2~//သေရွာကပြန်လာတဲ့CEO//

9.9K 1.1K 118
                                    

{Unicode Version}

"ကျွန်မက ရှင့်ကိုနောက်နေတယ်လို့ရှင်က‌ထင်နေတာလား"

"ပြန်လည်ရှင်သန်ရမယ်ဆိုတာ ဘာရည်ရွယ်ချက်နဲ့လည်း
ဘာကြောင့်လဲ"

"ဘာကြောင့်လဲဆိုတော့ နင့်ကိုမသေစေချင်လွန်းလို့တော့
မဟုတ်ဖူး လူ့ပြည့်မှာတစ်ယောက်ထဲကျန်နေခဲ့တဲ့၀မ်၀မ်
လေးကိုသနားလို့ ၀မ်၀မ်လေးက လွန်ခဲ့တဲ့ဘ၀ပေါင်း၅၀၀
ကငါ့မောင်လေးပဲ ။ ငါသူ့ကိုစောင့်ရှောက်လာတာ သူစိတ်
ဆင်းရဲနေတာ မကြည့်ရက်ဖူး။ ဒါကြောင့် နင့်ကိုပြန်ရှင်
သန်ခွင့်ပေးမယ်"

အော်ဒါဆိုရင် လွန်ခဲ့တဲ့ အတိတ်ဘ၀၅၀၀တုန်းက ရီပေါ်က
ဂျပန်ကောင်‌လေးပေါ့။နေပါဦး ခေါ်တာကလည်း ၀မ်၀မ်တဲ့

"အပေးအယူ‌ရှိသေးလား"

စီးပွားရေးသမားဖြစ်တဲ့ရှောင်းကျန့်က အပေးရှိရင်အယူ
ရှိမှန်းနောကြေနေပြီဖြစ်တယ်။

"သေချာပေါက်ရှိတယ် နင်ပြန်နိုးထလာရင် ဝမ်၀မ်လေး
ကိုလက်ထက်ရမယ် မဟုတ်ရင် နင့်အသက်ငါကိုယ်တိုင်
ပြန်လာနုတ်မှာ လက်ထက်ပြီးတာနဲ့ ငါ့ဘက်က စာချုပ်
ကိုဖြေပေးမယ် လက်မထပ်ရသေးခင်အထိ နင့်အသက်ငါ
ပိုင်တယ်ဆိုတာ မမေ့နဲ့ တော်ပြီ အများကြီးမပြောတော့ဘူး
နင်တို့တရုတ်စာကခက်လိုက်တာ ဘာ‌တွေမှန်းမသိဘူး
မပြောချင်လည်းပြောနေရတယ်"

"နင်တို့ဂျပန်စာကမှ ကွိစိကွစနဲ့"

"ပိစွေ့! ခုချက်ချင်းအသက်နုတ်ပစ်လိုက်မယ်"

ဒီဂျပုမက သေမင်းဆိုတာက တစ်နေရာမှယုံချင်စရာရှိမ
နေဘူးနော်။ မတတ်သာလို့ယုံနေရတယ်။

ထို့နောက် ထိုမိန်းကလေးဟာ အမဲရောင်အခိုးအငွေ့တွေနဲ့
ချက်ချင်းပဲပျောက်ကွယ်သွားပြီးနောက် ရှောင်းကျန့်လည်း
ထိုနေရာမှ ပျောက်ကွယ်သွားပါတော့တယ်။

*****

ရှောင်းကျန့်မျက်လုံးကိုအားယူကာဖွင့်ကြည့်လိုက်တော့ကျိန်း
စပ်နေတယ်။ ၇ရက်တောင်ပိတ်ထားခဲ့ရလို့ထင်ပါတယ်။သူ့အ
ပေါ်က ဇာကိုမဖယ်ခင် သူ့ဘေးမှာဟန်ဆောင်ပန်ဆောင်ငိုနေ
တဲ့မြေခွေးမကိုတွေ့လိုက်ရတယ်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now