5~//CEOရဲ့ကြီးကျယ်မြင့်မြတ်တဲ့မဂ်လာပွဲ//

8.6K 1K 175
                                    

{Unicode Version}

ဒီ‌နေ့ဟာတော့ ရှောင်းကျန့်နဲ့၀မ်ရိပေါ်တို့ရဲ့ မဂ်လာနေ့လေး‌ပဲ
ဖြစ်ပါတယ်။ မဂ်လာပွဲကိုတော့ ရိပေါ်ဖက်က ရိပေါ်အကိုရယ်
ရှောင်းကျန့်ဘက်ကရှောင်းကျန့်အဖွားရယ် ကုမ္ပဏီကသူတွေ
ရယ်။ ရှယ်ယာရှင်တစ်ချို့ကိုပဲဖိတ်ထားတယ်။

အဲ..ပြီးတော့ကျန်သေးတယ် လင်ပါသားနဲ့ ခိုးစားနေတဲ့သူ့
ရည်းစားဟောင်းလည်းပါတာပေါ့။ ရှောင်းကျန့်ကမသိချင်
ယောင်ဆောင်ကာ သူ့နောက်ကျောကိုဓားနဲ့ထိုးထားတဲ့
သူငယ်ချင်းကိုပါဖိတ်ထားသေးသည်။

၀မ်ရိပေါ်ကတော့ တကယ်အခုထိအူတူတူလေးပင်
မဂ်လာကတိ၀တ်ပြုပြီးတဲ့နောက် နမ်းရမယ့်အချိန်
မှာ တောင့်တောင့်ကြီးရပ်ကာ လူကပါနောက်ဆုတ်
သွားသေးတယ် မင်းတို့ပြော ငါ့ပုံကအရမ်းကြောက်
ဖို့ကောင်းနေလို့လား။ ဘယ်ရမလဲ ငါလဲခါးကနေဆွဲ
ဖက်ပြီးနမ်းလိုက်တော့သူဘာမှမတက်နိုင်တော့ဘူး
လေ။

သာမန်အချိန်ဆို မျက်မှန်အထူကြီး၀တ်ထားတဲ့ကောင်လေး
ကမဂ်လာပွဲနေ့မှာတော့ချွတ်ထားရတာမို့ မျက်နှာလေးက
မှုန်နေအောင်ချောတာ idol တစ်ယောက်အတိုင်း။

အခုလည်းရှောင်းကျန့် ဧည့်သည်တွေကိုလိုက်နှုတ်ဆက်နေ
တုန်း သူက လွတ်နေတဲ့စားပွဲမှာတစ်ယောက်တည်းထိုင်ကာ
ဟိုကြည့်ဒီကြည့်နဲ့ ။အဖွားကလည်းသူ့အသိတွေနဲ့စကား
ကောင်းနေတော့ ရိပေါ်ကိုအဖော်မလုပ်ပေးအား။ရီပေါ်
အကိုကလည်း ပွဲထဲအလုပ်များနေသည်လေ။

ရီပေါ်ထိုင်နေချိန် တစ်ချို့၀န်ထမ်းတွေက ရီပေါ်ကိုမကြည်
ကြည့် ကြည့်နေကြတာကိုရှောင်းကျန့်ကမြင်တယ်။ ဒီကောင်
လေးက တစ်နှစ်လောက်အလုပ်သင်ဆင်းပြီး အတွင်းရေး
မှူးနေရာတန်းရတော့ မနာလိုကြတာလည်းပါမှာပေါ့။ ပြီးတော့
ခုလိုရှောင်းကျန့်နဲ့လက်ထက်လိုက်တော့ပိုလို့ပင်မနာလိုဖြစ်
ကြမှာအမှန်ပင်။

ဒါပေမယ့် ရိပေါ်ကရှောင်းကျန့်လူဖြစ်သွားပြီမို့ ဘယ်သူမှ
သူ့ကိုထပ်အနိုင်မကျင့်‌စေရတော့ဘူး။ ကိုယ်အသက်ရှင်ရ
တာ‌သူ့ကြောင့်ဖြစ်သလို ရှောင်းကျန့်ကလည်း တက်နိုင်သ
မျှကာကွယ်မည်။ နောက်ပြီး ရိပေါ်နဲ့လက်ထက်တာက မီ
ယွဲ့ကို အရွဲ့တိုက်ချင်စိတ်လည်းပါသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now