MARRYING MY SECRETARY[Zhanyi...
By Shen05_
241K 24.6K 3.3K
Zhanyi Hope you enjoy 🥳 More
1~//CEOမင်္ဂလာပွဲမှာလုပ်ကြံခံရတယ်//
2~//သေရွာကပြန်လာတဲ့CEO//
3~//CEOမြေခွေးကြံကြံတော့မယ်//
4~//အူတူတူအတွင်းရေးမှူးလေး//
5~//CEOရဲ့ကြီးကျယ်မြင့်မြတ်တဲ့မဂ်လာပွဲ//
6~//အပြာရောင်အချစ်ညမင်းလှမ်းကြည့်လိုက်စမ်း//
7~//အတိတ်ကCEOကဆိုးတယ်//
8~//မနက်၄နာရီမှာသူနိုးထလာ//
9~//အတွင်းရေးမှူးကိုပညာပေးမယ်တဲ့//
10~//သူ့ကိုငိုတဲ့အထိစချင်တယ်//
11~//CEOရဲ့ဗျူဟာ//
13~//လည်ပင်းကအမာရွတ်ကလေး//
14~//ကံအကောင်းစားလေးတွေ၀င်နေတဲ့CEO//
15~//အသုံးချခံလိုက်ရတဲ့အတွင်းရေးမှူးလေး//
16~//ပိုင်လီမျိုးရိုးစပ်စုခန်း//
17~//CEOတော့မချိမဆန့်ခံစားနေရပြီတဲ့//
18~//CEOကချစ်တယ်ဆိုဝာာကိုလက်မခံနိုင်ဘူးတဲ့//
19~//သေချာနေပြီချစ်မိနေတယ်ဆိုတာ//
20~//မကောင်းတတ်လို့လက်ထက်ထားတဲ့CEO//
21~//CEOပြန်ပေးဆွဲခံရ//
22~//ဂျပုမဂြိုလ်မွှေပြီ//
23~//မောင်မင်းကိုခေါင်းဖြတ်မယ်။သင်းကွပ်မယ်//
24~//ရွှေစိတ်တော်မညိုးစေလို//
~Special Chapter~
25~//သူပြန်လာပြီ//
26~//ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ//
27~//ဟောလိုး၀င်းပါတီ//
28~//ဇာတ်သိမ်းပြီ//
Book Refund
12~//ကျန့်ကောကကျွန်တော့ကိုအနိုင်ကျင့်နေတာ//
7.9K 919 202
By Shen05_
{Unicode Version}
စားစရာသောက်စရာတွေမှာပြီးလို့ ရှောင်းကျန့်ရော
ရီပေါ်ရော ခေါင်းမဖော်ပဲစားနေကြတယ်။ ရှောင်း
ကျန့် ရီပေါ်ကို မထင်ထားခဲ့ဘူး။ ဒီကောင်လေးအများ
ကြီးစားနိုင်သားပဲ။ မှာတာတွေက သူ့ထက်များတယ်။
လူလေးက ကြည့်တော့ဘာမှမဟုတ်သလိုနဲ့ စားတာ
ကျ တစ်ဖြဲနှစ်ဖြဲပဲ။ စားနေသောက်နေချိန်တော့ရီပေါ်
ကဘေးပတ်၀န်းကျင်ကိုမေ့နေပုံရပါတယ်။
ဒါကြောင့်ပဲ ရှောင်းကျန့်က ညဏ်နီညဏ်နက်တွေထပ်
ထွက်လာတော့တယ်။
"ရီပေါ် ကိုယ်သန့်စင်ခန်းခဏသွားဦးမယ် စားနှင့်နော်"
‌ရီပေါ်ကစားနေရာကနေ ခေါင်းလေးတစ်ချက်မော့ကြည့်
ကာ ခေါင်ငြိမ့်ပြတော့ သူလည်းဖုန်းလေးယူကာထွက်ခဲ့
လိုက်တော့သည်။
ရှောင်းကျန့်ကအိမ်သာသွားမည်ဟုဆိုကာ အိမ်သာထဲ
မဝင်ပဲ အိမ်သာအပေါက်၀ကနေ ရီပေါ်ကို ဓာတ်ပုံလှမ်း
ရိုက်နေတယ်။ ရှင်းရှင်းပြောရရင် snapဖမ်းနေတာပါ
အစားအသောက်ထဲ ပျော်၀င်နေလို့ သူ့ကိုဓာတ်ပုံခိုးရိုက်
နေတာလည်းမသိရှာပါဘူး။
"ဘယ်လိုနှာဘူးလဲ ကလေးတောင် အလွတ်မပေးဘူး
ဓာတ်ပုံခိုးရိုက်နေတယ် ‌ရုပ်လေးနဲ့မလိုက်လိုက်တာ"
ဘေးနားကဖြတ်သွားတဲ့ကောင်မလေးနှစ်ယောက်က
သူ့ကိုကြည့်ပြီးပြောသွားတဲ့စကားကြောင့် ရှောင်းကျန့်
နင်သွားတယ်။ ၀မ်ရိပေါ် suitကြီး၀တ်ထားတာတောင်
ဘယ်နားက ကလေးနဲ့တူနေလို့လဲ။ ပြီးတော့ ကိုယ်ပိုင်
တဲ့ယောက်ျားကိုယ့်ဘာကိုယ်ဓာတ်ပုံရိုက်တာပဲ သူတို့အ
ပူဘယ်နှစ်ပြား ပါတာ ကျနေတာပဲ။
ရှောင်းကျန့်က ဆက်ပြီးရိုက်တယ်။ ရိုက်လို့၀တော့မှ
သူတို့ စားပွဲကိုပြန်လာပြီးဆက်စားနေလိုက်တယ်။
ရီပေါ်ကတော့ စားလို့သောက်လို့ပြီး‌သွားလို့ ‌ထိုင်တောင်
ထိုင်နေပြီ။
ရှောင်းကျန့်လည်း မြန်မြန်သွက်သွက်ကလေးစားလိုက်
တယ်။
ရှောင်းကျန့်နောက်တော့ ငွေရှင်းလိုက်ရတာ
ယွမ် ၄၀၀၀ကျော်တယ်။ ရီပေါ်ကသူစားတာများတာ
မို့လို့ သူရှင်းပါ့မယ်လို့ပြောတယ်။ ရှောင်းကျန့်က
တကယ်မကြိုက်ပါ ။ဘာကိုလဲဆိုတော့ သူ့ရဲ့အရမ်း
အားနာတတ်တာကိုပဲ။ သူတို့နှစ်ယောက်က အရင်းနှီး
ဆုံးလူတွေမဟုတ်လား။ ဘာမဟုတ်တာလေးလောက်
နဲ့အားနာနေတာက သူ့ကိုအခုထိ သူစိမ်းလို့သတ်မှတ်
နေတုန်းပဲနေမှာ။
ရှောင်းကျန့်ကလည်းပိုပြီး အာဏာကြီးတာကြောင့်
သူ့စကားဆို ရီပေါ်ကမလွန်ဆန်ရဲ။ နောက်ဆုံးရှောင်း
ကျန့်ပဲ ငွေရှင်းသည်။
ရှောင်းကျန့်တို့ ၀ယ်ထားတာတွေပါ သယ်လာပြီး
ကားပါကင်ထိုးထားတဲ့နေရာရောက်တော့ အထုတ်
တွေ ကားအနောက်ထဲအရင်ထည့်လိုက်သည်။
နောက်ပြီးကားထဲဝင်တော့မယ့်ရီပေါ်ကို လက်ပြန်
ဆွဲကာ ကားမှာကပ်ပစ်လိုက်သည်။ ရီပေါ်ကတော့
ရုတ်တရက်မို့ အင့်ခနဲဖြစ်သွားသည်။
ရီပေါ်ကို ကားမှာကပ်ပြီးတာနဲ့ရှောင်းကျန့်က သူ့ဖုန်း
ကိုအိပ်ကပ်ထဲကထုတ်ကာ galleryကိုဖွင့်ပြီး ရီပေါ်
ကိုသူ့ရိုက်ထားတဲ့ပုံတွေပြလိုက်သည်။
"လှလားပုံလေးတွေ ... ကိုယ့်ကိုနမ်း... မဟုတ်ရင် ဒီပုံတွေ
ဂရုချက်ထဲ ပို့ပေးလိုက်မယ်။ ကောင်းလား"
ရီပေါ်က သူ့ရဲ့snapပုံတွေမြင်ပြီးရှက်သွားပြီးပူထူလာ
တာကြောင့် ငိုချပလိုက်သည်။ ကျန့်ကောသူ့ကိုအနိုင်
ကျင့်နေတာမဟုတ်ဖူးလား။
"ဟာ ရီပေါ်မငိုနဲ့လေ နမ်းလိုက်ရင် ပြီးသွားမယ့်ကိစ္စကို"
နမ်းတာကို ထမင်းစား‌ရေသောက်ပြောနိုင်တဲ့ရှောင်း
ကျန့်က ကောင်မလေးတွေအများကြီးတွဲဖူးသည်။ရီ
ပေါ်အတွက်ကျမတူ။ နဂိုကတည်းက အရှက်အကြောက်
ကြီးတဲ့ အူတူတူလေး။ သူ့ပုံတွေကြောင့် ရှက်တဲ့အပြင်
နမ်းရမယ်ဆိုတော့ ၀မ်းနည်းပြီး ငိုချပလိုက်တော့တာပဲ။
‌ရှောင်းကျန့်ကလည်း အ‌လျှော့‌မပေးပါ။
"မငိုပါနဲ့ကွာ ယောက်ျားပဲဟာ ဒီမှာ ဘယ်သူမှလည်း
မရှိဘူး နမ်းလိုက်ရင် ပုံပြန်ဖျက်ပေးမှာပဲကို"
"ကျန့်ကောက ကျွန်တော့ကိုအနိုင်ကျင့်နေတာ"
ငိုရင်းအာလေးလျှာလေးနဲ့ပြောနေတဲ့ကောင်လေးက
ချစ်ဖို့တော့ကောင်းသား။
ရီပေါ်ကငိုပဲငိုနေတာကြောင့် ရှောင်းကျန့်လည်းအ
ခြေအနေမဟန်တော့။ အမှန်က စချင်ရုံလေးပဲ
အခုလိုငိုမယ်လည်းမထင်ထားဘူး။ ရှောင်းကျန့်က
အရမ်းနမ်းခံချင်နေလို့တော့ မဟုတ်ပါဘူး ဒီကောင်
လေးကိုစချင်လို့လေ။ အခုတော့ သူကမနမ်းမယ့်အ
တူတူ ငိုနေတာလည်းချော့ပြီးသားဖြစ်အောင်
သူ့ဘက်က စနမ်းလိုက်တော့ ခုနက မျက်လုံးလေး
တွေက ပြူးလာသည်။
ရှောင်းကျန့်က အကြာကြီးဖိထားပစ်သည်။
(Pic Credit)
*မျက်ရည်က ငံကျိကျိလေး*
ငိုလို့ပါးပေါ်ကနေစီးကျလာတဲ့ မျက်ရည်တွေက
နှုတ်ခမ်းပေါ်ကျတာကြောင့် ရှောင်းကျန့်ကမျက်ရည်
ရဲ့ ငံကျိကျိ အရသာကိုပါ ခံစားလိုက်သည်။
ရီပေါ်က သတိ၀င်လာတော့ တွန်းထုတ်ပစ်သည်။
ငိုထားတာကြောင့် မျက်ရည်တွေက ပါးပေါ်ပေပွလို့။
ရှောင်းကျန့်တစ်ခုခုပြောမည်ပြင်လိုက်တုန်းရှိသေး
ဖုန်း၀င်လာတာကြောင့်ကိုင်လိုက်ရသည်။ သာသနာ
ဖျက်ဖုန်းပါ။
"Mr.ရှောင်း ခင်ဗျားစုံစမ်းခိုင်းထားတာအတွက် သတင်း
ရလို့ အဲ့တာ ကျွန်တော်နဲ့ စကားပြောလို့ရနိုင်မလား"
"ကောင်းပါပြီ ဘယ်ကိုလာခဲ့ရမလဲ"
တစ်ဖက်လူက လူရှင်းတဲ့တစ်နေရာကိုချိန်းလိုက်သည်။
"ရီပေါ် ပြန်နှင့်ပါလား ကိုယ်အရေးကြီးတဲ့ကိစ္စလေး
ရှိလို့"
"ဟို...ဟို ကျွန်တော်ပါ လိုက်လို့မရဘူးလား"
ခုနက ငိုထားတာ သူမဟုတ်သည့်အတိုင်းပင်။
အခုကျတော့လည်း ရှောင်းကျန့်ကို အရာရာအစွမ်းကုန်
ကူညီပေးချင်နေသည့် ရင့်ကျက်တဲ့လူကြီးလေးကျနေ
တာပဲ
"ရပါတယ် ပြန်နားလိုက်တော့ ကိုယ်ပဲသွားလိုက်တော့
မယ် တက္ကစီငှားသွားလိုက်နော် ဖြစ်တယ်မလား"
"ဟုတ်"
ရှောင်းကျန့်က ကားပေါ်တက်ကာ တစ်ချိုးထဲမောင်းတော့
သည်။
ကျန်ခဲ့တဲ့ရီပေါ်ကတော့ ခုနကငိုချင်ရက်လက်တို့ ထပ်
ငိုချင်လာပြန်သည်။
သူ့ကိုကားပါကင်မှာထားခဲ့တယ်။ ပြီးတော့ ရီပေါ်က
ရှောင်းကျန့်နဲ့ပတ်သတ်သမျှအကုန်သိချင်သည်။
သူ့ကိုဖုံးကွယ်ထားတာမျိုးမဟုတ်ပဲ သူကအကုန်သိ
ပြီး တတ်နိုင်သမျှကူညီပေးချင်သည်။ ခက်တာက ရှောင်း
ကျန့်အတွက် သူကအရေးပါတဲ့သူတစ်ယောက်မှမဟုတ်
တာ။ ဒီအတိုင်း အမည်ခံအိမ်ထောင်ဖက်ပဲနေမှာပါ။
ရီပေါ်လည်း လူပြတ်နေတဲ့ကားပါကင်ထဲအကြာကြီး
နေလို့မကောင်းတာကြောင့် မြန်မြန်ထွက်ကာ တက္ကစီ
ငှားပြီး အိမ်ပြန်လိုက်တော့သည်။ အိမ်မှာ အဖွားစောင့်
နေရောပေါ့။
*************
"ဒါက ဒီအမျိုးသမီး အဲ့နေ့က ဒီမူးယစ်ဆေးဝါးရောင်း
တဲ့ကောင်နဲ့ ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့ကြတဲ့ စီစီတီဗီမှတ်
တမ်းပဲ။ ကျွန်တော်တို့က ဒီမူးယစ်ဆေးရောင်းတဲ့ကောင်
ကို အရင်လကပဲဖမ်းမိထားတာ။ ကံကောင်းတယ်ပြောရ
မယ်။ သူ့ကိုစစ်ကြည့်လိုက်တော့ ပိုတက်ဆီယမ်ကို ဒီအ
မျိုးသမီးဆီရောင်းထားကြောင်း၀န်ခံလာတယ်။ ကျွန်တော်
တို့ဘက်က ခင်ဗျားနှလုံးရပ်တာမဟုတ်ပဲ။ အသက်ရှုလမ်း
ကြောင်းပိတ်တာပါလို့ ဆေးမှတ်တမ်းရတာနဲ့ အဖြေကပေါ်
ပါပြီ။ အဲ့အတွက် ကျွန်တော်တို့ ထပ်ပြီးကြိုးစားကြည့်ပါဦး
မယ်။ ဖြစ်နိုင်တာက ဆေးမှတ်တမ်းကို သူတို့ဖျောက်ထား
တာဖြစ်နိုင်တယ်။ "
ရှောင်းကျန့် သူကိုယ်တိုင်တိတ်တဆိတ်ငှားထားတဲ့စုံ‌
ထောက်နဲ့ စကားပြောပြီးနောက် ရလာတဲ့ရလဒ်ကို
တော့ကျေနပ်မိတယ်။ တစ်လတောင်မပြည့်‌သေးဘူး
သက်သေတော်တော်လေးရလိုက်တယ်။ ပြီးတော့ရီပေါ်
ကိုမခေါ်လာတာကလည်း ဒီအတိုင်းမသိစေချင်ရုံပါ။
သူ့ကို မတရားလက်ထက်ထားတာနဲ့တင် တော်တော်လွန်
နေပြီ မဟုတ်လား။ ဒီ အန္တရာယ်တွင်းထဲထပ်ပြီးမဆွဲချ
ချင်တော့ပေ။
"ကျန့်ကျူးးးးး(ရပ်လိုက်စမ်း)"
တရုတ်စကားမပီမသအသံနဲ့ ဂျပန်အသံဝဲဝဲနဲ့
သိလိုက်ပါပြီ သိလိုက်ပါပြီ။
"နင်ငါ့မောင်ကိုငိုအောင်လုပ်ပြန်ပြီမဟုတ်လား"
ဒီတစ်ခါ သူတစ်ယောက်တည်းမဟုတ်ပါ။ သူ့ဘေးနား
မှာ ခပ်ချောချောကောင်လေးတစ်ယောက်ပါသေးသည်။
သူပြောတဲ့သူ့ရည်းစားဆိုတာလား။ ဒီဂျပုမဘယ်ဆိုးလို့လဲ
ရွေးတတ်သားပဲ။ဒီတစ်ယောက်လည်းသေမင်းပဲလား။
"ဘယ်မှာလုပ်လို့လဲ"
"ကလိမ်ကကျစ် ပြောင်လိမ်ပြောင်စား ပလောင်းပလဲ"
"ခင်ဗျားကြောင့် ကျွန်တော့်ယောက်ဖလေး ထပ်ငိုရင်
ခင်ဗျားကိုအရှင်မထားဘူး ဒီတစ်ခါနောက်ဆုံးအကြိမ်
ဖြစ်ပါစေ လက်ထဲမှာဘာလဲမြင်လား"
ဘေ့စ်ဘောတုတ်ကြီး။
အော် ၀မ်ရိပေါ်ရယ် ငါမင်းကိုထိရမှာတောင်ကြောက်
နေပြီကွာ။
"နေပါဦး ငါကငိုအောင်လုပ်တယ်ဆိုတာက စတာလေ
ချစ်လို့စတာ သူများအိမ်ထောင်ရေးကြားစွက်ဖက်တာ
တော့မကောင်းဘူးထင်တယ်နော် ယုကီစံ"
"ဝေါချောင်းးး!!(ငါယိုး)"
"အာ ဘာကြီး"
ဘာကိုဝေါချောင်းရမှာလဲ
တရုတ်လူမျိုးရှောင်းကျန့်ပင် သူ့စကားကိုမနည်းနား‌
ထောင်ရသည် နားမလည်တော့ပါ။ ဘေးက သူ့ဘဲ
ကတော့ ဘာသာပြန်ပေးရှာသားပဲ
"ခင်ဗျားကိုဆဲတာ ငါယိုးတဲ့ ဒါနောက်ဆုံးဖြစ်ပါစေ
နော် လာ ပေါင်ပေ့(ကလေးလေး)သွားမယ်"
သေမင်းနဲ့မတူ ။လမ်းသရဲတွေနဲ့တူလှသည်။
ရှောင်းကျန့် အရင်ကကြောက်ရမယ့်သူကတစ်ယောက်
အခုနှစ်ယောက်ဖြစ်သွားပြီ။ ဆိုးလိုက်တဲ့ဘ၀ကြီးပါပဲ။
ယီးဘ၀ကြီး။
TBC.........
Bonus ပိစိကလေး
ရှောင်းကျန့် ရိပေါ်ကို snapတွေရိုက်ပြီးပုံတွေ
ပြန်ကြည့်မိတော့ မထင်မှတ်ပဲ ပုံလေးတစ်ပုံက
တော့တအားချစ်ဖို့ကောင်းနေသည်။
မိမိကိုယ်တိုင်တောင်မသိပဲ ထိုပုံလေးကို selectမှတ်ကာ
Folderတစ်ခုတည်ဆောက်ပြီး Folder Nameကို
"💚"ဟု နာမည်ပေးကာဒီFolderရဲ့ ပထမဦးဆုံးပုံကလေးအ
ဖြစ် သိမ်းလိုက်မိသည်။
******************
ရင်ခုန်သွားပီမလား ရှောင်းကျန့်ရေ။
နောက်တစ်ပိုင်းဘဲရရင် အပ်ဒိတ်မယ်။
ဟာရက်စက်တော့မှာလား ဘာညာမပြောပဲ။
ဟာ ဘဲရတော့မှာပေါ့နော်လို့ ပြောင်းမေးပါ။
{Zawgyi Version}
ထွက်လာတော့တယ်။
လိုက်တော့သည်။
နေတာလည်းမသိရှာပါဘူး။
ထိုင်နေပြီ။
တယ်။
ဆုံးလူတွေမဟုတ်လား။ ဘာမဟုတ်တာလေးလောက်
နဲ့အားနာနေတာက သူ့ကိုအခုထိ တစိမ်းလို့သတ်မှတ်
နေတုန်းပဲနေမှာ။
ကျန့်ပဲ ငွေရှင်းသည်။
ခြေအနေမဟန်တော့။ အမှန်က စချင်ရုံလေးပဲ
တွေက ပြူးလာသည်။
(Pic Credit).
*မျက်ရည်က ငံကျိကျိလေး*
ဖျက်ဖုန်းပါ။
ရှိလို့"
တာပဲ
"ဟုတ်"
သည်။
ငိုချင်လာပြန်သည်။
နေရောပေါ့။
*************
တာဖြစ်နိုင်တယ်။ "
ချင်တော့ပေ။
"ဘယ်မှာလုပ်လို့လဲ"
ဘေ့စ်ဘောတုတ်ကြီး။
နေပြီကွာ။
"ဝေါချောင်းးး!!(ငါယိုး)"
"အာ ဘာကြီး"
သေမင်းနဲ့မတူ ။လမ်းသရဲတွေနဲ့တူသည်။
ယီးဘ၀ကြီး။
TBC.........
Bonus ပိစိကလေး
ဖြစ် သိမ်းလိုက်မိသည်။.
******************
Continue Reading
You'll Also Like
174K 11.2K 35
ဘဝတစ်ခုလုံးကြမ်းတမ်းခဲ့တဲ့သူ.... အမုန်းခံဖို့မွေးဖွားလာခဲ့တဲ့သူ.... အချစ်တစ်ခုသာလိုချင်ခဲ့ပါတဲ့ ကျွန်တော်ရဲ့"ချစ်လှစွာသောVillain" Start Date~15.7.202...
228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
105K 8.6K 24