GTKWF (Myanmar Translation )

Galing kay Liz_774

338K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... Higit pa

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 129

1.3K 251 35
Galing kay Liz_774

{Unicode}

အပိုင်း ၁၂၉

ကြည့်နေသည့် လူအုပ်ကြီးကား စိတ်ရှုပ်ထွေးနေဆဲ။

ဖုဟုန်က ဖုယွီချွမ်းထံ လှမ်းမေးသည်။

"သူတို့က ဘာတွေလဲ?

ဖုယွီချွမ်းက တခဏမျှ တွေးတောပြီးနောက်

"သူငယ်ချင်းတွေ ထင်တယ်၊ ဟုတ်တယ်မလား? သူတို့က တီဗီစီးရီးအတူ တွဲရိုက်ဖူးတော့ နှစ်ယောက်ကြားက တော်တော်လေး ဆက်ဆံရေးကောင်းပုံရတယ်"

ဖုဟုန်က တွေးတွေးဆဆဖြင့် ခေါင်းညိတ်သည်။

သူ့ဘေးနားရှိ လူသစ်မှာ အဆုတ်ကွဲမတတ် သံကုန်အော်ဟစ်နေသည်။

"ဟော့ရှီးက အရမ်းမိုက်တာပဲ! ရှန့်ချောင်ကို စတိတ်စင်ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ နည်းလမ်းပြလိုက်သေးတယ်၊ မနာလိုလိုက်တာ၊ ဒါ ဖန်တွေအတွက် များလွန်းသွားပြီ!"

လူအချို့က ခပ်သောသော ရယ်လာသည်။

ရှန့်ချောင် ခပ်မြန်မြန်ပင် စတိတ်စင်ပေါ်မှ ဆင်းလာကာ အခြားသူများအား နှုတ်ဆက်ပြီးနောက် ယဉ်ယဉ်ကျေးကျေး ဆိုသည်။

"အချိန်ဖြုန်းမိတဲ့အတွက် တောင်းပန်ပါတယ်၊ လူတိုင်း အစမ်းလေ့ကျင့်မှု ချောမွေ့စေဖို့ ဆုတောင်းပါတယ်"

လူအများစုက လက်ယမ်းကာ 'အဆင်ပြေကြောင်း' ဆိုကြသည်။

စင်နောက်ဘက် ကော်ရစ်တာအား ဖြတ်သွားချိန်တွင် ဝန်ထမ်းများ ဝိုင်းအုံနေသည့် တံခါးပေါ်တွင် 'ဟော့ရှီး' နာမည်ကဒ်ပြား ချိတ်ဆွဲထားသည့် အခန်းအား တွေ့လိုက်ရသည်။ ထိုအခန်းအား တချက်မျှပင် လှည့်မကြည့်ပဲ သူမ ကျော်ဖြတ်သွားသည်။ ပေ့မင်းဖန် ရယ်မောချင်စိတ်အား ဖုံးဖိကာ ချီးကျူးလိုသည့် အကြည့်တချက် ပို့လွှတ်သည်။

သူမ၏ နားနေခန်းသို့ ပြန်ရောက်ချိန်တွင် ဒါရိုက်တာ ရောက်ရှိလာကာ မနက်ဖြန်တွင် ထုတ်လွှင့်မည့် တိုက်ရိုက်ထုတ်လွှင့်မည့်အစီအစဉ်အား ရှင်းပြကာ ရှန့်ချောင်က အချက်တစ်ခုချင်းစီ ချရေး၍ မှတ်သားသည်။

ရှင်းပြမှုများ ပြီးဆုံးသည်နှင့် ပေ့မင်းဖန်က

"ဒါဆို သွားရအောင်"

ရှန့်ချောင် တွေဝေသွားပြီးနောက် ပေ့မင်းဖန်၏ သံသယဝင်နေဟန် အကြည့်အောက်တွင် ပြုံးကာ

"ငါ.... ဟော့ရှီး ရီဟာဇယ်လုပ်တာ ကြည့်ချင်တယ်"

ပေ့မင်းဖန် - "မင်း အချစ်ရေးပေါ်သွားပြီး သူ့ဖန်တွေ ဝိုင်းဆဲတာ ခံချင်လို့လား?"

ရှန့်ချောင် - "ငါက သူ့ဖန်လည်း ဟုတ်တယ်လေ၊ ဖန်တစ်ယောက်က အိုင်ဒေါလ်ရီဟာဇယ် ကြည့်တာ ဘာမှားလို့လဲ?"

ပေ့မင်းဖန် - "........"

ရှန့်ချောင်က နှစ်ချက်မျှ ဖွဖွရယ်လိုက်ပြီး

"ငါ ဘေးကနေပဲ ချောင်းကြည့်မှာ၊ ရှေ့ကို မသွားဘူးလေ"

တင်းကျန် - "သူ့ကို ပေးသွားလိုက်ပါ၊ တရုတ်ပြည်ကို ပြန်လာတုန်းက ဟော့ရှီး ဖျော်ဖြေပွဲကို မကြည့်ရလို့ တချိန်လုံး အဲ့ဒီအကြောင်း တွေးနေတာ"

ပေ့မင်းဖန်က သူမထံ ဒေါသတကြီး လှမ်းကြည့်ကာ စိတ်ရှုပ်ဟန်ဖြင့် လက်ခါပြသည်။

"သွား... သွား... မင်းအပြုအမူကို ဂရုစိုက်"

ရှန့်ချောင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တင်းကျန်အား ခပ်မြန်မြန် ဆွဲခေါ်သွားသည်။

စတိတ်စင်တဖက်တွက် ဟော့ရှီး၏ 'ဟဲလို၊ ဟဲလို' ဟု မိုက်စမ်းသံကို ကြားနေရသည်။ ရှန့်ချောင်က ဘယ်ဘက်ခြမ်းရှိ ခုံတန်းအစွန်းနားတွင် ဆောင့်ကြောင့်ထိုင်ကာ ချောင်းကြည့်သည်။ စတိတ်စင်ပေါ်တွင် ထသွားထလာဝတ်စုံနှင့် ဦးထုပ်ဆောင်းထားသည့် ဟော့ရှီးက ဒါရိုက်တာထံ 'အိုကေ' ဟု လက်ဟန်ပြလိုက်ကာ တီးလုံးက ချက်ချင်းဆိုသလို စတင်လာသည်။

မီးဆလိုက်များမှာ သူ့အပေါ် စုံပုံဖြာကျလျက်ရှိပြီး နှစ်ဝက်ကြာ မမြင်တွေ့ခဲ့ရသည့်နောက် သူ့ကြွက်သားများမှာ ပို၍ တောင့်တင်းလာသလို လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ခန့်ညားလွန်းသဖြင့် နေရာတွင်ပင် ပေါက်ကွဲထွက်လာတော့မလို ခံစားရ၏။

ရှန့်ချောင်မျက်ဝန်းတို့ တောက်ပနေသည်မှာ မျက်ဝန်းအကြည့်များထဲမှ ကြယ်ပွင့်တို့ပင် ခုန်ထွက်လာတော့မယောင်။

ရီဟာဇယ်အပြီးတွင် ဟော့ရှီးက မိုက်ကို ယူကာ

"အသံကို ဒီကရီဝက်လောက် လျှော့လိုက်"

ဤသည်မှ လွဲ၍ အခြားပြဿနာမရှိပေ။ ရီဟာဇယ်ပြီးဆုံးသည့်တိုင် ရှန့်ချောင်မှာ စိတ်မကျေနပ်သေး၍ တင်းကျန်က သူမအား ဆွဲခေါ်သွားရသည်။ ကားထဲရောက်သည်နှင့် ဟော့ရှီးထံမှ ဖုန်းလက်ခံရရှိကာ သူမထံ မေးမြန်းလာသည်။

"မင်း ပြန်ပြီလား?"

ရှန့်ချောင်က ပေ့မင်းဖန်ထံ အကြည့်တစ်ချက် ပို့လွှတ်ပြီးနောက် ဖုန်းစပီကာအား လက်ဖြင့်အုပ်ကာ တိုးတိုးလေးဆိုသည်။

ငါ အခုပြန်တော့မလို့၊ ရီဟာဇယ် ကြည့်ခဲ့သေးတယ်"

တဖက်လူက ပြုံးနေပုံရသည်။

"မင်း ဘယ်မှာ ပုန်းနေတာလဲ? ကိုယ် မင်းကို မတွေ့ပါဘူး"

ရှန့်ချောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"သေချာလေး ပုန်းနေတာ၊ ဘယ်သူမှ မတွေ့နိုင်ဘူး"

သူမ စကားပြောပြီးသည်နှင့် ပေ့ဖင်းဖန်၏ စုတ်သပ်သံကို ကြားလိုက်ရသည်။

ရှန့်ချောင်ခမျာ ကြောက်ရွံ့လွန်းသဖြင့် ခပ်မြန်မြန်ပင် လှည့်ကာ

"ဘာဖြစ်လို့လဲ?"

ပေ့မင်းဖန်မှာ သူမမျက်နှာထံ ဖုန်းဖြင့်ပင် ပစ်ပေါက်ချင်လာသည်။

"သေချာပုန်းတယ်? မင်း ဓါတ်ပုံခိုးရိုက်ခံရတာ သိပြီးပြီလား?"

ကြော်ငြာအကောင့်တစ်ခုမှ တင်ထားသော 'အိုင်ဒေါလ် ရီဟာဇယ်ကို ချောင်းကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို ငါ ဓါတ်ပုံခိုးရိုက်ခဲ့တယ်' ဟူသည့်ပို့စ့်အား ရှန့်ချောင် မျက်လုံးပြူးဖြင့် ကြည့်နေမိသည်။

တွဲတင်ထားသည့် ဓါတ်ပုံတွင် ရှန့်ချောင်က ဝင်ပေါက်လျှောက်လမ်းအဆုံးရှိ ကန့်လန်ကာနောက်မှ သူမခေါင်းသေးသေး ပြူထွက်နေကာ စတိတ်စင်ရှိရာဆီ လှမ်းကြည့်နေသည်။ သူမမျက်ဝန်းတို့မှာ တောက်ပနေလေပြီး နှုတ်ခမ်းတို့က ခပ်ဟဟ ပွင့်ဟနေကာ မျက်နှာထားက အလွန်အမင်း အငမ်းမရဖြစ်နေသည်။

ကွန်မန့်များအားလုံးမှာ 'ဟားဟားဟား...' ဖြင့် အစချီထားကာ ရှန့်ချောင်၏ အမူအရာမှာ ပီပြင်လွန်းသဖြင့် ကြယ်ပွင့်နောက်လိုက်သည့် ဖန်တစ်ယောက်နှင့် တူလွန်းလှသည်ဟု ဆိုလာကြသည်။ ရှီးကွမ်းများထံမှ မနာလိုဖြစ်ကြောင်းနှင့် အားကျကြောင်း မှတ်ချက်များလည်း ပါဝင်သည်။

ကိုယ့်အိုင်ဒေါလ်ရဲ့ ရီဟာဇယ်ကို မကြည့်ချင်တဲ့သူ ဘယ်သူများ ရှိပါ့မလဲ။

ချောင်ဖန် - "ငါ့အိုင်ဒေါလ်က ဒီလောက်ကြူးတတ်နေမှတော့ ငါက ဘာများတတ်နိုင်မှာတဲ့လဲ? သူ့ကို အလိုလိုက်ရတော့မှာပေါ့"

ဖရုံစေ့စားသည့် ဖြတ်သွားဖြတ်လာများမှာ ဤကဲ့သို့သော သတင်းမျိုးအား နှစ်ခြိုက်သည်။ ထိုဓါတ်ပုံမှာ ညနေတပိုင်းနှင့်ပင် Weibo တစ်ခွင် ပျံ့နှံ့သွားသည်။ ခေါင်းပြူထွက်နေချိန်တွင် ရှန့်ချောင်၏ လက်နှစ်ဖက်က ကန့်လန့်ကာစအား ဆုပ်ကိုင်ထားပုံမှာ ရယ်ရွှင်ဖွယ်ကောင်းလွန်းသဖြင့် နက်တစ်ဇင်များထံမှ ရုပ်ပြောင်မျိုးစုံ ပြုလုပ်ခံရသည်။

'ငါ့အကြည့်တွေ မင်းပေါ် စွဲမြဲသွားပြီ'၊ 'ဘယ်သူကများ ဘာလုပ်နေလဲ ငါ ကြည့်စမ်းပါရစေ'၊ 'ဘယ်သူမှ ငါ့ကို သတိမထားမိလောက်ဘူး' စသဖြင့် ရုပ်ပြောင်မျိုးစုံမှာ မိုးကောင်းကင်အနှံ့ ပျံ့နှံ့သွားကာ 'သဲပန်းပု' တို့ဖြင့် ပြည့်နှက်နေသည်။

(T/N - ရယ်စရာကောင်းတယ်ဆိုတာကို 'သဲပန်းပု' လို့ ဗန်းစကား သုံးတာပါ)

ရှန့်ချောင် - "........"

Ugh..... အိုင်ဒေါလ်နောက်လိုက်ရတာ ခက်ခဲလိုက်တာ။

နောက်တနေ့ နေ့လယ်စာစားပြီးချိန်တွင် ဖန်းပိုင်က ရှန့်ချောင်အား အခမ်းအနားကျင်းပရာနေရာသို့ လိုက်ပို့ကာ ညနေဘက်တွင် ထုတ်လွှင့်မည့် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် စတင် ပြင်ဆင်သည်။

ဖျော်ဖြေတင်ဆက်မှု၏ သီချင်းပုံစံနှင့် အကစနစ်မှု ချိုမြိန်ချစ်စဖွယ်ကောင်းသည့်ဘက်သို့ ရောက်သည်ဖြစ်ခြင်းကြောင့် ယနေ့အတွက် ကျိုးခန် သူမအား ပြင်ဆင်ပေးလာသည်မှာ ချိုမြိန်သည့် မင်းသမီးတစ်ပါးပုံစံဖြစ်သည်။ ပွဲစီစဉ်သူဘက်မှ ဝန်ထမ်းများက လာရောက်ကာ သူမနှင့် အစီအစဉ်အကြောင်း ထပ်မံစစ်ဆေး၍ တင်ဆက်မှုအပြီးတွင် အစီအစဉ်မှူးနှင့် ပြောဆိုဆက်ဆံရမည့်အပိုင်းကိုပါ သုံးသပ်သည်။

ရှန့်ချောင်က ကင်မရာရှေ့တွင် ပရိသတ်များ ပြောဆိုလာသည့် ဆုမွန်ကောင်းများအား လက်ခံရမည်ဖြစ်ကြောင်း၊ ပရိသတ်များထံ ခွန်းတုံ့ပြန်ရမည့် စကားကိုပါ နောက်ထပ်တစ်ကြိမ် ထပ်မံစစ်ဆေးသည်။

သူမ တင်ဆက်ရမည့် အချိန်မှာ အလယ်နားတွင် ဖြစ်ကာ နာမည်ကြီးများအား အစီအစဉ် အနောက်ပိုင်းခပ်ကျကျအချိန်၌ စီစဉ်ထားသည်။ ဟော့ရှီးက နောက်ဆုံးပရိုဂရမ်မတိုင်ခင် ဒုတိယဖျော်ဖြေရမည်ဖြစ်ပြီး နောက်ဆုံးသောပရိုဂရမ်မှာ သီချင်းဆို၍ အတူတကွ ကခုန်ရမည်ဖြစ်သည်။

တင်းကျန်က ရှန့်ချောင်အား လှမ်းစသည်။

"ချောင်ချောင် နင် ဟော့ရှီးရဲ့ နားနေခန်းကို သွားမှာလား?"

ပေ့မင်းဖန်က တင်းကျန်အား လှမ်းအော်သည်။

"သူ့နှလုံးသားနဲ့ ဝိညာဉ်က အစောကြီးကတည်းက အဲ့ဒီကို ရောက်နေပြီ၊ ဒီမှာ အခွံပဲ ထားခဲ့တာ၊ အဲ့ဒါကို မင်းက သူ့ကို အားပေးအားမြှောက်လုပ်နေသေးတယ်!!"

တင်းကျန်က အူလှိုက်သဲလှိုက်ရယ်မောလာကာ ရှန့်ချောင်က တိတ်တဆိတ် ခိုးပြုံးသည်။ ညနေစောင်းတွင် ဝန်ထမ်းများက ညစာထမင်းဘူး ပို့ဆောင်လာသည်။ စားသောက်ပြီးနောက် တင်းကျန်က သူမအား အဖော်ပြု၍ လမ်းထွက်လျှောက်သည်။ စင်နောက်ဘက်ရှိ ဝန်ထမ်းများမှာ ဥပဒဟို သွားလာလှုပ်ရှားလျက်ရှိကာ ပရိသတ်များ ကွင်းထဲ ဝင်ရောက်နိုင်စေရန် စစ်ဆေးလျက်ရှိသည်။

ကော်ရစ်တာတစ်ခုအား ဖြတ်သန်းသွားချိန်တွင် ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက်က အပေါ်ထပ်မှ ဆင်းလာသည်။ သူက လမ်းလျှောက်ရင်း ဖုန်းပြောနေကာ

"ဒီကိုလာ၊ ငါ မင်းအတွက် လက်မှတ်ယူလာပေးမယ်၊ တံခါးနားမှာ မစောင့်နဲ့၊ ဟော့ရှီးပရိသတ်တွေ အဲ့ဒီနား ရှိနေတယ်၊ အနောက်တံခါးရဲ့ ဘယ်ဘက်တံခါးမှာ စောင့်"

ရှန့်ချောင် ခြေလှမ်းတို့အား နှေးချပစ်ကာ အလောတကြီး ထွက်ခွါသွားသည့် ပုံရိပ်ထံ လှမ်းကြည့်သည်။ 'ဟော့ရှီး' နာမည်အား ကြားလိုက်ရသည်နှင့် ပွဲသိမ်းပြီဖြစ်ကြောင်း တင်းကျန် နားလည်သည်။ ထိုနာမည်မှာ သူမအနုပညာရှင်၏ အသက်ဓါတ်မဟုတ်လား။

အံ့ဩဖွယ်မရှိစွာပင် ရှန့်ချောင်က အနောက်ဘက်ဆီ လက်ညှိုးညွှန်ကာ

"အဲ့ဘက်ကို သွားကြည့်ရအောင်"

တင်းကျန် - "နင် မအေးဘူးလား? အပြင်မှာ လေပိုတိုက်တယ်နော်၊ ပြန်ကြရအောင်ပါ"

ရှန့်ချောင်က ယနေ့ညဖျော်ဖြေပွဲအတွက် ဂါဝန်တို ဝတ်ဆင်ထားကာ အပေါ်ဘက်မှ အဖြူရောင်လေကာ အပေါ်ထပ်အကျီ ဝတ်ဆင်ထားသော်လည်း သူမ၏ ခြေထောက်များကား လွတ်နေဆဲ။ ရှန့်ချောင်မှာ သတိမူမိပုံမရပဲ နောက်မှလိုက်ရန် ခြေလှမ်း လှမ်းနေလေပြီ။

"ဒီတိုင်း တချက်ကြည့်ရအောင်"

တင်းကျန်ခမျာ ကူကယ်ရာမဲ့စွာ နောက်မှ လိုက်ရတော့သည်။

အောက်ဘက်သို့ဆင်းကာ လော်ဘီတစ်လျှောက် လျှောက်လာပြီးနောက် အပြင်သို့ ရောက်သည်အထိ။ ရှန့်ချောင် မော့ကြည့်လိုက်လျှင် မှန်တံခါးထွက်ပေါက်နေရာနားတွင် လူတစ်စုဝိုင်းအုံလျက်ရှိသည်။ လူတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ဆိုင်းဘုတ်တစ်ခုစီ ပါရှိပြီး ရှီးကွမ်းများ ဖြစ်ပုံရသည်။

ယခုလေးတင် ဖုန်းပြောနေခဲ့သည့် ဝန်ထမ်းဖြစ်သူမှာ ထိုအုပ်စု၏ ဝန်းရံခြင်းခံနေရကာ ထိုသူများအား လေသံမာမာဖြင့် ဆူပူနေသည်။

"မင်းတို့ ငါ့ကို ပေးမသွားရင် ငါ လုံခြုံရေး ခေါ်လိုက်မယ်!!"

ခေါင်းဆောင်ဖြစ်ပုံရသည့် မိန်းကလေးမှာ ဒေါသထွက်နေသည်။

"နင် ဘယ်လိုများ ဒီလို လုပ်နိုင်ရတာလဲ? ငါတို့ နင့်ကို အစောကြီးကတည်းက ပိုက်ဆံလွှဲပေးထားပြီးသားလေ၊ အခုမှ လာပြီး လက်မှတ်မရှိဘူး ပြောနေတာ၊ အစောကတည်းက ဘာလို့ မပြောလဲ?"

ဝန်ထမ်းဖြစ်သူမှ

"ငါ မင်းတို့ကို ပိုက်ဆံပြန်လွှဲပေးပြီးပြီ မဟုတ်ဘူးလား? မင်းတို့ ဘာလိုချင်နေသေးတာလဲ?"

"ငါတို့ ပိုက်ဆံမလိုချင်ဘူး! ငါတို့ လက်မှတ်ပဲ လိုချင်တယ်! အထဲဝင်ချင်တယ်!"

လူရွယ်မှာ ပိတ်ဆို့ထားခြင်းခံရကာ ထွက်မသွားနိုင်ခြင်းကြောင့် အော်ဟစ်တော့သည်။

"မရဘူး! မရဘူး! ငါ မင်းတို့ပိုက်ဆံကို လိမ်နေတာလည်း မဟုတ်ဘူး! မြန်မြန်ထွက်သွားကြ!! လုံခြုံရေးတွေ.... လုံခြုံရေးတွေ ဘယ်ရောက်သွားကြလဲ? ဟော့ရှီးဖန်တွေက ဒီလိုမျိုးပဲလား?"

ထိုသူက ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကာ ဖြတ်သွားဖြတ်လာ လူအချို့က မကြာခဏ လှမ်းကြည့်လာသည်။ လူအုပ်ထဲရှိ မိန်းကလေးအချို့မှာ ငိုချတော့မယောင်။ ရုတ်တရက်ဆိုသလို နောက်ပါးဆီမှ ပြုံးရယ်နေသည့် အသံချိုချိုတစ်ခု ပျံ့လွင့်လာသည်။

"ဘာဒီလိုမျိုးလဲ? ငါတို့က ဘာဖြစ်နေလို့လဲ?"

လူအုပ်စုတစ်စုလုံးက တချိန်တည်းဆိုသလို လှမ်းကြည့်လာသည်။ ရှန့်ချောင်က နောက်ဘက်ခြမ်းတွင် မတ်တပ်ရပ်နေကာ အဖြူရောင်လေကာအကျီအောက် မြုပ်ကွယ်လျက်ရှိပြီး မျက်နှာထက် အပြုံးတစ်ခု ဖော်ဆောင်ထားသော်လည်း မျက်ဝန်းတို့ကား အေးခဲလျက်ရှိ၏။ လူရွယ်၏ ကြောင်အမ်းနေသည့် မျက်နှာကို မြင်လျှင် သူမက နှုတ်ခမ်းပါးတို့ ထပ်မံတွန့်ကွေးလိုက်ပြန်သည်။

"လုံခြုံရေးခေါ်ပြီး နင် ဘာလုပ်မှာလဲ? ငါ နင့်အစား စီစဉ်သူကို လှမ်းခေါ်ပေးရင်ရော ဘယ်လိုလဲ?"

ထိုလူရွယ်က ခပ်ပြင်းပြင်း အသက်တချက်ရှူသွင်းလိုက်ကာ ပြောစရာစကားမဲ့သွားရသည်။ ရှန့်ချောင်က အရပ်မြင့်မြင့်မိန်းကလေးထံ လှမ်းကြည့်၍ နွေးထွေးစွာ မေးသည်။

"ဘာတွေဖြစ်နေတာလဲ?"

ရှီးကွမ်းများမှာ အံ့အားသင့်လျက်။ အရပ်မြင့်မြင့်မိန်းကလေးမှာ အချိန်အတော်ကြာ အံ့အားတကြီး ကြောင်အနေပြီးနောက် သူမအသံအား ပြန်လည်ရှာတွေ့သွားပုံရသည်။ သူမက ရှန့်ချောင်ထံ စိုက်ကြည့်ကာ ခြောက်သွေ့စွာ ဆိုသည်။

"ငါတို့ သူ့ဆီက လက်မှတ်ဝယ်ထားတာ၊ အစောကြီးကတည်းက စျေးညှိပြီး သူ့ဆီ ပိုက်ဆံလွှဲပြီးသွားပြီ၊ ဒီနေ့ လက်မှတ်လာယူတော့မှ သူ့ဆီ လက်မှတ်မရှိတော့ဘူးဆိုပြီး ငါတို့ကို ပိုက်ဆံပြန်လွှဲပေးနေတယ်"

အခြားရှီးကွမ်းတစ်ယောက်က ထပ်ပေါင်းဆိုသည်။

"လက်မှတ်မရှိဘူးလို့ အစောကတည်းက ပြောရင် ငါတို့ မှောင်ခိုကနေ ဝယ်မှာပေါ့၊ အခုမှ ပြောပြီး ပိုက်ဆံပြန်လွှဲပေးတော့ ငါတို့ ဘယ်လိုလုပ်ရမှာလဲ? ငါတို့အားလုံး တခြားမြို့တွေကနေ လာတာ၊ ဒီတိုင်း ခန်းမထဲ ဝင်ချင်ရုံပဲ"

ရှန့်ချောင်က သူမနားလည်ကြောင်း ခေါင်းညိတ်ပြကာ ဝန်ထမ်းဖြစ်သူဆီ လှမ်းကြည့်သည်။

"တကယ်ပဲ လက်မှတ်မရှိဘူးလား?"

လူရွယ်က လည်ပင်းပွတ်လျက်ဖြင့် ပြန်ဖြေသည်။

"မရှိဘူး"

ရှန့်ချောင် ပြုံးရု်း

"အခုလေးတင် နင် ဖုန်းပြောနေတုန်းက အဲ့လို မဟုတ်ပါဘူး"

သူမက တင်းကျန်ဘက်လှည့်ကာ မယုံသင်္ကာဟန်ဖြင့် လှည့်မေးသည်။

"သူအခုလေးတင် ဖုန်းထဲမှာ ဘာပြောလိုက်တာလဲ?"

တင်းကျန် - "သူပြောတာက လက်မှတ်ချက်ချင်း ယူခဲ့ပေးမယ်၊ ဟော့ရှီးပရိသတ်တွေ မြင်မှာစိုးလို့ တံခါးနားမှာ မစောင့်နဲ့၊ အနောက်တံခါးရဲ့ ဘယ်ဘယ်ခြမ်းတံခါးမှာ သူ့ကို စောင့်တဲ့"

ရှန့်ချောင်က လက်ဖျောက်တီး၍ ပြုံးသည်။

"ဘယ်ဘက်ခြမ်းတံခါးပေါ့၊ ငါ့ကို နင်နဲ့အတူ အဲ့ကို သွားစေချင်လား?"

ဝန်ထမ်းဖြစ်သူမျက်နှာမှာ ရဲတောက်သွားသည်။ ထိုသူက ဒေါသထွက်လိုသော်လည်း မဝံ့ရဲ။ အရပ်မြင့်မြင့်ကောင်မလေးက သူ့အား ဆွဲရင်း

"အဲ့ဒီတော့ နင့်မှာ လက်မှတ်ရှိတယ်ပေါ့? မြန်မြန်ထုတ်လာခဲ့!!"

ထိုသူကား စကားတစ်ခွန်းမဆိုပဲ တောင့်ခဲသွားသည်။

ရှန့်ချောင် - "နင့်ဆီကနေ စျေးပိုပေးပြီး ဘယ်သူ့ဖန်တွေ လာဝယ်လဲ ငါ ဂရုမစိုက်ဘူး၊ အရောင်းအဝယ်လုပ်ရင် ရိုးသားမှုရှိရတယ်၊ နင် လက်မှတ်ကို အရင်ရောင်းပြီး ပိုက်ဆံရပြီးမှ လက်မှတ်ပေးတာ၊ ပိုက်ဆံရပြီးပြီဆိုတာနဲ့ အရောင်းအဝယ် အောင်မြင်သွားပြီ၊ အခမ်းအနားက ခဏနေ စတော့မှာ၊ နှစ်ဖက်စလုံး အကျိုးမရှိဖြစ်အောင် မလုပ်နဲ့"

"ဟုတ်တယ်! ငါတို့ကို လက်မှတ် မြန်မြန်ပေး!"

"ငါတို့ နင့်ဆီ ပိုက်ဆံလွှဲပေးမယ်!"

"လက်မှတ်ထုတ်လာခဲ့!!"

ထိုတခဏတွင် အနှီသူမှာ မနေနိုင်ပဲ သူ့လုပ်ရပ်အား ထပ်မံတွေးတောမိကာ ရှက်ရွံ့၍ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ထို့နောက် အတွင်းအိတ်ကပ်ထဲမှ လက်မှတ်ထုတ်ယူလာလေပြီး မိန်းကလေူက သူမဖုန်းကို သုံးကာ ခပ်မြန်မြန်ပင် ငွေလွှဲပေးလိုက်ပြီးနောက် လက်မှတ်များအား လှမ်းယူသည်။

ရှန့်ချောင် ပြုံးရင်း ရှီးကွမ်းများဘက်လှည့်ကာ

"မြန်မြန် အထဲဝင်တော့..."

ရှီးကွမ်းများအဖွဲ့က တစ်ခုခုပြောလိုဟန်ဖြင့် စိတ်ရှုပ်ထွေးစွာ ပြန်လှည့်ကြည့်လာသည်။ အဆုံးတွင်မူ ခေါင်းဆောင်မိန်းကလေးက ပထမဆုံး စကားစသူဖြစ်လာသည်။

"ကျေးဇူးတင်ပါတယ်!!"

အခြားရှီးကွမ်းများကပါ သူမအား ကျေးဇူးတင်စကားဆိုလာသည်။

ရှန့်ချောင် လက်ကာပြရင်း

"ငါတို့က တစ်မိသားစုထဲပဲ၊ မြန်မြန်သွားတော့"

လူအုပ်စုတစ်စုလုံး ထွက်ခွါသွားကြသည်။

လက်မှတ်ရောင်းချသူမှာ နေရာတွင် ရပ်နေဆဲ။ ရှန့်ချောင်က သူမဂျတ်ကတ်အတွင်းမှ ဖုန်းထုတ်ယူကာ အနားတိုးသွားသည်။

"ဘယ်လောက် စျေးကွာသွားလဲ? ငါ နင့်ကို လွှဲပေးမယ်"

ထိုသူမှာ အံ့အားသင့်သွားဟန် မျက်မှောင်ကြုတ်၍ မော့ကြည့်လာသည်။

ရှန့်ချောင်ကား ပြုံးနေဆဲ၊ သို့ရာတွင် သူမအပြုံးမှာ အနည်းငယ် နူးညံ့လျက်ရှိသည်။

"နင့်အတွက်လည်း မလွယ်မှန်း ငါ နားလည်ပါတယ်၊ အဲ့ဒီတော့ ငါ နင့်အတွက် ကွာတဲ့ငွေ စိုက်ပေးမယ်၊ ဟော့ရှီးရဲ့ ပရိသတ်တွေက ဘယ်တော့မှ တဖက်လူအပေါ် အခွင့်အရေးမယူဘူး"

လူရွယ်က နံပါတ်တစ်ခုအား ရွတ်ပြလာကာ ဖုန်းသုံး၍ QR ဖတ်ကာ ရှန့်ချောင် ငွေလွှဲပေးလိုက်ပြီးနောက် ထိုသူ့ပခုံးထံ အပြုံးဖြင့် လှမ်းပုတ်သည်။

"မြန်မြန်ပြန်တော့၊ ဘိုင့်ဘိုင့်"

သူမက လေကာအကျီကို ဆွဲစေ့ကာ အတွင်းသို့ ပြန်ဝင်သွားသည်။

ဓါတ်လှေကားအတွင်းထဲ ပြန်ရောက်သွားသည်အထိ တင်းကျန်က အနောက်မှ လိုက်သွားပြီးနောက်

"ဘာလို့ သူ့ဆီ ပိုက်ဆံလွှဲပေးလိုက်တာလဲ? တမင်တကာ စျေးတင်ထားမှန်း သိသာနေတာကို"

ရှန့်ချောင်က သက်ပြင်းချသည်။

"ပိုက်ဆံအများကြီးလည်း မဟုတ်ဘူးလေ၊ ဒီပိုက်ဆံလောက်သုံးပြီးတော့ ရှီးကွမ်းတွေဆီက အကောင်းမြင်တာကို ရလိုက်တာ တန်ပါတယ်၊ နောက် သတင်းမထွက်အောင်လည်း တားလိုက်နိုင်တာပေါ့"

တင်းကျန်က တခဏမျှ တွေးတောပြီးနောက် ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ မဟုတ်ရင် သူ အပြင်ရောက်လို့ မဟုတ်တမ်းတရားပြောပြီး နင့်ကို သိက္ခာချနေဦးမယ်"

ရှန့်ချောင်က သူမထံ မျက်စိတစ်ဖက်မှိတ်ပြသည်။

နားနေခန်းထဲ၌ ပေ့မင်းဖန်မှာ ရှန့်ချောင်အား ဖုန်းဆက်ရန် ဟန်ပြင်နေချေသည်။ သူမ ဝင်လာသည်ကို မြင်သည်နှင့်

"မင်းတို့ ဘယ်ထပ်သွားနေပြန်တာလဲ? ဟော့ရှီးကို သွားရှာနေတာလား? ငါ့ကို နည်းနည်းလောက် သနားပါဦး"

ရှန့်ချောင် - "မဟုတ်ဘူး၊ အောက်ခဏဆင်းပြီး လေနည်းနည်းသွားရှူတာ၊ စိတ်နည်းနည်းလှုပ်ရှားနေလို့"

တင်းကျန်က ဘေးဘက်မှ သံယောင်လိုက်ကာ ပေ့မင်းဖန်က စကားထပ်မဆိုတော့ချေ။

ပရိသတ်များ ခန်းမထဲ ဝင်ရောက်လာကာ နေရာယူပြီး မကြာခင်တွင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်။ ရှန့်ချောင်မှာ စိတ်လှုပ်ရှားတကြီးဖြင့် အခန်းတွင်း လမ်းပတ်လျှောက်နေကာ ရေသန့်ဘူးအား မိုက်ခရိုဖုန်းအဖြစ် အသုံးချ၍ လေ့ကျင့်နေသည်။

သူမ စင်ပေါ် တက်ခါနီးဆဲဆဲတွင် တံခါးတွန်းဖွင့်ခံလိုက်ရပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ဟော့ရှီးက အခန်းတွင်းသို့ လျှောက်ဝင်လာသည်။

ပေ့မင်းဖန်မှာ လေအလျှင်ကဲ့သို့ မတ်တပ်ထရပ်ကာ အနှီယောကျ်ားသားရှေ့ ပိတ်ရပ်၍ ကာကွယ်မည်ပြုသည်။

ရှန့်ချောင် သူ့အား လှမ်းမြင်သည်နှင့် မျက်ဝန်းတို့ လက်ခနဲ တောက်ပသွား၏။ ဖျော်ဖြေရန် ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ဟော့ရှီးကား အလွန်အမင်း ချောမောခန့်ညားလျက်ရှိသည်။ စတိတ်စင်ပေါ် ကပြဖျော်ဖြေချိန်၌ ပေါက်ကွဲထွက်လာမည့် သူ့အားအင်ကို သူမ ကြိုတင်မြင်ယောင်နိုင်သည်။

မဖြစ်ဘူး!! တွေးလို့ မဖြစ်ဘူး!!

သူမက လက်ထဲ ရေသန့်ဘူး ကိုင်ထားလျက် သူ့ထံ ခြေလှမ်းအနည်းငယ်မျှဖြင့် ပြေးသွားကာ

"ဟော့ရှီး ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ?"

ဟော့ရှီးက လက်မြှောက်၍ သူမခေါင်းထက် ထိတွေ့လာသည်။

"မင်းကို လာအားပေးတာ၊ စိတ်လှုပ်ရှားနေလား?"

သူမ ခေါင်းညိတ်သည်။

"နည်းနည်း"

ဟော့ရှီး ပြုံးရင်း

"မကြောက်နဲ့၊ ချောင်ချောင် သီချင်းကောင်းကောင်းဆိုနိုင်တယ်"

သူမလက်ထဲမှ ရေသန့်ဘူးကို လှမ်းယူလိုက်ပြီးနောက် စားပွဲပေါ် တင်ကာ သူမလက်နှစ်ဖက်အား အုပ်ကိုင်ရင်း

"စိတ်လျှော့ထား၊ ကိုယ် မင်းကို စင်နောက်က ကြည့်နေမယ်၊ စိတ်မလှုပ်ရှားနဲ့"

မျှော်လင့်ထားသကဲ့သို့ပင် ရှန့်ချောင်က စိတ်လှုပ်ရှားနေခြင်းမျိုး မရှိတော့ပဲ သူ့လက်မောင်းထဲ တိုးဝင်ချင်စိတ်သာ ဖြစ်ပေါ်လာသည်။

ပေ့မင်းဖန် - "အားဖြည့်ပေးပြီးရင် မြန်မြန်ထွက်တော့၊ ဝန်ထမ်းက ခဏနေ လာခေါ်တော့မှာ"

ဟော့ရှီး ပြုံးရင်း သူမခေါင်းထံ ဖွဖွပုတ်ပြီးမှ နောက်လှည့်၍ ထွက်သွားသည်။

မကြာမှီတွင် ရှန့်ချောင် စင်ပေါ်တက်ရမည့်အလှည့် ရောက်ရှိလာသည်။ သူမက စင်ပေါ်တက်ရန် အခမ်းအနားမှူးခေါ်ဆိုသည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကာ ဒါရိုက်တာက နားကြပ်မှတဆင့် အချက်ပြလာသည်။ ရှန့်ချောင် အသက်ပြင်းပြင်းရှူလိုက်ကာ ငွေရောင်ဒေါက်မြင့်ဖြင့် စင်ပေါ် တက်သွားသည်။

ခန်းမအတွင်း၌ အားပေးသံများ ပေါ်ထွက်လညကည ငွေရောင်ဆိုင်းဘုတ်များအား အနှံ့အပြား မြင်တွေ့နိုင်သည်။ များစွာသော ချောင်ဖန်များ ပွဲတက်လာကာ သူမနာမည်အား အော်ခေါ်၍ အားပေးနေသည်။

ကကွက်များမှာ လှပ၍ တီးလုံးသံမှာ ငြိမ့်ငြိမ့်ညောင်းညောင်း။ ရှန့်ချောင် မျက်လုံးမှိတ်၍ သဘာဝကျကျ ပြုံးလိုက်သည်။

ချိုမြိန်ပေါ့ပါးသည့် သီချင်းသံစဉ်မှာ ကြည့်ရှုသူများ ရှေ့မှောက် ပြီးပြည့်စုံစွာ တင်ဆက်ပြသလာသည်။

ဂီတသံအဆုံးတွင် ရှန့်ချောင်က ဂါဝန်အနားစအား မလျက် ဒူးကွေးလိုက်ချိန်တွင် မိုးခြိမ်းသံတမျှ လက်ခုပ်သံများ ပေါ်ထွက်လာခဲ့သည်။ အခမ်းအနားမှူးက စတိတ်စင်ပေါ် တက်ရောက်လာကာ ဆုမွန်ကောင်းတောင်းပေးသည့် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သည်။

သူမ စတိတ်စ်ပေါ်မှ ပြန်ဆင်းလာချိန်မှ ရှန့်ချောင် သက်ပြင်းချနိုင်သွားသည်။

တင်းကျန်က ကုတ်အကျီကို သူမကိုယ်ပေါ် ခြုံလွှမ်းပေးလာပြီး ပခုံးဖက်၍ နားနေခန်းဆီ ပြန်လျှောက်လာသည်။ သူမ ပြန်ထွက်လာချိန်တွင် ဟော့ရှီးထံမဇ မက်ဆေ့ချ်အား လက်ခံရရှိသည်။

"ဖျော်ဖြေသွားတာ အရမ်းကောင်းတယ်"

ရှန့်ချောင်က စာပြန်သည်။

"ငါ ဆုလိုချင်တယ်!!"

"အိုကေ"

ရှန့်ချောင်မှာ အပျော်လွန်နေပြီး သူမဘေးရှိ ပေ့မင်းဖန်က စကားစလာသည်။

"ရယ်နေလိုက်တာ မျက်နှာလည်း ကွဲထွက်ကုန်ဦးမယ်၊ သွားမှာလား မသွားဘူးလား?"

ရှန့်ချောင် မျက်တောင်ခတ်ရင်း ပြုံးသည်။

"ရီဟာဇယ်တောင် ကြည့်ပြီးပြီ၊ ဒါက တိုက်ရိုက်ဖျော်ဖြေတာ မဟုတ်ဘူးလား?"

ပေ့မင်းဖန် - "ဟမ်?"

ထိုသို့ဖြင့် လူတစ်စုက တိုက်ရိုက်ထုတ်လွှင်မှု ပြီးဆုံးခါနီး ဟော့ရှီး ပေါ်ထွက်လာချိန်အထိ စောင့်ဆိုင်းသည်။

ခန်းမအတွင်းရှိ မီးများ မှိန်ကျသွားချိန်တွင် ရှန့်ချောင်က စတိတ်စင် ဘယ်ဘက်ခြမ်းရှိ ဝန်ထမ်းများ စုရုံးရာနေရာသို့ သွားရောက်ကာ အစွန်းနားတွင် ရပ်၍ ခြေဖျားထောက်ကာ စင်ဘက် လှမ်းကြည့်သည်။ တရားဝင်စတိတ်စင်အပြင်အဆင်မှာ အော်ဟစ်အားပေးသံများနှင့် မီးများ ထိန်ညီးလျက်ရှိကာ ရီဟာဇယ်ထက်ပင် ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းသေးသည်။ ခန်းမတစ်ခုလုံးကာ တောက်ပသည့် ရွှေရောင်အလင်းများဖြင့် ပြည့်နှက်နေသည်မှာ မျက်စိကျိန်းလောက်ဖွယ်အလှတရားပင်။

ဟော့ရှီးက သူ၏ အယ်လ်ဘမ်အသစ်မှ သီချင်းအား ဖျော်ဖြေလာသည်။ ရှန့်ချောင်က ထိုသီချင်းအား အချိန်အတော်ကြာကတည်းကပင် အလွတ်ရပြီးဖြစ်ကာ သူမရှေ့တွင် တစ်ယောက်ယောက် ပြုတ်ကျနေခဲ့သည့် Light stick အား ကောက်ယူကာ ဝှေ့ရမ်း၍ လိုက်ပါသီဆိုသည်။

ကင်မရာသမားတစ်ယောက်က ရုတ်တရက်ဆိုသလို သူမရှိရာဆီ အာရုံစိုက်လာခဲ့သည်။

Light stick အား အရူးအမူးဝှေ့ရမ်းနေသည့် သူမပုံစံက စကရင်မျက်နှာပြင်ထက်တွင် ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာခဲ့သည်။ ရှန့်ချောင်မှာ စတိတ်စင်ပေါ်သို့သာ အာရုံစိုက်လျက်ရှိပြီး သီချင်းအား စိတ်ပါလက်ပါ လိုက်လံသီဆိုလျက်ရှိသည်။

တင်းကျန်က သူမအား လှမ်းဆွဲ၍ စကရင်ထက်ဆီ လက်ညှိုးထိုးပြသည်။ ရှန့်ချောင် နောက်လှည်ကြည့်လိုက်လျှင် အံ့အားသင့်သွားကာ ရှက်ရွံ့သွားဟန်ဖြင့် ပုန်းကွယ်သွားသည်။

ပရိသတ်များက သဘောတကျ ရယ်မောလာကြသည်။

ထိုမြင်ကွင်းအား စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ကာ စတိတ်စင်ပေါ်ရှိ ဟော့ရှီးထံ ပြန်လည်အာရုံစိုက်သွားသည်။ သို့သော် လူအုပ်အတွင်း ရှန့်ချောင်၏ အားပေးမှုမှာ နိုင်ငံ့အဝှမ်း တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် နက်တစ်ဇင်များ၏ အကြည့်အောက် ရောက်ရှိသွားချေသည်။ ဟော့ရှီး၏ ဖျော်ဖြေမှု မပြီးဆုံးသေးခင်မှာပင် screenshot များက အင်တာနက်တစ်ခွင် ပွထနေလေပြီ။

[ရီဟာဇယ်တုန်းက ချောင်းကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်တော့လည်း အားပေးတယ်၊ တကယ်ကြီး အလေးအနက်ထားပြီး အိုင်ဒေါလ်နောက်လိုက်နေတာပဲ]

[အဲ့ဒီ Light stick ကို သူ ခါယမ်းနေတဲ့ အားကို ကြည့်ဦး၊ မနက်ဖြန် သူ့လက်မောင်း ယောင်ကိုင်းနေမယ်လို့ ငါ ကျိန်းသေပေါက် လောင်းရဲတယ်!!]

*****










{Zawgyi}

အပိုင္း ၁၂၉

ၾကည့္ေနသည့္ လူအုပ္ႀကီးကား စိတ္ရွုပ္ေထြးေနဆဲ။

ဖုဟုန္က ဖုယြီခၽြမ္းထံ လွမ္းေမးသည္။

"သူတို႔က ဘာေတြလဲ?

ဖုယြီခၽြမ္းက တခဏမၽွ ေတြးေတာၿပီးေနာက္

"သူငယ္ခ်င္းေတြ ထင္တယ္၊ ဟုတ္တယ္မလား? သူတို႔က တီဗီစီးရီးအတူ တြဲရိုက္ဖူးေတာ့ ႏွစ္ေယာက္ၾကားက ေတာ္ေတာ္ေလး ဆက္ဆံေရးေကာင္းပုံရတယ္"

ဖုဟုန္က ေတြးေတြးဆဆျဖင့္ ေခါင္းညိတ္သည္။

သူ႔ေဘးနားရွိ လူသစ္မွာ အဆုတ္ကြဲမတတ္ သံကုန္ေအာ္ဟစ္ေနသည္။

"ေဟာ့ရွီးက အရမ္းမိုက္တာပဲ! ရွန့္ေခ်ာင္ကို စတိတ္စင္ေပၚမွာ ကိုယ္တိုင္ကိုယ္က် နည္းလမ္းျပလိုက္ေသးတယ္၊ မနာလိုလိုက္တာ၊ ဒါ ဖန္ေတြအတြက္ မ်ားလြန္းသြားၿပီ!"

လူအခ်ိဳ႕က ခပ္ေသာေသာ ရယ္လာသည္။

ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ပင္ စတိတ္စင္ေပၚမွ ဆင္းလာကာ အျခားသူမ်ားအား ႏွုတ္ဆက္ၿပီးေနာက္ ယဥ္ယဥ္ေက်းေက်း ဆိုသည္။

"အခ်ိန္ျဖဳန္းမိတဲ့အတြက္ ေတာင္းပန္ပါတယ္၊ လူတိုင္း အစမ္းေလ့က်င့္မွု ေခ်ာေမြ႕ေစဖို႔ ဆုေတာင္းပါတယ္"

လူအမ်ားစုက လက္ယမ္းကာ 'အဆင္ေျပေၾကာင္း' ဆိုၾကသည္။

စင္ေနာက္ဘက္ ေကာ္ရစ္တာအား ျဖတ္သြားခ်ိန္တြင္ ဝန္ထမ္းမ်ား ဝိုင္းအုံေနသည့္ တံခါးေပၚတြင္ 'ေဟာ့ရွီး' နာမည္ကဒ္ျပား ခ်ိတ္ဆြဲထားသည့္ အခန္းအား ေတြ႕လိုက္ရသည္။ ထိုအခန္းအား တခ်က္မၽွပင္ လွည့္မၾကည့္ပဲ သူမ ေက်ာ္ျဖတ္သြားသည္။ ေပ့မင္းဖန္ ရယ္ေမာခ်င္စိတ္အား ဖုံးဖိကာ ခ်ီးက်ဴးလိုသည့္ အၾကည့္တခ်က္ ပို႔လႊတ္သည္။

သူမ၏ နားေနခန္းသို႔ ျပန္ေရာက္ခ်ိန္တြင္ ဒါရိုက္တာ ေရာက္ရွိလာကာ မနက္ျဖန္တြင္ ထုတ္လႊင့္မည့္ တိုက္ရိုက္ထုတ္လႊင့္မည့္အစီအစဥ္အား ရွင္းျပကာ ရွန့္ေခ်ာင္က အခ်က္တစ္ခုခ်င္းစီ ခ်ေရး၍ မွတ္သားသည္။

ရွင္းျပမွုမ်ား ၿပီးဆုံးသည္ႏွင့္ ေပ့မင္းဖန္က

"ဒါဆို သြားရေအာင္"

ရွန့္ေခ်ာင္ ေတြေဝသြားၿပီးေနာက္ ေပ့မင္းဖန္၏ သံသယဝင္ေနဟန္ အၾကည့္ေအာက္တြင္ ျပဳံးကာ

"ငါ.... ေဟာ့ရွီး ရီဟာဇယ္လုပ္တာ ၾကည့္ခ်င္တယ္"

ေပ့မင္းဖန္ - "မင္း အခ်စ္ေရးေပၚသြားၿပီး သူ႔ဖန္ေတြ ဝိုင္းဆဲတာ ခံခ်င္လို႔လား?"

ရွန့္ေခ်ာင္ - "ငါက သူ႔ဖန္လည္း ဟုတ္တယ္ေလ၊ ဖန္တစ္ေယာက္က အိုင္ေဒါလ္ရီဟာဇယ္ ၾကည့္တာ ဘာမွားလို႔လဲ?"

ေပ့မင္းဖန္ - "........"

ရွန့္ေခ်ာင္က ႏွစ္ခ်က္မၽွ ဖြဖြရယ္လိုက္ၿပီး

"ငါ ေဘးကေနပဲ ေခ်ာင္းၾကည့္မွာ၊ ေရွ႕ကို မသြားဘူးေလ"

တင္းက်န္ - "သူ႔ကို ေပးသြားလိုက္ပါ၊ တ႐ုတ္ျပည္ကို ျပန္လာတုန္းက ေဟာ့ရွီး ေဖ်ာ္ေျဖပြဲကို မၾကည့္ရလို႔ တခ်ိန္လုံး အဲ့ဒီအေၾကာင္း ေတြးေနတာ"

ေပ့မင္းဖန္က သူမထံ ေဒါသတႀကီး လွမ္းၾကည့္ကာ စိတ္ရွုပ္ဟန္ျဖင့္ လက္ခါျပသည္။

"သြား... သြား... မင္းအျပဳအမူကို ဂ႐ုစိုက္"

ရွန့္ေခ်ာင္မွာ စိတ္လွုပ္ရွားလြန္းသျဖင့္ တင္းက်န္အား ခပ္ျမန္ျမန္ ဆြဲေခၚသြားသည္။

စတိတ္စင္တဖက္တြက္ ေဟာ့ရွီး၏ 'ဟဲလို၊ ဟဲလို' ဟု မိုက္စမ္းသံကို ၾကားေနရသည္။ ရွန့္ေခ်ာင္က ဘယ္ဘက္ျခမ္းရွိ ခုံတန္းအစြန္းနားတြင္ ေဆာင့္ေၾကာင့္ထိုင္ကာ ေခ်ာင္းၾကည့္သည္။ စတိတ္စင္ေပၚတြင္ ထသြားထလာဝတ္စုံႏွင့္ ဦးထုပ္ေဆာင္းထားသည့္ ေဟာ့ရွီးက ဒါရိုက္တာထံ 'အိုေက' ဟု လက္ဟန္ျပလိုက္ကာ တီးလုံးက ခ်က္ခ်င္းဆိုသလို စတင္လာသည္။

မီးဆလိုက္မ်ားမွာ သူ႔အေပၚ စုံပုံျဖာက်လ်က္ရွိၿပီး ႏွစ္ဝက္ၾကာ မျမင္ေတြ႕ခဲ့ရသည့္ေနာက္ သူ႔ႂကြက္သားမ်ားမွာ ပို၍ ေတာင့္တင္းလာသလို လွုပ္ရွားမွုတစ္ခုခ်င္းစီတိုင္းက ခန့္ညားလြန္းသျဖင့္ ေနရာတြင္ပင္ ေပါက္ကြဲထြက္လာေတာ့မလို ခံစားရ၏။

ရွန့္ေခ်ာင္မ်က္ဝန္းတို႔ ေတာက္ပေနသည္မွာ မ်က္ဝန္းအၾကည့္မ်ားထဲမွ ၾကယ္ပြင့္တို႔ပင္ ခုန္ထြက္လာေတာ့မေယာင္။

ရီဟာဇယ္အၿပီးတြင္ ေဟာ့ရွီးက မိုက္ကို ယူကာ

"အသံကို ဒီကရီဝက္ေလာက္ ေလၽွာ့လိုက္"

ဤသည္မွ လြဲ၍ အျခားျပႆနာမရွိေပ။ ရီဟာဇယ္ၿပီးဆုံးသည့္တိုင္ ရွန့္ေခ်ာင္မွာ စိတ္မေက်နပ္ေသး၍ တင္းက်န္က သူမအား ဆြဲေခၚသြားရသည္။ ကားထဲေရာက္သည္ႏွင့္ ေဟာ့ရွီးထံမွ ဖုန္းလက္ခံရရွိကာ သူမထံ ေမးျမန္းလာသည္။

"မင္း ျပန္ၿပီလား?"

ရွန့္ေခ်ာင္က ေပ့မင္းဖန္ထံ အၾကည့္တစ္ခ်က္ ပို႔လႊတ္ၿပီးေနာက္ ဖုန္းစပီကာအား လက္ျဖင့္အုပ္ကာ တိုးတိုးေလးဆိုသည္။

ငါ အခုျပန္ေတာ့မလို႔၊ ရီဟာဇယ္ ၾကည့္ခဲ့ေသးတယ္"

တဖက္လူက ျပဳံးေနပုံရသည္။

"မင္း ဘယ္မွာ ပုန္းေနတာလဲ? ကိုယ္ မင္းကို မေတြ႕ပါဘူး"

ရွန့္ေခ်ာင္က ဂုဏ္ယူဝင့္ႂကြားစြာျဖင့္

"ေသခ်ာေလး ပုန္းေနတာ၊ ဘယ္သူမွ မေတြ႕နိုင္ဘူး"

သူမ စကားေျပာၿပီးသည္ႏွင့္ ေပ့ဖင္းဖန္၏ စုတ္သပ္သံကို ၾကားလိုက္ရသည္။

ရွန့္ေခ်ာင္ခမ်ာ ေၾကာက္ရြံ႕လြန္းသျဖင့္ ခပ္ျမန္ျမန္ပင္ လွည့္ကာ

"ဘာျဖစ္လို႔လဲ?"

ေပ့မင္းဖန္မွာ သူမမ်က္ႏွာထံ ဖုန္းျဖင့္ပင္ ပစ္ေပါက္ခ်င္လာသည္။

"ေသခ်ာပုန္းတယ္? မင္း ဓါတ္ပုံခိုးရိုက္ခံရတာ သိၿပီးၿပီလား?"

ေၾကာ္ျငာအေကာင့္တစ္ခုမွ တင္ထားေသာ 'အိုင္ေဒါလ္ ရီဟာဇယ္ကို ေခ်ာင္းၾကည့္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ငါ ဓါတ္ပုံခိုးရိုက္ခဲ့တယ္' ဟူသည့္ပို႔စ့္အား ရွန့္ေခ်ာင္ မ်က္လုံးျပဴးျဖင့္ ၾကည့္ေနမိသည္။

တြဲတင္ထားသည့္ ဓါတ္ပုံတြင္ ရွန့္ေခ်ာင္က ဝင္ေပါက္ေလၽွာက္လမ္းအဆုံးရွိ ကန့္လန္ကာေနာက္မွ သူမေခါင္းေသးေသး ျပဴထြက္ေနကာ စတိတ္စင္ရွိရာဆီ လွမ္းၾကည့္ေနသည္။ သူမမ်က္ဝန္းတို႔မွာ ေတာက္ပေနေလၿပီး ႏွုတ္ခမ္းတို႔က ခပ္ဟဟ ပြင့္ဟေနကာ မ်က္ႏွာထားက အလြန္အမင္း အငမ္းမရျဖစ္ေနသည္။

ကြန္မန့္မ်ားအားလုံးမွာ 'ဟားဟားဟား...' ျဖင့္ အစခ်ီထားကာ ရွန့္ေခ်ာင္၏ အမူအရာမွာ ပီျပင္လြန္းသျဖင့္ ၾကယ္ပြင့္ေနာက္လိုက္သည့္ ဖန္တစ္ေယာက္ႏွင့္ တူလြန္းလွသည္ဟု ဆိုလာၾကသည္။ ရွီးကြမ္းမ်ားထံမွ မနာလိုျဖစ္ေၾကာင္းႏွင့္ အားက်ေၾကာင္း မွတ္ခ်က္မ်ားလည္း ပါဝင္သည္။

ကိုယ့္အိုင္ေဒါလ္ရဲ့ ရီဟာဇယ္ကို မၾကည့္ခ်င္တဲ့သူ ဘယ္သူမ်ား ရွိပါ့မလဲ။

ေခ်ာင္ဖန္ - "ငါ့အိုင္ေဒါလ္က ဒီေလာက္ၾကဴးတတ္ေနမွေတာ့ ငါက ဘာမ်ားတတ္နိုင္မွာတဲ့လဲ? သူ႔ကို အလိုလိုက္ရေတာ့မွာေပါ့"

ဖ႐ုံေစ့စားသည့္ ျဖတ္သြားျဖတ္လာမ်ားမွာ ဤကဲ့သို႔ေသာ သတင္းမ်ိဳးအား ႏွစ္ၿခိဳက္သည္။ ထိုဓါတ္ပုံမွာ ညေနတပိုင္းႏွင့္ပင္ Weibo တစ္ခြင္ ပ်ံ႕ႏွံ့သြားသည္။ ေခါင္းျပဴထြက္ေနခ်ိန္တြင္ ရွန့္ေခ်ာင္၏ လက္ႏွစ္ဖက္က ကန့္လန့္ကာစအား ဆုပ္ကိုင္ထားပုံမွာ ရယ္ရႊင္ဖြယ္ေကာင္းလြန္းသျဖင့္ နက္တစ္ဇင္မ်ားထံမွ ႐ုပ္ေျပာင္မ်ိဳးစုံ ျပဳလုပ္ခံရသည္။

'ငါ့အၾကည့္ေတြ မင္းေပၚ စြဲျမဲသြားၿပီ'၊ 'ဘယ္သူကမ်ား ဘာလုပ္ေနလဲ ငါ ၾကည့္စမ္းပါရေစ'၊ 'ဘယ္သူမွ ငါ့ကို သတိမထားမိေလာက္ဘူး' စသျဖင့္ ႐ုပ္ေျပာင္မ်ိဳးစုံမွာ မိုးေကာင္းကင္အႏွံ့ ပ်ံ႕ႏွံ့သြားကာ 'သဲပန္းပု' တို႔ျဖင့္ ျပည့္ႏွက္ေနသည္။

(T/N - ရယ္စရာေကာင္းတယ္ဆိုတာကို 'သဲပန္းပု' လို႔ ဗန္းစကား သုံးတာပါ)

ရွန့္ေခ်ာင္ - "........"

Ugh..... အိုင္ေဒါလ္ေနာက္လိုက္ရတာ ခက္ခဲလိုက္တာ။

ေနာက္တေန႔ ေန႔လယ္စာစားၿပီးခ်ိန္တြင္ ဖန္းပိုင္က ရွန့္ေခ်ာင္အား အခမ္းအနားက်င္းပရာေနရာသို႔ လိုက္ပို႔ကာ ညေနဘက္တြင္ ထုတ္လႊင့္မည့္ တိုက္ရိုက္ထုတ္လႊင့္မွုအတြက္ စတင္ ျပင္ဆင္သည္။

ေဖ်ာ္ေျဖတင္ဆက္မွု၏ သီခ်င္းပုံစံႏွင့္ အကစနစ္မွု ခ်ိဳၿမိန္ခ်စ္စဖြယ္ေကာင္းသည့္ဘက္သို႔ ေရာက္သည္ျဖစ္ျခင္းေၾကာင့္ ယေန႔အတြက္ က်ိဳးခန္ သူမအား ျပင္ဆင္ေပးလာသည္မွာ ခ်ိဳၿမိန္သည့္ မင္းသမီးတစ္ပါးပုံစံျဖစ္သည္။ ပြဲစီစဥ္သူဘက္မွ ဝန္ထမ္းမ်ားက လာေရာက္ကာ သူမႏွင့္ အစီအစဥ္အေၾကာင္း ထပ္မံစစ္ေဆး၍ တင္ဆက္မွုအၿပီးတြင္ အစီအစဥ္မွူးႏွင့္ ေျပာဆိုဆက္ဆံရမည့္အပိုင္းကိုပါ သုံးသပ္သည္။

ရွန့္ေခ်ာင္က ကင္မရာေရွ႕တြင္ ပရိသတ္မ်ား ေျပာဆိုလာသည့္ ဆုမြန္ေကာင္းမ်ားအား လက္ခံရမည္ျဖစ္ေၾကာင္း၊ ပရိသတ္မ်ားထံ ခြန္းတုံ႔ျပန္ရမည့္ စကားကိုပါ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံစစ္ေဆးသည္။

သူမ တင္ဆက္ရမည့္ အခ်ိန္မွာ အလယ္နားတြင္ ျဖစ္ကာ နာမည္ႀကီးမ်ားအား အစီအစဥ္ အေနာက္ပိုင္းခပ္က်က်အခ်ိန္၌ စီစဥ္ထားသည္။ ေဟာ့ရွီးက ေနာက္ဆုံးပရိုဂရမ္မတိုင္ခင္ ဒုတိယေဖ်ာ္ေျဖရမည္ျဖစ္ၿပီး ေနာက္ဆုံးေသာပရိုဂရမ္မွာ သီခ်င္းဆို၍ အတူတကြ ကခုန္ရမည္ျဖစ္သည္။

တင္းက်န္က ရွန့္ေခ်ာင္အား လွမ္းစသည္။

"ေခ်ာင္ေခ်ာင္ နင္ ေဟာ့ရွီးရဲ့ နားေနခန္းကို သြားမွာလား?"

ေပ့မင္းဖန္က တင္းက်န္အား လွမ္းေအာ္သည္။

"သူ႔ႏွလုံးသားနဲ႔ ဝိညာဥ္က အေစာႀကီးကတည္းက အဲ့ဒီကို ေရာက္ေနၿပီ၊ ဒီမွာ အခြံပဲ ထားခဲ့တာ၊ အဲ့ဒါကို မင္းက သူ႔ကို အားေပးအားေျမႇာက္လုပ္ေနေသးတယ္!!"

တင္းက်န္က အူလွိုက္သဲလွိုက္ရယ္ေမာလာကာ ရွန့္ေခ်ာင္က တိတ္တဆိတ္ ခိုးျပဳံးသည္။ ညေနေစာင္းတြင္ ဝန္ထမ္းမ်ားက ညစာထမင္းဘူး ပို႔ေဆာင္လာသည္။ စားေသာက္ၿပီးေနာက္ တင္းက်န္က သူမအား အေဖာ္ျပဳ၍ လမ္းထြက္ေလၽွာက္သည္။ စင္ေနာက္ဘက္ရွိ ဝန္ထမ္းမ်ားမွာ ဥပဒဟို သြားလာလွုပ္ရွားလ်က္ရွိကာ ပရိသတ္မ်ား ကြင္းထဲ ဝင္ေရာက္နိုင္ေစရန္ စစ္ေဆးလ်က္ရွိသည္။

ေကာ္ရစ္တာတစ္ခုအား ျဖတ္သန္းသြားခ်ိန္တြင္ ဝန္ထမ္းဝတ္စုံ ဝတ္ဆင္ထားသည့္ လူရြယ္တစ္ေယာက္က အေပၚထပ္မွ ဆင္းလာသည္။ သူက လမ္းေလၽွာက္ရင္း ဖုန္းေျပာေနကာ

"ဒီကိုလာ၊ ငါ မင္းအတြက္ လက္မွတ္ယူလာေပးမယ္၊ တံခါးနားမွာ မေစာင့္နဲ႔၊ ေဟာ့ရွီးပရိသတ္ေတြ အဲ့ဒီနား ရွိေနတယ္၊ အေနာက္တံခါးရဲ့ ဘယ္ဘက္တံခါးမွာ ေစာင့္"

ရွန့္ေခ်ာင္ ေျခလွမ္းတို႔အား ေႏွးခ်ပစ္ကာ အေလာတႀကီး ထြက္ခြါသြားသည့္ ပုံရိပ္ထံ လွမ္းၾကည့္သည္။ 'ေဟာ့ရွီး' နာမည္အား ၾကားလိုက္ရသည္ႏွင့္ ပြဲသိမ္းၿပီျဖစ္ေၾကာင္း တင္းက်န္ နားလည္သည္။ ထိုနာမည္မွာ သူမအႏုပညာရွင္၏ အသက္ဓါတ္မဟုတ္လား။

အံ့ဩဖြယ္မရွိစြာပင္ ရွန့္ေခ်ာင္က အေနာက္ဘက္ဆီ လက္ညႇိုးညႊန္ကာ

"အဲ့ဘက္ကို သြားၾကည့္ရေအာင္"

တင္းက်န္ - "နင္ မေအးဘူးလား? အျပင္မွာ ေလပိုတိုက္တယ္ေနာ္၊ ျပန္ၾကရေအာင္ပါ"

ရွန့္ေခ်ာင္က ယေန႔ညေဖ်ာ္ေျဖပြဲအတြက္ ဂါဝန္တို ဝတ္ဆင္ထားကာ အေပၚဘက္မွ အျဖဴေရာင္ေလကာ အေပၚထပ္အက်ီ ဝတ္ဆင္ထားေသာ္လည္း သူမ၏ ေျခေထာက္မ်ားကား လြတ္ေနဆဲ။ ရွန့္ေခ်ာင္မွာ သတိမူမိပုံမရပဲ ေနာက္မွလိုက္ရန္ ေျခလွမ္း လွမ္းေနေလၿပီ။

"ဒီတိုင္း တခ်က္ၾကည့္ရေအာင္"

တင္းက်န္ခမ်ာ ကူကယ္ရာမဲ့စြာ ေနာက္မွ လိုက္ရေတာ့သည္။

ေအာက္ဘက္သို႔ဆင္းကာ ေလာ္ဘီတစ္ေလၽွာက္ ေလၽွာက္လာၿပီးေနာက္ အျပင္သို႔ ေရာက္သည္အထိ။ ရွန့္ေခ်ာင္ ေမာ့ၾကည့္လိုက္လၽွင္ မွန္တံခါးထြက္ေပါက္ေနရာနားတြင္ လူတစ္စုဝိုင္းအုံလ်က္ရွိသည္။ လူတိုင္း၏ ခႏၶာကိုယ္ေပၚတြင္ ေရႊေရာင္ဆိုင္းဘုတ္တစ္ခုစီ ပါရွိၿပီး ရွီးကြမ္းမ်ား ျဖစ္ပုံရသည္။

ယခုေလးတင္ ဖုန္းေျပာေနခဲ့သည့္ ဝန္ထမ္းျဖစ္သူမွာ ထိုအုပ္စု၏ ဝန္းရံျခင္းခံေနရကာ ထိုသူမ်ားအား ေလသံမာမာျဖင့္ ဆူပူေနသည္။

"မင္းတို႔ ငါ့ကို ေပးမသြားရင္ ငါ လုံျခဳံေရး ေခၚလိုက္မယ္!!"

ေခါင္းေဆာင္ျဖစ္ပုံရသည့္ မိန္းကေလးမွာ ေဒါသထြက္ေနသည္။

"နင္ ဘယ္လိုမ်ား ဒီလို လုပ္နိုင္ရတာလဲ? ငါတို႔ နင့္ကို အေစာႀကီးကတည္းက ပိုက္ဆံလႊဲေပးထားၿပီးသားေလ၊ အခုမွ လာၿပီး လက္မွတ္မရွိဘူး ေျပာေနတာ၊ အေစာကတည္းက ဘာလို႔ မေျပာလဲ?"

ဝန္ထမ္းျဖစ္သူမွ

"ငါ မင္းတို႔ကို ပိုက္ဆံျပန္လႊဲေပးၿပီးၿပီ မဟုတ္ဘူးလား? မင္းတို႔ ဘာလိုခ်င္ေနေသးတာလဲ?"

"ငါတို႔ ပိုက္ဆံမလိုခ်င္ဘူး! ငါတို႔ လက္မွတ္ပဲ လိုခ်င္တယ္! အထဲဝင္ခ်င္တယ္!"

လူရြယ္မွာ ပိတ္ဆို႔ထားျခင္းခံရကာ ထြက္မသြားနိုင္ျခင္းေၾကာင့္ ေအာ္ဟစ္ေတာ့သည္။

"မရဘူး! မရဘူး! ငါ မင္းတို႔ပိုက္ဆံကို လိမ္ေနတာလည္း မဟုတ္ဘူး! ျမန္ျမန္ထြက္သြားၾက!! လုံျခဳံေရးေတြ.... လုံျခဳံေရးေတြ ဘယ္ေရာက္သြားၾကလဲ? ေဟာ့ရွီးဖန္ေတြက ဒီလိုမ်ိဳးပဲလား?"

ထိုသူက က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ဟစ္ေနကာ ျဖတ္သြားျဖတ္လာ လူအခ်ိဳ႕က မၾကာခဏ လွမ္းၾကည့္လာသည္။ လူအုပ္ထဲရွိ မိန္းကေလးအခ်ိဳ႕မွာ ငိုခ်ေတာ့မေယာင္။ ႐ုတ္တရက္ဆိုသလို ေနာက္ပါးဆီမွ ျပဳံးရယ္ေနသည့္ အသံခ်ိဳခ်ိဳတစ္ခု ပ်ံ႕လြင့္လာသည္။

"ဘာဒီလိုမ်ိဳးလဲ? ငါတို႔က ဘာျဖစ္ေနလို႔လဲ?"

လူအုပ္စုတစ္စုလုံးက တခ်ိန္တည္းဆိုသလို လွမ္းၾကည့္လာသည္။ ရွန့္ေခ်ာင္က ေနာက္ဘက္ျခမ္းတြင္ မတ္တပ္ရပ္ေနကာ အျဖဴေရာင္ေလကာအက်ီေအာက္ ျမဳပ္ကြယ္လ်က္ရွိၿပီး မ်က္ႏွာထက္ အျပဳံးတစ္ခု ေဖာ္ေဆာင္ထားေသာ္လည္း မ်က္ဝန္းတို႔ကား ေအးခဲလ်က္ရွိ၏။ လူရြယ္၏ ေၾကာင္အမ္းေနသည့္ မ်က္ႏွာကို ျမင္လၽွင္ သူမက ႏွုတ္ခမ္းပါးတို႔ ထပ္မံတြန့္ေကြးလိုက္ျပန္သည္။

"လုံျခဳံေရးေခၚၿပီး နင္ ဘာလုပ္မွာလဲ? ငါ နင့္အစား စီစဥ္သူကို လွမ္းေခၚေပးရင္ေရာ ဘယ္လိုလဲ?"

ထိုလူရြယ္က ခပ္ျပင္းျပင္း အသက္တခ်က္ရွူသြင္းလိုက္ကာ ေျပာစရာစကားမဲ့သြားရသည္။ ရွန့္ေခ်ာင္က အရပ္ျမင့္ျမင့္မိန္းကေလးထံ လွမ္းၾကည့္၍ ေႏြးေထြးစြာ ေမးသည္။

"ဘာေတြျဖစ္ေနတာလဲ?"

ရွီးကြမ္းမ်ားမွာ အံ့အားသင့္လ်က္။ အရပ္ျမင့္ျမင့္မိန္းကေလးမွာ အခ်ိန္အေတာ္ၾကာ အံ့အားတႀကီး ေၾကာင္အေနၿပီးေနာက္ သူမအသံအား ျပန္လည္ရွာေတြ႕သြားပုံရသည္။ သူမက ရွန့္ေခ်ာင္ထံ စိုက္ၾကည့္ကာ ေျခာက္ေသြ႕စြာ ဆိုသည္။

"ငါတို႔ သူ႔ဆီက လက္မွတ္ဝယ္ထားတာ၊ အေစာႀကီးကတည္းက ေစ်းညႇိၿပီး သူ႔ဆီ ပိုက္ဆံလႊဲၿပီးသြားၿပီ၊ ဒီေန႔ လက္မွတ္လာယူေတာ့မွ သူ႔ဆီ လက္မွတ္မရွိေတာ့ဘူးဆိုၿပီး ငါတို႔ကို ပိုက္ဆံျပန္လႊဲေပးေနတယ္"

အျခားရွီးကြမ္းတစ္ေယာက္က ထပ္ေပါင္းဆိုသည္။

"လက္မွတ္မရွိဘူးလို႔ အေစာကတည္းက ေျပာရင္ ငါတို႔ ေမွာင္ခိုကေန ဝယ္မွာေပါ့၊ အခုမွ ေျပာၿပီး ပိုက္ဆံျပန္လႊဲေပးေတာ့ ငါတို႔ ဘယ္လိုလုပ္ရမွာလဲ? ငါတို႔အားလုံး တျခားၿမိဳ႕ေတြကေန လာတာ၊ ဒီတိုင္း ခန္းမထဲ ဝင္ခ်င္႐ုံပဲ"

ရွန့္ေခ်ာင္က သူမနားလည္ေၾကာင္း ေခါင္းညိတ္ျပကာ ဝန္ထမ္းျဖစ္သူဆီ လွမ္းၾကည့္သည္။

"တကယ္ပဲ လက္မွတ္မရွိဘူးလား?"

လူရြယ္က လည္ပင္းပြတ္လ်က္ျဖင့္ ျပန္ေျဖသည္။

"မရွိဘူး"

ရွန့္ေခ်ာင္ ျပဳံး႐ု္း

"အခုေလးတင္ နင္ ဖုန္းေျပာေနတုန္းက အဲ့လို မဟုတ္ပါဘူး"

သူမက တင္းက်န္ဘက္လွည့္ကာ မယုံသကၤာဟန္ျဖင့္ လွည့္ေမးသည္။

"သူအခုေလးတင္ ဖုန္းထဲမွာ ဘာေျပာလိုက္တာလဲ?"

တင္းက်န္ - "သူေျပာတာက လက္မွတ္ခ်က္ခ်င္း ယူခဲ့ေပးမယ္၊ ေဟာ့ရွီးပရိသတ္ေတြ ျမင္မွာစိုးလို႔ တံခါးနားမွာ မေစာင့္နဲ႔၊ အေနာက္တံခါးရဲ့ ဘယ္ဘယ္ျခမ္းတံခါးမွာ သူ႔ကို ေစာင့္တဲ့"

ရွန့္ေခ်ာင္က လက္ေဖ်ာက္တီး၍ ျပဳံးသည္။

"ဘယ္ဘက္ျခမ္းတံခါးေပါ့၊ ငါ့ကို နင္နဲ႔အတူ အဲ့ကို သြားေစခ်င္လား?"

ဝန္ထမ္းျဖစ္သူမ်က္ႏွာမွာ ရဲေတာက္သြားသည္။ ထိုသူက ေဒါသထြက္လိုေသာ္လည္း မဝံ့ရဲ။ အရပ္ျမင့္ျမင့္ေကာင္မေလးက သူ႔အား ဆြဲရင္း

"အဲ့ဒီေတာ့ နင့္မွာ လက္မွတ္ရွိတယ္ေပါ့? ျမန္ျမန္ထုတ္လာခဲ့!!"

ထိုသူကား စကားတစ္ခြန္းမဆိုပဲ ေတာင့္ခဲသြားသည္။

ရွန့္ေခ်ာင္ - "နင့္ဆီကေန ေစ်းပိုေပးၿပီး ဘယ္သူ႔ဖန္ေတြ လာဝယ္လဲ ငါ ဂ႐ုမစိုက္ဘူး၊ အေရာင္းအဝယ္လုပ္ရင္ ရိုးသားမွုရွိရတယ္၊ နင္ လက္မွတ္ကို အရင္ေရာင္းၿပီး ပိုက္ဆံရၿပီးမွ လက္မွတ္ေပးတာ၊ ပိုက္ဆံရၿပီးၿပီဆိုတာနဲ႔ အေရာင္းအဝယ္ ေအာင္ျမင္သြားၿပီ၊ အခမ္းအနားက ခဏေန စေတာ့မွာ၊ ႏွစ္ဖက္စလုံး အက်ိဳးမရွိျဖစ္ေအာင္ မလုပ္နဲ႔"

"ဟုတ္တယ္! ငါတို႔ကို လက္မွတ္ ျမန္ျမန္ေပး!"

"ငါတို႔ နင့္ဆီ ပိုက္ဆံလႊဲေပးမယ္!"

"လက္မွတ္ထုတ္လာခဲ့!!"

ထိုတခဏတြင္ အႏွီသူမွာ မေနနိုင္ပဲ သူ႔လုပ္ရပ္အား ထပ္မံေတြးေတာမိကာ ရွက္ရြံ႕၍ စိတ္အေႏွာင့္အယွက္ျဖစ္ရသည္။ ထို႔ေနာက္ အတြင္းအိတ္ကပ္ထဲမွ လက္မွတ္ထုတ္ယူလာေလၿပီး မိန္းကေလူက သူမဖုန္းကို သုံးကာ ခပ္ျမန္ျမန္ပင္ ေငြလႊဲေပးလိုက္ၿပီးေနာက္ လက္မွတ္မ်ားအား လွမ္းယူသည္။

ရွန့္ေခ်ာင္ ျပဳံးရင္း ရွီးကြမ္းမ်ားဘက္လွည့္ကာ

"ျမန္ျမန္ အထဲဝင္ေတာ့..."

ရွီးကြမ္းမ်ားအဖြဲ႕က တစ္ခုခုေျပာလိုဟန္ျဖင့္ စိတ္ရွုပ္ေထြးစြာ ျပန္လွည့္ၾကည့္လာသည္။ အဆုံးတြင္မူ ေခါင္းေဆာင္မိန္းကေလးက ပထမဆုံး စကားစသူျဖစ္လာသည္။

"ေက်းဇူးတင္ပါတယ္!!"

အျခားရွီးကြမ္းမ်ားကပါ သူမအား ေက်းဇူးတင္စကားဆိုလာသည္။

ရွန့္ေခ်ာင္ လက္ကာျပရင္း

"ငါတို႔က တစ္မိသားစုထဲပဲ၊ ျမန္ျမန္သြားေတာ့"

လူအုပ္စုတစ္စုလုံး ထြက္ခြါသြားၾကသည္။

လက္မွတ္ေရာင္းခ်သူမွာ ေနရာတြင္ ရပ္ေနဆဲ။ ရွန့္ေခ်ာင္က သူမဂ်တ္ကတ္အတြင္းမွ ဖုန္းထုတ္ယူကာ အနားတိုးသြားသည္။

"ဘယ္ေလာက္ ေစ်းကြာသြားလဲ? ငါ နင့္ကို လႊဲေပးမယ္"

ထိုသူမွာ အံ့အားသင့္သြားဟန္ မ်က္ေမွာင္ၾကဳတ္၍ ေမာ့ၾကည့္လာသည္။

ရွန့္ေခ်ာင္ကား ျပဳံးေနဆဲ၊ သို႔ရာတြင္ သူမအျပဳံးမွာ အနည္းငယ္ ႏူးညံ့လ်က္ရွိသည္။

"နင့္အတြက္လည္း မလြယ္မွန္း ငါ နားလည္ပါတယ္၊ အဲ့ဒီေတာ့ ငါ နင့္အတြက္ ကြာတဲ့ေငြ စိုက္ေပးမယ္၊ ေဟာ့ရွီးရဲ့ ပရိသတ္ေတြက ဘယ္ေတာ့မွ တဖက္လူအေပၚ အခြင့္အေရးမယူဘူး"

လူရြယ္က နံပါတ္တစ္ခုအား ရြတ္ျပလာကာ ဖုန္းသုံး၍ QR ဖတ္ကာ ရွန့္ေခ်ာင္ ေငြလႊဲေပးလိုက္ၿပီးေနာက္ ထိုသူ႔ပခုံးထံ အျပဳံးျဖင့္ လွမ္းပုတ္သည္။

"ျမန္ျမန္ျပန္ေတာ့၊ ဘိုင့္ဘိုင့္"

သူမက ေလကာအက်ီကို ဆြဲေစ့ကာ အတြင္းသို႔ ျပန္ဝင္သြားသည္။

ဓါတ္ေလွကားအတြင္းထဲ ျပန္ေရာက္သြားသည္အထိ တင္းက်န္က အေနာက္မွ လိုက္သြားၿပီးေနာက္

"ဘာလို႔ သူ႔ဆီ ပိုက္ဆံလႊဲေပးလိုက္တာလဲ? တမင္တကာ ေစ်းတင္ထားမွန္း သိသာေနတာကို"

ရွန့္ေခ်ာင္က သက္ျပင္းခ်သည္။

"ပိုက္ဆံအမ်ားႀကီးလည္း မဟုတ္ဘူးေလ၊ ဒီပိုက္ဆံေလာက္သုံးၿပီးေတာ့ ရွီးကြမ္းေတြဆီက အေကာင္းျမင္တာကို ရလိုက္တာ တန္ပါတယ္၊ ေနာက္ သတင္းမထြက္ေအာင္လည္း တားလိုက္နိုင္တာေပါ့"

တင္းက်န္က တခဏမၽွ ေတြးေတာၿပီးေနာက္ ေခါင္းညိတ္သည္။

"ဟုတ္တယ္၊ မဟုတ္ရင္ သူ အျပင္ေရာက္လို႔ မဟုတ္တမ္းတရားေျပာၿပီး နင့္ကို သိကၡာခ်ေနဦးမယ္"

ရွန့္ေခ်ာင္က သူမထံ မ်က္စိတစ္ဖက္မွိတ္ျပသည္။

နားေနခန္းထဲ၌ ေပ့မင္းဖန္မွာ ရွန့္ေခ်ာင္အား ဖုန္းဆက္ရန္ ဟန္ျပင္ေနေခ်သည္။ သူမ ဝင္လာသည္ကို ျမင္သည္ႏွင့္

"မင္းတို႔ ဘယ္ထပ္သြားေနျပန္တာလဲ? ေဟာ့ရွီးကို သြားရွာေနတာလား? ငါ့ကို နည္းနည္းေလာက္ သနားပါဦး"

ရွန့္ေခ်ာင္ - "မဟုတ္ဘူး၊ ေအာက္ခဏဆင္းၿပီး ေလနည္းနည္းသြားရွူတာ၊ စိတ္နည္းနည္းလွုပ္ရွားေနလို႔"

တင္းက်န္က ေဘးဘက္မွ သံေယာင္လိုက္ကာ ေပ့မင္းဖန္က စကားထပ္မဆိုေတာ့ေခ်။

ပရိသတ္မ်ား ခန္းမထဲ ဝင္ေရာက္လာကာ ေနရာယူၿပီး မၾကာခင္တြင္ တိုက္ရိုက္ထုတ္လႊင့္မွု စတင္သည္။ ရွန့္ေခ်ာင္မွာ စိတ္လွုပ္ရွားတႀကီးျဖင့္ အခန္းတြင္း လမ္းပတ္ေလၽွာက္ေနကာ ေရသန့္ဘူးအား မိုက္ခရိုဖုန္းအျဖစ္ အသုံးခ်၍ ေလ့က်င့္ေနသည္။

သူမ စင္ေပၚ တက္ခါနီးဆဲဆဲတြင္ တံခါးတြန္းဖြင့္ခံလိုက္ရၿပီး ဝတ္စုံျပည့္ ဝတ္ဆင္ထားသည့္ ေဟာ့ရွီးက အခန္းတြင္းသို႔ ေလၽွာက္ဝင္လာသည္။

ေပ့မင္းဖန္မွာ ေလအလၽွင္ကဲ့သို႔ မတ္တပ္ထရပ္ကာ အႏွီေယာက်္ားသားေရွ႕ ပိတ္ရပ္၍ ကာကြယ္မည္ျပဳသည္။

ရွန့္ေခ်ာင္ သူ႔အား လွမ္းျမင္သည္ႏွင့္ မ်က္ဝန္းတို႔ လက္ခနဲ ေတာက္ပသြား၏။ ေဖ်ာ္ေျဖရန္ ဝတ္စုံျပည့္ဝတ္ဆင္ထားသည့္ ေဟာ့ရွီးကား အလြန္အမင္း ေခ်ာေမာခန့္ညားလ်က္ရွိသည္။ စတိတ္စင္ေပၚ ကျပေဖ်ာ္ေျဖခ်ိန္၌ ေပါက္ကြဲထြက္လာမည့္ သူ႔အားအင္ကို သူမ ႀကိဳတင္ျမင္ေယာင္နိုင္သည္။

မျဖစ္ဘူး!! ေတြးလို႔ မျဖစ္ဘူး!!

သူမက လက္ထဲ ေရသန့္ဘူး ကိုင္ထားလ်က္ သူ႔ထံ ေျခလွမ္းအနည္းငယ္မၽွျဖင့္ ေျပးသြားကာ

"ေဟာ့ရွီး ဒီကို ဘယ္လိုလုပ္ေရာက္လာတာလဲ?"

ေဟာ့ရွီးက လက္ေျမႇာက္၍ သူမေခါင္းထက္ ထိေတြ႕လာသည္။

"မင္းကို လာအားေပးတာ၊ စိတ္လွုပ္ရွားေနလား?"

သူမ ေခါင္းညိတ္သည္။

"နည္းနည္း"

ေဟာ့ရွီး ျပဳံးရင္း

"မေၾကာက္နဲ႔၊ ေခ်ာင္ေခ်ာင္ သီခ်င္းေကာင္းေကာင္းဆိုနိုင္တယ္"

သူမလက္ထဲမွ ေရသန့္ဘူးကို လွမ္းယူလိုက္ၿပီးေနာက္ စားပြဲေပၚ တင္ကာ သူမလက္ႏွစ္ဖက္အား အုပ္ကိုင္ရင္း

"စိတ္ေလၽွာ့ထား၊ ကိုယ္ မင္းကို စင္ေနာက္က ၾကည့္ေနမယ္၊ စိတ္မလွုပ္ရွားနဲ႔"

ေမၽွာ္လင့္ထားသကဲ့သို႔ပင္ ရွန့္ေခ်ာင္က စိတ္လွုပ္ရွားေနျခင္းမ်ိဳး မရွိေတာ့ပဲ သူ႔လက္ေမာင္းထဲ တိုးဝင္ခ်င္စိတ္သာ ျဖစ္ေပၚလာသည္။

ေပ့မင္းဖန္ - "အားျဖည့္ေပးၿပီးရင္ ျမန္ျမန္ထြက္ေတာ့၊ ဝန္ထမ္းက ခဏေန လာေခၚေတာ့မွာ"

ေဟာ့ရွီး ျပဳံးရင္း သူမေခါင္းထံ ဖြဖြပုတ္ၿပီးမွ ေနာက္လွည့္၍ ထြက္သြားသည္။

မၾကာမွီတြင္ ရွန့္ေခ်ာင္ စင္ေပၚတက္ရမည့္အလွည့္ ေရာက္ရွိလာသည္။ သူမက စင္ေပၚတက္ရန္ အခမ္းအနားမွူးေခၚဆိုသည္ကို ေစာင့္ဆိုင္းေနျခင္းျဖစ္ကာ ဒါရိုက္တာက နားၾကပ္မွတဆင့္ အခ်က္ျပလာသည္။ ရွန့္ေခ်ာင္ အသက္ျပင္းျပင္းရွူလိုက္ကာ ေငြေရာင္ေဒါက္ျမင့္ျဖင့္ စင္ေပၚ တက္သြားသည္။

ခန္းမအတြင္း၌ အားေပးသံမ်ား ေပၚထြက္လညကည ေငြေရာင္ဆိုင္းဘုတ္မ်ားအား အႏွံ့အျပား ျမင္ေတြ႕နိုင္သည္။ မ်ားစြာေသာ ေခ်ာင္ဖန္မ်ား ပြဲတက္လာကာ သူမနာမည္အား ေအာ္ေခၚ၍ အားေပးေနသည္။

ကကြက္မ်ားမွာ လွပ၍ တီးလုံးသံမွာ ၿငိမ့္ၿငိမ့္ေညာင္းေညာင္း။ ရွန့္ေခ်ာင္ မ်က္လုံးမွိတ္၍ သဘာဝက်က် ျပဳံးလိုက္သည္။

ခ်ိဳၿမိန္ေပါ့ပါးသည့္ သီခ်င္းသံစဥ္မွာ ၾကည့္ရွုသူမ်ား ေရွ႕ေမွာက္ ၿပီးျပည့္စုံစြာ တင္ဆက္ျပသလာသည္။

ဂီတသံအဆုံးတြင္ ရွန့္ေခ်ာင္က ဂါဝန္အနားစအား မလ်က္ ဒူးေကြးလိုက္ခ်ိန္တြင္ မိုးၿခိမ္းသံတမၽွ လက္ခုပ္သံမ်ား ေပၚထြက္လာခဲ့သည္။ အခမ္းအနားမွူးက စတိတ္စင္ေပၚ တက္ေရာက္လာကာ ဆုမြန္ေကာင္းေတာင္းေပးသည့္ လုပ္ထုံးလုပ္နည္းအတိုင္း ေဆာင္ရြက္သည္။

သူမ စတိတ္စ္ေပၚမွ ျပန္ဆင္းလာခ်ိန္မွ ရွန့္ေခ်ာင္ သက္ျပင္းခ်နိုင္သြားသည္။

တင္းက်န္က ကုတ္အက်ီကို သူမကိုယ္ေပၚ ျခဳံလႊမ္းေပးလာၿပီး ပခုံးဖက္၍ နားေနခန္းဆီ ျပန္ေလၽွာက္လာသည္။ သူမ ျပန္ထြက္လာခ်ိန္တြင္ ေဟာ့ရွီးထံမဇ မက္ေဆ့ခ်္အား လက္ခံရရွိသည္။

"ေဖ်ာ္ေျဖသြားတာ အရမ္းေကာင္းတယ္"

ရွန့္ေခ်ာင္က စာျပန္သည္။

"ငါ ဆုလိုခ်င္တယ္!!"

"အိုေက"

ရွန့္ေခ်ာင္မွာ အေပ်ာ္လြန္ေနၿပီး သူမေဘးရွိ ေပ့မင္းဖန္က စကားစလာသည္။

"ရယ္ေနလိုက္တာ မ်က္ႏွာလည္း ကြဲထြက္ကုန္ဦးမယ္၊ သြားမွာလား မသြားဘူးလား?"

ရွန့္ေခ်ာင္ မ်က္ေတာင္ခတ္ရင္း ျပဳံးသည္။

"ရီဟာဇယ္ေတာင္ ၾကည့္ၿပီးၿပီ၊ ဒါက တိုက္ရိုက္ေဖ်ာ္ေျဖတာ မဟုတ္ဘူးလား?"

ေပ့မင္းဖန္ - "ဟမ္?"

ထိုသို႔ျဖင့္ လူတစ္စုက တိုက္ရိုက္ထုတ္လႊင္မွု ၿပီးဆုံးခါနီး ေဟာ့ရွီး ေပၚထြက္လာခ်ိန္အထိ ေစာင့္ဆိုင္းသည္။

ခန္းမအတြင္းရွိ မီးမ်ား မွိန္က်သြားခ်ိန္တြင္ ရွန့္ေခ်ာင္က စတိတ္စင္ ဘယ္ဘက္ျခမ္းရွိ ဝန္ထမ္းမ်ား စု႐ုံးရာေနရာသို႔ သြားေရာက္ကာ အစြန္းနားတြင္ ရပ္၍ ေျခဖ်ားေထာက္ကာ စင္ဘက္ လွမ္းၾကည့္သည္။ တရားဝင္စတိတ္စင္အျပင္အဆင္မွာ ေအာ္ဟစ္အားေပးသံမ်ားႏွင့္ မီးမ်ား ထိန္ညီးလ်က္ရွိကာ ရီဟာဇယ္ထက္ပင္ ပို၍ စိတ္လွုပ္ရွားဖို႔ ေကာင္းေသးသည္။ ခန္းမတစ္ခုလုံးကာ ေတာက္ပသည့္ ေရႊေရာင္အလင္းမ်ားျဖင့္ ျပည့္ႏွက္ေနသည္မွာ မ်က္စိက်ိန္းေလာက္ဖြယ္အလွတရားပင္။

ေဟာ့ရွီးက သူ၏ အယ္လ္ဘမ္အသစ္မွ သီခ်င္းအား ေဖ်ာ္ေျဖလာသည္။ ရွန့္ေခ်ာင္က ထိုသီခ်င္းအား အခ်ိန္အေတာ္ၾကာကတည္းကပင္ အလြတ္ရၿပီးျဖစ္ကာ သူမေရွ႕တြင္ တစ္ေယာက္ေယာက္ ျပဳတ္က်ေနခဲ့သည့္ Light stick အား ေကာက္ယူကာ ေဝွ႕ရမ္း၍ လိုက္ပါသီဆိုသည္။

ကင္မရာသမားတစ္ေယာက္က ႐ုတ္တရက္ဆိုသလို သူမရွိရာဆီ အာ႐ုံစိုက္လာခဲ့သည္။

Light stick အား အ႐ူးအမူးေဝွ႕ရမ္းေနသည့္ သူမပုံစံက စကရင္မ်က္ႏွာျပင္ထက္တြင္ ႐ုတ္ျခည္းဆိုသလို ေပၚထြက္လာခဲ့သည္။ ရွန့္ေခ်ာင္မွာ စတိတ္စင္ေပၚသို႔သာ အာ႐ုံစိုက္လ်က္ရွိၿပီး သီခ်င္းအား စိတ္ပါလက္ပါ လိုက္လံသီဆိုလ်က္ရွိသည္။

တင္းက်န္က သူမအား လွမ္းဆြဲ၍ စကရင္ထက္ဆီ လက္ညႇိုးထိုးျပသည္။ ရွန့္ေခ်ာင္ ေနာက္လွည္ၾကည့္လိုက္လၽွင္ အံ့အားသင့္သြားကာ ရွက္ရြံ႕သြားဟန္ျဖင့္ ပုန္းကြယ္သြားသည္။

ပရိသတ္မ်ားက သေဘာတက် ရယ္ေမာလာၾကသည္။

ထိုျမင္ကြင္းအား စကၠန့္အနည္းငယ္မၽွသာ ၾကာျမင့္ကာ စတိတ္စင္ေပၚရွိ ေဟာ့ရွီးထံ ျပန္လည္အာ႐ုံစိုက္သြားသည္။ သို႔ေသာ္ လူအုပ္အတြင္း ရွန့္ေခ်ာင္၏ အားေပးမွုမွာ နိုင္ငံ့အဝွမ္း တိုက္ရိုက္ထုတ္လႊင့္မွုအား ၾကည့္ရွုေနသည့္ နက္တစ္ဇင္မ်ား၏ အၾကည့္ေအာက္ ေရာက္ရွိသြားေခ်သည္။ ေဟာ့ရွီး၏ ေဖ်ာ္ေျဖမွု မၿပီးဆုံးေသးခင္မွာပင္ screenshot မ်ားက အင္တာနက္တစ္ခြင္ ပြထေနေလၿပီ။

[ရီဟာဇယ္တုန္းက ေခ်ာင္းၾကည့္ၿပီး တိုက္ရိုက္ထုတ္လႊင့္ေတာ့လည္း အားေပးတယ္၊ တကယ္ႀကီး အေလးအနက္ထားၿပီး အိုင္ေဒါလ္ေနာက္လိုက္ေနတာပဲ]

[အဲ့ဒီ Light stick ကို သူ ခါယမ္းေနတဲ့ အားကို ၾကည့္ဦး၊ မနက္ျဖန္ သူ႔လက္ေမာင္း ေယာင္ကိုင္းေနမယ္လို႔ ငါ က်ိန္းေသေပါက္ ေလာင္းရဲတယ္!!]

*****

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

9.4K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
1.3M 101K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.2M 62.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.3M 117K 47
She knew that her work wouldn't let her rest, Was aware that every day would be a test. It was her passion though, to see the last smiles, Although...