GTKWF (Myanmar Translation )

By Liz_774

338K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 135

1.6K 250 22
By Liz_774

{Unicode}

အပိုင်း ၁၃၅

ဖူဆောရီးက ပထမဦးဆုံးအနေဖြင့် ကမ္ဘာ့အနှံ့အပြားက Anti fan များက စုတ်ဖြဲကာ ရုန့်ရင်းကြမ်းတမ်းသည့် စကားတစ်ခွန်းမပါပဲ ထိရောက်၍ ကျိုးကြောင်းဆီလျော်သော တုံ့ပြန်စကားတို့ဖြင့် လှုပ်ရွနေသည့် ရေတပ်များအား တိတ်ဆိတ်စေသည်။ ထို့နောက် ရုပ်ရှင်ဝေဖန်ရေးနှင့် အလားသဏ္ဍာန်တူသော ဆောင်းပါးရှည်တစ်ပုဒ်အား Weibo ပေါ် တင်လာသည်။ ခေါင်းစဉ်မှာ - 'ဟော့ရှီး၏ သရုပ်ဆောင်စွမ်းရည် တိုးတက်ပြောင်းလဲလာပုံအား ဝေဖန်အကဲဖြတ်ခြင်း'။

ပြေပြစ်သည့် စကားလုံးထောင်ပေါင်းများစွာအစ၊ ဟော့ရှီး ပွဲဦးထွက်ပြီးနောက် သူ၏ ပထမဆုံး တီဗီစီးရီးမှ အစပြုကာ ဇာတ်ကောင်အား အသေးစိတ်အကဲဖြတ်ခြင်းနှင့် ဇာတ်လမ်းအား ဝေဖန်ပိုင်းခြားခြင်း၊ ရုပ်ရှင်နှင့် တီဗီစီးရီးနယ်ပယ်သို့ စတင်ဝင်ရောက်ချိန်၌ ဟော့ရှီး၏ သရုပ်ဆောင်ပုံမှ လိုအပ်ချက်များ၊ ထို့နောက် ဒုတိယနှင့် တတိယရုပ်ရှင်များ။ ရုပ်ရှင်စီးရီးသုံးခုမှ တစ်ခုချင်းစီတွင် သူ၏ သရုပ်ဆောင်စွမ်းရည်တိုးတက်လာမှုမှာ သိသာထင်ရှားသည်။ သူမက အစောပိုင်းကာလများရှိ ဟော့ရှီး၏ အပြစ်အနာအဆာများအား ထိန်ချန်ထားခြင်းမရှိပဲ ဟာသအနေဖြင့်ပင် ထုတ်ဖော်လာခဲ့သေးသည်။ သို့သော် ထိုလိုအပ်ချက်များမှာ နောက်ထပ်ထွက်ရှိလာသည့် စီးရီးများ၌ ပြုပြင်ထားပြီးဖြစ်သည်။ ယင်းမှာ ပျားများ ပျားအုံဆောက်သကဲ့သို့ ကြားလေမသွေးနိုင်အောင် စေ့စပ်လျက်ရှိသည်။

အဆုံးတွင်မူ သူ ရုပ်ရှင်ဧကရာဇ်အဖြစ် ဆုရရှိခဲ့သည့် 'Fearless' ထဲတွင် သူမက ရွှီလုရှန်း ဇာတ်ကောင်စရိုက်နှင့် နောက်ခံအား နက်နက်နဲနဲ ခွဲခြမ်းစိတ်ဖြာလာပြီး စီးရီးထဲရှိ ရုပ်ရှင်အပိုင်းတိုများစွာကို အသုံးပြုကာ ထိုဇာတ်ကောင်အား ဟော့ရှီးမှ ကျင်လည်စွာ ကိုင်တွယ်သွားနိုင်ပုံကို သက်သေပြသည်။

[ငါ့အနေနဲ့ သူ့ရဲ့ အားနည်းချက်တွေကို ရှောင်ဖယ်စရာမလိုသလို သူ့ကို ချီးကျူးဖို့အတွက်လည်း တုံ့ဆိုင်းနေမှာ မဟုတ်ဘူး]

ထိုရှည်လျားသည့် Weibo ပိုစ့်မှာ ကျိုးကြောင်းဆီလျော်ကာ အလွန်အမင်း ပရော်ဖက်ရှင်နယ်ဆန်သည်။ Music Video များနှင့် Musical များအပါ ဟော့ရှီး လက်ရာအားလုံးကို အကျွမ်းတဝင် သိရှိသည်။ ခုနစ်နှစ်တာ ကြာမြင့်သည့် ဖန်များက သိမြင်နိုင်သည်။ ထိုအရာအားလုံးမှာ သူမတို့ နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သည့် ပုံရိပ်တစ်ခုဖြစ်သည်။

ဝါရင့်ဖန် ဟုတ်မဟုတ် သူတို့၏ လှုပ်ရှားမှုအား ကြည့်ရုံနှင့် သိနိုင်သည်။ ဖူဆောရီး၏ Weibo ပိုစ့်တက်လာသည်နှင့် ရှီးကွမ်းများနှင့် များစွာသော အဓိကကြော်ငြာအကောင့်များထံမှ ရှာဖွေမှုစာရင်းထိပ်ဆုံးသို့ ရောက်ရှိစေသည်။ ရေတပ်များ၏ ဆောင်းပါးအားလုံးမှာ ထိုပိုစ့်၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်။

ကျိန်းသေပေါက်ပင် ဖြတ်သွားဖြတ်လာဖန်များမှာ သူမ၏ ဆောင်းပါးရှည်အား ဖတ်ရှုရန် အချိန်မရှိပေ။ သို့သော် ဖူဆောရီးက ဆောင်းပါးအစမှာပင် အရေးကြီးသည့် အဓိကအချက်အလက်များအား တိကျသေချာစွာ အကြမ်းဖျင်း ရေးသားထားသည်။ ဖြတ်သွားဖြတ်လာများအနေဖြင့် အစပိုင်းသာ ဖတ်ရန်လိုကာ ဟော့ရှီးအပေါ် ကောင်းမွန်သည့်အမြင် အကြမ်းဖျင်း ပြောင်းလဲသွားပေမည်။ အကယ်၍ စိတ်ဝင်စားလျှင် ဆောင်းပါးအား ဆက်လက်ဖတ်ရှုနိုင်သည်။

လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံသည့် ဖူဆောရီးက Weibo ပေါ် တင်ရုံမျှဖြင့် စိတ်ကျေနပ်မှု မရှိသေးပေ။ သူမက သူမကိုယ်တိုင် Hot recommendation နေရာအား ဝယ်ယူကာ ထိုပိုစ့်အား ပို၍ ပျံ့နှံ့စေပြီး အဆုံးတွင်မူ အနုပညာအသိုင်းအဝိုင်း အပြင်ဘက်ထိတိုင် ရောက်ရှိသွားသည်။

ကားက မြေအောက်ကားပါကင်သို့ ရောက်ရှိချိန်တွင် ရှောင်တန့်က ဖုန်းခေါ်ကာ စိတ်လှုပ်ရှားစွာ ဆိုလာသည်။

"ဘောစ့်.... ဘောစ့်ဖန်တွေက အရမ်းမိုက်တာပဲ၊ ကျွန်တော်တို့ စတူဒီယိုက ရေးထားတဲ့ PR ဆောင်းပါးတောင် သူတို့နဲ့ မယှဉ်နိုင်ဘူး၊ ကျွန်တော် သူ့ကို တိတ်တိတ်လေး ဆက်သွယ်ပြီး စတူဒီယိုဆီ လာဖို့ စာချုပ်ချုပ်လိုက်ရင် ဘယ်လိုလဲ?"

ဟော့ရှီးက သူ့ဘေးနားတွင် အရူးအမူး ဖုန်းနှိပ်နေဆဲဖြစ်သော ရှန့်ချောင်ထံ ငဲ့ကြည့်ကာ

"မလိုဘူး၊ အဲ့ဒီလူက ဖန်တစ်ယောက်ဘဝနဲ့ နည်းနည်း အလှမ်းဝေးတယ်"

ရှောင်တန့် - "........"

ရှန့်အမေက စားပွဲအပြည့် စားသောက်စရာများ တည်ခင်းထားသည်။

လွန်ခဲ့သည့်ညက အမှတ်မထင် တွေ့ဆုံမှုပြီးနောက် ဤသည်မှာ သူတို့ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံမှုဖြစ်သည်။ ရှန့်အမေက Go chess ဆော့ရတာကြိုက်ကြောင်း ရှန့်ချောင်ဆီမှ ကြိုတင်သိထားပြီးဖြစ်သည့်အတွက် ဟော့ရှီးက ကျောက်စိမ်း Chess တစ်စုံကို ကြိုတင်ဝယ်ယူထားခဲ့ပြီး ယခုလေးတင် အိမ်မှ ထွက်လာချိန်၌ ယူဆောင်လာခဲ့ကာ ရှန့်အမေထံ ကမ်းပေးသည်။ လိုအပ်သည့် ဓလေ့ထုံးထမ်းများအားလုံး ယိုပေါက်မရှိ စီစဉ်ထားနှင့်ပြီးဖြစ်သည်။

ရှန့်အမေမှာ သမက်ဖြစ်သူအား ပို၍ ပို၍ သဘောကျလာသည်။ သူမသမီးဖြစ်သူ၏ နီမြန်းနေသည့်မျက်နှာကို မြင်တွေ့ကာ ဟော့ရှီးက သူ့မျက်ဝန်းထဲ နူးညံ့သည့် ချစ်ခြင်းမေတ္တာတို့ ပျော်ဝင်လျက် သမီးဖြစ်သူအား ကြည့်နေသည်ကို မြင်လျှင် သူမသမီးမှာ တကယ်ပင် အရွယ်ရောက်လာခဲ့ပြီဖြစ်ကြောင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ယခုချိန်မှစ၍ ရှန့်အမေက ဟော့ရှီးလက်ထဲ သူမအား အပ်နှံလိုက်တော့မည်ဖြစ်သည်။ ဟော့ရှီးလက်ထဲမှာသာဆိုလျှင် သူမ စိတ်ချနိုင်သည်။

ညစာစားပြီးနောက် တခဏမျှ စကားစမြည်ဆိုကာ ဟော့ရှီးက ပြန်ရန် နှုတ်ဆက်သည်။ ရှန့်ချောင်က သူ့အား ဓါတ်လှေကားထိ လိုက်ပို့သည်။ ဓါတ်လှေကား စောင့်နေစဉ်တွင် သူက စကားစသည်။

"နောက်ရက်နည်းနည်းကျရင် ဒါရိုက်တာဝမ်ရဲ့ ရုပ်ရှင်ရိုက်ကွင်းကို ကိုယ် သွားရမယ်၊ ရိုက်ကွင်းက ယွမ်နမ်-ကွေ့ကျိုးဘက်က တောင်ပေါ်မှာ၊ ဆက်သွယ်ရေးက သိပ်အဆင်မပြေလောက်ဘူး"

တရုတ်နှစ်ကူးမတိုင်မှီတွင် သူ ရိုက်ကွင်း ဝင်ရောက်မည့်အကြောင်း ရှန့်ချောင်က အစောကတည်းက သိရှိပြီးဖြစ်သည်။ သူမ ကြိုတင်ပြင်ဆင်ထားသော်လည်း လပေါင်းများစွာ အချင်းချင်း မတွေ့နိုင်မှန်း တွေးတောလိုက်လျှင် စိတ်အားငယ်သွားရသည်။ သူမက ခေါင်းငုံ့ရင်း

"အင်း... ဒါဆို နင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရမယ်နော်"

ဟော့ရှီးက သူမအား ပွေ့ဖက်ကာ နမ်းရှိုက်ပြီးနောက် နှစ်သိမ့်သည်။

"လိမ္မာတယ်... စာသေချာကြိုးစား၊ မင်း တက္ကသိုလ်စာမေးပွဲဖြေပြီးတာနဲ့ ကိုယ် ပြန်ရောက်လာမှာ"

သူ့ နှစ်သိမ့်စကားကို ကြားလျှင် ရှန့်ချောင်ခမျာ အသက် ၁၈နှစ် မပြည့်သေးသည့် ကလေးပမာ ခံစားလိုက်ရသည်။ သူမ ထပ်ပြီး ဆွဲဆောင်ခံရ၍ မဖြစ်ချေ။ ဓါတ်လှေကား ရောက်လာသည်နှင့် သူ့အား ခပ်မြန်မြန် တွန်းထည့်လိုက်ပြီး

"ငါ သိပြီ၊ ဂရုစိုက်ကားမောင်း၊ အိမ်ပြန်ရောက်ရင် မက်ဆေ့ချ်ပို့နော်"

ဟော့ရှီးက သူမခေါင်းအား ပွတ်သပ်ကာ နောက်လှည့်ထွက်သွားသည်။

တရုတ်နှစ်သစ်ကူးမှာ ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်သည်။

ရှန့်ချောင်က ကြော်ငြာများနှင့် နှစ်ကူးမတိုင်ခင်ညအင်တာဗျူးများအား အလျင်စလို ရိုက်ကူးပြီးနောက် နှစ်တစ်နှစ် အစပိုင်းမှာ ပြီးဆုံးသွားသည်။ နဂိုမူလက ပေ့မင်းဖန်က သူမ၏ ကျော်ကြားမှုအား ထိန်းသိမ်းရန်အတွက် ပေါ့ပေါ့ပါးပါး Variety show တစ်ခု ရိုက်ကူးစေလိုခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း 'May the moonlight flower shine on you' ထုတ်လွှင့်ပြသလာကာ ဆွေးနွေးမှုများ မြင့်တက်လျက်ရှိသည်။ ဘက်ပေါင်းစုံမှ တွေးတောပြီးနောက် သူက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား စိတ်အေးအေးဖြင့် ဖြေဆိုနိုင်ရန် သူမ၏ အချိန်ဇယားအကုန်လုံးကို ရွှေ့ဆိုင်းလိုက်သည်။

ရှေးခေတ်နတ်ကားဖြစ်သည်နှင့်အညီ 'May the moonlight flower shine on you' က နောက်ပိုင်းအဆင့်များတွင် များစွာအားစိုက်ထုတ်ထားခဲ့သည်။ ဇာတ်ဝင်ခန်းများ၊ ဝတ်စုံများသာမက မကြာခဏဆိုသလို ဝေဖန်ခံရလေ့ရှိသည့် အထူးပြုလုပ်ချက်များသည်ပင် ယခုနတ်ကားများထက် အဆင့်တစ်ဆင့် မြင့်သည်။

ရှန့်ချောင် သရုပ်ဆောင်ထားသည့် မျောက်ငယ်ဇာတ်ကောင်မှာ ထူးဆန်း၍ ဉာဏ်ကောင်းသည့် စရိုက်ရှိပြီး သူမ၏ အဆက်မပြတ်သော စာသားများမှာ ဒရာမာကြည့်သူများအား ဆွဲဆောင်လိုက်နိုင်သည်။

နက်တစ်ဇင်များက များစွာသော အီမိုဂျီများ ပြုလုပ်လာကြပြီး ဖြတ်သွားဖြတ်လာများမှာ ထိုအီမိုဂျီများ၏ ဆွဲဆောင်မှု ခံလိုက်ရသည်။ သူတို့အားလုံးက စတင်ရယ်မောလာကာ ဘယ်လိုဇာတ်ကားမျိုးမို့ ဤမျှထိ အူလှိမ့်မတတ် ရယ်ရွှင်ဖွယ် ကောင်းနေရကြောင်း စူးစမ်းလာသည်။ 'May the moonlight flower shine on you' စတင်ထုတ်လွှင့်ချိန်က ကြည့်ရှုနှုန်းမှာ သာမန်မျှဖြစ်သော်လည်း တဆင့်စကား တဆင့်ကြားကာ နောက်ပိုင်းတွင် မိုးထိထောင်တက်သွားခဲ့ပြီး ဆောင်းရာသီအားလပ်ရက်အတွင်း ပြသသည့် တူညီသော ဇာတ်လမ်းအမျိုးအစားမှ များစွာငေါ အဓိကဒရာမာများအား ကျော်ဖြတ်သွားသည်။

ရှေးခေတ်နတ်ကားဒရာမာများ၏ စျေးကွက်မှာ ယခင်ကတည်းက ကျယ်ပြန့်ကာ အရွယ်သုံးပါးမရွေးပေ။ ထို့ပြင် ရှေးခေတ်ဝတ်စုံများ၏ မင်းသားလေးဖြစ်သူ ကျန်းမင်မှာ ရှာဖွေမှုစာရင်းထိပ်ဆုံး၌ စဉ်ဆက်မပြတ်ရှာဖွေခံရသည်။ ဇာတ်ကားထဲရှိ သရုပ်ဆောင်စွမ်းရည်မှာ ပြည်သူလူထုအား စိတ်ပျက်စေခြင်းမရှိ၊ ရှေ့ပိုင်းအခန်းများ၌ ရိုးသား၍ စနောက်တတ်သည့် ထောင်ဟွား၊ နောက်ပိုင်းအခန်းတွင်မူ ရင့်ကျက်လာသည့် ထောင်ဟွား စသည်ဖြင့် ပေါင်းစပ်ထားသည်။ နတ်ဆိုးဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ထူးဆန်းပုံကိုလည်း ပြီးပြည့်စုံစွာ သရုပ်ဖော်ထားခဲ့သည်။

ထိုအချိန်မှစကာ ရှန့်ချောင်က ဒရာမာပရိတ်သတ်များအား သူမ၏ သရုပ်ဆောင်စွမ်းရည်ဖြင့် ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်ကကဲ့သို့ Variety Show ပရိသတ်များ ရှိနေရုံမဟုတ်တော့ပေ။ အလုပ်အကိုင် တိုးတက်လာသည်နှင့်အမျှ ပညာရေးသည်လည်း နောက်ကောက်ကျကျန်ခဲ့၍ မဖြစ်ပေ။

သိပ်မကြာခင်အချိန်က ရှန့်ချောင်မှာ ပေကျင်းရုပ်ရှင်အကယ်ဒမီ၏ ဝင်ခွင့်စာမေးပွဲအောင်မြင်ခဲ့သည်။ နောက်ခြေလှမ်းတစ်လှမ်းမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပင်။ ပေ့မင်းဖန်ခမျာ အထက်တန်းကျောင်းဆရာအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ ခံစားရကာ ရှန့်ချောင်အိမ်တွင် ပြောင်းနေကာ သူမ၏ စာလေ့လာမှုအား ကြီးကြပ်ပေးလိုသည်။

ရှန့်ချောင်မှာ မေးခွန်းဟောင်းများ ဖြေဆိုရင်း ရူးသွပ်မတတ်။ ပေ့မင်းဖန်နှင့် သူမ၏ ကျူတာက နေ့စဉ်နေ့တိုင်း ဘေးဘယ်ညာမှ စောင့်ကြပ်နေသည်။ သူမဖုန်းနှင့် ဆော့ကစားခွင့်မပြုသလို ဟော့ရှီးနှင့်လည်း တွေ့ခွင့်မပြုပေ။

ပေ့မင်းဖန်က ထပ်ပေါင်းဆိုလာသည်။

"ကောင်းတယ်!! ဝေးဝေးသွားလေ ပိုကောင်းလေပဲ!! မဟုတ်ရင် တချိန်လုံး အာရုံပျံ့အောင် လုပ်နေမှာ"

ရှန့်ချောင် သူ့အား စက္ကူလိပ်ဖြင့် ရိုက်ပစ်ချင်လာသည်။

ပေ့မင်းဖန် ဤမျှ စိုးရိမ်ပူပန်နေရခြင်းမှာ အကြောင်းရင်းရှိသည်။ လက်ရှိအချိန်တွင် ရှန့်ချောင်ထံ၌ သူမ၏ သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သက်၍ အပြစ်ရှာစရာမရှိပဲ Anti fan များမှာ သူမ၏ သရုပ်ဆောင်စွမ်းရည်အား ဝေဖန်၍ မရပေ။ လက်ရှိအချိန်တွင် ဝေဖန်ရန် အကောင်းဆုံးသောအရာမှာ ကျိန်းသေပေါက် သူမ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပင်။

သူမသာ စာမေးပွဲ ကျသွားခဲ့လျှင် အင်တာနက်တစ်ခုလုံး၏ လှောင်ပြောင်ခြင်း ခံရမည်ဖြစ်ကာ တက်သစ်စအနုပညာရှင်ဖြစ်သော ရှန့်ချောင်အတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်လာပေမည်။

ပေ့မင်းဖန်မှာ နေ့တိုင်းလိုလို စိုးရိမ်ပူပန်နေကာ အိပ်မပျော်သလို ဆံပင်ပင် တပင်ချင်း ကျွတ်လာနေသည်။ ဟော့ရှီးပေါ်ထားသည့် သူမ၏ အာရုံစိုက်မှုအလုံးစုံကို သူမ၏ စာလေ့လာမှုအပေါ် ပုံအပ်ထားရန် ဖျောင်းဖြလျက်ရှိသည်။ သူမက ကျိန်းသေပေါက် အဆင့်ကောင်းကောင်းရရမည်ဖြစ်ကာ သူမအား လှောင်ပြောင်သရော်ရန် စောင့်ဆိုင်းနေသည့် လူများ၏ မျက်နှာအား ဖြတ်ရိုက်ပစ်ရပေမည်။

ရှန့်ချောင်မှာ သူ့ထံမှ အဖေအိုကြီးလို နားပူခံရလွန်းသဖြင့် ဟော့ရှီးအား တွေးတောရန်ပင် အချိန်မရှိပဲ အိပ်မက်ထဲ၌ပင် မေးခွန်းဟောင်းစာရွက်များနှင့် အလုပ်များနေရသည်။

ရှန့်ချောင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေချိန်မှာပင် ဟော့ရှီး၏ စတူဒီယိုက ဒါရိုက်တာဝမ်၏ ပထမဆုံးသော ရုပ်ရှင်လက်ရာ 'Blind Gun' တွင် ဟော့ရှီး ပါဝင်မည့်အကြောင်း ကြေညာလာသည်။

တီဗီစီးရီးဒါရိုက်တာအဖြစ်မှ ရုပ်ရှင်ဒါရိုက်တာအဖြစ်မှ ကူးပြောင်းခြင်းမှာ လွယ်ကူသည့်ကိစ္စရပ်မဟုတ်ပေ။ သူတို့၏ အိုင်ဒေါလ်က နောက်ဆုံး၌ ပိတ်ကားထက်သို့ ရွှေ့ပြောင်းလာမှုအပေါ် ရှီးကွမ်းများ စိတ်လှုပ်ရှားနေကြသော်လည်း ဤကူးပြောင်းမှုလက်ရာ၏ အရည်အသွေးနှင့် အဆင့်အတန်းပေါ် စိုးရိမ်ပူပန်နေကြသည်။

ပညာဆက်လက်လေ့လာရန်အတွက် ဟော့ရှီး နိုင်ငံခြား ထွက်သွားကာ သူ၏ လက်ရာများအား နှစ်ဝက်ကြာ မြင်တွေ့ခဲ့ရခြင်း မရှိသည့်နောက် အနုပညာလောကသားများက သူ၏ အသွင်ပြောင်းလိုမှုအား အနည်းငယ်မျှ ရိပ်မိခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဖျော်ဖြေရေးသမားတစ်ယောက်အနေဖြင့် နှစ်ဝက်ကြာ လူထုမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းမှာ သေကြောင်းကြံခြင်းနှင့် အလားတူသည်။ ယခုအခါ ပထမဆုံးသော ရုပ်ရှင်အား တရားဝင်ချပြလာပြီးနောက် ကူးပြောင်းလိုမှုအား အတည်ပြုပြီးဖြစ်သည်။

မကြာသေးခင်က သူက ရုပ်ရှင်ဧကရာဇ်ဆုအား ရရှိခဲ့သည်။ စတိတ်စင်ပေါ်ရှိ ထိပ်တန်းအနုပညာရှင်က သူ၏ ကိုယ်ပိုင်ခွန်အားကို သုံး၍ သူ့ကိုယ်ပေါ်ရှိ Traffic star ဟူသည့် တံဆိပ်ကို ဆွဲခွါလာခဲ့ခြင်းက နက်တစ်ဇင်များအား သူ့အပေါ် ပြန်လည်၍ အရေးတယူပြုလာစေခဲ့သည်။

'Blind Gun' ရုပ်ရှင်မှာ ဒါရိုက်တာဝမ်မှ ဟော့ရှီးအတွက် ရည်ရွယ်ထားသည့် ရုပ်ရှင်ဖြစ်ကြောင်း ကြော်ငြာအကောင့်တစ်ခုမှ သတင်းထုတ်ဖော်လာသည်။ လွန်ခဲ့သည့်တစ်နှစ်ကတည်းကပင် ဟော့ရှီး ပါဝင်သရုပ်ဆောင်ရန် ကြိမ်ဖန်မနည်း ဖိတ်ခေါ်ခဲ့သော်လည်း ဟော့ရှီးက တုတ်တုတ်မျှမလှုပ်။ ယခုနှစ်အတွင်း စာလေ့လာရာမှ တရုတ်ပြည်သို့ ပြန်လာချိန်မှသာ သူက လက်ခံခဲ့ခြင်းဖြစ်သည်။ ဤဇာတ်ညွှန်းမှာ လှပသော ပုံပြင်တစ်ပုဒ်ဖြစ်သည့် Bole ၏ မိုင်ပေါင်းသောင်းချီ ရှာဖွေမှုအကြောင်းဖြစ်သည်။

ရှီးကွမ်းများနှင့် အခြားသူများမှာ ပထမဆုံးသောရုပ်ရှင်အား ကြော်ငြာရန် ကြိုးပမ်းနေကြသော်လည်း ရှန့်ချောင်မှာ ဖုန်းအသိမ်းခံထားရသည်။ ပေ့မင်းဖန် (သို့) အဖွဲ့ဝင်တစ်ယောက်ယောက်က နေ့စဉ်နေ့တိုင်း Super topic သို့ ကူညီဝင်ပေးသည်မှလွဲ၍ သူမက ဒေတာနှင့် ပတ်သက်၍ ပါဝင်ခွင့်မရှိပေ။

ချောင်ချောင် - "တနေ့ကျရင် ဟော့ရှီးနဲ့ ငါ့ကြားက အတားအဆီးက မိဘတွေလည်းမဟုတ်၊ ပရိသတ်တွေလည်းမဟုတ်၊ လူထုအမြင်လည်း မဟုတ်ပဲ သောက်ကျိုးနည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြစ်နေမယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး"

အားးးး!!! ကျိန်းသေ ဖျက်ဆီးပစ်ရမယ်!!!!

*****








{Zawgyi}

အပိုင္း ၁၃၅

ဖူေဆာရီးက ပထမဦးဆုံးအေနျဖင့္ ကမၻာ့အႏွံ့အျပားက Anti fan မ်ားက စုတ္ျဖဲကာ ႐ုန့္ရင္းၾကမ္းတမ္းသည့္ စကားတစ္ခြန္းမပါပဲ ထိေရာက္၍ က်ိဳးေၾကာင္းဆီေလ်ာ္ေသာ တုံ႔ျပန္စကားတို႔ျဖင့္ လွုပ္ရြေနသည့္ ေရတပ္မ်ားအား တိတ္ဆိတ္ေစသည္။ ထို႔ေနာက္ ႐ုပ္ရွင္ေဝဖန္ေရးႏွင့္ အလားသ႑ာန္တူေသာ ေဆာင္းပါးရွည္တစ္ပုဒ္အား Weibo ေပၚ တင္လာသည္။ ေခါင္းစဥ္မွာ - 'ေဟာ့ရွီး၏ သ႐ုပ္ေဆာင္စြမ္းရည္ တိုးတက္ေျပာင္းလဲလာပုံအား ေဝဖန္အကဲျဖတ္ျခင္း'။

ေျပျပစ္သည့္ စကားလုံးေထာင္ေပါင္းမ်ားစြာအစ၊ ေဟာ့ရွီး ပြဲဦးထြက္ၿပီးေနာက္ သူ၏ ပထမဆုံး တီဗီစီးရီးမွ အစျပဳကာ ဇာတ္ေကာင္အား အေသးစိတ္အကဲျဖတ္ျခင္းႏွင့္ ဇာတ္လမ္းအား ေဝဖန္ပိုင္းျခားျခင္း၊ ႐ုပ္ရွင္ႏွင့္ တီဗီစီးရီးနယ္ပယ္သို႔ စတင္ဝင္ေရာက္ခ်ိန္၌ ေဟာ့ရွီး၏ သ႐ုပ္ေဆာင္ပုံမွ လိုအပ္ခ်က္မ်ား၊ ထို႔ေနာက္ ဒုတိယႏွင့္ တတိယ႐ုပ္ရွင္မ်ား။ ႐ုပ္ရွင္စီးရီးသုံးခုမွ တစ္ခုခ်င္းစီတြင္ သူ၏ သ႐ုပ္ေဆာင္စြမ္းရည္တိုးတက္လာမွုမွာ သိသာထင္ရွားသည္။ သူမက အေစာပိုင္းကာလမ်ားရွိ ေဟာ့ရွီး၏ အျပစ္အနာအဆာမ်ားအား ထိန္ခ်န္ထားျခင္းမရွိပဲ ဟာသအေနျဖင့္ပင္ ထုတ္ေဖာ္လာခဲ့ေသးသည္။ သို႔ေသာ္ ထိုလိုအပ္ခ်က္မ်ားမွာ ေနာက္ထပ္ထြက္ရွိလာသည့္ စီးရီးမ်ား၌ ျပဳျပင္ထားၿပီးျဖစ္သည္။ ယင္းမွာ ပ်ားမ်ား ပ်ားအုံေဆာက္သကဲ့သို႔ ၾကားေလမေသြးနိုင္ေအာင္ ေစ့စပ္လ်က္ရွိသည္။

အဆုံးတြင္မူ သူ ႐ုပ္ရွင္ဧကရာဇ္အျဖစ္ ဆုရရွိခဲ့သည့္ 'Fearless' ထဲတြင္ သူမက ရႊီလုရွန္း ဇာတ္ေကာင္စရိုက္ႏွင့္ ေနာက္ခံအား နက္နက္နဲနဲ ခြဲျခမ္းစိတ္ျဖာလာၿပီး စီးရီးထဲရွိ ႐ုပ္ရွင္အပိုင္းတိုမ်ားစြာကို အသုံးျပဳကာ ထိုဇာတ္ေကာင္အား ေဟာ့ရွီးမွ က်င္လည္စြာ ကိုင္တြယ္သြားနိုင္ပုံကို သက္ေသျပသည္။

[ငါ့အေနနဲ႔ သူ႔ရဲ့ အားနည္းခ်က္ေတြကို ေရွာင္ဖယ္စရာမလိုသလို သူ႔ကို ခ်ီးက်ဴးဖို႔အတြက္လည္း တုံ႔ဆိုင္းေနမွာ မဟုတ္ဘူး]

ထိုရွည္လ်ားသည့္ Weibo ပိုစ့္မွာ က်ိဳးေၾကာင္းဆီေလ်ာ္ကာ အလြန္အမင္း ပေရာ္ဖက္ရွင္နယ္ဆန္သည္။ Music Video မ်ားႏွင့္ Musical မ်ားအပါ ေဟာ့ရွီး လက္ရာအားလုံးကို အကၽြမ္းတဝင္ သိရွိသည္။ ခုနစ္ႏွစ္တာ ၾကာျမင့္သည့္ ဖန္မ်ားက သိျမင္နိုင္သည္။ ထိုအရာအားလုံးမွာ သူမတို႔ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ေနခဲ့သည့္ ပုံရိပ္တစ္ခုျဖစ္သည္။

ဝါရင့္ဖန္ ဟုတ္မဟုတ္ သူတို႔၏ လွုပ္ရွားမွုအား ၾကည့္႐ုံႏွင့္ သိနိုင္သည္။ ဖူေဆာရီး၏ Weibo ပိုစ့္တက္လာသည္ႏွင့္ ရွီးကြမ္းမ်ားႏွင့္ မ်ားစြာေသာ အဓိကေၾကာ္ျငာအေကာင့္မ်ားထံမွ ရွာေဖြမွုစာရင္းထိပ္ဆုံးသို႔ ေရာက္ရွိေစသည္။ ေရတပ္မ်ား၏ ေဆာင္းပါးအားလုံးမွာ ထိုပိုစ့္၏ ဖိႏွိပ္ျခင္း ခံလိုက္ရသည္။

က်ိန္းေသေပါက္ပင္ ျဖတ္သြားျဖတ္လာဖန္မ်ားမွာ သူမ၏ ေဆာင္းပါးရွည္အား ဖတ္ရွုရန္ အခ်ိန္မရွိေပ။ သို႔ေသာ္ ဖူေဆာရီးက ေဆာင္းပါးအစမွာပင္ အေရးႀကီးသည့္ အဓိကအခ်က္အလက္မ်ားအား တိက်ေသခ်ာစြာ အၾကမ္းဖ်င္း ေရးသားထားသည္။ ျဖတ္သြားျဖတ္လာမ်ားအေနျဖင့္ အစပိုင္းသာ ဖတ္ရန္လိုကာ ေဟာ့ရွီးအေပၚ ေကာင္းမြန္သည့္အျမင္ အၾကမ္းဖ်င္း ေျပာင္းလဲသြားေပမည္။ အကယ္၍ စိတ္ဝင္စားလၽွင္ ေဆာင္းပါးအား ဆက္လက္ဖတ္ရွုနိုင္သည္။

လက္႐ုံးရည္ေရာ ႏွလုံးရည္ပါ ျပည့္စုံသည့္ ဖူေဆာရီးက Weibo ေပၚ တင္႐ုံမၽွျဖင့္ စိတ္ေက်နပ္မွု မရွိေသးေပ။ သူမက သူမကိုယ္တိုင္ Hot recommendation ေနရာအား ဝယ္ယူကာ ထိုပိုစ့္အား ပို၍ ပ်ံ႕ႏွံ့ေစၿပီး အဆုံးတြင္မူ အႏုပညာအသိုင္းအဝိုင္း အျပင္ဘက္ထိတိုင္ ေရာက္ရွိသြားသည္။

ကားက ေျမေအာက္ကားပါကင္သို႔ ေရာက္ရွိခ်ိန္တြင္ ေရွာင္တန့္က ဖုန္းေခၚကာ စိတ္လွုပ္ရွားစြာ ဆိုလာသည္။

"ေဘာစ့္.... ေဘာစ့္ဖန္ေတြက အရမ္းမိုက္တာပဲ၊ ကၽြန္ေတာ္တို႔ စတူဒီယိုက ေရးထားတဲ့ PR ေဆာင္းပါးေတာင္ သူတို႔နဲ႔ မယွဥ္နိုင္ဘူး၊ ကၽြန္ေတာ္ သူ႔ကို တိတ္တိတ္ေလး ဆက္သြယ္ၿပီး စတူဒီယိုဆီ လာဖို႔ စာခ်ဳပ္ခ်ဳပ္လိုက္ရင္ ဘယ္လိုလဲ?"

ေဟာ့ရွီးက သူ႔ေဘးနားတြင္ အ႐ူးအမူး ဖုန္းႏွိပ္ေနဆဲျဖစ္ေသာ ရွန့္ေခ်ာင္ထံ ငဲ့ၾကည့္ကာ

"မလိုဘူး၊ အဲ့ဒီလူက ဖန္တစ္ေယာက္ဘဝနဲ႔ နည္းနည္း အလွမ္းေဝးတယ္"

ေရွာင္တန့္ - "........"

ရွန့္အေမက စားပြဲအျပည့္ စားေသာက္စရာမ်ား တည္ခင္းထားသည္။

လြန္ခဲ့သည့္ညက အမွတ္မထင္ ေတြ႕ဆုံမွုၿပီးေနာက္ ဤသည္မွာ သူတို႔ ပထမဆုံးအႀကိမ္ တရားဝင္ ေတြ႕ဆုံမွုျဖစ္သည္။ ရွန႔္အေမက Go chess ေဆာ့ရတာႀကိဳက္ေၾကာင္း ရွန့္ေခ်ာင္ဆီမွ ႀကိဳတင္သိထားၿပီးျဖစ္သည့္အတြက္ ေဟာ့ရွီးက ေက်ာက္စိမ္း Chess တစ္စုံကို ႀကိဳတင္ဝယ္ယူထားခဲ့ၿပီး ယခုေလးတင္ အိမ္မွ ထြက္လာခ်ိန္၌ ယူေဆာင္လာခဲ့ကာ ရွန့္အေမထံ ကမ္းေပးသည္။ လိုအပ္သည့္ ဓေလ့ထုံးထမ္းမ်ားအားလုံး ယိုေပါက္မရွိ စီစဥ္ထားႏွင့္ၿပီးျဖစ္သည္။

ရွန့္အေမမွာ သမက္ျဖစ္သူအား ပို၍ ပို၍ သေဘာက်လာသည္။ သူမသမီးျဖစ္သူ၏ နီျမန္းေနသည့္မ်က္ႏွာကို ျမင္ေတြ႕ကာ ေဟာ့ရွီးက သူ႔မ်က္ဝန္းထဲ ႏူးညံ့သည့္ ခ်စ္ျခင္းေမတၱာတို႔ ေပ်ာ္ဝင္လ်က္ သမီးျဖစ္သူအား ၾကည့္ေနသည္ကို ျမင္လၽွင္ သူမသမီးမွာ တကယ္ပင္ အရြယ္ေရာက္လာခဲ့ၿပီျဖစ္ေၾကာင္း တိတ္တဆိတ္ သက္ျပင္းခ်လိုက္သည္။ ယခုခ်ိန္မွစ၍ ရွန့္အေမက ေဟာ့ရွီးလက္ထဲ သူမအား အပ္ႏွံလိုက္ေတာ့မည္ျဖစ္သည္။ ေဟာ့ရွီးလက္ထဲမွာသာဆိုလၽွင္ သူမ စိတ္ခ်နိုင္သည္။

ညစာစားၿပီးေနာက္ တခဏမၽွ စကားစျမည္ဆိုကာ ေဟာ့ရွီးက ျပန္ရန္ ႏွုတ္ဆက္သည္။ ရွန့္ေခ်ာင္က သူ႔အား ဓါတ္ေလွကားထိ လိုက္ပို႔သည္။ ဓါတ္ေလွကား ေစာင့္ေနစဥ္တြင္ သူက စကားစသည္။

"ေနာက္ရက္နည္းနည္းက်ရင္ ဒါရိုက္တာဝမ္ရဲ့ ႐ုပ္ရွင္ရိုက္ကြင္းကို ကိုယ္ သြားရမယ္၊ ရိုက္ကြင္းက ယြမ္နမ္-ေကြ႕က်ိဳးဘက္က ေတာင္ေပၚမွာ၊ ဆက္သြယ္ေရးက သိပ္အဆင္မေျပေလာက္ဘူး"

တ႐ုတ္ႏွစ္ကူးမတိုင္မွီတြင္ သူ ရိုက္ကြင္း ဝင္ေရာက္မည့္အေၾကာင္း ရွန့္ေခ်ာင္က အေစာကတည္းက သိရွိၿပီးျဖစ္သည္။ သူမ ႀကိဳတင္ျပင္ဆင္ထားေသာ္လည္း လေပါင္းမ်ားစြာ အခ်င္းခ်င္း မေတြ႕နိုင္မွန္း ေတြးေတာလိုက္လၽွင္ စိတ္အားငယ္သြားရသည္။ သူမက ေခါင္းငုံ႔ရင္း

"အင္း... ဒါဆို နင္ ကိုယ့္ဘာသာကိုယ္ ဂ႐ုစိုက္ရမယ္ေနာ္"

ေဟာ့ရွီးက သူမအား ေပြ႕ဖက္ကာ နမ္းရွိုက္ၿပီးေနာက္ ႏွစ္သိမ့္သည္။

"လိမၼာတယ္... စာေသခ်ာႀကိဳးစား၊ မင္း တကၠသိုလ္စာေမးပြဲေျဖၿပီးတာနဲ႔ ကိုယ္ ျပန္ေရာက္လာမွာ"

သူ႔ ႏွစ္သိမ့္စကားကို ၾကားလၽွင္ ရွန့္ေခ်ာင္ခမ်ာ အသက္ ၁၈ႏွစ္ မျပည့္ေသးသည့္ ကေလးပမာ ခံစားလိုက္ရသည္။ သူမ ထပ္ၿပီး ဆြဲေဆာင္ခံရ၍ မျဖစ္ေခ်။ ဓါတ္ေလွကား ေရာက္လာသည္ႏွင့္ သူ႔အား ခပ္ျမန္ျမန္ တြန္းထည့္လိုက္ၿပီး

"ငါ သိၿပီ၊ ဂ႐ုစိုက္ကားေမာင္း၊ အိမ္ျပန္ေရာက္ရင္ မက္ေဆ့ခ်္ပို႔ေနာ္"

ေဟာ့ရွီးက သူမေခါင္းအား ပြတ္သပ္ကာ ေနာက္လွည့္ထြက္သြားသည္။

တ႐ုတ္ႏွစ္သစ္ကူးမွာ ရက္အနည္းငယ္အတြင္း ေရာက္ရွိလာမည္ျဖစ္သည္။

ရွန့္ေခ်ာင္က ေၾကာ္ျငာမ်ားႏွင့္ ႏွစ္ကူးမတိုင္ခင္ညအင္တာဗ်ဴးမ်ားအား အလ်င္စလို ရိုက္ကူးၿပီးေနာက္ ႏွစ္တစ္ႏွစ္ အစပိုင္းမွာ ၿပီးဆုံးသြားသည္။ နဂိုမူလက ေပ့မင္းဖန္က သူမ၏ ေက်ာ္ၾကားမွုအား ထိန္းသိမ္းရန္အတြက္ ေပါ့ေပါ့ပါးပါး Variety show တစ္ခု ရိုက္ကူးေစလိုခဲ့သည္။

သို႔ရာတြင္ ၿပီးခဲ့သည့္ ရက္အနည္းငယ္အတြင္း 'May the moonlight flower shine on you' ထုတ္လႊင့္ျပသလာကာ ေဆြးေႏြးမွုမ်ား ျမင့္တက္လ်က္ရွိသည္။ ဘက္ေပါင္းစုံမွ ေတြးေတာၿပီးေနာက္ သူက တကၠသိုလ္ဝင္ခြင့္ စာေမးပြဲအား စိတ္ေအးေအးျဖင့္ ေျဖဆိုနိုင္ရန္ သူမ၏ အခ်ိန္ဇယားအကုန္လုံးကို ေရႊ႕ဆိုင္းလိုက္သည္။

ေရွးေခတ္နတ္ကားျဖစ္သည္ႏွင့္အညီ 'May the moonlight flower shine on you' က ေနာက္ပိုင္းအဆင့္မ်ားတြင္ မ်ားစြာအားစိုက္ထုတ္ထားခဲ့သည္။ ဇာတ္ဝင္ခန္းမ်ား၊ ဝတ္စုံမ်ားသာမက မၾကာခဏဆိုသလို ေဝဖန္ခံရေလ့ရွိသည့္ အထူးျပဳလုပ္ခ်က္မ်ားသည္ပင္ ယခုနတ္ကားမ်ားထက္ အဆင့္တစ္ဆင့္ ျမင့္သည္။

ရွန့္ေခ်ာင္ သ႐ုပ္ေဆာင္ထားသည့္ ေမ်ာက္ငယ္ဇာတ္ေကာင္မွာ ထူးဆန္း၍ ဉာဏ္ေကာင္းသည့္ စရိုက္ရွိၿပီး သူမ၏ အဆက္မျပတ္ေသာ စာသားမ်ားမွာ ဒရာမာၾကည့္သူမ်ားအား ဆြဲေဆာင္လိုက္နိုင္သည္။

နက္တစ္ဇင္မ်ားက မ်ားစြာေသာ အီမိုဂ်ီမ်ား ျပဳလုပ္လာၾကၿပီး ျဖတ္သြားျဖတ္လာမ်ားမွာ ထိုအီမိုဂ်ီမ်ား၏ ဆြဲေဆာင္မွု ခံလိုက္ရသည္။ သူတို႔အားလုံးက စတင္ရယ္ေမာလာကာ ဘယ္လိုဇာတ္ကားမ်ိဳးမို႔ ဤမၽွထိ အူလွိမ့္မတတ္ ရယ္ရႊင္ဖြယ္ ေကာင္းေနရေၾကာင္း စူးစမ္းလာသည္။ 'May the moonlight flower shine on you' စတင္ထုတ္လႊင့္ခ်ိန္က ၾကည့္ရွုႏွုန္းမွာ သာမန္မၽွျဖစ္ေသာ္လည္း တဆင့္စကား တဆင့္ၾကားကာ ေနာက္ပိုင္းတြင္ မိုးထိေထာင္တက္သြားခဲ့ၿပီး ေဆာင္းရာသီအားလပ္ရက္အတြင္း ျပသသည့္ တူညီေသာ ဇာတ္လမ္းအမ်ိဳးအစားမွ မ်ားစြာေငါ အဓိကဒရာမာမ်ားအား ေက်ာ္ျဖတ္သြားသည္။

ေရွးေခတ္နတ္ကားဒရာမာမ်ား၏ ေစ်းကြက္မွာ ယခင္ကတည္းက က်ယ္ျပန့္ကာ အရြယ္သုံးပါးမေရြးေပ။ ထို႔ျပင္ ေရွးေခတ္ဝတ္စုံမ်ား၏ မင္းသားေလးျဖစ္သူ က်န္းမင္မွာ ရွာေဖြမွုစာရင္းထိပ္ဆုံး၌ စဥ္ဆက္မျပတ္ရွာေဖြခံရသည္။ ဇာတ္ကားထဲရွိ သ႐ုပ္ေဆာင္စြမ္းရည္မွာ ျပည္သူလူထုအား စိတ္ပ်က္ေစျခင္းမရွိ၊ ေရွ႕ပိုင္းအခန္းမ်ား၌ ရိုးသား၍ စေနာက္တတ္သည့္ ေထာင္ဟြား၊ ေနာက္ပိုင္းအခန္းတြင္မူ ရင့္က်က္လာသည့္ ေထာင္ဟြား စသည္ျဖင့္ ေပါင္းစပ္ထားသည္။ နတ္ဆိုးဘုရင္၏ ရက္စက္ၾကမ္းၾကဳတ္မွုႏွင့္ ထူးဆန္းပုံကိုလည္း ၿပီးျပည့္စုံစြာ သ႐ုပ္ေဖာ္ထားခဲ့သည္။

ထိုအခ်ိန္မွစကာ ရွန့္ေခ်ာင္က ဒရာမာပရိတ္သတ္မ်ားအား သူမ၏ သ႐ုပ္ေဆာင္စြမ္းရည္ျဖင့္ ဆြဲေဆာင္နိုင္ခဲ့ၿပီး ယခင္ကကဲ့သို႔ Variety Show ပရိသတ္မ်ား ရွိေန႐ုံမဟုတ္ေတာ့ေပ။ အလုပ္အကိုင္ တိုးတက္လာသည္ႏွင့္အမၽွ ပညာေရးသည္လည္း ေနာက္ေကာက္က်က်န္ခဲ့၍ မျဖစ္ေပ။

သိပ္မၾကာခင္အခ်ိန္က ရွန့္ေခ်ာင္မွာ ေပက်င္း႐ုပ္ရွင္အကယ္ဒမီ၏ ဝင္ခြင့္စာေမးပြဲေအာင္ျမင္ခဲ့သည္။ ေနာက္ေျခလွမ္းတစ္လွမ္းမွာ တကၠသိုလ္ဝင္ခြင့္စာေမးပြဲပင္။ ေပ့မင္းဖန္ခမ်ာ အထက္တန္းေက်ာင္းဆရာအျဖစ္ အသြင္ေျပာင္းသြားသကဲ့သို႔ ခံစားရကာ ရွန့္ေခ်ာင္အိမ္တြင္ ေျပာင္းေနကာ သူမ၏ စာေလ့လာမွုအား ႀကီးၾကပ္ေပးလိုသည္။

ရွန့္ေခ်ာင္မွာ ေမးခြန္းေဟာင္းမ်ား ေျဖဆိုရင္း ႐ူးသြပ္မတတ္။ ေပ့မင္းဖန္ႏွင့္ သူမ၏ က်ဴတာက ေန႔စဥ္ေန႔တိုင္း ေဘးဘယ္ညာမွ ေစာင့္ၾကပ္ေနသည္။ သူမဖုန္းႏွင့္ ေဆာ့ကစားခြင့္မျပဳသလို ေဟာ့ရွီးႏွင့္လည္း ေတြ႕ခြင့္မျပဳေပ။

ေပ့မင္းဖန္က ထပ္ေပါင္းဆိုလာသည္။

"ေကာင္းတယ္!! ေဝးေဝးသြားေလ ပိုေကာင္းေလပဲ!! မဟုတ္ရင္ တခ်ိန္လုံး အာ႐ုံပ်ံ႕ေအာင္ လုပ္ေနမွာ"

ရွန့္ေခ်ာင္ သူ႔အား စကၠဴလိပ္ျဖင့္ ရိုက္ပစ္ခ်င္လာသည္။

ေပ့မင္းဖန္ ဤမၽွ စိုးရိမ္ပူပန္ေနရျခင္းမွာ အေၾကာင္းရင္းရွိသည္။ လက္ရွိအခ်ိန္တြင္ ရွန့္ေခ်ာင္ထံ၌ သူမ၏ သ႐ုပ္ေဆာင္စြမ္းရည္ႏွင့္ ပတ္သက္၍ အျပစ္ရွာစရာမရွိပဲ Anti fan မ်ားမွာ သူမ၏ သ႐ုပ္ေဆာင္စြမ္းရည္အား ေဝဖန္၍ မရေပ။ လက္ရွိအခ်ိန္တြင္ ေဝဖန္ရန္ အေကာင္းဆုံးေသာအရာမွာ က်ိန္းေသေပါက္ သူမ၏ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲပင္။

သူမသာ စာေမးပြဲ က်သြားခဲ့လၽွင္ အင္တာနက္တစ္ခုလုံး၏ ေလွာင္ေျပာင္ျခင္း ခံရမည္ျဖစ္ကာ တက္သစ္စအႏုပညာရွင္ျဖစ္ေသာ ရွန့္ေခ်ာင္အတြက္ ႀကီးမားသည့္ ထိုးႏွက္ခ်က္ျဖစ္လာေပမည္။

ေပ့မင္းဖန္မွာ ေန႔တိုင္းလိုလို စိုးရိမ္ပူပန္ေနကာ အိပ္မေပ်ာ္သလို ဆံပင္ပင္ တပင္ခ်င္း ကၽြတ္လာေနသည္။ ေဟာ့ရွီးေပၚထားသည့္ သူမ၏ အာ႐ုံစိုက္မွုအလုံးစုံကို သူမ၏ စာေလ့လာမွုအေပၚ ပုံအပ္ထားရန္ ေဖ်ာင္းျဖလ်က္ရွိသည္။ သူမက က်ိန္းေသေပါက္ အဆင့္ေကာင္းေကာင္းရရမည္ျဖစ္ကာ သူမအား ေလွာင္ေျပာင္သေရာ္ရန္ ေစာင့္ဆိုင္းေနသည့္ လူမ်ား၏ မ်က္ႏွာအား ျဖတ္ရိုက္ပစ္ရေပမည္။

ရွန့္ေခ်ာင္မွာ သူ႔ထံမွ အေဖအိုႀကီးလို နားပူခံရလြန္းသျဖင့္ ေဟာ့ရွီးအား ေတြးေတာရန္ပင္ အခ်ိန္မရွိပဲ အိပ္မက္ထဲ၌ပင္ ေမးခြန္းေဟာင္းစာရြက္မ်ားႏွင့္ အလုပ္မ်ားေနရသည္။

ရွန့္ေခ်ာင္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲအတြက္ ျပင္ဆင္ေနခ်ိန္မွာပင္ ေဟာ့ရွီး၏ စတူဒီယိုက ဒါရိုက္တာဝမ္၏ ပထမဆုံးေသာ ႐ုပ္ရွင္လက္ရာ 'Blind Gun' တြင္ ေဟာ့ရွီး ပါဝင္မည့္အေၾကာင္း ေၾကညာလာသည္။

တီဗီစီးရီးဒါရိုက္တာအျဖစ္မွ ႐ုပ္ရွင္ဒါရိုက္တာအျဖစ္မွ ကူးေျပာင္းျခင္းမွာ လြယ္ကူသည့္ကိစၥရပ္မဟုတ္ေပ။ သူတို႔၏ အိုင္ေဒါလ္က ေနာက္ဆုံး၌ ပိတ္ကားထက္သို႔ ေရႊ႕ေျပာင္းလာမွုအေပၚ ရွီးကြမ္းမ်ား စိတ္လွုပ္ရွားေနၾကေသာ္လည္း ဤကူးေျပာင္းမွုလက္ရာ၏ အရည္အေသြးႏွင့္ အဆင့္အတန္းေပၚ စိုးရိမ္ပူပန္ေနၾကသည္။

ပညာဆက္လက္ေလ့လာရန္အတြက္ ေဟာ့ရွီး နိုင္ငံျခား ထြက္သြားကာ သူ၏ လက္ရာမ်ားအား ႏွစ္ဝက္ၾကာ ျမင္ေတြ႕ခဲ့ရျခင္း မရွိသည့္ေနာက္ အႏုပညာေလာကသားမ်ားက သူ၏ အသြင္ေျပာင္းလိုမွုအား အနည္းငယ္မၽွ ရိပ္မိခဲ့ၾကသည္။ မည္သို႔ပင္ဆိုေစ ေဖ်ာ္ေျဖေရးသမားတစ္ေယာက္အေနျဖင့္ ႏွစ္ဝက္ၾကာ လူထုျမင္ကြင္းမွ ေပ်ာက္ကြယ္သြားျခင္းမွာ ေသေၾကာင္းႀကံျခင္းႏွင့္ အလားတူသည္။ ယခုအခါ ပထမဆုံးေသာ ႐ုပ္ရွင္အား တရားဝင္ခ်ျပလာၿပီးေနာက္ ကူးေျပာင္းလိုမွုအား အတည္ျပဳၿပီးျဖစ္သည္။

မၾကာေသးခင္က သူက ႐ုပ္ရွင္ဧကရာဇ္ဆုအား ရရွိခဲ့သည္။ စတိတ္စင္ေပၚရွိ ထိပ္တန္းအႏုပညာရွင္က သူ၏ ကိုယ္ပိုင္ခြန္အားကို သုံး၍ သူ႔ကိုယ္ေပၚရွိ Traffic star ဟူသည့္ တံဆိပ္ကို ဆြဲခြါလာခဲ့ျခင္းက နက္တစ္ဇင္မ်ားအား သူ႔အေပၚ ျပန္လည္၍ အေရးတယူျပဳလာေစခဲ့သည္။

'Blind Gun' ႐ုပ္ရွင္မွာ ဒါရိုက္တာဝမ္မွ ေဟာ့ရွီးအတြက္ ရည္ရြယ္ထားသည့္ ႐ုပ္ရွင္ျဖစ္ေၾကာင္း ေၾကာ္ျငာအေကာင့္တစ္ခုမွ သတင္းထုတ္ေဖာ္လာသည္။ လြန္ခဲ့သည့္တစ္ႏွစ္ကတည္းကပင္ ေဟာ့ရွီး ပါဝင္သ႐ုပ္ေဆာင္ရန္ ႀကိမ္ဖန္မနည္း ဖိတ္ေခၚခဲ့ေသာ္လည္း ေဟာ့ရွီးက တုတ္တုတ္မၽွမလွုပ္။ ယခုႏွစ္အတြင္း စာေလ့လာရာမွ တ႐ုတ္ျပည္သို႔ ျပန္လာခ်ိန္မွသာ သူက လက္ခံခဲ့ျခင္းျဖစ္သည္။ ဤဇာတ္ညႊန္းမွာ လွပေသာ ပုံျပင္တစ္ပုဒ္ျဖစ္သည့္ Bole ၏ မိုင္ေပါင္းေသာင္းခ်ီ ရွာေဖြမွုအေၾကာင္းျဖစ္သည္။

ရွီးကြမ္းမ်ားႏွင့္ အျခားသူမ်ားမွာ ပထမဆုံးေသာ႐ုပ္ရွင္အား ေၾကာ္ျငာရန္ ႀကိဳးပမ္းေနၾကေသာ္လည္း ရွန့္ေခ်ာင္မွာ ဖုန္းအသိမ္းခံထားရသည္။ ေပ့မင္းဖန္ (သို႔) အဖြဲ႕ဝင္တစ္ေယာက္ေယာက္က ေန႔စဥ္ေန႔တိုင္း Super topic သို႔ ကူညီဝင္ေပးသည္မွလြဲ၍ သူမက ေဒတာႏွင့္ ပတ္သက္၍ ပါဝင္ခြင့္မရွိေပ။

ေခ်ာင္ေခ်ာင္ - "တေန႔က်ရင္ ေဟာ့ရွီးနဲ႔ ငါ့ၾကားက အတားအဆီးက မိဘေတြလည္းမဟုတ္၊ ပရိသတ္ေတြလည္းမဟုတ္၊ လူထုအျမင္လည္း မဟုတ္ပဲ ေသာက္က်ိဳးနည္း တကၠသိုလ္ဝင္ခြင့္ စာေမးပြဲျဖစ္ေနမယ္လို႔ တစ္ခါမွ မေတြးထားခဲ့ဘူး"

အားးးး!!! က်ိန္းေသ ဖ်က္ဆီးပစ္ရမယ္!!!!

*****

Continue Reading

You'll Also Like

11.9K 186 48
"You feel that? You need a lot more flour. There's some in your hair, use that." "There's flour in my hair?" "I just said that didn't I? What did ya...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
507K 13.5K 42
The fate of a not so human king and a definitely human girl became entangled in a single meeting. A teenage girl from the 21st century somehow ended...
839K 69.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...