GTKWF (Myanmar Translation )

By Liz_774

337K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 120

1.5K 253 20
By Liz_774

{Unicode}

အပိုင်း ၁၂၀

ဇာတ်လမ်းတွင် ရယ်ရွှင်ဖွယ်ရာ ဟာသစာသား အမြောက်အမြားပါဝင်သည်။ သရုပ်ဆောင်များက မကြာခဏ ရယ်မောတတ်ကြကာ နောက်ပိုင်းဇာတ်ဝင်ခန်းများမှာ နှစ်ကြိမ်၊ သုံးကြိမ်မျှ ပြန်လည်ရိုက်ကူးတတ်ရသည်။ နေ့လယ်စာစားချိန်တွင် ဒါရိုက်တာက သူ့ဘေးနား လာထိုင်ရန် ရှန့်ချောင်အား လှမ်းခေါ်သည်။

တည်ကြည်လေးနက်သည့် ဒါရိုက်တာချန်က ဆူတော့မည်ဟု တွေးထင်ထားခဲ့သော်လည်း အဆုံးတွင်မူ သူ၏ သဘောထားမှာ နူးညံ့ပျော့ပျောင်းနေဆဲ။ စားသောက်နေစဉ်အတွင်း သူက သူမထံ မေးလာသည်။

"ရှောင်ချောင်၊ ဇာတ်အဆုံးကျရင် ဇာတ်ကောင် ထောင်ဟွားရှစ် ဘာဖြစ်သွားလဲ မင်းသိလား?"

ရှောင်ချောင် ခေါင်းညိတ်သည်။

"အင်း၊ သိတယ်၊ ကျွန်မ ဇာတ်ညွှန်းအဆုံးထိ ဖတ်ပြီးသွားပြီ"

ဒါရိုက်တာချန် - "ဒါဆို အစပိုင်းမှာ သူက ဘာလို့ ဒီလောက် ရယ်ရတယ်လို့ ထင်လဲ?"

ထိုမေးခွန်းက ရှန့်ချောင်အား အခက်တွေ့သွားစေပြီး သူမကိုယ်သူမ ပြန်လည်တွေးတောလိုက်သည်။

(ဒါက ဇာတ်ညွှန်းဆရာ စီစဉ်ပေးထားတဲ့ ဇာတ်ကောင်စရိုက် မဟုတ်ဘူးလား? လွန်ခဲ့တဲ့ ဆယ်နှစ်က စကားပုံတွေအားလုံး ဒီပုံစံပဲ မဟုတ်ဘူးလား?)

သူမအတွေးအား ခန့်မှန်းနိုင်ဟန်ဖြင့် ဒါရိုက်တာချန်က အပြုံးဖြင့် ရှင်းပြသည်။

"ထောင်ဟွားရှစ်က အမှန်တော့ မျောက်ကလေးမဟုတ်မှန်း ငါတို့အားလုံး သိပြီးသားပဲ၊ သူက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို ဆန့်ကျင်တဲ့အနေနဲ့ မွေးဖွားလာတဲ့ နတ်ဆိုး၊ ကောင်းကင်ဧကရာဇ်မှာ သူ့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူး၊ ဒါကြောင့် အနောက်အရပ်သခင်ထံကနေ အကူအညီတောင်းခဲ့တယ်၊ အနောက်အရပ်သခင်က ဒီပြင်းထန်တဲ့ အဖျက်စွမ်းအားစုကို မက်မွန်ပွင့်ပုလ္လင်အောက်မှာ ပိတ်လှောင်ထားခဲ့ပြီး အနောက်အရပ်က ဓမ္မတေးရွတ်သံနဲ့ သူ့ရဲ့ နတ်ဆိုးသဘာဝကို သန့်စင်ပစ်ဖို့ ရည်ရွယ်ခဲ့တယ်"

"နောက်ပိုင်းကျ စွန်းဝူခုန်းက နားရွက်ခြောက်ခုပါ ဘာဘရီမျောက်နဲ့တွေ့ပြီး မျောက်ဘုရင် အစစ်အတုကို အနောက်အရပ်မှာ ခွဲခြားဖို့ ကြိုးစားခဲ့တယ်၊ အနောက်အရပ်ကောင်းကင်ဘုံက ခဏလောက် ရှုပ်ထွေးသွားခဲ့ပြီး နတ်ဆိုးဝိညာဉ်အပိုင်းအစက အခွင့်ကောင်းယူပြီး လွတ်မြောက်သွားခဲ့တယ်၊ ဝိညာဉ်အပိုင်းအစက ပြည့်စုံမှုမရှိပဲ ရှုပ်ထွေးနေခဲ့တဲ့အတွက် သူ့မှတ်ဉာဏ်ထဲမှာ မျောက်ဘုရင်နှစ်ကောင် တိုက်ခိုက်နေတာကိုပဲ မှတ်မိနေခဲ့တယ်၊ ဒီမြင်ကွင်းကို မြင်ပြီးတာနဲ့ သူ့ဝိညာဉ်က ဟွကောတောင်ဆီ ပြန်ရောက်လာပြီး မျောက်ကလေးအဖြစ် အသွင်ပြောင်းသွားခဲ့တယ်"

ရှန့်ချောင် ခေါင်းညိတ်သည်။

ဒါရိုက်တာချန်က ထမင်းပန်ကန်လုံးကို ဘေးဘက်ရွှေ့လိုက်ရင်း

"သူ့ဝိညာဉ်က ပြီးပြည့်စုံမှု မရှိတာမို့ သူ့စိတ်အခြေအနေကလည်း ထိုးထွင်းသိမြင်နိုင်စွမ်းမရှိဘူး၊ ဒါ့အပြင် အဖေမရှိ၊ အမေမရှိ၊ ဆရာ မရှိ၊ သူငယ်ချင်းမရှိတဲ့အပြင် သူ့ကို သင်ကြားပြသပေးမယ့်သူလည်း မရှိဘူး၊ ကောင်းကင်ဧကရာဇ် သူ့ကို ကောင်းကင်နန်းတော်ဆီ ခေါ်လာတယ်ဆိုတာကလည်း သူ့မှာ ထူးဆန်းတဲ့ ကံတရားရှိမှန်း တွက်ဆမိလို့ပဲ"

"သူက လောကကျင့်ဝတ်တရားတွေကို နားမလည်ဘူး၊ စိတ်ထဲရှိရာ ပြောတတ်ပြီး ထင်တိုင်းကြဲတတ်တယ်၊ သူ့ကို ဟွကောတောင်က မျောက်တွေက ဖယ်ကြဉ်ထားခဲ့တဲ့အပြင် ကောင်းကင်နန်းတော်ရောက်တော့ ပိုလို့တောင် ရွံ့မုန်းခြင်း ခံရတယ်၊ ပေ့သိုနန်းတော်ထဲက ဂိုဏ်းတူအစ်ကိုတွေကိုပဲကြည့်၊ အခါအခွင့်သင့်တိုင်း သူ့ကို ရိုက်လေ့ရှိတယ်၊ အသက်အန္တရာယ်မထိခိုက်ဘူးဆိုပေမယ့် နာကျင်ရတာမျိုးပဲ၊ ဒီမျောက်ရိုင်းလေးအပေါ်ကို သူတို့ အထင်အမြင်သေးတယ်ဆိုတာ အသိသာကြီး၊ ထိုက်ရှန်းလောင်ကျွင့်ကရော သူ့ဆရာလား! မဟုတ်ဘူး၊ သူက စောင့်ကြည့်သူ သက်သက်ပဲ"

ဒါရိုက်တာ၏ ဆိုလိုရင်းကို ရှန့်ချောင် နားလည်သလိုလို ရှိလာသည်။

ဒါရိုက်တာချန်က ဆက်ပြောသည်။

"ဒါပေမယ့် ဒီလိုပတ်ဝန်းကျင်အခြေအနေမျိုးမှာ သူက လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေနိုင်တုန်းပဲ၊ သူ့အတွက်သူ ပျော်စရာတောင် ရှာလိုက်နိုင်သေးတယ်၊ ဒီလူတွေ သူ့အပေါ် ထားတဲ့ အထင်အမြင်သေးစိတ်၊ ရွံ့မုန်းစိတ်ကို လုံးလုံးနားမလည်နိုင်ဘူး၊ ပေ့သိုနန်းတော်ကို သူ့အိမ်အနေနဲ့ မှတ်ယူထားတယ်၊ အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့အတွက် ဒီလိုကြောင်သူတော်အသိုင်းအဝိုင်းမှာ အရူးတစ်ယောက်လို သူ နေနေခဲ့တယ်"

ရှန့်ချောင် တခဏမျှ တုန်လှုပ်သွားခဲ့ကာ ခပ်ဖြေးဖြေး ဆိုလာသည်။

"အခု ဘယ်လောက် ရယ်ရွှင်ဖွယ်ကောင်းနေနေ၊ နောက်ပိုင်း အမှန်တရား ပေါ်လာချိန်ကျရင် ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်မလဲ?"

ဒါရိုက်တာက ပြုံးသည်။

"ဒါကို ဆိုလိုချင်တာပဲ"

သူမက အရူးတစ်ယောက်လို ဆက်လက်တည်ရှိနေမည်မဟုတ်တော့ပဲ ဂိုဏ်းတူအစ်ကိုများနှင့်လည်း ဆက်လက် ကတောက်ကဆဖြစ်နေမည် မဟုတ်တော့။

သူမက နေ့စဉ်နေ့တိုင်း အမြဲတစေ ပျော်ရွှင်နေမည် မဟုတ်ချေ။

သူမက သူမယုံကြည်ရသည့် လူထံမှ အဂ္ဂိရတ်ဖိုထဲသို့ ပစ်ချခြင်း ခံရကာ ခြေလက်များနှင့် မျက်လုံးများပါ လောင်ကျွမ်းခံခဲ့ရပြီး မသေမျိုးဗိမာန်ပေါ်မှ သူမချစ်မြတ်နိုးသူ၏ တွန်းချခြင်း ခံခဲ့ရမှုကြောင့် တည်ရှိမှုသည်ပင် ပျောက်ကွယ်ခါရနီးထိ ဖြစ်ခဲ့ရသည်။ ထို့နောက် နတ်ဆိုးအရောင်အဝါဖြင့် တစ်ကိုယ်လုံး သွေးလွှမ်းလျက် သူမ ပြန်ပေါ်ထွက်လာခဲ့ပြီး မည်သူ့ကိုမှ ထပ်မံ ယုံကြည်ခြင်း မရှိတော့ချေ။

လူတိုင်းအား ရယ်မောစနောက်တတ်ခဲ့သည့် မျောက်ကလေးဘဝအား ပြန်တွေးကြည့်လျှင် ယင်းမှာ သွေးလွှမ်းသည့် အိပ်မက်ပမာ။

ထိုအချိန်၌ သူမက မျောက်တစ်ကောင်သာဖြစ်ပြီး သူတို့အားလုံးက သူမအား မျောက်ပွဲကြည့်သကဲ့သို့ ကြည့်ရှုခဲ့ကြသည်။

နောက်ပိုင်းဇာတ်ဝင်ခန်းများ၌ ရှန့်ချောင် ရယ်မောခြင်း မရှိတော့ပေ။

ဇာတ်ကောင်၏ သဘောသဘာဝအား ပို၍ နက်နက်နဲနဲ နားလည်ပြီးနောက် ကျန်ရှိသည့် ရိုက်ကူးရေးမှာ ပို၍ ချောမွေ့လာခဲ့သည်။ သူမဒဏ်ရာကြောင့် အကြွေးတင်နေသည့် ဇာတ်ဝင်ခန်းများသည်လည်း ခပ်မြန်မြန်ပင် ရိုက်ကူးလိုက်နိုင်သည်။

ရာသီဥတုမှာ ပို၍ ပို၍ ပူနွေးလာခဲ့ပြီး ဟန်တျန့်တွင် ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးနေကြသည်။ ယနေ့တွင် အရံသရုပ်ဆောင်များက ဒီဇာတ်ကား၌ အစောင့်ရဲမက်များအဖြစ် သရုပ်ဆောင်ကြပြီး နောက်နေ့တွင် တခြားရိုက်ကွင်းသို့ သွားရောက်၍ မြင်းလှည်းမောင်းသမားအဖြစ် သရုပ်ဆောင်ကြသည်။

နေ့လယ်ပိုင်းတွင် လူနာတင်ယာဉ်တစ်စီး ရုတ်တရက် မောင်းဝင်လာသည်။ များစွာသော ဝန်ထမ်းများက အပြင်ထွက်၍ စူးစမ်းမေးမြန်းကြသည်။

"အပူလျှပ်ပြီး သရုပ်ဆောင်တစ်ယောက်ယောက်များ မေ့လဲသွားလို့လား?"

ရိုက်ကွင်းစီစဉ်သူက ချက်ချင်းပင် အဆိုပြုလာသည်။

"ဒါရိုက်တာ၊ ဝန်ထမ်းတွေ အပူလျှပ်ပြီး မမေ့လဲအောင် အဲကွန်းအပိုတစ်လုံးတပ်ဖို့ ကျွန်တော် အဆိုပြုချင်တယ်"

ရလဒ်အနေဖြင့် စူးစမ်းသူများ ပြန်ရောက်လာချိန်တွင် သူတို့မျက်နှာထက်၌ ထိတ်လန့်နေမှုမှာ အထင်းသား။

"သူ သေသွားပြီ!"

တခြားရိုက်ကွင်းရှိ ဒါရိုက်တာဖြစ်သူက ဦးနှောက်သွေးယိုကာ စက်ကိရိယာများရှေ့တွင် တိုက်ရိုက်ပင် လဲကျသွားခဲ့သည်။ လူနာတင်ယာဉ်ရောက်ရှိလာချိန်၌ ဒါရိုက်တာကား အသက်မရှူတော့။ ရိုက်ကွင်းတစ်ခုလုံး ရှုပ်ထွေးသွားရကာ သရုပ်ဆောင်များမှာ ထိတ်လန့်သွားရပြီး အခြေအနေမှာ ရှုပ်ယှက်ခတ်သွားရသည်။

သူတို့နှင့် သက်ဆိုင်ခြင်းမရှိသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် တစ်နေရာတည်းတွင် ရှိနေခြင်းဖြစ်ပြီး အနီးအနားတွင် ဖြစ်ပွါးခဲ့ခြင်းလည်း ဖြစ်သည်။ ဒါရိုက်တာချန်က လေးနက်သည့်အမူအရာဖြင့် ပြောလာသည်။

"မင်းတို့ တနေရာရာမှာ သက်သောင့်သက်သာမရှိတာမျိုး ဖြစ်ရင် ငါ့ကို ကြိုပြော"

ထို့နောက် သူ နောက်လှည့်၍ ရှန့်ချောင်ထံ လှမ်းကြည့်သည်။

"ရှောင်ချောင် မင်း ခေါင်းရော အဆင်ပြေရဲ့လား?"

ရိုက်ကွင်းတဖွဲ့သားလုံး လှမ်းကြည့်လာကာ ရှန့်ချောင်မှ ခပ်မြန်မြန်ပင် ပြန်ဖြေသည်။

"အဆင်ပြေတယ်၊ အဆင်ပြေတယ်၊ ကျွန်မဒဏ်ရာအားလုံး အသားနုတက်နေပြီ"

ဒါရိုက်တာချန်က လက်ယမ်းကာ

"ငါတို့ ဒီနေ့လယ် နားကြမယ်၊ ပြန်ပြီး ညစာစားရင်း နားကြ၊ ငါ အခြေအနေ တချက်သွားကြည့်ဦးမယ်"

တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခြင်းမရှိသော်လည်း အားလုံးမှာ ဒါရိုက်တာများ ဖြစ်သည်။ ရောဂါကြောင့် လုပ်ငန်းခွင်အတွင်း သေဆုံးသွားရခြင်းမှာ ဝမ်းနည်းဖွယ်ဖြစ်သလို လေးစားဖွယ်လည်း ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် လူတိုင်း၏ စိတ်အခြေအနေမှာ မကောင်းမွန်လှ။ သူတို့ ဟိုတယ်သို့ ပြန်ရောက်ချိန်တွင် တင်းကျန်က

"ချောင်ချောင် ဒီဒါရိုက်တာ ဘယ်သူလဲ နင်သိလား?"

ရှန့်ချောင် အံ့အားသင့်သွားသည်။

"ငါသိတဲ့ လူလား?"

တင်းကျန်က ခေါင်းယမ်းသည်။

"နင် မသိဘူး၊ ဒါပေမယ့် ပေ့ကော နင့်ကို အရင်က ရွေးခိုင်းတဲ့ ဇာတ်ညွှန်းတွေကို မှတ်မိလား? အဲ့တုန်းက နင်ရွေးချင်တဲ့ သုန်းဖန်းဖော့ (East Wind Breaks) က ဒီဒါရိုက်တာရဲ့ ရိုက်ကွင်းလေ"

ရှန့်ချောင် မျက်ဝန်းတို့ ပြူးကျယ်သွားသည်။

အချိန်ကို တွက်ဆလိုက်လျှင် 'East Wind Breaks' နှင့် 'May the Moonlight Flower shine on You' မှာ တစ်ချိန်တည်းလိုလို ရိုက်ကူးရေးစတင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့်ပင် ရှန့်ချောင်မှာ ဇာတ်လမ်းနှစ်ခုထဲမှ တစ်ခုအား ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆက်နွယ်မှုမျိုး ရှိနေလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ခြင်းကြောင့် သူမ၏ စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားသည်။

နေ့လယ်ပိုင်းရောက်လာသည်နှင့် သုန်းဖန်းဖော့၏ ဒါရိုက်တာမှာ ရုတ်တရက် ဦးနှောက်သွေးယိုမှုကြောင့် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်လာသည်။ ဒါရိုက်တာ၏ မိသားစုဝင်များမှာ လွယ်လွယ်ကူကူ လက်မလျှော့လိုကြပေ။

ရိုက်ကူးမှုအား ရပ်တန့်ထားပြီး လူတိုင်း စိုးရိမ်ပူပန်နေကြသည်။ ရိုက်ကူးမှု ရပ်တန့်ထားသော်လည်း ကုန်ကျစရိတ်များမှာ ဆက်လက်ကျသင့်နေဆဲဖြစ်၏။ ဌားရမ်းထားသည့် ဆက်တင်ရိုက်ကွင်းနှင့် ကိရိယာများသည်ကား ပြန်လည် ပေးအပ်နိုင်သည်မျိုးမဟုတ်။ အချိန်ပိုကြန့်ကြာလေ၊ ဆုံးရှုံးမှု ပိုကြီးမားလေဖြစ်ပြီး သရုပ်ဆောင်များ၏ ရိုက်ကူးရေးအချိန်ဇယားများအားလည်း နှောင့်နှေးစေမည်ဖြစ်သည်။ မကြာမှီအချိန်မှာပင် သုန်းဖန်းဖော့ ရိုက်ကွင်းအား ဖျက်သိမ်းမည့် သတင်းများ ပေါ်ထွက်လာခဲ့သည်။

ရှန့်ချောင်မှာ အချိန်အတော်ကြာသည်အထိ ထိုဒရာမာအတွက် စိတ်မကောင်းဖြစ်နေခဲ့သော်လည်း ရက်အနည်းငယ်အကြာတွင် ပေ့မင်းဖန်က ရုတ်တရက် ဟန်တျန့်သို့ ရောက်ရှိလာသည်။

ရှန့်ချောင် ဟိုတယ်သို့ ပြန်ရောက်ကာ သူ့အား မြင်သည်နှင့် သူမအမြင်အာရုံမှောက်မှားသည်ဟုပင် ထင်မှတ်သွားမိသည်။ ပို၍ပင် ထိတ်လန့်အံ့ဩဖွယ်ရာမှာ မုန့်ရှင်းချန်က သူ့နောက်တွင် ရပ်နေခဲ့ခြင်း။ သူတို့နှစ်ယောက်ပုံစံမှာ စိတ်ပျော်နေပုံမရ။ ရှန့်ချောင် လှမ်းမေးသည်။

"မုန့်လောင်ရှစ်၊ ပေ့ကော ဘာတွေဖြစ်နေလို့လဲ?"

ပေ့မင်းဖန် သက်ပြင်းချလိုက်ပြီး

"သုန်းဖန်းဖော့ရဲ့ ဒါရိုက်တာက မုန့်ရှင်းချန်ရဲ့ အတန်းဖော်"

ရှန့်ချောင် မျက်လုံးပြူးသွားပြန်သည်။

ပေ့မင်းဖန်က စကားဆက်သည်။

"ရင်းနှီးမြုပ်နှံသူတွေက မနေ့က ရင်းနှီးမြုပ်နှံငွေကို ပြန်ထုတ်သွားပြီး အဖွဲ့ဖျက်သိမ်းရမလို ဖြစ်နေတယ်၊ ရှင်းချန်က ငါနဲ့ ဆွေးနွေးပြီး ရင်းနှီးမြုပ်နှံငွေ ပြန်ရှာဖို့ ဆုံးဖြတ်ထားတယ်၊ အဓိကအမျိုးသမီးသရုပ်ဆောင်က စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ပြီးသွားပြီ၊ ရှောင်ချောင် မင်း ဒီဒရာမာကို အရင်ကတည်းက စိတ်ဝင်စားနေတာ မဟုတ်ဘူးလား? မင်း စိတ်ဝင်စားလား?"

ရှန့်ချောင် - "........."

မုန့်ရှင်းချန် ပြုံးရင်း

"လောင်ဟန်က ငါ့ကို အရင်က အများကြီး အကူအညီပေးခဲ့ဖူးတယ်၊ ဒီရုပ်ရှင်က သူမသေခင် နောက်ဆုံးလက်ရာပဲ၊ ဒီတိုင်း ပြိုကွဲသွားတာမျိုး မဖြစ်စေချင်ဘူး၊ ရှောင်ချောင် မင်း ဒီဒရာမာမှာ ပါချင်လား?"

ရှန့်ချောင် - "ဒါမယ့် ငါ့အချိန်ဇယား ခွဲပေးစရာမရှိဘူး"

ပေ့မင်းဖန် - "မင်း အဲ့ဒီအတွက် စိတ်ပူစရာမလိုဘူး၊ သုန်းဖန်းဖော့ထဲက အမျိုးသမီးဇာတ်ကောင်နေရာက ဇာတ်ဝင်ခန်းများများ မရှိမှန်း မင်းလည်း သိတာပဲ၊ ငါတို့ ရိုက်ကူးရေးအချိန်ကို 'Moonlight' နဲ့ ညှိယူလို့ ရတယ်၊ ရိုက်ကွင်းနှစ်ခုလုံး ဟန်တျန့်မှာဆိုတော့ ဟိုဖက်ဒီဖက်ကူးတာက ဖြစ်နိုင်တယ်လေ၊ ကျိန်းသေပေါက် မင်းကတော့ ပိုပင်ပန်းမှာပေါ့"

သူမ အတွေးထဲ နစ်မြုပ်နေဆဲဖြစ်သည်ကို မြင်လျှင် ပေ့မင်းဖန်က အလောတကြီးဆိုလာသည်။

"ရှင်းချန်က တီဗီဇာတ်လမ်းတွေ မရိုက်တော့တာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ သတင်းသာ ပျံ့သွားရင် မင်းသမီး ဘယ်လောက်များများက လာရိုက်ဖို့ လောနေကြမလဲ မသိဘူး၊ အခု ငါ့မှာ မင်းအတွက် နောက်ပေါက်ဖွင့်ပေးထားတာတောင် မင်းက ဘာတွေ တွေးနေသေးတာလဲ?"

ရှန့်ချောင် - "......."

အနောက်တံခါးဆိုတဲ့စကားကို ဒီလိုမျိုး သုံးလို့ ရတာပဲလား?

(T/N: ဒီနေရာမှာ အနောက်တံခါးဆိုတာ အဆက်အသွယ်နဲ့ ဝင်လာတာမျိုးကို ပြောတာပါ၊ ကိုယ် ပြန်တာ မရှင်းမှာစိုးလို့ 🥲)

*****






{Zawgyi}

အပိုင္း ၁၂၀

ဇာတ္လမ္းတြင္ ရယ္ရႊင္ဖြယ္ရာ ဟာသစာသား အေျမာက္အျမားပါဝင္သည္။ သ႐ုပ္ေဆာင္မ်ားက မၾကာခဏ ရယ္ေမာတတ္ၾကကာ ေနာက္ပိုင္းဇာတ္ဝင္ခန္းမ်ားမွာ ႏွစ္ႀကိမ္၊ သုံးႀကိမ္မၽွ ျပန္လည္ရိုက္ကူးတတ္ရသည္။ ေန႔လယ္စာစားခ်ိန္တြင္ ဒါရိုက္တာက သူ႔ေဘးနား လာထိုင္ရန္ ရွန့္ေခ်ာင္အား လွမ္းေခၚသည္။

တည္ၾကည္ေလးနက္သည့္ ဒါရိုက္တာခ်န္က ဆူေတာ့မည္ဟု ေတြးထင္ထားခဲ့ေသာ္လည္း အဆုံးတြင္မူ သူ၏ သေဘာထားမွာ ႏူးညံ့ေပ်ာ့ေပ်ာင္းေနဆဲ။ စားေသာက္ေနစဥ္အတြင္း သူက သူမထံ ေမးလာသည္။

"ေရွာင္ေခ်ာင္၊ ဇာတ္အဆုံးက်ရင္ ဇာတ္ေကာင္ ေထာင္ဟြားရွစ္ ဘာျဖစ္သြားလဲ မင္းသိလား?"

ေရွာင္ေခ်ာင္ ေခါင္းညိတ္သည္။

"အင္း၊ သိတယ္၊ ကၽြန္မ ဇာတ္ညႊန္းအဆုံးထိ ဖတ္ၿပီးသြားၿပီ"

ဒါရိုက္တာခ်န္ - "ဒါဆို အစပိုင္းမွာ သူက ဘာလို႔ ဒီေလာက္ ရယ္ရတယ္လို႔ ထင္လဲ?"

ထိုေမးခြန္းက ရွန့္ေခ်ာင္အား အခက္ေတြ႕သြားေစၿပီး သူမကိုယ္သူမ ျပန္လည္ေတြးေတာလိုက္သည္။

(ဒါက ဇာတ္ညႊန္းဆရာ စီစဥ္ေပးထားတဲ့ ဇာတ္ေကာင္စရိုက္ မဟုတ္ဘူးလား? လြန္ခဲ့တဲ့ ဆယ္ႏွစ္က စကားပုံေတြအားလုံး ဒီပုံစံပဲ မဟုတ္ဘူးလား?)

သူမအေတြးအား ခန့္မွန္းနိုင္ဟန္ျဖင့္ ဒါရိုက္တာခ်န္က အျပဳံးျဖင့္ ရွင္းျပသည္။

"ေထာင္ဟြားရွစ္က အမွန္ေတာ့ ေမ်ာက္ကေလးမဟုတ္မွန္း ငါတို႔အားလုံး သိၿပီးသားပဲ၊ သူက ေကာင္းကင္ဘုံနဲ႔ ကမၻာေျမႀကီးကို ဆန့္က်င္တဲ့အေနနဲ႔ ေမြးဖြားလာတဲ့ နတ္ဆိုး၊ ေကာင္းကင္ဧကရာဇ္မွာ သူ႔ကို ေျဖရွင္းနိုင္မယ့္ နည္းလမ္းမရွိဘူး၊ ဒါေၾကာင့္ အေနာက္အရပ္သခင္ထံကေန အကူအညီေတာင္းခဲ့တယ္၊ အေနာက္အရပ္သခင္က ဒီျပင္းထန္တဲ့ အဖ်က္စြမ္းအားစုကို မက္မြန္ပြင့္ပုလႅင္ေအာက္မွာ ပိတ္ေလွာင္ထားခဲ့ၿပီး အေနာက္အရပ္က ဓမၼေတးရြတ္သံနဲ႔ သူ႔ရဲ့ နတ္ဆိုးသဘာဝကို သန့္စင္ပစ္ဖို႔ ရည္ရြယ္ခဲ့တယ္"

"ေနာက္ပိုင္းက် စြန္းဝူခုန္းက နားရြက္ေျခာက္ခုပါ ဘာဘရီေမ်ာက္နဲ႔ေတြ႕ၿပီး ေမ်ာက္ဘုရင္ အစစ္အတုကို အေနာက္အရပ္မွာ ခြဲျခားဖို႔ ႀကိဳးစားခဲ့တယ္၊ အေနာက္အရပ္ေကာင္းကင္ဘုံက ခဏေလာက္ ရွုပ္ေထြးသြားခဲ့ၿပီး နတ္ဆိုးဝိညာဥ္အပိုင္းအစက အခြင့္ေကာင္းယူၿပီး လြတ္ေျမာက္သြားခဲ့တယ္၊ ဝိညာဥ္အပိုင္းအစက ျပည့္စုံမွုမရွိပဲ ရွုပ္ေထြးေနခဲ့တဲ့အတြက္ သူ႔မွတ္ဉာဏ္ထဲမွာ ေမ်ာက္ဘုရင္ႏွစ္ေကာင္ တိုက္ခိုက္ေနတာကိုပဲ မွတ္မိေနခဲ့တယ္၊ ဒီျမင္ကြင္းကို ျမင္ၿပီးတာနဲ႔ သူ႔ဝိညာဥ္က ဟြေကာေတာင္ဆီ ျပန္ေရာက္လာၿပီး ေမ်ာက္ကေလးအျဖစ္ အသြင္ေျပာင္းသြားခဲ့တယ္"

ရွန့္ေခ်ာင္ ေခါင္းညိတ္သည္။

ဒါရိုက္တာခ်န္က ထမင္းပန္ကန္လုံးကို ေဘးဘက္ေရႊ႕လိုက္ရင္း

"သူ႔ဝိညာဥ္က ၿပီးျပည့္စုံမွု မရွိတာမို႔ သူ႔စိတ္အေျခအေနကလည္း ထိုးထြင္းသိျမင္နိုင္စြမ္းမရွိဘူး၊ ဒါ့အျပင္ အေဖမရွိ၊ အေမမရွိ၊ ဆရာ မရွိ၊ သူငယ္ခ်င္းမရွိတဲ့အျပင္ သူ႔ကို သင္ၾကားျပသေပးမယ့္သူလည္း မရွိဘူး၊ ေကာင္းကင္ဧကရာဇ္ သူ႔ကို ေကာင္းကင္နန္းေတာ္ဆီ ေခၚလာတယ္ဆိုတာကလည္း သူ႔မွာ ထူးဆန္းတဲ့ ကံတရားရွိမွန္း တြက္ဆမိလို႔ပဲ"

"သူက ေလာကက်င့္ဝတ္တရားေတြကို နားမလည္ဘူး၊ စိတ္ထဲရွိရာ ေျပာတတ္ၿပီး ထင္တိုင္းၾကဲတတ္တယ္၊ သူ႔ကို ဟြေကာေတာင္က ေမ်ာက္ေတြက ဖယ္ၾကဥ္ထားခဲ့တဲ့အျပင္ ေကာင္းကင္နန္းေတာ္ေရာက္ေတာ့ ပိုလို႔ေတာင္ ရြံ႕မုန္းျခင္း ခံရတယ္၊ ေပ့သိုနန္းေတာ္ထဲက ဂိုဏ္းတူအစ္ကိုေတြကိုပဲၾကည့္၊ အခါအခြင့္သင့္တိုင္း သူ႔ကို ရိုက္ေလ့ရွိတယ္၊ အသက္အႏၲရာယ္မထိခိုက္ဘူးဆိုေပမယ့္ နာက်င္ရတာမ်ိဳးပဲ၊ ဒီေမ်ာက္ရိုင္းေလးအေပၚကို သူတို႔ အထင္အျမင္ေသးတယ္ဆိုတာ အသိသာႀကီး၊ ထိုက္ရွန္းေလာင္ကၽြင့္ကေရာ သူ႔ဆရာလား! မဟုတ္ဘူး၊ သူက ေစာင့္ၾကည့္သူ သက္သက္ပဲ"

ဒါရိုက္တာ၏ ဆိုလိုရင္းကို ရွန့္ေခ်ာင္ နားလည္သလိုလို ရွိလာသည္။

ဒါရိုက္တာခ်န္က ဆက္ေျပာသည္။

"ဒါေပမယ့္ ဒီလိုပတ္ဝန္းက်င္အေျခအေနမ်ိဳးမွာ သူက လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနနိုင္တုန္းပဲ၊ သူ႔အတြက္သူ ေပ်ာ္စရာေတာင္ ရွာလိုက္နိုင္ေသးတယ္၊ ဒီလူေတြ သူ႔အေပၚ ထားတဲ့ အထင္အျမင္ေသးစိတ္၊ ရြံ႕မုန္းစိတ္ကို လုံးလုံးနားမလည္နိုင္ဘူး၊ ေပ့သိုနန္းေတာ္ကို သူ႔အိမ္အေနနဲ႔ မွတ္ယူထားတယ္၊ အသိဉာဏ္မဖြံ႕ၿဖိဳးေသးတဲ့အတြက္ ဒီလိုေၾကာင္သူေတာ္အသိုင္းအဝိုင္းမွာ အ႐ူးတစ္ေယာက္လို သူ ေနေနခဲ့တယ္"

ရွန့္ေခ်ာင္ တခဏမၽွ တုန္လွုပ္သြားခဲ့ကာ ခပ္ေျဖးေျဖး ဆိုလာသည္။

"အခု ဘယ္ေလာက္ ရယ္ရႊင္ဖြယ္ေကာင္းေနေန၊ ေနာက္ပိုင္း အမွန္တရား ေပၚလာခ်ိန္က်ရင္ ဘယ္ေလာက္ေတာင္ ဝမ္းနည္းဖို႔ ေကာင္းလိုက္မလဲ?"

ဒါရိုက္တာက ျပဳံးသည္။

"ဒါကို ဆိုလိုခ်င္တာပဲ"

သူမက အ႐ူးတစ္ေယာက္လို ဆက္လက္တည္ရွိေနမည္မဟုတ္ေတာ့ပဲ ဂိုဏ္းတူအစ္ကိုမ်ားႏွင့္လည္း ဆက္လက္ ကေတာက္ကဆျဖစ္ေနမည္ မဟုတ္ေတာ့။

သူမက ေန႔စဥ္ေန႔တိုင္း အျမဲတေစ ေပ်ာ္ရႊင္ေနမည္ မဟုတ္ေခ်။

သူမက သူမယုံၾကည္ရသည့္ လူထံမွ အဂၢိရတ္ဖိုထဲသို႔ ပစ္ခ်ျခင္း ခံရကာ ေျခလက္မ်ားႏွင့္ မ်က္လုံးမ်ားပါ ေလာင္ကၽြမ္းခံခဲ့ရၿပီး မေသမ်ိဳးဗိမာန္ေပၚမွ သူမခ်စ္ျမတ္နိုးသူ၏ တြန္းခ်ျခင္း ခံခဲ့ရမွုေၾကာင့္ တည္ရွိမွုသည္ပင္ ေပ်ာက္ကြယ္ခါရနီးထိ ျဖစ္ခဲ့ရသည္။ ထို႔ေနာက္ နတ္ဆိုးအေရာင္အဝါျဖင့္ တစ္ကိုယ္လုံး ေသြးလႊမ္းလ်က္ သူမ ျပန္ေပၚထြက္လာခဲ့ၿပီး မည္သူ႔ကိုမွ ထပ္မံ ယုံၾကည္ျခင္း မရွိေတာ့ေခ်။

လူတိုင္းအား ရယ္ေမာစေနာက္တတ္ခဲ့သည့္ ေမ်ာက္ကေလးဘဝအား ျပန္ေတြးၾကည့္လၽွင္ ယင္းမွာ ေသြးလႊမ္းသည့္ အိပ္မက္ပမာ။

ထိုအခ်ိန္၌ သူမက ေမ်ာက္တစ္ေကာင္သာျဖစ္ၿပီး သူတို႔အားလုံးက သူမအား ေမ်ာက္ပြဲၾကည့္သကဲ့သို႔ ၾကည့္ရွုခဲ့ၾကသည္။

ေနာက္ပိုင္းဇာတ္ဝင္ခန္းမ်ား၌ ရွန့္ေခ်ာင္ ရယ္ေမာျခင္း မရွိေတာ့ေပ။

ဇာတ္ေကာင္၏ သေဘာသဘာဝအား ပို၍ နက္နက္နဲနဲ နားလည္ၿပီးေနာက္ က်န္ရွိသည့္ ရိုက္ကူးေရးမွာ ပို၍ ေခ်ာေမြ႕လာခဲ့သည္။ သူမဒဏ္ရာေၾကာင့္ အေႂကြးတင္ေနသည့္ ဇာတ္ဝင္ခန္းမ်ားသည္လည္း ခပ္ျမန္ျမန္ပင္ ရိုက္ကူးလိုက္နိုင္သည္။

ရာသီဥတုမွာ ပို၍ ပို၍ ပူေႏြးလာခဲ့ၿပီး ဟန္တ်န့္တြင္ ႐ုပ္ရွင္ဇာတ္ကားမ်ားစြာ ရိုက္ကူးေနၾကသည္။ ယေန႔တြင္ အရံသ႐ုပ္ေဆာင္မ်ားက ဒီဇာတ္ကား၌ အေစာင့္ရဲမက္မ်ားအျဖစ္ သ႐ုပ္ေဆာင္ၾကၿပီး ေနာက္ေန႔တြင္ တျခားရိုက္ကြင္းသို႔ သြားေရာက္၍ ျမင္းလွည္းေမာင္းသမားအျဖစ္ သ႐ုပ္ေဆာင္ၾကသည္။

ေန႔လယ္ပိုင္းတြင္ လူနာတင္ယာဥ္တစ္စီး ႐ုတ္တရက္ ေမာင္းဝင္လာသည္။ မ်ားစြာေသာ ဝန္ထမ္းမ်ားက အျပင္ထြက္၍ စူးစမ္းေမးျမန္းၾကသည္။

"အပူလၽွပ္ၿပီး သ႐ုပ္ေဆာင္တစ္ေယာက္ေယာက္မ်ား ေမ့လဲသြားလို႔လား?"

ရိုက္ကြင္းစီစဥ္သူက ခ်က္ခ်င္းပင္ အဆိုျပဳလာသည္။

"ဒါရိုက္တာ၊ ဝန္ထမ္းေတြ အပူလၽွပ္ၿပီး မေမ့လဲေအာင္ အဲကြန္းအပိုတစ္လုံးတပ္ဖို႔ ကၽြန္ေတာ္ အဆိုျပဳခ်င္တယ္"

ရလဒ္အေနျဖင့္ စူးစမ္းသူမ်ား ျပန္ေရာက္လာခ်ိန္တြင္ သူတို႔မ်က္ႏွာထက္၌ ထိတ္လန့္ေနမွုမွာ အထင္းသား။

"သူ ေသသြားၿပီ!"

တျခားရိုက္ကြင္းရွိ ဒါရိုက္တာျဖစ္သူက ဦးေႏွာက္ေသြးယိုကာ စက္ကိရိယာမ်ားေရွ႕တြင္ တိုက္ရိုက္ပင္ လဲက်သြားခဲ့သည္။ လူနာတင္ယာဥ္ေရာက္ရွိလာခ်ိန္၌ ဒါရိုက္တာကား အသက္မရွူေတာ့။ ရိုက္ကြင္းတစ္ခုလုံး ရွုပ္ေထြးသြားရကာ သ႐ုပ္ေဆာင္မ်ားမွာ ထိတ္လန့္သြားရၿပီး အေျခအေနမွာ ရွုပ္ယွက္ခတ္သြားရသည္။

သူတို႔ႏွင့္ သက္ဆိုင္ျခင္းမရွိေသာ္လည္း ဘယ္လိုပဲျဖစ္ျဖစ္ တစ္ေနရာတည္းတြင္ ရွိေနျခင္းျဖစ္ၿပီး အနီးအနားတြင္ ျဖစ္ပြါးခဲ့ျခင္းလည္း ျဖစ္သည္။ ဒါရိုက္တာခ်န္က ေလးနက္သည့္အမူအရာျဖင့္ ေျပာလာသည္။

"မင္းတို႔ တေနရာရာမွာ သက္ေသာင့္သက္သာမရွိတာမ်ိဳး ျဖစ္ရင္ ငါ့ကို ႀကိဳေျပာ"

ထို႔ေနာက္ သူ ေနာက္လွည့္၍ ရွန့္ေခ်ာင္ထံ လွမ္းၾကည့္သည္။

"ေရွာင္ေခ်ာင္ မင္း ေခါင္းေရာ အဆင္ေျပရဲ့လား?"

ရိုက္ကြင္းတဖြဲ႕သားလုံး လွမ္းၾကည့္လာကာ ရွန့္ေခ်ာင္မွ ခပ္ျမန္ျမန္ပင္ ျပန္ေျဖသည္။

"အဆင္ေျပတယ္၊ အဆင္ေျပတယ္၊ ကၽြန္မဒဏ္ရာအားလုံး အသားႏုတက္ေနၿပီ"

ဒါရိုက္တာခ်န္က လက္ယမ္းကာ

"ငါတို႔ ဒီေန႔လယ္ နားၾကမယ္၊ ျပန္ၿပီး ညစာစားရင္း နားၾက၊ ငါ အေျခအေန တခ်က္သြားၾကည့္ဦးမယ္"

တစ္ေယာက္ႏွင့္တစ္ေယာက္ သိကၽြမ္းျခင္းမရွိေသာ္လည္း အားလုံးမွာ ဒါရိုက္တာမ်ား ျဖစ္သည္။ ေရာဂါေၾကာင့္ လုပ္ငန္းခြင္အတြင္း ေသဆုံးသြားရျခင္းမွာ ဝမ္းနည္းဖြယ္ျဖစ္သလို ေလးစားဖြယ္လည္း ျဖစ္သည္။

ထိုျဖစ္ရပ္ေၾကာင့္ လူတိုင္း၏ စိတ္အေျခအေနမွာ မေကာင္းမြန္လွ။ သူတို႔ ဟိုတယ္သို႔ ျပန္ေရာက္ခ်ိန္တြင္ တင္းက်န္က

"ေခ်ာင္ေခ်ာင္ ဒီဒါရိုက္တာ ဘယ္သူလဲ နင္သိလား?"

ရွန့္ေခ်ာင္ အံ့အားသင့္သြားသည္။

"ငါသိတဲ့ လူလား?"

တင္းက်န္က ေခါင္းယမ္းသည္။

"နင္ မသိဘူး၊ ဒါေပမယ့္ ေပ့ေကာ နင့္ကို အရင္က ေရြးခိုင္းတဲ့ ဇာတ္ညႊန္းေတြကို မွတ္မိလား? အဲ့တုန္းက နင္ေရြးခ်င္တဲ့ သုန္းဖန္းေဖာ့ (East Wind Breaks) က ဒီဒါရိုက္တာရဲ့ ရိုက္ကြင္းေလ"

ရွန့္ေခ်ာင္ မ်က္ဝန္းတို႔ ျပဴးက်ယ္သြားသည္။

အခ်ိန္ကို တြက္ဆလိုက္လၽွင္ 'East Wind Breaks' ႏွင့္ 'May the Moonlight Flower shine on You' မွာ တစ္ခ်ိန္တည္းလိုလို ရိုက္ကူးေရးစတင္ခဲ့ျခင္း ျဖစ္သည္။

ထို႔အတြက္ေၾကာင့္ပင္ ရွန့္ေခ်ာင္မွာ ဇာတ္လမ္းႏွစ္ခုထဲမွ တစ္ခုအား ေရြးခ်ယ္ခဲ့ရျခင္းျဖစ္သည္။ ထိုကဲ့သို႔ ဆက္ႏြယ္မွုမ်ိဳး ရွိေနလိမ့္မည္ဟု မေမၽွာ္မွန္းထားခဲ့ျခင္းေၾကာင့္ သူမ၏ စိတ္အေျခအေနမွာ ပို၍ပင္ ဆိုးရြားသြားသည္။

ေန႔လယ္ပိုင္းေရာက္လာသည္ႏွင့္ သုန္းဖန္းေဖာ့၏ ဒါရိုက္တာမွာ ႐ုတ္တရက္ ဦးေႏွာက္ေသြးယိုမွုေၾကာင့္ ေသဆုံးသြားေၾကာင္း သတင္းထြက္ေပၚလာသည္။ ဒါရိုက္တာ၏ မိသားစုဝင္မ်ားမွာ လြယ္လြယ္ကူကူ လက္မေလၽွာ့လိုၾကေပ။

ရိုက္ကူးမွုအား ရပ္တန့္ထားၿပီး လူတိုင္း စိုးရိမ္ပူပန္ေနၾကသည္။ ရိုက္ကူးမွု ရပ္တန့္ထားေသာ္လည္း ကုန္က်စရိတ္မ်ားမွာ ဆက္လက္က်သင့္ေနဆဲျဖစ္၏။ ဌားရမ္းထားသည့္ ဆက္တင္ရိုက္ကြင္းႏွင့္ ကိရိယာမ်ားသည္ကား ျပန္လည္ ေပးအပ္နိုင္သည္မ်ိဳးမဟုတ္။ အခ်ိန္ပိုၾကန့္ၾကာေလ၊ ဆုံးရွုံးမွု ပိုႀကီးမားေလျဖစ္ၿပီး သ႐ုပ္ေဆာင္မ်ား၏ ရိုက္ကူးေရးအခ်ိန္ဇယားမ်ားအားလည္း ေႏွာင့္ေႏွးေစမည္ျဖစ္သည္။ မၾကာမွီအခ်ိန္မွာပင္ သုန္းဖန္းေဖာ့ ရိုက္ကြင္းအား ဖ်က္သိမ္းမည့္ သတင္းမ်ား ေပၚထြက္လာခဲ့သည္။

ရွန့္ေခ်ာင္မွာ အခ်ိန္အေတာ္ၾကာသည္အထိ ထိုဒရာမာအတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ေသာ္လည္း ရက္အနည္းငယ္အၾကာတြင္ ေပ့မင္းဖန္က ႐ုတ္တရက္ ဟန္တ်န့္သို႔ ေရာက္ရွိလာသည္။

ရွန့္ေခ်ာင္ ဟိုတယ္သို႔ ျပန္ေရာက္ကာ သူ႔အား ျမင္သည္ႏွင့္ သူမအျမင္အာ႐ုံေမွာက္မွားသည္ဟုပင္ ထင္မွတ္သြားမိသည္။ ပို၍ပင္ ထိတ္လန့္အံ့ဩဖြယ္ရာမွာ မုန့္ရွင္းခ်န္က သူ႔ေနာက္တြင္ ရပ္ေနခဲ့ျခင္း။ သူတို႔ႏွစ္ေယာက္ပုံစံမွာ စိတ္ေပ်ာ္ေနပုံမရ။ ရွန့္ေခ်ာင္ လွမ္းေမးသည္။

"မုန့္ေလာင္ရွစ္၊ ေပ့ေကာ ဘာေတြျဖစ္ေနလို႔လဲ?"

ေပ့မင္းဖန္ သက္ျပင္းခ်လိုက္ၿပီး

"သုန္းဖန္းေဖာ့ရဲ့ ဒါရိုက္တာက မုန့္ရွင္းခ်န္ရဲ့ အတန္းေဖာ္"

ရွန့္ေခ်ာင္ မ်က္လုံးျပဴးသြားျပန္သည္။

ေပ့မင္းဖန္က စကားဆက္သည္။

"ရင္းႏွီးျမဳပ္ႏွံသူေတြက မေန႔က ရင္းႏွီးျမဳပ္ႏွံေငြကို ျပန္ထုတ္သြားၿပီး အဖြဲ႕ဖ်က္သိမ္းရမလို ျဖစ္ေနတယ္၊ ရွင္းခ်န္က ငါနဲ႔ ေဆြးေႏြးၿပီး ရင္းႏွီးျမဳပ္ႏွံေငြ ျပန္ရွာဖို႔ ဆုံးျဖတ္ထားတယ္၊ အဓိကအမ်ိဳးသမီးသ႐ုပ္ေဆာင္က စာခ်ဳပ္ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ၿပီးသြားၿပီ၊ ေရွာင္ေခ်ာင္ မင္း ဒီဒရာမာကို အရင္ကတည္းက စိတ္ဝင္စားေနတာ မဟုတ္ဘူးလား? မင္း စိတ္ဝင္စားလား?"

ရွန့္ေခ်ာင္ - "........."

မုန့္ရွင္းခ်န္ ျပဳံးရင္း

"ေလာင္ဟန္က ငါ့ကို အရင္က အမ်ားႀကီး အကူအညီေပးခဲ့ဖူးတယ္၊ ဒီ႐ုပ္ရွင္က သူမေသခင္ ေနာက္ဆုံးလက္ရာပဲ၊ ဒီတိုင္း ၿပိဳကြဲသြားတာမ်ိဳး မျဖစ္ေစခ်င္ဘူး၊ ေရွာင္ေခ်ာင္ မင္း ဒီဒရာမာမွာ ပါခ်င္လား?"

ရွန့္ေခ်ာင္ - "ဒါမယ့္ ငါ့အခ်ိန္ဇယား ခြဲေပးစရာမရွိဘူး"

ေပ့မင္းဖန္ - "မင္း အဲ့ဒီအတြက္ စိတ္ပူစရာမလိုဘူး၊ သုန္းဖန္းေဖာ့ထဲက အမ်ိဳးသမီးဇာတ္ေကာင္ေနရာက ဇာတ္ဝင္ခန္းမ်ားမ်ား မရွိမွန္း မင္းလည္း သိတာပဲ၊ ငါတို႔ ရိုက္ကူးေရးအခ်ိန္ကို 'Moonlight' နဲ႔ ညႇိယူလို႔ ရတယ္၊ ရိုက္ကြင္းႏွစ္ခုလုံး ဟန္တ်န့္မွာဆိုေတာ့ ဟိုဖက္ဒီဖက္ကူးတာက ျဖစ္နိုင္တယ္ေလ၊ က်ိန္းေသေပါက္ မင္းကေတာ့ ပိုပင္ပန္းမွာေပါ့"

သူမ အေတြးထဲ နစ္ျမဳပ္ေနဆဲျဖစ္သည္ကို ျမင္လၽွင္ ေပ့မင္းဖန္က အေလာတႀကီးဆိုလာသည္။

"ရွင္းခ်န္က တီဗီဇာတ္လမ္းေတြ မရိုက္ေတာ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ၊ သတင္းသာ ပ်ံ႕သြားရင္ မင္းသမီး ဘယ္ေလာက္မ်ားမ်ားက လာရိုက္ဖို႔ ေလာေနၾကမလဲ မသိဘူး၊ အခု ငါ့မွာ မင္းအတြက္ ေနာက္ေပါက္ဖြင့္ေပးထားတာေတာင္ မင္းက ဘာေတြ ေတြးေနေသးတာလဲ?"

ရွန့္ေခ်ာင္ - "......."

အေနာက္တံခါးဆိုတဲ့စကားကို ဒီလိုမ်ိဳး သုံးလို႔ ရတာပဲလား?

(T/N: ဒီေနရာမွာ အေနာက္တံခါးဆိုတာ အဆက္အသြယ္နဲ႔ ဝင္လာတာမ်ိဳးကို ေျပာတာပါ၊ ကိုယ္ ျပန္တာ မရွင္းမွာစိုးလို႔ 🥲)

*****

Continue Reading

You'll Also Like

507K 13.5K 42
The fate of a not so human king and a definitely human girl became entangled in a single meeting. A teenage girl from the 21st century somehow ended...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.1M 62K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
88.4K 2.3K 71
Akina Uchiha, the little sister of Itachi Uchiha, was known for her open and cheerful nature. There was hardly anyone in the Uchiha clan who behaved...