16~//ပိုင်လီမျိုးရိုးစပ်စုခန်း//

6.4K 782 51
                                    

{Unicode Version}

အကိုပိုင်လီဆိုတာ ရီပေါ်အတွက်တော့ သူ့အကိုပြီးရင် ဒုတိယ
‌မြောက် အားကိုးလို့ရတဲ့သူဖြစ်သည်။ ရီပေါ်က အရင်ကဆိုရုံးမှာ
အပယ်ခံပဲ။ အဲ့တုန်းက ရှောင်းကျန့်ကလည်း သူ့ကိုမကြည်တော့
မျိုးစုံ အနိုင်ကျင့်တာ အဲ့တာကြောင့် သူ့၀န်ထမ်းတွေကပါရီပေါ်
ကိုမကြည်ကြပေ။ အဲ့အချိန်မှာ ရီပေါ်နား နွေးနွေးထွေးထွေးရှိနေ
ပေးတာဆိုလို့ အကိုပိုင်လီပဲရှိသည်။ရုံးက၀န်ထမ်းတွေကလည်းခု
ထိ သူ့ကိုသိပ်မကြည်သော်ညား ရှောင်ကျန့်အရှိန်ကြောင့်မို့သူ့ကို
ဘာမှမပြောရဲမဆိုရဲတော့ပေ။

အကိုပိုင်လီက သူ့အကြောင်း
တွေရီပေါ်ကိုပြောပြဖူးတယ်။ သူလည်း ရည်းစားတစ်ယောက်ရှိ
ခဲ့တယ်တဲ့။ အဲ့တစ်ယောက်ကအရမ်းပွေလို့သူနဲ့ပြတ်သွားတာတဲ့။

ကောကနိုင်ငံခြားမှာတာ၀န်ကျနေတဲ့အချိန်မို့ သူပြသနာတစ်ခုခု
ကြုံရင်လည်း အကိုပိုင်လီက ဝိုင်း၀န်းဖြေရှင်း‌ပေးလေ့ရှိသည်။
အကိုပိုင်လီက အနေအေးပြီး နွေးထွေးတတ်တဲ့ယောက်ျားလေး
မျိုးပဲ။ သူ့ကိုရတဲ့ အမျိုးသမီးကတော့ကံကောင်းမှာပဲဟုရီပေါ်တွေး
လိုက်သေးသည်။ အကိုပိုင်လီကသာသူ့အကြောင်းပြောပြတာရီ
ပေါ်က ကိုယ့်အကြောင်းကျတစ်ခါမှ မပြောပြဖူးဘူး။ သူရှောင်းကျန့်
ကို ငါးနှစ်လောက် သဘောကျနေတဲ့အကြောင်း။

ဒါပေမယ့် ပါးနပ်လှတဲ့ အကိုပိုင်လီက ရီပေါ်ကိုဒီ‌နေ့ပဲထုတ်မေး
လာတယ်။

ထုံးစံအတိုင်းရှောင်းကျန့်က ကားနဲ့ထွက်သွားပြန်သည်။သူ့ကို
ထားပြီးတော့ပေါ့။ ဘာကိစ္စတွေကြိတ်လုပ်နေလဲရီပေါ်မသိရပေ။

ရီပေါ်လည်းနေ့လည်ထမင်းစားချိန်တစ်ယောက်တည်းဖြစ်နေတာ
မို့ အကိုပိုင်လီက သူနဲ့တူတူသွားစားရအောင်ဟုဆိုကာ အပြင်ဆိုင်
တစ်ဆိုင်ကိုရောက်နေခြင်းဖြစ်သည်။  နေ့လည်၁၂နာရီမို့ ကျန့်ကော
ရော နေ့လည်စာမစားဘူးလားဟု စိုးရိမ်မိသည်။ မက်ဆေ့ပို့လိုက်ရင်
ကောင်းပါ့မလား မသိဘူး။ ဖုန်းလည်းမဆက်ရဲဘူး။စိတ်ပူပေမယ့်
လည်း မဆက်ရဲပေ။

သူတို့စားနေတုန်းမှာပဲ ပိုင်လီရှိုးယွဲ့က ရီပေါ်ကို စကားစမြည်
ပြောလာသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now