Toilet က မှန်ထဲမှ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ရင်း မင်းဆက် ငိုချင်သွားသည်။ မျက်နှာတစ်ခုလုံး ဖူးယောင်နေသည်မှာ မသိလျှင် အုပ်စုဖွဲ့ ရန်ဖြစ်လာသည့်အတိုင်း။ နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားခဲ့သည့် နှာခေါင်းချွန်လေးဟာ ယခုတော့ဖြင့် ယောင်ကိုင်းနေကာ ယောက်ျားလေးတန်မဲ့ အဆီအမြဲဆောင်၍ အရေပြားခြောက်ကွဲနေလျှင် လိမ်းလိမ်းတတ်သည့် နှုတ်ခမ်းပါးလေးဟာလည်း နီရဲစုတ်ပြဲ။
အမေ မေးရင် ဘယ်လိုပြောရမလဲကွာ!
ဘယ်လိုပဲ အသက်ပြည့်ပြီးသား ယောက်ျားတစ်ယောက်ဖြစ်ပါစေ၊ ကလေးငယ်တစ်ယောက်လို အသေးစိတ်ကစ ဂရုတစိုက် မွေးမြူခဲ့သည့် မေကြီးအား လူနာက ထိုးလိုက်တာဟု ပြောရမည်ကို ဆရာဝန်တစ်ယောက်အနေနှင့် သူရှက်ပါသည် ။
"ဘယ်လိုလူနာလဲကွာ....ဆရာဝန်ကိုတောင် သွေးထွက်သံယိုဖြစ်အောင် လုပ်တယ်။ မိုက်မိုက်ရိုင်းရိုင်းအဆဲက ခံ လိုက်ရသေးတယ်။"
"ကျက်သတုံးကောင်!"
ဆေးထည့်တော့လည်း လတ်လတ်ဆတ်ဆတ် အထိုးခံထားရသော ဒဏ်ရာက စပ်ချေ၏။ လက်သီးချက် က လည်း ပြင်းလိုက်ပါဘိ!
မျက်နှာချောချောလေးကို အနာတရဖြစ်အောင် လုပ်၍ ခံပြင်းသည်ထက် ဆေးအမှတ်ဝင်သည့်အချိန်မှ စ၍ ယနေ့ထိ ဝင့်ကြွားလာခဲ့သော ပညာတတ်ရုပ်ချော Cool guy ဒေါက်တာသိုက်မင်းဆက် မာနထိခိုက်သလို ခံစားလိုက်ရသည်။ ခုတော့ လူနာလက်ချက်နှင့် ဖူးခက်မင်းဆက် ဖြစ်နေပြီ မဟုတ်လား။
ဘဝက ဘယ်လောက်ဆိုးသလဲဆို ဆေးတောင် ကြာကြာ မထည့်ရ။ အမြန်အပြီးသတ်ကာ ကျေးဇူးရှင် မေ့နေတုန်း သူ့လက်မောင်းက ဒဏ်ရာကို ကုသ ရအုံးမည်။ မေ့ဆေးပြယ်လို့ နိုးလာလျှင် ဖူးခက်မင်းဆက်ထက် ရုပ်ပျက်အောင် ကြိတ်ခံရမှာ အသေအချာပဲမို့ လူနာခန်းထဲ မသွားချင်သော်လည်း သုတ်ခြေတင်ရတော့၏ ။
••••••
"ဟယ် ! ဒေါက်တာ့မျက်နှာကြီးက တအားယောင်နေတာပဲ"
"ရတယ် ဆရာမ ကျွန်တော့်ကို ခဏနေအရောင်ကျဆေးတစ်လုံးသာထိုးပေး...လူနာရော ဘယ်လိုလဲ?"
"မေ့နေတုန်းပဲ....နောက် သုံးနာရီလောက်ဆိုရင်တော့ သတိပြန်ရမယ်ထင်တယ်"
လူနာကို လှမ်း၍ ကြည့်လိုက်လျှင် ကုတင်ပေါ်တွင် သူမဟုတ်သည့်အတိုင်း အေးဆေးမေ့မြောနေတာ တွေ့ရသည်။ လက်မှ ဒဏ်ရာကို ကြည့်ရန် လူနာကုတင်ဘေးမှ ခုံတွင် သူ လှစ်ခနဲ ဝင်ထိုင်လိုက်၏။
တံတောင်ဆစ်ထိ ခေါက်ထားသော ရှပ်လက်ရှည်ကို လက်မောင်းနားထိရောက်အောင် ကတ်ကြေးဖြင့် ညှပ်လိုက်ရသည်။ သွေးတစိမ့်စိမ့်ထွက်နေသော ဒဏ်ရာက ထင်ထားတာထက် နက်နေလေပြီ။ တအားနာနေမှာကို လူနာ ဘယ်လိုများတောင့်ခံခဲ့လဲ မင်းဆက် မသိချင်တော့။ သွေးတိတ်အောင်လုပ်၊ ဆေးထည့်ပြီး အပ်ဖြင့် သေချာ ချုပ်ပေးနေလိုက်သည်။
သွေးတိတ်သွားမှ လက်မောင်းက Tattoo ကို ထင်ထင်ရှားရှား မြင်ရတော့သည်။ ဒီလူက Tattoo တွေတော့ အတော်များ၏။ ခုနက ရုန်းရင်းဆန်ခတ်ဖြစ်ချိန် တွေ့ခဲ့ရသည်က လည်ကုတ်မှာ တစ်ခု။ ညာဖက် လက်ဖျံမှာလဲ တစ်ခု။ ဘာပုံတွေမှန်းတော့ မင်းဆက် သေချာမသိ။
လက်မောင်းနှစ်ဖက်က Tattoo ကတော့ ခပ်ကြီးကြီးဌက်မွှေးပုံများဖြစ်သည်။ ဌက်မွှေးဘေးမှ ပျံ့ထွက်နေသော အမွှေးအပိုင်းအစများကလည်း အနုစိတ်လှသည်။ အသားဖြူဖြူပေါ်မှာ လက်ဝင်စွာ ထိုးနှံထားသော Tattoo သည် ပနံ့သင့်၏။ မင်းဆက် စိတ်ဝင်စား၍ ညာဖက်လက်ဖျံက Tattoo ကို လှမ်းကြည့်မိသည့်အခါ
ကျားကုတ်ရာလို လိုင်းအတွန့်အတွန့်လေးခုလောက်ဖြစ်သည်။ ခန္ဓာကိုယ်က အရာရာတိုင်းဟာ အရှိန်အဝါနှင့် ကြည့်လို့သန့်နေသည်မှာ ကိုခန့်ဦးရှိန် ၏ အားသာချက်ပေ။
လည်ကုတ်ကို လှန်ကြည့်မိပြန်တော့ ပင့်ကူအိမ် အသေးစားက ခန့်ခန့်ထည်ထည်။
ရိုးရိုးဆိုင်က ထိုးထားသည်မဟုတ်ဘဲ သူများနိုင်ငံက နာမည်ကြီး ဈေးကြီးဆိုင်များတွင်သေချာ ထိုးထားသော တန်ဖိုးကြီးTattooများမှန်း သိသာသည်။ Tattoo ဘယ်လောက်များများ လူရမ်းကားပုံမျိုးမပေါ်သည့် ဤလူသည် မေ့မြောနေသော်ငြားက ခန့်ညားစွာ ရှိနေ၏။ ပုံပျက်ပန်းပျက်မဟုတ်။
လက်မောင်းကို ချုပ်စဥ်မှာလည်း သွေးကြောများ ယှက်ဖြာနေသည့် လက်ဖျံတစ်ခုလုံးကို မင်းဆက် အသေအချာ မြင်လိုက်ရသည်။ လက်သည်းခွံကြည်ကြည်များဖြင့် ခိုင်မာစွာ ပြေပြစ်နေသည့် လက်ချောင်းရှည်များကလည်း ကြည့်လို့ ကောင်းစွာ သွယ်ပျောင်းပျောင်း။ သူ့ကို ထိုးလို့ နည်းနည်းပွန်းချင်သည့် လက်ဆစ်များကိုတော့ မင်းဆက် တာဝန်အရ ဆေးထည့်ပေးလိုက်ရသည်။
"ဆရာမ....သူနိုးလာလို့ ဆေးရုံဆင်းချင်တယ်ဆို ဆင်းပေးလိုက်တော့ နော်"
"ဟုတ်"
•••••
"ဟာ သားကြီး မင်းလူနာအထိုးခံရလို့ဆို!"
Valentine day မှာ ပျော်ပျော်ပါးပါးလျှောက်လည်ပြီး ပြန်လာသည့် ဟန်သွေးထွဋ် က အလန့်တကြား မေးဆတ်လာသောကြောင့် မင်းဆက်မှာ မျက်နှာကို ရေနွေးပူနှင့် အပက်ခံလိုက်ရသလို ရှဲခနဲ နွေးသွား၏။ ရှက်စိတ်က ထူပူလာသည်နှင့်အမျှ သောက်နေသည့် Coffee ပင် မြိုမကျတော့။
"တော်စမ်းပါကွာ ဘာမှဟုတ်တာမဟုတ်ဘူး အေးဆေး!"
"ဘာအေးဆေးလဲကွ....မင်းမျက်နှာကြီးကို ဖူးယောင်နေတာပဲ"
သူ မျက်ထောင့်နီဖြင့် စိုက်ကြည့်ပစ်လိုက်တော့ သကောင့်သားက ရယ်ကျဲကျဲလုပ်နေသည်။
"မောင်ရယ်....စ မနေပါနဲ့ ဒီကောင်ကြီး ရှက်နေပါဦးမယ် ဟဲဟဲ"
နံဘေးက ဝတ်မှုန်ဦးကပါ စပ်ဖြီးဖြီးနှင့် ဟန်ပြဝင်တားလေသည်။
မင်းဆက်မှာ သူတို့နှစ်ယောက်အား ဆေးကျောင်းတက်ကတည်းက ပေါင်းလာသည့် သူငယ်ချင်းတွေမို့ ဒီလိုနေ့မျိုးမှာ အတွဲလိုက် ပျော်ပါစေ ဟူ၍ အစားဝင်ပေးခြင်းကိုသာ နောင်တရမိ၏။
"နှစ်ယောက်လုံးပဲ ဝိုင်းလှောင်လိုက်ပါတော့ကွာ! ဒါနဲ့ ကိုရဝိန်တို့ရော ပြန်မလာသေးဘူးလား?"
"ဘယ်လာမလဲ ဒီချိန်ဆို အစ်ကိုက သူ့ဘဲနဲ့ ရုပ်ရှင်တောင်သွားကြည့်နေလောက်ပြီ။"
ဟန်သွေး၏ အူမြူးမြူးအပြောအား ဪဟုသာ နှုတ်ခွန်းဆောင်နိုင်တော့သည်။
သူတို့ဠာနမှာလည်း အတွဲပေါင်းက သောင်းခြောက်ထောင်။ ငယ်ငယ်တည်းက ပေါင်းလာသည့် ဟန်သွေးထွဋ် နှင့် ဝတ်မှုန်ဦးက အလုပ်ဝင်ရင်း တွဲဖြစ်ကြသလို သူတို့ Senior ကိုရဝိန်သန့်မှာလည်း လွန်ခဲ့တဲ့ တစ်လကမှ သူနာပြုမောင် သူရမြင့်ဇော် နှင့် ဖူးစာဆုံခဲ့ပြန်သည်။ တခြား professor များတွင်လည်း အိမ်ထောင်မရှိသူက ရှား၏။ ဆရာဝန်ပေါက်စများထဲတွင် သိုက်မင်းဆက် တစ်ယောက်တည်း အထန်ကြီး(အထီးကျန်) ဖြစ်နေပါသည်။
ပိုးပန်းလာသည့် တခြားဌာနမှ ဆရာဝန်မလေးများကိုတော့ မင်းဆက် အားနာရသည်။အကြောင်းမှာ သူဟာ အသည်းကွဲဖူး၍ ရှောင်ခွင်းသည်မျိုး မဟုတ်ဘဲ ရည်းစားထားဖို့ ကိစ္စကို စိတ်မဝင်စားခြင်းဖြစ်လေသည်။ မစားသောက်ရသေးသော အစားအစာတစ်ခုအား အထိုက်အလျောက် ငြင်းဆန်နေသည့် ငါးနှစ်သားပမာ သက်သက် အပူရှာသည်ဟုပင် ထင်သည်။
နေ့စဉ် သူ့ကားပေါ်လာလာတင်ထားသည့် လက်ဆောင်ပစ္စည်းများကိုတော့ အကုန်ယူဖြစ်သည်။ ကိုယ့်ကို ချစ်ခင်လို့ ဆက်သသည့် ပိုးကြေးပန်းကြေးများကို ပြန်ပေးလိုစိတ်မရှိ။ အကယ်၍ ပြန်ပေးရမည်ဆိုလျှင်လည်း ဌာနပေါင်းစုံကို ပတ်ပေးနေရဦးမည်။
ဒီလိုနေ့မျိုးကျတော့လည်း သူငယ်ချင်းတွေကို အားကျမိပါသည်။ ပျော်တော့ ပျော်စရာလေးပါလား ဟူသော အမြင်က နှစ်ချို့ Single တစ်ယောက်၏ အတွေးရေကြောထဲသို့ မချိုမချဉ် တိုးဝင်လာပြန်သည်။ သူ့မှာသာ ရည်းစားရှိလျှင် ဒီလိုနေ့မျိုးကို ကြံဖန် ခွင့်ယူကာ ချစ်သူနှင့် နှပ်နေလို့ ရသည်။ Professorများကို အကူအညီတောင်း၍ ခွင့်သာ ရလျှင် ဒီနေ့လို ဟိုဘဲရဲ့ အထိုးခံရမှာလည်း မဟုတ်။ ဒီနေ့မှ ထူးထူးဆန်းဆန်းရည်းစားတစ်ယောက်လောက် လိုချင်လာသည်မှာ ကိုခန့်ဦးရှိန်၏ စနက်ပင် ဖြစ်ချေပြီ။
••••••
တဆစ်ဆစ်ကိုက်နေသည့်ခေါင်းကြောင့် ခန့်ဦးရှိန်ဒေါသ က ငယ်ထိပ်ရောက်နေလေပြီ။
လက်မောင်းက ချူပ်ရိုးလေးကို ကြည့်လိုက်မိတော့ သပ်သပ်ရပ်ရပ်ချူပ်လို့ထား၏။
"မကုချင်ပါဘူးဆို မရရအောင် ကုလိုက်သေးတယ်"
"လူနာ....သတိရလာပြီလားရှင့်..."
ဘေးနားမှ အသင့်စောင့်နေသော ဆရာမလေးက သူ့အား ခပ်တိုးတိုး မေးလာသည်..
"အေးလေ မမြင်ဘူးလား"
ဆတ်ခနဲ တုန်သွားသော သူမမှာ ကြောက်ရွံ့သွားပုံရသော်လည်း တွန့်ဆုတ်စွာနှင့် ပြောစရာရှိသည်ကို ဆက်ပြောလေ၏။
"ဟို...လူနာ ဆေးရုံက ဆင်းချင်ဆင်းလို့ ရပါပြီရှင့်"
"ဟိုကောင်လေးရော?"
"ရှင်.. ဒေါက်တာသိုက်မင်းဆက်လားရှင့်"
"သိုက်မင်းဆက် တဲ့လား သူ့နာမည်က....
ဆေးရုံရောက်တာ ဘယ်နှနှစ်ရှိပြီလဲ?"
"ကျွန်မလား....လူနာ!"
"သိုက်မင်းဆက် ကို မေးနေတာလေ မင်းကို မေးလား?"
ရှက်ကိုးရှက်ကန်းဖြစ်သွားသော ဆရာမကို ခန့်ဦးရှိန် စိတ်ပျက်လက်ပျက် စောင်းကြည့်လိုက်သည်။ သူ့ကို ကြောက်လည်းကြောက်၊ ငမ်းလည်းငမ်းချင်နေသည့် အမျိုးသမီးပါလေ။
"ဒေါက်တာက ဆေးရုံရောက်တာ ၅လ ရှိပါပြီ!"
ခံပြင်းစိတ်နှင့် ဒေါသက ထောင်းခနဲ။
"အဲ့..အဲ့လို ဆရာဝန်လေးက ငါ့ကို....တောက်"
အနိုင်ပိုင်းသွားသူဟာ ဘာမဟုတ်သည့် ကောင်ငယ်လေးအဖြစ် သိပြီးနောက်တွင် တိတ်ဆိတ်နေသော အခန်းအား ခန့်ဦးရှိန်၏ တောက်ခေါက်သံက ညံညံစူးစူး နေရာယူ၍သွားသည်။
_____
I need feedbacks and ur voting kha🥺❤
______
အပိုင္း-(၂)
Toilet က မွန္ထဲမွ ကိုယ့္ကိုယ္ကိုယ္ျပန္ၾကည့္ရင္း မင္းဆက္ ငိုခ်င္သြားသည္။ မ်က္ႏွာတစ္ခုလုံး ဖူးေယာင္ေနသည္မွာ မသိလွ်င္ အုပ္စုဖြဲ႕ ရန္ျဖစ္လာသည့္အတိုင္းနီးနီးပင္။ ႏႈတ္ခမ္းနီမေလးမ်ားၾကား ေရပန္းစားခဲ့သည့္ ႏွာေခါင္းခြၽန္ေလးဟာ ခုေတာ့ ေယာင္ကိုင္းလို႔ ၊ ေယာက္်ားေလးတန္မဲ့ အဆီအၿမဲေဆာင္ကာ ေျခာက္ကြဲေနလွ်င္ လိမ္းလိမ္းတတ္သည့္ ႏႈတ္ခမ္းပါးေလးဟာလည္း နီရဲစုတ္ၿပဲ ။
အေမ ေမးရင္ ဘယ္လိုေျပာရမလဲကြာ!
ဘယ္လိုပဲ အသက္ျပည့္ၿပီးသား ေယာက္်ားတစ္ေယာက္ျဖစ္ပါေစ ၊ ကေလးငယ္တစ္ေယာက္လို အေသးစိတ္ကစ ဂ႐ုတစိုက္ ေမြးျမဴခဲ့သည့္ ေမႀကီးအား လူနာက ထိုးလိုက္တာဟု ေျပာရမည္ေတာ့ ဆရာဝန္တစ္ေယာက္အေနႏွင့္ သူရွက္ပါသည္ ။
"ဘယ္လိုလူနာလဲကြာ....ဆရာဝန္ကိုေတာင္ ေသြးထြက္သံယိုျဖစ္ေအာင္ လုပ္တယ္။ မိုက္မိုက္ရိုင္းရိုင္းအဆဲက ခံ လိုက္ရေသးတယ္။"
"က်က္သတုံးေကာင္!"
ေဆးထည့္ေတာ့လည္း လတ္လတ္ဆတ္ဆတ္ အထိုးခံထားရေသာဒဏ္ရာ က စပ္ေခ်၏။လက္သီးခ်က္ က လည္း ျပင္းလိုက္ပါဘိ!
မ်က္ႏွာေခ်ာေခ်ာေလးကို အနာတရျဖစ္ေအာင္ လုပ္၍ ခံျပင္းသည္ထက္ ေဆးအမွတ္ဝင္သည့္အခ်ိန္မွ စ၍ ယေန႕ထိ ဝင့္ႂကြားလာခဲ့ေသာ ပညာတတ္႐ုပ္ေခ်ာ Cool guy ေဒါက္တာသိုက္မင္းဆက္ မာနထိခိုက္သလို ခံစားလိုက္ရသည္။ ခုေတာ့ လူနာလက္ခ်က္ႏွင့္ ဖူးခက္မင္းဆက္ ျဖစ္ေနၿပီ မဟုတ္ပါလား။
ဘဝက ဘယ္ေလာက္ဆိုးသလဲဆို ေဆးေတာင္ ၾကာၾကာ မထည့္ရ။ အျမန္အၿပီးသတ္ကာ ေက်းဇူးရွင္ ေမ့ေနတုန္း သူ႕လက္ေမာင္းက ဒဏ္ရာကို ကုသ ရအုံးမည္။ ေမ့ေဆးျပယ္လို႔ နိုးလာလွ်င္ ဖူးခက္မင္းဆက္ထက္ ႐ုပ္ပ်က္ေအာင္ သူ႕ကို ႀကိတ္မွာ အေသအခ်ာမလို႔ လူနာခန္းထဲ မသြားခ်င္ေသာ္လည္း သုတ္ေျခတင္ရေတာ့၏ ။
••••••
"ဟယ္ ! ေဒါက္တာ့မ်က္ႏွာႀကီးက တအားေယာင္ေနတာပဲ"
"ရတယ္ ဆရာမ ကြၽန္ေတာ့္ကို ခဏေနအေရာင္က်ေဆးတစ္လုံးသာထိုးေပး...လူနာေရာ ဘယ္လိုလဲ?"
"ေမ့ေနတုန္းပဲ....ေနာက္ သုံးနာရီေလာက္ဆိုရင္ေတာ့ သတိျပန္ရမယ္ထင္တယ္"
လူနာကို လွမ္း၍ ၾကည့္လိုက္လွ်င္ ကုတင္ေပၚတြင္ သူမဟုတ္သည့္အတိုင္း ေအးေဆးေမ့ေျမာေနတာ ေတြ႕ရသည္။ လက္မွ ဒဏ္ရာကို ၾကည့္ရန္ လူနာကုတင္ေဘးမွ ခုံတြင္ သူ လွစ္ခနဲ ဝင္ထိုင္လိုက္၏။
တံေတာင္ဆစ္ထိ ေခါက္ထားေသာ ရွပ္လက္ရွည္ကို လက္ေမာင္းနားထိေရာက္ေအာင္ ကတ္ေၾကးျဖင့္ ညွပ္လိုက္ရသည္။ ေသြးတစိမ့္စိမ့္ထြက္ေနေသာ ဒဏ္ရာက ထင္ထားတာထက္ နက္ေနေလၿပီ။ တအားနာေနမွာကို လူနာ ဘယ္လိုမ်ားေတာင့္ခံခဲ့လဲ မင္းဆက္ မသိခ်င္ေတာ့ပါ။ ေသြးတိတ္ေအာင္လုပ္ ၊ ေဆးထည့္ၿပီး အပ္ျဖင့္ ေသခ်ာ ခ်ဳပ္ေပးေနလိုက္သည္။
ေသြးတိတ္သြားမွ လက္ေမာင္းက Tattoo ကို ထင္ထင္ရွားရွား ေတြ႕ျမင္ရေတာ့သည္။ ဒီလူက Tattoo ေတြေတာ့ တကယ္အမ်ားသား။ ခုနက ႐ုန္းရင္းဆန္ခတ္ျဖစ္ခ်ိန္ ေတြ႕ခဲ့ရသည္က လည္ကုတ္မွာ တစ္ခု။ ညာဖက္ လက္ဖ်ံမွာလဲ တစ္ခု။ ဘာပုံေတြမွန္းေတာ့ မင္းဆက္ ေသခ်ာမသိ။
လက္ေမာင္းႏွစ္ဖက္က Tattoo ကေတာ့ ခပ္ႀကီးႀကီးဌက္ေမႊးပုံမ်ားျဖစ္သည္။ ဌက္ေမႊးေဘးမွ ပ်ံ့ထြက္ေနေသာ အေမႊးအပိုင္းအစမ်ားကလည္း အႏုစိတ္လွသည္။ အသားျဖဴျဖဴေပၚမွာ လက္ဝင္စြာ ထိုးႏွံထားေသာ Tattoo သည္ ပနံ႕သင့္၏။ မင္းဆက္ စိတ္ဝင္စား၍ ညာဖက္လက္ဖ်ံက Tattoo ကို လွမ္းၾကည့္မိသည့္အခါ
က်ားကုတ္ရာလို လိုင္းအတြန႔္အတြန႔္ေလးခုေလာက္ျဖစ္သည္။ ခႏၶာကိုယ္က အရာရာတိုင္းဟာ အရွိန္အဝါႏွင့္ ၾကည့္လို႔သန႔္ေနသည္မွာ ကိုခန႔္ဦးရွိန္ ၏ အားသာခ်က္ေပ။
လည္ကုတ္ ကို လွန္ၾကည့္မိျပန္ေတာ့ ပင့္ကူအိမ္ အေသးစားက ခန႔္ခန႔္ထည္ထည္။
ရိုးရိုးဆိုင္က ထိုးထားသည္မဟုတ္ဘဲ သူမ်ားနိုင္ငံက နာမည္ႀကီး ေဈးႀကီးဆိုင္မ်ားတြင္ေသခ်ာ ထိုးထားေသာ တန္ဖိုးႀကီးTattooမ်ားမွန္း သိသာသည္။ Tattoo ဘယ္ေလာက္မ်ားမ်ား လူရမ္းကားပုံမ်ိဳးမေပၚသည့္ ဤလူသည္ ေမ့ေျမာေနေသာ္ျငားက ခန႔္ညားစြာ ရွိေန၏။ ပုံပ်က္ပန္းပ်က္မဟုတ္။
လက္ေမာင္းကို ခ်ဳပ္စဥ္မွာလည္း ေသြးေၾကာမ်ား ယွက္ျဖာေနသည့္ လက္ဖ်ံတစ္ခုလုံးကို မင္းဆက္ အေသအခ်ာ ျမင္လိုက္ရသည္။ လက္သည္းခြံၾကည္ၾကည္မ်ားျဖင့္ ခိုင္မာစြာ ေျပျပစ္ေနသည့္ လက္ေခ်ာင္းရွည္မ်ားကလည္း ၾကည့္လို႔ ေကာင္းစြာ သြယ္ေပ်ာင္းေပ်ာင္း။ သူ႕ကို ထိုးလို႔ နည္းနည္းပြန္းခ်င္သည့္ လက္ဆစ္မ်ားကိုေတာ့ မင္းဆက္ တာဝန္အရ ေဆးထည့္ေပးလိုက္ရသည္။
"ဆရာမ....သူနိုးလာလို႔ ေဆး႐ုံဆင္းခ်င္တယ္ဆို ဆင္းေပးလိုက္ေတာ့ ေနာ္"
"ဟုတ္"
•••••
"ဟာ သားႀကီး မင္းလူနာအထိုးခံရလို႔ဆို!"
Valentine day မွာ ေပ်ာ္ေပ်ာ္ပါးပါးေလွ်ာက္လည္ၿပီး ျပန္လာသည့္ ဟန္ေသြးထြဋ္ က အလန႔္တၾကား ေမးဆတ္လာေသာေၾကာင့္ မင္းဆက္မွာ မ်က္ႏွာကို ေရေႏြးပူႏွင့္ အပက္ခံလိုက္ရသလို ရွဲခနဲ ေႏြးသြား၏။ ရွက္စိတ္က ထူပူလာသည္ႏွင့္အမွ် ေသာက္ေနတဲ့ Coffee ပင္ ၿမိဳမက်ေတာ့။
"ေတာ္စမ္းပါကြာ ဘာမွဟုတ္တာမဟုတ္ဘူး ေအးေဆး!"
"ဘာေအးေဆးလဲကြ....မင္းမ်က္ႏွာႀကီးကို ဖူးေယာင္ေနတာပဲ"
သူ မ်က္ေထာင့္နီျဖင့္ စိုက္ၾကည့္ပစ္လိုက္ေတာ့ သေကာင့္သားက ရယ္က်ဲက်ဲလုပ္ေန၏။
"ေမာင္ရယ္....စ မေနပါနဲ႕ ဒီေကာင္ႀကီး ရွက္ေနပါအုံးမယ္ ဟဲဟဲ"
နံေဘးက ဝတ္မႈန္ဦးကပါ စပ္ၿဖီးၿဖီးႏွင့္ ဟန္ျပဝင္တားေလသည္။
မင္းဆက္သည္ သူတို႔ႏွစ္ေယာက္အား ေဆးေက်ာင္းတက္ကတည္းက ေပါင္းလာသည့္ သူငယ္ခ်င္းေတြမို႔ ဒီလိုေန႕မ်ိဳးမွာ အတြဲလိုက္ ေပ်ာ္ပါေစ ဟူ၍ အစားဝင္ေပးျခင္းကိုသာ ေနာင္တရမိ၏။
"ႏွစ္ေယာက္လုံးပဲ ဝိုင္းေလွာင္လိုက္ပါေတာ့ကြာ! ဒါနဲ႕ ကိုရဝိန္တို႔ေရာ ျပန္မလာေသးဘူးလား?"
"ဘယ္လာမလဲ ဒီခ်ိန္ဆို အကိုက သူ႕ဘဲနဲ႕ေတာင္ ႐ုပ္ရွင္သြားၾကည့္ေနေလာက္ၿပီ။"
ဟန္ေသြး၏ အူျမဴးျမဴးအေျပာအား ဪဟုသာ ႏႈတ္ခြန္းေဆာင္နိုင္ေတာ့သည္။
သူတို႔ဠာနမွာလည္း အတြဲေပါင္းက ေသာင္းေျခာက္ေထာင္။ ငယ္ငယ္တည္းက ေပါင္းလာသည့္ ဟန္ေသြးထြဋ္ ႏွင့္ ဝတ္မႈန္ဦးက အလုပ္ဝင္ရင္း တြဲျဖစ္ၾကသလို သူတို႔ Senior ကိုရဝိန္သန႔္မွာလည္း လြန္ခဲ့တဲ့ တစ္လကမွ သူနာျပဳေမာင္ သူရျမင့္ေဇာ္ ႏွင့္ ဖူးစာဆုံခဲ့ျပန္သည္။ တျခား professor မ်ားတြင္လည္း အိမ္ေထာင္မရွိသူက ရွား၏။ ဆရာဝန္ေပါက္စမ်ားထဲတြင္ေတာ့ သိုက္မင္းဆက္ တစ္ေယာက္တည္း အထန္ႀကီး(အထီးက်န္) ျဖစ္ေနသည္။
ပိုးပန္းလာသည့္ တျခားဌာနမွ ဆရာဝန္မေလးမ်ားကိုေတာ့ မင္းဆက္ အားနာရသည္။အေၾကာင္းမွာ သူဟာ အသည္းကြဲဖူး၍ ေရွာင္ခြင္းသည္မ်ိဳး မဟုတ္ဘဲ ရည္းစားထားဖို႔ ကိစၥကို စိတ္မဝင္စားျခင္းျဖစ္ေလသည္။ မစားေသာက္ရေသးေသာ အစားအစာတစ္ခုအား အထိုက္အေလ်ာက္ ျငင္းဆန္ေနသည့္ ငါးႏွစ္သားပမာ သက္သက္ အပူရွာသည္ဟုပင္ ထင္သည္။
ေန႕စဥ္ သူ႕ကားေပၚလာလာတင္ထားသည့္ လက္ေဆာင္ပစၥည္းမ်ားကို အကုန္ယူျဖစ္သည္။ ကိုယ့္ကို ခ်စ္ခင္လို႔ ဆက္သသည့္ ပိုးေၾကးပန္းေၾကးမ်ားကို ျပန္ေပးလိုစိတ္မရွိ။ အကယ္၍ ျပန္ေပးရမည္ဆိုလွ်င္လည္း ဌာနေပါင္းစုံကို ပတ္ေပးေနရအုံးမည္။
ဒီလိုေန႕မ်ိဳးက်ေတာ့လည္း သူငယ္ခ်င္းေတြကို သူအားက်မိသား။ ေပ်ာ္ေတာ့ ေပ်ာ္စရာေလးပါလား ဟူေသာ အျမင္က ႏွစ္ခ်ိဳ႕ Single တစ္ေယာက္၏ အေတြးေရေၾကာထဲသို႔ မခ်ိဳမခ်ဥ္ တိုးဝင္လာျပန္သည္။ သူ႕မွာသာ ရည္းစားရွိလွ်င္ ဒီလိုေန႕မ်ိဳးကို ႀကံဖန္ ခြင့္ယူကာ ခ်စ္သူႏွင့္ ႏွပ္ေနလို႔ ရသည္။ Professorမ်ားကို အကူအညီေတာင္း၍ ခြင့္သာ ရလွ်င္ ဒီေန႕လို ဟိုဘဲရဲ႕ အထိုးခံရမွာလည္း မဟုတ္။ ဒီေန႕မွ ထူးထူးဆန္းဆန္းရည္းစားတစ္ေယာက္ေလာက္ လိုခ်င္လာသည္မွာ ကိုခန႔္ဦးရွိန္၏ စနက္ပင္ ျဖစ္ေခ်ၿပီ။
••••••
တဆစ္ဆစ္ကိုက္ေနသည့္ေခါင္းေၾကာင့္ ခန႔္ဦးရွိန္ေဒါသ က ငယ္ထိပ္ေရာက္ေနေလၿပီ။
လက္ေမာင္း က ခ်ဴပ္ရိုးေလးကို ၾကည့္လိုက္မိေတာ့ သပ္သပ္ရပ္ရပ္ခ်ဴပ္လို႔ထား၏။
"မကုခ်င္ပါဘူးဆို မရရေအာင္ ကုလိုက္ေသးတယ္"
"လူနာ....သတိရလာၿပီလားရွင့္..."
ေဘးနားမွ အသင့္ေစာင့္ေနေသာ ဆရာမေလးက သူ႕အား ခပ္တိုးတိုး ေမးလာသည္..
"ေအးေလ မျမင္ဘူးလား"
ဆတ္ခနဲ တုန္သြားေသာ သူမသည္ ေၾကာက္႐ြံ႕သြားပုံရေသာ္လည္း တြန႔္ဆုတ္စြာႏွင့္ ေျပာစရာရွိသည္ကို ဆက္ေျပာေလ၏ ။
"ဟို...လူနာ ေဆး႐ုံက ဆင္းခ်င္ဆင္းလို႔ ရပါၿပီရွင့္"
"ဟိုေကာင္ေလးေရာ?"
"ရွင္...Dr.သိုက္မင္းဆက္လားရွင့္"
"သိုက္မင္းဆက္ တဲ့လား သူ႕နာမည္က....
ေဆး႐ုံေရာက္တာ ဘယ္ႏွႏွစ္ရွိၿပီလဲ?"
"ကြၽန္မလား....လူနာ!"
"သိုက္မင္းဆက္ ကို ေမးေနတာေလ မင္းကို ေမးလား?"
ရွက္ကိုးရွက္ကန္းျဖစ္သြားေသာ ဆရာမကို ခန႔္ဦးရွိန္ စိတ္ပ်က္လက္ပ်က္ ေစာင္းၾကည့္လိုက္သည္။ သူ႕ကို ေၾကာက္လည္းေၾကာက္ ၊ ငမ္းလည္းငမ္းခ်င္ေနသည့္ အမ်ိဳးသမီးပါေလ။
"Dr က ေဆး႐ုံေရာက္တာ ၅လ ရွိပါၿပီ!"
ခံျပင္းစိတ္ႏွင့္ ေဒါသက ေထာင္းခနဲ။
"အဲ့..အဲ့လို ဆရာဝန္ေလးက ငါ့ကို....ေတာက္"
အနိုင္ပိုင္းသြားသူဟာ ဘာမဟုတ္တဲ့ ေကာင္ငယ္ေလးအျဖစ္ သိၿပီးေနာက္တြင္ တိတ္ဆိတ္ေနသည့္ အခန္းအား ခန႔္ဦးရွိန္၏ ေတာက္ေခါက္သံက်ယ္က်ယ္က ညံညံစူးစူး ေနရာယူ၍သြားသည္။
_____
I need feedbacks and your voting krub.