22~//ဂျပုမဂြိုလ်မွှေပြီ//

6.6K 801 151
                                    

(Unicode Version)

4နာရီကျော်လောက် ခွဲခန်းထဲမှာ အသက်လုနေရတဲ့ ၀မ်ရိပေါ်
ကြောင့် ရှောင်းကျန်မှာ တစ်စက်လေးမှအငြိမ်မနေနိုင်ခဲ့ပါဘူး
ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် စိတ်ထဲလည်း
သောကတွေနှင့် ပြည့်နှက်နေသည်။ အခုချိန်သတိရမိလိုက်တာ
ဂျပုမပဲ ။ သူက သေမင်းလေ သူမခေါ်သွားရင်ဖြစ်တာပဲမဟုတ်
လား ။ ပြီးတော့ ဟိုလူလေးယောက်လုံးပွဲကျင်းပြီးသေသွားတဲ့
အချိန်မှာ ရီပေါ်တစ်ယောက်ထဲအသက်ရှင်လျက်ကျန်ခဲ့တာဟာ
ဂျပုမလက်ချက်ဖြစ်မယ်လို့တွေးမိပြီး မျှော်လင့်ချက်လေးတွေ
သန်းလာရတယ် ။ ရီပေါ်ဘာမှမဖြစ်လောက်ပါဘူး။

ခွဲခန်းထဲ‌ကနေ အစိမ်းရောင်၀မ်းဆက်နဲ့ဆရာ၀န်ထွက်လာချိန်မှာ
တော့ ရှောင်းကျန့်မှာ ဆရာ၀န်ဆီပြေးသွားလို့ အလောတကြီးမေး
တယ်။

"ဒေါက်တာ ရီပေါ် အခြေအနေ"

"အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အဆင့်ကိုကျော်လွန်သွားပြီမို့
စိတ်မပူပါနဲ့။ ကျန်တာကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပဲကျွန်
တော်တို့အတိအကျပြောလို့မရပါဘူး ခေါင်းကိုထိထားတာ‌ဆို‌
တော့ "

ရှောင်းကျန့်အခုမှအလုံးကြီးကျတော့တယ်။ အသက်အန္တရာယ်
မထိခိုက်ရင်ပဲတော်ပါပြီ။ ရီပေါ်က ကြံ့ခိုင်တဲ့သူတစ်ယောက်မို့အမြန်
ဆုံးပြန်ကောင်းလာမယ်ဆိုတာ ယုံတယ်။

ခဏကြာတော့ ခွဲခန်းထဲကနေ ခွဲခန်း၀တ်စုံလေးနဲ့ ခေါင်းမှာခေါင်း
စွတ်ကလေးစွတ်ထားကာ ထွက်လာတဲ့ရိပေါ်။ လူနာတင်ကုတင်နဲ့
တွန်းတင်သွားတဲ့နောက် သူလည်းလိုက်သွားမိတယ်။ အောက်ဆီ
ဂျင်ပိုက်တွေတပ်ထားတဲ့ရီပေါ်ကတော့ ခေါင်းခွဲစိတ်မှုကြောင့်ဆံ
ပင်တွေရိတ်လိုက်ရပုံပါပဲ။ ကတုံးလေးဖြစ်သွားပြီလားမသိဘူး။

*******************

"ကျွန်တော်တို့ ကားဘလက်ဘောက်ကိုစစ်ကြည့်လိုက်တော့ ထို
လူတွေက ရီပေါ်ကို မဟုတ်တာလုပ်ဖို့ကြံစည်တာကြောင့် ရီပေါ်က
ကားကိုတိုက်မိအောင်တမင် လုပ်သလိုဖြစ်သွားတယ်။ ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလို့ ယူဆပြီး ဖြေရှင်းချက်ပေးလို့ရ
ပါတယ် "

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now