~Special Chapter~

5.8K 475 78
                                    

ဒါကတော့ လက်ရှိ အပိုင်းနဲ့ သိပ်မဆိုင်တဲ့ MMSထဲက တစ်ထောင့်တစ်နေရာ
ပေါ့နော် ~ ယိုကိုက အပ်ဒိတ်လည်းအရမ်းကြာနေတော့ အားနာလို့ လက်‌
ဆောင်ပေးတယ်ပဲ မှတ်လိုက်ပါ ။ အလှုငွေကောက်ဖို့က ယုံကြည်ချက်လည်း
မရှိတော့ မကောက်တော့ပါဘူး ။ အိုင်ပဲ တက်နိုင်‌သလောက် လှူလိုက်ပါမယ်။

ကြိုပြောချင်တာက အသက်မပြည့်ရင် မုပါ ။Warningပေးပါတယ်နော်
ဖတ်ချင်ရင်လည်းဖတ်ပါ
တားလို့မရမှန်းသိပါတယ် ။ ပြီးရင် မဘလိမ်းပါနဲ့။ အိုခေ ဖတ်လို့ရပြီ။

********************

ရီပေါ်ဒီနေ့ ခွင့်ယူထားရတယ်။ မယူလို့လည်းမရဘူး‌လေ မနေ့က ရုံးက
အပြန် လမ်းမှာ မိုးတွေမိထားတာ ။ ကျန့်ကောကလည်း အကိုခိုင်နဲ့ကိစ္စ
ရှိသည် ဟုဆိုကာ အရင်ထွက်သွားသောကြောင့် သူဘတ်စ်ကားနဲ့ပဲပြန်ရ
သည်ပေါ့ ။ သူလည်းကိုယ်ပိုင်ကားတစ်စီးလောက်၀ယ်ချင်တယ်။ အရစ်ကျ
၀ယ်လို့တော့ရတယ် သူ့လစာ‌အနေအထားနဲ့ဆိုရင် ဒါပေမယ့် အကြွေးမ
တင်ချင်သလို သူအရစ်ကျ၀ယ်ရင် ကျန့်ကောသိမှာပဲလေ အလုပ်ထောက်ခံ
စာရေးတဲ့အခါကျရင်။ သူ့မှာ ပိုက်ဆံအလုံးလိုက်အရင်းလိုက်ရှိရင်တော့၀ယ်
ချလိုက်ပြီ ။ ကျန့်ကောသာသိရင် သူ၀ယ်ပေးမယ်ဆိုပြီး လုပ်မှာ နာရီကိစ္စ
တုန်းကပဲ ကြည့်လေ အတင်း၀ယ်ပေးတာ ။ ရီပေါ်က အားနာတတ်ပါတယ်
ဆို ။

ဒီ‌နေ့မနက် အိပ်ယာထတော့ ကိုယ်တွေလက်တွေကိုက်ခဲနေပြီးကိုယ်တွေ
ပူနေတာကြောင့် ရှောင်းကျန့်က ဆေးတိုက်ပြီး သူ့ကိုထားခဲ့သည်။ တစ်နေ
ကုန် အိပ်ယာထဲ လှဲနေရတာ သိပ်တော့မလွယ်ကူလှ ။ ပျင်းဖို့အရမ်းကောင်း
တယ်လေ ။ ဖုန်းကျတော့လည်း ရှောင်းကျန့်ကသိမ်းသွားသည် ။ နေမ
ကောင်းဖြစ်နေတာကို ဖုန်းနှိပ်မှာစိုးလို့တဲ့ ။ အိမ်မှာ ကြိုးဖုန်းတစ်ခုရှိနေ
တော့ ဖုန်းဆက်တာဘာညာလည်းပူစရာမလိုတော့ပေ ။

ရီပေါ် သက်သာနေပါပြီ အေးလာရင် ကိုယ်တွေလက်‌တွေ နည်းနည်းကိုက်
တာက ထုံးစံမို့ အသားကျနေပြီ ။ မနက်ကလည်း ဆေးသောက်ပြီးအိပ်ထား
တော့ ကိုယ်မပူတော့ဘူး ။

အချိန်က ၈နာရီကျော်နေပြီ ကျန့်ကောက အခုထိပြန်မလာသေးပေ ။
အစကတည်းက ဖုန်းဆက်ချင်ပေမယ့် ကျန့်ကောက သူ့ကိုယ်ရေးကိုယ်
တာကိစ္စတွေကို စပ်စုတယ်ထင်မှာစိုးလို့ မဆက်တာဖြစ်သည်။ ဒါပေမယ့်
အခုတော့ မတက်နိုင်တော့ ရှေ့မျက်နှာနောက်ထားပြီး ဆက်ရတော့မှာပဲ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now