4~//အူတူတူအတွင်းရေးမှူးလေး//

8.7K 1K 66
                                    

{Unicode Version}

‌ရှောင်းကျန့်အဖွားကဇွတ် ... ဇွတ်တာမှ ရှောင်းကျန့်ထက်
တောင် ဇွတ် ။ ရီပေါ်က အားနာတတ်သူပီပီ အငြင်းစကား
လည်းမပြောရဲပေ။ သူကိုယ်တိုင်ကပဲ အဲ့လို နုံအအလေးဖြစ်
နေလို့ ကျောင်းတုန်းကတည်းက အနိုင်ကျင့်ခံရသည်ပေါ့။

အခုလည်း အားနာတာရယ် ရှောင်းကျန့်အဖွားကိုမလွန်ဆန်
နိုင်တာရယ်ကြောင့် သူမှာ ဘာမသိညာမသိ သူငါးနှစ်လောက်
ခိုးပြီး သဘောကျလာတဲ့ သူဌေးနဲ့လက်ထက်ရတော့မယ်။

ရီပေါ်မှာက မိသားစုဆိုလို့ အကိုတစ်ယောက်ပဲရှိတယ်။
အကိုဖြစ်သူကလည်း ရှောင်းကျန့်တို့ ကုမ္ပဏီလက်အောက်
မှာပဲအလုပ်လုပ်တာ ။ရှောင်းကျန့်အဖွား ကုမ္ပဏီကနေအနား
မယူခင်အချိန်တုန်းက ရီပေါ်အကိုကရှောင်းကျန့်အဖွား
အတွက် အားကိုးရတဲ့လူယုံတစ်ယောက်ဖြစ်ခဲ့တာပေါ့ အခုလက်ရှိ
တော့ နိုင်ငံခြားရုံးခွဲကိုတာ၀န်ယူထားရတာဖြစ်တယ်။

ရီပေါ်အကိုဖြစ်သူ ဟိုက်ခွမ်းကို အဖွားက မိသားစုသဖွယ်
ခင်တွယ်လာတယ်။ အဲ့ကနေတစ်ဆင့် ဟိုက်ခွမ်းရဲ့ချစ်ဖို့
ကောင်းတဲ့ညီလေးနဲ့တွေ့တော့ အဖွားက ကလေးချစ်တတ်
သူပီပီ တက္ကသိုလ်ကျောင်းသားလေးကိုပါ ချစ်သွားရော။
ရီပေါ်ဘွဲ့ရတော့လည်း အဖွားက တစ်နှစ်လောက်သူတို့ကု
မ္ပဏီမှာ အလုပ်သင်ဆင်းစေပြီး ရှောင်းကျန့်အတွင်းရေးမှူး
အဖြစ်သူ့ကိုခန့်လိုက်တော့တယ်။

ရီပေါ်အချစ်ခံရတာပဲကံဆိုးတာလား။ကံကောင်းတာလား
မပြောတတ်တော့ပေ။ အခုလည်း ရီပေါ်ကို မဂ်လာဆောင်
အတွက်လိုတာတွေ၀ယ်ရအောင်ဆိုကာ ရှော့ပင်းမောတစ်
ခုကိုခေါ်လာသည်။ ရီပေါ်တစ်ယောက်တည်းမဟုတ် သူဌေး
ပါပါသည်။

အဖွားက မဂ်လာခန်း၀င်ဖို့ဆိုကာ ပစ္စည်းအစုံလိုက်၀ယ်ပေး
နေတော့ ၀မ်ရိပေါ်က မျက်နှာပူပါသည်။သူတစ်ယောက်တည်း
သာနေရခက်နေတာ ရှောင်းကျန့်ကတော့အေးဆေးပါပဲ။

"ရှောင်းကျန့် နေ့လည်စာစားပြီးရင် ကလေးနဲ့ လက်စွပ်နဲ့
အကျီသွားရွေး နောက်ပြီ ဒါယူထား "

ဒါယူထားဟုဆိုကာ စက္ကူဘူးလေး ရှောင်းကျန့်လက်ထဲထည့်
ပေးလိုက်သည်။ ဖောက်မကြည့်လည်းဘူးပေါ်မှာရေးထားတဲ့
စာကိုမြင်ရုံနဲ့ဘာမှန်းသိပါသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now