Unicode...
ဒေါက်.... ဒေါက်....ဒေါက်
"ကျွန်တော်ဝင်လာပြီနော် ကိုနှိုင်း"
"စုံစမ်းခိုင်းထားတာရပြီလား"
အခန်းအတွင်းရိှ ထိုင်ခုံပေါ်တွင် အနောက်တိုင်းဝတ်စုံအနက်ရောင်နှင့်တီရှပ်အဖြူဝတ်ဆင်ထားကာ ခြေနှစ်ချောင်းချိတ်၍ထိုင်နေသူ။ ခန္ဓာကိုယ်မှာ ခပ်တောင့်တောင့် ၊ တည်ကြည်ခံ့ညားသောရုပ်ရည် ၊ ဖြူဖွေးသောအသား ၊ ရှည်လျားသောအရပ်နှင့် သွေးကြောစိမ်းများထင်းနေသော လက်သွယ်သွယ်ကလေးနှစ်စုံ ။ ရေှ့စားပွဲခုံပေါ်၌ ဖန်သားစစ်စစ်ဖြင့် ထွင်းထုထားသော နာမည်မှာ Sue Thit Hnine(ဆူးသစ်နှိုင်း)။
"ကိုနှိုင်းရှာခိုင်းထားတဲ့လူက ခုရန်ကုန်မှာမရိှပါဘူး ရှမ်းပြည်ဘက်မှာ တိမ်းရေှာင်နေတယ်လို့ သိရပါတယ်"
"သူများသားသမီးကို ဒုက္ခရောက်အောင် လုပ်တုန်းကလုပ်ပြီး ခုကျမှ ထွက်ပြေးနေတယ်တဲ့လား လူမဆန်လိုက်တာ တောက်.."
ကြားရသောစကားကြောင့် ချက်ချင်းဆိုသလိုပင် မျက်နှာမှာနီရဲကာ ဒေါသစိတ်များ တစ်ဟုန်တည်းပေါ်ထွက်လာသည်။ စားပွဲအားလက်သီးဖြင့်ထုကာ အောက်နှုတ်ခမ်းကို သွေးထွက်မတတ် ခပ်တင်းတင်း တစ်ချက်ကိုက်လိုက်သည်။
"ပုန်းနိုင်တုန်း ပုန်းထားအုံးပေါ့ ခင်ဗျားကို တစ်ကမ္ဘာလုံး မြေလှန်ပြီးပဲရှာရရှာရကျွန်တော့်အသက် မသေဆုံးခင်အထိခင်ဗျားကိုတွေ့အောင်ရှာပြမယ်"
___________________
နေရောင်ခြည်နုနုအောက် လတ်ဆတ်သောလေကို တစ်ဝကြီးရှုရှိုက် ရသည်မှာ အလွန်ပင် စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။ ကောင်းကင်ပြာပြာကြီးနှင့် လိုက်ဖက်ညီလွန်းလှသော တိမ်ဖြူဖြူလေးများမှာ ဟိုတစ်ကွက် သည်တစ်ကွက်နှင့်ပန်းချီကားတစ်ချပ်သဖွယ် လှပလွန်းလှသည်။
တောအုပ်သဖွယ် သစ်ပင်စိမ်းစိမ်းကလေးများဝိုင်းရံထားသော အိမ်ကလေးတစ်လုံး၏ရေ့ှတွင် အနွေးထည် မထူမပါးကလေးဝတ်ကာ မတ်တပ်ရပ်နေသောကျွန်တော်။
"ကလေး နိုးနေပြီလား"
ရုတ်တရက် အနောက်ဘက်မှ ကြားလိုက်ရသော အသံချိုချိုလေးတစ်ခု။ ခပ်ငယ်ငယ် ယောက်ျားလေးတစ်ယောက်ဖြစ်မည်ထင်သည်။ လှည့်ကြည့်မည်အလုပ် ထိုသူသည် အနောက်ဖက်မှနေ၍ ကျွန်တော့်ခါးအား ဆွဲကာဖက်လိုက်သည်။
ဖက်ထားသည်ကို တစ်ချက်ငုံ့ကြည့်မိသည်နှင့် မြင်လိုက်ရသည်မှာ လိမ္မော်ရောင် လက်ရှည်အကျီလေးအောက်မှ ထင်းနေသော ခပ်သွယ်သွယ် လက်ဖြူဖြူလေးနှစ်ဖက်။ ထိုသူနှင့် ရိှနေရသည်မှာ နွေးထွေးသလိုပင်။ မိခင်တစ်ဦး၏ ရင်ခွင်ထဲ၌ရှိနေသော သားငယ်တစ်ယောက်သကဲ့သို့ ကျွန်တော့်အား ထိုသူသည် နွေးထွေးမှုကို အပြည့်အဝ ပေးစွမ်းထားနိုင်သည်။
ဗီး... ဗီး...ဗီး...
မိှတ်နေသော မျက်လုံးနှစ်စုံအား ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်မှ အလင်းရောင်မှာ မျက်လုံးထဲ စူးကနဲ ဝင်ရောက်လာသည်။နှိုးစက်သံကြောင့် ကူကူးအိပ်ရာမှ နိုးထလာခဲ့ပါသည်။
ငါအိပ်မက်ထပ်မက်ပြန်ပြီပဲ။ထပ်ပြီး ဒီလူပဲလား။တကယ်ပဲ ခင်ဗျားကဘယ်သူလဲ ။ဘာလို့ကျွန်တော့် အိပ်မက်ထဲခဏခဏရောက်လာတာလဲ ။
"ကူကူးရေ..မနက်စာစားရအောင်"
ထိုစဥ ် အခန်းတံခါးဖွင့်ကာ ဝင်လာသော အစ်မဖြစ်သူကြောင့် မေးခွန်းထုတ်နေချိန်မရလိုက်။
"မကီ ရာ ဝင်လာမယ်ဆိုရင် တံခါးလေးဘာလေးခေါက်ပြီးမှဝင်ပါ ကျွန်တော် အဝတ်လဲနေတဲ့အချိန်ဆို ဘယ်လိုလုပ်မလဲ"
"အမယ် နင်ကများ ငါတံခါးခေါက်တာတောင် မသိရအောင် ဘာစဉ်းစားခန်းတွေများဝင်နေလို့လဲ"
"ဘာ..ဘာမှမစဉ်းစားပါဘူး မနက်စာစားဖို့ လာခေါ်တာမလား ကျွန်တော်ဆင်းလာခဲ့မယ်"
"ကူကူးနင်နော်စကားတွေလဲထစ်လို့နင်...မဟုတ်တာတွေများလုပ်နေတာလား"
အိပ်မက်ထဲကလူကြောင့် စိတ်ရှူပ်နေရတဲ့အထဲ မနက်စောစောစီးစီး ပူညံပူညံနှင့် ဆရာကြီး လာလုပ်နေသည်ကို ကျွန်တော်မကြိုက်။ စိတ်မရှည်ရတဲ့အထဲ မကီ၏ မျက်လုံးမှာ ကျွန်တော့်အောက်ပိုင်းကိုကြည့်လိုက် မျက်နှာကိုပြန်ကြည့်လိုက်နှင့် စပ်ဖြီးဖြီးလုပ်နေသည်။ မကီမှာ အမေှာင်ဂိုဏ်းဖြစ်သည့်အတွက် ကျွန်တော်အကြောက်ရဆုံးပင်။
"ပေါက်ကရတွေတွေးမနေနဲ့နော် သွားသွား..ကျွန်တော်လာခဲ့မယ်"
အတင်းထွက်သွားခိုင်းသော်လည်း မျက်နှာပိုးကမသတ်သေး တံခါးမပိတ်သေးခင် ခေါင်းပြူတစ်ပြူတစ်နှင့် ချောင်းကြည့်သွားသေးသည်။
fujoshi အစ်မကိုရထားသည်မှာ ကျွန်တော့်အတွက် အင်မတန်ပင် အန္တရာယ်များလှသည်။ သူနှင့်စကားပြောတိုင်း ဘရိတ်အုပ်ပြီးပြောရသည်။ မဟုတ်လျှင် ကိုယ်ဆိုလိုသည်မှာတစ်မျိုး၊ သူသဘောပေါက်နေသည်မှာတစ်မျိုးနှင့် ဆက်မပြောဖြစ်တော့သည်များ အမြဲလိုလိုကြုံရစမြဲပင်။
_____________
်
ကန်တင်း၏ ဘယ်ဘက်အခြမ်းဝိုင်း၌ ကူကူးနှင့်အတူ မိန်းကလေးနှစ်ယောက်ထိုင်နေကြသည်။ လမ်းဘက်ကိုမျက်နှာမူ၍ ထိုင်နေသူမှာ ကူကူး။
ခပ်ပြပြနေရောင်ခြည်လေးမှာ နဖူးထက်အုပ်မိုးနေသောဆံပင်လေးများကြားထဲမှ ထိုးဖောက်ကာ မျက်ဝန်းညိုညိုလေးပေါ်သို့ ရိပ်ရိပ်ကလေး ကျနေသည်။ အရပ်မှာ 5'7" ၊ ကပြားလေးမို့ အသားအရည်မှာ ဖြူဖျော့ဖျော့ ၊ မိန်းကလေးများအားကျရလောက်အောင် ထူထဲသော ပန်းနုရောင်နှုတ်ခမ်းလေးလည်း ရိှသေးသည်။
Graphic design ဒုတိယနှစ်တက်နေသော စတိုင်ကျကျ ကောင်လေး။တစ်ကျောင်းလုံးမှ မိန်းကလေးများ၏ သဲသဲလှုပ် kingလေးဆိုလဲမမှားပြန်။ ကူကူး၏ စွဲမက်စရာအကောင်းဆုံးတစ်ချက်မှာ ညာဘက်မျက်ခမ်းအောက်က မှည့်ကလေးတစ်လုံးပင်။
"ဟဲ့ ကူး ..နင် ဒီနေ့ဆံပင်တွေဘာတွေချလို့ပါလား နင်ဒီလိုချထားတာ တစ်ခါမှမမြင်ဖူးဘူး"
"ဒီနေ့ ခေါင်းလျေှာ်ထားတာ ဆံပင်ထောင်ရမှာ ပျင်းတာနဲ့ ဒီအတိုင်းလာခဲ့တာ ဘာလို့လဲ ကြည့်ရဆိုးနေလို့လား"
မေးနေသူမှာ ကူကူး၏ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ထဲမှ အသားညိုသောသဒ္ဒါပင်။ ပုပုသေးသေး၊ဆံပင်ဂုတ်ဝဲနှင့်် ချစ်စရာကောင်းလှသည်။
"မဆိုးပါဘူး ပိုတောင်ချစ်ဖို့ကောင်းသေးတယ် နော်သက်တံ့နော်"
"အေးလေ ဒီလိုလေးချထားတော့ ရုပ်တောင်ပြောင်းသွားသလိုပဲ"
ကော်ဖီေမွှရင်း ပြန်ဖြေနေသော သက်တံ့ ။ ကူကူးလေး၏ ဒုတိယမြောက်သူငယ်ချင်း။ပန်းနုရောင်အသားအရည်၊ ဆံပင်ရှည်ရှည်နှင့် လှသည်လည်းမဟုတ် မဟာဆန်သည်ဆိုလျှင် ပိုမှန်မည်။
"ချထားရင် ချွေးထွက်တဲ့အခါ စိုစိစိနဲ့ ပြီးတော့ ဝက်ခြံပေါက်မှာစိုးလို့ ငါအမြဲ အလယ်ခွဲထားတာ"
"တစ်ခါတလေတော့လည်းချထားပေါ့ဟယ် ဘာလဲနင်က ကောင်လေးတွေကြိုက်သွားကြမှာစိုးလို့လား"
"နင်တို့နော် မဟုတ်တာတွေလျေှာက်ပြောမနေနဲ့ ငါကဘယ်လိုနေနေ ချောနေပြီးသား"
Confident level so high သော သူကိုမှ သွားပြောမိသော သက်တံ့တစ်ယောက် ပြောစရာစကားပျောက်ဆုံးသွားကာ ငြိမ်ကုတ်နေတော့သည်။
"နင်တို့စားလို့သောက်လို့ပြီးပြီလား..ပြီးရင်ငါတို့ဒီနေ့လစ်ရအောင် ရုပ်ရှင်သွားကြည့်မယ်လေ"
"အဲ့အကြံမဆိုးဘူး နှစ်ကောင်လုံးထထ သွားမယ် ပိုက်ဆံရှင်း"
အတန်းလစ်ဖို့ နှစ်ခါတောင်ပြောစရာမလိုလိုက်။ လွယ်အိတ်ကိုဆွဲမကာ သွားရန် အသင့်ပြင်နေသော သက်တံ့အား ကြောင်အမ်းအမ်းထိုင်ကြည့်နေသည့် ကူကူးနှင့်သဒ္ဒါ။
________
ရုပ်ရှင်ရုံထဲမှ ဖြူဖပ်ဖြူရော်နှင့်ထွက်လာကြသော သုံးယောက်။ သရဲကား ကောင်းမှုအကြောင်းပြု၍ ထိပ်လန့်နေကြဟန်။
"ဇာတ်ကားလေးကတော့မဆိုးပါဘူး နည်းနည်းလန့်သွားလို့ထင်တယ် ဗိုက်တောင်ဆာလာသလိုပဲ အောက်ထပ်မှာ မုန့်သွားစားရအောင်"
အတန်းလစ်ရင်လည်း နှစ်ခါပြောစရာမလိုသလို မုန့်စားဖို့ဆိုလျှင်လည်း စကားမဆုံးခင် သဒ္ဒါ့ကိုထား၍ သွားနှင့်နေကြပြီ။
်ကူကူးတစ်ယောက် ကော့တော့ကော့တော့နှင့် ရေ့ှမှထွက်သွားကာ နောက်က ငိုငေးဒီငေးဖြင့် သက်တံ့နှင့် သဒ္ဒါလိုက်လာသည်။ ထိုသုံးယောက်၏ ရေ့ှတည့်တည့်တွင် stage စင်ထိုးထားကာ ကျင်းပနေသောပွဲတစ်ပွဲ။
"ဒီနေ့ ကျွန်တော်တို့ Junction Square မှာ ပထမဆုံးဖွင့်လှစ်မယ့် Triple ရဲ့ဆိုင်ခွဲဖွင့်ပွဲလေးပဲဖြစ်ပါတယ်"
"ဟုတ်ကဲ့ ကျွန်တော့်နာမည်က ဆူးသစ်နှိုင်း ပါ"
ဆူးသစ်နိှုင်း ဆိုသော အမည်နာမအား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ကူကူး၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
ပထမဆုံးကြားဖူးသော နာမည်ဖြစ်သော်လည်း စိတ်ထဲ၌ ရင်းနှီးနေသလိုပင်။
"ဟဲ့ကူး..ဘာရပ်လုပ်နေတာလဲ အိမ်ပြန်မယ်လေ"
ထိုသုံးယောက်ဘက်သို့ နှိုင်း တစ်ချက်လှည့်လိုက်သည်။ ကူကူးနှင့် မျက်လုံးချင်းဆုံသွားကာ မျက်နှာတွင် အံ့ဩသွားသော အရိပ်အယောင်သန်းနေသလိုပင်။
"အော် အင်းအင်းသွားမယ်"
တစ်ခုရိှသည်မှာ ကူကူးဟာ အဝေးမှုန်တစ်ယောက်။ ထိုနေ့ထိုအချိန်တွင် မျက်မှန်ရော၊မျက်ကပ်မှန်ကောမပါ သဖြင့် မည်သူမည်ဝါမှန်း မသိလိုက်ပြန်။
သို့သော် ဆူးသစ်နှိုင်း ဟူသောနာမည်မှာ စိတ်ထဲတွင် စွဲကျန်ရစ်ခဲ့သည်။
________________
နက်ခ်တိုင်ကြိုးကို ဖြေလျေှာ့ကာ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
"ခွန်း"
"ခင်ဗျာ ကိုနှိုင်း"
"ငါဒီနေ့ ဖွင့်ပွဲလုပ်နေတုန်းက မိုဝီ့ကို တွေ့လိုက်တယ်"
ခွန်းတေဇတစ်ယောက် အကြပ်ရိုက်သွားသည်။
"ကိုနှိုင်းကလည်း ဘယ်လိုဖြစ်နိုင်မှာလဲ လူမှားတာနေမှာပါ"
"အေးနော် ငါလူမှားတာနေမှာ လူမှားတာပဲနေမှာပါ"
မိုဝီ ကိုယ်မင်းကိုသတိရတယ် ဟူသောစကားတစ်ခွန်းမှာ နေ့စဉ်နေ့တိုင်း စိတ်ထဲတွင် ရေရွတ်မိသောအရာပင်ဖြစ်သည်။
====================
====================
Nun's note~
နွန်း ဒီဇာတ်လမ်းကို ရေးမယ်လို့ဆုံးဖြတ်ပြီးကတည်းက စောင့်နေပေးမယ့်လူတစ်ယောက်ရိှရုံနဲ့တင် နွန်းအတွက်လုံလောက်နေပါပြီ။ဘယ်လိုအကြောင်းမျိုးရိှရိှ အပြီးထိရေးပါ့မယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ(◍•ᴗ•◍)❤
ကြိုက်နှစ်သက်လို့ရှိရင် vote လေးပေးခဲ့ပါအုံးနော်~
=================
=================
Zawgyi...
ေဒါက္.... ေဒါက္....ေဒါက္
"ကၽြန္ေတာ္ဝင္လာၿပီေနာ္ ကိုႏွိုင္း"
"စုံစမ္းခိုင္းထားတာရၿပီလား"
အခန္းအတြင္းရိွ ထိုင္ခုံေပၚတြင္ အေနာက္တိုင္းဝတ္စုံအနက္ေရာင္ႏွင့္တီရွပ္အျဖဴဝတ္ဆင္ထားကာ ေျခႏွစ္ေခ်ာင္းခ်ိတ္၍ထိုင္ေနသူ။ ခႏၶာကိုယ္မွာ ခပ္ေတာင့္ေတာင့္ ၊ တည္ၾကည္ခံ့ညားေသာ႐ုပ္ရည္ ၊ ျဖဴေဖြးေသာအသား ၊ ရွည္လ်ားေသာအရပ္ႏွင့္ ေသြးေၾကာစိမ္းမ်ားထင္းေနေသာ လက္သြယ္သြယ္ကေလးႏွစ္စုံ ။ ေရွ႕စားပြဲခုံေပၚ၌ ဖန္သားစစ္စစ္ျဖင့္ ထြင္းထုထားေသာ နာမည္မွာ Sue Thit Hnine(ဆူးသစ္ႏွိုင္း)။
"ကိုႏွိုင္းရွာခိုင္းထားတဲ့လူက ခုရန္ကုန္မွာမရိွပါဘူး ရွမ္းျပည္ဘက္မွာ တိမ္းေရွာင္ေနတယ္လို႔ သိရပါတယ္"
"သူမ်ားသားသမီးကို ဒုကၡေရာက္ေအာင္ လုပ္တုန္းကလုပ္ၿပီး ခုက်မွ ထြက္ေျပးေနတယ္တဲ့လား လူမဆန္လိုက္တာ ေတာက္.."
ၾကားရေသာစကားေၾကာင့္ ခ်က္ခ်င္းဆိုသလိုပင္ မ်က္ႏွာမွာနီရဲကာ ေဒါသစိတ္မ်ား တစ္ဟုန္တည္းေပၚထြက္လာသည္။ စားပြဲအားလက္သီးျဖင့္ထုကာ ေအာက္ႏွုတ္ခမ္းကို ေသြးထြက္မတတ္ ခပ္တင္းတင္း တစ္ခ်က္ကိုက္လိုက္သည္။
"ပုန္းနိုင္တုန္း ပုန္းထားအုံးေပါ့ ခင္ဗ်ားကို တစ္ကမၻာလုံး ေျမလွန္ၿပီးပဲရွာရရွာရကၽြန္ေတာ့္အသက္ မေသဆုံးခင္အထိခင္ဗ်ားကိုေတြ႕ေအာင္ရွာျပမယ္"
___________________
ေနေရာင္ျခည္ႏုႏုေအာက္ လတ္ဆတ္ေသာေလကို တစ္ဝႀကီးရွုရွိုက္ ရသည္မွာ အလြန္ပင္ စိတ္ခ်မ္းေျမ့ဖြယ္ေကာင္းသည္။ ေကာင္းကင္ျပာျပာႀကီးႏွင့္ လိုက္ဖက္ညီလြန္းလွေသာ တိမ္ျဖဴျဖဴေလးမ်ားမွာ ဟိုတစ္ကြက္ သည္တစ္ကြက္ႏွင့္ပန္းခ်ီကားတစ္ခ်ပ္သဖြယ္ လွပလြန္းလွသည္။
ေတာအုပ္သဖြယ္ သစ္ပင္စိမ္းစိမ္းကေလးမ်ားဝိုင္းရံထားေသာ အိမ္ကေလးတစ္လုံး၏ေရ့ွတြင္ အေႏြးထည္ မထူမပါးကေလးဝတ္ကာ မတ္တပ္ရပ္ေနေသာကၽြန္ေတာ္။
"ကေလး နိုးေနၿပီလား"
႐ုတ္တရက္ အေနာက္ဖက္မွ ၾကားလိုက္ရေသာ အသံခ်ိဳခ်ိဳေလးတစ္ခု။ ခပ္ငယ္ငယ္ ေယာက္်ားေလးတစ္ေယာက္ျဖစ္မည္ထင္သည္။ လွည့္ၾကည့္မည္အလုပ္ ထိုသူသည္ အေနာက္ဖက္မွေန၍ ကၽြန္ေတာ့္ခါးအား ဆြဲကာဖက္လိုက္သည္။
ဖက္ထားသည္ကို တစ္ခ်က္ငုံ႔ၾကည့္မိသည္ႏွင့္ ျမင္လိုက္ရသည္မွာ လိေမၼာ္ေရာင္ လက္ရွည္အက်ီေလးေအာက္မွ ထင္းေနေသာ ခပ္သြယ္သြယ္ လက္ျဖဴျဖဴေလးႏွစ္ဖက္။ ထိုသူႏွင့္ ရိွေနရသည္မွာ ေႏြးေထြးသလိုပင္။ မိခင္တစ္ဦး၏ ရင္ခြင္ထဲ၌ရွိေနေသာ သားငယ္တစ္ေယာက္သကဲ့သို႔ ကၽြန္ေတာ့္အား ထိုသူသည္ ေႏြးေထြးမွုကို အျပည့္အဝ ေပးစြမ္းထားနိုင္သည္။
ဗီး... ဗီး...ဗီး...
မိွတ္ေနေသာ မ်က္လုံးႏွစ္စုံအား ဖြင့္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ျပတင္းေပါက္မွ အလင္းေရာင္မွာ မ်က္လုံးထဲ စူးကနဲ ဝင္ေရာက္လာသည္။ႏွိုးစက္သံေၾကာင့္ ကူကူးအိပ္ရာမွ နိုးထလာခဲ့ပါသည္။
ငါအိပ္မက္ထပ္မက္ျပန္ၿပီပဲ။ထပ္ၿပီး ဒီလူပဲလား။တကယ္ပဲ ခင္ဗ်ားကဘယ္သူလဲ ။ဘာလို႔ကၽြန္ေတာ့္ အိပ္မက္ထဲခဏခဏေရာက္လာတာလဲ ။
"ကူကူးေရ..မနက္စာစားရေအာင္"
ထိုစဥ ္ အခန္းတံခါးဖြင့္ကာ ဝင္လာေသာ အစ္မျဖစ္သူေၾကာင့္ ေမးခြန္းထုတ္ေနခ်ိန္မရလိုက္။
"မကီ ရာ ဝင္လာမယ္ဆိုရင္ တံခါးေလးဘာေလးေခါက္ၿပီးမွဝင္ပါ ကၽြန္ေတာ္ အဝတ္လဲေနတဲ့အခ်ိန္ဆို ဘယ္လိုလုပ္မလဲ"
"အမယ္ နင္ကမ်ား ငါတံခါးေခါက္တာေတာင္ မသိရေအာင္ ဘာစဥ္းစားခန္းေတြမ်ားဝင္ေနလို႔လဲ"
"ဘာ..ဘာမွမစဥ္းစားပါဘူး မနက္စာစားဖို႔ လာေခၚတာမလား ကၽြန္ေတာ္ဆင္းလာခဲ့မယ္"
"ကူကူးနင္ေနာ္စကားေတြလဲထစ္လို႔နင္...မဟုတ္တာေတြမ်ားလုပ္ေနတာလား"
အိပ္မက္ကလူေၾကာင့္ စိတ္ရွူပ္ေနရတဲ့အထဲ မနက္ေစာေစာစီးစီး ပူညံပူညံႏွင့္ ဆရာႀကီး လာလုပ္ေနသည္ကို ကၽြန္ေတာ္မႀကိဳက္။ စိတ္မရွည္ရတဲ့အထဲ မကီ၏ မ်က္လုံးမွာ ကၽြန္ေတာ့္ေအာက္ပိုင္းကိုၾကည့္လိုက္ မ်က္ႏွာကိုျပန္ၾကည့္လိုက္ႏွင့္ စပ္ၿဖီးၿဖီးလုပ္ေနသည္။ မကီမွာ အေမွာင္ဂိုဏ္းျဖစ္သည့္အတြက္ ကၽြန္ေတာ္အေၾကာက္ရဆုံးပင္။
"ေပါက္ကရေတြေတြးမေနနဲ႔ေနာ္ သြားသြား..ကၽြန္ေတာ္လာခဲ့မယ္"
အတင္းထြက္သြားခိုင္းေသာ္လည္း မ်က္ႏွာပိုးကမသတ္ေသး တံခါးမပိတ္ေသးခင္ ေခါင္းျပဴတစ္ျပဴတစ္ႏွင့္ ေခ်ာင္းၾကည့္သြားေသးသည္။
fujoshi အစ္မကိုရထားသည္မွာ ကၽြန္ေတာ့္အတြက္ အင္မတန္ပင္ အႏၲရာယ္မ်ားလွသည္။ သူႏွင့္စကားေျပာတိုင္း ဘရိတ္အုပ္ၿပီးေျပာရသည္။ မဟုတ္လၽွင္ ကိုယ္ဆိုလိုသည္မွာတစ္မ်ိဳး၊ သူသေဘာေပါက္ေနသည္မွာတစ္မ်ိဳးႏွင့္ ဆက္မေျပာျဖစ္ေတာ့သည္မ်ား အျမဲလိုလိုၾကဳံရစျမဲပင္။
_____________
္
ကန္တင္း၏ ဘယ္ဘက္အျခမ္းဝိုင္း၌ ကူကူးႏွင့္အတူ မိန္းကေလးႏွစ္ေယာက္ထိုင္ေနၾကသည္။ လမ္းဘက္ကိုမ်က္ႏွာမူ၍ ထိုင္ေနသူမွာ ကူကူး။
ခပ္ျပျပေနေရာင္ျခည္ေလးမွာ နဖူးထက္အုပ္မိုးေနေသာ ဆံပင္ေလးမ်ားၾကားထဲမွ ထိုးေဖာက္ကာ မ်က္ဝန္းညိဳညိဳေလးေပၚသို႔ ရိပ္ရိပ္ကေလး က်ေနသည္။ အရပ္မွာ 5'7" ၊ ကျပားေလးမို႔ အသားအရည္မွာ ျဖဴေဖ်ာ့ေဖ်ာ့ ၊ မိန္းကေလးမ်ားအားက်ရေလာက္ေအာင္ ထူထဲေသာ ပန္းႏုေရာင္ႏွုတ္ခမ္းေလးလည္း ရိွေသးသည္။
Graphic design ဒုတိယႏွစ္တက္ေနေသာ စတိုင္က်က် ေကာင္ေလး။တစ္ေက်ာင္းလုံးမွ မိန္းကေလးမ်ား၏ သဲသဲလွုပ္ kingေလးဆိုလဲမမွားျပန္။ ကူကူး၏ စြဲမက္စရာအေကာင္းဆုံးတစ္ခ်က္မွာ ညာဘက္မ်က္ခမ္းေအာက္က မွည့္ကေလးတစ္လုံးပင္။
"ဟဲ့ ကူး ..နင္ ဒီေန႔ဆံပင္ေတြဘာေတြခ်လို႔ပါလား နင္ဒီလိုခ်ထားတာ တစ္ခါမွမျမင္ဖူးဘူး"
"ဒီေန႔ ေခါင္းေလၽွာ္ထားတာ ဆံပင္ေထာင္ရမွာ ပ်င္းတာနဲ႔ ဒီအတိုင္းလာခဲ့တာ ဘာလို႔လဲ ၾကည့္ရဆိုးေနလို႔လား"
ေမးေနသူမွာ ကူကူး၏ အခ်စ္ဆုံးသူငယ္ခ်င္းသုံးေယာက္ထဲမွ အသားညိဳေသာသဒၵါပင္။ ပုပုေသးေသး၊ဆံပင္ဂုတ္ဝဲႏွင့္္ ခ်စ္စရာေကာင္းလွသည္။
"မဆိုးပါဘူး ပိုေတာင္ခ်စ္ဖို႔ေကာင္းေသးတယ္ ေနာ္သက္တံ့ေနာ္"
"ေအးေလ ဒီလိုေလးခ်ထားေတာ့ ႐ုပ္ေတာင္ေျပာင္းသြားသလိုပဲ"
ေကာ္ဖီေမႊရင္း ျပန္ေျဖေနေသာ သက္တံ့ ။ ကူကူးေလး၏ ဒုတိယေျမာက္သူငယ္ခ်င္း။ပန္းႏုေရာင္အသားအရည္၊ ဆံပင္ရွည္ရွည္ႏွင့္ လွသည္လည္းမဟုတ္ မဟာဆန္သည္ဆိုလၽွင္ ပိုမွန္မည္။
"ခ်ထားရင္ ေခၽြးထြက္တဲ့အခါ စိုစိစိနဲ႔ ၿပီးေတာ့ ဝက္ၿခံေပါက္မွာစိုးလို႔ ငါအျမဲ အလယ္ခြဲထားတာ"
"တစ္ခါတစ္ေလေတာ့လည္းခ်ထားေပါ့ဟယ္ ဘာလဲနင္က ေကာင္ေလးေတြႀကိဳက္သြားၾကမွာစိုးလို႔လား"
"နင္တို႔ေနာ္ မဟုတ္တာေတြေလၽွာက္ေျပာမေနနဲ႔ ငါကဘယ္လိုေနေန ေခ်ာေနၿပီးသား"
Confident level so high ေသာ သူကိုမွ သြားေျပာမိေသာ သက္တံ့တစ္ေယာက္ ေျပာစရာစကားေပ်ာက္ဆုံးသြားကာ ၿငိမ္ကုတ္ေနေတာ့သည္။
"နင္တို႔စားလို႔ေသာက္လို႔ၿပီးၿပီလား..ၿပီးရင္ငါတို႔ဒီေန႔လစ္ရေအာင္ ႐ုပ္ရွင္သြားၾကည့္မယ္ေလ"
"အဲ့အႀကံမဆိုးဘူး ႏွစ္ေကာင္လုံးထထ သြားမယ္ ပိုက္ဆံရွင္း"
အတန္းလစ္ဖို႔ ႏွစ္ခါေတာင္ေျပာစရာမလိုလိုက္။ လြယ္အိတ္ကိုဆြဲမကာ သြားရန္ အသင့္ျပင္ေနေသာ သက္တံ့အား ေၾကာင္အမ္းအမ္းထိုင္ၾကည့္ေနသည့္ ကူကူးႏွင့္သဒၵါ။
________
႐ုပ္ရွင္႐ုံထဲမွ ျဖဴဖပ္ျဖဴေရာ္ႏွင့္ထြက္လာၾကေသာ သုံးေယာက္။ သရဲကား ေကာင္းမွုအေၾကာင္းျပဳ၍ ထိပ္လန႔္ေနၾကဟန္။
"ဇာတ္ကားေလးကေတာ့မဆိုးပါဘူး နည္းနည္းလန႔္သြားလို႔ထင္တယ္ ဗိုက္ေတာင္ဆာလာသလိုပဲ ေအာက္ထပ္မွာ မုန႔္သြားစားရေအာင္"
အတန္းလစ္ရင္လည္း ႏွစ္ခါေျပာစရာမလိုသလို မုန႔္စားဖို႔ဆိုလၽွင္လည္း စကားမဆုံးခင္ သဒၵါ့ကိုထား၍ သြားႏွင့္ေနၾကၿပီ။
္ကူကူးတစ္ေယာက္ ေကာ့ေတာ့ေကာ့ေတာ့ႏွင့္ ေရ့ွမွထြက္သြားကာ ေနာက္က ငိုေငးဒီေငးျဖင့္ သက္တံ့ႏွင့္ သဒၵါလိုက္လာသည္။ ထိုသုံးေယာက္၏ ေရ့ွတည့္တည့္တြင္ stage စင္ထိုးထားကာ က်င္းပေနေသာပြဲတစ္ပြဲ။
"ဒီေန႔ ကၽြန္ေတာ္တို႔ Junction Square မွာ ပထမဆုံးဖြင့္လွစ္မယ့္ Triple ရဲ့ဆိုင္ခြဲဖြင့္ပြဲေလးပဲျဖစ္ပါတယ္"
"ဟုတ္ကဲ့ ကၽြန္ေတာ့္နာမည္က ဆူးသစ္ႏွိုင္း ပါ"
ဆူးသစ္နိွုင္း ဆိုေသာ အမည္နာမအား ၾကားလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ကူကူး၏ ေျခလွမ္းမ်ား ရပ္တန႔္သြားခဲ့သည္။
ပထမဆုံးၾကားဖူးေသာ နာမည္ျဖစ္ေသာ္လည္း စိတ္ထဲ၌ ရင္းႏွီးေနသလိုပင္။
"ဟဲ့ကူး..ဘာရပ္လုပ္ေနတာလဲ အိမ္ျပန္မယ္ေလ"
ထိုသုံးေယာက္ဘက္သို႔ ႏွိုင္း တစ္ခ်က္လွည့္လိုက္သည္။ ကူကူးႏွင့္ မ်က္လုံးခ်င္းဆုံသြားကာ မ်က္ႏွာတြင္ အံ့ဩသြားေသာ အရိပ္အေယာင္သန္းေနသလိုပင္။
"ေအာ္ အင္းအင္းသြားမယ္"
တစ္ခုရိွသည္မွာ ကူကူးဟာ အေဝးမွုန္တစ္ေယာက္။ ထိုေန႔ထိုအခ်ိန္တြင္ မ်က္မွန္ေရာ၊မ်က္ကပ္မွန္ေကာမပါ သျဖင့္ မည္သူမည္ဝါမွန္း မသိလိုက္ျပန္။
သို႔ေသာ္ ဆူးသစ္ႏွိုင္း ဟူေသာနာမည္မွာ စိတ္ထဲတြင္ စြဲက်န္ရစ္ခဲ့သည္။
________________
နက္ခ္တိုင္ႀကိဳးကို ေျဖေလၽွာ့ကာ ထိုင္ခုံေပၚတြင္ ထိုင္ခ်လိုက္သည္။
"ခြန္း"
"ခင္ဗ်ာ ကိုႏွိုင္း"
"ငါဒီေန႔ ဖြင့္ပြဲလုပ္ေနတုန္းက မိုဝီ့ကို ေတြ႕လိုက္တယ္"
ခြန္းေတဇတစ္ေယာက္ အၾကပ္ရိုက္သြားသည္။
"ကိုႏွိုင္းကလည္း ဘယ္လိုျဖစ္နိုင္မွာလဲ လူမွားတာေနမွာပါ"
"ေအးေနာ္ ငါလူမွားတာေနမွာ လူမွားတာပဲေနမွာပါ"
မိုဝီ ကိုယ္မင္းကိုသတိရတယ္ ဟူေသာစကားတစ္ခြန္းမွာ ေန႔စဥ္ေန႔တိုင္း စိတ္ထဲတြင္ ေရရြတ္မိေသာအရာပင္ျဖစ္သည္။
====================
====================
Nun's note~
ႏြန္း ဒီဇာတ္လမ္းကို ေရးမယ္လို႔ဆုံးျဖတ္ၿပီးကတည္းက ေစာင့္ေနေပးမယ့္လူတစ္ေယာက္ရိွ႐ုံနဲ႔တင္ ႏြန္းအတြက္လုံေလာက္ေနပါၿပီ။ဘယ္လိုအေၾကာင္းမ်ိဳးရိွရိွ အၿပီးထိေရးပါ့မယ္။
ေကာင္းေသာေန႔ေလးျဖစ္ပါေစ(◍•ᴗ•◍)❤
ႀကိဳက္ႏွစ္သက္လို႔ရွိရင္ vote ေလးေပးခဲ့ပါအုံးေနာ္~
See you later...