8~//မနက်၄နာရီမှာသူနိုးထလာ//

8.2K 881 138
                                    

{Unicode Version}

မနက်၄နာရီမှာ သူနိုးထလာ ။

ညကရှောင်းကျန့်ကသူ့ကို ည၂နာရီလောက်မှအလွတ်ပေးတယ်
ရီပေါ် ရှောင်းကျန့်အိပ်ပျော်သွားသည့်တိုင်အောင်သူ့မှာနာကျင်
မှုကြောင့်အိပ်မရခဲ့။ ၃နာရီလောက်မှအိပ်ပျော်သွားပြီး ၄နာရီကျ
ပြန်နိုးလာတယ်။ နိုးလာတဲ့အချိန်မှာ ‌ဘေးကိုစောင်းကြည့်လိုက်
တော့ ရှောင်းကျန့်မျက်နှာကိုမြင်လိုက်ရတဲ့အချိန် သူ့မျက်နှာတစ်
ခုလုံး နီရဲနေလောက်ပြီထင်တယ်။

မျက်နှာချင်းမဆိုင်နိုင်ဘူး အိပ်နေတဲ့သူကိုတောင်။ ရှက်လွန်းလို့
အငွေ့ပျံချင်တဲ့အထိလေ။ အိပ်မက်မဟုတ်တာ ဒီလူနဲ့သူကအရင်း
နှီးဆုံးပတ်သတ်ခဲ့ကြပြီးပြီ။ အဲ့တာကပဲ သူ့ကိုရှက်ကိုးရှက်ကန်း
ဖြစ်စေသည်။

ရီပေါ် အသာလေး ကုန်းထပြီး ရေမိုးချိုးဖို့ပဲတာဆူနေတော့
တယ်။ စောစောနိုးပြီး စော‌စောလေးမနက်စာပြင်ပေးထား
မည်ဟုအတွေးနဲ့။ ပင်ပန်းလို့အိပ်ပျော်နေတဲ့ ရှောင်းကျန့်က
တော့ ဆင်တက်နင်းတောင်နိုးမယ့်ပုံမပေါ်ပါဘူး။

*********

‌ရှောင်းကျန့်အိပ်ယာကနိုးလာတဲ့အချိန် လက်မှာပတ်ထားတဲ့နာရီ
ကိုကြည့်လိုက်တော့6နာရီ။ သူ့ဘေးနားမှာ ၀မ်ရိပေါ်မရှိတော့
ဘူး။ တစ်မျိုးလေးထူးခြားနေတယ် ။ အရင်ကဆို သူတစ်
ယောက်တည်းအိပ် သူတစ်ယောက်တည်းအိပ်ယာထရတာ
အခုကျ သူ့ဘေးမှာ လူတစ်ယောက်ရှိနေပြီ။ အဲ့ဒီလူကလည်း
သူလုံး၀ မထင်မှတ်ထားတဲ့လူ။

အရင်ကဆို သူ့ရဲ့အိပ်ခြင်း စာခြင်းမှန်သမျှကိုကိုယ်ကလုံး
၀စိတ်မဝင်စားခဲ့ဘူး။ ဆိုလိုတာက သူ့ကိုလည်းစိတ်မ၀င်စားခဲ့ဘူး။
အဲ့လိုကျတော့ အခုစိတ်၀င်စားနေတာလား‌ဆိုတော့လည်းမ
ဟုတ်ပြန်ဘူး ။ နွေးထွေးတယ်လို့တော့ခံစားရတယ်။ ရီပေါ်
ကိုမချစ်မိသေးဘူးထင်တာပဲ။ အတပ်မပြောနိုင်ပေမယ့် ရှောင်း
ကျန့်လည်းပြန်ချစ်ဖို့ကြိုးစားကြည့်ချင်တယ်။ ဒီကောင်လေး
ဘေးနားမှာနေရတာ အေးချမ်းတယ်။ အဲ့လိုပဲ သူ့ကိုချစ်မိရင်
လည်း အေးအေးချမ်းချမ်းလေးနဲ့စိတ်ချမ်းသာရမယ်ဆိုတာ
ရှောင်းကျန့်ကသိသည်။ ၀မ်ရိပေါ် ဆောင်းရာသီ နှင်းကလေး
နဲ့တူတယ်။ နှင်းပွင့်လွှာကလေး။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now