19~//သေချာနေပြီချစ်မိနေတယ်ဆိုတာ//

7K 842 163
                                    

(Unicode Version)

"အစ်ကိုပိုင်လီက ကျွန်တော့်ကို ဆေးသောက်‌မမေ့ဖို့မှာနေ
တာပါ ကျန့်ကော"

ရီပေါ် ပြောပြလိုက်ကာမှ ‌ရှောင်းကျန့်မျက်နှာက ပိုလို့ပင်စူ
ပုပ်သွားတော့သည်။ ဘာကြောင့် ရှိုးယွဲ့က ရီပေါ်ကိုဆေး‌
သောက်ဖို့အထိ လိုက်မှာနေတာလဲ။ သူနဲ့ဘာဆိုင်လို့လဲ။
ရီပေါ်က သူမွေးထားတဲ့သားလည်းမဟုတ်ဖူးလေ။ ပြီးတော့
ဆွေမျိုးလည်းမတော်ဘူး။ ချစ်သူတွေလည်းမဟုတ်ပဲနဲ့ဘာလို့
လဲ ဘာလို့လဲ ဝှိုင်း။

*ဘာလို့လဲဆိုတော့ နင်ကရီပေါ်ကိုဂရုမှမစိုက်တာ အဲ့တော့သူက
ဂရုစိုက်ပေးတာလေ ကိုယ့်အမှားကိုယ်မမြင်ဘူး သောက်ရူး*

ဟင်..ဘယ်သူစကားလာပြောနေတာလဲဟ။ ရှောင်းကျန့်စိတ်ထဲမှာ
လောင်မြိုက်နေတုန်း သူ့ကိုပြောလာတဲ့စကားသံကိုကြားလိုက်ရ
တယ်။ သူ့ရှေ့က ရီပေါ်ကတော့ ကြားပုံမရဘူး။ သေချာတယ် ဟို
ဂျပုမပဲနေမယ် ။

*ငါပြောတာ ကြားလား...ကြားရင် အကြောင်းပြန်လေ*

ရှောင်းကျန့်က သူပြောသလို အကြောင်းပြန်ချင်ပေမယ့် ရှေ့မှာ
ရီပေါ်ရှိနေတာကြောင့် စကားထုတ်ပြောလို့မရတာကြောင့်စိတ်
ထဲကနေပဲ

*ဘယ်လိုအကြောင်းပြန်ရမှာလဲ ရီပေါ်သိသွားမှာပေါ့*

ဟုကိုယ့်သာကိုယ်ကြိမ်းဝါးလိုက်သော်လည်း ဂျပုမကကြားသွား
သည်ထင်ပါသည်။

*အဲ့တာ အခု အကြောင်းပြန်တာပဲလေ စိတ်ထဲကနေဆက်သွယ်
ပြီးစကားပြောလို့ရတယ် အရူး...ငါ့၀မ်၀မ်လေးကိုစိတ်ဆင်းရဲအောင်
ထပ်မလုပ်နဲ့နော် မဟုတ်ရင် ဒီမှာတင် ကိစ္စတုံးပစ်လိုက်မယ်*

‌ဟာ သွားပါပြီ...ဒါဆို ရှောင်းကျန့်စိတ်ထဲကပြောသမျှတွေသူအကုန်
သိနေတာပေါ့။ ကော်ဖီအပူကိုတမင်သက်သက် ပေါင်ပေါ်ထွေးချ
တဲ့ကိစ္စတွေရော သူအမြဲမှောင်နေတဲ့ကိစ္စတွေရော။ ဒါပေမယ့် ဂျပု
မက အဲ့ကိစ္စတွေတော့ ဘာမှမပြောသွားဘူး။ အမြဲတမ်းကြားသိရ
တာမဟုတ်ပဲ။ ရှောင်းကျန့် နားရောက်နေမှ ရှောင်းကျန့်စိတ်ထဲပြော
နေတာတွေကို သိရတာဖြစ်မည်ဟု ရှောင်းကျန့်ကခန့်မှန်းလိုက်သည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now