{Unicode Version}
ရှောင်းကျန့် ဟိုဂျပုမနဲ့တွေ့ပြီး အိမ်ပြန်ရောက်တော့
ရီပေါ်ပြန်မရောက်သေးဘူးတဲ့။ ရင်ထဲကိုဒိန်းခနဲပဲ။
တစ်မျိုးတော့မထင်ပါနဲ့။ တစ်ခုခုဖြစ်ရင်မကောင်းဘူး
လေ နည်းနည်းပါးပါးစိုးရိမ်တာကတော့ ထုံးစံပဲမလား။
ရီပေါ်ကို လက်ထက်ခဲ့တာက ပြသနာတွေထဲ ဆွဲသွင်းသ
လိုဖြစ်နေမလားမသိခဲ့ပေမယ့် အခုတော့တကယ်စိတ်ရင်း
နဲ့ပြသနာတွေထဲ မပါစေချင်ပါ။ကိုယ့်ဘာကိုယ်ခေါင်းမီးတောက်နေရတဲ့ကြားထဲအဖွား
ကရီပေါ်ကိုတစ်ယောက်တည်းလွှတ်လိုက်ရမလားဆို
ပြီး ပွစိပွစိနဲ့ သူ့ကိုဖုန်းဆက်ကြည့်တော့လည်း ဖုန်းမ
ကိုင်။ ဒီဟာလေးကတော့ သူ့ကိုစိတ်ပူအောင်လုပ်ပြီ။ရှောင်းကျန့် ဘယ်ကနေဘယ်လိုစရှာရမှန်းလဲမသိပေ။
ထို့ကြောင့်ဖုန်းတွေချည်းဆက်တိုက်ခေါ်နေမိတော့သည်။နောက်တော့မှသတိရသည်။ မနေ့ကတုန်းက ရီပေါ်သူ့ကို
WeChatမှာ အလုပ်ကိစ္စတစ်ခုကြောင့် Location
Shareပေးထားသည်။ ကံကောင်းလို့ ၂၄နာရီမပြည့်သေး
ပေ။ ထိုလင့်ခ်ထဲ မြန်မြန်၀င်ပြီး ရီပေါ်ရှိမယ့် တည်နေရာ
ကို ကြည့်ကာ ကမမ်းကတမ်းလိုက်သွားရပြန်သည်။တခြားနေရာတော့မဟုတ် Starbuckမှာ ။ ဒီကောင်
လေးက အိမ်တန်းမပြန်ပဲ ဒီလိုဝေလေလေလုပ်တတ်
တဲ့သူမျိုးမဟုတ်ပါဘူး။ ရှောင်းကျန့်အတွေးတွေယောက်
ယက်ခက်နေရင်းကားမောင်းသွားလိုက်တော့ ဆိုင်ရှေ့
ရောက်တော့ ကားမြန်မြန်ရပ်ပြီး ဆိုင်ထဲ ၀င်သွားတော့
မီယွဲ့နဲ့စကားပြောနေတဲ့ ရီပေါ်ကိုတွေ့သည်။ကြည့်ရတာ မီယွဲ့က အတင်းအကြပ်ဆွဲခေါ်လာပြီးစကား
ပြောနေပုံပါပဲ။ ရီပေါ်က လည်း အနည်းငယ်ထိတ်လန့်
နေတဲ့ပုံပဲ။"ရီပေါ်.........."
"ကျန့်ကော ...."
ရီပေါ်က အားကိုးရသွားသလို မတ်တပ်ထရပ်လိုက်ကာ
ရှောင်းကျန့်ဘေးနား၀င်ရပ်လိုက်သည်။"ရီပေါ်ကို မင်းဆွဲခေါ်လာတာမလား"
"ကျွန်မက စကားကောင်းကောင်းပြောချင်ရုံပါ ကို ..
သူ့ကိုထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး"