28~//ဇာတ်သိမ်းပြီ//

7.5K 539 52
                                    

အခုဆိုရင် ရီပေါ် ဗိုက်ကလေးက ၉လထဲ၀င်လာပြီ ။‌ရှောင်း
ကျန့်မှာ ညဘက်တွေမအိပ်နိုင်ဖြစ်နေရတယ်။ ဘယ်အချိန်
ထပြီးဗိုက်နာမလဲဆိုပြီး စိုးရိမ်နေရလို့‌ သူ့အပူကမသေးလှပါ
ဘူး။ ဆေးရုံတက်လို့ရပေမယ့် ရီပေါ်ကလည်း ဆေးရုံမှာနေရ
တာကို မကြိုက်တာမို့လို့ သူပဲ ညဘက်တွေဆိုသတိနှင့်သာ
အိပ်သည် ။

"ကျန့်ကော ... ရေဆာတယ် "

ရှောင်းကျန့် တီဗီကြည့်နေတုန်း ရီပေါ်က ရေဆာတယ်ပြော
တာကြောင့် မြန်မြန်လေးထပ်ထည့်ပေးရတယ်။ ဒီဗိုက်ကြီး
သည်လေးက တအားကိုချစ်ဖို့ကောင်းနေတော့တာပဲ ။မယုံ
ရင် မင်းတို့ကိုယ်တိုင်သာလာကြည့်လိုက်ပါတော့ ။သိပ်ပြီး
တော့ ရှောင်းကျန့်အပေါ်ကို အနိုင်ကျင့်တာမျိုးလည်းမရှိဘူး
သူ့ဘာသူ အေးဆေးသီးသန့်လေးနေနေတတ်တာ။

အဲ့လိုနေလို့ရှောင်းကျန့်ကစိတ်ပူရသည်။ ဘာလို့ဆို ကိုယ်၀န်
ဆောင်ချိန်မှာ စိတ်အားငယ်တတ်လို့သူကြားဖူးတယ် ။တစ်
ယောက်တည်းလျှောက်တွေးပြီး အတွေးလွန်နေမှာမျိုးသူမ
ဖြစ်စေချင်ပါ။ အဲ့တာကြောင့် သူတက်နိုင်သလောက်ဘေး
မှာနေကာ အဖော်ပြုပေးသည်။

ရှောင်းကျန့် အားရှိအောင်ကျွေးသမျှ ကိုလည်းမငြီးမငြူနဲ့
အကုန်စားတာကြောင့် နဂိုရှိရင်းစွဲပါးဖောင်းကြီးတွေထက်
ပိုပြီး အသားတွေတိုးလာကာ ထိလိုက်တာနဲ့‌အိစက်နေတော့
တာပဲ ။ မျက်နှာလေးကပြည့်လာလို့ မေးရိုးတောင်ပျောက်‌
နေပြီ

****************

"ကျန့်ကော .... ဗိုက်အောင့်တယ် "

ရှောင်းကျန့်နေလည်ဘက် အလုပ်မသွားပဲနဲ့ ရီပေါ်ဘေးနား
မှာ အဖော်လုပ်ပေးနေတာ။ အခုလည်း မုန့်ခွံ့ကျွေးနေရာက
ဗိုက်အောင့်တယ်ဆို‌တာကြောင့် သူမှာပြာသလဲလဲပင် ။

"ဆေးရုံအခုချက်ချင်းသွားမယ်"

ရှောင်းကျန့်က မတ်တပ်ထရပ်လိုက်တော့ ရီပေါ်ကသူ့လက်
ကိုပြန်ဆွဲထားသည်

"ဘာဖြစ်လို့လဲ ရီပေါ်ရဲ့"

"ကြောက်တယ် မသွားချင်ဘူး"

ကလေးဆန်ဆန် အပြုအမူလေးကြောင့် ရှောင်းကျန့်ရယ်ချင်
သွားသလို အရမ်းအသည်းယားသွားသည်။ သူကပဲနားလည်
အောင် ချော့ပြောရမှာပေါ့

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now