14~//ကံအကောင်းစားလေးတွေ၀င်နေတဲ့CEO//

7.3K 870 120
                                    

{Unicode Version}

ရီပေါ်ပြောနေတာတွေကိုတောင် ကြားတစ်ချက်မကြား
တစ်ချက်နဲ့ လည်ပင်းက အမာရွတ်ကလေးဆီပဲ စိတ်အာ
ရုံကရောက်နေခဲ့တယ်။ လက်ကလေးနဲ့ အမာရွတ်က
လေးကို ထိကြည့်မိလိုက်တော့ ရီပေါ်က မနေတတ်တော့
သလို အမူအရာလေး

"အရမ်းနာခဲ့မှာပဲနော် အဲ့တုန်းက"

"အာ..ကျန့်ကောကလည်း ကျန့်ကော အပြစ်မှမဟုတ်
တာ ဖြစ်ပြီးသားတွေမေ့လိုက်ပါတော့ ပြန်မပြောပါနဲ့
တော့"

၀မ်ရီပေါ် စကားပြောရင် အမြဲအဲ့လိုလေးပဲလား ။သူ့ကို
စကားပြောရင် မရဲတရဲနဲ့ မျက်လုံးကိုသေချာမကြည့်ဘူး
စကား‌ပြောတာက အစအားမပါဘူး။

ရီပေါ်ပြောတာကနည်းလမ်းကျပါတယ်။ အခုနေပြန်
ပြောနေလည်း ရီပေါ်ကို ဒဏ်ရာဟောင်းဆွပေးလိုက်
သလိုပဲဖြစ်မယ်ဆိုတာ။ သူမတွေးမလိုက်ဖူး။

နောက်တော့ သူလည်းဘာမှထပ်မပြောတော့ပဲ ကား
ကို အိမ်သို့မောင်းခဲ့လိုက်တော့တယ်။

ရီပေါ်ကတော့ ရှောင်းကျန့်ကိုတစ်ခုခုမေးချင်နေတယ်။
သူ့ကိုထားပြီး ဘယ်သူနဲ့သွားတွေ့လဲဆိုတာ။ ဒါပေမယ့်
မေးလိုက်ဖို့ သူ့မှာအခွင့်အရေးမရှိသလို ‌ရှောင်းကျန့်က
လည်း သူ့ကိုမသိစေချင်တာကြောင့် မပြောပြချင်တာကို
နားလည်တာမို့ မမေးဖြစ်တော့ပါ။

ကားပေါ်မှာတော့ ရေဒီယိုက လာတဲ့ Charlie puth
ရဲ့ One Call Away သီချင်းလေးက ခပ်အေးအေးပျံ့
လွင့်နေသည်။

I'm only one call away~

I'll be there to save the day~

Superman got nothing on me~

I'm only one call away~

************

ဒီနေ့လည်း ရှောင်းကျန့်က နေ့လည်ပိုင်း scheduleမရှိ
တဲ့အချိန် သူ့ကိုထားပြီး ထပ်ထွက်သွားပြန်သည်။ ဖုန်း၀င်
လာတယ် ။ ပြီးရင် တစ်ခုခုကို အရမ်းအလေးအနက်ထား
တဲ့ပုံစံနဲ့ဖုန်းပြောပြီးရင် အပြင်ကိုထွက်ထွက်သွားတယ်။
သေချာပေါက် ရှောင်းကျန့်ကသူ့ကိုပေါ်တင်ကြီးဖုံးကွယ်
ထားတယ်။ သူ့ကို မခေါ်ပဲထွက်ထွက်သွားတာ။

ရုံးခန်းထဲ တစ်ယောက်တည်းဖြစ်နေတုန်း အကိုခိုင်က
၀င်လာသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now