1~//CEOမင်္ဂလာပွဲမှာလုပ်ကြံခံရတယ်//

23.4K 1.2K 200
                                    

{Unicode Version}

မနက်ဖြန်ဆို ရက်လည် ။ ရှောင်းကျန့်တစ်ယောက် ကံဆိုးမိုး
မှောင်ကျလို့ မဂ်လာဆောင်တဲ့နေ့မှာပဲ နှလုံးခုန်ရပ်ကာ
သေဆုံးသွားပါတယ်။ ပြောရမယ်ဆို မိန်းမတောင်မရသေး
တာမို့ လူဖြစ်ရကျိုးမနပ်တဲ့ရှောင်းကျန့်ပေါ့။

ရှောင်းကျန့်က Entertainment တွေShopping Mall
တွေ Hotelတွေစသဖြင့် Resortတွေတောင်ပိုင်တဲ့ သူ‌ဌေးတစ်ယောက်
ဖြစ်တယ်။ ရှောင်းကျန့်မိဘတွေကမရှိတော့ဘူး။ မိခင်ဖြစ်သူက
တော့ သူ့အသက် ၁၀နှစ်မှာကတည်းကဆုံးပါးသွားပြီးနောက်
ဖခင်ဖြစ်သူက နောက်အိမ်ထောင်ထပ်ပြုလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်ကပဲ မိထွေးတော်ရောဖခင်ဖြစ်သူရော ကားအက်
စီးဒန့်ကြောင့် ဆုံးပါးသွားတော့ မိထွေးရဲ့လင်ပါသားဖြစ်သူတစ်
ယောက်နဲ့ အဖွားဖြစ်သူသာမိသားစု၀င်အဖြစ် သက်ရှိထင်ရှားကျန်ရှိတယ်

ရှောင်းကျန့်ကအခုလေလွင့်နေတဲ့ဝိညဉ်‌သာဖြစ်တယ်။ လူ့ဘ
၀တုန်းက ပိုင်ဆိုင်မှုတွေသူ့နောက်ပါမလာခဲ့ဘူး။ ဒါကိုပြော‌
တာနေမယ် သေရင်ကိုယ့်နောက်ဘယ်ဟာမှမပါဘူးဆိုတာ။
မေ့လို့အခု၀တ်ထားတဲ့အကျီကတော့ပါလာတယ်ပေါ့။မဟုတ်
ရင်ကိုယ်လုံးတီးကြီးဖြစ်နေမှာပေါ့

ရှောင်းကျန့် ‌သူသေဆုံးတဲ့နေ့မှစလို့ အမှန်တရားများစွာ
ကိုသိရှိလိုက်ရတယ်။

ပထမဦးဆုံးအမှန်တရား သူ့ကိုသေစေတာဟာ သူ့သတိုး
သမီးလောင်းပဲဖြစ်တယ်။ မဂ်လာပွဲနေ့မှာပဲ သူမဟာရှောင်း
ကျန့်သောက်မယ့်အအေးထဲ ပိုတက်ဆီယမ်ကိုရောထားခဲ့
တယ်။ အသက်ရှုကြပ်ပြီးမရှုမလှသေခဲ့ရတဲ့ရှောင်းကျန့်က
နှလုံးရောဂါအခံရှိတာမို့လို့ နှလုံးဖောက်ပြီးသေဆုံးတယ်လို့
သက်သေအတုလုပ်ကြံကြတယ်။

ဒုတိယမြောက်အမှန်တရားကတော့ သူ့မိထွေးလင်ပါသားဟာ
သူ့ရည်းစားနဲ့ခိုးစားနေတယ်ဆိုတာပဲ။ ကိုယ်ကပဲ ငတုံးလုံးလုံး
ဖြစ်ခဲ့ပါလားလို့ ကြိတ်မနိုင်ခဲမရတွေးမိရင်း နောက်ဘ၀လူပြန်
ဖြစ်လို့ကတော့ ဆယ်ဘီးကားနဲ့တက်ကြိတ်ပစ်မည်ဟုကြုံးဝါး
ထားသည်။

ကိုယ့်ကိုလုပ်ကြံရတဲ့အကြောင်းအရင်းကတော့ ဥက္ကဌနေ
ရာကိုလိုချင်လို့ပါပဲ။ အမှန်ဆိုဒီကုမ္ပဏီက ဒီကောင်နဲ့တစ်
စက်မှဆိုင်မနေဘူး။ သူ့ကိုယ်သူ လင်ပါသား‌ဆိုတာမေ့နေပုံ
ပါပဲ။ ဒုဥက္ကဌနေရာနဲ့တင်မ‌ကျေနပ်နိုင်တော့ သူ့ကိုလုပ်ကြံ
တယ်ပေါ့။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now