GTKWF (Myanmar Translation )

By Liz_774

337K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 133 (2nd version)

1.5K 166 15
By Liz_774

{Unicode}

အပိုင်း ၁၃၃

ကုတင်ဘေးရှိ ညအိပ်မီးရောင်က သူမ၏ သွေးရောင်လွှမ်းနေသော မျက်နှာပေါ် ထင်ဟပ်နေသည်။ သူက လက်ထောက်ထားကာ သူမပါးပြင်ကို ပွတ်သပ်နေရင်း သူ့ခန္ဓာကိုယ်အား တတ်နိုင်သမျှ မြင့်မြင့်မြှောက်ထားလေပြီး အက်ရှနေသည့် အသံဖြင့်

"ချောင်ချောင်... ကိုယ် မင်းကို လိုချင်တယ်"

မျက်ဝန်းတို့ မှိတ်ကျသွားသည်အထိ ဖိကပ်နမ်းလိုက်ပြီးနောက်

"ရမလား?"

ရှန့်ချောင်မှာ နိုးထသွားပုံရကာ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုတစ်မျှင် ဖြတ်ပြေးသွားသည်ကို ဟော့ရှီး ဖမ်းမိလိုက်သည်။

အခုထိ အဆင်သင့်မဖြစ်သေး၊ သူမက ကြောက်ရွံ့နေဆဲ။

သူမမျက်နှာပေါ် ထိတွေ့နေသည့် သူ့လက်ဖဝါးတို့ လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားကာ လက်ဖမိုးပေါ်ရှိ သွေးကြောများမှာ ပေါက်ထွက်လုနီးနီး၊ သို့သော် သူ့လေသံမှာ တိုးဖျော့ ညင်သာနေဆဲ။

"ဒါဆို မင်း ကောင်းကောင်းအိပ်တော့နော်"

သူမနှုတ်ခမ်းပါးတို့အား နမ်းရှိုက်လိုက်ပြီး ထွက်သွားရန် ပြင်သည်။

ရှန့်ချောင်က ရုတ်တရက်ဆိုသလို သူ့လည်ပင်းထက် ဖက်တွယ်လာကာ တဝက်မျှ ကွာဝေးပြီးဖြစ်သည့် သူ့ခန္ဓာကိုယ်အား ဆွဲယူလိုက်ပြီး သူ့အနမ်းအား တုံ့ပြန်လာသည်။

ဟော့ရှီး အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမက လက်ဦးမှုယူကာ လျှာထုတ်၍ နှုတ်ခမ်းနှင့် သွားများအား ဂရုတစိုက်ထိတွေ့သည်။ ဝိုင်ရနံ့ဖျော့ဖျော့က သူ့အား ဇာပါးသဖွယ် ရစ်ပတ်နှောင်ဖွဲ့လာခဲ့ပြီးနောက် သူက တိတ်တဆိတ် ရယ်မောသည်။

'ဖျောက်' မြည်သံနှင့်အတူ အလင်းရောင် ပျောက်ကွယ်သွားကာ အခန်းတစ်ခုလုံး အမှောင်ကျသွားသည်။ အနည်းငယ်လှစ်ဟနေသည့် ကန့်လန့်ကာစများအကြားမှ လရောင်မျှင်မျှင်သာ ဖြာကျနေပြီး သူ့မျက်ခုံးများကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။

သူ့ကိုယ်သင်းရနံ့၊ လှုပ်ခတ်နေသည့် လိုအင်ဆန္ဒရမ္မက်၊ ချွေးသီးချွေးပေါက်တို့သည်ပင် ညို့ငင်ရီဝေနိုင်စွမ်း၏။

ရုတ်တရက်ဆိုသလို နောက်ကြောင်းပြန်သကဲ့သို့ သူ၏ ပုံရိပ်တို့မှာ သူမမှတ်ဉာဏ်ထဲ တဖျပ်ဖျပ် ဖြတ်သွားသည်။ စကားပြောရသည်ကို မကြိုက်လေပဲ ပွဲဦးထွက်ချိန်၌ ဘေးဘက်တွင် ရပ်နေခဲ့သည့် ကောင်ငယ်ကလေး၊ တောက်ပသည့် ခွန်အားတို့ရှိကာ ချွေးသွေးတို့ အားစိုက်ထုတ်ခဲ့ရသည့်တိုင် မထူးခြားလေဟန် ဖော်ဆောင်ထားခဲ့သည့် ကောင်ငယ်ကလေး။

အနှီကောင်ကလေးက နောက်ဆုံးတွင် ထိပ်ဆုံးသို့တိုင် ရောက်ရှိခဲ့သည်။

သူ့ပုံရိပ်တစ်ခုချင်းစီတိုင်းမှာ အဆုံးအစမဲ့သော ညှို့ငင်မှုများ ပျော်ဝင်နေလေပြီး သူမအား နင့်နင့်နဲနဲ ချစ်မြတ်နိုးစေသည်မှာ သူ့လက်တွင်း၌ သေဆုံးရမည်ဆိုလျှင်ပင် ပျော်ရွှင်ပေမည်။ သို့သော် လက်ရှိအချိန်၌မူ ထိုပုံရိပ်တို့ ရောယှက်သွားလေကာ အဖြူရောင်အလင်းတို့ ပျောက်ကွယ်သွားလေပြီး သူမရှေ့တွင် လူတစ်ဦးကိုသာ ချန်ရစ်ထားခဲ့ပြီး ထိုသူမှာ သူမ၏ ချစ်သူ။ တနေ့တွင် သူ့အား ပိုင်ဆိုင်ခွင့်ရလိမ့်မည်ဟု မည်သည့်အခါမှ မတွေးမိခဲ့ပေ။

သူက သူမမျက်ဝန်းထက် ဖိကပ်နမ်းလာကာ လေသံမျှဖြင့်

"လိမ္မာတယ်... ကိုယ် မင်းကို ချစ်တယ်"

လေပွေတို့ အော်မြည်လာသလို၊ လှိုင်းခတ်သံတို့ ရောယှက်သွားသလို၊ အဖြူရောင်အလင်းက ညတာအား ဖောက်ထွင်းထွက်လာခဲ့ပြီး ကမ္ဘာတစ်ခုလုံး လင်းကျင်းသွားခဲ့သော်လည်း မြင်နိုင်စွမ်းမရှိ။

မျက်ရည်တို့ ဝေ့သီကာ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားရပြီး နာကျင်ရမှုမှာ ပြည့်ကျပ်ခြင်းဖြင့် အစားထိုးခံလိုက်ရသည်။ ကမ္ဘာလောကအား ခံစားသိရှိနိုင်ခြင်း မရှိလေတော့ပဲ သူ့တစ်ယောက်တည်းသာ သူမ၏ သိမှီရာဖြစ်သည်။

သူမ သူ့ကို ချစ်သည်။

....
ညလယ်ထိတိုင် ရှန့်ချောင်ခမျာ အိပ်ရာထက် ပျော့ခွေစွာ လဲလျောင်းနေရန်သာ တတ်နိုင်သည်။ ဟော့ရှီး ထသွားသံကို ကြားလိုက်ရပြီး နံရံမီးအား လှမ်းဖွင့်သည်။ ရှန့်ချောင်က ချက်ချင်းပင် စောင်ခေါင်းမြီးခြုံလာပြီး ရှက်လွန်းသဖြင့် အော်လုနီးနီး။

"မီးမဖွင့်နဲ့!!"

ဟော့ရှီးက ခပ်ဖွဖွရယ်သံဖြင့် အကျီချိတ်မှ ဝတ်ရုံကို ဖြုတ်ယူ၍ ဝတ်လိုက်ပြီး ရေချိုးခန်းဆီ သွားကာ ရေနွေးစပ်ပေးသည်။ ထို့နောက် ဗီရိုထဲမှ ရေချိုးဝတ်ရုံ နောက်တထည် ထုတ်ယူလာသည်။

သူက သန့်ရှင်းသည့် မျက်နှာသုတ်ပဝါဖြင့် ကုတင်ဘေး ထိုင်ကာ ခပ်တိုးတိုး ချော့မော့လာသည်။

"ကိုယ် မင်းကို ရေချိုးပေးရမလား?"

ခန္ဓာကိုယ်လှုပ်ရှားသံတစ်ချို့ စောင်ပုံအောက်မှ ထွက်လာကာ

"ကိုယ့်ဘာသာ ချိုးမယ်"

'ဖျောက်' မြည်သံနှင့်အတူ အလင်းရောင် မှိန်ကျသွားသည်။

ဟော့ရှီးက စောင်ပုံပေါ်မှ သူမခေါင်းအား ဖွဖွ ပွတ်သပ်လာပြီးနောက်

"လိမ္မာတယ်၊ ကိုယ် မင်းကို ချီသွားပေးမယ်၊ မီးပိတ်ထားပြီးပြီ"

ရှောင်လွှဲမရနိုင်မှန်း နားလည်သည်မို့ ရှန့်ချောင် အံကြိတ်၍ ဟော့ရှီးအား စောင်ဖယ်ခွင့်ပြုလိုက်ကာ သူမအား ရေချိုးဝတ်ရုံဖြင့် ပိုက်ပွေ့၍ ရေချိုးခန်းဆီ ပွေ့ချီသွားခွင့်ပြုလိုက်သည်။

ရေနွေးစပ်ထားနှင့်ပြီးဖြစ်သည်။ မီးဖွင့်ထားခြင်း မရှိသည်မို့ ရေချိုးခန်းထဲ ပို၍ မဲမှောင်နေသော်လည်း ဟော့ရှီးက အကျွမ်းတဝင်ရှိစွာ သူမအား ဂရုတစိုက်ဖြင့် ရေချိုးဇလုံထဲ ချပေးပြီးနောက်

"ရေအပူချိန် အတော်ပဲလား?"

သူမက တိုးညှင်းစွာ ပြန်ဖြေပြီး ထပ်မံဆိုပြန်သည်။

"ကိုယ့်ဘာသာ ချိုးမယ်"

သူ့မျက်ဝန်းတို့ အမှောင်ထဲ ကျင့်သားရသွားသည်နှင့်အမျှ လှိုင်းထနေသည့် ရေပြင်နှင့် လေထုထဲ ပေါ်ထွက်နေသည့် သူမခန္ဓာကိုယ် အပေါ်ပိုင်းအား ဟော့ရှီး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

'ဘန်း' ခနဲ အသံမြည်ကာ ရှန့်ချောင် မတုံ့ပြန်နိုင်ခင်မှာပင် ဟော့ရှီးက သူမအား ချီမကာ ရေစို၍ချောမွတ်နေသည့် နံရံထက် သိမ်းပွေ့၍ မှီစေသည်။

'ဟော့ရှီး... နင် အရမ်းလွန်နေပြီ' ဟုသာ အော်လိုက်နိုင်ပြီးနောက်....။

နှုတ်ခမ်းတို့ ပိတ်ပင်ခံလိုက်ရသည်။

........
ရှန့်ချောင်က နောက်တနေ့ နေ့လယ်ထိတိုင် အိပ်စက်သည်။ မျက်လုံးဖွင့်လိုက်ချိန်တွင် ခန္ဓာကိုယ်အနှံ့ နာကျင်မှုနှင့် သက်သောင့်သက်သာမရှိမှုတို့က သူမဦးနှောက်ထဲ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ ခေါင်းထိလုံအောင် စောင်ဆွဲခြုံလိုက်ပြီးနောက် အော်လိုက်သည်။ အလှည့်အပြုလုပ်ရန်ပင် ခက်ခဲလွန်းရကာ သူမကိုယ်သူမ တွန်းအားပေး၍ ထထိုင်သည်။

ကုတင်ဘေးတွင် အဖြူရောင်ညဝတ်အကျီအား သေသေသပ်သပ် ချပေးထားသည်။ အသစ်ဖြစ်ပုံရကာ ယခင်က သူမဝတ်ဖူးသည့် ဝက်ဝံရုပ်ညဝတ်အကျီနှင့် ဆင်တူသည်။

အကျီလဲဝတ်ပြီးနောက် အိပ်ရာပေါ်မှ ခက်ခက်ခဲခဲဆင်းလာကာ ခြေတလှမ်းလှမ်းချိန်တိုင်း ခြေထောက်တို့ အားနည်းပျော့ခွေမတတ်။ တကယ့်ကို ဆူဆဲပစ်လိုက်ချင်သော်လည်း သူမ၏ အဖိုးတန် အိုင်ဒေါလ်ဖြစ်နေသည်မို့ မဆူရက်ပေ။ သူမတစ်ကိုယ်တည်း စိတ်ရှုပ်ထွေးရခြင်းဖြင့်သာ အဆုံးသတ်သွားသည်။

အခန်းတံခါးမှ ထွက်ကာ လှေကားဆီသို့ ခဲခဲယဉ်းယဉ်း လမ်းလျှောက်သွားနိုင်ချိန်တွင် အောက်ဘက်၌ ဟော့ရှီး ဖုန်းဖြေနေသံကို ကြားရသည်။

"အင်း... ချောင်ချောင် မနေ့ညက အမူးလွန်ပြီး အရမ်းအန်လို့၊ အခုထိ အိပ်နေတုန်းပဲ၊ စိတ်မပူပါနဲ့ အားရီ... ခဏနေ စားပြီးရင် ဆေးသောက်ခိုင်းလိုက်ပါ့မယ်၊ ညစာစားပြီးရင် ကျွန်တော် ပြန်လာပို့ပေးပါ့မယ်"

ရှန့်ချောင် - "......."

သူက ယခင်ကကဲ့သို့ အေးတိအေးစက်နိုင်သည့် အိုင်ဒေါလ်မဟုတ်တော့။

သူမ နတ်ဘုရားအား လူ့ဘုံလောကထံ ဆွဲချမိပြီ။

ဟော့ရှီးဖုန်းချကာ နောက်လှည့်လာပြီး လှေကားထိပ်ရှိ သူမအား လှမ်းမြင်လျှင် နူးနူးညံ့ညံ့ ပြုံးရင်း

"နိုးပြီလား?"

ရှန့်ချောင် နှုတ်ခမ်းစေ့ရင်း ပြန်မဖြေပေ။ သူက လှေကားအတိုင်း လျှောက်တက်လာကာ နဖူးထက် နမ်းလာပြီးနောက် လက်ဆန့်၍ သူမအား ပွေ့ချီကာ အောက်ထပ်သို့ ဆင်းလာသည်။ သူမအား ပွေ့ဖက်လိုက်သည်နှင့် သူ့ကိုယ်သင်းရနံ့မှာ သူမခန္ဓာကိုယ်ထက် ရစ်သိုင်းလွှမ်းခြုံသွားသည်။ တခဏမျှ သူမမျက်နှာနီရဲသွားပြန်ကာ ခပ်မြန်မြန်ပင် ပြတင်းပေါက်ရှိရာဆီ လှည့်ကြည့်သည်။

ထိုအခါမှသာ နှင်းကျနေမှန်း သတိပြုမိသည်။

သစ်ကိုင်းများထက် နှင်းများ စုပုံလျက်ရှိသော်လည်း အခန်းတွင်း၌ လုံလောက်စွာ ပူနွေးနေဆဲ။ ဟော့ရှီးက သူမအား ဆိုဖာပေါ် နေရာချထားပေးပြီးနောက် သူမလည်တိုင်အနှံ့အပြား ပြန့်ကျဲနေသည့် စတော်ဘယ်ရီအမှတ်အသားများအား လက်ချောင်းများဖြင့် ထိတွေ့လာရင်း နှုတ်ခမ်းထက်ရှိ အပြုံးအား ဖိနှိပ်ကာ

"ဆန်ပြုတ် ချက်ထားတယ်၊ ခဏနေ ကျက်ပြီ.. ဒီမှာ ထိုင်နေ၊ မလှုပ်နဲ့"

သူမဘဝတော့ အဆုံးသတ်ပြီဖြစ်မှန်း နားလည်သဘောပေါက်လိုက်သည်။ သူမအား သူ ထိတွေ့လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းဆိုသလို အထိမခံဖြစ်ကာ တုန်ယင်လာသည်။

ခပ်မြန်မြန်ပင် သူ့လက်အား တွန်းဖယ်သည်။

"အင်း! မြန်မြန်သွား"

ဟော့ရှီး ပြုံးရင်း မီးဖိုချောင်ထဲ ဝင်သွားသည်။ ခဏအကြာ ဆန်ပြုတ်ပန်းကန်နှင့် ဟင်းရွက်ပန်းကန်အား သယ်ထုတ်လာကာ ကော်ဖီစားပွဲပေါ် တင်ကာ အအေးခံသည်။ ဆန်ပြုတ်အေးသွားချိန်မှ သူမရှိရာဆီ ယူလာပေးသည်။ ရှန့်ချောင် ဆန်ပြုတ်သောက်နေသည်ကို ကြည့်ရင်း ရုတ်တရက် မေးမြန်းသည်။

"နားနေတုန်းလား?"

ရှန့်ချောင်ခမျာ ဆန်ပြုတ်သီးကာ အသက်ထွက်လုနီးနီး။ ဟော့ရှီးက တစ်ရှူးတစ်ရွက်ဆွဲထုတ်ကာ နောက်ကျောအား ဖွဖွပုတ်ပေးသည်။ သူ မော့ကြည့်လိုက်လျှင် သူမက စိတ်ရှုပ်ထွေးကာ ရှက်နေဟန်ဖြင့် စွပ်စွဲလာသည်။

"နင် ဘယ်လိုထင်လဲ?"

သူ့မျက်ဝန်းထဲ အပြုံးရိပ်တစ်ချို့ ထင်ဟပ်နေသော်လည်း လေသံမှာမူ တိုးဖွနေဆဲ။

"တောင်းပန်ပါတယ်... နောက်တကြိမ်ကျရင် ကိုယ် ညင်သာပါ့မယ်"

ရှန့်ချောင်ခမျာ ရှက်လွန်းသဖြင့် ထွက်ပြေးချင်စိတ်ပင် ပေါက်လာသည်။

စားသောက်ပြီးနောက် ဟော့ရှီးက သူမအား လှုပ်ရှားခွင့်မပြု။ သူမကြည့်ရန် တီဗီဖွင့်ပေးကာ မီးဖိုချောင်ထဲ သိမ်းဆည်းသည်။ ပြန်ထွက်လာချိန်တွင် ရှန့်ချောင် ဖုန်းဖြေသံကို ကြားရသည်။

"ဒီနေ့မရဘူး၊ မနေ့က သောက်တာများသွားပြီး ခေါင်းမူးနေတုန်းပဲ၊ အင်း၊ မျက်နှာ သိပ်မကောင်းတော့ ကျိန်းသေ ဓါတ်ပုံထဲလည်း ကြည့်ကောင်းမှာ မဟုတ်ဘူး၊ မနက်ဖြန်မှပဲ အဆင်ပြေမယ်"

စကားအနည်းငယ်ပြောကာ ဖုန်းချလိုက်ပြီးနောက် မော့ကြည့်လိုက်လျှင် ဟော့ရှီးက သူမထံ ခပ်ပြုံးပြုံး လှမ်းကြည့်နေသည်ကို မြင်လိုက်ရကာ ရှင်းပြသည်။

"ပေ့ကောက မဂ္ဂဇင်းရိုက်ဖို့ ပြောနေတာ"

တခဏမျှ တုံ့သွားကာ သတ္တိမွေးပြီး ပြင်းပြင်းထန်ထန် ဆိုလိုက်သည်။

"ဘာလို့ ရယ်နေတာလဲ? အကုန်လုံး နင့်အပြစ်တွေပဲ"

"အင်း... ကိုယ့်အပြစ်ပါ"

ဟော့ရှီးက အနားတိုးလာကာ လက်ဆန့်၍ သူမအား ရင်ခွင်တွင်း ဆွဲသွင်းလာပြီး ပွေ့ဖက်သည်။

"တီဗီခဏကြည့်နေ၊ ညနေကျမှ ကိုယ် ပြန်ပို့ပေးမယ်"

ပြတင်းအပြင်ဘက်တွင် နှင်းများ တိတ်တဆိတ်ကျဆင်းနေကာ ကန့်လန့်ကာစမှာ တဝက်မျှ ပွင့်ဟနေပြီး အခန်းတွင်း၌ နွေးထွေး၍ သက်သောင့်သက်သာ ရှိလှသည်။ သူမက သူ့လက်မောင်းကြားတိုးဝင်လိုက်ပြီး ထိုတခဏတွင် ဤသည်မှာ အိပ်မက်သာ ဖြစ်လေမလား ထင်ယောင်ထင်မှား ဖြစ်မိသည်။

လှပလွန်းသဖြင့် ဆုံးရှုံးရမည်ကိုပင် ကြောက်ရွံ့မိသည်။

သို့သော် သူ၏ ပွေ့ဖက်ထားသည့် လက်မောင်းများမှာ အစစ်အမှန်၊ သူ့ကိုယ်သင်းရနံ့သည်လည်း အစစ်အမှန်၊ သူ့ဝမ်းဗိုက်ကြွက်သားများသည်လည်း အစစ်အမှန် ဖြစ်ချေသည်။

ရှန့်ချောင်က အကျီစပါးပါးပေါ်မှ ခိုးကြောင်ခိုးဝှက်ထိတွေ့လာသည်မှာ အချိန်အတော်ကြာသည်အထိ။ သူမခေါင်းထက်မှ အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရပြီး ဟော့ရှီးက အံကြိတ်၍ မေးသည်။

"မနာတော့ဘူး ဟုတ်တယ်မလား?"

ရှန့်ချောင် လက်ပြန်ရုတ်ကာ မတရားခံရသူပမာ ဆိုလာသည်။

"ဝမ်းဗိုက်ကြွက်သားလေး ထိတာပဲကို ဘာဖြစ်လို့လဲ?"

ဟော့ရှီးက မျက်နှာအမူအရာကင်းမဲ့စွာဖြင့် သူမရင်ဘတ်အား ပွတ်သပ်သည်။ ရှန့်ချောင် အံ့အားသင့်သွားရသည်။

ဟော့ရှီး - "ရင်ဘတ်လေး ထိတာပဲကို ဘာဖြစ်လို့လဲ?"

ရှန့်ချောင် - "......."

အိုင်ဒေါလ်တော့ အကျင့်ပျက်သွားပြီ...။

*****
စာအုပ်ဗားရှင်းပါ

****









{Zawgyi}

အပိုင္း ၁၃၃

ကုတင္ေဘးရွိ ညအိပ္မီးေရာင္က သူမ၏ ေသြးေရာင္လႊမ္းေနေသာ မ်က္ႏွာေပၚ ထင္ဟပ္ေနသည္။ သူက လက္ေထာက္ထားကာ သူမပါးျပင္ကို ပြတ္သပ္ေနရင္း သူ႔ခႏၶာကိုယ္အား တတ္နိုင္သမၽွ ျမင့္ျမင့္ေျမႇာက္ထားေလၿပီး အက္ရွေနသည့္ အသံျဖင့္

"ေခ်ာင္ေခ်ာင္... ကိုယ္ မင္းကို လိုခ်င္တယ္"

မ်က္ဝန္းတို႔ မွိတ္က်သြားသည္အထိ ဖိကပ္နမ္းလိုက္ၿပီးေနာက္

"ရမလား?"

ရွန့္ေခ်ာင္မွာ နိုးထသြားပုံရကာ မ်က္ဝန္းမ်ားထဲတြင္ ထိတ္လန့္မွုတစ္မၽွင္ ျဖတ္ေျပးသြားသည္ကို ေဟာ့ရွီး ဖမ္းမိလိုက္သည္။

အခုထိ အဆင္သင့္မျဖစ္ေသး၊ သူမက ေၾကာက္ရြံ႕ေနဆဲ။

သူမမ်က္ႏွာေပၚ ထိေတြ႕ေနသည့္ သူ႔လက္ဖဝါးတို႔ လက္သီးဆုပ္အျဖစ္ ေျပာင္းလဲသြားကာ လက္ဖမိုးေပၚရွိ ေသြးေၾကာမ်ားမွာ ေပါက္ထြက္လုနီးနီး၊ သို႔ေသာ္ သူ႔ေလသံမွာ တိုးေဖ်ာ့ ညင္သာေနဆဲ။

"ဒါဆို မင္း ေကာင္းေကာင္းအိပ္ေတာ့ေနာ္"

သူမႏွုတ္ခမ္းပါးတို႔အား နမ္းရွိုက္လိုက္ၿပီး ထြက္သြားရန္ ျပင္သည္။

ရွန့္ေခ်ာင္က ႐ုတ္တရက္ဆိုသလို သူ႔လည္ပင္းထက္ ဖက္တြယ္လာကာ တဝက္မၽွ ကြာေဝးၿပီးျဖစ္သည့္ သူ႔ခႏၶာကိုယ္အား ဆြဲယူလိုက္ၿပီး သူ႔အနမ္းအား တုံ႔ျပန္လာသည္။

ေဟာ့ရွီး အနည္းငယ္ အံ့အားသင့္သြားေသာ္လည္း သူမက လက္ဦးမွုယူကာ လၽွာထုတ္၍ ႏွုတ္ခမ္းႏွင့္ သြားမ်ားအား ဂ႐ုတစိုက္ထိေတြ႕သည္။ ဝိုင္ရနံ႔ေဖ်ာ့ေဖ်ာ့က သူ႔အား ဇာပါးသဖြယ္ ရစ္ပတ္ေႏွာင္ဖြဲ႕လာခဲ့ၿပီးေနာက္ သူက တိတ္တဆိတ္ ရယ္ေမာသည္။

'ေဖ်ာက္' ျမည္သံႏွင့္အတူ အလင္းေရာင္ ေပ်ာက္ကြယ္သြားကာ အခန္းတစ္ခုလုံး အေမွာင္က်သြားသည္။ အနည္းငယ္လွစ္ဟေနသည့္ ကန့္လန့္ကာစမ်ားအၾကားမွ လေရာင္မၽွင္မၽွင္သာ ျဖာက်ေနၿပီး သူ႔မ်က္ခုံးမ်ားကိုပင္ သဲသဲကြဲကြဲ မျမင္ရေခ်။

သူ႔ကိုယ္သင္းရနံ႔၊ လွုပ္ခတ္ေနသည့္ လိုအင္ဆႏၵရမၼက္၊ ေခၽြးသီးေခၽြးေပါက္တို႔သည္ပင္ ညိဳ႕ငင္ရီေဝနိုင္စြမ္း၏။

႐ုတ္တရက္ဆိုသလို ေနာက္ေၾကာင္းျပန္သကဲ့သို႔ သူ၏ ပုံရိပ္တို႔မွာ သူမမွတ္ဉာဏ္ထဲ တဖ်ပ္ဖ်ပ္ ျဖတ္သြားသည္။ စကားေျပာရသည္ကို မႀကိဳက္ေလပဲ ပြဲဦးထြက္ခ်ိန္၌ ေဘးဘက္တြင္ ရပ္ေနခဲ့သည့္ ေကာင္ငယ္ကေလး၊ ေတာက္ပသည့္ ခြန္အားတို႔ရွိကာ ေခၽြးေသြးတို႔ အားစိုက္ထုတ္ခဲ့ရသည့္တိုင္ မထူးျခားေလဟန္ ေဖာ္ေဆာင္ထားခဲ့သည့္ ေကာင္ငယ္ကေလး။

အႏွီေကာင္ကေလးက ေနာက္ဆုံးတြင္ ထိပ္ဆုံးသို႔တိုင္ ေရာက္ရွိခဲ့သည္။

သူ႔ပုံရိပ္တစ္ခုခ်င္းစီတိုင္းမွာ အဆုံးအစမဲ့ေသာ ညႇို႔ငင္မွုမ်ား ေပ်ာ္ဝင္ေနေလၿပီး သူမအား နင့္နင့္နဲနဲ ခ်စ္ျမတ္နိုးေစသည္မွာ သူ႔လက္တြင္း၌ ေသဆုံးရမည္ဆိုလၽွင္ပင္ ေပ်ာ္ရႊင္ေပမည္။ သို႔ေသာ္ လက္ရွိအခ်ိန္၌မူ ထိုပုံရိပ္တို႔ ေရာယွက္သြားေလကာ အျဖဴေရာင္အလင္းတို႔ ေပ်ာက္ကြယ္သြားေလၿပီး သူမေရွ႕တြင္ လူတစ္ဦးကိုသာ ခ်န္ရစ္ထားခဲ့ၿပီး ထိုသူမွာ သူမ၏ ခ်စ္သူ။ တေန႔တြင္ သူ႔အား ပိုင္ဆိုင္ခြင့္ရလိမ့္မည္ဟု မည္သည့္အခါမွ မေတြးမိခဲ့ေပ။

သူက သူမမ်က္ဝန္းထက္ ဖိကပ္နမ္းလာကာ ေလသံမၽွျဖင့္

"လိမၼာတယ္... ကိုယ္ မင္းကို ခ်စ္တယ္"

ေလေပြတို႔ ေအာ္ျမည္လာသလို၊ လွိုင္းခတ္သံတို႔ ေရာယွက္သြားသလို၊ အျဖဴေရာင္အလင္းက ညတာအား ေဖာက္ထြင္းထြက္လာခဲ့ၿပီး ကမၻာတစ္ခုလုံး လင္းက်င္းသြားခဲ့ေသာ္လည္း ျမင္နိုင္စြမ္းမရွိ။

မ်က္ရည္တို႔ ေဝ့သီကာ ဦးေႏွာက္တစ္ခုလုံး ဗလာက်င္းသြားရၿပီး နာက်င္ရမွုမွာ ျပည့္က်ပ္ျခင္းျဖင့္ အစားထိုးခံလိုက္ရသည္။ ကမၻာေလာကအား ခံစားသိရွိနိုင္ျခင္း မရွိေလေတာ့ပဲ သူ႔တစ္ေယာက္တည္းသာ သူမ၏ သိမွီရာျဖစ္သည္။

သူမ သူ႔ကို ခ်စ္သည္။

....
ညလယ္ထိတိုင္ ရွန့္ေခ်ာင္ခမ်ာ အိပ္ရာထက္ ေပ်ာ့ေခြစြာ လဲေလ်ာင္းေနရန္သာ တတ္နိုင္သည္။ ေဟာ့ရွီး ထသြားသံကို ၾကားလိုက္ရၿပီး နံရံမီးအား လွမ္းဖြင့္သည္။ ရွန့္ေခ်ာင္က ခ်က္ခ်င္းပင္ ေစာင္ေခါင္းၿမီးျခဳံလာၿပီး ရွက္လြန္းသျဖင့္ ေအာ္လုနီးနီး။

"မီးမဖြင့္နဲ႔!!"

ေဟာ့ရွီးက ခပ္ဖြဖြရယ္သံျဖင့္ အက်ီခ်ိတ္မွ ဝတ္႐ုံကို ျဖဳတ္ယူ၍ ဝတ္လိုက္ၿပီး ေရခ်ိဳးခန္းဆီ သြားကာ ေရေႏြးစပ္ေပးသည္။ ထို႔ေနာက္ ဗီရိုထဲမွ ေရခ်ိဳးဝတ္႐ုံ ေနာက္တထည္ ထုတ္ယူလာသည္။

သူက သန့္ရွင္းသည့္ မ်က္ႏွာသုတ္ပဝါျဖင့္ ကုတင္ေဘး ထိုင္ကာ ခပ္တိုးတိုး ေခ်ာ့ေမာ့လာသည္။

"ကိုယ္ မင္းကို ေရခ်ိဳးေပးရမလား?"

ခႏၶာကိုယ္လွုပ္ရွားသံတစ္ခ်ိဳ႕ ေစာင္ပုံေအာက္မွ ထြက္လာကာ

"ကိုယ့္ဘာသာ ခ်ိဳးမယ္"

'ေဖ်ာက္' ျမည္သံႏွင့္အတူ အလင္းေရာင္ မွိန္က်သြားသည္။

ေဟာ့ရွီးက ေစာင္ပုံေပၚမွ သူမေခါင္းအား ဖြဖြ ပြတ္သပ္လာၿပီးေနာက္

"လိမၼာတယ္၊ ကိုယ္ မင္းကို ခ်ီသြားေပးမယ္၊ မီးပိတ္ထားၿပီးၿပီ"

ေရွာင္လႊဲမရနိုင္မွန္း နားလည္သည္မို႔ ရွန့္ေခ်ာင္ အံႀကိတ္၍ ေဟာ့ရွီးအား ေစာင္ဖယ္ခြင့္ျပဳလိုက္ကာ သူမအား ေရခ်ိဳးဝတ္႐ုံျဖင့္ ပိုက္ေပြ႕၍ ေရခ်ိဳးခန္းဆီ ေပြ႕ခ်ီသြားခြင့္ျပဳလိုက္သည္။

ေရေႏြးစပ္ထားႏွင့္ၿပီးျဖစ္သည္။ မီးဖြင့္ထားျခင္း မရွိသည္မို႔ ေရခ်ိဳးခန္းထဲ ပို၍ မဲေမွာင္ေနေသာ္လည္း ေဟာ့ရွီးက အကၽြမ္းတဝင္ရွိစြာ သူမအား ဂ႐ုတစိုက္ျဖင့္ ေရခ်ိဳးဇလုံထဲ ခ်ေပးၿပီးေနာက္

"ေရအပူခ်ိန္ အေတာ္ပဲလား?"

သူမက တိုးညႇင္းစြာ ျပန္ေျဖၿပီး ထပ္မံဆိုျပန္သည္။

"ကိုယ့္ဘာသာ ခ်ိဳးမယ္"

သူ႔မ်က္ဝန္းတို႔ အေမွာင္ထဲ က်င့္သားရသြားသည္ႏွင့္အမၽွ လွိုင္းထေနသည့္ ေရျပင္ႏွင့္ ေလထုထဲ ေပၚထြက္ေနသည့္ သူမခႏၶာကိုယ္ အေပၚပိုင္းအား ေဟာ့ရွီး ရွင္းရွင္းလင္းလင္း ျမင္ေတြ႕နိုင္သည္။

'ဘန္း' ခနဲ အသံျမည္ကာ ရွန့္ေခ်ာင္ မတုံ႔ျပန္နိုင္ခင္မွာပင္ ေဟာ့ရွီးက သူမအား ခ်ီမကာ ေရစို၍ေခ်ာမြတ္ေနသည့္ နံရံထက္ သိမ္းေပြ႕၍ မွီေစသည္။

'ေဟာ့ရွီး... နင္ အရမ္းလြန္ေနၿပီ' ဟုသာ ေအာ္လိုက္နိုင္ၿပီးေနာက္....။

ႏွုတ္ခမ္းတို႔ ပိတ္ပင္ခံလိုက္ရသည္။

........
ရွန့္ေခ်ာင္က ေနာက္တေန႔ ေန႔လယ္ထိတိုင္ အိပ္စက္သည္။ မ်က္လုံးဖြင့္လိုက္ခ်ိန္တြင္ ခႏၶာကိုယ္အႏွံ့ နာက်င္မွုႏွင့္ သက္ေသာင့္သက္သာမရွိမွုတို႔က သူမဦးေႏွာက္ထဲ အလုံးအရင္းျဖင့္ ဝင္ေရာက္လာသည္။ ေခါင္းထိလုံေအာင္ ေစာင္ဆြဲျခဳံလိုက္ၿပီးေနာက္ ေအာ္လိုက္သည္။ အလွည့္အျပဳလုပ္ရန္ပင္ ခက္ခဲလြန္းရကာ သူမကိုယ္သူမ တြန္းအားေပး၍ ထထိုင္သည္။

ကုတင္ေဘးတြင္ အျဖဴေရာင္ညဝတ္အက်ီအား ေသေသသပ္သပ္ ခ်ေပးထားသည္။ အသစ္ျဖစ္ပုံရကာ ယခင္က သူမဝတ္ဖူးသည့္ ဝက္ဝံ႐ုပ္ညဝတ္အက်ီႏွင့္ ဆင္တူသည္။

အက်ီလဲဝတ္ၿပီးေနာက္ အိပ္ရာေပၚမွ ခက္ခက္ခဲခဲဆင္းလာကာ ေျခတလွမ္းလွမ္းခ်ိန္တိုင္း ေျခေထာက္တို႔ အားနည္းေပ်ာ့ေခြမတတ္။ တကယ့္ကို ဆူဆဲပစ္လိုက္ခ်င္ေသာ္လည္း သူမ၏ အဖိုးတန္ အိုင္ေဒါလ္ျဖစ္ေနသည္မို႔ မဆူရက္ေပ။ သူမတစ္ကိုယ္တည္း စိတ္ရွုပ္ေထြးရျခင္းျဖင့္သာ အဆုံးသတ္သြားသည္။

အခန္းတံခါးမွ ထြက္ကာ ေလွကားဆီသို႔ ခဲခဲယဥ္းယဥ္း လမ္းေလၽွာက္သြားနိုင္ခ်ိန္တြင္ ေအာက္ဘက္၌ ေဟာ့ရွီး ဖုန္းေျဖေနသံကို ၾကားရသည္။

"အင္း... ေခ်ာင္ေခ်ာင္ မေန႔ညက အမူးလြန္ၿပီး အရမ္းအန္လို႔၊ အခုထိ အိပ္ေနတုန္းပဲ၊ စိတ္မပူပါနဲ႔ အားရီ... ခဏေန စားၿပီးရင္ ေဆးေသာက္ခိုင္းလိုက္ပါ့မယ္၊ ညစာစားၿပီးရင္ ကၽြန္ေတာ္ ျပန္လာပို႔ေပးပါ့မယ္"

ရွန့္ေခ်ာင္ - "......."

သူက ယခင္ကကဲ့သို႔ ေအးတိေအးစက္နိုင္သည့္ အိုင္ေဒါလ္မဟုတ္ေတာ့။

သူမ နတ္ဘုရားအား လူ႔ဘုံေလာကထံ ဆြဲခ်မိၿပီ။

ေဟာ့ရွီးဖုန္းခ်ကာ ေနာက္လွည့္လာၿပီး ေလွကားထိပ္ရွိ သူမအား လွမ္းျမင္လၽွင္ ႏူးႏူးညံ့ညံ့ ျပဳံးရင္း

"နိုးၿပီလား?"

ရွန့္ေခ်ာင္ ႏွုတ္ခမ္းေစ့ရင္း ျပန္မေျဖေပ။ သူက ေလွကားအတိုင္း ေလၽွာက္တက္လာကာ နဖူးထက္ နမ္းလာၿပီးေနာက္ လက္ဆန့္၍ သူမအား ေပြ႕ခ်ီကာ ေအာက္ထပ္သို႔ ဆင္းလာသည္။ သူမအား ေပြ႕ဖက္လိုက္သည္ႏွင့္ သူ႔ကိုယ္သင္းရနံ႔မွာ သူမခႏၶာကိုယ္ထက္ ရစ္သိုင္းလႊမ္းျခဳံသြားသည္။ တခဏမၽွ သူမမ်က္ႏွာနီရဲသြားျပန္ကာ ခပ္ျမန္ျမန္ပင္ ျပတင္းေပါက္ရွိရာဆီ လွည့္ၾကည့္သည္။

ထိုအခါမွသာ ႏွင္းက်ေနမွန္း သတိျပဳမိသည္။

သစ္ကိုင္းမ်ားထက္ ႏွင္းမ်ား စုပုံလ်က္ရွိေသာ္လည္း အခန္းတြင္း၌ လုံေလာက္စြာ ပူေႏြးေနဆဲ။ ေဟာ့ရွီးက သူမအား ဆိုဖာေပၚ ေနရာခ်ထားေပးၿပီးေနာက္ သူမလည္တိုင္အႏွံ့အျပား ျပန့္က်ဲေနသည့္ စေတာ္ဘယ္ရီအမွတ္အသားမ်ားအား လက္ေခ်ာင္းမ်ားျဖင့္ ထိေတြ႕လာရင္း ႏွုတ္ခမ္းထက္ရွိ အျပဳံးအား ဖိႏွိပ္ကာ

"ဆန္ျပဳတ္ ခ်က္ထားတယ္၊ ခဏေန က်က္ၿပီ.. ဒီမွာ ထိုင္ေန၊ မလွုပ္နဲ႔"

သူမဘဝေတာ့ အဆုံးသတ္ၿပီျဖစ္မွန္း နားလည္သေဘာေပါက္လိုက္သည္။ သူမအား သူ ထိေတြ႕လိုက္သည္ႏွင့္ ခႏၶာကိုယ္တစ္ခုလုံး ခ်က္ခ်င္းဆိုသလို အထိမခံျဖစ္ကာ တုန္ယင္လာသည္။

ခပ္ျမန္ျမန္ပင္ သူ႔လက္အား တြန္းဖယ္သည္။

"အင္း! ျမန္ျမန္သြား"

ေဟာ့ရွီး ျပဳံးရင္း မီးဖိုေခ်ာင္ထဲ ဝင္သြားသည္။ ခဏအၾကာ ဆန္ျပဳတ္ပန္းကန္ႏွင့္ ဟင္းရြက္ပန္းကန္အား သယ္ထုတ္လာကာ ေကာ္ဖီစားပြဲေပၚ တင္ကာ အေအးခံသည္။ ဆန္ျပဳတ္ေအးသြားခ်ိန္မွ သူမရွိရာဆီ ယူလာေပးသည္။ ရွန့္ေခ်ာင္ ဆန္ျပဳတ္ေသာက္ေနသည္ကို ၾကည့္ရင္း ႐ုတ္တရက္ ေမးျမန္းသည္။

"နားေနတုန္းလား?"

ရွန့္ေခ်ာင္ခမ်ာ ဆန္ျပဳတ္သီးကာ အသက္ထြက္လုနီးနီး။ ေဟာ့ရွီးက တစ္ရွူးတစ္ရြက္ဆြဲထုတ္ကာ ေနာက္ေက်ာအား ဖြဖြပုတ္ေပးသည္။ သူ ေမာ့ၾကည့္လိုက္လၽွင္ သူမက စိတ္ရွုပ္ေထြးကာ ရွက္ေနဟန္ျဖင့္ စြပ္စြဲလာသည္။

"နင္ ဘယ္လိုထင္လဲ?"

သူ႔မ်က္ဝန္းထဲ အျပဳံးရိပ္တစ္ခ်ိဳ႕ ထင္ဟပ္ေနေသာ္လည္း ေလသံမွာမူ တိုးဖြေနဆဲ။

"ေတာင္းပန္ပါတယ္... ေနာက္တႀကိမ္က်ရင္ ကိုယ္ ညင္သာပါ့မယ္"

ရွန့္ေခ်ာင္ခမ်ာ ရွက္လြန္းသျဖင့္ ထြက္ေျပးခ်င္စိတ္ပင္ ေပါက္လာသည္။

စားေသာက္ၿပီးေနာက္ ေဟာ့ရွီးက သူမအား လွုပ္ရွားခြင့္မျပဳ။ သူမၾကည့္ရန္ တီဗီဖြင့္ေပးကာ မီးဖိုေခ်ာင္ထဲ သိမ္းဆည္းသည္။ ျပန္ထြက္လာခ်ိန္တြင္ ရွန့္ေခ်ာင္ ဖုန္းေျဖသံကို ၾကားရသည္။

"ဒီေန႔မရဘူး၊ မေန႔က ေသာက္တာမ်ားသြားၿပီး ေခါင္းမူးေနတုန္းပဲ၊ အင္း၊ မ်က္ႏွာ သိပ္မေကာင္းေတာ့ က်ိန္းေသ ဓါတ္ပုံထဲလည္း ၾကည့္ေကာင္းမွာ မဟုတ္ဘူး၊ မနက္ျဖန္မွပဲ အဆင္ေျပမယ္"

စကားအနည္းငယ္ေျပာကာ ဖုန္းခ်လိုက္ၿပီးေနာက္ ေမာ့ၾကည့္လိုက္လၽွင္ ေဟာ့ရွီးက သူမထံ ခပ္ျပဳံးျပဳံး လွမ္းၾကည့္ေနသည္ကို ျမင္လိုက္ရကာ ရွင္းျပသည္။

"ေပ့ေကာက မဂၢဇင္းရိုက္ဖို႔ ေျပာေနတာ"

တခဏမၽွ တုံ႔သြားကာ သတၱိေမြးၿပီး ျပင္းျပင္းထန္ထန္ ဆိုလိုက္သည္။

"ဘာလို႔ ရယ္ေနတာလဲ? အကုန္လုံး နင့္အျပစ္ေတြပဲ"

"အင္း... ကိုယ့္အျပစ္ပါ"

ေဟာ့ရွီးက အနားတိုးလာကာ လက္ဆန့္၍ သူမအား ရင္ခြင္တြင္း ဆြဲသြင္းလာၿပီး ေပြ႕ဖက္သည္။

"တီဗီခဏၾကည့္ေန၊ ညေနက်မွ ကိုယ္ ျပန္ပို႔ေပးမယ္"

ျပတင္းအျပင္ဘက္တြင္ ႏွင္းမ်ား တိတ္တဆိတ္က်ဆင္းေနကာ ကန့္လန့္ကာစမွာ တဝက္မၽွ ပြင့္ဟေနၿပီး အခန္းတြင္း၌ ေႏြးေထြး၍ သက္ေသာင့္သက္သာ ရွိလွသည္။ သူမက သူ႔လက္ေမာင္းၾကားတိုးဝင္လိုက္ၿပီး ထိုတခဏတြင္ ဤသည္မွာ အိပ္မက္သာ ျဖစ္ေလမလား ထင္ေယာင္ထင္မွား ျဖစ္မိသည္။

လွပလြန္းသျဖင့္ ဆုံးရွုံးရမည္ကိုပင္ ေၾကာက္ရြံ႕မိသည္။

သို႔ေသာ္ သူ၏ ေပြ႕ဖက္ထားသည့္ လက္ေမာင္းမ်ားမွာ အစစ္အမွန္၊ သူ႔ကိုယ္သင္းရနံ႔သည္လည္း အစစ္အမွန္၊ သူ႔ဝမ္းဗိုက္ႂကြက္သားမ်ားသည္လည္း အစစ္အမွန္ ျဖစ္ေခ်သည္။

ရွန့္ေခ်ာင္က အက်ီစပါးပါးေပၚမွ ခိုးေၾကာင္ခိုးဝွက္ထိေတြ႕လာသည္မွာ အခ်ိန္အေတာ္ၾကာသည္အထိ။ သူမေခါင္းထက္မွ အသက္ရွူသံျပင္းျပင္းကို ၾကားလိုက္ရၿပီး ေဟာ့ရွီးက အံႀကိတ္၍ ေမးသည္။

"မနာေတာ့ဘူး ဟုတ္တယ္မလား?"

ရွန့္ေခ်ာင္ လက္ျပန္႐ုတ္ကာ မတရားခံရသူပမာ ဆိုလာသည္။

"ဝမ္းဗိုက္ႂကြက္သားေလး ထိတာပဲကို ဘာျဖစ္လို႔လဲ?"

ေဟာ့ရွီးက မ်က္ႏွာအမူအရာကင္းမဲ့စြာျဖင့္ သူမရင္ဘတ္အား ပြတ္သပ္သည္။ ရွန့္ေခ်ာင္ အံ့အားသင့္သြားရသည္။

ေဟာ့ရွီး - "ရင္ဘတ္ေလး ထိတာပဲကို ဘာျဖစ္လို႔လဲ?"

ရွန့္ေခ်ာင္ - "......."

အိုင္ေဒါလ္ေတာ့ အက်င့္ပ်က္သြားၿပီ...။

*****
စာအုပ္ဗားရွင္းပါ

****

Continue Reading

You'll Also Like

11.9K 186 48
"You feel that? You need a lot more flour. There's some in your hair, use that." "There's flour in my hair?" "I just said that didn't I? What did ya...
156K 11.9K 142
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Tags[ ] Alternate World A...
9K 664 13
ခင်ဗျားနဲ့ပဲ လုံလောက်တာ နောက်ထပ်မရှိဘူး တကယ် ခင်ဗျားတစ်ယောက်တည်း ကျွန်တော့်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးနဲ့ တိုင်းတာပြီးကို ခင်ဗျားကို ချစ်တာ....
470K 6.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...