15~//အသုံးချခံလိုက်ရတဲ့အတွင်းရေးမှူးလေး//

7.9K 828 73
                                    

{Unicode Version}

ရှောင်းကျန့်ကလည်း လက်မှာဒဏ်ရာနဲ့မို့ ဆေးရုံတက်
နေရသည်။ ရီပေါ်ကလည်း တောက်တဲ့လေးလိုပဲ ။ဆေး
သောက်ချိန် အစားစားချိန်က အသေးစိတ်အကုန် လုပ်
ပေးသည်။ အလုပ်တွေကတော့ ရုံးမှာ တောင်လိုပုံနေ
လောက်ပြီလေ။

ဒီနေ့ကတော့ ရှောင်းကျန့်ဆေးရုံကနေဆင်းမယ့်နေ့
ရီပေါ်ကတော့ သိမ်းစရာရှိတာ သိမ်းပေးရင်း အလုပ်များနေတယ်။

"ကျန့်ကော .... ဟိုလေ "

‌ရီပေါ်က သိမ်းစရာရှိတာတွေသိမ်းပြီးတော့ ရှောင်းကျန့်ဘေး
နားကိုလာထိုင်သည်။ တစ်ခုခုပြောရမှာကို မဝံ့မရဲဖြစ်နေတဲ့ပုံ
မို့ ရှောင်းကျန့်က လမ်းကြောင်းပေးလိုက်သည်

"အင်း ပြောစရာရှိလို့လား ပြောလေ "

"နောက်တစ်ခါ ဘယ်သွားသွား ကျွန်တော့ကိုခေါ်ပါလား
အခုလို တစ်ယောက်တည်းသွားတော့ အန္တရာယ်များတာ‌
ပေါ့"

အမှန်ဆို အန္တရာယ်များတယ်ဆိုတဲ့စကားက သိပ်ပြီးယုတ္တိ
မရှိဘူးမဟုတ်လား ။ အန္တရာယ်များရအောင် ရှောင်းကျန့်က
ကားမမောင်းတတ်တဲ့ကလေးလည်းမဟုတ်သလို သမ္မတလည်း
မဟုတ်ဖူးလေ။ အမှန်ဆို ကျွန်တော်စိတ်ပူတယ်ဆိုတဲ့ စကားက
ပိုသုံးသင့်တာမဟုတ်လား။ ဒါပေမယ့် လည်း ဒီကောင်လေးမပြော
ရဲလို့ဆို‌တာတော့ ရှောင်းကျန့်သဘောပေါက်ပါသည်

"အဲ့လောက်ထိမလိုပါဘူး ရီပေါ်ရဲ့ ကိုယ်ကကလေးမှမဟုတ်တာ
တစ်ခါတစ်လေ မဖြစ်မနေသွားရမယ့် ကိုယ်ရေးကိုယ်တာကိုယ်
တာကိစ္စလေးတွေရှိတယ်လေ အဲ့တာကြောင့်ပါ"

ရီပေါ်က မျက်မှန်ကိုင်းလေးကို အသာပင်တင့်ရင်းခေါင်းကို
အောက်စိုက်ချလိုက်သည်။ ဒီစကားပြောရဖို့မနည်းအရဲစွန့်
ပြီးပြောရတာ ရှောင်းကျန့်က ငြင်းနေတော့ နောက်တစ်ခေါက်
ထပ်ပြောရဲဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။ နားလည်ပါတယ်
ရှောင်းကျန့် ကိစ္စတွေကို သူ၀င်မစွက်ဖက်သင့်မှန်း။ ကိုယ်ရေး
ကိုယ်တာ ကိစ္စလို့ပြောပြီး ရီပေါ်မသိအောင် လုပ်တာကတော့ရီ
ပေါ်က စိတ်မကောင်းဖြစ်မိပါသည်။ ဒါပေမယ့်လည်း ရီပေါ်က
သူနဲ့လက်ထက်ထားတာ အမည်ခံပဲရှိတာလေ။ ဒီလောက်၀င်စွက်
ဖက်တာတောင် တော်တော် တရားလွန်နေပြီမဟုတ်လား

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now