24~//ရွှေစိတ်တော်မညိုးစေလို//

7.3K 753 41
                                    

{Unicode Version}

"ထွက်သွားစမ်း!!! ပူပူ မပူပူ မောင်မင်းကိစ္စမဟုတ်ဖူး"

မနက်စောစောစီးစီး ရီပေါ်မှာသောင်းကျန်းနေတော့သည်။ မနက်ဖြန်
ဆိုဆေးရုံဆင်းရတော့မည်ဖြစ်သော်လည်း သူ့မှာ သတိရကတည်းက
အခုထိ ခေါင်းစွပ်ကိုမချွတ်ပေ။ ရှောင်းကျန့်က ပူမှာစိုးတာရယ် တစ်ချိန်
လုံးခေါင်းကို ပိတ်လှောင်ထားသလိုဖြစ်မှာစိုးတာရယ်ကြောင့် ခေါင်းစွပ်
ချွတ်ခိုင်းတာကိုမချွတ်ပေ။ ကတုံးတုံးထားတာလည်းမဟုတ်ဖူး ဆံပင်ကို
ပါးလိုက်ပြီး နဖူးနားလေးပဲကွက်နေတာကို ရှက်တယ်ဆိုကာ လုံး၀ကိုမ
ချွတ်ပေ

"မောင်မင်းကို ခေါင်းဖြတ်မှာ ဆံပင်ဆိုတာ ငါကိုယ်တော်အတွက်ဘယ်
လောက် တန်ဖိုးရှိမွန်မြတ်တဲ့ အရာလည်းသိလား ... ဆံပင်မရှိတဲ့ဘုရင်
ဟာ လက်တစ်ဖက်ကျိုးနေသလိုပဲတဲ့ မကြားဖူးဘူးလား ဖယ်စမ်း ရှက်ဖို့
ကောင်းတယ် "

ဘုရားစူးပါ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ အဲ့လိုမျိုးမကြားဖူးပါ ရှောင်း
ကျန့်လည်း မကြာခင် ခေါင်းမွှေးပြောင်မယ်ထင်ပါရဲ့။ ဆိုးလိုက်တာ အဆိုး
လေးရယ် ။ ဒါ ဟိုဂျပုမကိုပဲ အပြစ်တင်ရမှာ ။ အဆင်ပြေတော့မယ့် သူ
များချစ်ခြင်းကို မနာလိုပြီး လာနှောင့်ယှက်တာ သူလည်း သူ့ရည်းစားနဲ့ပြတ်
ပါစေ။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ... ကိုယ်တို့မရှိတဲ့အချိန်တော့ ချွတ်ထားလို့ရပါတယ်
ဘယ်သူမှမကြည့်ဘူးဟုတ်ပြီလား "

ထိုအခါမှ နည်းနည်း ကျေနပ်သွားသလိုရုပ်ကလေးနဲ့ မျက်စောင်းထိုးသွား
သည်။ ရှောင်းကျန့်မှာ အသည်းလည်းယား ထူးလည်းထူးဆန်းနေတော့တာ။
ရီပေါ်ရဲ့ ဒီလိုပုံစံမျိုးတစ်ခါမှမမြင်ဖူးခဲ့ပေ ။ စွာ‌ေတးလန်ကလေး ။
အရင်ကနဲ့လုံး၀ကိုဆန့်ကျင်ဘက်ပေ။ ရီပေါ်က အတိတ်ကိုသတိရတယ်သာ
ပြောတယ် သူမှတ်မိတာ သူကဘုရင်ဆိုတာရယ် သူ့အမက ကိုယ်စားအုပ်
ချုပ်တယ်ဆိုတာရယ်လောက်ပဲသိပြီး ကလေးစိတ်ကလေးဖြစ်နေတာ ။
ဒါလည်း ဂျပုမလက်ချက်ပေါ့ ။ သူသတိရစေချင်တဲ့အပိုင်းကိုပဲသတိရခိုင်း
ထားတာ ။ဒါဟာ ရှောင်းကျန့်ကို ပညာပေးဖို့သက်သက်ပဲဖြစ်ပါတယ် ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now