MARRYING MY SECRETARY[Zhanyi...
By Shen05_
237K 24.5K 3.3K
Zhanyi Hope you enjoy 🥳 More
1~//CEOမင်္ဂလာပွဲမှာလုပ်ကြံခံရတယ်//
2~//သေရွာကပြန်လာတဲ့CEO//
4~//အူတူတူအတွင်းရေးမှူးလေး//
5~//CEOရဲ့ကြီးကျယ်မြင့်မြတ်တဲ့မဂ်လာပွဲ//
6~//အပြာရောင်အချစ်ညမင်းလှမ်းကြည့်လိုက်စမ်း//
7~//အတိတ်ကCEOကဆိုးတယ်//
8~//မနက်၄နာရီမှာသူနိုးထလာ//
9~//အတွင်းရေးမှူးကိုပညာပေးမယ်တဲ့//
10~//သူ့ကိုငိုတဲ့အထိစချင်တယ်//
11~//CEOရဲ့ဗျူဟာ//
12~//ကျန့်ကောကကျွန်တော့ကိုအနိုင်ကျင့်နေတာ//
13~//လည်ပင်းကအမာရွတ်ကလေး//
14~//ကံအကောင်းစားလေးတွေ၀င်နေတဲ့CEO//
15~//အသုံးချခံလိုက်ရတဲ့အတွင်းရေးမှူးလေး//
16~//ပိုင်လီမျိုးရိုးစပ်စုခန်း//
17~//CEOတော့မချိမဆန့်ခံစားနေရပြီတဲ့//
18~//CEOကချစ်တယ်ဆိုဝာာကိုလက်မခံနိုင်ဘူးတဲ့//
19~//သေချာနေပြီချစ်မိနေတယ်ဆိုတာ//
20~//မကောင်းတတ်လို့လက်ထက်ထားတဲ့CEO//
21~//CEOပြန်ပေးဆွဲခံရ//
22~//ဂျပုမဂြိုလ်မွှေပြီ//
23~//မောင်မင်းကိုခေါင်းဖြတ်မယ်။သင်းကွပ်မယ်//
24~//ရွှေစိတ်တော်မညိုးစေလို//
~Special Chapter~
25~//သူပြန်လာပြီ//
26~//ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ//
27~//ဟောလိုး၀င်းပါတီ//
28~//ဇာတ်သိမ်းပြီ//
Book Refund
3~//CEOမြေခွေးကြံကြံတော့မယ်//
9.3K 1K 121
By Shen05_
{Unicode Version}
ဒီနေ့တစ်ရက်တာကို နေ့သစ်တစ်ရက်လို့သဘောထားကာ
‌ပုံမှန်ပဲစတင်ဖြစ်တယ်။ ရှောင်းကျန့်က သေရွာပြန်ပဲမ
ဟုတ်လား။ ထုံးစံအတိုင်း ၀မ်ရိပေါ်ကတော့ အိမ်ရှေ့မှာ
ကားတံခါးဖွင့်ပေးရင်းသူ့ကိုစောင့်နေသည်။ နောက်ကျတယ်
ဆိုတာ ၀မ်ရိပေါ်ဆီမှာမရှိပါ။ ရှောင်းကျန့်ကသာ အမြဲ‌နောက်
ကျတတ်တဲ့သူမျိုးဖြစ်သည်။ သားသမီးမကောင်း မိဘခေါင်း
ဆိုသလိုပဲ ရှောင်းကျန့်နောက်ကျသမျှ ဆိုးကျိုးတွေက အတွင်း
ရေးမှူးဖြစ်တဲ့ ၀မ်ရိပေါ်ခေါင်းပေါ်ပုံကျတယ်။
ဒါကြောင့်ပဲရှောင်းကျန့်ကအရင်ကဆို တမင်တကာနောက်
ကျအောင်လုပ်သည်။ ဒါမှ သူသည်းမခံနိုင်ပဲထွက်သွားမှာ
ထွက်သွားမှ သူလည်းအတွင်းရေးမှူးလှလှလေးခန့်လို့ရမှာဟု
တွေးခဲ့သော်လည်း။ အခုကတော့မတူတော့ပေ။
၀မ်ရိပေါ်သူ့အပေါ်သည်းခံခဲ့တာတွေက တကယ်လက်ဖျားခါ
ရလောက်သည်။ တခြားသူဆို စိတ်ကုန်လို့ထွက်သွားလောက်
ရောပေါ့။
သူနဲ့မှလက်မထက်ရင်ရှောင်းကျန့်သေရလိမ့်မယ်။ တစ်မျိုး
မထင်ပါနဲ့ သေမင်းဂျပုမနဲ့ စာချုပ်ကြောင့်ပါ ။ လက်မထက်
ရင် အသက်ပြန်နှုတ်မယ်ဆိုတဲ့စကားက ခုထိနားထဲကမထွက်
ထုတ်သာမပြောတာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။
ရှောင်းကျန့်မသေချင်သေးပါ။ သူ့နောက်ကျောဓားနဲ့ထိုးခဲ့တဲ့
လူတွေကို ပြန်ပြီး လက်တုံ့ပြန်ရဦးမယ်မဟုတ်လား..
ဒီတော့‌ရှောင်းကျန့်တစ်ခုခုစီစဉ်ရတော့မည်။ ဒီအတိုင်းကြီး
၀မ်ရိပေါ်ကို ငါနဲ့လက်ထက်ပါသွားပြောရင်လက်ခံပါ့မလား
မသေချာပေ။ ၀မ်ရိပေါ်သူ့ကိုချစ်နေတာသိပေမယ့်လည်း
အဲ့ကောင်လေးက ခပ်အအရယ် ။
ဒီတော့ရှောင်းကျန့်မှာ မကြံချင်လည်းကြံရတော့မည်ပေါ့။
ပထမဦးဆုံးအလုပ်ဆင်းရက်မှာပဲ ၀န်ထမ်းတွေကသူ့ကို
‌လှိုက်လှိုက်လှဲလှဲပြန်ကြိုဆိုကြသည်။ ‌အဲ့တော့ တစ်လက်စ
တည်း ရှောင်းကျန့် မန်နေဂျာနဲ့၀န်ထမ်းတွေကိုတစ်ခါတည်း
အကူအညီတောင်းလိုက်သည်။ သူ့အကြံကို ဒီညပဲအကောင်
အထည်ဖော်ရမည်လေ။
.............
"ဒီနေ့ည ကျွန်တော် ဒကာခံမယ်ဗျာ အကုန်လုံးကို ကျွန်
တော်ပြန်ပြီး အလုပ်တက်တဲ့အထိမ်းအမှတ်အနေနဲ့ဒီည
စိတ်ကြိုက်ကဲဖို့ ကျွန်တော် ကာရာအိုကေကိုခေါ်သွားမယ်"
ဟေးခနဲ အသံနှင့်အတူ ၀န်ထမ်းတွေပျော်ရွှင်ကုန်ကြသည်။
အချိန်ပိုလည်းမဆင်းရတော့ပဲ စောစောပဲ ရှောင်းကျန့်ကြို
တင်ငှားထားသော ကာရာအိုကေသို့‌ရောက်ခဲ့ကြသည်။
၀မ်ရိပေါ်ကတော့ထုံးစံအတိုင်း မျက်မှန်အောက်ကမျက်လုံး
လေးပေကလပ်ပေကလပ်နဲ့ ထောင့်ကိုကပ်နေတော့တာပဲ။
ဒီကောင်လေးအရက်လည်းမသောက်တတ်ပေ။
"သူဌေးရှောင်း များများသောက်နော်  ဒီတစ်ပုလင်းလုံးက
သူဌေးအတွက်ပဲ ကုန်အောင်သောက်ရမယ်နော်"
မန်နေဂျာ အရက်ပုလင်းတစ်ပုလင်းကိုထိုးပေးကာ ပြောသည်။
Glenfiddich 1L ပုလင်းကိုရှောင်းကျန့်တစ်ယောက်တည်း
သောက်ရမယ်ဆိုတာ မဖြစ်နိုင်ပေ။ရှောင်းကျန့်သောက်ပါကလူမှန်း
မသိအောင်ဖြစ်သွားမည်မှာ အသေအချာပင်။
"ကိုယ်မသောက်နိုင်လောက်ဖူး ၀မ်ရိပေါ် ငါ့အစားဝိုင်းသောက်
ပေးပါလား"
"ဗျာ ..  ဟို ဟို ကျွန်တော်မှ အရက်မသောက်တတ်တာ"
"မသောက်တတ်လို့သောက်ကြည့်ခိုင်းတာ သောက်ကြည့်
ကိုယ့်သူဌေးကိုယ်ကူညီတယ်သဘောထားလိုက်ပါ ငါလည်း
တစ်ပုလင်း‌လုံးမသောက်နိုင်ဘူးလေ"
ရှောင်းကျန့်က သူ့စကားဆို ရီပေါ်မငြင်းနိုင်မှန်းသိသည်။
ပြောနေရင်းပင် အရင်ပုလင်းဖွင့်ကာ ခွက်ထဲငှဲ့ပေးရင်းရေ
နဲ့ရောလိုက်သည်။
တစ်ခါမှမသောက်ဖူးတဲ့ကောင်လေးက ပထမဦးဆုံးတစ်ခွက်
လည်ချောင်းထဲကဖြတ်သွားတယ်ဆိုရင်ပဲ မျက်မှန်အောက်က
ရုပ်ကလေးက ရှုံ့တွသွားသည်။
ရှောင်းကျန့်ကသူကျနည်းနည်းသောက်ပြီး ‌ရီပေါ်ကိုကျ များ
များငှဲ့ပေးသည်။ ကြာလာတော့ အသားဖြူတဲ့ကောင်လေးဟာ
ပါးပြင်တွေနီရဲလို့အသိစိတ်ပင်ပျောက်နေပြီ။ ရှောင်းကျန့်က
တော့ သူစီစဉ်တဲ့အတိုင်းဖြစ်လာလို့ ကျိတ်ပျော်နေပြီ။
သူ့ပုခုံးပေါ်မှီကာ အိပ်ပျော်သွားတဲ့ကောင်လေး မျက်မှန်
ကိုချွတ်ပေးလိုက်သည်။ ပါးလေးတွေကဖောင်းနေတဲ့အ
ပြင် အရက်သောက်ထားလို့ နီတာလေးပါပေါင်းလိုက်တော့
တကယ်ချစ်ဖို့ကောင်းတာတော့ရှောင်းကျန့်၀န်ခံပါသည်။
"အားလုံး ကျွန်တော်ပြန်တော့မယ် စိတ်ကြိုက်ကဲကြနော်
ကျွန်တော်ရှင်းမှာ"
"သူဌေး ကံကောင်းပါစေ‌ဗျာ"
မန်နေဂျာ အစ်ကိုကရှောင်းကျန့်နဲ့တကယ်ရင်းနှီးတယ်လို့
ပြောလို့ရသည်။ ရှောင်းကျန့်ကတော့ရီပေါ်ကို တွဲကာထွက်
လာခဲ့လိုက်ပြီး သူ့အိမ်ကိုပဲခေါ်ခဲ့လိုက်သည်။
အိမ်ရောက်တော့ အဖွားက သူ့ကိုအံ့ဩသလိုကြည့်ကာ
"ရှောင်းကျန့်...မြေး။ရီပေါ်လေးကို ဘာလုပ်မလို့လဲ
မင်းအကြံအစည် ဟုတ်မှလည်းလုပ်ပါကွယ် သူများ
သားသမီးကို"
"ကျွန်တော်သူ့ကိုလက်ဖျားနဲ့တောင် မထိပါဘူးဖွားရယ်ကျွန်
တော့ကိုမယုံဘူးလား"
"နင်ဖြစ်နေလို့ကိုမယုံတာဟေ့"
အဖွားမယုံတာလည်းမဆန်းပါပေ။ ရှောင်းကျန့်ကရည်းစား
ပွေသူဖြစ်တယ်။ မီယွဲ့နဲ့တွဲပြီးမှ ခြေငြိမ်သွားတယ်ပြောလို့ရ
တယ်။
"နောက်မှပြောတော့မယ် ကျွန်‌တော်အ‌ပေါ်တက်တော့မယ်
ဖွား စိတ်ချ ဘာမှမလုပ်ဖူး အဖွားသာမနက်ကျရင်*$*#*$*#$"
အဖွားက တကယ်ပါပဲ ၀မ်ရိပေါ်ဆိုရင်သည်းလွန်းတယ်။
သူ့မြေးထက်တောင် ပိုချစ်နေလားမသိဘူး။
.............
ရီပေါ်ကိုယ်လေးက တကယ်ကိုပေါ့ပေါ့လေး ရှောင်းကျန့်
ကုတင်ပေါ် အသာလေးချပေးလိုက်တော့‌လည်း ထိုအတိုင်း
ပဲ မလှုက်မယှက်အိပ်ပျော်နေသည်။
ရှောင်းကျန့် တကယ်ဒီဖြူစင်တဲ့ကောင်လေးကိုလက်ဖျားနဲ့
တောင်မထိရက်ပါ။ တကယ်ပါ မထိရဲတာဆိုပိုမှန်မယ်။
ရှောင်းကျန့် ရီပေါ်ကိုအပေါ်အကျီတွေချွတ်ပေးလိုက်ကာ
စောင်သေချာခြုံပေးလိုက်ပြီးသူပါ
အကျီချွတ်ကာ ရီပေါ်ဘေး၀င်အိပ်လိုက်သည်။ ဖြူအုအုကိုယ်
လုံးလေးက အရက်ကြောင့် ပူနွေးနေသည်။
ရှောင်းကျန့်လည်းများများစားစားမတွေးပဲအိပ်လိုက်တော့
သည်။
.........
"အားးးးးး သူဌေး ဘယ်...ဘယ် .. လို ..လုပ် လုပ်"
ရီပေါ်အော်သံကြောင့်ရှောင်းကျန့်နိုးလာခဲ့သည်။
ရီပေါ်ကတော့ အ၀တ်အစားမပါတဲ့ နှစ်ယောက်လုံး
ကြောင့် ထိန်လန့်နေပုံပါပဲ
"သူဌေး ကျွန်တော်မရည်ရွယ်"
"အင်းး ဘယ်တတ်နိုင်မလဲ လွန်လွန်ကျူးကျူးဖြစ်ပြီးပြီ
ဟာ ။ ငါတောင်းပန်ပါတယ် ငါလည်းမရည်ရွယ်ပါဘူး"
"မတောင်းပန်ပါနဲ့ ကျွန်တော်မှားတာပါ ကျွန်တော်ညက
တော်တော်လေးမူးသွားတာထင်တယ်"
"ငါမင်းကိုတာ၀န်ယူပါ့မယ် လက်လွတ်စပယ်မလုပ်ပါဘူး"
"ဟင်...အင်း မဟုတ်တာ ကျွန်တော်က ယောက်ျားလေးပါ
ကျွန်တော့ အတွက်တာ၀န်ယူစရာမလိုပါဘူး !!"
ခေါင်းလေးကို ခါပြရင်း ကုတင်ပေါ်ကကုန်းထကာ သူ့အ
၀တ်အစားတွေကိုရှာနေတယ်။ ‌ဘယ်လိုလုပ်မလဲရှောင်းကျန့်
သူ့အ၀တ်အစားတွေကိုဖွက်ထားပြီးပြီ။
ရှာလို့မတွေ့တဲ့ကောင်လေးကပြာယာခက်နေပါတယ်။
ထူးထူးဆန်းဆန်းပဲ ရီပေါ်ခန္ဓာကိုယ်မှာ နာကျင်မှုမခံစားရ
မဟုတ်မှလွဲ သူက သူဌေးကို လုပ်မိသွားတာလား ရီပေါ်
တစ်ဆက်တည်း မျက်နှာပူကာ အားနာလာပြီး ရှက်လာသည်။
သူဘာတွေလုပ်မိတာလဲ ။ သူသဘောကျတဲ့သူကိုမှ
"ရှောင်းကျန့် မြေး......."
ရှောင်းကျန့်အဖွားက ရှောင်းကျန့်အကြံအတိုင်း အခန်းထဲ
၀င်လာပါသည်။
"မင်း မင်းတို့"
ရှောင်းကျန့်အဖွားက အံ့ဩနေယောင်ဟန်ဆောင်သည်။
ရှောင်းကျန့်စိတ်ထဲမှာ အဖွားသရုပ်ဆောင်ကောင်းတာပဲ
ဟု အမှတ်တွေပေးနေလိုက်သည်။
"အဖွားထင်သလိုမဟုတ်ပါဘူး ကျွန်တော်တို့ ညကအရက်မူးပြီး
အကျီပဲချွတ်ခဲ့ကြရုံပါ ဘာမှမဖြစ်ပါဘူး"
ရီပေါ်က ပြာသလဲလဲရှင်းပြသည်။ သို့သော်လည်းရှောင်းကျန့်က
"အဖွား ကျွန်တော် သူများသားသမီးအပေါ်ကိုလွန်ကြူးမိပါတယ်
အဲ့အတွက် တာ၀န်ယူမှာပါ"
မဟုတ်သေးဘူးလေ ရီပေါ်အတွေးထဲချာချာ‌လည်နေသည်။
ဒါဆို‌ဘာကြောင့် သူနာကျင်မှုမခံစားရတာလဲ
"ဒါပေါ့ သူများသားသမီးကို လက်လွတ်စပယ်လုပ်လို့ဘယ်
ဖြစ်မလဲ ရှောင်းကျန့် .. တာ၀န်ယူစိတ်ရှိတာကောင်းတယ်"
အဖွားက ခပ်မာမာလေသံနဲ့ပြောသည်။ ဒါမှရီပေါ်မငြင်းရဲမှာ
"အဖွား ဟို ကျွန်တော်က ယောက်ျားလေးပါ ဘာမှမဖြစ်....."
"ရီပေါ် သား ယောကျာ်းလေးလည်း သိက္ခာရှိတယ် ဖြစ်တာတွေ
ဖြစ်ပြီးပြီပဲ ဖြစ်သင့်တာကိုအဖွားတို့ဆက်စီစဉ်ကြတာပေါ့"
ရီပေါ်ငြင်းလို့မရအောင်ကို ရှောင်းကျန့်နဲ့သူ့အဖွားကစကား‌ေတွနဲ့‌ချည်နှောင်သွားပြီ။ ရီပေါ်လည်းရှောင်းကျန့်ကိုပိုင်ဆိုင်ချင်ပါ
တယ်။ ချစ်တဲ့သူပဲ ဘယ်သူကရော လက်မထက်ချင်ပဲနေမှာလဲ
ဒါပေမယ့် သူဌေးမှာက ချစ်သူရှိတယ်လေ။ ပြီးတော့သူ့ကိုလည်း
မချစ်ဖူးဆိုရင် တစ်ညအမှားကြောင့် လက်ထက်တဲ့ထိ ‌တာ၀န်မ
ယူစေချင်ဘူး။ သူကရှောင်းကျန့်အတွက် ၀န်ထုပ်၀န်ပိုးဖြစ်မှာ
စိုးပါတယ်။
တစ်ဖက်ကရှောင်းကျန့်ကတော့ အကြံအောင်သွားလို့ပျော်နေ
လေရဲ့။
"၀မ်ရိပေါ်က တကယ် ညှပ်ချလို့ကောင်းတာပဲ မင်းသိလား
မင်းက တကယ်နုံလွန်းတယ် ငါ့နေရာမှာ တခြားသူဆိုဘယ်
လိုလုပ်မလဲ ငါကတော့ရုပ်ရှိရေလျှံဆိုတော့ မင်းနစ်နာစရာ
မရှိပါဘူး"
TBC...
သားသား ဘာမှမတိလိုက်ပါလားဗျာ
{Zawgyi Version}
ရေးမှူးဖြစ်တဲ့ ၀မ်ရိပေါ်ခေါင်းပေါ်ပုံကျပါတယ်။
တွေးခဲ့သော်လည်း။ အခုကတော့မတူတော့ပေ။
ရောပေါ့။
ထုတ်သာမပြောတာ အိပ်မက်ဆိုးတစ်ခုပဲ။
အထည်ဖော်ရမည်လေ။
.............
တော်ပြန်ပြီး အလုပ်တတ်တဲ့အထိမ်းအမှတ်အနေနဲ့ဒီည
ပေးပါလား"
"ဗျာ ..  ဟို ဟို ကျွန်တော်မှ မရက်မသောက်တတ်တာ"
နဲ့ရောလိုက်သည်။
ကျွန်တော်ရှင်းမှာ"
သားသမီးကို"
တော့ကိုမယုံဘူးလား"
တယ်။
.............
သည်။
.........
ကျွန်တော် အတွက်တာဝန်ယူစရာမလိုပါဘူး !!"
သူဘာတွေလုပ်မိတာလဲ ။ သူသဘောကျတဲ့သူကိုမှ
"ရှောင်းကျန့် မြေး......."
ဝင်လာပါသည်။
"မင်း မင်းတို့"
အကျီပဲချွတ်ခဲ့တာထင်တယ် ဘာမှမဖြစ်ပါဘူး"
စိုးပါတယ်။
လေရဲ့။
လိုလုပ်မလဲ ငါကတော့ရုပ်ရှိရေလျှံ့ဆိုတော့ မင်းနစ်နာစရာ
မရှိပါဘူး"
TBC...
Continue Reading
You'll Also Like
50.7K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
216K 18K 24
မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက်မွန်ပွင့်လေးနဲ့တူတဲ့ြ...
6.9K 634 7
zhanyi ( extra of system 13 season 2 )
251K 44.8K 56
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)