{Unicode Version}
သူ့နာမည်က ပိုင်လီရှိုးယွဲ့တဲ့ အသက်ငယ်ငယ်လေးနဲ့
မန်နေဂျာဖြစ်တာမို့ အရည်အချင်းကတော့မေးနေစရာ
မလိုလောက်တော့ပါဘူး။
သူထွက်သွားသည့်တိုင်အောင် ခိုင်က ဘာမှမမေးလာတော့
သူတို့အလုပ်အကြောင်းပဲဆက်ပြောဖြစ်ကြတယ်။
ခိုင်က နိုင်ငံခြားကသူ့အဖေရုံးတွေမှာ အလုပ်မလုပ်ချင်တာ
မို့ ရှောင်းကျန့်ကုမ္ပဏီမှာအလုပ်၀င်ဖို့လုပ်တယ်။ရှောင်းကျန့်
ကလည်း ခိုင်လိုမျိုး အရည်အချင်းရှိတဲ့ designerတစ်
ယောက်ကိုလက်လွှတ်ခံရအောင်ထိမရူးပါ။ ပြီးတော့ သူ့သူ
ငယ်ချင်းလည်းဖြစ်တယ်ဆိုတော့။
သူတို့စကားပြောနေတုန်း အပြင်ကရုန်းရင်းဆန်ခတ်ဖြစ်နေ
တဲ့အသံတွေကြားတာကြောင့် ရှောင်းကျန့်ထွက်ကြည့်တော့
မီယွဲ့သောင်းကျန်းနေသည်။ သူ့ကိုရုံးခန်းထဲ၀င်ခွင့်မပေးလို့
မီယွဲ့နဲ့တွေ့ရင် အလိုလိုမျက်နှာလေးငယ်သွားတတ်တာက
၀မ်ရိပေါ်။ သူကိုယ်တိုင်က ဘာအကြောင်းမှမပြောပဲ မီယွဲ့ကို
ဖြတ်ပြီး ၀မ်ရိပေါ်နဲ့လက်ထက်လိုက်တော့ ၀မ်ရိပေါ်က သူ့
ကိုယ်သူ အပြစ်ရှိတယ်လို့ခံစားနေရမယ်ဆိုတာ သိပါတယ်။
"မင်းရောက်လာပြန်ပြီလား"
"ကျွန်မတို့စကားပြောရအောင် ကို"
ရှောင်းကျန့်က စိတ်ပျက်သလို အကြည့်လွှဲကာ
"ပြောစရာစကားမရှိဘူး မင်းပြန်တော့ ငါအလုပ်များနေ
တယ်"
"မင်း!"
ခိုင်က ထိုင်နေရာမှ ထလာကာ မီယွဲ့ကိုတွေ့တော့ အံ့ဩသွား
ဟန် နှုတ်ဆက်လိုက်သည်။
မီယွဲ့က ခိုင်ရဲ့ ရည်းစားဟောင်းတွေထဲကတစ်ယောက်ဖြစ်သည်။
ခိုင်ကတော့ထမင်းစားရေသောက်နှုတ်ဆက်လိုက်သည်။
ရှောင်းကျန့်နဲ့မီယွဲ့ ဘယ်လိုဘယ်ပုံပတ်သတ်ခဲ့တယ်ဆိုတာ
ရိပ်မိပေမယ့် အခုချိန် ခိုင်နဲ့လည်း သူနဲ့ကမဆိုင်တော့တာ
မို့ အားနာနေစရာတော့မရှိဘူးထင်တာပါပဲ။
"အသိလား ခိုင်"
"ဟက် ရည်းစားဟောင်းပါ"
ခိုင်က လက်ကိုပိုက်ကာ ကြည့်ရင်းပြောလိုက်သည်။
ရှောင်းကျန့်က တကယ်ပင်စိတ်ကုန်နေတဲ့ပုံစံနဲ့ပြော
လိုက်သည်။
"မင်းနဲ့ငါနဲ့က ပြီးပြီပဲ ငါ့ကိုဘယ်ချိန်ထိလိုက်နှောင့်ယှက်နေ
မှာလဲ"
"ဘာကြောင့်လဲတော့တစ်ခုခုပြောသင့်တာပေါ့။ စိတ်ဆိုးနေ
တာရှိရင်လည်း ကိုပြောပြလေ ဒါမှရှင်းပြလို့ရမှာပေါ့"
"မင်းကိုယ်မင်းပိုသိမှာပါငါ့ထက် မင်းကစိတ်ဆိုးနေလား
မေးရဲသေးတယ် ငါကမင်းကိုစိတ်ကုန်တာ"
စိတ်ကုန်တယ် ရှောင်းကျန့် ကိုယ့်ကိုယ်ကိုယ်လည်းစိတ်
ကုန်မိပါတယ်။ မြွေပွေးလိုမိန်းမကို သူကစိတ်မပြတ်နိုင်
သေးဘူးထင်တယ်။ ဒါပေမယ့် ရှောင်းကျန့်က ဖြစ်သင့်
တာကိုပဲဦးစားပေးတယ်။ နောက်တစ်ခါ သူ့ဘ၀ထဲ၀င်မှာ
မဟုတ်သလို သူ့ကိုလည်းကိုယ့်ဘ၀ထဲပေးမ၀င်တော့ဘူး
မီယွဲ့ဘက်ကအဖြေပြန်မလာတော့ပဲ အကြာကြီးရှောင်းကျန့်
ကိုစိုက်ကြည့်နေသည်။ ရှောင်းကျန့်လည်း စိတ်မရှည်တော့
တာကြောင့်
"ပြောစရာပြီးပြီ ထွက်သွားလို့ရပြီ မဟုတ်ရင် ငါလုံခြုံရေးခေါ်
လိုက်မယ်"
မီယွဲ့ကရှောင်းကျန့်ကို အကြည့်စူးစူးနဲ့ကြည့်တယ်
ရှောင်းကျန့်ကမီယွဲ့အကြောင်းကိုသိတဲ့သူပီပီ ဘယ်လို
အကြည့်မျိုးလဲဆိုတာ သေချာသိတယ်။ သူကမစားရတဲ့
အမဲသဲနဲ့ပက်မယ့်လူစားမျိုးပဲ
ရှောင်းကျန့်လည်းမီယွဲ့ထွက်သွားမှ ခိုင်နဲ့အလုပ်ကိစ္စတွေ
ဆက်ပြောဖြစ်တယ်။ နောက်ပြီး ခုနက ခိုင်က ရှိုယွဲ့ ၀င်
လာတာကိုမသိချင်ယောင်ဆောင်ထားပေမယ့် တစ်ခုခုမေး
ချင်နေတယ်ဆိုတာကိုတော့ရှောင်းကျန့်ကရိပ်မိပါတယ်။
"မင်းငါ့ကို ရှိုယွဲ့နဲ့ပတ်သတ်ပြီးတစ်ခုခုမေးချင်နေတယ်မလား"
"ဟာ ပေါက်ကရ ဘယ်ကသာ ငါမသိချင်ပါဘူး အဟင်း"
"မညာပါနဲ့ကွာ မင်းသိချင်ရင်ငါ့ကိုမေးလို့ရပါတယ် ။ငါမင်း
အကြောင်းသိပါတယ်ကွ"
"သူ ငါမရှိတဲ့နောက်ပိုင်း ရည်းစားထားသေးလား"
ရှောင်းကျန့် အကျယ်ကြီးသာ အော်ရီချင်မိတော့တာပဲ။
ဒီကောင်က သူကျ နိုင်ငံခြားမှာ စော်တွေတစ်ပွေပြီးတစ်
ပွေတွဲပြီး။ ရှိုယွဲ့ရည်းစားထားမှာကျ စိုးရိမ်နေသတဲ့လား။
တော်တော်သိတတ်တဲ့ကောင်။
"ရှိုယွဲ့က မင်းမရှိတဲ့နောက်ပိုင်း အလုပ်သရဲလို့တောင်
ပြောလို့ရတယ် အလုပ်ပဲသူစိတ်၀င်စားတာ ရုံးကလူတွေတောင်
နာမည်ပြောင်ပေးထားတယ် workholicတဲ့"
ခိုင်က ခုမှ စိတ်အေးသွားသလို သက်ပြင်းချတယ်။
ရီပေါ်ကတော့ သူ့စားပွဲမှာ သူထိုင်ပြီး အလုပ်လုပ်နေလေ
ရဲ့
ခိုင်ပြန်သွားတော့မှ ရှောင်းကျန့်က ရီပေါ်အနားသွားကာ
မျက်မှန်ကိုချွတ်ပေးလိုက်တယ်။
"နားပါဦး နေ့လည်စာစားချိန်တောင်ရောက်တော့မယ်"
ရီပေါ်ကမျက်မှန်ကိုပြန်ဆွဲယူတယ်။
"ဘာဖြစ်လို့လဲ ခဏလောက်ချွတ်ထားပါလား"
မျက်မှန်ချွတ်ထားရင် မျက်နှာပူတယ်။ ရှက်တယ်။
အနည်းဆုံးတော့ မျက်မှန်ကြီးကြီးက သူ့မျက်နှာ
ကိုနည်းနည်းအကာအကွယ်ပေးသေးတယ်မဟုတ်
လား။
**********
အတိတ်ကာလ.......
ရီပေါ်က အချိန်ပိုဆင်းရတာ သူ့အတွက်ကိစ္စမရှိပေမယ့်
ရုံးမှာ သူတစ်ယောက်တည်း ကျန်ခဲ့မှာဆိုတဲ့အသိကသူ့
ကိုထိတ်လန့်စေတယ်။ ရီပေါ်က သရဲ အရမ်းကြောက်ပါ
တယ်။ သရဲဆိုတဲ့ စာလုံးလေးနှစ်လုံးမြင်လိုက်တာနဲ့တင်
ကြောက်ပါတယ်။
သို့ပေမယ့်လည်း သူဌေးဖြစ်သူက ပေးတဲ့အမိန့်ကိုဘယ်လို
လွန်ဆန်ရမှာလဲ။
ညနေ ၆နာရီ ရောက်တော့မှောင်စပြုလာပြီ တော်တော်များ
များက ရုံးဆင်းသွားကြပြီမို့ ရုံးမှာ လုံခြုံရေးဦးလေးတွေပဲ
ရှိတော့လောက်သည်။ ဘယ်လိုပဲသရဲမရှိပါစေဆိုဦး ရီပေါ်
ကြောက်တာက ကြောက်တာပဲ ။ တစ်စိမ့်စိမ့်တွေးပြီးကို
ကြောက်တာ
ရုံးကသူ့အိမ်လို ကျဉ်းကျဉ်းလေးလည်းမဟုတ်ဖူး
အကျယ်ကြီး။ ပြီးတော့ စိတ်ခြောက်ခြားဖို့လည်း
ကောင်းတယ်။
ရီပေါ် ကြောက်နေလည်း ဘာမှမထူးမှာမို့ အလုပ်ထဲကို
သာ စိတ်နှစ်လိုက်သည်။
ရှောင်းကျန့်ကတော့ အကြံဆိုးနဲ့ ရီပေါ်အလုပ်ပြီးရင်တောင်
ပြန်လို့မရအောင် ရုံးခန်းကိုလော့ချခဲ့သည်။တစ်ညလုံးနေလိုက်
စမ်းရုံးခန်းမှာပဲ။
ရှောင်းကျန့်ကတော့ ကုတင်ပေါ်မှာ လပ်တော့လေးတစ်လုံးနဲ့
မဟုတ်တာတွေကြည့်ပြီး ဇိမ်ကျနေတော့သည်။ ကော်ဖီလေး
လည်းသောက်ရင်း မျက်စိပါအစာကျွေးနေလိုက်သည်။
ပြီးရင် WeChatမှာ သူ့ကိုအထာလာပေးတဲ့ကောင်မလေး
တွေနဲ့အီစီကလီ ရိုက်မည်။ ရှောင်းကျန့်မှာ အကောင့်နှစ်ခုရှိတယ်
တစ်ခုက အီစီကလီအတွက်နဲ့တစ်ခုက အလုပ်အတွက်
ရှောင်းကျန့်ကောင်မလေးတစ်ယောက်ကိုစာပို့ပြီး ဒိတ်ဖို့
ချိန်းနေတုန်း သူ့ဆီကို ဖုန်း၀င်လာသည်။ တခြားသူတော့
မဟုတ် ။ သူ့သူငယ်ချင်းရဲ့ ကောင်လေး တစ်ဖြစ်လဲ သူတို့
ရုံးကမန်နေဂျာ ရှိုယွဲ့။
ဒီချိန်ကြီးမှဘာကိစ္စရှိလို့ပါလိမ့် ၉နာရီကျော်နေပြီကို
အီနေတာ အရှိန်ပျက်လိုက်တာ
"အေးပြော "
"သူဌေး အခုရုံးကိုလာမှရမယ် ။ သူဌေးရုံးခန်းမှာ ဝိုင်ယာ
လျှော့ဖြစ်ပြီး မီးလောင်နေလို့"
"ဘာ!!!!"
ရှောင်းကျန့်ခေါင်းကိုတစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေတက်
ဆောင့်သွားသလိုပဲ
"အထဲမှာ ရိပေါ်ရှိတယ် ရှိုယွဲ့ လုပ်ပါဦး ငါ ငါ သူ့ကိုပညာ
ပေးချင်လို့ရုံးခန်းထဲပိတ်ထားခဲ့တာ ဘယ်သူမှမသိလောက်
ဖူး ငါအခုလာခဲ့မယ်"
ရှောင်းကျန့် ဖုန်းကိုမြန်မြန်ချလိုက်ပြီး မီးလောင်နေတဲ့
အကြောင်းပဲအဖွားကိုပြောကာ ကားသော့ယူကာ ကားကို
ဒုန်းစိုင်းမောင်းသွားလိုက်တော့သည်။
သူကပညာပေးချင်ရုံမို့ လူတစ်ယောက်အသက်ကိုတော့မထိ
ခိုက်စေချင်ပါ။ ဒီလောက်ထိဖြစ်လာဖို့လည်း မရည်ရွယ်ထား
ပါဘူး။
ကားမောင်းနေတဲ့တစ်လျှောက်လုံးလည်း စိတ်ထဲယောက်
ယက်ခက်နေတော့တယ်။
တစ်ဖက်မှာ မီးသတ်သမားတွေကတော့ အထဲမှာ လူရှိတယ်
ဆိုတဲ့ သတင်းကြောင့် ၉လွှာထိ အပြင်ကတက်ကာ ကြိုးစား
ကယ်ထုတ်နေသည်။
..........
ရီပေါ် အလုပ်လုပ်နေတုန်း ညှော်နံ့ရတာကြောင့် အနံ့လိုက်ခံ
ကြည့်ပြီး ရှာကြည့်မိသေးသည်။ သို့သော်ရှာလို့မတွေ့ပေ။
တဖြေးဖြေးနဲ့လျှော့ဖြစ်တဲ့နေရာက မီးထတောက်လာတော့
မှသူတွေ့တာကြောင့် ရုံးခန်းအပြင်ကိုထွက်ကာ မီးသတ်ဆေး
ဘူးထွက်ယူမည်အလုပ်မှာပဲ တံခါးကလော့ချထားသည်။
တဖြေးဖြေးနဲ့မီးကြီးလာတဲ့အချိန် ရီပေါ်ဘာလုပ်ရမလဲမသိ။
ရုံးခန်းကဖုန်းက လျှော့ဖြစ်ထားတာကြောင့်သုံးလို့မရတော့။
ပြာယာခက်နေတဲ့ရီပေါ်က သူ့ဖုန်းကိုဘယ်နားထားမိမှန်းမသိ
လို့ ကမမ်းကတမ်းလိုက်ရှာနေတုန်းမှာပဲ။
ကျယ်လောင်တဲ့အသံတွေနဲ့အတူ မီးလောင်စေတဲ့အရာတွေ
ကို မီးကူးသွားတော့ ပေါက်ကွဲသံတွေထွက်လာတယ်။
ကံကောင်းစွာနဲ့ ရီပေါ်မထိခိုက်မိပေမယ့် ထွက်လာတဲ့မီးခိုး
တွေက များလွန်းတာကြောင့် အသက်ရှုမ၀တော့။ ဖုန်းကို
ရှာတွေ့တဲ့အချိန်မှာ သူဌေးကိုဆက်လိုက်ပေမယ့် သူ့ဖုန်း
ကိုဘလော့ထားသည်။ အဲ့တာနဲ့ မန်နေဂျာ ကိုပဲဆက်ကာ
အကူအညီတောင်းသည်။ သို့သော် သူသတိမကပ်ချင်တော့
သူတို့လာမယ့်အချိန်ထိစောင့်ဖို့ကို
ရီပေါ် တဖြေးဖြေးနဲ့သတိလစ်သွားခဲ့သည်။
သူသတိမေ့သွားတဲ့အချိန်မှ မီးသတ်သမားတွေရောက်
လာကာ သူ့ကိုကယ်ဆယ်သွားတော့သည်။
ဆေးရုံကားပါ အဆင်သင့်ခေါ်ထားတာမို့ ရီပေါ်ကိုဆေးရုံ
ကားနဲ့ခေါ်သွားတဲ့အခါ ရှောင်းကျန့်လည်းသူ့ကားနဲ့ဆေး
ရုံကိုလိုက်ရတော့သည်။ ရှိုယွဲ့ကိုတော့ ရုံးမှာပဲပြသနာရှင်း
ဖို့ထားခဲ့လိုက်သည်။
သူမကောင်းတာပါ။ သူ့အမှား ။ သူသာလော့မချခဲ့ရင်
အခုလိုဖြစ်လာမှာမဟုတ်ဖူး။
TBC.......
9ပိုင်းတောင်ရောက်လာပြီ။
အိုင် ဇာတ်လမ်းရှည်ဦးမယ် ရတယ်မို့လား🤓😹
Reviewလေးတွေလည်းမျှော်နေမယ်နော်
ဟဲဟဲ။ updateလည်းသုံးရက်ကြာမှအပ်ဒိတ်
တော့စောင့်နေကြရောပေါ့။ မနက်ဖြန်တင်လို့ရရင်
ထပ်တင်ပေးမယ်နော်။
Yoko:ရှောင်းကျန့်မြေခွေးကြီးလုပ်ထားဦးနင် ငါ့ကလေးကို
{Zawgyi Version}
မလိုလောက်တော့ပါဘူး။
တယ်"
"မင်း!"
ဟန် နှုတ်ဆက်လိုက်သည်။
"အသိလား ခိုင်"
"ဟက် ရည်းစားဟောင်းပါ"
လိုက်သည်။
မှာလဲ"
တာကြောင့်
လိုက်မယ်"
အကြောင်းသိပါတယ်ကွ"
ရဲ့
လား။
**********
အတိတ်ကာလ.......
ကြောက်ပါတယ်။
လွန်ဆန်ရမှာလဲ။
ကြောက်တာ
ကောင်းတယ်။
သာ စိတ်နှစ်လိုက်သည်။
စမ်းရုံးခန်းမှာပဲ။
"အေးပြော "
"ဘာ!!!!"
ဆောင့်သွားသလိုပဲ
ဖူး ငါအခုလာခဲ့မယ်"
ပါဘူး။
ယက်ခက်နေတော့တယ်။
ကယ်ထုတ်နေသည်။
..........
ဖို့ထားခဲ့လိုက်သည်။
သူမကောင်းတာပါ။ သူ့အမှား ။ သူသာလော့မချခဲ့ရင်
TBC.......
ထပ်တင်ပေးမယ်နော်။