{Unicode Version}
သူ့နာမည်က ပိုင်လီရှိုးယွဲ့တဲ့ အသက်ငယ်ငယ်လေးနဲ့
မန်နေဂျာဖြစ်တာမို့ အရည်အချင်းကတော့မေးနေစရာ
မလိုလောက်တော့ပါဘူး။သူထွက်သွားသည့်တိုင်အောင် ခိုင်က ဘာမှမမေးလာတော့
သူတို့အလုပ်အကြောင်းပဲဆက်ပြောဖြစ်ကြတယ်။ခိုင်က နိုင်ငံခြားကသူ့အဖေရုံးတွေမှာ အလုပ်မလုပ်ချင်တာ
မို့ ရှောင်းကျန့်ကုမ္ပဏီမှာအလုပ်၀င်ဖို့လုပ်တယ်။ရှောင်းကျန့်
ကလည်း ခိုင်လိုမျိုး အရည်အချင်းရှိတဲ့ designerတစ်
ယောက်ကိုလက်လွှတ်ခံရအောင်ထိမရူးပါ။ ပြီးတော့ သူ့သူ
ငယ်ချင်းလည်းဖြစ်တယ်ဆိုတော့။သူတို့စကားပြောနေတုန်း အပြင်ကရုန်းရင်းဆန်ခတ်ဖြစ်နေ
တဲ့အသံတွေကြားတာကြောင့် ရှောင်းကျန့်ထွက်ကြည့်တော့
မီယွဲ့သောင်းကျန်းနေသည်။ သူ့ကိုရုံးခန်းထဲ၀င်ခွင့်မပေးလို့
မီယွဲ့နဲ့တွေ့ရင် အလိုလိုမျက်နှာလေးငယ်သွားတတ်တာက
၀မ်ရိပေါ်။ သူကိုယ်တိုင်က ဘာအကြောင်းမှမပြောပဲ မီယွဲ့ကို
ဖြတ်ပြီး ၀မ်ရိပေါ်နဲ့လက်ထက်လိုက်တော့ ၀မ်ရိပေါ်က သူ့
ကိုယ်သူ အပြစ်ရှိတယ်လို့ခံစားနေရမယ်ဆိုတာ သိပါတယ်။"မင်းရောက်လာပြန်ပြီလား"
"ကျွန်မတို့စကားပြောရအောင် ကို"
ရှောင်းကျန့်က စိတ်ပျက်သလို အကြည့်လွှဲကာ
"ပြောစရာစကားမရှိဘူး မင်းပြန်တော့ ငါအလုပ်များနေ
တယ်""မင်း!"
ခိုင်က ထိုင်နေရာမှ ထလာကာ မီယွဲ့ကိုတွေ့တော့ အံ့ဩသွား
ဟန် နှုတ်ဆက်လိုက်သည်။မီယွဲ့က ခိုင်ရဲ့ ရည်းစားဟောင်းတွေထဲကတစ်ယောက်ဖြစ်သည်။
ခိုင်ကတော့ထမင်းစားရေသောက်နှုတ်ဆက်လိုက်သည်။
ရှောင်းကျန့်နဲ့မီယွဲ့ ဘယ်လိုဘယ်ပုံပတ်သတ်ခဲ့တယ်ဆိုတာ
ရိပ်မိပေမယ့် အခုချိန် ခိုင်နဲ့လည်း သူနဲ့ကမဆိုင်တော့တာ
မို့ အားနာနေစရာတော့မရှိဘူးထင်တာပါပဲ။"အသိလား ခိုင်"
"ဟက် ရည်းစားဟောင်းပါ"
ခိုင်က လက်ကိုပိုက်ကာ ကြည့်ရင်းပြောလိုက်သည်။
ရှောင်းကျန့်က တကယ်ပင်စိတ်ကုန်နေတဲ့ပုံစံနဲ့ပြော
လိုက်သည်။