3~//CEOမြေခွေးကြံကြံတော့မယ်//

9.2K 1K 121
                                    

{Unicode Version}

ဒီနေ့တစ်ရက်တာကို နေ့သစ်တစ်ရက်လို့သဘောထားကာ
‌ပုံမှန်ပဲစတင်ဖြစ်တယ်။ ရှောင်းကျန့်က သေရွာပြန်ပဲမ
ဟုတ်လား။ ထုံးစံအတိုင်း ၀မ်ရိပေါ်ကတော့ အိမ်ရှေ့မှာ
ကားတံခါးဖွင့်ပေးရင်းသူ့ကိုစောင့်နေသည်။ နောက်ကျတယ်
ဆိုတာ ၀မ်ရိပေါ်ဆီမှာမရှိပါ။ ရှောင်းကျန့်ကသာ အမြဲ‌နောက်
ကျတတ်တဲ့သူမျိုးဖြစ်သည်။ သားသမီးမကောင်း မိဘခေါင်း
ဆိုသလိုပဲ ရှောင်းကျန့်နောက်ကျသမျှ ဆိုးကျိုးတွေက အတွင်း
ရေးမှူးဖြစ်တဲ့ ၀မ်ရိပေါ်ခေါင်းပေါ်ပုံကျတယ်။

ဒါကြောင့်ပဲရှောင်းကျန့်ကအရင်ကဆို တမင်တကာနောက်
ကျအောင်လုပ်သည်။ ဒါမှ သူသည်းမခံနိုင်ပဲထွက်သွားမှာ
ထွက်သွားမှ သူလည်းအတွင်းရေးမှူးလှလှလေးခန့်လို့ရမှာဟု
တွေးခဲ့သော်လည်း။ အခုကတော့မတူတော့ပေ။

၀မ်ရိပေါ်သူ့အပေါ်သည်းခံခဲ့တာတွေက တကယ်လက်ဖျားခါ
ရလောက်သည်။ တခြားသူဆို စိတ်ကုန်လို့ထွက်သွားလောက်
ရောပေါ့။

သူနဲ့မှလက်မထက်ရင်ရှောင်းကျန့်သေရလိမ့်မယ်။ တစ်မျိုး
မထင်ပါနဲ့ သေမင်းဂျပုမနဲ့ စာချုပ်ကြောင့်ပါ ။ လက်မထက်
ရင် အသက်ပြန်နှုတ်မယ်ဆိုတဲ့စကားက ခုထိနားထဲကမထွက်
ထုတ်သာမပြောတာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

ရှောင်းကျန့်မသေချင်သေးပါ။ သူ့နောက်ကျောဓားနဲ့ထိုးခဲ့တဲ့
လူတွေကို ပြန်ပြီး လက်တုံ့ပြန်ရဦးမယ်မဟုတ်လား..

ဒီတော့‌ရှောင်းကျန့်တစ်ခုခုစီစဉ်ရတော့မည်။ ဒီအတိုင်းကြီး
၀မ်ရိပေါ်ကို ငါနဲ့လက်ထက်ပါသွားပြောရင်လက်ခံပါ့မလား
မသေချာပေ။ ၀မ်ရိပေါ်သူ့ကိုချစ်နေတာသိပေမယ့်လည်း
အဲ့ကောင်လေးက ခပ်အအရယ် ။

ဒီတော့ရှောင်းကျန့်မှာ မကြံချင်လည်းကြံရတော့မည်ပေါ့။
ပထမဦးဆုံးအလုပ်ဆင်းရက်မှာပဲ ၀န်ထမ်းတွေကသူ့ကို
‌လှိုက်လှိုက်လှဲလှဲပြန်ကြိုဆိုကြသည်။ ‌အဲ့တော့ တစ်လက်စ
တည်း ရှောင်းကျန့် မန်နေဂျာနဲ့၀န်ထမ်းတွေကိုတစ်ခါတည်း
အကူအညီတောင်းလိုက်သည်။ သူ့အကြံကို ဒီညပဲအကောင်
အထည်ဖော်ရမည်လေ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now