7~//အတိတ်ကCEOကဆိုးတယ်//

8.1K 866 85
                                    

{Unicode Version}

ညနေခင်းပဲရီပေါ်ကဆေးရုံကဆင်းပါတယ် မနက်ဖြန်မလာ
နဲ့လို့ပြောပေမယ့် မသွားလို့မဖြစ်တာတော့သူသိပါသည်။သူ
လည်း အရမ်းမဖြစ်တာကြောင့် မပျက်ကွက်ချင်ပါ။

ရီပေါ်အိမ်ရောက်တာနဲ့ဆေးသောက်ပြီးတန်းအိပ်လိုက်တော့
သည်။ ထုံးစံအတိုင်းဒီညလည်း သူဌေးအကြောင်းပဲအိပ်မက်
မက်မယ်ထင်ပါရဲ့။ ညစဉ်ညတိုင်း သူဌေးကသူ့အတွေးထဲလည်း
နေရာယူထားပါသေးတယ်။

အိပ်မက်ထဲကသူဌေးကတော့ ပန်းကလေးတွေလိုပဲနူးညံ့ပြီး
ပျားကလေးတွေပန်းကလေးကိုယုယသလို သူ့အပေါ်ကြင်
နာပေး တယ်။ လက်တွေ့မှာတော့ သူ့ကိုအမြင်ကပ်နေတယ်
လို့ထင်မိတယ် ။ သူမထင်မှတ်ပဲ HRကစီနီယာနဲ့သူဌေးနဲ့
စကားပြောနေတာကိုကြားခဲ့ရတယ်။ သူဌေးက အတွင်းရေး
မှူး လှလှလေးလိုချင်တာတဲ့။

သူကလှမှမလှတာ။ သူဌေးကြိုက်တဲ့ကောင်မလေးတွေလို
ရင်ဘက်ကြီးကြီးတွေလည်းမရှိဘူး။ မျက်နှာလှလှလေး
လည်းမရှိဘူး။ ပြီးတော့ သူကယောက်ျားလေး။ သူဌေးအမြင်
မကြည်တာမဆန်းပါဘူးလေ။

************

"ဒီနေ့အလုပ်နားရက်ပေးထားတယ်လေ"

"ကျွန်တော်သက်သာနေပါပြီ ဘာမှမဖြစ်တော့ဘူး"

"တစ်ရက်လောက် အေးဆေးနေရမလားမှတ်ပါတယ်"

"ဗျာ"

ရှောင်းကျန့်တိုးတိုးလေး‌ပြောတာကိုရီပေါ်ကကြားသွား
သည်ထင်သည်။ရှောင်းကျန့်က ဒီနေ့ရီပေါ်မရှိတာကိုအ
ကြောင်းပြပြီး ကလပ်မှာစော်တပွေနဲ့ချိန်းထားတာဖြစ်
သည်။

"အခုအလုပ်ကပြန်တော့ ငါလည်းသွားစရာရှိတယ် အခုပဲ
သွားတော့မို့ မင်းပြန်လိုက်တော့နော်"

"ဟုတ်"

ရှောင်းကျန့်က ကားသော့ကိုလှည့်ကာ ရုံးခန်းထဲက
ထွက်သွားတော့တယ်။ ရီပေါ်က သူဌေးပြောသလိုပြန်
မလို့ပြင်လိုက်သော်လည်း ရုံးခန်းထဲက ရှုပ်ပွနေတာကြောင့်
သန့်ရှင်းရေးလုပ်ပေးပြီးမှပြန်ဖို့စဉ်းစားလိုက်တယ်။

ရုံးခန်းက အကျီတွေလည်း ဟိုတစ်စဒီတစ်စနဲ့ရှုပ်ပွနေတယ်
ဖိုင်တွေကလည်း စီစီရီရီရှိမနေဘူး။ ရီပေါ်လည်း ရှုပ်နေတာ
တွေသေချာသိမ်းဆည်းပြီး တံမြက်စည်းလှည်း ဖုန်သုတ်တာ
နဲ့တင် ၁နာရီလောက်အချိန်ကုန်သွားသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now