10~//သူ့ကိုငိုတဲ့အထိစချင်တယ်//

8.2K 899 144
                                    

{Unicode}

သူ့ကြောင့် ရီပေါ်ဒီလောက်ထိဖြစ်သွားတဲ့အခါ သူ့ကိုယ်သူ
အပြစ်အကြီးကြီးလုပ်မိတယ်လို့တွေးမိတော့ စိတ်ကလုံး၀
မကြည်တော့။ ကံကောင်းလို့ဘာမှမဖြစ်သွားတဲ့ ရီပေါ်က
တော့ ကုတင်ပေါ်မှာအိပ်ပျော်နေတုန်းပဲ။

အဖွားက ဆေးရုံကိုချက်ချင်းလိုက်လာပြီး သူ့ကိုဆူတယ်။
တစ်ယောက်တည်းအချိန်ပိုဆင်းဖို့ထားခဲ့ရလားဆိုပြီး။
ရှောင်းကျန့် သက်သက်မဲ့အကျင့်ယုတ်တာကိုအဖွားကသိနေ
တော့ ရှောင်းကျန့်မှာ ငြင်းလို့လည်းမရခဲ့။

အခု မီးထဲပိတ်မိတဲ့အထိဖြစ်ခဲ့ပြီးပြီပဲကို။ မင်းငါ့ကိုမုန်းသင့်နေ
ပြီ။ ပြီးရင် မြန်မြန်ထွက်စာတင်လိုက်ပါတော့ကွာ။ ငါလည်းအနိုင်
ထပ်မကျင့်ချင်တော့ဘူး။

****************

2020ခုနှစ်............

ခိုင်က ရှောင်းကျန့်ဆီကအပြန် ကားပါကင်ကအထွက်မှာ
ကောင်မလေးတစ်ယောက်နဲ့ အတူလမ်းချင်းယှဉ်လျှောက်
နေတဲ့ ရှိုယွဲ့ကိုတွေ့လိုက်တော့ ဒေါသထောင်းခနဲထွက်သွား
သည်။

အခုချိန်မဆိုင်တော့တဲ့သူတွေဆိုပေမယ့်လည်း
သူ့စိတ်ထဲစိုးမိုးနေတာက ပိုင်လီရှိုယွဲ့ဆိုတဲ့လူသား
က သူ့အတွက်ပဲဖြစ်ရမယ်ဆိုတာပဲ

ကားပေါ်ကနေချက်ချင်းဆင်းပြီး သူတို့အနားကိုလျှောက်
သွားကာ ရှိုယွဲ့လက်ကိုဆွဲလိုက်သည်။

"ဘာလုပ်တာလဲ! မင်း!"

"ဘာလုပ်တာလဲ ငါ့ကိုအရင်မမေးခင် သူကဘယ်သူလဲဆိုတာ
အရင်ပြော"

ရှိုယွဲ့က ခိုင်ကို နားမလည်နိုင်တဲ့ အကြည့်နဲ့ ကြည့်ပြီး
ခိုင်က တကယ

"ဘယ်သူဖြစ်ဖြစ် မင်းနဲ့ငါနဲ့ဇာတ်လမ်းက လွန်ခဲ့တဲ့နှစ်တွေ
ကတည်းက ပြီးပြီးသားမဟုတ်ဖူးလား။ ငါ့လမ်းငါလျှောက်မယ်"

ရှို့ယွဲ့က ခိုင်ရဲ့လက်ကိုခါချပစ်သည်။
သို့သော် ခိုင်က ထပ်မံပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်
သည်။

"စကားပြောရအောင် အရင်ဆုံး သူကဘယ်သူလဲဆိုတာ
ပြော"

"မပြောဘူး ပြောစရာအကြောင်းလည်းမရှိဘူး ငါနဲ့မင်းနဲ့
လည်း မဆိုင်တော့ဘူး။ မင်းသွားပါတော့"

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now