GTKWF (Myanmar Translation )

By Liz_774

395K 50.6K 5.4K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1
Chapter 155.2
Chapter 156
Chapter 157
Chapter 158
Chapter 159

Chapter 141.1

1.2K 189 6
By Liz_774

{Unicode}

အပိုင်း ၁၄၁.

ပန်းခင်းအား ကျော်ဖြတ်လာပြီးနောက် ပို၍ ဝေးဝေးလျှောက်လာလေ ပို၍ ခေါင်သီလာလေပင်။ ပတ်ဝန်းကျင်ရှုခင်းမှာ မဲမှောင်၍ သွေးစွန်းနေလျက်ရှိသည်။ ရှန့်ချောင် အနည်းငယ် ကြောက်ရွံ့လာကာ ဝိညာဉ်လမ်းမထက်တွင် အခြားသော တာဝန်များ ရှိမရှိ ပြန်လှည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အရိပ်အမှောင်များအကြားမှ အဖြူ အမဲ ပုံရိပ်နှစ်ခု လေပေါ် မျောလွင့်လာသည်ကို သူမ မြင်လိုက်ရသည်။  မျောလွင့်လာသည်ဟု ပြောသည်မှာ မမှန်လှ။ အမှန်အားဖြင့် ထိုသူနှစ်ဦးမှာ ခြေဖျားထောက် လမ်းလျှောက်လာခြင်းဖြစ်ပြီး ခြေဖနောင့်များ မြေပေါ် ထိခြင်းမရှိပဲ သူတို့ လမ်းလျှောက်နေသည့် ပုံစံမဇာ အလွန်တရာ ထူးဆန်းလှသည်။

နှစ်ဦးသားမှာ အမဲနှင့် အဖြူအသီးသီး ဝတ်ဆင်ထားသည်။ အမဲဝတ်ဆင်ထားသူက 'ငါတို့ မင်းကို လာကြိုတယ်' စာတန်းပါသည့် ဦးထုပ် ဆောင်းထားကာ အဖြူလူဆောင်းထားသည့် ဦးထုပ်ပေါ်တွင်မူ 'မင်းလည်း ဒီမှာပဲ' ဟူ၍။ နှစ်ဦးစလုံးမှာ မြေအောက်ကမ္ဘာမှ ဖြစ်ကြောင်း သိသာထင်ရှားသည်။

ရှန့်ချောင် အငိုက်မိသွားကာ ထိတ်လန့်သွားရသည်။ သူမ 'အမေရေ' အော်ကာ နောက်လှည့်ထွက်ပြေးတော့သည်။

အနက်ရောင်လူက ခြေဖျားထောက်ရာမှ ရပ်လိုက်ကာ သူမနောက် အလျှင်အမြန် ပြေးလိုက်လာသည်။ ရှန့်ချောင် နောက်လှည့်ကြည့်ကာ ထိုသူနှစ်ဦး နီးကပ်လာသည်ကို မြင်လိုက်ရသည်။ ထိတ်လန့်လွန်းသဖြင့် 'ကယ်ကြပါဦး' အော်ရင်း ထွက်ပြေးတော့သည်။

မည်သို့ပင်ဆိုစေ ငယ်ရွယ်သန်မာသည့် ယောကျ်ားနှစ်ယောက်အား သူမ ကျော်မပြေးနိုင်ပဲ မကြာခင်မှာပင် အမှီလိုက်လာခဲ့သည်။ ရှန့်ချောင် မျက်လုံးအုပ်ကာ နေရာမှာတင် အော်ဟစ်လာခြင်းက အနက်ရောင်လူအား ဒေါသထွက်သွားစေကာ ရှန့်ချောင်ထံ လှမ်းအော်လာသည်။

"မင်းနာမည် ဘာလဲ? မင်း နည်းနည်းလောက် သရဲ ဂုဏ်သိက္ခာထိန်းလို့မရဘူးလား?"

ရှန့်ချောင်လည်း ပြန်အော်သည်။

"သရဲက သရဲ ကြောက်လို့မရဘူးလား? နင်တို့ ငါ့နောက် ဘာလို့ လိုက်နေတာလဲ?"

အနက်ရောင်ပုံရိပ်က ပြန်ဖြေသည်။

"ဒါဆို မင်းကရော ဘာလို့ ပြေးနေတာလဲ? မင်း ပြေးနေတာ ငါတို့ မလိုက်လို့ရမလား?"

ရှန့်ချောင် - "......"

သူမ ဒေါသထွက်လွန်းသဖြင့် ကြောက်စိတ်ပင် မရှိတော့ချေ။ သူမ လက်ဖယ်လိုက်ကာ စူးစူးရဲရဲစိုက်ကြည့်သည်။ အနက်ရောင်ပုံရိပ်ဘေးရှိ အဖြူရောင်အရိပ်မှာ နှုတ်ခမ်းထက်တွင် လျှာတစ်ဝက်တင်လျက်ဖြင့် မသဲမကွဲအသံပြုကာ ညည်းညူနေသည်ကို မြင်လိုက်ရသည်။ ထိုသူက အသံတစ်ချို့ပြုကာ လက်ဝှေ့ရမ်းနေသေးသည်။

ရှန့်ချောင် စိတ်ရှုပ်ထွေးသွားရသည်။

"နင် ဘာလုပ်နေတာလဲ? ငါ Sign language နားမလည်ဘူး"

အနက်ရောင်ပုံရိပ်က ရှင်းပြသည်။

"သူ့လျှာကို အခုလေးတင် ခွေးတစ်ကောင်က မတော်တဆယူသွားမိတယ်၊ အဲ့ဒါကြောင့် ငါ ပိုင်ကောကို ကူပြီး လျှာတစ်ခု ပြန်လုပ်ပေးမလို့၊ မင်းက အချိန်ကိုက်ရောက်လာတာ"

ရှန့်ချောင် - " ??? "

တခြားသူတွေ ရတဲ့ မစ်ရှင်တွေက အရမ်းကိုမှ အေးဆေးသာယာပြီး သူမအလှည့်ကျမှ ဘာလို့ ဒီလောက် သွေးသံရဲရဲဖြစ်နေရတာလဲ?

ရှန့်ချောင် ကံကြမ္မာကို လက်ခံကာ အဖြူနှင့် အနက်ပုံရိပ်နောက်လိုက်၍ ယိုယွင်းပျက်စီးနေသည့် အလုပ်ရုံသို့ ရောက်လာကာ အခန်းထဲရှိ စဉ့်နှီးတုံးပေါ်တွင် တစ်စုံတစ်ခုအား မြင်တွေ့လိုက်ရသည်။ ပန်းရောင်နှင့်အနီရောင် အစားအစာဆိုးဆေးများဖြစ်ပြီး ကြည့်ရတာ သူမက ဂျုံနှင့် နယ်၍ လျှာပြုလုပ်ပေးရမည့်ပုံပေါ်သည်။

ဂျုံနယ်ရခြင်းကား လွယ်ကူသည်မဟုတ်၊ အားစိုက်ထုတ်ရခြင်းနှင့် ကျွမ်းကျင်မှု လိုအပ်သည်။ မတော်တဆ မှောက်မှားပြုလုပ်မိလျှင် တအား ခြောက်သွားခြင်းသော်လည်းကောင်း၊ ရေများသွားခြင်းသော်လည်းကောင်း ဖြစ်နိုင်သည်။ ရှန့်ချောင်မှာ တစ်ကိုယ်လုံး ချွေးစေးပြန်လျက်ရှိပြီး ခန္ဓာကိုယ်အနှံ့ ဂျုံမှုန့်များ ပေပွလျက်ရှိသည့်အပြင် လက်ပါ ညောင်းလာသည်။

ပြီးမြောက်ပြီးသည့် လျှာတုများစွာမှာ သင့်တော်ခြင်းမရှိပဲ အနက်ရောင်ပုံရိပ်က အနောက်ဘက်မှနေ၍ ထိုလျှာအားလုံးကို ယူကာ ပြန်ရောသမမွှေပစ်လိုက်သည်။

တစ်နာရီကျော်မျှ အချိန်ပေးပြုလုပ်ပြီးနောက်ဆုံးတွင် ရှန့်ချောင်က ပြီးပြည့်စုံသည့် လျှာတစ်ချောင်းအား ထုတ်ယူလာကာ အဖြူရောင်ပုံရိပ်ပေါ်တွင် တပ်ဆင်ပေးသည်။ ထိုသူနှစ်ဦးက သူမအား လွှတ်ပေးကာ ခြေဖျားထောက်၍ ပြန်ထွက်သွားသည်။

ရှန့်ချောင်မှာ ပင်ပန်းလွန်းသဖြင့် တံခါးဘောင်ပေါ် ထိုင်ချလိုက်သည်။ သူမပခုံးပေါ်ရှိ အသက်ပွိုင့်ထံမှ တင်ခနဲ မြည်သံအား ကြားလိုက်ရသည်။ သူမ တစ်ကိုယ်တည်းတွေးတောလိုက်သည်။ တကယ်ပဲ ဒီအသက်ပွိုင့် အကုန်ပြည့်မှာလား? သို့သော် သူမ ခေါင်းမော့ကြည့်လိုက်လျှင် အသက်ပွိုင့်မှာ အနည်းငယ်မျှသာ တိုးသွားပြီး လက်တလောတွင် နှစ်ပွိုင့်သာ တိုးသေးသည်။

ပထမဆုံးသော ပြန်လည်ဝင်စားခြင်းတံခါး မပွင့်မှီ အချိန်တစ်နာရီမျှ ကျန်သေးသည်။

ဒါ ငါ့ကို လာနောက်နေတာလား?

ဒီလောက်ပင်ပန်းတဲ့ တာဝန်ပြီးမှ အသက်ပွိုင့် နည်းနည်းလေးတိုးလာတာ.... ဆယ့်နှစ်နာရီလုံး တာဝန်တွေ ပြီးမြောက်အောင် လုပ်ဖို့က လွယ်ကူမနေဘူး!!

ရှန့်ချောင် တံခါးဘောင်ပေါ် ထိုင်နေရင်း မေးစေ့ပွတ်ကာ မျက်နှာတစ်ခုလုံး ဂျုံမှုန့်တို့ ပေလျက်ဖြင့် စဉ်းစားခန်းဖွင့်သည်။ အချိန်အတော်ကြာ တွေးတောပြီးမှ ကောက်ချက်ချလိုက်နိုင်သည်။

"ဒါရိုက်တာအဖွဲ့က ငါတို့ကို ထပ်ပြီး လာကစားနေပြန်တာပဲ"

အပြင်ဘက်ရှိ ဒါရိုက်တာအဖွဲ့ - "........."

သူမက ကင်မရာဆီ စေ့စေ့ကြည့်ကာ နှာခေါင်းရှုံ့သည်။

"ငါ မှန်းတာသာ မမှားရင် အခြားသူတွေ မစ်ရှင်ပြီးရင်တောင် သူတို့ အသက်ပွိုင့်နည်းနည်းဆီပဲ ပြန်ရလိမ့်မယ်... မစ်ရှင်လုပ်ရုံနဲ့တော့ ငါတို့အသက်ပွိုင့်အားလုံး ပြန်ဖြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကျိန်းသေပေါက် တခြားနည်းလမ်းရှိရမယ်... ငါ သွားရှာမယ်"

ဒါရိုက်တာအဖွဲ့ - "......."

သွားပြီ... သွားပြီ.... ဦးနှောက် bug ထပ်ပြီး အွန်လိုင်းတက်လာပြီ!!

ရှန့်ချောင် ဖုတ်ဖတ်ခါကာ မတ်တပ်ထရပ်ရင်း ခပ်မြန်မြန် နောက်ကြောင်းပြန်လျှောက်သွားသည်။ သူမ ပန်းခင်းဆီ လျှောက်သွားချိန်တွင် ရှန်ကျွင့်ယီးနှင့် ကျောက်ယွီတို့ စကားများနေသံကို အဝေးမှပင် ကြားနေရသည်။

ကျောက်ယွီအသံမှာ ကျယ်လောင်လွန်းလှကာ သူမက ပန်းခင်း၏ နူးညံ့သိမ်မွေ့သည့် အစောင့်အရှောက်သံတမန်ဟူသည့် သရုပ်အား လုံးဝဥဿုံ ပစ်ချထားလိုက်သည်။ သူမက ရှန်ကျွင့်ယီးနောက် တံမြက်စည်းတစ်ချောင်းဖြင့် လိုက်ရင်း

"ထွက်သွား!!! အခုချက်ချင်း ဒီကနေ ထွက်သွား!!! ဒီက ထွက်သွား!!!"

ရှန်ကျွင့်ယီးက အော်ဟစ်ရင်း ပုန်းကွယ်နေကာ

"ငါ မသွားဘူး!! ငါ့မစ်ရှင်က ခဏနေ ပြီးတော့မှာ!"

ကျောက်ယွီမှာ ရူးသွပ်တော့မတတ်။

"ငါ နှစ်တစ်သောင်းလောက် စောင့်ရှောက်လာတဲ့ ပန်းခင်းကို နင် ဘာလုပ်ပစ်လိုက်လဲ ကြည့်စမ်း!! ပန်းအကောင်းဆိုလို့ တပွင့်တောင် ကျန်သေးရဲ့လား? ဟမ်?!! ဒီတာဝန်လုပ်နေတာကို ရပ်ပြီး အခုချက်ချင်း ဒီက ထွက်သွား!!"

ရှန်ကျွင့်ယီး - "ငါ ဒီလောက်ကြိုးစားပြီး ကြွက်တွေ ဖမ်းပေးထားတာ! ငါ အခုချက်ချင်း အောင်မြင်တော့မှာ!! ငါ မသွားဘူး! နင် ငါ့ကို လိမ်ချင်နေတာမလား? ငါ့ကို ဆုမပေးချင်လို့မလား?!!"

ရှန့်ချောင် လှမ်းကြည့်လိုက်လျှင် ယခုလေးတင် ပန်းပေါင်းစုံ ဖူးပွင့်ကာ ယိမ်းနွဲ့နေခဲ့သည့် ပန်းခင်းမှာ ခြေမွခံထားရသည်။

ရှန်ကျွင့်ယီးက သူ့လက်ထဲတွင် ဟန်းစတားတို့ ပြည့်နှက်နေသည့် လှောင်အိမ်တစ်ခုကိုင်ထားကာ ကျောက်ယွီအား ခြိမ်းခြောက်သည်။

"နင် ထပ်လုပ်ရင်... နင် ငါ့ကို ထပ်ရိုက်ရင် ငါ နင့်ကို ကြွက်လှောင်အိမ်နဲ့ ရိုက်သတ်ပစ်မယ်... ယုံလား မယုံဘူးလား?"

ကျောက်ယွီ တံမြက်စည်းကိုင်ကာ မျက်နှာတည့်တည့် ဆောင့်ချရင်း

"ငါ ဒီနေ့ နင့်ကို အသေရိုက်သတ်ပစ်ပြီး အသားစင်းကောဖြစ်တဲ့ထိ နုတ်နုတ်စင်းပြီး မြေပြင်ပေါ်က ကြေမွသွားတဲ့ ငါ့ပန်းတွေအတွက် ယစ်ပူဇော်ပစ်မယ်!"

သွေးသံရဲရဲအဖြစ်အပျက်များ ဖြစ်ပွါးတော့မည်ကို မြင်တွေ့ပြီးနောက် ရှန့်ချောင် ရှေ့ဘက်ပြေးသွားကာ နှစ်ဦးသားအား လူချင်းခွဲလိုက်သည်။ ရှန်ကျွင့်ယီး သူမအား မြင်သည်နှင့် ချက်ချင်းဆိုသလို မျက်နှာထက် အပြုံးဆင်မြန်းကာ

"ရှုန်းတိ... ရောက်လာပြီလား? မစ်ရှင်အောင်ခဲ့ပြီလား?"

ရှန့်ချောင် သူမပခုံးအား လက်ညှိုးညွှန်ကာ

"ငါ တစ်နာရီလောက် အလုပ်များခဲ့တာတောင် နည်းနည်းပဲ တိုးသွားတယ်၊ အဲ့ဒါကြောင့် ပြဿနာရှာမနေနဲ့တော့၊ ငါထင်တာတော့ နင်ပြီးလည်း အသက်ပွိုင့်နည်းနည်းပဲ တိုးမှာ"

ရှန်ကျွင့်ယီး ခုန်ထကာ ကျောက်ယွီအား ထပ်မံဆူပြန်သည်။

"မင်းတို့ မြေအောက်လောကက လူတွေ ဘာလို့ ဒီလောက်တောင် ကြောင်းကျိုးမညီညွတ်ရတာလဲ? ဝိညာဉ်မှားခေါ်တဲ့အပြင်ကို လုပ်အားကို အလွဲသုံးစားလုပ်သေးတယ်၊ ငါ ကောင်းကင်ဘုံဆီတက်ပြီး တရားစွဲမယ်"

ကျောက်ယွီ 'ဖွီ' သံပြုကာ သူနှင့် အဓိပ္ပါယ်မရှိ အငြင်းအခုံမပြုလိုတော့ပေ။ သူမက လည်ချောင်းရှင်းကာ အဝတ်အစားတို့အား ဆွဲဆန့်လိုက်ပြီးနောက် သူမ၏ သံတမန်ပုံရိပ်အား ပြန်လည်အသွင်ယူသည်။

"မင်း ငါ့ပန်းခင်းကို ဖျက်ဆီးပစ်တယ်၊ ငါက ကြင်နာတတ်တဲ့သူမလို့ မင်းနဲ့ အငြင်းအခုံပြုမနေတော့ဘူး၊ နောက်မကျသေးဘူး၊ မြန်မြန်ထွက်သွားတော့!"

ရှန်ကျွင့်ယီး သူမနှင့် ဆက်ငြင်းလိုသေးသော်လည်း ရှန့်ချောင်က သူ့အား ဆွဲခေါ်သွားသည်။

သူမ ထွက်သွားခါနီး နောက်ပြန်လှည့်ကြည့်ချိန်တွင် ကျောက်ယွီက သစ်သားရေပုံးနှင့် သစ်သားဇွန်းအား ယူကာ မေ့လျော့ခြင်းမြစ်ရေမှ ရေခပ်ယူရင်း ရှန်ကျွင့်ယီးကြောင့် ကြေမွသွားသည့် ပန်းပင်များအား ရေလောင်းနေသည်ကို မြင်လိုက်ရသည်။

ဝိညာဉ်လမ်းမရှိရာဆီ ပြန်လျှောက်လာလျှင် ကျီကျားယို့၊ ကျန်းမင်နှင့် လော့ချင်းတို့အားလုံး သူတို့၏ တာဝန်အား ပြီးမြောက်ပြီးဖြစ်သည်။ ရှန့်ချောင် ခန့်မှန်းတွေးတောထားခဲ့သလိုပင် လူတိုင်းက အသက်ပွိုင့်အနည်းငယ်စီသာ ရရှိခဲ့ကြသည်။

သူတို့အားလုံး ဖန်းကျီအား ရှာတွေ့ချိန်တွင် သူမက တူကိုကိုင်ကာ ကြိုးစားပမ်းစားထုနှက်နေဆဲဖြစ်သည်။ ယခင်က အေးစက်နေသော်လည်း ယခုအခါတွင်မူ ပူနွေးနေလေပြီ။ သူမကျောဘက်ရှိ အဝတ်တပြင်လုံး စိုရွှဲလျက်ရှိကာ မျက်နှာမှာ နီရဲလျက်ရှိသည်။ ရှန့်ချောင် ပြောသည်ကို ကြားပြီးနောက် ဖန်းကျီက လက်ထဲရှိ သံတူကို အသံမြည်သည်အထိ ပစ်ထုတ်လိုက်သည်။

"နောက်ဆုံးတော့ တူထုစရာမလိုတော့ဘူး!!! ငါ အချိန်အကြာကြီး ထုနေတာတောင် သံတုံးက သံတုံးပဲ... သံကြိုးကွင်းအဖြစ် နည်းနည်းတောင် ပြောင်းမသွားဘူး!!"

လူခြောက်ယောက်စလုံး စုဝေးကာ လမ်းမထက်တွင် စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းပတ်ထိုင်ရင်း ဘာဆက်လုပ်ရမည်ကို ဆွေးနွေးသည်။

ရှန်ကျွင့်ယီး - "ပြန်သွားပြီး ပေါ့မုန်ကို သွားကြိုးတုပ်၊ သူ့အိုးကို လုပြီး ငါတို့တစ်ယောက်ကို စွပ်ပြုတ် ၉၉ခွက် ထပ်သောက်တာပေါ့"

ဒါရိုက်တာ - "......."

သူ ဘာလို့ တချိန်လုံး ပေါ့မုန်ကိုပဲ ပြန်ပေးဆွဲချင်နေရတာလဲ?

ရှန့်ချောင်မှာ သူ့အား အာရုံစိုက်ရန် ပျင်းလွန်းလှကာ သာမန်ကာလျှံကာမျှဖြင့် သစ်ကိုင်းခြောက်တစ်ခုအား ကောက်ယူကာ မြေကြီးပေါ် ရေးခြစ်သည်။

"ငါတို့ မျက်စိသျှမ်းသွားတဲ့ တစ်ခုခု ကျိန်းသေရှိရမယ်... ငါတို့ ဒီဇာတ်ကွက်ကို မပြီးသေးဘူး၊ ရှိုးအဖွဲ့က ဒီရှုခင်းတွေကို အလဟဿအဖြစ်ခံမှာ မဟုတ်ဘူး၊ ငါ့အမြင်ကတော့ လူခွဲပြီး မြေအောက်ကမ္ဘာနဲ့ မသင့်တော်တဲ့အရာ ရှိမရှိ ရှာကြည့်သင့်တယ်"

ဖန်းကျီ - "ဘာအဓိပ္ပါယ်လဲ?"

ရှန့်ချောင်က ရှင်းပြသည်။

"ငါတို့အခုရောက်နေတာက မြေအောက်ကမ္ဘာမှာ၊ ဘယ်အရာက မြေအောက်ကမ္ဘာမှာ ရှိသင့်ပြီး ဘယ်အရာက မရှိသင့်ဘူးလဲ? ဥပမာအနေနဲ့ ဒီမှာ ဝိညာဉ်တွေ ရှိတယ်၊ အဖြူအမဲ ပုံရိပ်၊ မုန့်ပေါ်နဲ့ မြေအောက်ဘုရင်။ ဒါ ပုံမှန်ပဲ... ဒါပေမယ့် ဒီမှာ သက်ရှိလူ ဒါမှမဟုတ် နတ်ဘုရားပေါ်ထွက်လာရင် တစ်ခုခုမှားနေတာ မဟုတ်ဘူးလား?"

လူတိုင်းက ခေါင်းညိတ်ကာ နားလည်ကြောင်း ဆိုသည်။ ရှန့်ချောင်က အလွန်အမင်း စိတ်ကျေနပ်သွားကာ

"ဒါဆို ငါတို့ လူခွဲရှာရအောင် ဒီနေရာမှာ နာရီဝက်နေရင် ပြန်ဆုံမယ်"

ဒါရိုက်တာအဖွဲ့ - "......"

သူတို့စိတ်ထဲတွင် ဇာတ်ညွန်းလျို့ဝှက်ချက်မှာ မကြာခင်အချိန်အတွင်း ဖော်ထုတ်ခံရတော့မည်ဟု မကောင်းသည့်အရိပ်အငွေ့တို့ ခံစားလိုက်ရသည်။

လူခြောက်ယောက်က လူစုခွဲကာ ယခုလေးတွင် သူတို့မရောက်သေးသည့်နေရာများအား သွားရောက်စူးစမ်းသည်။ ရှန့်ချောင်က မေ့လျော့ခြင်းမြစ်ကမ်းတစ်လျောက် လမ်းလျှောက်သွားသည်။ ဆယ်မိနစ်ကြာ လမ်းလျှောက်ပြီးနောက် သူမရှေ့တွင် ရေကန်တစ်ကန် ပေါ်ထွက်လာသည်။ မေ့လျော့ခြင်းမြစ်ရေက ကန်တစ်ကန်အဖြစ် ပေါင်းစုသွားခြင်းဖြစ်သည်။ ကန်ဘေးနားရှိ ကျောက်တိုင်ပေါ်တွင် 'ဝမ်ရှန်းရေကန်' ဟု ထွင်းထုထားသည်။

(ဝမ်ရှန်းရေကန် - ပြန်လည်မွေးဖွားခြင်း ရေကန်)

ရေကန်မှာ အဖြူရောင်အခိုးအငွေ့တို့ဖြင့် ပြည့်နှက်နေကာ ရှေ့ဘက်ခြမ်းတစ်ခုလုံး မှုန်ဝါးလျက်ရှိသည်။ သူမ မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်ချေ။ ရှန့်ချောင် ရေကန်ဘေး ဆောင့်ကြောင့်ထိုင်ချကာ ရေဆော့သည်။ သူမ ထရပ်မည့်ဟန်ပြင်ချိန်တွင် အဖြူရောင်မြူခိုးမြူငွေ့များအကြားမှ ခပ်သေးသေးလှေတစ်စင်း ဖျော့တော့စွာ ပေါ်ထွက်လာသည်ကို လှမ်းမြင်လိုက်ရသည်။

အခြေအနေကား ထူးဆန်း၍ ထိတ်လန့်ဖွယ်ရာပင်။

****








{Zawgyi}

အပိုင္း ၁၄၁.

ပန္းခင္းအား ေက်ာ္ျဖတ္လာၿပီးေနာက္ ပို၍ ေဝးေဝးေလၽွာက္လာေလ ပို၍ ေခါင္သီလာေလပင္။ ပတ္ဝန္းက်င္ရွုခင္းမွာ မဲေမွာင္၍ ေသြးစြန္းေနလ်က္ရွိသည္။ ရွန့္ေခ်ာင္ အနည္းငယ္ ေၾကာက္ရြံ႕လာကာ ဝိညာဥ္လမ္းမထက္တြင္ အျခားေသာ တာဝန္မ်ား ရွိမရွိ ျပန္လွည့္ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။

အရိပ္အေမွာင္မ်ားအၾကားမွ အျဖဴ အမဲ ပုံရိပ္ႏွစ္ခု ေလေပၚ ေမ်ာလြင့္လာသည္ကို သူမ ျမင္လိုက္ရသည္။ ေမ်ာလြင့္လာသည္ဟု ေျပာသည္မွာ မမွန္လွ။ အမွန္အားျဖင့္ ထိုသူႏွစ္ဦးမွာ ေျခဖ်ားေထာက္ လမ္းေလၽွာက္လာျခင္းျဖစ္ၿပီး ေျခဖေနာင့္မ်ား ေျမေပၚ ထိျခင္းမရွိပဲ သူတို႔ လမ္းေလၽွာက္ေနသည့္ ပုံစံမဇာ အလြန္တရာ ထူးဆန္းလွသည္။

ႏွစ္ဦးသားမွာ အမဲႏွင့္ အျဖဴအသီးသီး ဝတ္ဆင္ထားသည္။ အမဲဝတ္ဆင္ထားသူက 'ငါတို႔ မင္းကို လာႀကိဳတယ္' စာတန္းပါသည့္ ဦးထုပ္ ေဆာင္းထားကာ အျဖဴလူေဆာင္းထားသည့္ ဦးထုပ္ေပၚတြင္မူ 'မင္းလည္း ဒီမွာပဲ' ဟူ၍။ ႏွစ္ဦးစလုံးမွာ ေျမေအာက္ကမၻာမွ ျဖစ္ေၾကာင္း သိသာထင္ရွားသည္။

ရွန့္ေခ်ာင္ အငိုက္မိသြားကာ ထိတ္လန့္သြားရသည္။ သူမ 'အေမေရ' ေအာ္ကာ ေနာက္လွည့္ထြက္ေျပးေတာ့သည္။

အနက္ေရာင္လူက ေျခဖ်ားေထာက္ရာမွ ရပ္လိုက္ကာ သူမေနာက္ အလၽွင္အျမန္ ေျပးလိုက္လာသည္။ ရွန့္ေခ်ာင္ ေနာက္လွည့္ၾကည့္ကာ ထိုသူႏွစ္ဦး နီးကပ္လာသည္ကို ျမင္လိုက္ရသည္။ ထိတ္လန့္လြန္းသျဖင့္ 'ကယ္ၾကပါဦး' ေအာ္ရင္း ထြက္ေျပးေတာ့သည္။

မည္သို႔ပင္ဆိုေစ ငယ္ရြယ္သန္မာသည့္ ေယာက်္ားႏွစ္ေယာက္အား သူမ ေက်ာ္မေျပးနိုင္ပဲ မၾကာခင္မွာပင္ အမွီလိုက္လာခဲ့သည္။ ရွန့္ေခ်ာင္ မ်က္လုံးအုပ္ကာ ေနရာမွာတင္ ေအာ္ဟစ္လာျခင္းက အနက္ေရာင္လူအား ေဒါသထြက္သြားေစကာ ရွန့္ေခ်ာင္ထံ လွမ္းေအာ္လာသည္။

"မင္းနာမည္ ဘာလဲ? မင္း နည္းနည္းေလာက္ သရဲ ဂုဏ္သိကၡာထိန္းလို႔မရဘူးလား?"

ရွန့္ေခ်ာင္လည္း ျပန္ေအာ္သည္။

"သရဲက သရဲ ေၾကာက္လို႔မရဘူးလား? နင္တို႔ ငါ့ေနာက္ ဘာလို႔ လိုက္ေနတာလဲ?"

အနက္ေရာင္ပုံရိပ္က ျပန္ေျဖသည္။

"ဒါဆို မင္းကေရာ ဘာလို႔ ေျပးေနတာလဲ? မင္း ေျပးေနတာ ငါတို႔ မလိုက္လို႔ရမလား?"

ရွန့္ေခ်ာင္ - "......"

သူမ ေဒါသထြက္လြန္းသျဖင့္ ေၾကာက္စိတ္ပင္ မရွိေတာ့ေခ်။ သူမ လက္ဖယ္လိုက္ကာ စူးစူးရဲရဲစိုက္ၾကည့္သည္။ အနက္ေရာင္ပုံရိပ္ေဘးရွိ အျဖဴေရာင္အရိပ္မွာ ႏွုတ္ခမ္းထက္တြင္ လၽွာတစ္ဝက္တင္လ်က္ျဖင့္ မသဲမကြဲအသံျပဳကာ ညည္းညဴေနသည္ကို ျမင္လိုက္ရသည္။ ထိုသူက အသံတစ္ခ်ိဳ႕ျပဳကာ လက္ေဝွ႕ရမ္းေနေသးသည္။

ရွန့္ေခ်ာင္ စိတ္ရွုပ္ေထြးသြားရသည္။

"နင္ ဘာလုပ္ေနတာလဲ? ငါ Sign language နားမလည္ဘူး"

အနက္ေရာင္ပုံရိပ္က ရွင္းျပသည္။

"သူ႔လၽွာကို အခုေလးတင္ ေခြးတစ္ေကာင္က မေတာ္တဆယူသြားမိတယ္၊ အဲ့ဒါေၾကာင့္ ငါ ပိုင္ေကာကို ကူၿပီး လၽွာတစ္ခု ျပန္လုပ္ေပးမလို႔၊ မင္းက အခ်ိန္ကိုက္ေရာက္လာတာ"

ရွန့္ေခ်ာင္ - " ??? "

တျခားသူေတြ ရတဲ့ မစ္ရွင္ေတြက အရမ္းကိုမွ ေအးေဆးသာယာၿပီး သူမအလွည့္က်မွ ဘာလို႔ ဒီေလာက္ ေသြးသံရဲရဲျဖစ္ေနရတာလဲ?

ရွန့္ေခ်ာင္ ကံၾကမၼာကို လက္ခံကာ အျဖဴႏွင့္ အနက္ပုံရိပ္ေနာက္လိုက္၍ ယိုယြင္းပ်က္စီးေနသည့္ အလုပ္႐ုံသို႔ ေရာက္လာကာ အခန္းထဲရွိ စဥ့္ႏွီးတုံးေပၚတြင္ တစ္စုံတစ္ခုအား ျမင္ေတြ႕လိုက္ရသည္။ ပန္းေရာင္ႏွင့္အနီေရာင္ အစားအစာဆိုးေဆးမ်ားျဖစ္ၿပီး ၾကည့္ရတာ သူမက ဂ်ဳံႏွင့္ နယ္၍ လၽွာျပဳလုပ္ေပးရမည့္ပုံေပၚသည္။

ဂ်ဳံနယ္ရျခင္းကား လြယ္ကူသည္မဟုတ္၊ အားစိုက္ထုတ္ရျခင္းႏွင့္ ကၽြမ္းက်င္မွု လိုအပ္သည္။ မေတာ္တဆ ေမွာက္မွားျပဳလုပ္မိလၽွင္ တအား ေျခာက္သြားျခင္းေသာ္လည္းေကာင္း၊ ေရမ်ားသြားျခင္းေသာ္လည္းေကာင္း ျဖစ္နိုင္သည္။ ရွန့္ေခ်ာင္မွာ တစ္ကိုယ္လုံး ေခၽြးေစးျပန္လ်က္ရွိၿပီး ခႏၶာကိုယ္အႏွံ့ ဂ်ဳံမွုန့္မ်ား ေပပြလ်က္ရွိသည့္အျပင္ လက္ပါ ေညာင္းလာသည္။

ၿပီးေျမာက္ၿပီးသည့္ လၽွာတုမ်ားစြာမွာ သင့္ေတာ္ျခင္းမရွိပဲ အနက္ေရာင္ပုံရိပ္က အေနာက္ဘက္မွေန၍ ထိုလၽွာအားလုံးကို ယူကာ ျပန္ေရာသမေမႊပစ္လိုက္သည္။

တစ္နာရီေက်ာ္မၽွ အခ်ိန္ေပးျပဳလုပ္ၿပီးေနာက္ဆုံးတြင္ ရွန့္ေခ်ာင္က ၿပီးျပည့္စုံသည့္ လၽွာတစ္ေခ်ာင္းအား ထုတ္ယူလာကာ အျဖဴေရာင္ပုံရိပ္ေပၚတြင္ တပ္ဆင္ေပးသည္။ ထိုသူႏွစ္ဦးက သူမအား လႊတ္ေပးကာ ေျခဖ်ားေထာက္၍ ျပန္ထြက္သြားသည္။

ရွန့္ေခ်ာင္မွာ ပင္ပန္းလြန္းသျဖင့္ တံခါးေဘာင္ေပၚ ထိုင္ခ်လိုက္သည္။ သူမပခုံးေပၚရွိ အသက္ပြိဳင့္ထံမွ တင္ခနဲ ျမည္သံအား ၾကားလိုက္ရသည္။ သူမ တစ္ကိုယ္တည္းေတြးေတာလိုက္သည္။ တကယ္ပဲ ဒီအသက္ပြိဳင့္ အကုန္ျပည့္မွာလား? သို႔ေသာ္ သူမ ေခါင္းေမာ့ၾကည့္လိုက္လၽွင္ အသက္ပြိဳင့္မွာ အနည္းငယ္မၽွသာ တိုးသြားၿပီး လက္တေလာတြင္ ႏွစ္ပြိဳင့္သာ တိုးေသးသည္။

ပထမဆုံးေသာ ျပန္လည္ဝင္စားျခင္းတံခါး မပြင့္မွီ အခ်ိန္တစ္နာရီမၽွ က်န္ေသးသည္။

ဒါ ငါ့ကို လာေနာက္ေနတာလား?

ဒီေလာက္ပင္ပန္းတဲ့ တာဝန္ၿပီးမွ အသက္ပြိဳင့္ နည္းနည္းေလးတိုးလာတာ.... ဆယ့္ႏွစ္နာရီလုံး တာဝန္ေတြ ၿပီးေျမာက္ေအာင္ လုပ္ဖို႔က လြယ္ကူမေနဘူး!!

ရွန့္ေခ်ာင္ တံခါးေဘာင္ေပၚ ထိုင္ေနရင္း ေမးေစ့ပြတ္ကာ မ်က္ႏွာတစ္ခုလုံး ဂ်ဳံမွုန့္တို႔ ေပလ်က္ျဖင့္ စဥ္းစားခန္းဖြင့္သည္။ အခ်ိန္အေတာ္ၾကာ ေတြးေတာၿပီးမွ ေကာက္ခ်က္ခ်လိုက္နိုင္သည္။

"ဒါရိုက္တာအဖြဲ႕က ငါတို႔ကို ထပ္ၿပီး လာကစားေနျပန္တာပဲ"

အျပင္ဘက္ရွိ ဒါရိုက္တာအဖြဲ႕ - "........."

သူမက ကင္မရာဆီ ေစ့ေစ့ၾကည့္ကာ ႏွာေခါင္းရွုံ႔သည္။

"ငါ မွန္းတာသာ မမွားရင္ အျခားသူေတြ မစ္ရွင္ၿပီးရင္ေတာင္ သူတို႔ အသက္ပြိဳင့္နည္းနည္းဆီပဲ ျပန္ရလိမ့္မယ္... မစ္ရွင္လုပ္႐ုံနဲ႔ေတာ့ ငါတို႔အသက္ပြိဳင့္အားလုံး ျပန္ျဖည့္ဖို႔ဆိုတာ မျဖစ္နိုင္ဘူး၊ က်ိန္းေသေပါက္ တျခားနည္းလမ္းရွိရမယ္... ငါ သြားရွာမယ္"

ဒါရိုက္တာအဖြဲ႕ - "......."

သြားၿပီ... သြားၿပီ.... ဦးေႏွာက္ bug ထပ္ၿပီး အြန္လိုင္းတက္လာၿပီ!!

ရွန့္ေခ်ာင္ ဖုတ္ဖတ္ခါကာ မတ္တပ္ထရပ္ရင္း ခပ္ျမန္ျမန္ ေနာက္ေၾကာင္းျပန္ေလၽွာက္သြားသည္။ သူမ ပန္းခင္းဆီ ေလၽွာက္သြားခ်ိန္တြင္ ရွန္ကၽြင့္ယီးႏွင့္ ေက်ာက္ယြီတို႔ စကားမ်ားေနသံကို အေဝးမွပင္ ၾကားေနရသည္။

ေက်ာက္ယြီအသံမွာ က်ယ္ေလာင္လြန္းလွကာ သူမက ပန္းခင္း၏ ႏူးညံ့သိမ္ေမြ႕သည့္ အေစာင့္အေရွာက္သံတမန္ဟူသည့္ သ႐ုပ္အား လုံးဝဥႆုံ ပစ္ခ်ထားလိုက္သည္။ သူမက ရွန္ကၽြင့္ယီးေနာက္ တံျမက္စည္းတစ္ေခ်ာင္းျဖင့္ လိုက္ရင္း

"ထြက္သြား!!! အခုခ်က္ခ်င္း ဒီကေန ထြက္သြား!!! ဒီက ထြက္သြား!!!"

ရွန္ကၽြင့္ယီးက ေအာ္ဟစ္ရင္း ပုန္းကြယ္ေနကာ

"ငါ မသြားဘူး!! ငါ့မစ္ရွင္က ခဏေန ၿပီးေတာ့မွာ!"

ေက်ာက္ယြီမွာ ႐ူးသြပ္ေတာ့မတတ္။

"ငါ ႏွစ္တစ္ေသာင္းေလာက္ ေစာင့္ေရွာက္လာတဲ့ ပန္းခင္းကို နင္ ဘာလုပ္ပစ္လိုက္လဲ ၾကည့္စမ္း!! ပန္းအေကာင္းဆိုလို႔ တပြင့္ေတာင္ က်န္ေသးရဲ့လား? ဟမ္?!! ဒီတာဝန္လုပ္ေနတာကို ရပ္ၿပီး အခုခ်က္ခ်င္း ဒီက ထြက္သြား!!"

ရွန္ကၽြင့္ယီး - "ငါ ဒီေလာက္ႀကိဳးစားၿပီး ႂကြက္ေတြ ဖမ္းေပးထားတာ! ငါ အခုခ်က္ခ်င္း ေအာင္ျမင္ေတာ့မွာ!! ငါ မသြားဘူး! နင္ ငါ့ကို လိမ္ခ်င္ေနတာမလား? ငါ့ကို ဆုမေပးခ်င္လို႔မလား?!!"

ရွန့္ေခ်ာင္ လွမ္းၾကည့္လိုက္လၽွင္ ယခုေလးတင္ ပန္းေပါင္းစုံ ဖူးပြင့္ကာ ယိမ္းႏြဲ႕ေနခဲ့သည့္ ပန္းခင္းမွာ ေျခမြခံထားရသည္။

ရွန္ကၽြင့္ယီးက သူ႔လက္ထဲတြင္ ဟန္းစတားတို႔ ျပည့္ႏွက္ေနသည့္ ေလွာင္အိမ္တစ္ခုကိုင္ထားကာ ေက်ာက္ယြီအား ၿခိမ္းေျခာက္သည္။

"နင္ ထပ္လုပ္ရင္... နင္ ငါ့ကို ထပ္ရိုက္ရင္ ငါ နင့္ကို ႂကြက္ေလွာင္အိမ္နဲ႔ ရိုက္သတ္ပစ္မယ္... ယုံလား မယုံဘူးလား?"

ေက်ာက္ယြီ တံျမက္စည္းကိုင္ကာ မ်က္ႏွာတည့္တည့္ ေဆာင့္ခ်ရင္း

"ငါ ဒီေန႔ နင့္ကို အေသရိုက္သတ္ပစ္ၿပီး အသားစင္းေကာျဖစ္တဲ့ထိ ႏုတ္ႏုတ္စင္းၿပီး ေျမျပင္ေပၚက ေၾကမြသြားတဲ့ ငါ့ပန္းေတြအတြက္ ယစ္ပူေဇာ္ပစ္မယ္!"

ေသြးသံရဲရဲအျဖစ္အပ်က္မ်ား ျဖစ္ပြါးေတာ့မည္ကို ျမင္ေတြ႕ၿပီးေနာက္ ရွန့္ေခ်ာင္ ေရွ႕ဘက္ေျပးသြားကာ ႏွစ္ဦးသားအား လူခ်င္းခြဲလိုက္သည္။ ရွန္ကၽြင့္ယီး သူမအား ျမင္သည္ႏွင့္ ခ်က္ခ်င္းဆိုသလို မ်က္ႏွာထက္ အျပဳံးဆင္ျမန္းကာ

"ရွုန္းတိ... ေရာက္လာၿပီလား? မစ္ရွင္ေအာင္ခဲ့ၿပီလား?"

ရွန့္ေခ်ာင္ သူမပခုံးအား လက္ညႇိုးညႊန္ကာ

"ငါ တစ္နာရီေလာက္ အလုပ္မ်ားခဲ့တာေတာင္ နည္းနည္းပဲ တိုးသြားတယ္၊ အဲ့ဒါေၾကာင့္ ျပႆနာရွာမေနနဲ႔ေတာ့၊ ငါထင္တာေတာ့ နင္ၿပီးလည္း အသက္ပြိဳင့္နည္းနည္းပဲ တိုးမွာ"

ရွန္ကၽြင့္ယီး ခုန္ထကာ ေက်ာက္ယြီအား ထပ္မံဆူျပန္သည္။

"မင္းတို႔ ေျမေအာက္ေလာကက လူေတြ ဘာလို႔ ဒီေလာက္ေတာင္ ေၾကာင္းက်ိဳးမညီညြတ္ရတာလဲ? ဝိညာဥ္မွားေခၚတဲ့အျပင္ကို လုပ္အားကို အလြဲသုံးစားလုပ္ေသးတယ္၊ ငါ ေကာင္းကင္ဘုံဆီတက္ၿပီး တရားစြဲမယ္"

ေက်ာက္ယြီ 'ဖြီ' သံျပဳကာ သူႏွင့္ အဓိပၸါယ္မရွိ အျငင္းအခုံမျပဳလိုေတာ့ေပ။ သူမက လည္ေခ်ာင္းရွင္းကာ အဝတ္အစားတို႔အား ဆြဲဆန့္လိုက္ၿပီးေနာက္ သူမ၏ သံတမန္ပုံရိပ္အား ျပန္လည္အသြင္ယူသည္။

"မင္း ငါ့ပန္းခင္းကို ဖ်က္ဆီးပစ္တယ္၊ ငါက ၾကင္နာတတ္တဲ့သူမလို႔ မင္းနဲ႔ အျငင္းအခုံျပဳမေနေတာ့ဘူး၊ ေနာက္မက်ေသးဘူး၊ ျမန္ျမန္ထြက္သြားေတာ့!"

ရွန္ကၽြင့္ယီး သူမႏွင့္ ဆက္ျငင္းလိုေသးေသာ္လည္း ရွန့္ေခ်ာင္က သူ႔အား ဆြဲေခၚသြားသည္။

သူမ ထြက္သြားခါနီး ေနာက္ျပန္လွည့္ၾကည့္ခ်ိန္တြင္ ေက်ာက္ယြီက သစ္သားေရပုံးႏွင့္ သစ္သားဇြန္းအား ယူကာ ေမ့ေလ်ာ့ျခင္းျမစ္ေရမွ ေရခပ္ယူရင္း ရွန္ကၽြင့္ယီးေၾကာင့္ ေၾကမြသြားသည့္ ပန္းပင္မ်ားအား ေရေလာင္းေနသည္ကို ျမင္လိုက္ရသည္။

ဝိညာဥ္လမ္းမရွိရာဆီ ျပန္ေလၽွာက္လာလၽွင္ က်ီက်ားယို႔၊ က်န္းမင္ႏွင့္ ေလာ့ခ်င္းတို႔အားလုံး သူတို႔၏ တာဝန္အား ၿပီးေျမာက္ၿပီးျဖစ္သည္။ ရွန့္ေခ်ာင္ ခန့္မွန္းေတြးေတာထားခဲ့သလိုပင္ လူတိုင္းက အသက္ပြိဳင့္အနည္းငယ္စီသာ ရရွိခဲ့ၾကသည္။

သူတို႔အားလုံး ဖန္းက်ီအား ရွာေတြ႕ခ်ိန္တြင္ သူမက တူကိုကိုင္ကာ ႀကိဳးစားပမ္းစားထုႏွက္ေနဆဲျဖစ္သည္။ ယခင္က ေအးစက္ေနေသာ္လည္း ယခုအခါတြင္မူ ပူေႏြးေနေလၿပီ။ သူမေက်ာဘက္ရွိ အဝတ္တျပင္လုံး စိုရႊဲလ်က္ရွိကာ မ်က္ႏွာမွာ နီရဲလ်က္ရွိသည္။ ရွန့္ေခ်ာင္ ေျပာသည္ကို ၾကားၿပီးေနာက္ ဖန္းက်ီက လက္ထဲရွိ သံတူကို အသံျမည္သည္အထိ ပစ္ထုတ္လိုက္သည္။

"ေနာက္ဆုံးေတာ့ တူထုစရာမလိုေတာ့ဘူး!!! ငါ အခ်ိန္အၾကာႀကီး ထုေနတာေတာင္ သံတုံးက သံတုံးပဲ... သံႀကိဳးကြင္းအျဖစ္ နည္းနည္းေတာင္ ေျပာင္းမသြားဘူး!!"

လူေျခာက္ေယာက္စလုံး စုေဝးကာ လမ္းမထက္တြင္ စက္ဝိုင္းပုံသ႑ာန္ ဝိုင္းပတ္ထိုင္ရင္း ဘာဆက္လုပ္ရမည္ကို ေဆြးေႏြးသည္။

ရွန္ကၽြင့္ယီး - "ျပန္သြားၿပီး ေပါ့မုန္ကို သြားႀကိဳးတုပ္၊ သူ႔အိုးကို လုၿပီး ငါတို႔တစ္ေယာက္ကို စြပ္ျပဳတ္ ၉၉ခြက္ ထပ္ေသာက္တာေပါ့"

ဒါရိုက္တာ - "......."

သူ ဘာလို႔ တခ်ိန္လုံး ေပါ့မုန္ကိုပဲ ျပန္ေပးဆြဲခ်င္ေနရတာလဲ?

ရွန့္ေခ်ာင္မွာ သူ႔အား အာ႐ုံစိုက္ရန္ ပ်င္းလြန္းလွကာ သာမန္ကာလၽွံကာမၽွျဖင့္ သစ္ကိုင္းေျခာက္တစ္ခုအား ေကာက္ယူကာ ေျမႀကီးေပၚ ေရးျခစ္သည္။

"ငါတို႔ မ်က္စိသၽွမ္းသြားတဲ့ တစ္ခုခု က်ိန္းေသရွိရမယ္... ငါတို႔ ဒီဇာတ္ကြက္ကို မၿပီးေသးဘူး၊ ရွိုးအဖြဲ႕က ဒီရွုခင္းေတြကို အလဟႆအျဖစ္ခံမွာ မဟုတ္ဘူး၊ ငါ့အျမင္ကေတာ့ လူခြဲၿပီး ေျမေအာက္ကမၻာနဲ႔ မသင့္ေတာ္တဲ့အရာ ရွိမရွိ ရွာၾကည့္သင့္တယ္"

ဖန္းက်ီ - "ဘာအဓိပၸါယ္လဲ?"

ရွန့္ေခ်ာင္က ရွင္းျပသည္။

"ငါတို႔အခုေရာက္ေနတာက ေျမေအာက္ကမၻာမွာ၊ ဘယ္အရာက ေျမေအာက္ကမၻာမွာ ရွိသင့္ၿပီး ဘယ္အရာက မရွိသင့္ဘူးလဲ? ဥပမာအေနနဲ႔ ဒီမွာ ဝိညာဥ္ေတြ ရွိတယ္၊ အျဖဴအမဲ ပုံရိပ္၊ မုန့္ေပၚနဲ႔ ေျမေအာက္ဘုရင္။ ဒါ ပုံမွန္ပဲ... ဒါေပမယ့္ ဒီမွာ သက္ရွိလူ ဒါမွမဟုတ္ နတ္ဘုရားေပၚထြက္လာရင္ တစ္ခုခုမွားေနတာ မဟုတ္ဘူးလား?"

လူတိုင္းက ေခါင္းညိတ္ကာ နားလည္ေၾကာင္း ဆိုသည္။ ရွန့္ေခ်ာင္က အလြန္အမင္း စိတ္ေက်နပ္သြားကာ

"ဒါဆို ငါတို႔ လူခြဲရွာရေအာင္ ဒီေနရာမွာ နာရီဝက္ေနရင္ ျပန္ဆုံမယ္"

ဒါရိုက္တာအဖြဲ႕ - "......"

သူတို႔စိတ္ထဲတြင္ ဇာတ္ညြန္းလ်ိဳ႕ဝွက္ခ်က္မွာ မၾကာခင္အခ်ိန္အတြင္း ေဖာ္ထုတ္ခံရေတာ့မည္ဟု မေကာင္းသည့္အရိပ္အေငြ႕တို႔ ခံစားလိုက္ရသည္။

လူေျခာက္ေယာက္က လူစုခြဲကာ ယခုေလးတြင္ သူတို႔မေရာက္ေသးသည့္ေနရာမ်ားအား သြားေရာက္စူးစမ္းသည္။ ရွန့္ေခ်ာင္က ေမ့ေလ်ာ့ျခင္းျမစ္ကမ္းတစ္ေလ်ာက္ လမ္းေလၽွာက္သြားသည္။ ဆယ္မိနစ္ၾကာ လမ္းေလၽွာက္ၿပီးေနာက္ သူမေရွ႕တြင္ ေရကန္တစ္ကန္ ေပၚထြက္လာသည္။ ေမ့ေလ်ာ့ျခင္းျမစ္ေရက ကန္တစ္ကန္အျဖစ္ ေပါင္းစုသြားျခင္းျဖစ္သည္။ ကန္ေဘးနားရွိ ေက်ာက္တိုင္ေပၚတြင္ 'ဝမ္ရွန္းေရကန္' ဟု ထြင္းထုထားသည္။

(ဝမ္ရွန္းေရကန္ - ျပန္လည္ေမြးဖြားျခင္း ေရကန္)

ေရကန္မွာ အျဖဴေရာင္အခိုးအေငြ႕တို႔ျဖင့္ ျပည့္ႏွက္ေနကာ ေရွ႕ဘက္ျခမ္းတစ္ခုလုံး မွုန္ဝါးလ်က္ရွိသည္။ သူမ မည္သည့္အရာကိုမွ သဲသဲကြဲကြဲ မျမင္နိုင္ေခ်။ ရွန့္ေခ်ာင္ ေရကန္ေဘး ေဆာင့္ေၾကာင့္ထိုင္ခ်ကာ ေရေဆာ့သည္။ သူမ ထရပ္မည့္ဟန္ျပင္ခ်ိန္တြင္ အျဖဴေရာင္ျမဴခိုးျမဴေငြ႕မ်ားအၾကားမွ ခပ္ေသးေသးေလွတစ္စင္း ေဖ်ာ့ေတာ့စြာ ေပၚထြက္လာသည္ကို လွမ္းျမင္လိုက္ရသည္။

အေျခအေနကား ထူးဆန္း၍ ထိတ္လန့္ဖြယ္ရာပင္။

****

Continue Reading

You'll Also Like

520K 17.1K 119
Read and find out...
4.3M 281K 60
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
22.7K 3K 43
Gurukul, a college loved by everyone, for its studies and social life. The dark side of this great World is not known. Nobody has ever faced it. Nobo...
37.3K 2.4K 46
​မေ့​လျောခြင်းမြစ်​ရေဟာ နှလုံးသားခံစားချက်​တွေအားလုံးကို ​မေ့​ပျောက်သွား​စေခဲ့​ပေမယ့်.... အရာအားလုံး ပြန်လည်သတိရလာတဲ့အခါမှာ​တော့ သူမ ဘယ်လို​ရွေးချယ်...