(Unicode Version)
အားခိုင်နဲ့ရှိုးယွဲ့ပြန်သွားတော့ ဆေးရုံခန်းထဲ ကျန်ခဲ့တာက ရှောင်းကျန့်တစ်
ယောက်တည်း။ စကားဘယ်ကစရမှန်းမသိဖြစ်နေတယ် ။ ပြီတော့ရီပေါ်က
ကုတင်ပေါ်မှာ တပလ္လင်ချိတ်ထိုင်ကာ မျက်နှာကိုမော့ကာ မာန်ချီလျက်ပင်။
ဂျပုမက တကယ်ကိုဆေးအကြီးကြီးထိုးလိုက်တာပင်။ ရီပေါ်ကရှောင်းကျန့်
ကိုလုံး၀မမှတ်မိတော့ပဲ သူ့အတိတ်ဘဝကိုသာ မှတ်မိနေသည် ။"ရီပေါ်...ကိုယ့်ကိုတကယ်ပဲ မမှတ်မိတော့ဘူးလားဟင်"
ရှောင်းကျန့်ကရီပေါ်ကိုမျက်နှာငယ်လေးနဲ့မေးလိုက်သည် ။
"အော်ဟော! ငါကိုယ်တော်မြတ်က မသိပါဘူးလို့ ပြောပြီးပြီလေ နောက်
တစ်ခါထပ်မေးရင် ခေါင်းဖြတ်ပစ်မယ် အခု ငါကိုယ်တော်ဗိုက်ဆာနေတယ်
စားစရာပြင်ပေး"ရှောင်းကျန့်ခေါင်းသာခါရမ်းမိသည်။ ရီပေါ်မြန်မြန်မှတ်မိလာဖို့ဆုတောင်းရ
မှာပဲ ကြီးကြီးမားမားမထိခိုက်တာနဲ့တင် ကျေးဇူးတင်နေပါပြီ ။မြန်မြန်ပြန်
သတိရလာပေး ချစ်ကြောင်းတွေ တ၀ကြီးထိုင်ပြောဖို့ မစောင့်နိုင်တော့ဘူး။
အခုအခြေအနေနဲ့တော့ ချစ်တယ်သွားပြောရင် မောင်မင်းကို ခေါင်းဖြတ်ပစ်
မယ်လို့ ပြောမှာကျိန်းသေတယ်။"ဘာစားချင်လဲပြော ကိုယ်၀ယ်ပေးမယ်"
"ပေါက်စီစားချင်တယ် ပေါက်စီ "
ပေါက်စီဆိုကာမှ သူရီပေါ်ရေချိုးနေတာကို ချောင်းကြည့်ခဲ့တဲ့အချိန်ကိုပြန်
သတိရသွားသည်။ ပေါက်စီဖြူဖြူလေး။ တွေးရင်း သူပါဗိုက်ဆာလာတာ
ကြောင့် ဆေးရုံပြင်ထွက်ကာ ပေါက်စီနှစ်လုံး၀ယ်လိုက်သည်။ ရီပေါ်တစ်လုံး
သူတစ်လုံးပေါ့ရှောင်းကျန့် အခန်းထဲပြန်၀င်လာတော့ ရီပေါ်ကကုတင်ပေါ်မှာဆူဆူပုတ်
ပုတ်ကလေး ထိုင်စောင့်နေသည်။ ကြာလို့စိတ်မရှည်ဖြစ်နေပုံပါပဲ ။"ဟာတစ်လုံးထဲလား တစ်လုံးထဲ ငါကိုယ်တော် ဘယ်လိုလုပ်၀မှာလဲထပ်
၀ယ်ပေး နောက်ထပ်ငါးလုံးလောက်စားချင်တယ် မဟုတ်ရင်ခေါင်းဖြတ်
ပစ်မယ် သင်းကွပ်ပစ်မယ် မောင်မင်းကို"