20~//မကောင်းတတ်လို့လက်ထက်ထားတဲ့CEO//

7K 822 139
                                    

(Unicode Version)

ကိုရီးယားရောက်တာနဲ့ သူတို့နှစ်ယောက် နာမည်ပေးပြီးသားဟိုတယ်ကိုကားငှားလာတယ်။ ခရီးကပင်ပန်းနေတာကြောင့်
နှစ်ယောက်သား တစ်ရေး‌တစ်မောအိပ်လိုက်သေးတယ်။ အဲ့တာ
ပေါ့နော် ပြောရဦးမယ် ။ ရှောင်းကျန့်နဲ့ ၀မ်ရိပေါ်က လက်ထက်
ပြီးကတည်းက တစ်ခါပဲတူတူနေ‌ရသေးပေမယ့်။ အတူတူတော့
အိပ်တယ်ပေါ့နော်။ ၀မ်ရိပေါ်က အိပ်ရင်ရှောင်းကျန့်ကိုကျော
ပေးပြီး အိပ်လေ့ရှိတယ် ။ ရှောင်းကျန့်သတိထားမိတယ်။

၀မ်ရိပေါ် သူနဲ့အိပ်ရတာကိုစိတ်ကျဉ်းကြပ်မယ်မှန်းတော့သိပါတယ်။
စိတ်ကျဉ်းကြပ်တာမဟုတ်ပဲ ရှက်နေတာဆိုပိုမှန်မယ်ထင်တယ်။
ရှောင်းကျန့်ကတော့ အဲ့တုန်းကတည်းကမှန်းမသိပေမယ့်
ရီပေါ်နောက်ကျောကို
ကြည့်ပြီးအိပ်ရတာ သဘောကျလာတယ်။ ကျောပြင်သေးသေးလေး
ခါးသိမ်သိမ်လေး ဆံပင်လုံးလုံးလေး ။ ဘုရားသခင်က၀မ်ရီပေါ်ကို
ဘယ်လိုဖန်တီးပေးလိုက်သလဲတော့မသိဘူး။ တအားတွေကိုချစ်
ဖို့ကောင်းနေတော့တာပဲ။

အခုလည်း ခရီးပန်းပြီးအိပ်ပျော်သွားပြီ။ လေယာဉ်ပေါ်မှာလည်း
အိပ်လာသေးတာကို ။ ရှောင်းကျန့်ကတော့တစ်လမ်းလုံးအိပ်လာ
လို့ ပြန်အိပ်ချင်စိတ်မရှိတော့ပါ။ အိပ်နေတဲ့ရီပေါ်ကိုသာ တစ်စိမ့်စိမ့်
ထိုင်ကြည့်နေလိုက်တော့သည်....အရင်အချိန် မချစ်တုန်းကတော့
သူ့မျက်နှာတောင်မမြင်ချင်ပါဘူးဆိုတဲ့ရှောင်းကျန့်က အခုချစ်မိ
သွားပါပြီဆိုတော့ အိပ်နေ‌တဲ့အချိန်တောင် တစ်စက္ကန့်မလပ်ကြည့်
နေချင်တော့တာပဲ။

ငယ်ငယ်က တရားထိုင်ရင် လေ၀င်လေထွက် မှတ်ရတာတောင်
စိတ်မရှည်တဲ့ရှောင်းကျန့်က အိပ်နေတဲ့ကောင်လေးရဲ့၀င်လေ
ထွက်လေကျ လိုက်မှတ်နေပါသတဲ့။

*******

ဒီလိုနဲ့ ကိုရီယားမှာ အလုပ်ကိစ္စကြောင့်နှစ်ရက်လောက်ကြာသွား
တယ်။ ဒါပေမယ့်လည်း အလုပ်တွေကမပြီးပြတ်သေးပေ။ ကံက
ဆိုးတယ်ဆိုလည်းဆက်တိုက်ကိုဆိုးတော့တာပဲ။ ရှိုးယွဲ့ဆီကဖုန်း
၀င်လာတယ် စက်ရုံမီးလောင်လို့တဲ့ ။ သေချာပေါက် သူလိုက်သွား
ပြီးဖြေရှင်းရမှာဖြစ်သည်။ ဒါပေမယ့်လည်း အလုပ်တွေကလည်း
ပစ်ထားလို့မရပြန်ဘူး။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now