GTKWF (Myanmar Translation )
By Liz_774
338K 46K 5.2K
Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More
Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1
Chapter 123
1.1K 198 20
By Liz_774
{Unicode}
အပိုင်း ၁၂၃
ကျောက်ယွီမှာ သူမနှင့်အတူ ညလယ်စာသွားစားရန် ရှန့်ချောင်အား ဖိတ်ခေါ်လိုသော်လည်း မန်နေဂျာက သူမလက်ကို လှမ်းဆွဲရင်း
"မဖြစ်ဘူး ယွီယွီ၊ လေယာဉ်ချိန်နောက်ကျလိမ့်မယ်"
ကျောက်ယွီက အိုကေဟု လက်ဟန်ပြလိုက်ကာ
"ဆယ်မိနစ် အချိန်ထပ်ပေး!"
သူမ ရှန့်ချောင်ကို ဘေးဘက်ဆွဲခေါ်ကာ အတင်းမေးတော့သည်။
"Long distance relationship လုပ်ရတာ ခက်လား?
ရှန့်ချောင် - "နင့်ဘာသာ စမ်းကြည့်လို့ရတယ်"
ကျောက်ယွီ - "ရတယ်၊ ငါ အခုလောလောဆယ် အလုပ်ပဲ အာရုံစိုက်ထားတာ၊ ချစ်သူထားဖို့ အစီအစဉ်မရှိဘူး၊ ငါက လူသန်းပေါင်းများစွာရဲ့ နတ်ဘုရားမ ဖြစ်ချင်တာ၊ နတ်ဘုရားမတွေပ သူငယ်ချင်း ရှိလို့ မရဘူး"
သူမက သူမ၏ ဒေသိယလေသံအား ထုတ်ယူလာခဲ့သည်။ ရှန့်ချောင် မထိန်းနိုင်ပဲ ရယ်မောလာသည်။ ရုတ်တရက် သူတို့ဘေးဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက ဘယ်လိုသူငယ်ချင်းမျိုး လိုချင်လို့လဲ? ဘယ်သူနဲ့ သူငယ်ချင်း ဖြစ်ချင်နေတာလဲ?"
ရှန်ကျွင့်ယီးမှာ မည်သည့်အချိန်၌ ရောက်နေခဲ့ခြင်း မသိရ။ ယခင်လေးတင်မှ စတိတ်စင်ပေါ်မှ ဆင်းလာခဲ့ပုံရကာ တစ်ကိုယ်လုံး ချွေးရွှဲနေသည်။ ကျောက်ယွီက သူ့အား အထင်အမြင်သေးဟန် လှမ်းကြည့်ရင်း
"နင် နားမလည်ရင်လည်း ဘာလို့ ဒေသိယအသံကို သင်ဖို့ မကြိုးစားလဲ?"
ရှန်ကျွင့်ယီးက သူမထံ နှုတ်ခမ်းတွန့်၍ ပြုံးလိုက်ရင်း ရှန့်ချောင်ထံ လှည့်ကြည့်သည်။
"ရှုန်းတိ၊ မင်း ဒီရောက်တာနဲ့ သူ့အတွက် ဖန်ဆိုင်းဘုတ်ကိုင်လာတာ မသင့်တော်ဘူးလားလို့"
ကျောက်ယွီ - "ငါ့အမြင်တော့ အတော်လေး သင့်တော်တယ်"
ရှန်ကျွင့်ယီး - "ဘေးဖယ် ဘေးဖယ်... ငါ့ညီအစ်ကိုနဲ့ စကားပြောနေတာ၊ ကျန်တဲ့သူ ဘေးဖယ်"
ကျောက်ယွီ သူ့အား လှမ်းရိုက်ရန် ဟန်ပြင်လိုက်သော်လည်း ရှန်ကျွင့်ယီးက ရှန့်ချောင် ပခုံးထက် လက်နှစ်ဖက်တင်၍ သူမနောက် ပုန်းကွယ်ကာ အရိုက်ခံချင်နေသည့် မျက်နှာပေးဖြင့် ပြောင်ပြလိုက်သေးသည်။
ကျောက်ယွီ သရော်တော်တော် လှောင်ပြောင်သည်။
"နင့်ဖန်တွေ နင် ဘယ်လောက် တုံးလဲ မြင်သင့်တယ်"
ရှန်ကျွင့်ယီး - "ဖန်အားလုံး ငါ့ကို သဘောကျတယ်၊ လူတိုင်းက ငါ့ကို သဘောကျနေတာ"
ရှန့်ချောင် - "......"
သူ့လက်ကို ဖယ်ချလိုက်ပြီးနောက် ရှန်ကျွင့်ယီးက သူမဆံပင်ကို လှမ်းဆွဲလာသည်။
"မင်း ထိပ်ပြောင်နေတာလား? ငါ ဆံပင်စိုက်ပညာရှင် ကောင်းကောင်းသိတယ်၊ ငါ မင်းကို မိတ်ဆက်ပေးရမလား?"
ရှန့်ချောင် - "......... ငါ ထိပ်မပြောင်နေဘူး၊ ကျေးဇူးပဲ၊ မလိုဘူး"
ရှန်ကျွင့်ယီးက စိတ်ထိခိုက်သွားရသည့် မျက်နှာပေးဖြင့် သူမထံ လှမ်းကြည့်လာသည်။
"ငါတို့ ရက်နည်းနည်းလောက် မတွေ့လိုက်တာနဲ့ မင်းက ပိုပြီး စိမ်းသွားတော့တာပဲ"
သူက ကျောက်ယွီထံ ဒေါသတကြီး လက်ညှိုးထိုးလိုက်ပြီး
"ပြောစမ်း! သူ ငါ့မကောင်းကြောင်းတွေ ပြောထားတာမလား?"
ကျောက်ယွီ - " ??? "
ရှန့်ချောင် - " ??? "
ကျောက်ယွီ - "ငါ နင့်ကို မတွေ့တာ ရက်နည်းနည်းလောက်ပဲ ရှိသေးတယ်၊ အရင်က သူ နင့်ကို ကောင်းကောင်းဆက်ဆံလား မဆက်ဆံလား ငါမသိဘူး၊ နင်ကတော့ ပိုပြီး ငတုံးဖြစ်လာတယ်"
ရှန့်ချောင် - "ငါ နင်ပြောတာ သဘောတူတယ်"
ရှန်ကျွင့်ယီး - "........"
တဖက်ဆီမှ သူမမန်နေဂျာ လှမ်းအော်နေသည်အား လက်ညှိုးညွှန်ကာ ရှန့်ချောင် လှမ်းပြောသည်။
"ယွီယွီ ငါတို့ သွားရတော့မယ်"
ကျောက်ယွီ ရှန့်ချောင်အား ပွေ့ဖက်လိုက်ပြီး
"သွားတော့၊ နင် ရိုက်ကူးရေးပြီးရင် ငါတို့ ထပ်တွေ့ကြမယ်"
ရှန့်ချောင် ခေါင်းညိတ်လိုက်ပြီး
"ငါ နင်နဲ့ အပြင်ထွက်စားမယ်၊ အခုတော့ ရိုက်ကွင်း ပြန်ရတော့မယ်"
ရှန်ကျွင့်ယီး - "ခဏလေး!!"
တဖက်လူနှစ်ယောက်က တချိန်တည်း၌ နောက်လှည့်လာကာ သူက ဒေါသတကြီး ဆိုလိုက်သည်။
"ငါ ခွဲခွါတဲ့အထိမ်းအမှတ် ပွေ့ဖက်တာလေးတောင် မရဘူးလား?"
ရှန့်ချောင် - "မရဘူး"
ရှန်ကျွင့်ယီး - " ??? "
ကျောက်ယွီမှာ အလွန်အမင်း အထင်အမြင်သေးဟန်ဖြင့်
"နင့်တကိုယ်လုံး ချွေးစော်နံနေတာ၊ ဘယ်သူက ဖက်ချင်မှာလဲ? သွားရအောင်.. ဘိုင့်!"
ရှန့်ချောင် အသံထွက် ရယ်မောလာကာ သူ့ထံ လက်ဝှေ့ရမ်းပြသည်။ ရှန်ကျွင့်ယီး သက်ပြင်းချလိုက်ပြီးနောက် သူမနည်းတူ လက်ပြန်ပြကာ
"ဘိုင့်... ကံမကုန်ရင် ပြန်ဆုံကြတာပေါ့"
ဖန်းပိုင်နှင့် တင်းကျန်မှာ အပြင်ဘက်တွင် စောင့်ဆိုင်းလျက်ရှိသည်။ ထွက်ပေါက်၌ ကျောက်ယွီအား ရှန့်ချောင် နှုတ်ဆက်စကားဆိုလိုက်ပြီး ရိုက်ကွင်းဆီ ပြန်မည့် ကားပေါ် တက်သွားသည်။ သူမ ကားထဲ ဝင်ထိုင်ကာ ဖုန်းဖွင့်ချိန်ကျမှသာ အချိန်ခဏလေးအတွင်း၌ သူမထံတွင် နောက်ထပ် CP ပေါ်ထွက်လာမှန်း သိလိုက်ရသည်။
လျန်ရှောင်ထန်၏ ဒေါသတကြီး မက်ဆေ့ချ်များမှာ တစ်ခုပြီး တစ်ခု ဝင်ရောက်လာသည်။
"နင် ဘယ်လိုများ တခြားသူရဲ့ ဆိုင်းဘုတ်ကို ကိုင်ရဲတာလဲ? လောင်ဖော်ဖန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တောင် တန်သေးရဲ့လား?"
"ဒီ CP ဖန်က လူစကား ပြောနေတာတောင် ဟုတ်ရဲ့လား? ယောကျ်ားတွေက ဝက်ခြေထောက်ဖြစ်ပြီး နတ်သမီးဆိုတာ နတ်သမီးနဲ့ပဲတန်တယ်? တခြားယောကျ်ားတွေကတော့ ဝက်ခြေထောက်ဖြစ်ရင် ဖြစ်မယ်၊ နင့်ယောကျာ်းကတော့ ကျိန်းသေပေါက် နတ်ဘုရားလေ"
"လောင်ဖော်ရှိတာ မလုံလောက်သေးလို့ အခု ထပ်ပြီး နတ်သမီးတဲ့လား? ဒီလောကမှာ ငါတို့ ရှင်သန်ရတာ ဘယ်လောက်ခက်လဲ နင်သိရဲ့လား?"
ရှန့်ချောင် - "..... ဟော့ရှန့် CP ခေါင်းဆောင်၊ ငါ နင့်ကို မပြောပြရသေးတာ တစ်ခုရှိတယ်"
လျန်ရှောင်ထန် - "နင် ချစ်သူ တွေ့နေပြီလား?"
ရှန့်ချောင် - " ??? "
လျန်ရှောင်ထန် - "နင် ရှန်ကျွင့်ယီးနဲ့ တွဲနေတာလား? ဒီ ဝက်ခြေထောက်ကတော့!!! နင် အဖွဲ့အစည်းနဲ့ လူမျိုးတစ်မျိုးလုံးကို သစ္စာဖောက်လိုက်တာပဲ!!"
ရှန့်ချောင် - "...... နင် တကယ်ပဲ"
လျန်ရှောင်ထန် - " ??? "
ရှန့်ချောင် - "ဟဲလို.... ယောက္ခမကြီး"
လျန်ရှောင်ထန် - " !!! "
အားးးးးးးးးး...... ငါ နေရာမှာတင် အကြိမ်ပေါင်း သုံးရာ့ခြောက်ဆယ်လောက်သေပြီး နတ်ပြည်တက်သွားပြီ!!!!!
ဖုန်းထဲမှတဆင့် သူမ၏ အော်ဟစ်သံကို ရှန့်ချောင် ကြားနိုင်သည်။ ရှန့်ချောင် ရယ်မောလိုစိတ်ကို ထိန်းချုပ်ကာ ကျိန်းသေပေါက် လျို့ဝှက်ချက်အဖြစ် ထိန်းသိမ်းရမည်ဖြစ်ကြောင်း သတိပေးစကားဆိုသည်။ ယခုချိန် ဖော်ထုတ်လိုက်ခြင်းမှာ နှစ်ဖက်စလုံးအတွက် အချိန်ကောင်းမဟုတ်သေး။ လူအနည်းငယ်မျှသာ သူတို့အချစ်ရေးအား သိရှိထားပြီး လျန်ရှောင်ထန်မှာ ထိုလူအနည်းစုထဲမှ တစ်ယောက်ဖြစ််သည်။
လျန်ရှောင်ထန် - "ချွေးမလေးက စိတ်ချထားလိုက်၊ နင်သာ နံရံကျော်မတက်သရွေ့ ဒီအမေက သေတဲ့ထိ ထုတ်မပြောဘူး"
ရှန့်ချောင် - "မကျော်ဘူး!"
လျန်ရှောင်ထန် - "ဝူးးးးးးးးးးးးးးးးးးးးးးးး ရုတ်တရက်ကြီး ငါ့ဘဝက အသက်ရှင်နေတာ ထိုက်တန်သွားသလိုပဲ၊ ဘာကမှ ငါ့ကို ဒီထက် ပိုပျော်အောင် လုပ်မပေးနိုင်ဘူး"
ကျောက်ယွီနှင့် ရှန့်ချောင်၏ ကျော်ကြားမှုကြောင့် လာမည့်နှစ်ရက် 'The World is So big' အစီအစဉ်ထုတ်လွှင့်ချိန်တွင် နက်တစ်ဇင်များက စိတ်ဝင်တစား သွားရောက်ကြည့်ရှုသည်။
ရလဒ်အနေဖြင့် ပထမအစီအစဉ်နှစ်ပိုင်း၌ ကျောက်ယွီ ပါဝင်ခြင်းမရှိ။
ထိုအခါမှသာ ပရိသတ်များက တဖန်ပြန်၍ အမှတ်ရသွားသည်။
'အို့... ပထမဧည့်သရုပ်ဆောင်က ရှန့်ချောင်ကို ပြန်ပေးဆွဲတဲ့သူပဲ'
'The World is So big' မှာ ပြီးခဲ့သည့်အပတ်အတွင်း ထုတ်လွှင့်ရန် ဖြစ်သော်လည်း ရှစ်ရွှမ်း ပါဝင်သည့်အခန်းများအား ဖြတ်ထုတ်ရန်အတွက် အချိန်တပတ်ခန့် ရွှေ့ဆိုင်းခဲ့သည်။ ထုတ်လွှင့်ချိန်တွင် ရှစ်ရွှမ်း၏ တစ်ကိုယ်တော်ရိုက်ချက်များ လုံးဝပါဝင်လာခြင်းမရှိပဲ တဖွဲ့သားလုံးပေါင်းရိုက်ထားသည့် ဇာတ်ဝင်ခန်းများမှာမူ ဖယ်ထုတ်၍ မရခြင်းကြောင်း ဝါးထားခဲ့သည်။
ပရိုဂရမ်အဖွဲ့အစပိုင်းတွင် ဒါရိုက်တာအဖွဲ့က သက်ဆိုင်ရာ ဧည့်သည်များ၏ အိမ်သို့ သွားရောက်ကာ အင်တာဗျူးခဲ့ပြီး ရှန့်ချောင်၏ အင်တာဗျူးမှာ ပထမဆုံးဖြစ်သည်။ သူမ တံခါးဖွင့်လာသည်နှင့် အံ့အားသင့်၍ ကြောင်အသွားသည့် အမူအရာအား ကင်မရာမှ ရိုက်ကူးမိသွားသည်။ သူမက အိမ်နေရင်းအဝတ်အစားအား ဝတ်ဆင်ထားကာ နူးညံ့ချစ်စဖွယ်ကောင်းနေသည်။
ကင်မရာရှူထောင့်က ပထမဆုံးအနေဖြင့် ရှန့်ချောင်၏ အိမ်အား ရိုက်ပြလာသည်။ အိမ်အကျယ်အဝန်းမှာ တစ်ဦးတည်း နေထိုင်ရန် သင့်တော်သည့်အပြင် လေသာဆောင်၌ အရောင်အသွေးစုံလင်သည့် ပန်းပင်များရှိကာ ခြောက်သွေ့သန့်ရှင်းသည့် အခန်းများအပြင် ဧည့်ခန်းနံရံထက်၌ တရုတ်ရှုခင်းပုံရေးထားသည့် ပန်းချီကားတစ်ချပ်အား ချိတ်ဆွဲထားသည်။
ထိုပန်းချီကားမှာ နာမည်ကြီး ရှေးခေတ်တရုတ်ပန်းချီဆရာ ရှန်ချင်းယွမ်၏ လက်ရာဖြစ်ကြောင်း နက်တစ်ဇင်များက ချက်ချင်းပင် မှတ်မိသွားသည်။
Barrage ထဲတွက် မက်ဆေ့ချ်များဖြင့် ပြည့်နှက်လျက်ရှိသည်။
[ရှန့်ချောင်ရဲ့ ရှေ့နေ ချောင်းယွီကို မှတ်မိသေးလား? ရှန်ချင်းယွမ်က ချောင်းယွီရဲ့ အမေ]
[ငါ တခုခုကို သဘောပေါက်လိုက်သလိုပဲ]
[ယောက္ခမက ချွေးမကို ပေးတဲ့ လက်ဆောင်များလား?]
[အစပိုင်းမှာ တခါပဲ ရိုက်မိတာကို ခန့်မှန်းတာက ပုံပြင်တစ်ပုဒ်စာ ဖြစ်နေပြီ၊ နင်တို့ ဒီလောက် စိတ်ကူးဉာဏ်ကောင်းရင် ဘာလို့ 'The Strongest Brain' မှာ ဝင်မပြိုင်လဲ? တိုင်းပြည်အတွက် ဂုဏ်တက်တာပေါ့]
[အချစ်လေး... အတင်းအဖျင်းတွေကို ရှောင်ဖို့ အကြံပေးချင်တယ်]
အိမ်ခန်းအတွင်း လှည့်ပတ်ကြည့်ပြီးနောက် ကင်မရာမှာ ပိတ်ထားသည့် တံခါးချပ်အား အနီးကပ်ဆွဲ၍ ရိုက်ပြလာသည်။ အထဲဝင်ကြည့်လိုကြောင်း ဒါရိုက်တာ၏ ခွင့်တောင်းစကားသံအား တည်းဖြတ်ထည့်ထားပြီး ရှန့်ချောင်က ငြင်းဆိုလိုက်သည်။
နက်တစ်ဇင် - "စာကြည့်ခန်းဆိုမှတော့ ဘာလို့ ဝင်ကြည့်လို့မရတာလဲ?"
[ကြည့်ရတာ သူတို့ 'ကျင်းဖင်းမေ' ဆော့နေတာ ထင်တယ်]
[ဂန္တဝင်တရုတ်စာပေ 'ကျင်းဖင်မေ' နင်တို့ Anti fan တွေ ပြန်သွားပြီး သေချာ လေ့လာဖို့ အကြံပြုချင်တယ်]
....
နောက်ဆုံးတွင် ရှန့်ချောင်က လူတိုင်းအား သူမ၏ ခရီးဆောင်အိတ်ကို ထုတ်ပြလာသည်။ အရာအားလုံး အဆင်ပြေနေသည်မှာ ဓါတုဗေဒစာအုပ် သုံးလေးအုပ်အား မထုတ်လာခင်အချိန်အထိ။ အထူးသဖြင့် ရှန့်ချောင်က ရှက်ရွံ့သည့်မျက်နှာဖြင့် ဆိုလာခဲ့သည်။
"ငါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေမလို့ လုပ်နေတဲ့ အထက်တန်းကျောင်းသားလေ"
[ဟားဟားဟားဟား... နင်သာ မပြောရင် နောက်နှစ်ကျ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေမယ့်အကြောင်း မေ့တော့မလို့]
[အဲ့ဒါ ငါ ရှန့်ချောင်ဆီ ပို့ပေးလိုက်တဲ့ စာအုပ်မလား?]
[ငါပို့ပေးတာလည်း ဖြစ်နိုင်တယ်!]
[ငါလည်း ပို့ပေးထားတယ်]
[ငါရော......]
အိတ်ထဲတွင် များစွာသော ဓာတုဗေဒစာအုပ်များနှင့် လေ့ကျင့်ခန်းစာရွက်များ ပါရှိသည်။ ဒီလိုဖန်မျိုး ရှိမှတော့ အိုင်ဒေါလ်က ကျိန်းသေပေါက် ငိုချင်နေပေမည်။
ထိုအခန်းအား ရိုက်ကူးပြီးသည်နှင့် ရှန့်ချောင်အား အင်တာဗျူးထားခြင်းအား ပြသသည်။ ရှန့်ချောင်မှာ နေရာတွင် ငြိမ်ငြိမ်မထိုင်နိုင်။ သူမအသွားချင်ဆုံးသော မြို့မှာ နယူးယောခ့်ဖြစ်ကြောင်း ဖြေဆိုချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
[ငါသိတယ်!!! ဟော့ရှီးက နယူးယောခ့်မှာ!!]
[ဝူးးးးးးးးးးးးးးးးးးးးး.... ငါ့အိုင်ဒေါလ်ကို မတွေ့နိုင်ရင်တောင် သူနဲ့ လေထုတစ်ခုတည်း တူတူရှူရလည်း ဖြစ်ပါတယ်]
[နင် ဘာတွေ လျှောက်ပြောပြီး ဖီးလ်တက်နေတာလဲ? အိုဘားမားနဲ့ ငါဆိုလည်း ကမ္ဘာတစ်ခုတည်းကပဲလေ]
[အိုဘာမားက နင့်အိုင်ဒေါလ်လား? မဟုတ်ရင် ပါးစပ်ပိတ်ထား၊ ငါတို့ ဘယ်လိုဖီးလ်တက်တက် နင်နဲ့ မဆိုင်ဘူး]
[CP ဖန်တွေ ထွက်လာပြီး ရှန့်ချောင်အပေါ် ငါတို့ ရှီးကွမ်းတွေထားတဲ့ အထင်အမြင်ကောင်းတွေ လျော့အောင် လုပ်မှ ကျေနပ်မှာလား?"
Barrage ထဲတွင် CP ဖန်များမှာ ချက်ချင်းဆိုသလို သီးသန့်ဖန်များ၏ မကြိုက်နှစ်သက်မှုအား ခံလိုက်ရကာ ရန်ပွဲစတင်သည်။ ဧည့်သည်များ၏ တကိုယ်တော်အင်တာဗျူး ပြီးဆုံးကာ မြင်ကွင်းက လေဆိပ်နားနေခန်းဆီသို့ ပြောင်းသွားခဲ့သည်။ ဧည့်သည်များ တွေ့ဆုံချိန်တွင် ဒါရိုက်တာက ဧည့်သည်များအား ပိုက်ဆံအိတ်အပ်ရန် တောင်းဆိုလာခဲ့သည်။
Barrage ထဲ၌
[ရှောင်ချောင် ပိုက်ဆံဖွက်လာမယ်လို့ ငါ ကျိန်းသေပေါက် လောင်းရဲတယ်]
ထို့နောက် အမှန်တကယ်ကိုပင် ဒါရိုက်တာများက သူမထံမှ ယွမ် ၂၀၀၀ ရှာတွေ့ခဲ့မှန်း ပရိသတ်များ မြင်လိုက်ရသည်။ 'Escape from Life' မှ ဒါရိုက်တာကဲ့သို့ ဖိနှိပ်ခံရမည်ကို တွေးကြောက်နေသည့် ဒါရိုက်တာအကြောင်း စဉ်းစားလိုက်လျှင် နက်တစ်ဇင်များ ပွဲကျသွားရသည်။ 'Escape from Life' အစီအစဉ်ပရိသတ်များ ချက်ချင်းဆိုသလို ပေါ်ထွက်လာသည်။
ပရိုဂရမ်အဖွဲ့မှ ရှန့်ချောင်အား 'အဖွဲ့ခေါင်းဆောင်' အဖြစ် တာဝန်ပေးချိန်တွင် သူမအား အရည်အချင်းမပြည့်မှီလောက်ဟု ကြည့်ရှုသူများက သံသယဝင်ခဲ့ကြသည်။ ဘယ်လိုပဲပြောပြော သူမက ခရီးလမ်းကြောင်းအား လေ့လာကာ အစီအစဉ်ရေးဆွဲ၍ ခရီးစဉ်တစ်ခုလုံးအား တာဝန်ယူရမည်ဖြစ်ရာ ကောင်းမွန်သည့် အင်္ဂလိပ်စာစွမ်းရည် လိုအပ်ပေသည်။
'Escape from Life' ထဲတွင် သူမ အင်္ဂလိပ်စာ အနည်းငယ်ပြောခဲ့သော်လည်း ယင်းမှာ စာကြောင်းအနည်းငယ်မျှသာဖြစ်သည်။ အချို့သောပရိသတ်များမှာ ထိုအခန်းအား ပရိုဂရမ်အဖွဲ့မှ စီစဉ်ပေးထားခြင်းဖြစ်သည်ဟု သံသယဝင်ခဲ့ကြပြီး သူမ၏ အင်္ဂလိပ်စာ စွမ်းရည်ကောင်းမွန်သည်ဟု သက်သေမပြနိုင်ပေ။
Anti fan များက ချက်ချင်းဆိုသလို barrage ထဲ လှောင်ပြောင်လာကြကာ စာတော်သူဟန်ဆောင်ထားသည့်သူ အရှက်ရမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ဧည့်သည်များ ရောက်ရှိလာကာ လေယာဉ်ပေါ် တက်လာသည်။ လေယာဉ်ပေါ်တွင် physics တွက်နေသည့် ရှန့်ချောင်၏ ပုံစံမှာ အလွန်အမင်း ရယ်ရွှင်ဖွယ်ကောင်းလှသည်။ ယခုအခါ သူမ physics ဘာသာရပ်၌ မကျွမ်းကျင်မှန်း လူတိုင်း သိသွားလေပြီ။
ချောင်ဖန် - "ငါ အခုပဲ Taobao ဆီသွားပြီး ငါ့သမီးအတွက် Physics မေးခွန်းဆယ်စုံလောက် သွားမှာလိုက်မယ်!"
နက်တစ်ဇင် - "နင့်ကို နင့်သမီးက ဖန်ဒမ်းထဲက ကန်ထုတ်မှာ မြင်ယောင်နေပြီ"
လေယာဉ်ပေါ်တွင် ပြစရာ များများစားစားမရှိလှ၊ နှစ်မိနစ်စာသာ ကြာမြင့်သည်။ လေယာဉ်ဆိုက်ရောက်ချိန်တွင် လေယာဉ်ကြာမြင့်ချိန်နှင့် ပြည်တွင်းအချိန်အား စာတန်းထိုးပေးလာသည်။ အနည်းငယ် မှောင်နေပြီဖြစ်ကာ လူအချို့မှာ အလွန်အမင်း အေးစက်စွာဖြင့် ခရီးဆောင်အိတ်အပုံလိုက်ကို စောင့်ရင်း အမူအရာမဲ့စွာ လျှောက်ကြည့်နေကြသည်။
ထိုအချိန်၌ မေးခွန်းထုတ် လှောင်ပြောင်ခံထားရသည့် ရှန့်ချောင်က အအေးမမိစေရန် လူတိုင်းအနွေးထည် ထုတ်ဝတ်ထားဖို့ သတိပေးလာပြီး သူမတစ်ကိုယ်တည်း ကားသွားငှါးသည်။ သူမက လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း ကားငှါးရန် သတ်မှတ်ထားသည့် နေရာသို့ သွားရောက်ကာ နက်တစ်ဇင်အများစုထံ သူမ၏ အံ့ဖွယ်ကောင်းသည့် အင်္ဂလိပ် စကားပြောစွမ်းရည်ကို ထုတ်ပြလာသည်။
သူမက ကျွမ်းကျင်စွာ စကားဆိုနေပြီး စံပြအသံထွက်ကိုပါ ထုတ်ပြလာသည်။ အင်္ဂလိပ်စကားဖြင့် ပြောဆိုဆက်ဆံရခြင်းအပေါ် ရှက်ရွံ့တုံ့ဆိုင်းနေပုံ စိုးစဉ်းမျှပင်မရှိ။ ဒရိုင်ဘာကိုပင် စျေးဆစ်လိုက်ကာ နောက်ဆုံးတွင် လူတိုင်းကို ဟိုတယ်ဆီ အောင်အောင်မြင်မြင် ခေါ်ဆောင်သွားသည်။
[အခုလေးတင် ငါ့ချောင်ချောင်ကို လှောင်နေတဲ့သူတွေ ဘယ်ရောက်သွားလဲ?]
[ငါ့မျက်နှာ ဖြတ်ရိုက်ခံရပြီး ပုံပျက်ပန်းပျက်ဖြစ်နေမှတော့ ဘယ်လိုလုပ် ထွက်လာရဲမှာလဲ?!]
[မဟုတ်သေးဘူး!! ငါ အခု ပြောမှရမယ်! ငါတို့ ချောင်ချောင်က ငတုံးမဟုတ်ဘူး! သူက လုံးဝထိပ်တန်းကျောင်းသား! ငါ့ချောင်ချောင်က ငတုံးလို့ ဘယ်သူပြောရဲလဲ? ငါ ဒီဗီဒီယိုကို သုံးပြီး ဖြတ်ရိုက်ပလိုက်မယ်!!]
[ထိပ်တန်းကျောင်းသားဆိုတာကတော့ နည်းနည်း မများဘူးလား? အင်္ဂလိပ်လို ပြောတတ်တာနဲ့ ထိပ်ဆုံးရောက်ရောလား?]
[ထိပ်တန်းကျောင်းသား ဟုတ်မဟုတ် လာမယ့် ခြောက်လပိုင်းကျ ငါတို့ စောင့်ကြည့်မယ်!]
[အပေါ်က ချဉ်စူးနေတာ ဘယ်သူများလဲ? ရှန့်ချောင်က တခါမှ နိုင်ငံခြားမထွက်ဖူးသလို အထက်တန်းကျောင်းတောင် မတက်ဖူးဘူး၊ သူ့အင်္ဂလိပ်စကားပြောက ဒီအခြေအနေရောက်နိုင်တာ၊ ထိပ်တန်းကျောင်းသားလို့ ပြောတာ အပိုစကား ဟုတ်မနေဘူး၊ တခြားသူတွေ တော်ကြောင်း ဝန်ခံရတာ ဒီလောက်တောင် ခက်နေလား?]
[ငါ အခု တက္ကသိုလ်ပထမနှစ်ရောက်နေတာတောင်ညအဲ့လို မလုပ်နိုင်ဘူး၊ စာမေးပွဲစာရွက်မှာ ကောင်းကောင်းဖြေနိုင်ပေမယ့် ပါးစပ်ဟလိုက်တာနဲ့ တုန်ချိတုန်ချိ ဖြစ်တာပဲ၊ သူ့စကားပြောစွမ်းရည်ကို မနာလိုလိုက်တာ!]
[ငါ လန်ဒန်မှာ နေနေတာ၊ သူ့စကားပြောအသံထွက်က လုံးဝ နယ်ခံအသံထွက်နဲ့ ထပ်တူပဲ၊ မသိရင် သူ့ကို လန်ဒန်မှာ အကြာကြီးနေဖူးတယ် ထင်တော့မလို့]
[မဟုတ်ဘူးမလား? ပြီးခဲ့တဲ့ နှစ်အတွင်း သူ့အချိန်ဇယားအားလုံး ချပြထားတာ၊ ဘယ်လိုလုပ် လန်ဒန်သွားဖို့ အချိန်ရှိမှာလဲ?]
[အိုင်ဒေါလ်က ငါ့ထက် ပိုချောတယ်၊ ငါ့ထက် ပိုကောင်းတယ်၊ ပြီးတော့ ငါ့ထက် ပိုကြိုးစားတယ်၊ အားးး..... ငါ ဒီအပိုင်းကြည့်ပြီးတာနဲ့ အိမ်စာသွားလုပ်တော့မယ်]
[ရှန့်ချောင် တကယ့်ကို သူ့အင်္ဂလိပ်စာစွမ်းရည်ကို ထုတ်ကြွားလိုက်တာပဲ၊ မျက်နှာဖြတ်ရိုက်ခံရပြီး ကွန်မန့်တွေတောင် သန့်သွားတယ်၊ ထင်တောင် မထင်ထားဘူး]
ပို၍ အံ့အားသင့်ဖွယ်ကား စောင့်ကြိုနေချေသည်။ နောက်တစ်နေ့မနက် လူတိုင်း ခရီးစဉ်အရ Sagrada Familia Church သို့ သွားရောက်သည်။ ဧည့်လမ်းညွှန်ခေါ်မည့် ကိစ္စနှင့် ပတ်သက်၍ ချီလျန်နှင့် လျန်ချိုးယွိတို့ အငြင်းပွါးနေစဉ် ရေဝယ်ရာမှ ပြန်လာသည့် ရှန့်ချောင်က ငှါးရန် မလိုအပ်ကြောင်း သူမ ရှင်းပြမည်ဖြစ်ကြောင်း ဆိုလိုက်သည်။
လူတိုင်း င်္သကာမကင်းဖြစ်သွားကာ ကြည့်ရှုနေသူများသည်ပင် သူမ ဟန်ဆောင်သည်မှာ ပိုလွန်းနေပြီဟု ထင်မှတ်သွားသည်။
ဘာတွေများ သိမှာမို့လို့လဲ?
မမျှော်လင့်ထားခဲ့သည်မှာ ရှန့်ချောင်က အမှန်တကယ်ကို နားလည်နေခဲ့သည်။ အဆောက်အအုံဒီဇိုင်း ရေးဆွဲသူမှစ၍ နောက်ခံသမိုင်းကြောင်းအလယ် ဒီဇိုင်းအနေအထားအဆုံး သူမက နားလည်လွယ်အောင် ရှင်းပြလာခဲ့သည်။ ပရိသတ်များသည်ပင် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ ထိုနေရာသို့ မရောက်ဖူးသည့် နက်တစ်ဇင်များက ထိုနှစ် ပြည်ထောင်စုနေ့အားလပ်ရက်တွင် Sagrada Familia သို့ သွားရောက်လည်ပတ်မည်ဟုပင် ဆိုလာသည်။
Barrage ထဲတွင် ချီးကျူးစကားသံများနှင့် ပြည့်နှက်လျက်ရှိပြီး မျက်နှာများ ယောင်ကိုင်းနေဆဲရှိသော Anti fan များက ထပ်မံခုန်ထွက်လာပြန်သည်။
[ပိုင်တုမှာ ရှာကြည့်ရုံနဲ့ သိနိုင်တဲ့ ဒီလိုကိစ္စမျိုးကိုလည်း ချဲ့ကားပြောနိုင်တာပဲလား?]
ချောင်ဖန် - [ဒီတိုင်း ပိုင်တုမှာ ရှာနိုင်တဲ့ ကိစ္စမျိုးကို တခြားဧည့်သည်တွေက ဘာလို့ မသိနေရတာလဲ?]
Anti fan - "...... မင်းတို့ ဖန်တွေ လည်လွန်းတယ်"
ချောင်ဖန် - "ဟားဟား.... နင်တို့ပန်ကာလောက်တော့ မလည်ပါဘူး"
*****
Edit
ထုံးစံအတိုင်း နိုတီမတက်ဘူးထင်တယ်
{Zawgyi}
အပိုင်း ၁၂၃
ကျောက်ယွီမှာ သူမနှင့်အတူ ညလယ်စာသွားစားရန် ရှန့်ချောင်အား ဖိတ်ခေါ်လိုသော်လည်း မန်နေဂျာက သုမလက်ကို လှမ်းဆွဲရင်း
ရှန့်ချောင် - "......"
ကျောက်ယွီ - " ??? "
ရှန့်ချောင် - " ??? "
ရှန်ကျွင့်ယီး - "........"
ရှန်ကျွင့်ယီး - "ခဏလေး!!"
ရှန့်ချောင် - "မရဘူး"
ရှန်ကျွင့်ယီး - " ??? "
လျန်ရှောင်ထန်၏ ဒေါသတကြီး မက်ဆေ့ခ်ျများမှာ တစ်ခုပြီး တစ်ခု ဝင်ရောက်လာသည်။
"ဒီ CP ဖန်က လူစကား ပြောနေတာတောင် ဟုတ်ရဲ့လား? ယောက်ျားတွေက ဝက်ခြေထောက်ဖြစ်ပြီး နတ်သမီးဆိုတာ နတ်သမီးနဲ့ပဲတန်တယ်? တခြားယောက်ျားတွေကတော့ ဝက်ခြေထောက်ဖြစ်ရင် ဖြစ်မယ်၊ နင့်ယောကျာ်းကတော့ ကျိန်းသေပေါက် နတ်ဘုရားလေ"
ရှန့်ချောင် - " ??? "
လျန်ရှောင်ထန် - " ??? "
လျန်ရှောင်ထန် - " !!! "
Barrage ထဲတွက် မက်ဆေ့ခ်ျများဖြင့် ပြည့်နှက်လျက်ရှိသည်။
....
[ငါလည်း ပို့ပေးထားတယ်]
[ငါရော......]
Barrage ထဲ၌