင် ဖြစ်မှာမဟုတ်ပေ။ အဲ့အစား ရှောင်းကျန့်က
နောက်တစ်ယောက်ကြောင့်ဖြတ်တာဆိုရင် သူခံပြင်းပြီး လမ်းခွဲ
ပေးမှာ အသေအချာပဲ။ ရှောင်ချီက မာနကြီးတယ်လေ။

ဒါပေမယ့် ရီပေါ်ကိုတော့ အကုန်မပြောပြပဲ ရေလိုက်ငါးလိုက်
လေးပဲ နေဖို့ မှာထားလိုက်သည်။ မဟုတ်ရင် သူ့ကိုထပ်ရှင်းပြ
နေရဦးမည်။ ငတုံးကောင်လေးကို ရှင်းပြဖို့ သူအဲ့လောက်ထိ
စိတ်မရှည်ဘူးလေ။

*ဒေါက် ‌ဒေါက်*

အပြင်က တံခါးခေါက်သံကြားတာကြောင့် ၀င်လာခဲ့ဖို့ပြော
လိုက်သည်

"သူဌေး ကျွန်တော်ပါ .. ရီပေါ် လည်ပင်းက ဒဏ်ရာကိုဆေး
ထည့်ရမှာမို့ ဆေးလာပေးတာပါ"

ရှောင်းကျန့်က အော် ဟုသာ ပြောကာ အလုပ်စားပွဲမှာပြန်
၀င်ထိုင်နေသည်။ အဲ့လောက်တောင်မှ ရီပေါ်ကိစ္စကိုစိတ်မ၀င်
စားပါ။ အမှန်ဆို သူ့ပယောဂကြောင့် ရတဲ့ဒဏ်ရာကိုနည်းနည်း
ပါးပါး မေးမြန်းဖို့တော့ကောင်းသည် မဟုတ်လား ။ရှောင်းကျန့်
က အဲ့တုန်းက ရီပေါ်ကိုလုံး၀ကို ဂရုမစိုက်ခဲ့ပါ။

ရှိုးယွဲ့က ဆေးပေးပြီးပြန်ထွက်သွားသည်။

ရှိုးယွဲ့သွားတော့မှ ရှောင်ချီက၀င်လာသည်။

ရှောင်းကျန့်က သူ့ဘက်ကပဲ မြန်မြန် လမ်းခွဲစကားဆိုလိုက်
သည်။ ရီပေါ်ကတော့ နေရခက်လှသည် ။ရှောင်းကျန့်ကထိုင်
နေရာက နေထလာပြီး ရီပေါ်ဘေးနားရပ်ကာ ရီပေါ်ပုခုံးကို
ဖက်လိုက်သည်။

"ရှောင်ချီ ကိုယ်တို့ လမ်းခွဲရအောင်"

"ဘာ ...."

"ဟုတ်တယ် ကိုယ်အခု ၀မ်ရိပေါ်နဲ့ချစ်သူတွေတောင်ဖြစ်
နေပြီ အဲ့တာကြောင့်"

"တောက်စ်...လူယုတ်မာ "

မာနထိခိုက်သွားတဲ့ရှောင်ချီဟာ ချက်ချင်းကိုရုံးခန်းထဲက
ထွက်သွားတော့သည်။

အဲ့လို‌ပဲ လမ်းခွဲရတာ ကရှောင်းကျန့်အတွက်လွယ်ကူသည်

အခုမှ ရှောင်းကျန့် အစီစဉ်ကိုသိသွားတဲ့ ၀မ်ရိပေါ်ကတော့

"သူဌေး နောက်ဆို အဲ့...အဲ့လိုကြီးမ လုပ်ပါနဲ့ဗျာ မကောင်း
ပါဘူး"

ရီပေါ် အဲ့တစ်ခွန်းသာ ပြောပြီး ရုံးခန်းထဲကထွက်လာခဲ့
လိုက်ပြီး လူကွယ်ရာမှာ ငိုချမိသည်။

မဟုတ်သေးဘူးလေနော် သူ့ကိုအခုလိုအသုံးချတာ‌ကြီးက
တော့မကောင်းဘူးလေ။ သူ့အချစ်တွေကိုမသိပဲစော်ကား
ခံလိုက်ရသလိုပဲ။ ၀မ်းနည်းလိုက်တာ ။ ရှောင်းကျန့်အတွက်
သူက အတွင်းရေးမှူးနဲ့မတူပဲ လိုသုံးနဲ့တူနေတာ။

TBC.....

လက်ရှိကာလက ချစ်လာမချစ်လား သေချာမသိသေးတဲ့
ရှောင်းကျန့်နဲ့
အတိတ်ကာလက လူဆိုးကောင်ရှောင်းကျန့်ကို တစ်ပိုင်း
တည်းတူတူတွေ့ရမှာဖြစ်ပါတယ်ဗျာ။

အပ်ပုဒိတ်နောက်ကျသွားလို့ဆောရီးပါ

{Zawgyi Version}

ေရွာင္းက်န႔္ကလည္း လက္မွာဒဏ္ရာနဲ႕မို႔ ေဆး႐ုံတက္
ေနရသည္။ ရီေပၚကလည္း ေတာက္တဲ့ေလးလိုပဲ ။ေဆး
ေသာက္ခ်ိန္ အစားစားခ်ိန္က အေသးစိတ္အကုန္ လုပ္
ေပးသည္။ အလုပ္ေတြကေတာ့ ႐ုံးမွာ ေတာင္လိုပုံေန
ေလာက္ၿပီေလ။

ဒီေန႕ကေတာ့ ေရွာင္းက်န႔္ေဆး႐ုံကေနဆင္းမယ့္ေန႕
ရီေပၚကေတာ့ သိမ္းစရာရွိတာ သိမ္းေပးရင္း အလုပ္မ်ားေနတယ္။

"က်န႔္ေကာ .... ဟိုေလ "

‌ရီေပၚက သိမ္းစရာရွိတာေတြသိမ္းၿပီးေတာ့ ေရွာင္းက်န႔္ေဘး
နားကိုလာထိုင္သည္။ တစ္ခုခုေျပာရမွာကို မဝံ့မရဲျဖစ္ေနတဲ့ပုံ
မို႔ ေရွာင္းက်န႔္က လမ္းေၾကာင္းေပးလိုက္သည္

"အင္း ေျပာစရာရွိလို႔လား ေျပာေလ "

"ေနာက္တစ္ခါ ဘယ္သြားသြား ကြၽန္ေတာ့ကိုေခၚပါလား
အခုလို တစ္ေယာက္တည္းသြားေတာ့ အႏၲရာယ္မ်ားတာ‌
ေပါ့"

အမွန္ဆို အႏၲရာယ္မ်ားတယ္ဆိုတဲ့စကားက သိပ္ၿပီးယုတၱိ
မရွိဘူးမဟုတ္လား ။ အႏၲရာယ္မ်ားရေအာင္ ေရွာင္းက်န႔္က
ကားမေမာင္းတတ္တဲ့ကေလးလည္းမဟုတ္သလို သမၼတလည္း
မဟုတ္ဖူးေလ။ အမွန္ဆို ကြၽန္ေတာ္စိတ္ပူတယ္ဆိုတဲ့ စကားက
ပိုသုံးသင့္တာမဟုတ္လား။ ဒါေပမယ့္ လည္း ဒီေကာင္ေလးမေျပာ
ရဲလို႔ဆို‌တာေတာ့ ေရွာင္းက်န႔္သေဘာေပါက္ပါသည္

"အဲ့ေလာက္ထိမလိုပါဘူး ရီေပၚရဲ႕ ကိုယ္ကကေလးမွမဟုတ္တာ
တစ္ခါတစ္ေလ မျဖစ္မေနသြားရမယ့္ ကိုယ္ေရးကိုယ္တာကိုယ္
တာကိစၥေလးေတြရွိတယ္ေလ အဲ့တာေၾကာင့္ပါ"

ရီေပၚက မ်က္မွန္ကိုင္းေလးကို အသာပင္တင့္ရင္းေခါင္းကို
ေအာက္စိုက္ခ်လိဳက္သည္။ ဒီစကားေျပာရဖို႔မနည္းအရဲစြန႔္
ၿပီးေျပာရတာ ေရွာင္းက်န႔္က ျငင္းေနေတာ့ ေနာက္တစ္ေခါက္
ထပ္ေျပာရဲဖို႔ဆိုတာက မျဖစ္နိုင္ေတာ့ဘူးေလ။ နားလည္ပါတယ္
ေရွာင္းက်န႔္ ကိစၥေတြကို သူ၀င္မစြက္ဖက္သင့္မွန္း။ ကိုယ္ေရး
ကိုယ္တာ ကိစၥလို႔ေျပာၿပီး ရီေပၚမသိေအာင္ လုပ္တာကေတာ့ရီ
ေပၚက စိတ္မေကာင္းျဖစ္မိပါသည္။ ဒါေပမယ့္လည္း ရီေပၚက
သူနဲ႕လက္ထက္ထားတာ အမည္ခံပဲရွိတာေလ။ ဒီေလာက္၀င္စြက္
ဖက္တာေတာင္ ေတာ္ေတာ္ တရားလြန္ေနၿပီမဟုတ္လား

"ဟုတ္ အဲ့တာဆို ကြၽန္ေတာ္ အထုပ္ေတြအရင္သယ္လိုက္ဦးမယ္
ေနာ္ "

အထုပ္ေတြမၿပီး အခန္းျပင္ သြက္သြက္ကေလးထြက္သြားတဲ့သူ႕
ကိုျမင္ေတာ့စိတ္မေကာင္း။ စိတ္ပူတာကိုနားလည္ပါတယ္။ သူ
ကလည္း ရီေပၚကိုထပ္ၿပီး အႏၲရာယ္တြင္းထဲ ဆြဲမသြင္းခ်င္ဘူးေလ
သူ႕အေနနဲ႕ထုတ္ေျပာလို႔ကလည္းမရဘူးေလ။ မီယြဲ႕နဲ႕ ႐ႊမ္စစ္က
သူ႕ကိုတစ္ခါသတ္ၿပီးသြားၿပီ။ အဲ့ေလာက္ထိရဲတင္းတာ ေနာက္ထပ္
ဘယ္လို ေတြထပ္ၿပီးႀကံစည္ဦးမလဲဆိုတာ ႀကိဳမသိနိုင္ဘူးေလ။

မီယြဲ႕ကိုဖမ္းရဖို႔ သိပ္မလိုေတာ့သလို ႐ႊမ္စစ္ကို ဆြဲခ်ဖိဳ႕ စာ႐ြက္
စာတမ္းေတြလက္ထဲရွိေနၿပီ။ လာမယ့္ ရွယ္ယာရွင္ အစည္းအ
ေဝးပြဲမွာ တစ္ခါတည္းထုတ္ေျပာၿပီး အားခိုင္ကို ဒုဥကၠဌေနရာ
ေပးဖို႔ စီစဥ္ၿပီးသားျဖစ္သည္။ သူ႕ရဲ႕ အခုကားတိုက္မႈကလည္းမ
ရိုးသားမွန္းသိပါသည္။ ေသခ်ာစစ္ေဆးေနၿပီမို႔ မၾကာခင္ဖမ္းမိ
ေတာ့မွာပါ။ သူကေတာ့ဘာမွမျဖစ္ေပမယ့္ လမ္းဆုံးမွာထပ္၀င္
လာတဲ့ ကားထဲက လူကေတာ့ ပြဲက်င္းၿပီးတစ္ခါတည္းဆုံးသြား
သည္။ ေရွာင္းက်န႔္ အသက္ကိုကယ္လိုက္တယ္လို႔ေတာင္ေျပာ
ရမလားမသိေတာ့ဘူး။ ဒီအတြက္လည္း ေရွာင္းက်န႔္က အဲ့ဒီမိ
သားစုကို အနည္းအက်ဥ္းေတာ့ ရွိုးယြဲ႕ကတစ္ဆင့္ေထာက္ပံ့ခိုင္း
ထားသည္။

ရီေပၚကိုေတာ့မသိေစေတာ့။ မဟုတ္ရင္ ပိုၿပီး စိတ္ပူေနဦးမွာသိ
သည္။

*****************

"တက္"

အားခိုင္က ဒီေန႕ ရွိုးယြဲ႕ တိုက္ေအာက္ကေန ေစာင့္ကာ ရွိုးယြဲ႕
ကိုကားေပၚအတင္းဆြဲတင္ကာ ႐ုံးတစ္ခါတည္းလိုက္ခဲ့ဟုေခၚ
သည္။ ျဖစ္နိုင္ရင္ ရွိုးယြဲ႕က ခိုင္နဲ႕ မပတ္သတ္ခ်င္ေတာ့တာအ
မွန္ပဲ။ သူ႕ကိုျမင္လိုက္ရရင္ အတိတ္က နာက်င္စရာေတြကိုျပန္
သတိရေစၿပီး ထပ္ၿပီး နာက်င္ရတာက သူပဲျဖစ္တယ္။အားခိုင္
လို လူကို ေနာက္ထပ္အခြင့္ေရးေပးရင္ ထပ္နာက်င္ရမွာလည္း
သူပဲျဖစ္တာကို ေကာင္းေကာင္းသိသည္ ။

အားခိုင္က လူရႈပ္လူေပြ။ အရင္က သူနဲ႕တြဲေနတဲ့အခ်ိန္တုန္း
ကလည္း သူ႕ကြယ္ရာမွာ ေကာင္မေလးေတြထားသည္။ သူသိ
လို႔ ျပသနာရွာမိရင္ ရွိုးယြဲ႕က ပဲအၿမဲ လူဆိုးႀကီးျဖစ္ရၿမဲေပ။
ဒါကအေပ်ာ္ရွာတာ မင္းကိုေတာ့တကယ္ခ်စ္တာပါဆိုၿပီး အၿမဲ
ဒီစကားေတြနဲ႕ခ်ဳပ္ခဲ့တာ။အဲ့အခ်ိန္တုန္းက ကန္းခဲ့အခဲ့တာက
ေတာ့ သူ႕ကိုယ္တိုင္ပဲေလ။ အားခိုင္က သူ႕ကိုအရင္ထားၿပီးထြက္
သြားခဲ့တာ။ သူကသာ အ႐ူးတစ္ပိုင္းလိုက်န္ခဲ့ရတာ။

အခုက်မွျပန္လာခ်ည္းကပ္ၿပီး ဘာရည္႐ြယ္ခ်က္နဲ႕လဲေတာ့
မသိဘူး။ ရွိုးယြဲ႕က သူ႕ေၾကာင့္ရတဲ့ဒဏ္ရာေတြကို မ်က္ကြယ္
ျပဳထားရတာ ပင္ပန္းလွသည္။ သူ႕ကိုျမင္လိုက္ရင္ပိုဆိုးသည္။
အဲ့တာကို သူပဲ သူမတရားခံရတဲ့ ပုံစံနဲ႕လာေျပာသည္။ မင္းနဲ႕
ငါၾကား ရွင္းစရာရွိတယ္ဆိုၿပီး။ မဟုတ္တာလုပ္ထားတာသူမ
ဟုတ္ပါ။ အားခိုင္က တကယ္ကို ယုတ္မာသည္။ ရွိုးယြဲ႕လည္း
တကယ္ပင္ မုန္းလိုက္ခ်င္သည္

အခုလည္း မလိုက္ဖူးေျပာရင္ အတင္းကားေပၚကိုဆြဲထည့္
မွာသိသည္။ အားခိုင္က အရင္ကတည္းက ဒီလိုဇြတ္တ႐ြတ္
ဆန္တဲ့သူပဲ။ ပတ္၀န္းက်င္ရွိေသးတာမို႔ သူပဲအရွက္ကြဲမွာစိုး
လို႔ ကားေပၚကို မတက္ခ်င္တက္ခ်င္နဲ႕ တက္လိုက္ရေတာ့သည္။

******************

အတိတ္ကာလ ........

ရီေပၚ လည္ပင္းက ဒဏ္ရာကို ပလာစတာေလးနဲ႕ပဲကပ္ထား
သည္။ ဒဏ္ရာကအရမ္းမႀကီးတာမို႔ သူ႕အတြက္ေတာ့စာမဖြဲ႕
ေလာက္ပါ။

"သူေဌး ည‌ေန ရွယ္ယာရွင္တစ္ေယာက္နဲ႕ေတြ႕ဖို႔ရွိတယ္ "

"ဖ်က္လိုက္"

"ဗ်ာ....အဲ့တာက အဆင္ေျပပါ့မလားမသိဘူး သူက နည္းနည္း
အခ်ိန္ကိုတန္ဖိုးထားေတာ့ အခုလိုဖ်က္လိုက္ရင္"

"အဲ့ေတာ့ ငါကအခ်ိန္ကိုတန္ဖိုးမထားဘူးလို႔ေျပာခ်င္တာလား
မင္းက အတြင္းေရးမႉးမလား ။ အခုလို အေျခအေနေတြကိုမင္း
ေျဖရွင္းေပးရမွာေလ။ ဘာလဲ အဲ့ေလာက္ေတာင္အရည္အခ်င္း
မရွိဘူးလား"

"မဟုတ္ပါဘူး ကြၽန္ေတာ္ ေျပာလိုက္ပါ့မယ္"

"ၿပီးရင္ တစ္လက္စတည္း ငါ့ကိုကူညီဦး "

"ဟုတ္ သူေဌး"

"ခဏေနရင္ ေရွာင္ခ်ီလာလိုက္မယ္ ။ ငါသူ႕ကိုျဖတ္ခ်င္တယ္
အဲ့တာ မင္းက ငါေျပာတဲ့အတိုင္းေနေပး "

"ဟုတ္ ဘယ္လိုေနေပးရမွာလဲ"

၀မ္ရိေပၚဟာ ဒီလိုကိစၥေတြမွာေတာ့ သိပ္ကိုတုံးလြန္းပါတယ္။
အရိပ္ျပရင္ အေကာင္မျမင္ဘူး။ ေရွာင္းက်န႔္ဆိုလိုခ်င္တာက
ေရွာင္းက်န႔္နဲ႕ရီေပၚက ႀကိဳက္ေနပါတယ္ဆိုတဲ့ ပုံစံနဲ႕ ေရွာင္ခ်ီ
ကိုျဖတ္မွာ။ ေရွာင္ခ်ီအေၾကာင္းကိုသူသိသည္။ ဒီအတိုင္းလမ္း
ခြဲရေအာင္ဆိုရင္ ျဖစ္မွာမဟုတ္ေပ။ အဲ့အစား ေရွာင္းက်န႔္က
ေနာက္တစ္ေယာက္ေၾကာင့္ျဖတ္တာဆိုရင္ သူခံျပင္းၿပီး လမ္းခြဲ
ေပးမွာ အေသအခ်ာပဲ။ ေရွာင္ခ်ီက မာနႀကီးတယ္ေလ။

ဒါေပမယ့္ ရီေပၚကိုေတာ့ အကုန္မေျပာျပပဲ ေရလိုက္ငါးလိုက္
ေလးပဲ ေနဖို႔ မွာထားလိုက္သည္။ မဟုတ္ရင္ သူ႕ကိုထပ္ရွင္းျပ
ေနရဦးမည္။ ငတုံးေကာင္ေလးကို ရွင္းျပဖို႔ သူအဲ့ေလာက္ထိ
စိတ္မရွည္ဘူးေလ။

*ေဒါက္ ‌ေဒါက္*

အျပင္က တံခါးေခါက္သံၾကားတာေၾကာင့္ ၀င္လာခဲ့ဖို႔ေျပာ
လိုက္သည္

"သူေဌး ကြၽန္ေတာ္ပါ .. ရီေပၚ လည္ပင္းက ဒဏ္ရာကိုေဆး
ထည့္ရမွာမို႔ ေဆးလာေပးတာပါ"

ေရွာင္းက်န႔္က ေအာ္ ဟုသာ ေျပာကာ အလုပ္စားပြဲမွာျပန္
၀င္ထိုင္ေနသည္။ အဲ့ေလာက္ေတာင္မွ ရီေပၚကိစၥကိုစိတ္မ၀င္
စားပါ။ အမွန္ဆို သူ႕ပေယာဂေၾကာင့္ ရတဲ့ဒဏ္ရာကိုနည္းနည္း
ပါးပါး ေမးျမန္းဖို႔ေတာ့ေကာင္းသည္ မဟုတ္လား ။ေရွာင္းက်န႔္
က အဲ့တုန္းက ရီေပၚကိုလုံး၀ကို ဂ႐ုမစိုက္ခဲ့ပါ။

ရွိုးယြဲ႕က ေဆးေပးၿပီးျပန္ထြက္သြားသည္။

ရွိုးယြဲ႕သြားေတာ့မွ ေရွာင္ခ်ီက၀င္လာသည္။

ေရွာင္းက်န႔္က သူ႕ဘက္ကပဲ ျမန္ျမန္ လမ္းခြဲစကားဆိုလိုက္
သည္။ ရီေပၚကေတာ့ ေနရခက္လွသည္ ။ေရွာင္းက်န႔္ကထိုင္
ေနရာက ေနထလာၿပီး ရီေပၚေဘးနားရပ္ကာ ရီေပၚပုခုံးကို
ဖက္လိုက္သည္။

"ေရွာင္ခ်ီ ကိုယ္တို႔ လမ္းခြဲရေအာင္"

"ဘာ ...."

"ဟုတ္တယ္ ကိုယ္အခု ၀မ္ရိေပၚနဲ႕ခ်စ္သူေတြေတာင္ျဖစ္
ေနၿပီ အဲ့တာေၾကာင့္"

"ေတာက္စ္...လူယုတ္မာ "

မာနထိခိုက္သြားတဲ့ေရွာင္ခ်ီဟာ ခ်က္ခ်င္းကို႐ုံးခန္းထဲက
ထြက္သြားေတာ့သည္။

အဲ့လို‌ပဲ လမ္းခြဲရတာ ကေရွာင္းက်န႔္အတြက္လြယ္ကူသည္

အခုမွ ေရွာင္းက်န႔္ အစီစဥ္ကိုသိသြားတဲ့ ၀မ္ရိေပၚကေတာ့

"သူေဌး ေနာက္ဆို အဲ့...အဲ့လိုႀကီးမ လုပ္ပါနဲ႕ဗ်ာ မေကာင္း
ပါဘူး"

ရီေပၚ အဲ့တစ္ခြန္းသာ ေျပာၿပီး ႐ုံးခန္းထဲကထြက္လာခဲ့
လိုက္ၿပီး လူကြယ္ရာမွာ ငိုခ်မိသည္။

မဟုတ္ေသးဘူးေလေနာ္ သူ႕ကိုအခုလိုအသုံးခ်တာ‌ႀကီးက
ေတာ့မေကာင္းဘူးေလ။ သူ႕အခ်စ္ေတြကိုမသိပဲေစာ္ကား
ခံလိုက္ရသလိုပဲ။ ၀မ္းနည္းလိုက္တာ ။ ေရွာင္းက်န႔္အတြက္
သူက အတြင္းေရးမႉးနဲ႕မတူပဲ လိုသုံးနဲ႕တူေနတာ။

TBC.....

လက္ရွိကာလက ခ်စ္လာမခ်စ္လား ေသခ်ာမသိေသးတဲ့
ေရွာင္းက်န႔္နဲ႕
အတိတ္ကာလက လူဆိုးေကာင္ေရွာင္းက်န႔္ကို တစ္ပိုင္း
တည္းတူတူေတြ႕ရမွာျဖစ္ပါတယ္ဗ်ာ။

အပ္ပုဒိတ္ေနာက္က်သြားလို႔ေဆာရီးပါ

Continue Reading

You'll Also Like

111K 11.9K 32
ကိုကို ဘာလို့ မချစ်တာလဲ...
54.9K 4.1K 27
2021ဆိုတဲ့ခုနှစ်ကြီးကိုပြန်သွားဖို့မကြိုးစားတော့ဘူးမင်းရဲ့အထိန်းတော်အဖြစ်နဲ့ပဲရှင်သန်တော့မယ်...ဆိုးသွမ်းနေတဲ့လန့်ကျန်ဆိုတဲ့မင်းလေးကိုပဲ့ထိန်းရင်းနဲ့...
132K 10K 26
You are so important to me. This is probably a bad time but marry me again? A/N : This story is from my imagination . This is just a fan fiction that...
150K 20.9K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."