MARRYING MY SECRETARY[Zhanyi...
By Shen05_
237K 24.5K 3.3K
Zhanyi Hope you enjoy 🥳 More
1~//CEOမင်္ဂလာပွဲမှာလုပ်ကြံခံရတယ်//
2~//သေရွာကပြန်လာတဲ့CEO//
3~//CEOမြေခွေးကြံကြံတော့မယ်//
4~//အူတူတူအတွင်းရေးမှူးလေး//
5~//CEOရဲ့ကြီးကျယ်မြင့်မြတ်တဲ့မဂ်လာပွဲ//
6~//အပြာရောင်အချစ်ညမင်းလှမ်းကြည့်လိုက်စမ်း//
7~//အတိတ်ကCEOကဆိုးတယ်//
8~//မနက်၄နာရီမှာသူနိုးထလာ//
9~//အတွင်းရေးမှူးကိုပညာပေးမယ်တဲ့//
10~//သူ့ကိုငိုတဲ့အထိစချင်တယ်//
11~//CEOရဲ့ဗျူဟာ//
12~//ကျန့်ကောကကျွန်တော့ကိုအနိုင်ကျင့်နေတာ//
14~//ကံအကောင်းစားလေးတွေ၀င်နေတဲ့CEO//
15~//အသုံးချခံလိုက်ရတဲ့အတွင်းရေးမှူးလေး//
16~//ပိုင်လီမျိုးရိုးစပ်စုခန်း//
17~//CEOတော့မချိမဆန့်ခံစားနေရပြီတဲ့//
18~//CEOကချစ်တယ်ဆိုဝာာကိုလက်မခံနိုင်ဘူးတဲ့//
19~//သေချာနေပြီချစ်မိနေတယ်ဆိုတာ//
20~//မကောင်းတတ်လို့လက်ထက်ထားတဲ့CEO//
21~//CEOပြန်ပေးဆွဲခံရ//
22~//ဂျပုမဂြိုလ်မွှေပြီ//
23~//မောင်မင်းကိုခေါင်းဖြတ်မယ်။သင်းကွပ်မယ်//
24~//ရွှေစိတ်တော်မညိုးစေလို//
~Special Chapter~
25~//သူပြန်လာပြီ//
26~//ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ//
27~//ဟောလိုး၀င်းပါတီ//
28~//ဇာတ်သိမ်းပြီ//
Book Refund
13~//လည်ပင်းကအမာရွတ်ကလေး//
7.5K 904 181
By Shen05_
{Unicode Version}
ရှောင်းကျန့် ဟိုဂျပုမနဲ့တွေ့ပြီး အိမ်ပြန်ရောက်တော့
ရီပေါ်ပြန်မရောက်သေးဘူးတဲ့။ ရင်ထဲကိုဒိန်းခနဲပဲ။
တစ်မျိုးတော့မထင်ပါနဲ့။ တစ်ခုခုဖြစ်ရင်မကောင်းဘူး
လေ နည်းနည်းပါးပါးစိုးရိမ်တာ‌ကတော့ ထုံးစံပဲမလား။
ရီပေါ်ကို လက်ထက်ခဲ့တာက ပြသနာတွေထဲ ဆွဲသွင်းသ
လိုဖြစ်နေမလားမသိခဲ့ပေမယ့် အခုတော့တကယ်စိတ်ရင်း
နဲ့ပြသနာတွေထဲ မပါစေချင်ပါ။
ကိုယ့်ဘာကိုယ်ခေါင်းမီးတောက်နေရတဲ့ကြားထဲအဖွား
ကရီပေါ်ကိုတစ်ယောက်တည်းလွှတ်လိုက်ရမလားဆို
ပြီး ပွစိပွစိနဲ့ သူ့ကိုဖုန်းဆက်ကြည့်တော့လည်း ဖုန်းမ
ကိုင်။ ဒီဟာလေးကတော့ သူ့ကိုစိတ်ပူအောင်လုပ်ပြီ။
ရှောင်းကျန့် ဘယ်ကနေဘယ်လိုစရှာရမှန်းလဲမသိပေ။
ထို့ကြောင့်ဖုန်းတွေချည်းဆက်တိုက်ခေါ်နေမိတော့သည်။
နောက်တော့မှသတိရသည်။ မနေ့ကတုန်းက ရီပေါ်သူ့ကို
WeChatမှာ အလုပ်ကိစ္စတစ်ခုကြောင့် Location
Shareပေးထားသည်။ ကံကောင်းလို့ ၂၄နာရီမပြည့်သေး
ပေ။ ထိုလင့်ခ်ထဲ မြန်မြန်၀င်ပြီး ရီပေါ်ရှိမယ့် တည်နေရာ
ကို ကြည့်ကာ ကမမ်းကတမ်းလိုက်သွားရပြန်သည်။
တခြားနေရာတော့မဟုတ် Starbuckမှာ ။ ဒီကောင်
လေးက အိမ်တန်းမပြန်ပဲ ဒီလိုဝေလေလေလုပ်တတ်
တဲ့သူမျိုးမဟုတ်ပါဘူး။ ရှောင်းကျန့်အတွေးတွေယောက်
ယက်ခက်နေရင်းကားမောင်းသွားလိုက်တော့ ဆိုင်ရှေ့
ရောက်တော့ ကားမြန်မြန်ရပ်ပြီး ဆိုင်ထဲ ၀င်သွားတော့
မီယွဲ့နဲ့စကားပြောနေတဲ့ ရီပေါ်ကိုတွေ့သည်။
ကြည့်ရတာ မီယွဲ့က အတင်းအကြပ်ဆွဲခေါ်လာပြီးစကား
ပြောနေပုံပါပဲ။ ရီပေါ်က လည်း အနည်းငယ်ထိတ်လန့်
နေတဲ့ပုံပဲ။
"ရီပေါ်.........."
"ကျန့်ကော ...."
ရီပေါ်က အားကိုးရသွားသလို မတ်တပ်ထရပ်လိုက်ကာ
ရှောင်းကျန့်ဘေးနား၀င်ရပ်လိုက်သည်။
"ရီပေါ်ကို မင်းဆွဲခေါ်လာတာမလား"
"ကျွန်မက စကားကောင်းကောင်းပြောချင်ရုံပါ ကို ..
သူ့ကိုထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး"
"ရှိလို့လည်းမရဘူး။ မင်းသူ့ကိုထိရဲရင် ထိကြည့်လိုက်
ပြီးမှ ငါ့တုံ့ပြန်မှုက ရက်စက်တယ်မပြောနဲ့နော်။ နောက်
ဒီလို လုပ်တာဆင်ခြင်ပါ။ ရီပေါ်နဲ့ဝေးဝေးနေ"
"ကျွန်မ‌ကို့ကို နားမလည်တော့ဘူး!! ဘာလို့ ကျွန်မကို
ဒီလောက်ခါးခါးသီးသီးဖြစ်နေရတာလဲ အနည်းဆုံး
အကြောင်းပြချက်လေးတော့ ပြောပြဦးမှပေါ့ "
"အကြောင်းပြချက်လိုသေးလို့လား။ မင်းကိုယ်တိုင်
ကအသိဆုံးနေမှာပေါ့။ ရှေ့လျှောက် ငါနဲ့ဝေးဝေးနေ
ပေး လာမပတ်သတ်ပါနဲ့တော့ ဟုတ်ပြီလား"
ရှောင်းကျန့်က ပြောပြီးတာနဲ့ ရီပေါ်ကိုလက်ဆွဲကာ
ဆိုင်ပြင်သို့ထွက်လာခဲ့လိုက်သည်။
မီယွဲ့အတွက်ကတော့သေချာသွားသည်။ ရှောင်းကျန့်
အကုန်လုံးကိုသိသွားပြီဆိုတာ။ မဟုတ်ရင် သူ့ကိုခါးသီး
နေစရာအကြောင်းမရှိဘူးမဟုတ်လား။ ရှေ့လျှောက်မှာ
သူနဲ့ရွှမ်စစ် သတိကြီးကြီးထားရတော့မှာဖြစ်သည်။
***********
ရီပေါ်က ကားပေါ်ရောက်တဲ့အထိ မလှုပ်မယှက်
သူ့အပြစ်မဟုတ်ပေမယ့်လည်း ၀မ်ရီပေါ်ကို စိတ်တို
မိသည်။ မိန်းကလေးတစ်ယောက် အတင်းဆွဲခေါ်တာ
တောင် မငြင်းနိုင်ပဲ ပါသွားရတယ်လို့။ ပြီးတော့ဖုန်း
ဆက်တော့လည်းမကိုင်ဘူး။
"ကဲ ၀မ်ရီပေါ် ။ သူမင်းကို ဘာတွေပြောလဲ အစအဆုံး
ပြောပြ နည်းနည်းလေးမှ ထိန်ချန်မထားနဲ့နော် မဟုတ်
ရင် ကိုယ့်အကြောင်းသိတယ်မလား"
ရှောင်းကျန့်ကပြောပြီးတာနဲ့ သတိပေးသလိုနဲ့ ရီပေါ်
နှုတ်ခမ်းကိုဖြတ်ခနဲ လှမ်းနမ်းလိုက်သည်။
ဘုရားစူး ဒီကောင်လေးကိုငါတကယ်မချစ်ပါဘူးကွာ။
ဒါပေမယ့် အချိန်တိုင်း နမ်းပဲနမ်းချင်နေတယ်။ သူက
စလို့ကောင်းလို့ တမင်စချင်နေတာလားမသိဘူး။
"ကျန့်ကော ကျွန်တော့ကိုအနိုင်ကျင့်ပြန်ပြီ"
အရှက်ပြေပြောတဲ့စကားလေးပဲနေမှာ။
၀မ်ရီပေါ်က ထိုစကားကိုပြောပြီးတိုင်း အမြဲ ခေါင်း
ကို အောက်ငိုက်စိုက်ချလို့ မျက်လွှာကိုချလိုက်စမြဲပေ။
ကားထဲမှာမို့ လှောင်နေသည်။ ရှောင်းကျန့်က အဲကွန်း
ကို ဖွင့်လိုက်သည်။ ခုနက ကားမောင်းလာတော့ အဲကွန်း
ဖွင့်ဖို့တောင်မေ့နေတာ။
ခုနကကားမောင်းနေတုန်း ချွေးတွေတအားထွက်ပြီး
ပူနေတာ ၀မ်ရိပေါ်ကိုစိုးရိမ်နေတာ အဲ့လောက်တောင်
အခြေအနေဆိုးရလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ထိတ်လန့်နေ
တာ။ လက်စသတ်တော့ အဲကွန်းမဖွင့်ထားမိလို့ကိုး။
"ကဲ ကြာတယ် ပြောပြတော့ ပြီးမှ ပြန်မယ်"
"ကျန့်ကော သွားတော့ ကျွန်တော် တက္ကစီငှားနေ
တုန်းရှိသေး မီယွဲ့ ကျဲက ကျွန်တော့ကို အတင်းဆွဲ
ခေါ်ပြီး စကားပြောကြရအောင်တဲ့။ ဘေးမှာလည်း
လူတွေ ဝိုင်းကြည့်နေကြတော့ မကောင်းတာနဲ့ကျွန်
တော်လိုက်သွားလိုက်တာ"
၀မ်ရိပေါ်က တကယ်အူတူတူလေးဆိုပေမယ့် ရှောင်း
ကျန့်စကားတော့နားထောင်သည်။ ရှောင်းကျန့်ကိုပြန်
ပြောပြနေတာ မလိမ်ဘူးဆိုတာ ရှောင်းကျန့်သိသည်။
"ပြီးတော့ ကော်ဖီဆိုင်ထဲ ရောက်တာနဲ့ ကျွန်တော့ကို
ဘဏ်ကတ်ပေးတယ် ။ ဒီကတ်ထဲမှာ ယွမ်သိန်းငါးရာ
ရှိတယ်တဲ့ ဒီကတ်ယူပြီး ကျန့်ကောကို ကွာရှင်းပြီး
ကျန့်ကောဘေးနားကထွက်သွားပေးပါတဲ့။ ကျွန်တော်
က ကျန့်ကောကို သူ့ဆီကနေ လုယူထားတာတဲ့။
ကျွန်တော့ကို အရှက်မရှိတဲ့ ပိုင်းလုံးကောင်တဲ့"
ဟားးးး ၀မ်ရိပေါ်က တကယ့်ကလေးလေးလိုပဲ။
အလုပ်လုပ်နေတဲ့အချိန်မှာတော့ အများတကာလေးစား
ပြီး ပရော်ဖက်ရှင်နယ် ဒီလောက်ကျတာ ။အခုကျပြန်
တိုင်နေလိုက်တာများ။ ပြောပြတာနဲ့မတူတော့ဘူး
ပြန်တိုင်နေတာနဲ့တူနေပြီ။
"အင်းဆက်ပြောပါဦး "
"အဲ့တာနဲ့ ကျွန်တော်က အဲ့လိုလူမဟုတ်ပါဘူးလို့ပြော
လိုက်တော့ သူကကျန့်ကောဘေးကနေထွက်သွားပေး
ဖို့ပဲ ဖိအားပေးပြီးပြောနေတော့တာ ကျွန်တော်လည်း
ဘာပြန်ပြောရမှန်းမသိဖြစ်နေတုန်း ကျန့်ကောရောက်
လာတာ "
၀မ်ရိပေါ်ပြောပြတာတွေနားထောင်ရင်း စိတ်ကတခြား
ကိုရောက်နေသေးတာက ရှောင်းကျန့်က ၀မ်ရိပေါ်လည်
ပင်းက အမာရွတ်ကလေး။ ပြောရမယ်ဆို ဒီအမာရွတ်
လည်း သူ့ကြောင့်ရခဲ့တာပဲ သူမှတ်မိသလောက်ဆိုရင်
Flash Back..............
အဲ့တုန်းက ဆိုးဆိုးရွားရွားတွေဖြစ်သွားတော့ရှောင်း
ကျန့်က ရီပေါ်ကို သိပ်ပြီးအနိုင်မကျင့်တော့ပေ။
အဲ့တာနဲ့ ရှောင်းကျန့်က သူ့ရည်းစားနဲ့ပတ်သတ်တာ
တွေခိုင်းတော့တာပဲ။
အဲ့နေ့က ရှောင်းကျန့် ရှောင်ချီဆိုတဲ့ကောင်မလေးနဲ့
တွဲတာ သုံးရက်မြောက်နေ့ရှိသေးတာ ။ အဲ့ကောင်မ
လေးက ပြောရမယ်ဆို ကလေးဆန်တယ် ချွဲလည်းချွဲ
တယ်။ ယောက်ျားသဘာ၀ရှောင်းကျန့်က အဲ့လိုချွဲတာ
လေးတွေကိုသဘောကျတာလည်းပါတာပေါ့။
‌ရှောင်းကျန့်ကုမ္ပဏီက ‌ပရောဂျက်အောင်မြင်တဲ့အနေ
နဲ့ ပရောဂျက်မှာပါတဲ့၀န်ထမ်းတိုင်းကို ပလက်တီနမ်
ဆွဲကြိုးလေးတစ်ကုံးစီလက်ဆောင်ပေးတာ။ ဆွဲကြိုးမ
ယူချင်လည်း ငွေသားယူလို့ရတယ်။ ဒါပေမယ့် ၀န်ထမ်း
တွေအကုန်လုံးက ငွေသားနဲ့ပဲယူကြပီး ၀မ်ရိပေါ်တစ်
ယောက်ထဲဆွဲကြိုးလေးယူတာ။
ဆွဲကြိုးက မျောက်ပုံလေး။အစက ၀န်ထမ်းကောင်မလေး
တစ်ယောက် ဆွဲကြိုးပဲယူမယ်တဲ့ နောက်မှ သူ့မှာသုံး
စရာလေးရှိလို့ ငွေသားပဲပြောင်းယူမယ်ဆိုတော့ ဆွဲကြိုး
တစ်ကုံးက အလကားပိုနေတာနဲ့ အဲ့စော်လေးကိုပေး
လိုက်တာ။
အဲ့ဒီမှာ အဲ့ဒီစော်လေးက ရှောင်းကျန့်ရုံးခန်းကိုလာတဲ့နေ့။
ရှောင်းကျန့်က မရှိဘူး။ အမြဲတမ်းနောက်ကျတဲ့ရှောင်းကျန့်
ကထုံးစံအတိုင်းမရောက်သေးတာဖြစ်တယ်။ အဲ့တော့
အဲ့ဒီစော်လေးက ရီပေါ်နဲ့တွေ့တယ်။ ရီပေါ်မှာလည်းသူနဲ့
ဆင်တူ မျောက်ပုံဆွဲကြိုးလေး ရှိနေတော့ ရှောင်းကျန့်
ပေးထားတာလားဆိုပြီး သောင်းကျန်းပါလေရော။
ရှောင်ချီက အလိုလိုက်ခံရတဲ့ သူဌေးသမီးတို့ရဲ့စရိုက်
တစ်ခုခုဆိုရင် တစ်ယောက်တည်းပဲပိုင်ဆိုင်လိုတယ်။
တခြားသူနဲ့တူနေတာမျိုးတွေသဘောမကျဘူး။ ရီပေါ်
ကလည်း ရှောင်းကျန့် ကောင်မလေးဆိုပြီး သည်းခံတယ်။
ကောင်းကောင်းရှင်းပြပေးတယ်။ ဒါက အလုပ်သမား
တိုင်းကိုပေးတာလို့။ ဒါပေမယ့် တခြား၀န်ထမ်းတွေအကုန်
ငွေသားပဲယူပြီး သူတို့ဆီမှာ ဆွဲကြိုးမရှိတာမို့ ရှောင်ချီက
ဘယ်လိုပြောပြောမယုံဘူး။
ရီပေါ်လည်ပင်းက ဆွဲကြိုးကိုချွတ်ဆိုပြီးပြောတယ်။ပြီး
ရင်လွှင့်ပစ်လိုက်တဲ့။
ရီပေါ်က ကုမ္ပဏီကပေးတယ်ဆိုသော်ညားလည်း ရှောင်း
ကျန့်ကပဲ ပေးတာမို့ တယုတယဆွဲထားတာဖြစ်သည်။
ချွတ်လည်းမချွတ်ချင်ပါ။ စ၀တ်ကတည်းက သူပေးတာ
ဆိုပြီး တန်ဖိုးထားတာ။ သူကမချွတ်ပေးတော့ ရှောင်ချီ
ကအတင်း ဆွဲဖြုတ်တာကြောင့် ရီပေါ် လည်ပင်းရှသွားကာ
သွေးတွေထွက်လာသည်။ ဆွဲကြိုးလေးကလည်းပြတ်ထွက်
သွားသည်။
ထိုအချိန်မှပဲရှောင်းကျန့်ကတော့၀င်လာတော့သည်။
အဲ့တုန်းကရှောင်ချီနဲ့လည်းလမ်းမခွဲချင်သေးတာကြောင့်
ရှောင်ချီကိုသေချာရှင်းပြရတယ် ။ ၀န်ထမ်းတိုင်းပေးတာ
ဖြစ်ကြောင်း ။မတော်တဆ ဒီဇိုင်းဆင်တူသွားတာပါဆို
ပြီး ချော့လိုက်ရသေးတယ် ။ အဲ့တုန်းက ရီပေါ်လည်ပင်း
မှာ သွေးတွေထွက်နေတာကိုတောင် လျစ်လျှူရှုပြီးရှောင်
ချီ စိတ်ဆိုးပြေဖို့ပဲ စိတ်ထဲရှိခဲ့တာ။
Flash Back End.........
လည်ပင်းက အမာရွတ်လေးကို ကြည့်ပြီး စိတ်မကောင်း
ဖြစ်မိလာသည်။ ရီပေါ်က သူ့ကိုအဲ့တုန်းကတည်းက စိတ်
၀င်စားနေခဲ့တာမဟုတ်လား။ သူတော်တော် စိတ်ရောကိုယ်
ပါ ညှင်းပန်းခဲ့တာပဲ ဒီကောင်လေးကို။ဒါတောင်
တခြားကိစ္စတွေအများကြီးရှိသေးတယ်။ အဲ့တုန်းက ရီပေါ်က
သူ့ကိုရော ရှောင်ချီကိုရော တစ်ချက်ကလေးတောင်အပြစ်
မပြောဘူး။ ပြတ်သွားတဲ့ ဆွဲကြိုးလေးကိုသာ ကောက်ပြီး
ရုံးခန်းထဲက အလိုက်တသိထွက်သွားပေးတယ်။
သူကတော့ ဒဏ်ရာကိုဆေးထည့်နော်လို့ ပြောဖို့တောင် သတိမရခဲ့ဘူး။
ရီပေါ် ပြောပြောနေကျ "ကျန့်ကော ကကျွန်တော့ကိုအနိုင်
ကျင့်နေတာ" ဆိုတာက အခုမှမဟုတ်ဖူး ဟိုးအရင်ကတည်း
ကပဲ ရီပေါ်ကသာ သူ့အပေါ်အပြစ်မမြင်ခဲ့တာ။
TBC......
Bonus ပိစိကလေး....
ရီပေါ် ဆွဲကြိုးအပြတ်ကလေးကိုယူပြီး အပြင်ထွက်ခဲ့
လိုက်သည်။ အထဲမှာ စိတ်ဆိုးနေတဲ့ ရှောင်ချီကိုတီ
တီတာတာ ချော့နေတဲ့ သူဌေးကို သူရင်မဆိုင်နိုင်တော့ဘူး
၀င်လာကတည်းက ရှောင်ချီဘာဖြစ်သွားလဲပဲမေးတယ်။
လည်ပင်းမှာ သွေးတွေထွက်နေတဲ့ သူ့ကိုကျော်သွားတယ်။
ဒါကလည်း အဆန်းတော့မဟုတ်ပါ။ သူဌေးက သူ့ကိုအမြင်
မှမကြည်တာ။ သေသေရှင်ရှင် ဂရုစိုက်မှာ မဟုတ်ပါဘူး။
အပြင်ထွက်လာတော့ ရှိုယွဲ့ကောကမှ စိုးရိမ်တကြီး
လာမေးဖော်ရသေးသည်။ တခြား၀န်ထမ်းတွေက
လည်း သူ့ကိုအဲ့လောက်ကြီး အရေးမလုပ်ကြပါ။
သူဌေးကိုယ်တိုင်က သဘောမကျတော့ သူ့၀န်ထမ်း
တွေသဘောမကျတာ လည်းမဆန်းတော့ဘူးလေ။
အများသုံးသန့်စင်ခန်းထဲ၀င်ပြီး သွေးထွက်နေတဲ့နေရာ
ကိုရေဆေးလိုက်ပြီး။ ရှို့ယွဲ့ကောပေးတဲ့ အရက်ပြန်ကို
ဂွမ်းနဲ့တို့လိုက်သည်။ နာကျင်မှုမခံစားရတာလား ထုံနေ
တာလားမသိတော့ပါ။ ရင်ဘက်ထဲကနာကျင်မှုကိုမမှီလို့
နေမယ်။ ဆေးထည့်ပြီးတော့ ပလာစတာလေးကပ်ပြီး
သွေးပေနေတဲ့ ဆွဲကြိုးလေးကိုဆေးလိုက်သည်။
မျောက်ရုပ်ကလေးကတော့သွေးမပေ။
ဆွဲကြိုးနဲ့မျောက်ရုပ်ကလေးကတစ်စစီဖြစ်သွားတာမို့
ဆိုင်မှာသွားပြင်ရင် ရလောက်မှာပါဆိုပြီး ။ ဘောင်းဘီ
အိတ်ထဲ ထည့်ကာ သိမ်းထားလိုက်တော့သည်။
***************
ဘဲမရလည်း Update ပေးရတာပါပဲ။
Yokoကအားကြီးချစ်ဖို့ကောင်းတယ်မလား။
အရှည်ကြီးရေးပေးထားတာနော်။
{Zawgyi Version}
နေတဲ့ပုံပဲ။
"ရီပေါ်.........."
"ကျန့်ကော ...."
***********