Unicode
February 2,2017
ထုံးစံအတိုင်း ရေမိုးချိုးအဝတ်အစားလဲကာ ဘောင်းဘီပေါင်တိုဝတ်နေပြန်ပါသည်။ မှန်ထဲမှာ နေ့တိုင်းမြင်နေရတဲ့ ကိုယ့်မျက်နှာကိုယ်လည်း ငြီးငွေ့ခြင်းမရှိ။ ငိုလျှင်တောင် လှသေးလားဆိုပြီး မှန်ရှေ့ထိုင်ငိုသည်မှာသဘာဝ။ အလုပ်မှစဉ်းစားခိုင်းထားသည်ထက် တစ်နေ့တစ်နေ့ ဗီဒိုထဲက ဘယ်အဝတ်အစားကို အလုပ်ဝတ်သွားရင်ကောင်းမလဲဆိုတာပဲ ခေါင်းထဲမှာရှိသည်။
ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့်လို့ ပန်းတွေကိုသူသိပ်ကြိုက်သည်။ခူးဖို့ရန်မဟုတ် တယုတယနှင့် စိုက်ထားသည်ကို ထိုင်ကြည့်ချင်ရုံသာ။အသုံးအဆောင်အများစုမှာလည်း ပန်းရနံ့အစုံအလင်။နှင်းဆီနီနီအား ပေါင်းခံကာ စနစ်တကျ ရနံ့ထုတ်ထားသော ရေမွှေးကိုသူစွတ်လေ့ရှိသည်။
နှင်းဆီဆိုသော်လည်း အနံ့မှာမိန်းမမဆန်ေန။
ဘယ်သွားသွားမွှေးနေရမည်။ ခေါင်းအစေြခအဆုံး အနံ့လွှမ်းသွားအောင် ခပ်ပြင်းပြင်းတစ်ချက်နှိပ်ကာ ဖြန်းလိုက်သည်။ယနေ့တော့မျက်မှန်မတပ် ဆွဲငင်နိုင်လွန်းေသာညိုရင့်ရင့်မျက်ဝန်းလေးအား အရောင်နက်နက် မျက်ကပ်မှန်တပ်ကာ ဖုံးထားလိုက်သည်။ ယောက်ျား၊မိန်းမ မရွေးဆွဲဆောင်နိုင်သော ဤမျက်ဝန်းကြောင့် မျက်ကပ်မှန်ဆိုလျှင် အမည်းသာေရွးတပ်ဖြစ်သည်။
လွယ်အိတ်ကိုလွယ်ကာ အပေါ်ထပ်မှဆင်းလာခဲ့သည်။ ထမင်းစားခန်းတွင် မနက်စာစားပြီးမှ ကုမ္ပဏီသို့သွားရန် မှတ်တိုင်တွင်ရပ်စောင့်နေသည်။
သွယ်လျေသာေြခတံမှာ ကာကီရောင်ဘောင်းဘီတိုကြောင့် ပိုပေါ်လွင်နေသလိုပင်။ မှတ်တိုင်တွင်ရပ်နေကြသော မိန်းကလေးတွေကြား သူကပိုထင်းနေသည်။မနာလိုရလောက်အောင်ကို ချစ်စရာကောင်းနေသည်မှာအမှန်ပင်။ပုရိသများ၏ အကြည့်ကိုတောင် ဖမ်းစားထားနိုင်ေသာသူမှာ မိုဝီထူးပင်ဖြစ်သည်။
ထိုလူအုပ်ကြားမှ လူတစ်ယောက်စူးစူးစိုက်စိုက်နှင့် ကြည့်နေသည်ကို သတိထားမိသည်။မကောင်းသောအငွေ့အသက်များအားလည်း တဖြည်းဖြည်းခံစားမိလာသည်။
ကားကလည်းကြာလိုက်တာကွာ...ဒီမှာရပ်နေရတာအဆင်မပြေတော့ဘူး။ဘေးကလူတွေကလည်း ငါ့ကိုပဲကြည့်နေသလိုခံစားနေရတယ်..အထူးသဖြင့် ဟိုတိုင်နားကလူ သူငါ့ကိုစိုက်ကြည့်နေတာတော်တော်ကြာပြီ။ဒီလူက ငါလှည်းတန်းသွားတုန်းကတွေ့ခဲ့တဲ့လူနဲ့တော်တော်တူတယ်။အဲ့တုန်းကလည်းဒီလိုပဲ သူ့မျက်လုံးတွေကကြောက်ဖို့ကောင်းတယ် မျက်လုံးတင်မဟုတ်ဘူး လူကပါကြောက်ဖို့ကောင်းတယ်။
ုထိုအချိန်စီးနေကြကားမှာ မှတ်တိုင်သို့ရောက်လာသဖြင့် အလျင်အမြန်ပင်တက်ကာ ခုံအလွတ်တစ်ခုတွင်နေရာယူလိုက်သည်။စိတ်ထဲတွင်ထင့်နေသည် သာမာန်လူတစ်ယောက်ဆိုလျှင် ထိုနေရာမှာတွင်ရပ်ကျန်နေခဲ့ရမည်။သို့သော် ထိုလူကားပေါ်ရောက်လာကာ အနောက်ခုံတွင်ဝင်ထိုင်လိုက်သည်။
သရဲတစ္ဆေကို မကြောက်၊ လူကိုသာကြောက်သည်။ သရဲဆိုလျှင် အမျှဝေလိုက်ရုံပင်ပြီးသည်။ လူမှာတော့ ထိုသို့လုပ်လို့မရ။ကိုယ်ကရန်မူလျှင် အငြိုးအတေးထားခံရမည်။
ဟာကွာ...စိတ်ညစ်လိုက်တာ။ဒီလူကတကယ်ပဲငါ့နောက်ကိုလိုက်နေတာလား ဘာလို့လဲ..ဘာလို့လိုက်ရတာလဲ။သူကနှာဘူးဆိုရင်တောင် ငါကမိန်းကလေးတစ်ယောက်မဟုတ်ဘူးလေ။အရှင်ဘုရား အန္တရာယ်ကင်းကင်းနဲ့ ကုမ္ပဏီကိုရောက်အောင်ကူညီေပးတော်မူပါဘုရား။
မသိချင်ယောင်ဆောင်လျက်သာ စီးလာခဲ့သည်။သို့သော် စိတ်တော့မအေးပေ။
____________________
"ဟိန်း.....ငါတို့ဒီလ ရောင်းအားအကောင်းဆုံးစာရင်းမှာ နံပါတ်နှစ်ဖြစ်သွားတယ်ဆို"
"ဟုတ်တယ်ဆရာ ကျွန်တော်တို့ကို ကျော်ပြီးနောက်ကုမ္ပဏီတစ်ခုက ရသွားတာ"
ငါဒီလောက်ကြိုးစားထားတာတောင် ဘာလို့မရတာလဲ။အချိန်ကုန်ခံပြီးလုပ်ထားရတဲ့အလုပ်တွေက ဘာလို့အရာမဝင်တာလဲ။ ငါအရမ်းညံ့နေလို့လား ငါကအသုံးမကျလို့လား။
ရောင်းအားအကောင်းဆုံး နံပါတ်တစ်ကုမ္ပဏီ ဖြစ်ချင်သည်။ ထို့ကြောင့်ကျော်တက်သွားသောကုမ္ပဏီအားသူမကျေနပ်။ ဒေါသစိတ်ကြောင့် ခေါင်းကိုက်လာကာ ထိုင်ခုံတွင်ထိုင်ချလိုက်ရသည်။
"ဆရာ အဆင်ပြေရဲ့လား"
"မပြေဘူးကွ မပြေဘူး မင်းငါ့ကိုသူတို့ကုမ္ပဏီအကြောင်း အခုချက်ချင်းစုံစမ်းပေးစမ်း"
"ဟုတ်...ဟုတ်ကဲ့ဆရာ"
တစ်ချက်လွှတ်အမိန့်ကြောင့် စကားများပင်ထစ်ကုန်သည်။ရှည်ရှည်ဝေးဝေးမစဉ်းစားနေတော့ပဲ အရိုအသေပေးကာ ရုံးခန်းထဲမှထွက်သွားသည်။ သူဌေးဖြစ်သူမှာ မာနအရမ်းကြီးသည်။ ဘယ်သူ့ကိုမှအနိုင်မပေး သူသာလျှင်အနိုင်ရသူဖြစ်ရမည်ဟု အတ္တစိတ်ဝင်နေသူဖြစ်သဖြင့် ရွှေဆိုလျှင်ရွှေ၊ငွေဆိုလျှင်ငွေဖြစ်အောင် အတွင်းရေးမှုးဟိန်းထက်လုပ်ပေးလာသည်မှာ သုံးနှစ်ရှိခဲ့ပြီ။
မင်းတို့ကုမ္ပဏီကုိကျော်အောင် ငါလုပ်ပြမယ်။
_______________________
"ခွန်း ငါမနက်ကဒီအတိုင်းထွက်လာရလို့ ဗိုက်ဆာနေပြီ မင်းကိုငါမစောင့်တော့ဘူး ကုမ္ပဏီနားကဆိုင်တစ်ခုခုမှာပဲ ငါသွားစားလိုက်တော့မယ်"
"ဟုတ် ကိုနှိုင်း ကျွန်တော်လည်းနည်းနည်းနောက်ကျမယ် အမေ့ကိုဆေးခန်းလိုက်ပို့မလို့"
"ကြီးမေကိုဆေးခန်းသေချာပို့လိုက်နော် ဂရုစိုက်ကြားလား"
"ဟုတ် ကိုနှိုင်း ဒါပဲနော်"
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ကာ ရုံးခန်းထဲမှ မှန်ရှေ့တွင်သွားရပ်သည်။ကိုယ်လုံးပေါ်မှန်ဝယ်ထားသော်လည်း အရပ်ရှည်နေသဖြင့် ခေါင်းကိုမမြင်ရ၊ လည်ပင်းကိုသာမြင်ရသည်။ စောင်းနေသာနက်ခ်တိုင်အား ရှေ့သို့တည့်တည့်ရောက်အောင်ဆွဲကာ အကျီကြယ်သီးများတစ်လုံးချင်းတပ်လိုက်သည်။ ကွက်တိဖြစ်နေသောဘောင်းဘီကြောင့် တင်ပါးနှစ်ခုမှာ လုံး၍ထွက်နေသည်။
ရုံးခန်းထဲမှထွက်ကာ ကုမ္ပဏီအပေါက်ဝသို့ ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ကာ လျှောက်လှမ်းလာသည်။လာရာလမ်းတစ်လျှောက် ဝန်ထမ်းမလေးများ၏ မျက်စိအာဟာရကျွေးခြင်းကို ခံယူနေရသည်။
ဆာတာကြာလျှင် နာလာတတ်သောဗိုက်ကြောင့် ေြခတံရှည်ကြီးဖြင့် ကျယ်ကျယ်လှမ်းကာလျှောက်လာသည်။ ကုမ္ပဏီရှေ့တွင် ခဏရပ်ကာ စားချင်သည့် ဆိုင်ကိုရွေးချယ်နေစဉ်...
"ကိုကို..!"
မှတ်တိုင်မှအော်လာသောအသံမှာ ကုမ္ပဏီရှေ့ထိကြားရသည်။အသက်လုပြေးနေရသည့်ပုံ အသည်းအသန်ဖြင့် အားကုန်သုံးကာပြေးလာပြီး နှိုင်းအားဖက်လိုက်သည်။
မည်သူတစ်ဦးတစ်ယောက်ဆီကမှ ကိုကိုဟုအခေါ်မခံရဖူးသောကြောင့်အသက်ရှုပင်ရပ်သွားသလားအောက်မေ့ရသည်။
"ကျွန်တော့်ကို ကူညီပါ"
အသံတုန်တုန်ယင်ယင်ကြောင့် အန္တရာယ်ကြုံလာသည်ကို နှိုင်းသိလိုက်သည်။ ရင်ခွင်ထဲတွင်ငိုယိုနေသောကလေးတစ်ယောက်အား နူးနူးညံ့ညံ့ပြန်ပွေ့ဖက်ပေးသည်။ဘာကြောင့်ရယ်မှန်းမသိ ပူပန်စိတ်များပြည့်နှက်လာကာ ကာကွယ်ပေးချင်စိတ်များတိုးလာသည်။
"မှတ်တိုင်နားမှာရပ်နေတဲ့လူကြောင့်လား"
စကားဖြင့်မတုံ့ပြန် ခေါင်းကလေးသာညိတ်နေသည်။
"နောက်ကိုမလှည့်နဲ့ ကိုယ်တို့ဒီနားကဆိုင်တစ်ခုကိုသွားရအောင်"
ပျော့ခွေနေသောကိုယ်ယဲ့ယဲ့ကလေးအား ပုခုံးမှဖက်၍ထိန်းပေးကာ နီးရာဆိုင်တစ်ခုသို့ခေါ်လာခဲ့သည်။ ထိုလူမှာ ကာကွယ်ပေးမည့်လူရှိသည်ကိုသိသဖြင့် ဆက်မလိုက်တော့ပဲ ကားတစ်စီးပေါ်ပြေးတက်သွားသည်။
စိတ်အေးသွားစေရန် သုံပုရာရည်တစ်ခွက်မှာကာရှေ့တွင်ချပေးသည်။
"ဒါလေးသောက်လိုက် စိတ်အေးအေးထား ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်"
ညှိုးနေသောမျက်နှာကလေးမှာ ပူပင်မှုလျော့သွားသဖြင့်အနည်းငယ်လန်းလာသည်။ အားကိုးတကြီးဖြင့် အကူအညီတောင်းလာခဲ့သည်ကိုပင် ကျေးဇူးတင်ရေပမည်။ နှိုင်းမျက်နှာတွင် အပြုံးပန်းပွင့်သည်မှာ မြင်ရခဲသည် မဆိုင်းမတွနှင့် ဤလူသားတစ်ယောက်ကိုတော့ ပထမဆုံးအကြိမ်အဖြစ် သူပြုံးပြခဲ့သည်။
"ကျေးဇူးတင်ပါတယ် ကျွန်တော့်ကိုကူညီပေးခဲ့တဲ့အတွက်"
"ရပါတယ် ဒါနဲ့ အဲ့လူကိုမင်းသိလား"
"ဟင့်အင်း ကျွန်တော်မသိဘူး သူကျွန်တော့်နောက်ကိုလိုက်တာနှစ်ခါရှိပြီ"
ဒီလိုနုနုယွယွ ကောင်လေးတစ်ယောက်ကို မက်မောကြသည်မှာမဆန်း။ ဒီနေ့လည်း အတိုဝတ်လာပြန်ပြီ သတိပေးမှရမယ် နောက်ဆုိဘာေတွနဲ့ကြုံရအံုးမလဲမသိဘူး။ ကြိုက်တယ်ဆိုရင်တောင် ဒီလိုမျိုးလိုက်ပြီးမနှောင့်ယှက်သင့်ဘူး မဖြစ်တော့ဘူး ငါဒီကောင်လေးကိုကာကွယ်ပေးရမယ်။
"နောက်ကုမ္ပဏီကိုလာတဲ့အခါ အတိုတွေမဝတ်ပါနဲ့ ဘောင်းဘီရှည်လေးတွေပြောင်းဝတ် ကြားလား ဒါမင်းအတွက်ပြောနေတာ"
ဒုက္ခရောက်နေတဲ့အချိန် ကျွန်တော့်မျက်စိရှေ့မှာပေါ်လာပေးတဲ့အတွက် ခင်ဗျားကိုလည်းကျေးဇူးတင်ပါတယ်။
ကျွန်တော်အစကခင်ဗျားကို နှလုံးသားမရှိတဲ့အေးစက်စက်လူတစ်ယောက်လို့ထင်ခဲ့မိတယ် ဒါပေမယ့် အခုတော့ကျွန်တော်ထင်ထားတာနဲ့တခြားစီပဲ ။
တကယ်ကိုနွေးထွေးတဲ့လူတစ်ယောက်ဆိုတာ ကျွန်တော်သိလိုက်ရပြီ ကျွန်တော်ရှေ့လျှောက် ပိုပြီးကောင်းပေးပါမယ် မဆိုးတော့ပါဘူး။စေတနာတွေကိုစော်ကားခဲ့မိတဲ့အတွက်လည်းကျွန်တော်တောင်းပန်ပါတယ်။
"ဘာလို့ကြည့်နေတာလဲ မျက်နှာမှာတစ်ခုခုပေနေလို့လား"
"ဟင့်အင်း ဘာမှမဟုတ်ဘူး"
မုန့်ထိုင်စားနေသောနှိုင်းအား တစိမ့်စိမ့်ထိုင်ကြည့်နေသဖြင့် နှိုင်းမနေတတ်တော့သဖြင့်စကားတစ်ခုခုပြောရန်ကြံစည်ေနသည်။
"ခုမှသတိရတယ် ခုနလေးတုန်းက ကိုယ့်ကို ကိုကိုလို့ခေါ်လိုက်သလိုပဲ"
"အော်..အော်အဲ့တာလား ဟိုလေ အဲ့လိုခေါ်တယ်ဆိုတာ ကျွန်တော်တို့နှစ်ယောက်ကိုချစ်သူတွေထင်သွားရင် သူထပ်ပြီးလိုက်မနှောင့်ယှက်တော့အောင်လို့ ဒီအတိုင်းပါးစပ်က လွှတ်ခနဲထွက်သွားမိတာ စိတ်ထဲမထားပါနဲ့"
မိုဝီရှက်လာသောကြောင့် နားရွက်ကိုလက်ဖျားလေးနှင့်ပွတ်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးမှာ ဆက်မမေးနဲ့မဖြေချင်ဘူး ဆိုသော အဓိပ္ပာယ်သက်ရောက်နေသည်ကို နှိုင်းအထာနပ်သွားသဖြင့် ဘာမှဆက်မပြောတော့ပဲ ငြိမ်သာနေလိုက်သည်။
စိတ်ငြိမ်သွားပြီးကာမှ ပိုက်ဆံရှင်းပြီး ကုမ္ပဏီသို့ပြန်လာခဲ့ကြသည်။
"ကိုနှိုင်း မုန့်သွားစားတာ လူပျောက်တိုင်ရတော့မယ်ထင်လို့ ကြာလိုက်တာဗျာ ကျွန်တော်ဒီမှာထိုင်စောင့်နေရတာ ဖင်တွေပူနေပြီ"
"မှာထားတာတွေလာချပေးတာ ကြာနေလို့ပါ"
"ဒါနဲ့ ဘယ်လိုဖြစ်ပြီး နှစ်ယောက်ကအတူတူရောက်လာတာလဲ"
"ရှေ့မှာတွေ့တာ"
"ရှေ့မှာတွေ့တာ"
နှစ်ယောက်သား အသံတစ်ညီတည်းထွက်လာသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ကာ ရယ်မိသွားကြပြီးမှ မျက်နှာပြန်တည်လိုက်ကြသည်။ သူမသိသောကိစ္စတစ်ခုရှိမည်ကို ခွန်းရိပ်မိသွားသည်။မပြောချင်ရခြင်းမှာ အကြောင်းရှိလိမ့်မည်ဟုသဘောပေါက်သောကြောင့် မမေးဖြစ်တော့ပေ။
ညနေစောင်း ရုံးဆင်းချိန်တွင် စိတ်မချသောကြောင့် အိမ်ထိအရောက်လိုက်ပို့ပေးခဲ့သည်။
"သေချာသွားနော်"
"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"
အပြန်အလှန်ပြုံးပြကာ မိုဝီလည်းအိမ်ထဲသို့ရောက်သွားသည်ကိုကြည့်ပြီးမှ ခွန်းနှင့်အတူအိမ်ပြန်လာခဲ့သည်။
ဒီလိုကျတော့လည်းချစ်ဖို့ကောင်းသားပဲ ..ဘာလို့အရင်ကဂျစ်ကန်ကန်ေနတာလဲမသိဘူး။ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကယ်ခဲ့ပြီးပြီဆိုတော့..ဒီထက်ပိုပြီးရင်းနှီးချင်တယ်။
တစ်ယောက်တည်း ပြုံးစိစိဖြစ်နေသည်ကို ကားမှန်ထဲမှလှမ်းတွေ့နေရသဖြင့်..
ထူးထူးဆန်းဆန်းပါလား တစ်ခါမှတောင်ရယ်မပြဘူးတဲ့သူက ခုတော့ပြုံးလို့ပျော်လို့ ။ ဒီလိုလေးတဖြည်းဖြည်းပြောင်းလဲလာတာကလည်းကောင်းပါတယ် မဟုတ်ရင် အမြဲတမ်း တငူငူတငိုင်ငိုင်နဲ့မို့ မြင်ရတဲ့သူလည်း စိတ်မချမ်းသာဘူး။
___________________
February 3,2017
ရှပ်ဖြူဖြူသန့်သန့်တစ်ထည့်အား ခါးထည့်ကာဂျင်းဘောင်းဘီရှည်တစ်ထည်ကိုဝတ်ဆင်ထားေသာလူတစ်ေယာက် ကာနေးရှင်း အဖြူရောင်များအားပန်းအိုးတစ်ခုနှင့် စားပွဲပေါ်တွင်ထိုးပေးေနသည်။
နှိုင်းအခန်းထဲသို့ရောက်ရှိလာချိန် ပန်းအိုးထိုးနေသည်ကိုမြင်တော့....
"မင်းဘယ်သူလဲ ငါ့အခန်းထဲဘယ်လိုရောက်နေတာလဲ"
သူစိမ်းတစ်ယောက်ရောက်နေသဖြင့် နှိုင်းနောက်သို့ခြေလှမ်းဆုတ်လိုက်ကာ ဘေးမှစင်တွင်တင်ထားသော ဖိုင်တွဲတစ်ခုကိုင်၍ ရိုက်ရန်ပြင်လိုက်သည်။ ထိုသူနောက်ကိုလှည့်လာတော့ ပါးစပ်အဟောင်းသားဖြစ်သွားရရှာသည်။
ထိုအကြောင်းအရင်းမှာ....
"မိုဝီ..လူတောင်မှားတယ် ကိုယ်ကအခန်းထဲကိုလူဆိုးများဝင်လာတာလားလို့"
"ဘောင်းဘီရှည်ဝတ်ဆို ခုတော့လူဆိုးလို့တောင်ထင်သွားတာလား"
"မဟုတ်ပါဘူး ဒီလိုမမြင်ဖူးတော့ အထင်လွဲသွားမိတာ"
လူဆိုးဟုထင်မိတော့ မျက်စောင်းကလေးတစ်ထိုးထိုးနှင့်။
"ဒီ ကာနေးရှင်းတွေက ဘာအတွက်လဲ"
"မနေ့ကကူညီပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ထိုးပေးထားတာ အရမ်းရှာရခက်တာနော် ဂျွန်လလယ်လောက်မှာပဲပွင့်တဲ့ပန်းကို တကူးတကကျွန်တော်ရှာထားရတာ ကျန်တဲ့ပန်းထက် ဒီပန်းကပိုပြီး အဓိပ္ပာယ်ရှိတယ်လေ"
"ဘယ်လိုမျိုးလဲ"
ကာနေးရှင်းပန်းလေးတွေအကြောင်းသိတဲ့လူရှားတယ် ဒီကောင်လေးက ထူးခြားသားပဲ။
နှိုင်း ကာနေးရှင်းပန်းများအကြောင်း စေ့စေ့ပေါက်ပေါက်အကုန်သိသော်လည်း မသိချင်ယောင်ဆောင်၍မေးလိုက်သည်။
"ဒီအဖြူရောင်လေးက ကံကောင်းခြင်းဆိုတဲ့ အဓိပ္ပာယ်ရတယ် ကိုယ့်ထက်ကြီးတဲ့လူတွေကို သူတို့ရဲ့မွေးနေ့မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘဝအသစ်ကိုစတင်စေချင်ရင်ဖြစ်ဖြစ် လက်ဆောင်အနေနဲ့ပေးလို့ရတယ် ကျွန်တော်က ကံကောင်းခြင်းတွေရောက်လာအောင် ပြီးတော့ကျွန်တော်တို့မတည့်ခဲ့တဲ့ရက်တွေကိုမေ့ထားလိုက်ပြီး အခုတော့တည့်အောင်နေသွားကျရအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့လုပ်ပေးတာ"
"အဲ့ပန်းလေးတွေကို လက်ဆောင်ပေးရင် ဖြူစင်တဲ့အချစ်ကိုပြတာဆိုတဲ့အဓိပ္ပာယ်လည်းသက်ရောက်သေးတယ်နော်"
ဒီလူကတော့နော် စေတနာပျက်အောင်စနေပြန်ပြီ ဘယ်လိုလူလဲမသိဘူး တကယ်ပါပဲ။
"ဟုတ်ရောဟုတ်လို့လား ဘယ်လိုသိတာလဲ"
"အရင်ကနိုင်ငံခြားမှာကျောင်းသွားတက်တုန်းက ကိုယ်နေတဲ့အဆောင်ဘေးမှာ ကာနေးရှင်းြခံရှိတယ် ပန်းတွေကိုစိတ်ဝင်စားေတာ့ခဏခဏသွားတာနဲ့ ပိုင်ရှင်ကရှင်းပြခဲ့ဖူးတာ"
ဖြူစင်တဲ့အချစ်ဆိုတာ တကယ်ရှိပါတယ်။ပကာသနတွေမပါပဲ လိုချင်တပ်မက်မှုတွေမရှိပဲ ဖြစ်တည်လာတဲ့ တစ်ခုတည်းသော အချစ် တနည်းအားဖြင့် အချစ်စစ်အချစ်မှန်လို့ပြောလည်းရတယ်..မင်းတော့ဘယ်သိမှာလဲ ကိုယ်မင်းကိုချစ်မိသွားခဲ့ပြီဆိုတာကို။
"မဆိုးပါဘူး ဒီလောက်သိရင်ကျွန်တော်နဲ့ပေါင်းလို့ရပြီ"
"ဟုတ်ပါပြီဗျာ ကိုယ့်ကို ကိုနှိုင်းလို့ခေါ်လို့ရပါတယ် ကိုယ်လည်းမိုဝီမဟုတ်ပဲ မိုလို့ခေါ်မယ်နော် ရတယ်မလား"
"ရ ရပါတယ်.."
ခွန်းတေဇတစ်ယောက် မိမိမှာအတွင်းရေးမှူးဖြစ်သော်လည်း ဘာမှမသိရသဖြင့် နှစ်ယောက်ပြောနေကြသည်ကို နားစွန်နားဖျားကြားရကြားရ တံခါးနှင့်နား တစ်လက်မတောင်မကွာအောင် ကပ်ထားကာခိုးနားထောင်သည်။
ဘယ်အချိန်ကတည်းကစပြီး ဒီနှစ်ယောက် ဒီလောက်တောင်ရင်းနှီးသွားခဲ့တာလဲ။
=====================
=====================
Nun's note~
Voteမပေးခဲ့တဲ့ကလေးတွေကို တစ်ပိုင်းပြီးတိုင်း ကြိမ်လုံးကိုင်ပြီးစောင့်နေတယ် မြင်ရလား?(๑•﹏•)
ဂရေဟမ်ရဲ့ အချစ်စွမ်းအားဆိုတဲ့သီချင်းလေးနဲ့ နှုတ်ဆက်လိုက်ပါတယ်နောက်တစ်ပိုင်းကျရင်ပြန်တွေ့မယ်နော်
================
================
Zawgyi
February 2,2017
ထုံးစံအတိုင္း ေရမိုးခ်ိဳးအဝတ္အစားလဲကာ ေဘာင္းဘီေပါင္တိုဝတ္ေနျပန္ပါသည္။ မွန္ထဲမွာ ေန႔တိုင္းျမင္ေနရတဲ့ ကိုယ့္မ်က္ႏွာကိုယ္လည္း ၿငီးေငြ႕ျခင္းမရွိ။ ငိုလၽွင္ေတာင္ လွေသးလားဆိုၿပီး မွန္ေရွ႕ထိုင္ငိုသည္မွာသဘာဝ။ အလုပ္မွစဥ္းစားခိုင္းထားသည္ထက္ တစ္ေန႔တစ္ေန႔ ဗီဒိုထဲက ဘယ္အဝတ္အစားကို အလုပ္ဝတ္သြားရင္ေကာင္းမလဲဆိုတာပဲ ေခါင္းထဲမွာရွိသည္။
ေယာက္်ားေလးတစ္ေယာက္ျဖစ္ေပမယ့္လို႔ ပန္းေတြကိုသူသိပ္ႀကိဳက္သည္။ခူးဖို႔ရန္မဟုတ္ တယုတယႏွင့္ စိုက္ထားသည္ကို ထိုင္ၾကည့္ခ်င္႐ုံသာ။အသုံးအေဆာင္အမ်ားစုမွာလည္း ပန္းရနံ့အစုံအလင္။ႏွင္းဆီနီနီအား ေပါင္းခံကာ စနစ္တက် ရနံ့ထုတ္ထားေသာ ေရေမႊးကိုသူစြတ္ေလ့ရွိသည္။
ႏွင္းဆီဆိုေသာ္လည္း အနံ့မွာမိန္းမမဆန္ေန။
ဘယ္သြားသြားေမႊးေနရမည္။ ေခါင္းအစေျခအဆုံး အနံ့လႊမ္းသြားေအာင္ ခပ္ျပင္းျပင္းတစ္ခ်က္ႏွိပ္ကာ ျဖန္းလိုက္သည္။ယေန႔ေတာ့မ်က္မွန္မတပ္ ဆြဲငင္နိုင္လြန္းေသာညိဳရင့္ရင့္မ်က္ဝန္းေလးအား အေရာင္နက္နက္ မ်က္ကပ္မွန္တပ္ကာ ဖုံးထားလိုက္သည္။ ေယာက္်ား၊မိန္းမ မေရြးဆြဲေဆာင္နိုင္ေသာ ဤမ်က္ဝန္းေၾကာင့္ မ်က္ကပ္မွန္ဆိုလၽွင္ အမည္းသာေရြးတပ္ျဖစ္သည္။
လြယ္အိတ္ကိုလြယ္ကာ အေပၚထပ္မွဆင္းလာခဲ့သည္။ ထမင္းစားခန္းတြင္ မနက္စာစားၿပီးမွ ကုမၸဏီသို႔သြားရန္ မွတ္တိုင္တြင္ရပ္ေစာင့္ေနသည္။
သြယ္လ်ေသာေျခတံမွာ ကာကီေရာင္ေဘာင္းဘီတိုေၾကာင့္ ပိုေပၚလြင္ေနသလိုပင္။ မွတ္တိုင္တြင္ရပ္ေနၾကေသာ မိန္းကေလးေတြၾကား သူကပိုထင္းေနသည္။မနာလိုရေလာက္ေအာင္ကို ခ်စ္စရာေကာင္းေနသည္မွာအမွန္ပင္။ပုရိသမ်ား၏ အၾကည့္ကိုေတာင္ ဖမ္းစားထားနိုင္ေသာသူမွာ မိုဝီထူးပင္ျဖစ္သည္။
ထိုလူအုပ္ၾကားမွ လူတစ္ေယာက္စူးစူးစိုက္စိုက္ႏွင့္ ၾကည့္ေနသည္ကို သတိထားမိသည္။မေကာင္းေသာအေငြ႕အသက္မ်ားအားလည္း တျဖည္းျဖည္းခံစားမိလာသည္။
ကားကလည္းၾကာလိုက္တာကြာ...ဒီမွာရပ္ေနရတာအဆင္မေျပေတာ့ဘူး။ေဘးကလူေတြကလည္း ငါ့ကိုပဲၾကည့္ေနသလိုခံစားေနရတယ္..အထူးသျဖင့္ ဟိုတိုင္နားကလူ သူငါ့ကိုစိုက္ၾကည့္ေနတာေတာ္ေတာ္ၾကာၿပီ။ဒီလူက ငါလွည္းတန္းသြားတုန္းကေတြ႕ခဲ့တဲ့လူနဲ႔ေတာ္ေတာ္တူတယ္။အဲ့တုန္းကလည္းဒီလိုပဲ သူ႔မ်က္လုံးေတြကေၾကာက္ဖို႔ေကာင္းတယ္ မ်က္လုံးတင္မဟုတ္ဘူး လူကပါေၾကာက္ဖို႔ေကာင္းတယ္။
ုထိုအခ်ိန္စီးေနၾကကားမွာ မွတ္တိုင္သို႔ေရာက္လာသျဖင့္ အလ်င္အျမန္ပင္တက္ကာ ခုံအလြတ္တစ္ခုတြင္ေနရာယူလိုက္သည္။စိတ္ထဲတြင္ထင့္ေနသည္ သာမာန္လူတစ္ေယာက္ဆိုလၽွင္ ထိုေနရာမွာတြင္ရပ္က်န္ေနခဲ့ရမည္။သို႔ေသာ္ ထိုလူကားေပၚေရာက္လာကာ အေနာက္ခုံတြင္ဝင္ထိုင္လိုက္သည္။
သရဲတေစၧကို မေၾကာက္၊ လူကိုသာေၾကာက္သည္။ သရဲဆိုလၽွင္ အမၽွေဝလိုက္႐ုံပင္ၿပီးသည္။ လူမွာေတာ့ ထိုသို႔လုပ္လို႔မရ။ကိုယ္ကရန္မူလၽွင္ အၿငိဳးအေတးထားခံရမည္။
ဟာကြာ...စိတ္ညစ္လိုက္တာ။ဒီလူကတကယ္ပဲငါ့ေနာက္ကိုလိုက္ေနတာလား ဘာလို႔လဲ..ဘာလို႔လိုက္ရတာလဲ။သူကႏွာဘူးဆိုရင္ေတာင္ ငါကမိန္းကေလးတစ္ေယာက္မဟုတ္ဘူးေလ။အရွင္ဘုရား အႏၲရာယ္ကင္းကင္းနဲ႔ ကုမၸဏီကိုေရာက္ေအာင္ကူညီေပးေတာ္မူပါဘုရား။
မသိခ်င္ေယာင္ေဆာင္လ်က္သာ စီးလာခဲ့သည္။သို႔ေသာ္ စိတ္ေတာ့မေအးေပ။
____________________
"ဟိန္း.....ငါတို႔ဒီလ ေရာင္းအားအေကာင္းဆုံးစာရင္းမွာ နံပါတ္ႏွစ္ျဖစ္သြားတယ္ဆို"
"ဟုတ္တယ္ဆရာ ကၽြန္ေတာ္တို႔ကို ေက်ာ္ၿပီးေနာက္ကုမၸဏီတစ္ခုက ရသြားတာ"
ငါဒီေလာက္ႀကိဳးစားထားတာေတာင္ ဘာလို႔မရတာလဲ။အခ်ိန္ကုန္ခံၿပီးလုပ္ထားရတဲ့အလုပ္ေတြက ဘာလို႔အရာမဝင္တာလဲ။ ငါအရမ္းညံ့ေနလို႔လား ငါကအသုံးမက်လို႔လား။
ေရာင္းအားအေကာင္းဆုံး နံပါတ္တစ္ကုမၸဏီ ျဖစ္ခ်င္သည္။ ထို႔ေၾကာင့္ေက်ာ္တက္သြားေသာကုမၸဏီအားသူမေက်နပ္။ ေဒါသစိတ္ေၾကာင့္ ေခါင္းကိုက္လာကာ ထိုင္ခုံတြင္ထိုင္ခ်လိုက္ရသည္။
"ဆရာ အဆင္ေျပရဲ့လား"
"မေျပဘူးကြ မေျပဘူး မင္းငါ့ကိုသူတို႔ကုမၸဏီအေၾကာင္း အခုခ်က္ခ်င္းစုံစမ္းေပးစမ္း"
"ဟုတ္...ဟုတ္ကဲ့ဆရာ"
တစ္ခ်က္လႊတ္အမိန႔္ေၾကာင့္ စကားမ်ားပင္ထစ္ကုန္သည္။ရွည္ရွည္ေဝးေဝးမစဥ္းစားေနေတာ့ပဲ အရိုအေသေပးကာ ႐ုံးခန္းထဲမွထြက္သြားသည္။ သူေဌးျဖစ္သူမွာ မာနအရမ္းႀကီးသည္။ ဘယ္သူ႔ကိုမွအနိုင္မေပး သူသာလၽွင္အနိုင္ရသူျဖစ္ရမည္ဟု အတၱစိတ္ဝင္ေနသူျဖစ္သျဖင့္ ေရႊဆိုလၽွင္ေရႊ၊ေငြဆိုလၽွင္ေငြျဖစ္ေအာင္ အတြင္းေရးမွုးဟိန္းထက္လုပ္ေပးလာသည္မွာ သုံးႏွစ္ရွိခဲ့ၿပီ။
မင္းတို႔ကုမၸဏီကုိေက်ာ္ေအာင္ ငါလုပ္ျပမယ္။
_______________________
"ခြန္း ငါမနက္ကဒီအတိုင္းထြက္လာရလို႔ ဗိုက္ဆာေနၿပီ မင္းကိုငါမေစာင့္ေတာ့ဘူး ကုမၸဏီနားကဆိုင္တစ္ခုခုမွာပဲ ငါသြားစားလိုက္ေတာ့မယ္"
"ဟုတ္ ကိုႏွိုင္း ကၽြန္ေတာ္လည္းနည္းနည္းေနာက္က်မယ္ အေမ့ကိုေဆးခန္းလိုက္ပို႔မလို႔"
"ႀကီးေမကိုေဆးခန္းေသခ်ာပို႔လိုက္ေနာ္ ဂ႐ုစိုက္ၾကားလား"
"ဟုတ္ ကိုႏွိုင္း ဒါပဲေနာ္"
ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲသို႔ ထိုးထည့္လိုက္ကာ ႐ုံးခန္းထဲမွ မွန္ေရွ႕တြင္သြားရပ္သည္။ကိုယ္လုံးေပၚမွန္ဝယ္ထားေသာ္လည္း အရပ္ရွည္ေနသျဖင့္ ေခါင္းကိုမျမင္ရ၊ လည္ပင္းကိုသာျမင္ရသည္။ ေစာင္းေနသာနက္ခ္တိုင္အား ေရွ႕သို႔တည့္တည့္ေရာက္ေအာင္ဆြဲကာ အက်ီၾကယ္သီးမ်ားတစ္လုံးခ်င္းတပ္လိုက္သည္။ ကြက္တိျဖစ္ေနေသာေဘာင္းဘီေၾကာင့္ တင္ပါးႏွစ္ခုမွာ လုံး၍ထြက္ေနသည္။
႐ုံးခန္းထဲမွထြက္ကာ ကုမၸဏီအေပါက္ဝသို႔ ေဘာင္းဘီအိတ္ထဲ လက္တစ္ဖက္ထည့္ကာ ေလၽွာက္လွမ္းလာသည္။လာရာလမ္းတစ္ေလၽွာက္ ဝန္ထမ္းမေလးမ်ား၏ မ်က္စိအာဟာရေကၽြးျခင္းကို ခံယူေနရသည္။
ဆာတာၾကာလၽွင္ နာလာတတ္ေသာဗိုက္ေၾကာင့္ ေျခတံရွည္ႀကီးျဖင့္ က်ယ္က်ယ္လွမ္းကာေလၽွာက္လာသည္။ ကုမၸဏီေရွ႕တြင္ ခဏရပ္ကာ စားခ်င္သည့္ ဆိုင္ကိုေရြးခ်ယ္ေနစဥ္...
"ကိုကို..!"
မွတ္တိုင္မွေအာ္လာေသာအသံမွာ ကုမၸဏီေရွ႕ထိၾကားရသည္။အသက္လုေျပးေနရသည့္ပုံ အသည္းအသန္ျဖင့္ အားကုန္သုံးကာေျပးလာၿပီး ႏွိုင္းအားဖက္လိုက္သည္။
မည္သူတစ္ဦးတစ္ေယာက္ဆီကမွ ကိုကိုဟုအေခၚမခံရဖူးေသာေၾကာင့္အသက္ရွုပင္ရပ္သြားသလားေအာက္ေမ့ရသည္။
"ကၽြန္ေတာ့္ကို ကူညီပါ"
အသံတုန္တုန္ယင္ယင္ေၾကာင့္ အႏၲရာယ္ၾကဳံလာသည္ကို ႏွိုင္းသိလိုက္သည္။ ရင္ခြင္ထဲတြင္ငိုယိုေနေသာကေလးတစ္ေယာက္အား ႏူးႏူးညံ့ညံ့ျပန္ေပြ႕ဖက္ေပးသည္။ဘာေၾကာင့္ရယ္မွန္းမသိ ပူပန္စိတ္မ်ားျပည့္ႏွက္လာကာ ကာကြယ္ေပးခ်င္စိတ္မ်ားတိုးလာသည္။
"မွတ္တိုင္နားမွာရပ္ေနတဲ့လူေၾကာင့္လား"
စကားျဖင့္မတုံ႔ျပန္ ေခါင္းကေလးသာညိတ္ေနသည္။
"ေနာက္ကိုမလွည့္နဲ႔ ကိုယ္တို႔ဒီနားကဆိုင္တစ္ခုကိုသြားရေအာင္"
ေပ်ာ့ေခြေနေသာကိုယ္ယဲ့ယဲ့ကေလးအား ပုခုံးမွဖက္၍ထိန္းေပးကာ နီးရာဆိုင္တစ္ခုသို႔ေခၚလာခဲ့သည္။ ထိုလူမွာ ကာကြယ္ေပးမည့္လူရွိသည္ကိုသိသျဖင့္ ဆက္မလိုက္ေတာ့ပဲ ကားတစ္စီးေပၚေျပးတက္သြားသည္။
စိတ္ေအးသြားေစရန္ သုံပုရာရည္တစ္ခြက္မွာကာေရွ႕တြင္ခ်ေပးသည္။
"ဒါေလးေသာက္လိုက္ စိတ္ေအးေအးထား ဘာမွမျဖစ္ဘူး ကိုယ္ရွိတယ္"
ညႇိုးေနေသာမ်က္ႏွာကေလးမွာ ပူပင္မွုေလ်ာ့သြားသျဖင့္အနည္းငယ္လန္းလာသည္။ အားကိုးတႀကီးျဖင့္ အကူအညီေတာင္းလာခဲ့သည္ကိုပင္ ေက်းဇူးတင္ရေပမည္။ ႏွိုင္းမ်က္ႏွာတြင္ အျပဳံးပန္းပြင့္သည္မွာ ျမင္ရခဲသည္ မဆိုင္းမတြႏွင့္ ဤလူသားတစ္ေယာက္ကိုေတာ့ ပထမဆုံးအႀကိမ္အျဖစ္ သူျပဳံးျပခဲ့သည္။
"ေက်းဇူးတင္ပါတယ္ ကၽြန္ေတာ့္ကိုကူညီေပးခဲ့တဲ့အတြက္"
"ရပါတယ္ ဒါနဲ႔ အဲ့လူကိုမင္းသိလား"
"ဟင့္အင္း ကၽြန္ေတာ္မသိဘူး သူကၽြန္ေတာ့္ေနာက္ကိုလိုက္တာႏွစ္ခါရွိၿပီ"
ဒီလိုႏုႏုယြယြ ေကာင္ေလးတစ္ေယာက္ကို မက္ေမာၾကသည္မွာမဆန္း။ ဒီေန႔လည္း အတိုဝတ္လာျပန္ၿပီ သတိေပးမွရမယ္ ေနာက္ဆုိဘာေတြနဲ႔ၾကဳံရအံုးမလဲမသိဘူး။ ႀကိဳက္တယ္ဆိုရင္ေတာင္ ဒီလိုမ်ိဳးလိုက္ၿပီးမေႏွာင့္ယွက္သင့္ဘူး မျဖစ္ေတာ့ဘူး ငါဒီေကာင္ေလးကိုကာကြယ္ေပးရမယ္။
"ေနာက္ကုမၸဏီကိုလာတဲ့အခါ အတိုေတြမဝတ္ပါနဲ႔ ေဘာင္းဘီရွည္ေလးေတြေျပာင္းဝတ္ ၾကားလား ဒါမင္းအတြက္ေျပာေနတာ"
ဒုကၡေရာက္ေနတဲ့အခ်ိန္ ကၽြန္ေတာ့္မ်က္စိေရွ႕မွာေပၚလာေပးတဲ့အတြက္ ခင္ဗ်ားကိုလည္းေက်းဇူးတင္ပါတယ္။
ကၽြန္ေတာ္အစကခင္ဗ်ားကို ႏွလုံးသားမရွိတဲ့ေအးစက္စက္လူတစ္ေယာက္လို႔ထင္ခဲ့မိတယ္ ဒါေပမယ့္ အခုေတာ့ကၽြန္ေတာ္ထင္ထားတာနဲ႔တျခားစီပဲ ။
တကယ္ကိုေႏြးေထြးတဲ့လူတစ္ေယာက္ဆိုတာ ကၽြန္ေတာ္သိလိုက္ရၿပီ ကၽြန္ေတာ္ေရွ႕ေလၽွာက္ ပိုၿပီးေကာင္းေပးပါမယ္ မဆိုးေတာ့ပါဘူး။ေစတနာေတြကိုေစာ္ကားခဲ့မိတဲ့အတြက္လည္းကၽြန္ေတာ္ေတာင္းပန္ပါတယ္။
"ဘာလို႔ၾကည့္ေနတာလဲ မ်က္ႏွာမွာတစ္ခုခုေပေနလို႔လား"
"ဟင့္အင္း ဘာမွမဟုတ္ဘူး"
မုန႔္ထိုင္စားေနေသာႏွိုင္းအား တစိမ့္စိမ့္ထိုင္ၾကည့္ေနသျဖင့္ ႏွိုင္းမေနတတ္ေတာ့သျဖင့္စကားတစ္ခုခုေျပာရန္ႀကံစည္ေနသည္။
"ခုမွသတိရတယ္ ခုနေလးတုန္းက ကိုယ့္ကို ကိုကိုလို႔ေခၚလိုက္သလိုပဲ"
"ေအာ္..ေအာ္အဲ့တာလား ဟိုေလ အဲ့လိုေခၚတယ္ဆိုတာ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကိုခ်စ္သူေတြထင္သြားရင္ သူထပ္ၿပီးလိုက္မေႏွာင့္ယွက္ေတာ့ေအာင္လို႔ ဒီအတိုင္းပါးစပ္က လႊတ္ခနဲထြက္သြားမိတာ စိတ္ထဲမထားပါနဲ႔"
မိုဝီရွက္လာေသာေၾကာင့္ နားရြက္ကိုလက္ဖ်ားေလးႏွင့္ပြတ္ကာ ျပဳံးျပလိုက္သည္။ ထိုအျပဳံးမွာ ဆက္မေမးနဲ႔မေျဖခ်င္ဘူး ဆိုေသာ အဓိပၸာယ္သက္ေရာက္ေနသည္ကို ႏွိုင္းအထာနပ္သြားသျဖင့္ ဘာမွဆက္မေျပာေတာ့ပဲ ၿငိမ္သာေနလိုက္သည္။
စိတ္ၿငိမ္သြားၿပီးကာမွ ပိုက္ဆံရွင္းၿပီး ကုမၸဏီသို႔ျပန္လာခဲ့ၾကသည္။
"ကိုႏွိုင္း မုန႔္သြားစားတာ လူေပ်ာက္တိုင္ရေတာ့မယ္ထင္လို႔ ၾကာလိုက္တာဗ်ာ ကၽြန္ေတာ္ဒီမွာထိုင္ေစာင့္ေနရတာ ဖင္ေတြပူေနၿပီ"
"မွာထားတာေတြလာခ်ေပးတာ ၾကာေနလို႔ပါ"
"ဒါနဲ႔ ဘယ္လိုျဖစ္ၿပီး ႏွစ္ေယာက္ကအတူတူေရာက္လာတာလဲ"
"ေရွ႕မွာေတြ႕တာ"
"ေရွ႕မွာေတြ႕တာ"
ႏွစ္ေယာက္သား အသံတစ္ညီတည္းထြက္လာသျဖင့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ျပန္ၾကည့္ကာ ရယ္မိသြားၾကၿပီးမွ မ်က္ႏွာျပန္တည္လိုက္ၾကသည္။ သူမသိေသာကိစၥတစ္ခုရွိမည္ကို ခြန္းရိပ္မိသြားသည္။မေျပာခ်င္ရျခင္းမွာ အေၾကာင္းရွိလိမ့္မည္ဟုသေဘာေပါက္ေသာေၾကာင့္ မေမးျဖစ္ေတာ့ေပ။
ညေနေစာင္း ႐ုံးဆင္းခ်ိန္တြင္ စိတ္မခ်ေသာေၾကာင့္ အိမ္ထိအေရာက္လိုက္ပို႔ေပးခဲ့သည္။
"ေသခ်ာသြားေနာ္"
"ဒီေန႔အတြက္ ေက်းဇူးတင္ပါတယ္"
အျပန္အလွန္ျပဳံးျပကာ မိုဝီလည္းအိမ္ထဲသို႔ေရာက္သြားသည္ကိုၾကည့္ၿပီးမွ ခြန္းႏွင့္အတူအိမ္ျပန္လာခဲ့သည္။
ဒီလိုက်ေတာ့လည္းခ်စ္ဖို႔ေကာင္းသားပဲ ..ဘာလို႔အရင္ကဂ်စ္ကန္ကန္ေနတာလဲမသိဘူး။ဘယ္လိုပဲျဖစ္ျဖစ္ပါ ကိုယ္တို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ကယ္ခဲ့ၿပီးၿပီဆိုေတာ့..ဒီထက္ပိုၿပီးရင္းႏွီးခ်င္တယ္။
တစ္ေယာက္တည္း ျပဳံးစိစိျဖစ္ေနသည္ကို ကားမွန္ထဲမွလွမ္းေတြ႕ေနရသျဖင့္..
ထူးထူးဆန္းဆန္းပါလား တစ္ခါမွေတာင္ရယ္မျပဘူးတဲ့သူက ခုေတာ့ျပဳံးလို႔ေပ်ာ္လို႔ ။ ဒီလိုေလးတျဖည္းျဖည္းေျပာင္းလဲလာတာကလည္းေကာင္းပါတယ္ မဟုတ္ရင္ အျမဲတမ္း တငူငူတငိုင္ငိုင္နဲ႔မို႔ ျမင္ရတဲ့သူလည္း စိတ္မခ်မ္းသာဘူး။
___________________
February 3,2017
ရွပ္ျဖဴျဖဴသန႔္သန႔္တစ္ထည့္အား ခါးထည့္ကာဂ်င္းေဘာင္းဘီရွည္တစ္ထည္ကိုဝတ္ဆင္ထားေသာလူတစ္ေယာက္ ကာေနးရွင္း အျဖဴေရာင္မ်ားအားပန္းအိုးတစ္ခုႏွင့္ စားပြဲေပၚတြင္ထိုးေပးေနသည္။
ႏွိုင္းအခန္းထဲသို႔ေရာက္ရွိလာခ်ိန္ ပန္းအိုးထိုးေနသည္ကိုျမင္ေတာ့....
"မင္းဘယ္သူလဲ ငါ့အခန္းထဲဘယ္လိုေရာက္ေနတာလဲ"
သူစိမ္းတစ္ေယာက္ေရာက္ေနသျဖင့္ ႏွိုင္းေနာက္သို႔ေျခလွမ္းဆုတ္လိုက္ကာ ေဘးမွစင္တြင္တင္ထားေသာ ဖိုင္တြဲတစ္ခုကိုင္၍ ရိုက္ရန္ျပင္လိုက္သည္။ ထိုသူေနာက္ကိုလွည့္လာေတာ့ ပါးစပ္အေဟာင္းသားျဖစ္သြားရရွာသည္။
ထိုအေၾကာင္းအရင္းမွာ....
"မိုဝီ..လူေတာင္မွားတယ္ ကိုယ္ကအခန္းထဲကိုလူဆိုးမ်ားဝင္လာတာလားလို႔"
"ေဘာင္းဘီရွည္ဝတ္ဆို ခုေတာ့လူဆိုးလို႔ေတာင္ထင္သြားတာလား"
"မဟုတ္ပါဘူး ဒီလိုမျမင္ဖူးေတာ့ အထင္လြဲသြားမိတာ"
လူဆိုးဟုထင္မိေတာ့ မ်က္ေစာင္းကေလးတစ္ထိုးထိုးႏွင့္။
"ဒီ ကာေနးရွင္းေတြက ဘာအတြက္လဲ"
"မေန႔ကကူညီေပးတဲ့အတြက္ ေက်းဇူးတင္တဲ့အေနနဲ႔ ထိုးေပးထားတာ အရမ္းရွာရခက္တာေနာ္ ဂၽြန္လလယ္ေလာက္မွာပဲပြင့္တဲ့ပန္းကို တကူးတကကၽြန္ေတာ္ရွာထားရတာ က်န္တဲ့ပန္းထက္ ဒီပန္းကပိုၿပီး အဓိပၸာယ္ရွိတယ္ေလ"
"ဘယ္လိုမ်ိဳးလဲ"
ကာေနးရွင္းပန္းေလးေတြအေၾကာင္းသိတဲ့လူရွားတယ္ ဒီေကာင္ေလးက ထူးျခားသားပဲ။
ႏွိုင္း ကာေနးရွင္းပန္းမ်ားအေၾကာင္း ေစ့ေစ့ေပါက္ေပါက္အကုန္သိေသာ္လည္း မသိခ်င္ေယာင္ေဆာင္၍ေမးလိုက္သည္။
"ဒီအျဖဴေရာင္ေလးက ကံေကာင္းျခင္းဆိုတဲ့ အဓိပၸာယ္ရတယ္ ကိုယ့္ထက္ႀကီးတဲ့လူေတြကို သူတို႔ရဲ့ေမြးေန႔မွာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ဘဝအသစ္ကိုစတင္ေစခ်င္ရင္ျဖစ္ျဖစ္ လက္ေဆာင္အေနနဲ႔ေပးလို႔ရတယ္ ကၽြန္ေတာ္က ကံေကာင္းျခင္းေတြေရာက္လာေအာင္ ၿပီးေတာ့ကၽြန္ေတာ္တို႔မတည့္ခဲ့တဲ့ရက္ေတြကိုေမ့ထားလိုက္ၿပီး အခုေတာ့တည့္ေအာင္ေနသြားက်ရေအာင္ဆိုတဲ့ ရည္ရြယ္ခ်က္ေလးနဲ႔လုပ္ေပးတာ"
"အဲ့ပန္းေလးေတြကို လက္ေဆာင္ေပးရင္ ျဖဴစင္တဲ့အခ်စ္ကိုျပတာဆိုတဲ့အဓိပၸာယ္လည္းသက္ေရာက္ေသးတယ္ေနာ္"
ဒီလူကေတာ့ေနာ္ ေစတနာပ်က္ေအာင္စေနျပန္ၿပီ ဘယ္လိုလူလဲမသိဘူး တကယ္ပါပဲ။
"ဟုတ္ေရာဟုတ္လို႔လား ဘယ္လိုသိတာလဲ"
"အရင္ကနိုင္ငံျခားမွာေက်ာင္းသြားတက္တုန္းက ကိုယ္ေနတဲ့အေဆာင္ေဘးမွာ ကာေနးရွင္းၿခံရွိတယ္ ပန္းေတြကိုစိတ္ဝင္စားေတာ့ခဏခဏသြားတာနဲ႔ ပိုင္ရွင္ကရွင္းျပခဲ့ဖူးတာ"
ျဖဴစင္တဲ့အခ်စ္ဆိုတာ တကယ္ရွိပါတယ္။ပကာသနေတြမပါပဲ လိုခ်င္တပ္မက္မွုေတြမရွိပဲ ျဖစ္တည္လာတဲ့ တစ္ခုတည္းေသာ အခ်စ္ တနည္းအားျဖင့္ အခ်စ္စစ္အခ်စ္မွန္လို႔ေျပာလည္းရတယ္..မင္းေတာ့ဘယ္သိမွာလဲ ကိုယ္မင္းကိုခ်စ္မိသြားခဲ့ၿပီဆိုတာကို။
"မဆိုးပါဘူး ဒီေလာက္သိရင္ကၽြန္ေတာ္နဲ႔ေပါင္းလို႔ရၿပီ"
"ဟုတ္ပါၿပီဗ်ာ ကိုယ့္ကို ကိုႏွိုင္းလို႔ေခၚလို႔ရပါတယ္ ကိုယ္လည္းမိုဝီမဟုတ္ပဲ မိုလို႔ေခၚမယ္ေနာ္ ရတယ္မလား"
"ရ ရပါတယ္.."
ခြန္းေတဇတစ္ေယာက္ မိမိမွာအတြင္းေရးမွူးျဖစ္ေသာ္လည္း ဘာမွမသိရသျဖင့္ ႏွစ္ေယာက္ေျပာေနၾကသည္ကို နားစြန္နားဖ်ားၾကားရၾကားရ တံခါးႏွင့္နား တစ္လက္မေတာင္မကြာေအာင္ ကပ္ထားကာခိုးနားေထာင္သည္။
ဘယ္အခ်ိန္ကတည္းကစၿပီး ဒီႏွစ္ေယာက္ ဒီေလာက္ေတာင္ရင္းႏွီးသြားခဲ့တာလဲ။
=====================
=====================
Nun's note~
Voteမေပးခဲ့တဲ့ကေလးေတြကို တစ္ပိုင္းၿပီးတိုင္း ႀကိမ္လုံးကိုင္ၿပီးေစာင့္ေနတယ္ ျမင္ရလား?(๑•﹏•)
ဂေရဟမ္ရဲ့ အခ်စ္စြမ္းအားဆိုတဲ့သီခ်င္းေလးနဲ႔ ႏွုတ္ဆက္လိုက္ပါတယ္ေနာက္တစ္ပိုင္းက်ရင္ျပန္ေတြ႕မယ္ေနာ္