26~//ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ//

6.2K 593 22
                                    

ရှောင်းကျန့်ဆေးရုံကိုသွားတဲ့လမ်းမှာ အရေးထဲ လမ်းပိတ်နေလို့ထ
ပြေးရမလိုပဲ ။ ပြေးပြီးတော့သွားရင် ဆေးရုံရောက်တာပိုကြာမှာမို့
လို့ ငြိမ်နေတာ။ ရင်ထဲမှာဘလောင်ဆူနေပြီ အားခိုင်ကိုဖုန်းဆက်
ကြည့်တော့ ငိုးမသားကစက်ပိတ်ထားတယ် ။ နောက်ဆုံးတော့ကား
က တအိအိနဲ့ပဲ ဆေးရုံကိုရောက်သွားတော့ ရှောင်းကျန့် လူနာနာမည်နဲ့သေချာမေးပြီးတော့မှ၀မ်ရိပေါ်ရှိရာအခန်းကိုမြန်မြန်ပြေး
သွားလိုက်တော့ ။ အခန်းရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ထိုင်နေတဲ့
အားခိုင် မျက်နှာလည်းမကောင်းဘူး ။

ရှောင်းကျန့် ရင်ထဲအပူလုံးကြီးတစစနဲ့ကြီးထွားလာတယ်ဘာမှမဖြစ်
လောက်ဖူးမလား။ အားခိုင်ဆီအမြန်ပြေးသွားလိုက်ကာ

"ဟေ့ကောင်....ဘာဖြစ်တာလဲ ရီပေါ်ရော ဘာမှမဖြစ်ဘူးမလား..."

"မင်းကိုယ်တိုင်ပဲ၀င်ကြည့်လိုက်ပါတော့ကွာ ငါသွားတော့မယ်"

အားခိုင်ရဲ့မျက်နှာကဘာလို့ ဒီလောက်ပျက်ယွင်းနေရပါသလဲ ။
သူ့၀မ်ရိပေါ်မှာ ဘာများဖြစ်လို့လဲ ။ ရှောင်းကျန့် အခန်းထဲ၀င်သွား
တော့ ရီပေါ်က ကုတင်ပေါ်မှာအိပ်နေသည်။

သို့သော် တံခါးဖွင့်သံကြားတော့ မျက်လုံးလေး ပွင့်လာကာသူ့ကို
ကြည့်သည် ။၀မ်ရိပေါ်မျက်၀န်းတွေကရော ဘာလို့ မျက်ရည်လေး
တွေ ဝေ့နေရပါသလဲ ။သူ့ကိုမြင်တာနဲ့ ပြိုတော့မယ့်မိုးလိုပဲမျက်နှာ
လေးက ။

"၀မ်ရိပေါ် ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော ကိုယ်‌ရင်တွေပူလို့ပါကွာ"

"ဘာမှမဖြစ်ပါဘူးကျန့်ကော ... ဟို ဟာ"

ငိုမဲ့မဲ့ဖြစ်နေတဲ့ ၀မ်ရိပေါ်မျက်နှာလေးက သူ့ရင်ကိုပူလောင်စေဖို့ပို
လုံလောက်သည်။ မြန်မြန်ပြောလိုက်ပါကွာ ဒီကောင်ကြီးနှလုံးရော
ဂါရပြီးသေတော့မယ် ။

"အင်း ဘာဖြစ်တာလဲ ကိုယ့်ကိုပြော"

"ကိုယ်၀န် ...ကိုယ်၀န်ရှိနေတာတဲ့ ဆရာ၀န်ကပြောသွားတယ် ဟင့်"

ရှောင်းကျန့် ကြက်သေသေသွားရတယ် ။ ကိုယ်၀န်ရှိနေတယ်လို့ပြောလိုက်တာလား ။ ယောက်ျားလေးကိုယ်၀န်ဆောင်တာကြားဖူး
ပေမယ့် သူတို့ဆီမှာလာဖြစ်မယ်လို့တော့တစ်ခါမှမထင်ခဲ့ဖူးဘူး ။ဒါ
ပေမယ့် ၀မ်ရိပေါ်က ဘာလို့ ငိုမဲ့မဲ့ဖြစ်နေရပါသလဲ ။သူကတော့က
လေးအဖေ‌ဖြစ်ရတော့မယ်ဆိုတဲ့အသိနဲ့တင်ပျော်ရွှင်စေတယ် ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now