{Unicode}
အပိုင်း ၁၁၉
ဝန်ထမ်းများ ကင်မရာနေရာ ချိန်ညှိနေစဉ်တွင် ရှန့်ချောင်က တင်းကျန်အား သူမအတွက် ရေခဲထုပ် နှစ်ထုပ် သွားဝယ်စေသည်။
လက်ရှိရိုက်ကူးပြီးသည့် ဇာတ်ဝင်ခန်းနှစ်ခန်းတွင် သူမက အရံသရုပ်ဆောင်၏ မေးစေ့အား ဦးခေါင်းနှင့် တိုက်ခဲ့သလို အရံသရုပ်ဆောင်ထံမှ တန်ပြန်ရိုက်ခတ်လာမှုလည်း ခံခဲ့ရသည်။ အားမများလှသော်လည်း ဒဏ်ရာမှာ အလုံးစုံ သက်သာသေးသည်မဟုတ်။ အခုလက်ရှိတွင် အနည်းငယ် နာကျင်ကိုက်ခဲနေသည်မို့ ရှန့်ချောင်အနေဖြင့် အရင်ဆုံး ရေခဲကပ်ထားရုံသာ တတ်နိုင်သည်။
တင်းကျန်က ဦးခေါင်းကို ထိန်းကိုင်၍ ရေခဲကပ်နေပြီး စိုးရိမ်တကြီး ရေရွတ်နေသည်။
"ဒဏ်ရာပွင့်သွားလို့ မရဘူး၊ ရက်နည်းနည်းလောက် နောက်ဆုတ်ပြီးမှ ရိုက်ကွင်းလာလိုက်ရမှာ၊ တစ်ခုခုသာ မှားသွားရင် ဟော့ရှီး ငါ့ကို ကျိန်းသေပေါက် အသေရိုက်သတ်မှာ"
ရှန့်ချောင် သူမထံ မျက်စောင်းထိုးလိုက်သည်။
"ဒါကို သူ့ကို မပြောပြရဘူး! နင် Anti fan မလုပ်နဲ့!"
တင်းကျန် - ".........."
ထိုအခြင်းအရာအား ဒါရိုက်တာ လှမ်းမြင်သွားပြီး သူမထံ လှမ်းလာကာ မေးသည်။
"ရှောင်ချောင်၊ မင်း ခေါင်း အဆင်ပြေရဲ့လား?"
ရှန့်ချောင် ခပ်မြန်မြန်ပင် လက်ဝှေ့ရမ်းလိုက်သည်။
"အဆင်ပြေတယ်၊ အဆင်ပြေတယ်"
ဒါရိုက်တာ - "မင်းသရုပ်ဆောင်တာက ငါ မျှော်မှန်းထားတာထက်တောင် ပိုသေးတယ်၊ ဒီပုံစံအတိုင်းသာဆိုရင် ဇာတ်ဝင်ခန်းက ဘာပြဿနာမှ မရှိဘူး၊ ငါတို့ ဒီည အခန်းအတွက် မလောပဲ နောက်ဆုံးခန်းကို အေးဆေး ရိုက်ကြတာပေါ့"
သူ ကျန်းမင်ဆီ လှည့်ကာ လှမ်းပြောသည်။
"ဝတ်စုံလဲစရာမလိုတော့ဘုး၊ ငါတို့ ရှောင်ချောင်နဲ့ ရိုက်ပြီးရင် ပြီးပြီ"
ဝန်ထမ်းများအားလုံးမှာ တက်ကြွနေကြသည်။ မည်သို့ပင်ဆိုစေ ပင်ပန်းခဲ့ရသည့် နေ့တစ်နေ့ဖြစ်ကာ အဓိကအမျိုးသမီးဇာတ်ဆောင်မှာလည်း NG များမရှိ။ အရာအားလုံး အဆင်ချောမွေ့လျက်ရှိကာ သူတို့အားလုံး ထိုနေ့အတွက် ပြီးဆုံးပြီဟု ဆုံးဖြတ်ကာ စောစောအနားယူနိုင်ပေမည်။
အရံသရုပ်ဆောင်က နေရာယူပြီးဖြစ်သည်။ ရေခဲအိတ်အား ယူသွားရန် တင်းကျန်အား ရှန့်ချောင် ပြောလိုက်သည်။ မိတ်ကပ်ဆရာက သူမအတွက် ဆံပင်အုပ်အား နေရာချိန်ညှိပေးလာပြီးနောက် ခပ်မြန်မြန် စတင်သည်။
နေရာတွင် ရပ်ကာ clapperboard ရိုက်သံအား စောင့်စားပြီးနောက် မေးစေ့အား ရှန့်ချောင်မှ ခေါင်းဖြင့် တိုက်ခဲ့သူ အရံသရုပ်ဆောင်က ခန်းမအတွင်းမှ ဒေါသတကြီး ထွက်လာကာ လှမ်းအော်သည်။
"ထောင်ဟွားရှစ်!! မင်း ထွက်လာခဲ့စမ်း!!"
ရှန့်ချောင် လည်တိုင်ကို ကျုံ့ကာ သူမမျက်နှာပေါ်တွင် ပြဿနာရှာပြီးနောက် စာရင်းရှင်းခံရတော့မည်ကို စိုးရိမ်နေသည့် အမူအရာ ပေါ်ပေါက်လာသည်။ သူ မျက်လုံးလှိမ့်လိုက်ကာ အရာအားလုံးကို ခြုံငုံသုံးသပ်ပြီးနောက် ပြန်လှည့်လာကာ ခြိမ်းခြောက်သည်။
"သဏ္ဍာန်ပြောင်းဆေးလုံးကို ခိုးသွားပြီ! ခဏနေပြန်လာပြီး သန့်ရှင်းရေးလုပ်ပေးမယ်!"
ထို့နောက် မဲ့ပြုံးတစ်ချက်ဖြင့် သူမ တံခါးဝမှ ပြေးထွက်သွားသည်။
အရံသရုပ်ဆောင်မှာ တံခါးရှိရာဆီ လျှောက်သွားပြီးဖြစ်ကာ သူမခေါင်းထွက်ပေါ်နေသည်ကို မြင်လျှင် သူမဘက်မှ စကားမဆိုနိုင်ခင်မှာပင် ရှန့်ချောင်အား ဖမ်းဆွဲ၍ ဖိနပ်ချွတ်ခုံပေါ် တွန်းချကာ ကြိုတင်၍ အဝတ်အိတ်ခံထားပြီးဖြစ်သည့် သူမတင်ပါးကို ခပ်ဆတ်ဆတ်ရိုက်သည်။
"ဒီ လက်ဆော့တဲ့ မျောက်! ငါ့ကို လှည့်ကွက်တွေ မလုပ်နဲ့လို့ မင်းကို ပြောထားတယ်မလား? ဒီတစ်ခေါက် ကောင်းကောင်းမဆုံးမရင် ပေ့သိုနန်းတော်ကို မင်းက အရှက်ရစရာတွေ ယူလာပေးတော့မှာ၊ ဆရာသခင်က ကြင်နာတတ်ပြီး မင်းကို အပြစ်မပေးချင်တာနဲ့ပဲ မင်းက လျှောက်သွားပြီး ပြဿနာရှာတော့တာပဲ၊ ငါ မင်းကို ဒီနေ့ သင်ခန်းစာကောင်းကောင်း ပေးမယ်!!"
ရှန့်ချောင် ကျယ်ကျယ်လောင်လောင်အော်ဟစ်နေရင်း ရုန်းကန်သည်။
"ရှစ်ရှုန်း စန်းကျွယ်က ငါ့ကို အထင်သေးနေပြီ! လောင်ရှစ် ငါ့ကို ကယ်ပါဦး! ရှစ်ရှုန်း စန်းချင်း၊ စန်းကျင်း နဲ့ စန်းဝမ်၊ စန်းရှစ်ကို လာကယ်ပါဦး!! စန်းရှစ်တော့ စန်းကျွယ်ရဲ့ လက်ထဲမှာ သေရတော့မှာပဲ!! ဝူးးး!! မတရားဘူးး!!! လူကို သတ်နေပါတယ်!!"
အရံသရုပ်ဆောင်၏ မျက်နှာမှာ တွန့်လိမ့်နေကာ ရယ်ချင်စိတ်ကို ချုပ်ထိန်းထားနေရပြီး ရှန့်ချောင်မှာ ဆက်လက်အော်ဟစ်နေဆဲဖြစ်ကာ နောက်ဆုံးတွင် ထိုသူခမျာ မထိန်းနိုင်ပဲ ရယ်မောမိလာသည်။
ရိုက်ကွင်းပေါ်ရှိ လူတိုင်း ရယ်မောနေကြသည်၊ ဒီဇာတ်ဝင်စကားက အလွန်အမင်း ရယ်ရွှင်ဖွယ်ကောင်းလှသည်။ ရှန့်ချောင်မှာ ခြေနင်းခုံပေါ်တွင် လဲလျောင်းရင်း အော်ဟစ်နေရင်းပင် ရယ်မောလာသည်။ ရယ်မောခြင်းကား ကူးစက်လွယ်သည်။ ရိုက်ကွင်းတစ်ခုလုံး ရယ်မောလွန်းရသဖြင့် ရူးနှမ်းသွားတော့မလိုပင်။
အရံသရုပ်ဆောင် အရယ်ရပ်လိုက်ပြီးနောက် အလျှင်အမြန်ဆိုလာသည်။
"ငါ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ငါ့အပြစ်ပါ၊ ကျေးဇူးပြုပြီး ထပ်လုပ်ရအောင်"
ထိုသို့ဖြင့် နောက်တစ်ကြိမ် ပြန်ရိုက်သည်။
ရှန့်ချောင် သူမစာသားများအား ရေရွတ်ပြီးသည်နှင့် ရှန့်ချောင်က စကားလုံးအနည်းငယ်မျှ အော်ငိုလိုက်သည်။ တွဲဖက်သရုပ်ဆောင်က သူမအား မြေကြီးပေါ် ပစ်ချကာ နာကျင်သည့်မျက်နှာဖြင့် ဆိုလာသည်။
"ငါ မင်းကို နှစ်ချက်လောက် ရိုက်လိုက်တာနဲ့ပဲ မင်းအသက်ကို သတ်နေတယ် ဖြစ်သွားရောလား? ငါ ဘာလို့ မင်းကို အထင်သေးရမှာလဲ? ငါ မင်းဆီက ဘာချမ်းသာခြင်းများ ခိုးနေလို့လဲ? မင်းကို ဘယ်လို ရိုသေလေးစားရမှာလဲ? လောကမှာ အမှန်တရား သုံးပါးရှိတယ်၊ ရိုးသားမှု၊ နှိမ့်ချမှုနဲ့ မှန်ကန်မှု၊ ငါ့ကို ပြောစမ်းပါဦး မင်းဆီမှာ ဘယ်တစ်ခုများ ရှိလဲ?"
ရှန့်ချောင် မြေပြင်ပေါ် လဲလျောင်းကာ ရှိုက်ငိုရင်း ဆိုသည်။
"အမှန်တရားမဟုတ်ဘူး၊ ပန်းပွင့်တွေ အလကား ဖြစ်ကုန်တာ"
အရံသရုပ်ဆောင်မှာ ဒေါသထွက်လွန်းသဖြင့် လက်မြှောက်ကာ သူမအား ရိုက်ပြန်သည်။ ရှန့်ချောင် ချက်ချင်းပင် မျက်နှာအား အုပ်ကာလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်သည်။
"အမှန်တရား၊ အမှန်တရား... နင်ပြောတာကသာ အမှန်တရား... ဆရာက ဘယ်အရာမဆို အမှန်တရားနဲ့ ဆောင်ရွက်နိုင်တယ်၊ နှစ်၊ သုံး၊ လေး ဘာအသံဖြစ်ဖြစ် ငါ ထပ်မလုပ်တော့ဘူး!"
ထို့နောက် တွဲဖက်သရုပ်ဆောင်၏ ခန္ဓာကိုယ်မှာ အကြမ်းပတမ်းလှုပ်ခါလာကာ သူ့မျက်နှာမှာ ဖြူတဝက်၊ ပြာတဝက်ဖြစ်လာကာ နဖူးထက်တွင် ဖိနှ်ပ်ထားပုံရသည့် သွေးကြောများ ပေါ်ပေါက်လာသည်။
ရှန့်ချောင် မျက်တောင်ခတ်လိုက်ကာ ခပ်မြန်မြန်ထရပ်လိုက်ပြီး စိုးရိမ်စိတ်ဖြင့် မေးမြန်းသည်။
"ရှစ်ရှုန်း စန်းကျွယ် နင် ဘာလို့ ဒီလောက် ရုပ်ဆိုးနေရတာလဲ? ဒဏ်ရာရထားတာလား?"
သူက တုန်ယင်နေသည့် နှုတ်ခမ်းအစုံကို ပွင့်ဟလာကာ စကားနှစ်လုံး ရေရွတ်သည်။
"အတွင်းဒဏ်ရာ"
ထိုစကားကို ကြားသည်နှင့် ရှန့်ချောင်က သူ့အား တွဲကူလာသည်မှာ သူ့ကိုယ်သူ မထူမတ်နိုင်ပဲ မေ့မျောသွားမည်ကို စိုးရိမ်နေဟန်ဖြင့် အလေးအနက်ဆိုလာသည်။
"ရှစ်ရှုန်း၊ မြန်မြန် အထဲဝင်ပြီး ထိုင်လိုက်၊ ရှောင်ရှစ်က နင့်အတွက် အခုပဲ ဆေးလုံးသွားယူပေးမယ်၊ ပေ့သိုနန်းတော်က နင်မရှိလို့ မဖြစ်ဘူး!"
သရုပ်ဆောင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက်တုန်ခါလာကာ ခေါင်းလှည့်၍ မျက်ဝန်းထဲ မျက်ရည်ဝဲလျက် သူမထံ လှည့်ကြည့်လာသည်။
ရှန့်ချောင်မှာ အပြစ်ကင်းသည့် မျက်နှာအမူအရာဖြင့် ဆက်လက်မျက်တောင်ခတ်နေဆဲဖြစ်ကာ
"ရှစ်ရှုန်း၊ ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး၊ ငါတို့က ဂိုဏ်းတူတူပဲကို၊ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ရမှာပေါ့၊ ရှစ်ရှုန်းက ပုံမှန်ဆို ကြမ်းတမ်းပြီး စိတ်ရှုပ်ဖို့ကောင်းပေမယ့် လူကြီးတွေက လူဆိုးတွေရဲ့အပြစ်တွေကို မှတ်မထားပါဘူး၊ ရှောင်ရှစ်လည်း နင်နဲ့ ပြိုင်မငြင်းပါဘူး"
သူမ ပြောပြီးသည်နှင့် ဇာတ်ရံဖြစ်သူမှာ ဆက်လက်ထိန်းမထားနိုင်တော့ပဲ မြေကြီးပေါ် 'ဘန်း' ခနဲ မြည်သံဖြင့် ပြုတ်ကျသွားသည်။
"ရှစ်ရှုန်း!! နင် ဘာမှ ဖြစ်လို့ မရဘူး!!"
သူမ အော်ရင်း အနားပြေးသွားသည်။ ဇာတ်ရံဖြစ်သူက နှုတ်ခမ်းလှုပ်လာသည်။ ရှန့်ချောင် ဂရုတစိုက်ဖြင့် သူမနားကို သူ့နှုတ်ခမ်းအနီး တိုးကပ်လိုက်လျှင် သူ့ထံမှ တိုးညှင်းသည့် စကားသံအား ကြားလိုက်ရသည်။
"မင်းကို တွေ့တာ.... အကြီးဆုံး...."
"ဝူးးးးးးးးးးးးးးးးးးးးးး ငါသိပါတယ်၊ အကြီးမားဆုံး ဂုဏ်သရေရှိမှုပဲမလား?"
ရှန့်ချောင်က ငိုရှိုက်ရင်း သူ့နောက်မှ စကားဆက်သည်။ ထိုအချိန်၌ အရံသရုပ်ဆောင်ဖြစ်သူမှာမူ မျက်လုံးလိမ့်ကာ မျက်စိပိတ်လိုက်ပြီး လုံးဝဥဿုံ မေ့မျောသွားလေပြီ။
ဒါရိုက်တာက ဘေးဘက်မှ လှမ်းအော်သည်။
"ကဒ်!! ပြီးပြီ! ဒီနေ့ ရိုက်ကွင်းသိမ်းရအောင်!"
ရှန့်ချောင် ချက်ချင်းပင် အရံသရုပ်ဆောင်အား မြေကြီးမှ တွဲထူလိုက်ကာ ပူပန်စွာ မေးသည်။
"နင် တနေရာရာများ ထိခိုက်မိသေးလား?"
ဇာတ်ရံဖြစ်သူက ထပ်ခါတလဲလဲ လက်ယမ်းပြလာသည်။
"မထိဘူး၊ မထိဘူး၊ ကျေးဇူးတင်ပါတယ် ရှောင်ချောင်လောင်ရှစ်"
တင်းကျန်မှ ဘေးဘက်မှ ကြည့်နေခြင်းဖြစ်ပြီး ရယ်မောရလွန်းသဖြင့် သေတော့မလို့။ သူမထံ ရေလှမ်းပေးရင်း
"ဇာတ်ညွှန်းဆရာကလည်း တကယ့်လူပဲ၊ နင်သာ ဒီလို ဉာဏ်နုံတဲ့ စာသားသုံးရင် ဒီဒရာမာက ကျိန်းသေပေါက် အောင်မြင်မှာ!"
ရှန့်ချောင် - "......"
ရိုက်ကွင်းပထမဆုံးနေ့မှာ အောင်မြင်စွာ ပြီးဆုံးသွားသည်။ ရှန့်ချောင်မှာ လူတိုင်း၏အမြင်တွင် ကောင်းမွန်သည့် ထင်မြင်ချက်များ ချန်ထားခဲ့နိုင်သည်။ လက်တလော ပျံ့နှံ့နေသည့် ပြန်ပေးဆွဲခြင်း အမှုကိစ္စမှာ သူမအပေါ် ဆိုးရွားသည့် သက်ရောက်မှုအချို့ ရှိခဲ့သည်။ Anti fan များ၏ စကားအရ နင်က တဖက်လူကို ပြန်ပေးဆွဲဖို့ တွေးတောစေမိရင် နင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘယ်လိုတောင် ရိုးရှင်းနိုင်ပါ့မလဲ? ယနေ့ခေတ်လူမှုအသိုင်းအဝိုင်းအတွင်းတွင် နစ်နာသူအား အပြစ်တင်တတ်သည့် အတွေးအခေါ်မျိုး ရှိတတ်ကာ ထိုအတွက် ဘာမှ လုပ်နိုင်သည်မျိုးမဟုတ်။
သို့ရာတွင် ယနေ့ည ရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်းများတွင် ရှန့်ချောင်က သူမ၏ သရုပ်ဆောင်ပညာကို အောင်မြင်စွာ အသုံးချ၍ လူတိုင်း၏ သူမအပေါ် အမြင်အား ပြောင်းပစ်နိုင်ခဲ့သည်။ လူအများစုအမြင်ကို နားယောင်လေ့ရှိသော်လည်း အမှန်၊ အမှားပိုင်ခြားမှုတွင်မူ မိမိကိုယ်တိုင်သာ ဆုံးဖြတ်ရပေမည်။
ဝန်ထမ်းတစ်ယောက်ချင်းစီအား နှုတ်ဆက်ပြီးနောက် တင်းကျန်နှင့် ဖန်းပိုင်က ဘေးမှ အဖော်ပြု၍ သူမအား ဟိုတယ်သို့ ပြန်ပို့သည်။ တင်းကျန်မှာ စိုးရိမ်ကြီးလျက်ရှိပြီး ဆေးရုံခေါ်သွား၍ စစ်ဆေးလိုသော်လည်း ရှန့်ချောင်က ငြင်းဆန်သည်။
ရိုက်ကွင်းသို့ လာရောက်ပူးပေါင်းသည့် ပထမဆုံးနေ့တွင် သူမ ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း ဓါတ်ပုံရိုက်ခံခဲ့ရလျှင် ဘယ်လိုကြောင်သူတော်ဆန်သည့် မှတ်ချက်မျိုး ထွက်လာလေမလဲမသိ။ သူမ ဟိုတယ်ပြန်ကာ ရေချိုးမည့်အချိန်မှာပင် ဟော့ရှီးထံမှ ဖုန်းဝင်လာသည်။
ဟော့ရှီးက သူမ ယနေ့ ရိုက်ကွင်းဝင်မည်ဖြစ်ကြောင်း သိထားပြီးဖြစ်ကာ သူမ၏ ဒဏ်ရာ မပျောက်ကင်းသေးမည်ကို စိုးရိမ်သည်မို့ အခြေအနေအား မေးမြန်းသည်။ ရှန့်ချောင် ခေါင်းကိုက်နေကြောင်း မပြောပြသော်လည်း အခြားအကြောင်းအရာအား သူ့ထံ ချွဲနွဲ့၍ ပြောပြလာသည်။
"ဇာတ်ညွှန်းက တအားရယ်ရတာပဲ၊ ငါ တချိန်လုံး ရယ်ချင်နေတာ"
ဟော့ရှီး - "ဟာသဇာတ်ညွှန်းထဲမှာရော အနမ်းခန်း ပါသေးလား?"
ရှန့်ချောင် - "......."
နင့်ရဲ့ အာရုံစိုက်ရာက လွဲမှားနေပြီနော်။
ရှန့်ချောင် ခပ်မြန်မြန်ပင် ခေါင်းစဉ်ပြောင်းလိုက်သည်။
"ဟော့ရှီး၊ ဒီနေ့ နင့်ကိုယ်နင် vote ပြီးပြီလား?"
ဟော့ရှီး - ".........."
ရှန့်ချောင် လှိုက်လှိုက်လှဲလှဲဆိုသည်။
"အကောင့်ထဲဝင်ဖို့ မမေ့နဲ့၊၊ ပွိုင့်တွေ များများရအောင် မနက်တိုင်း ၆နာရီဆို အကောင့်ထဲ ဝင်ဖို့ သတိရနော်၊ ပွိုင့်တစ်ခုစီတိုးတိုင်း နာမည်ကြီးလာဖို့ အထောက်အကူပြုတယ်"
ဟော့ရှီး - ".........."
ရှန့်ချောင် စပီကာဖွင့်လိုက်ပြီးနောက် weibo ထဲ တစ်ချက်ဝင်ကြည့်ကာ ချက်ချင်းပင် ရေရွတ်လာသည်။
"ဘုရားရေ... Super topic ranking က ဒုတိယနေရာကို ကျသွားပြီ! ကျိန်းသေပေါက် ဝင်ကြည့်ရပါမယ်ဆို!"
ဟော့ရှီး - "မင်း စကားလမ်းကြောင်း လွှဲနေတာလား?"
ဟော့ရှီးက အလုပ်နှင့် ကိုယ်ရေးကိုယ်တာအကြားရှိ ကွဲပြားခြားနားမှုကို ရှင်းလင်းပြီး အနမ်းခန်းနှင့် ပတ်သက်၍ ဆက်လက် မမေးတော့ချေ။ သူမကျန်းမာရေးကို ဂရုစိုက်ရန် သတိပေးလာပြီး နေထိုင်မကောင်းကြောင်း ခံစားမိသည်နှင့် ဆေးရုံသို့ သွားရန်ပါ ဆိုလာသည်။ သူ ကျောင်းရောက်ခါနီးအချိန်ကျမှပင် ရှန့်ချောင်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ဖုန်းချလိုက်သည်။ ဟူး..... အဝေးရောက်ချစ်ခြင်းတွေက မလွယ်ကူလိုက်တာ...။
ကွဲပြားတဲ့နေရာဒေသက ချစ်ခြင်းတွေက ပိုလို့တောင် နာကျင်ရသေးတယ်...။
နောက်တစ်နေ့မနက်စောစောတွင် ရှန့်ချောင်နှင့် ကျန်းမင်က အတူတကွ မနက်စာစားသည်။ ဒါရိုက်တာက သူမရိုက်ရမည့်အခန်းများအား ဦးစားပေး ရိုက်ကူးလိုပြီး လာမည့်အချိန်ပိုင်းများတွင် သူမက အရေးကြီးဆုံးသော ဇာတ်ဝင်ခန်းများအား သရုပ်ဆောင်ရမည်ဖြစ်သလို ကျန်းမင်နှင့် အများဆုံး တွဲဖက်သရုပ်ဆောင်ရမည်လည်း ဖြစ်သည်။ သူမ ပေါက်စီစားနေချိန်တွင် ကျန်းမင်က ဆိုလာသည်။
"မနေ့ညက ငါ့အေးဂျင့်က စပြီး သတင်းလွှင့်တော့မယ်လို့ ပြောလာတယ်၊ မင်းနဲ့ ငါ့ကြားက သတင်းအနေနဲ့"
ရှန့်ချောင်မှာ စားလက်စပေါက်စီပင် ထွေးထုတ်လုနီးနီးပင်။
"မဖြစ်ဘူး!!"
ကျန်းမင် ပြုံးရင်း
"ရုပ်ရှင်ရိုက်တဲ့ချိန် ပုံမှန်လုပ်ရိုးလုပ်စဉ်ပဲလေ၊ ဖန်တွေကို ရိုက်ကွင်းလာကြည့်ဖို့ စီစဉ်ပေးပြီး အချိန်ခဏလောက်ကြာမှ ငြင်းချက်ထုတ်ပြီး ဖြေရှင်းကြတာပေါ့၊ လက်တလော costume drama တွေ ရိုက်တာများနေတော့ ကျော်ကြားမှုက မလုံလောက်ဘူးလေ"
ရှန့်ချောင်က အဆက်မပြတ် ခေါင်းခါလာသည်။
"မရဘူး၊ မရဘူး... မရဘူး"
ကျန်းမင် က သူမအား စိုက်ကြည့်သည်။
"မင်း ငါနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား?"
ရှန့်ချောင် - "မရှိဘူး!"
ကျန်းမင် - "ဒါဆို မင်းက ဟော့ရှီးနဲ့ ရှန်ကျွင့်ယီးတို့နဲ့ကျ သတင်းထွက်လို့ရပြီး ငါနဲ့ သတင်းဖြန့်ဖို့ ငြင်းနေတာလဲ?"
ရှန့်ချောင် - "........"
သူမ ပါးစပ်ထဲရှိ ပေါက်စီကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး
"ငါ အတင်းအဖျင်းတွေကြားထဲ တချိန်လုံး ပတ်သက်နေတယ်လို့ နက်တစ်ဇင်တွေကို မမြင်စေချင်ဘူး၊ ဘာလို့ ငါတို့ ညီအစ်ကိုလို့ သတင်းမလွှင့်တာလဲ?"
ကျန်းမင် - "ဉာဏ်ရည်နိမ့်တဲ့သူနဲ့ ငါ ညီအစ်ကို မဖြစ်ချင်ဘူး"
(T/N: သူတို့ရိုက်နေတဲ့ကားမှာ ရှန့်ချောင်က အူတူတူ အတတပုံစံ သရုပ်ဆောင်ထားတာပါ)
ရှန့်ချောင် - " ??? "
သူ့မျက်နှာကို ပေါက်စီနဲ့ ပစ်ပေါက်ချင်စိတ်ပင် ပေါက်လာရသည်။
ရိုက်ကွင်းသို့ သွားရာလမ်းတွင် ရှန့်ချောင် ပေ့မင်းဖန်ဆီ ဖုန်းခေါ်လိုက်ကာ စုံတွဲသတင်းလွှင့်မည့် အစီအစဉ်ကို ယတိပြတ်ငြင်းဆန်သည်။ သူမထံမှ ခါးခါးသီးသီးငြင်းဆိုချက်ကို မြင်လျှင် ပေ့မင်းဖန်မှာ ရွေးချယ်စရာမရှိပဲ အခြားခေါင်းစဉ်များအား အသုံးပြု၍ လူစိတ်ဝင်စားစေရန် လှုံ့ဆော်ရန် တွေးတောရတော့သည်။ ထိုအခါမှသာ ရှန့်ချောင် စိတ်အေးသွားရသည်။
နောက်ဆုံးတစ်ခေါက် ရှန်ကျွင့်ယီးနှင့် သတင်းထွက်ခဲ့စဉ်က ဟော့ရှီး လေယာဉ်ပေါ်ပင် မတက်ခဲ့ပေ။ သူက ပြန်လှည့်လာခဲ့ပြီး သူမအား နံရံပေါ် ဖိကပ်ကာ နမ်းရှိုက်ခဲ့သည်။ ဒီတစ်ခေါက် ကျန်းမင်နဲ့သာ သတင်းလွှင့်ခဲ့ရင် သူမ တကယ်ကို ခြေထောက် အဖြတ်ခံရလောက်သည်။
ရိုက်ကွင်းသို့ ရောက်ရှိချိန်တွင် ဒါရိုက်တာမှာ ရောက်နှင့်နေလေပြီ။ သူ၏ အလုပ်အပေါ် အလေးအနက်ထားရှိမှုမှာ စကားအဖြစ်သာ မဟုတ်ရချေ။ ရှန့်ချောင် လာသည်ကို မြင်သည်နှင့် သူမအား လှမ်းခေါ်ကာ ဇာတ်ကြောင်းအား ရှင်းပြလာသည်။
ဝန်ထမ်းများ အချိန်မှန်ရောက်ရှိလာကာ သက်ဆိုင်ရာဌာနအားလုံး အဆင်သင့်ဖြစ်ချိန်တွင် ဒါရိုက်တာက ဒုတိယမင်းသားအား ခေါ်၍ နေရာယူစေသည်။
ဒုတိယမင်းသားဖြစ်သူမှာ ရှန့်ချောင်ကဲ့သို့ပင် ကျုံးရှားမှ ဖြစ်သည်။ သူကား လူသစ်တစ်ဦးဖြစ်ကာ နာမည်မှာ လီကွမ်းချီဖြစ်သည်။ လီကွမ်းချီမှာ မနေ့ကတည်းက ရှန့်ချောင်အား နှုတ်ဆက်စကားဆိုပြီးဖြစ်သော်လည်း သူ၏ ပထမဆုံးတွဲဖက်သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းမတိုင်ခင် သူမထံ ပြေးလာပြန်ကာ
"စီနီယာအစ်မ ရှောင်ချောင်၊ ခဏနေကျရင် ကျွန်တော့်ကို သင်ပြပေးပါဦး"
ရှန့်ချောင် ပြုံးလိုက်ရင်း
"သင်ကြားတယ်လို့ ပြောလို့ မရပါဘူး၊ ငါတို့ အတူအကောင်းဆုံး ကြိုးစားရအောင်"
လီကွမ်းချီက ရှက်ရှက်ရွံ့ရွံ့ဖြင့် ခေါင်းကုတ်လာပြီး ထိုအမူအရာမှာ သူသရုပ်ဆောင်ရမည့် ဇာတ်ကောင်နေရာဖြစ်သည့် နတ်ဆိုးဘုရင် မော့လင်၏ စရိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
နတ်ဆိုးဘုရင်အနေဖြင့် မော့လင်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ နူးညံ့၍ ကျက်သရေရှိသည်။ သွေးဆူကာ ဘဝမြင့်တတ်သည့် အဓိကမင်းသား ကျောင်ကျီရွှမ်နှင့် နှိုင်းယှဉ်လျှင် သူက နတ်ဘုံလောကမှ မသေမျိုးနတ်ဘုရားနှင့် ပိုတူသည်။
ထိုနူးညံ့ခြင်းပုံရိပ်မှာ ပြင်ပပုံပန်းသွင်ပြင်သာ ဖြစ်နေရုံ။ ဤဇာတ်ကောင်မှာ ဆိုးသွမ်း၍ ဉာဏ်နီဉာဏ်နက်များပြီး အပြုံးနောက်၌ လျို့ဝှက်ချက်များ ဖုံးကွယ်ထားသူဖြစ်သည်။ လူသစ်ဖြစ်သူ လီကွမ်းချီမှာ ဒီဇာတ်ကောင်အား ကောင်းမွန်စွာ သရုပ်ဖော်နိုင်မလား သူမ သေချာမသိပေ။
ပါဝင်သူအားလုံး နေရာယူလိုက်ပြီး Clapperboard မှ အချက်ပေးသံပေါ်ထွက်လာသည်နှင့် ရှန့်ချောင်က နတ်သားပုံစံ ဝတ်ဆင်ထားရင်း သီချင်းတညည်းညည်းဖြင့် ခန်းမထဲ ဝင်ရောက်လာသည်။
"မက်မွန်သီးလေးက မက်မွန်နန်းတော်ထဲနေတယ်၊ ဘယ်လောက်တောင်များ အပြစ်ကင်းလိုက်သလဲ"
ရုတ်တရက် သူမ အနံ့ရလိုက်ကာ တစ်စုံတစ်ခုအား သတိပြုမိလိုက်ဟန်ဖြင့် ကျယ်ကျယ်လောင်လောင် မေးသည်။
"ဘယ်သူလဲ?"
တခဏအကြာ ရယ်သံသဲ့သဲ့က ခေါင်းထက်မှ ပေါ်ထွက်လာသည်။
"မျောက်ကလေးက အတော်လေး သတိကောင်းသားပဲ"
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လီကွမ်းချီက ဝါယာကြိုးများ ချိတ်ဆွဲလျက်ဖြင့် ခေါင်းမိုးပေါ်မှ ပျံသန်းလာပြီးနောက် ခလုတ်တိုက်၍ ရှန့်ချောင်ရှေ့ ပြုတ်ကျသည်။
ရှန့်ချောင် - "ဖွီး....."
ဒါရိုက်တာ - "ကဒ်!!"
လီကွမ်းချီ မျက်နှာမှာ ချက်ချင်းလိုပင် နီရဲသွားရပြီး
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ သေချာမရပ်လိုက်မိဘူး"
ရှန့်ချောင် ပြုံးရင်း သူ့အား တွဲကူကာ
"နတ်ဆိုးက တအားယဉ်ကျေးလွန်းနေပါပြီ၊ ရှောင်ရှစ် လက်မခံနိုင်ပါဘူး"
လီကွမ်းချီ အလွန်အမင်း ရှက်ရွံ့သွားသည်။ ဝါယာကြိုးများ ချိန်ညှိပြီးသည်နှင့် ရှန့်ချောင် အပြင်ဘက်မှ ခန်းမထဲသို့ ပြန်ဝင်လာသည်။ ဒီတစ်ကြိမ်တွင်မူ လီကွမ်းချီက ခိုင်ခိုင်မြဲမြဲ မတ်တပ်ရပ်နိုင်သွားသည်။
သူ၏ ဇာတ်ကောင်မှာ ကမ္ဘာပေါ်တွင် အချောဆုံးသော ယောကျ်ားဖြစ်ကာ ချောမောလွန်းလှသဖြင့် နတ်သမီးများပင် သူ့အတွက် နတ်ဆိုးဖြစ်ရန် လိုလိုလားလားရှိကြသည်။ သူ့နှုတ်ခမ်းထောင့်စွန်းသို့ ကော့တက်၍ ပြုံးလိုက်လျှင် ရှန့်ချောင်၏ အမူအရာမှာ သတိရှိသည့် အသွင်အပြင်မှာ ချစ်စိတ်မွှန်သည့် အသွင်အပြင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
သူမ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ အချိန်အတော်ကြာမှသာ မေးခွန်းထုတ်သည်။
"ရှင်က ဘယ်သူလဲ?"
လီကွမ်းချီ ထပ်ပြုံးသည်။ သူ့တကိုယ်လုံး အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ သူ့မျက်ဝန်းများက အနည်းငယ် မြင့်တက်နေပုံရကာ အလွန်အမင်း ချောမောသည်။ ထိုကဲ့သို့သော အပြုံးက သူ့အား အလွန်တရာ ဆွဲဆောင်မှုရှိသွားစေသည်။
"ငါ ဘယ်သူလဲ မှန်းကြည့်လေ"
ရှန့်ချောင်မှာ သူ့အပြုံးနှင့် ညှို့ငင်ခြင်း ခံလိုက်ရသည်။ သူမမှာ မှော်ပညာအနည်းငယ်သာ တတ်သော နတ်သူငယ်မျှသာဖြစ်ပြီး နတ်ဆိုးဘုရင်၏ ဖမ်းစားခြင်းအား မည်ကဲ့သို့ ခံနိုင်ရည် ရှိပါ့မလဲ?
အူတူတူ အပြုံးဖြင့် ပြန်ဖြေသည်။
"နင့်ပုံစံက ဒီလောက် ကြည့်ကောင်းတာ၊ ဒုတိယမင်းသားဖြစ်ရမယ်"
လီကွမ်းချီ၏ အပြုံးက ပို၍ နက်ရှိုင်းလာသည်။
"ဟုတ်တယ်၊ ငါက ဒုတိယမင်းသားပဲ"
သူမ မှန်မှန်ကန်ကန် ခန့်မှန်းလိုက်နိုင်မှန်း ရှန့်ချောင် ကြားလိုက်ရလျှင် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
လီကွမ်းချီ - "မျောက်ကလေး၊ ကိုယ်တော်က ဆေးလုံးတောင်းဖို့အတွက် ပေ့သိုနန်းတော်ကို လာခဲ့တာ၊ ဒါပေမယ့် မင်းတို့နန်းတော်က လှပတဲ့မက်မွန်ပင်တွေရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတယ်၊ အခု နည်းနည်း ပင်ပန်းသွားပြီ၊ ကိုယ်တော့်ကို ကူညီပြီး နှစ်တစ်ထောင်ဆေးလုံးကို သွားယူပေးမလား?"
'ငါ ပြန်လာတဲ့ထိ စောင့်နေ' ဟု ဆိုပြီးသည်နှင့် ရှန့်ချောင် နောက်လှည့်၍ ပြေးထွက်သွားသည်။ အလှအပဖြင့် ဖြားယောင်းခံလိုက်ရကာ ရမက်မွှန်နေသည့် ဇာတ်ကောင်စရိုက်အား ရှန့်ချောင် ပီပြင်စွာ သရုပ်ဆောင်သွားသည်။
ဒါရိုက်တာက 'pass' ဟု လှမ်းအော်သည်။
မူလက လီကွမ်းချီက ဇာတ်ကောင်အား မကိုင်တွယ်နိုင်မည်ကို စိုးရိမ်ခဲ့သော်လည်း ကျုံးရှားမှ စာချုပ်ချုပ်ခံထားရသည့်သူက ဘယ်လိုများ သာမန်ဖြစ်နိုင်ပါ့မလဲ။ ထိုလူသစ်၏ သရုပ်ဆောင်ပညာအား ရှန့်ချောင် လေးစားသွားသည်။
ဒုတိယဇာတ်ဝင်ခန်းအား ရိုက်ကူးပြီးသည်နှင့် ရှန့်ချောင်က ဆေးလုံးနှင့်အတူ ပြန်ရောက်လာသည်။ လီကွမ်းချီက သူမဦးခေါင်းအား လှမ်းထိရင်း တိုးတိုးဆိုသည်။
"မင်းက သိပ်လိမ္မာတာပဲ မျောက်ကလေး၊ နောက်တစ်ခေါက်ကျ ကောင်းကောင်းဆုချမယ်"
ထိုစကားပြောပြီးသည်နှင့် သူက ဆောင့်ကြောင်ထိုင်လိုက်ကာ ကြောင်တစ်ကောင် ဝပ်နေဟန်က စကရင်ထက်မှ ဖြတ်ပြေးသွားသည်။
နောက်ပိုင်းအခန်းများတွင် ပို၍ ခက်ခဲလာမည်ဟု တွေးတောကာ ရှန့်ချောင် ရယ်ချင်စိတ်အား ထိန်းချုပ်လိုက်သည်။ ဒါရိုက်တာက ဒီအခန်းကို တခါတည်း ရိုက်ကူးပြီးစီးလိုသည်။ ရှန့်ချောင် ကုတင်ဆီပြေးသွားကာ တုံးအသည့်အပြုံးဖြင့် လဲလျောင်းနေရင်း ယခုလေးတင်မှ ဒုတိယမင်းသားနှင့် ကြုံတွေ့ခဲ့ပုံအား အပြုံးဖြင့် ပြန်ပြောင်းတွေးတောနေစဉ် အရံသရုပ်ဆောင်က ဒါရိုက်တာ၏ လက်ဟန်အတိုင်း လိုက်နာကာ ပြေးဝင်လာသည်။
သူ ချက်ချင်းပင် တံခါးဆွဲဖွင့်ကာ ကုတင်ဆီပြေးလာသည်။
"စန်းရှစ်၊ မင်း ဆေးစပ်ခန်းထဲက နှစ်တစ်ထောင်ဆေးလုံးကို ယူသွားတာလား?"
ရှန့်ချောင် ထိတ်လန့်တကြား အော်ဟစ်ကာ ချက်ချင်းဆိုသလို စောင်ကို ခပ်တင်းတင်းဆွဲခြုံရင်း ကုတင်ထောင့်နားဆီ နောက်ဆုတ်သွားကာ သနားစဖွယ် မျက်နှာအမူအရာ ပြုလုပ်သည်။
"ရှစ်ရှုန်း စန်းဝမ်ကို မုန်းလိုက်တာ၊ မိန်းကလေးတစ်ယောက် အခန်းထဲကို တံခါးမခေါက်ပဲ ဘယ်လိုများ ဝင်နိုင်ရတာလဲ? ဘယ်လိုများ ဒီလောက်ထိ ရိုင်းရတာလဲ? ငါ အကျီမဝတ်ထားရင် ဘယ်လိုလုပ်မလဲ? ငါက အခုထိ မျောက်နုနုထွတ်ထွတ်လေး ရှိသေးတာ... နင် ငါ့ရဲ့ အပြစ်ကင်းတဲ့ ခန္ဓာကိုယ်ကို မြင်သွားရင် ဘယ်လိုများ လက်ထပ်ရပါတော့မလဲ? အပြင်ထွက်.... ဟားဟားဟား.... ငါ လုပ်လို့ မရတော့ဘူး ဒါရိုက်တာ.... ဒီစာသားက တအားပိန်းလွန်းတယ်!!"
ရှန့်ချောင်ခမျာ သူမဘာသာ ရယ်မောရလွန်းသဖြင့် မေ့မျောခါနီးနီးပင်။
ဒါရိုက်တာ - ".........."
ဇာတ်ညွှန်းဆရာ - ".........."
*****
ဒီရက်ထဲ ဆေးတွေ သောက်နေတာနဲ့ တန်းအိပ်ပျော်သွားလို့ ဒီနေ့မှ ပြန်တင်ရတယ်။ ပိတ်ရက်မှ ပိုတင်ပေးမယ်နော် 💙
****
{Zawgyi}
အပိုင္း ၁၁၉
ဝန္ထမ္းမ်ား ကင္မရာေနရာ ခ်ိန္ညႇိေနစဥ္တြင္ ရွန့္ေခ်ာင္က တင္းက်န္အား သူမအတြက္ ေရခဲထုပ္ ႏွစ္ထုပ္ သြားဝယ္ေစသည္။
လက္ရွိရိုက္ကူးၿပီးသည့္ ဇာတ္ဝင္ခန္းႏွစ္ခန္းတြင္ သူမက အရံသ႐ုပ္ေဆာင္၏ ေမးေစ့အား ဦးေခါင္းႏွင့္ တိုက္ခဲ့သလို အရံသ႐ုပ္ေဆာင္ထံမွ တန္ျပန္ရိုက္ခတ္လာမွုလည္း ခံခဲ့ရသည္။ အားမမ်ားလွေသာ္လည္း ဒဏ္ရာမွာ အလုံးစုံ သက္သာေသးသည္မဟုတ္။ အခုလက္ရွိတြင္ အနည္းငယ္ နာက်င္ကိုက္ခဲေနသည္မို႔ ရွန့္ေခ်ာင္အေနျဖင့္ အရင္ဆုံး ေရခဲကပ္ထား႐ုံသာ တတ္နိုင္သည္။
တင္းက်န္က ဦးေခါင္းကို ထိန္းကိုင္၍ ေရခဲကပ္ေနၿပီး စိုးရိမ္တႀကီး ေရရြတ္ေနသည္။
"ဒဏ္ရာပြင့္သြားလို႔ မရဘူး၊ ရက္နည္းနည္းေလာက္ ေနာက္ဆုတ္ၿပီးမွ ရိုက္ကြင္းလာလိုက္ရမွာ၊ တစ္ခုခုသာ မွားသြားရင္ ေဟာ့ရွီး ငါ့ကို က်ိန္းေသေပါက္ အေသရိုက္သတ္မွာ"
ရွန့္ေခ်ာင္ သူမထံ မ်က္ေစာင္းထိုးလိုက္သည္။
"ဒါကို သူ႔ကို မေျပာျပရဘူး! နင္ Anti fan မလုပ္နဲ႔!"
တင္းက်န္ - ".........."
ထိုအျခင္းအရာအား ဒါရိုက္တာ လွမ္းျမင္သြားၿပီး သူမထံ လွမ္းလာကာ ေမးသည္။
"ေရွာင္ေခ်ာင္၊ မင္း ေခါင္း အဆင္ေျပရဲ့လား?"
ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ပင္ လက္ေဝွ႕ရမ္းလိုက္သည္။
"အဆင္ေျပတယ္၊ အဆင္ေျပတယ္"
ဒါရိုက္တာ - "မင္းသ႐ုပ္ေဆာင္တာက ငါ ေမၽွာ္မွန္းထားတာထက္ေတာင္ ပိုေသးတယ္၊ ဒီပုံစံအတိုင္းသာဆိုရင္ ဇာတ္ဝင္ခန္းက ဘာျပႆနာမွ မရွိဘူး၊ ငါတို႔ ဒီည အခန္းအတြက္ မေလာပဲ ေနာက္ဆုံးခန္းကို ေအးေဆး ရိုက္ၾကတာေပါ့"
သူ က်န္းမင္ဆီ လွည့္ကာ လွမ္းေျပာသည္။
"ဝတ္စုံလဲစရာမလိုေတာ့ဘုး၊ ငါတို႔ ေရွာင္ေခ်ာင္နဲ႔ ရိုက္ၿပီးရင္ ၿပီးၿပီ"
ဝန္ထမ္းမ်ားအားလုံးမွာ တက္ႂကြေနၾကသည္။ မည္သို႔ပင္ဆိုေစ ပင္ပန္းခဲ့ရသည့္ ေန႔တစ္ေန႔ျဖစ္ကာ အဓိကအမ်ိဳးသမီးဇာတ္ေဆာင္မွာလည္း NG မ်ားမရွိ။ အရာအားလုံး အဆင္ေခ်ာေမြ႕လ်က္ရွိကာ သူတို႔အားလုံး ထိုေန႔အတြက္ ၿပီးဆုံးၿပီဟု ဆုံးျဖတ္ကာ ေစာေစာအနားယူနိုင္ေပမည္။
အရံသ႐ုပ္ေဆာင္က ေနရာယူၿပီးျဖစ္သည္။ ေရခဲအိတ္အား ယူသြားရန္ တင္းက်န္အား ရွန့္ေခ်ာင္ ေျပာလိုက္သည္။ မိတ္ကပ္ဆရာက သူမအတြက္ ဆံပင္အုပ္အား ေနရာခ်ိန္ညႇိေပးလာၿပီးေနာက္ ခပ္ျမန္ျမန္ စတင္သည္။
ေနရာတြင္ ရပ္ကာ clapperboard ရိုက္သံအား ေစာင့္စားၿပီးေနာက္ ေမးေစ့အား ရွန့္ေခ်ာင္မွ ေခါင္းျဖင့္ တိုက္ခဲ့သူ အရံသ႐ုပ္ေဆာင္က ခန္းမအတြင္းမွ ေဒါသတႀကီး ထြက္လာကာ လွမ္းေအာ္သည္။
"ေထာင္ဟြားရွစ္!! မင္း ထြက္လာခဲ့စမ္း!!"
ရွန့္ေခ်ာင္ လည္တိုင္ကို က်ဳံ႕ကာ သူမမ်က္ႏွာေပၚတြင္ ျပႆနာရွာၿပီးေနာက္ စာရင္းရွင္းခံရေတာ့မည္ကို စိုးရိမ္ေနသည့္ အမူအရာ ေပၚေပါက္လာသည္။ သူ မ်က္လုံးလွိမ့္လိုက္ကာ အရာအားလုံးကို ျခဳံငုံသုံးသပ္ၿပီးေနာက္ ျပန္လွည့္လာကာ ၿခိမ္းေျခာက္သည္။
"သ႑ာန္ေျပာင္းေဆးလုံးကို ခိုးသြားၿပီ! ခဏေနျပန္လာၿပီး သန့္ရွင္းေရးလုပ္ေပးမယ္!"
ထို႔ေနာက္ မဲ့ျပဳံးတစ္ခ်က္ျဖင့္ သူမ တံခါးဝမွ ေျပးထြက္သြားသည္။
အရံသ႐ုပ္ေဆာင္မွာ တံခါးရွိရာဆီ ေလၽွာက္သြားၿပီးျဖစ္ကာ သူမေခါင္းထြက္ေပၚေနသည္ကို ျမင္လၽွင္ သူမဘက္မွ စကားမဆိုနိုင္ခင္မွာပင္ ရွန့္ေခ်ာင္အား ဖမ္းဆြဲ၍ ဖိနပ္ခၽြတ္ခုံေပၚ တြန္းခ်ကာ ႀကိဳတင္၍ အဝတ္အိတ္ခံထားၿပီးျဖစ္သည့္ သူမတင္ပါးကို ခပ္ဆတ္ဆတ္ရိုက္သည္။
"ဒီ လက္ေဆာ့တဲ့ ေမ်ာက္! ငါ့ကို လွည့္ကြက္ေတြ မလုပ္နဲ႔လို႔ မင္းကို ေျပာထားတယ္မလား? ဒီတစ္ေခါက္ ေကာင္းေကာင္းမဆုံးမရင္ ေပ့သိုနန္းေတာ္ကို မင္းက အရွက္ရစရာေတြ ယူလာေပးေတာ့မွာ၊ ဆရာသခင္က ၾကင္နာတတ္ၿပီး မင္းကို အျပစ္မေပးခ်င္တာနဲ႔ပဲ မင္းက ေလၽွာက္သြားၿပီး ျပႆနာရွာေတာ့တာပဲ၊ ငါ မင္းကို ဒီေန႔ သင္ခန္းစာေကာင္းေကာင္း ေပးမယ္!!"
ရွန့္ေခ်ာင္ က်ယ္က်ယ္ေလာင္ေလာင္ေအာ္ဟစ္ေနရင္း ႐ုန္းကန္သည္။
"ရွစ္ရွုန္း စန္းကၽြယ္က ငါ့ကို အထင္ေသးေနၿပီ! ေလာင္ရွစ္ ငါ့ကို ကယ္ပါဦး! ရွစ္ရွုန္း စန္းခ်င္း၊ စန္းက်င္း နဲ႔ စန္းဝမ္၊ စန္းရွစ္ကို လာကယ္ပါဦး!! စန္းရွစ္ေတာ့ စန္းကၽြယ္ရဲ့ လက္ထဲမွာ ေသရေတာ့မွာပဲ!! ဝူးးး!! မတရားဘူးး!!! လူကို သတ္ေနပါတယ္!!"
အရံသ႐ုပ္ေဆာင္၏ မ်က္ႏွာမွာ တြန့္လိမ့္ေနကာ ရယ္ခ်င္စိတ္ကို ခ်ဳပ္ထိန္းထားေနရၿပီး ရွန့္ေခ်ာင္မွာ ဆက္လက္ေအာ္ဟစ္ေနဆဲျဖစ္ကာ ေနာက္ဆုံးတြင္ ထိုသူခမ်ာ မထိန္းနိုင္ပဲ ရယ္ေမာမိလာသည္။
ရိုက္ကြင္းေပၚရွိ လူတိုင္း ရယ္ေမာေနၾကသည္၊ ဒီဇာတ္ဝင္စကားက အလြန္အမင္း ရယ္ရႊင္ဖြယ္ေကာင္းလွသည္။ ရွန့္ေခ်ာင္မွာ ေျခနင္းခုံေပၚတြင္ လဲေလ်ာင္းရင္း ေအာ္ဟစ္ေနရင္းပင္ ရယ္ေမာလာသည္။ ရယ္ေမာျခင္းကား ကူးစက္လြယ္သည္။ ရိုက္ကြင္းတစ္ခုလုံး ရယ္ေမာလြန္းရသျဖင့္ ႐ူးႏွမ္းသြားေတာ့မလိုပင္။
အရံသ႐ုပ္ေဆာင္ အရယ္ရပ္လိုက္ၿပီးေနာက္ အလၽွင္အျမန္ဆိုလာသည္။
"ငါ ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္၊ ငါ့အျပစ္ပါ၊ ေက်းဇူးျပဳၿပီး ထပ္လုပ္ရေအာင္"
ထိုသို႔ျဖင့္ ေနာက္တစ္ႀကိမ္ ျပန္ရိုက္သည္။
ရွန့္ေခ်ာင္ သူမစာသားမ်ားအား ေရရြတ္ၿပီးသည္ႏွင့္ ရွန့္ေခ်ာင္က စကားလုံးအနည္းငယ္မၽွ ေအာ္ငိုလိုက္သည္။ တြဲဖက္သ႐ုပ္ေဆာင္က သူမအား ေျမႀကီးေပၚ ပစ္ခ်ကာ နာက်င္သည့္မ်က္ႏွာျဖင့္ ဆိုလာသည္။
"ငါ မင္းကို ႏွစ္ခ်က္ေလာက္ ရိုက္လိုက္တာနဲ႔ပဲ မင္းအသက္ကို သတ္ေနတယ္ ျဖစ္သြားေရာလား? ငါ ဘာလို႔ မင္းကို အထင္ေသးရမွာလဲ? ငါ မင္းဆီက ဘာခ်မ္းသာျခင္းမ်ား ခိုးေနလို႔လဲ? မင္းကို ဘယ္လို ရိုေသေလးစားရမွာလဲ? ေလာကမွာ အမွန္တရား သုံးပါးရွိတယ္၊ ရိုးသားမွု၊ ႏွိမ့္ခ်မွုနဲ႔ မွန္ကန္မွု၊ ငါ့ကို ေျပာစမ္းပါဦး မင္းဆီမွာ ဘယ္တစ္ခုမ်ား ရွိလဲ?"
ရွန့္ေခ်ာင္ ေျမျပင္ေပၚ လဲေလ်ာင္းကာ ရွိုက္ငိုရင္း ဆိုသည္။
"အမွန္တရားမဟုတ္ဘူး၊ ပန္းပြင့္ေတြ အလကား ျဖစ္ကုန္တာ"
အရံသ႐ုပ္ေဆာင္မွာ ေဒါသထြက္လြန္းသျဖင့္ လက္ေျမႇာက္ကာ သူမအား ရိုက္ျပန္သည္။ ရွန့္ေခ်ာင္ ခ်က္ခ်င္းပင္ မ်က္ႏွာအား အုပ္ကာလိုက္ကာ က်ယ္ေလာင္စြာ ေအာ္ဟစ္သည္။
"အမွန္တရား၊ အမွန္တရား... နင္ေျပာတာကသာ အမွန္တရား... ဆရာက ဘယ္အရာမဆို အမွန္တရားနဲ႔ ေဆာင္ရြက္နိုင္တယ္၊ ႏွစ္၊ သုံး၊ ေလး ဘာအသံျဖစ္ျဖစ္ ငါ ထပ္မလုပ္ေတာ့ဘူး!"
ထို႔ေနာက္ တြဲဖက္သ႐ုပ္ေဆာင္၏ ခႏၶာကိုယ္မွာ အၾကမ္းပတမ္းလွုပ္ခါလာကာ သူ႔မ်က္ႏွာမွာ ျဖဴတဝက္၊ ျပာတဝက္ျဖစ္လာကာ နဖူးထက္တြင္ ဖိႏွ္ပ္ထားပုံရသည့္ ေသြးေၾကာမ်ား ေပၚေပါက္လာသည္။
ရွန့္ေခ်ာင္ မ်က္ေတာင္ခတ္လိုက္ကာ ခပ္ျမန္ျမန္ထရပ္လိုက္ၿပီး စိုးရိမ္စိတ္ျဖင့္ ေမးျမန္းသည္။
"ရွစ္ရွုန္း စန္းကၽြယ္ နင္ ဘာလို႔ ဒီေလာက္ ႐ုပ္ဆိုးေနရတာလဲ? ဒဏ္ရာရထားတာလား?"
သူက တုန္ယင္ေနသည့္ ႏွုတ္ခမ္းအစုံကို ပြင့္ဟလာကာ စကားႏွစ္လုံး ေရရြတ္သည္။
"အတြင္းဒဏ္ရာ"
ထိုစကားကို ၾကားသည္ႏွင့္ ရွန့္ေခ်ာင္က သူ႔အား တြဲကူလာသည္မွာ သူ႔ကိုယ္သူ မထူမတ္နိုင္ပဲ ေမ့ေမ်ာသြားမည္ကို စိုးရိမ္ေနဟန္ျဖင့္ အေလးအနက္ဆိုလာသည္။
"ရွစ္ရွုန္း၊ ျမန္ျမန္ အထဲဝင္ၿပီး ထိုင္လိုက္၊ ေရွာင္ရွစ္က နင့္အတြက္ အခုပဲ ေဆးလုံးသြားယူေပးမယ္၊ ေပ့သိုနန္းေတာ္က နင္မရွိလို႔ မျဖစ္ဘူး!"
သ႐ုပ္ေဆာင္၏ ခႏၶာကိုယ္မွာ ႐ုတ္တရက္တုန္ခါလာကာ ေခါင္းလွည့္၍ မ်က္ဝန္းထဲ မ်က္ရည္ဝဲလ်က္ သူမထံ လွည့္ၾကည့္လာသည္။
ရွန့္ေခ်ာင္မွာ အျပစ္ကင္းသည့္ မ်က္ႏွာအမူအရာျဖင့္ ဆက္လက္မ်က္ေတာင္ခတ္ေနဆဲျဖစ္ကာ
"ရွစ္ရွုန္း၊ ေက်းဇူးတင္စကား ေျပာဖို႔ မလိုပါဘူး၊ ငါတို႔က ဂိုဏ္းတူတူပဲကို၊ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ခင္ရမွာေပါ့၊ ရွစ္ရွုန္းက ပုံမွန္ဆို ၾကမ္းတမ္းၿပီး စိတ္ရွုပ္ဖို႔ေကာင္းေပမယ့္ လူႀကီးေတြက လူဆိုးေတြရဲ့အျပစ္ေတြကို မွတ္မထားပါဘူး၊ ေရွာင္ရွစ္လည္း နင္နဲ႔ ၿပိဳင္မျငင္းပါဘူး"
သူမ ေျပာၿပီးသည္ႏွင့္ ဇာတ္ရံျဖစ္သူမွာ ဆက္လက္ထိန္းမထားနိုင္ေတာ့ပဲ ေျမႀကီးေပၚ 'ဘန္း' ခနဲ ျမည္သံျဖင့္ ျပဳတ္က်သြားသည္။
"ရွစ္ရွုန္း!! နင္ ဘာမွ ျဖစ္လို႔ မရဘူး!!"
သူမ ေအာ္ရင္း အနားေျပးသြားသည္။ ဇာတ္ရံျဖစ္သူက ႏွုတ္ခမ္းလွုပ္လာသည္။ ရွန့္ေခ်ာင္ ဂ႐ုတစိုက္ျဖင့္ သူမနားကို သူ႔ႏွုတ္ခမ္းအနီး တိုးကပ္လိုက္လၽွင္ သူ႔ထံမွ တိုးညႇင္းသည့္ စကားသံအား ၾကားလိုက္ရသည္။
"မင္းကို ေတြ႕တာ.... အႀကီးဆုံး...."
"ဝူးးးးးးးးးးးးးးးးးးးးးး ငါသိပါတယ္၊ အႀကီးမားဆုံး ဂုဏ္သေရရွိမွုပဲမလား?"
ရွန့္ေခ်ာင္က ငိုရွိုက္ရင္း သူ႔ေနာက္မွ စကားဆက္သည္။ ထိုအခ်ိန္၌ အရံသ႐ုပ္ေဆာင္ျဖစ္သူမွာမူ မ်က္လုံးလိမ့္ကာ မ်က္စိပိတ္လိုက္ၿပီး လုံးဝဥႆုံ ေမ့ေမ်ာသြားေလၿပီ။
ဒါရိုက္တာက ေဘးဘက္မွ လွမ္းေအာ္သည္။
"ကဒ္!! ၿပီးၿပီ! ဒီေန႔ ရိုက္ကြင္းသိမ္းရေအာင္!"
ရွန့္ေခ်ာင္ ခ်က္ခ်င္းပင္ အရံသ႐ုပ္ေဆာင္အား ေျမႀကီးမွ တြဲထူလိုက္ကာ ပူပန္စြာ ေမးသည္။
"နင္ တေနရာရာမ်ား ထိခိုက္မိေသးလား?"
ဇာတ္ရံျဖစ္သူက ထပ္ခါတလဲလဲ လက္ယမ္းျပလာသည္။
"မထိဘူး၊ မထိဘူး၊ ေက်းဇူးတင္ပါတယ္ ေရွာင္ေခ်ာင္ေလာင္ရွစ္"
တင္းက်န္မွ ေဘးဘက္မွ ၾကည့္ေနျခင္းျဖစ္ၿပီး ရယ္ေမာရလြန္းသျဖင့္ ေသေတာ့မလို႔။ သူမထံ ေရလွမ္းေပးရင္း
"ဇာတ္ညႊန္းဆရာကလည္း တကယ့္လူပဲ၊ နင္သာ ဒီလို ဉာဏ္ႏုံတဲ့ စာသားသုံးရင္ ဒီဒရာမာက က်ိန္းေသေပါက္ ေအာင္ျမင္မွာ!"
ရွန့္ေခ်ာင္ - "......"
ရိုက္ကြင္းပထမဆုံးေန႔မွာ ေအာင္ျမင္စြာ ၿပီးဆုံးသြားသည္။ ရွန့္ေခ်ာင္မွာ လူတိုင္း၏အျမင္တြင္ ေကာင္းမြန္သည့္ ထင္ျမင္ခ်က္မ်ား ခ်န္ထားခဲ့နိုင္သည္။ လက္တေလာ ပ်ံ႕ႏွံ့ေနသည့္ ျပန္ေပးဆြဲျခင္း အမွုကိစၥမွာ သူမအေပၚ ဆိုးရြားသည့္ သက္ေရာက္မွုအခ်ိဳ႕ ရွိခဲ့သည္။ Anti fan မ်ား၏ စကားအရ နင္က တဖက္လူကို ျပန္ေပးဆြဲဖို႔ ေတြးေတာေစမိရင္ နင့္ရဲ့ ကိုယ္ရည္ကိုယ္ေသြးက ဘယ္လိုေတာင္ ရိုးရွင္းနိုင္ပါ့မလဲ? ယေန႔ေခတ္လူမွုအသိုင္းအဝိုင္းအတြင္းတြင္ နစ္နာသူအား အျပစ္တင္တတ္သည့္ အေတြးအေခၚမ်ိဳး ရွိတတ္ကာ ထိုအတြက္ ဘာမွ လုပ္နိုင္သည္မ်ိဳးမဟုတ္။
သို႔ရာတြင္ ယေန႔ည ရိုက္ကူးခဲ့သည့္ ဇာတ္ဝင္ခန္းမ်ားတြင္ ရွန့္ေခ်ာင္က သူမ၏ သ႐ုပ္ေဆာင္ပညာကို ေအာင္ျမင္စြာ အသုံးခ်၍ လူတိုင္း၏ သူမအေပၚ အျမင္အား ေျပာင္းပစ္နိုင္ခဲ့သည္။ လူအမ်ားစုအျမင္ကို နားေယာင္ေလ့ရွိေသာ္လည္း အမွန္၊ အမွားပိုင္ျခားမွုတြင္မူ မိမိကိုယ္တိုင္သာ ဆုံးျဖတ္ရေပမည္။
ဝန္ထမ္းတစ္ေယာက္ခ်င္းစီအား ႏွုတ္ဆက္ၿပီးေနာက္ တင္းက်န္ႏွင့္ ဖန္းပိုင္က ေဘးမွ အေဖာ္ျပဳ၍ သူမအား ဟိုတယ္သို႔ ျပန္ပို႔သည္။ တင္းက်န္မွာ စိုးရိမ္ႀကီးလ်က္ရွိၿပီး ေဆး႐ုံေခၚသြား၍ စစ္ေဆးလိုေသာ္လည္း ရွန့္ေခ်ာင္က ျငင္းဆန္သည္။
ရိုက္ကြင္းသို႔ လာေရာက္ပူးေပါင္းသည့္ ပထမဆုံးေန႔တြင္ သူမ ေဆး႐ုံသို႔ သြားေရာက္ခဲ့ေၾကာင္း ဓါတ္ပုံရိုက္ခံခဲ့ရလၽွင္ ဘယ္လိုေၾကာင္သူေတာ္ဆန္သည့္ မွတ္ခ်က္မ်ိဳး ထြက္လာေလမလဲမသိ။ သူမ ဟိုတယ္ျပန္ကာ ေရခ်ိဳးမည့္အခ်ိန္မွာပင္ ေဟာ့ရွီးထံမွ ဖုန္းဝင္လာသည္။
ေဟာ့ရွီးက သူမ ယေန႔ ရိုက္ကြင္းဝင္မည္ျဖစ္ေၾကာင္း သိထားၿပီးျဖစ္ကာ သူမ၏ ဒဏ္ရာ မေပ်ာက္ကင္းေသးမည္ကို စိုးရိမ္သည္မို႔ အေျခအေနအား ေမးျမန္းသည္။ ရွန့္ေခ်ာင္ ေခါင္းကိုက္ေနေၾကာင္း မေျပာျပေသာ္လည္း အျခားအေၾကာင္းအရာအား သူ႔ထံ ခၽြဲႏြဲ႕၍ ေျပာျပလာသည္။
"ဇာတ္ညႊန္းက တအားရယ္ရတာပဲ၊ ငါ တခ်ိန္လုံး ရယ္ခ်င္ေနတာ"
ေဟာ့ရွီး - "ဟာသဇာတ္ညႊန္းထဲမွာေရာ အနမ္းခန္း ပါေသးလား?"
ရွန့္ေခ်ာင္ - "......."
နင့္ရဲ့ အာ႐ုံစိုက္ရာက လြဲမွားေနၿပီေနာ္။
ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ပင္ ေခါင္းစဥ္ေျပာင္းလိုက္သည္။
"ေဟာ့ရွီး၊ ဒီေန႔ နင့္ကိုယ္နင္ vote ၿပီးၿပီလား?"
ေဟာ့ရွီး - ".........."
ရွန့္ေခ်ာင္ လွိုက္လွိုက္လွဲလွဲဆိုသည္။
"အေကာင့္ထဲဝင္ဖို႔ မေမ့နဲ႔၊၊ ပြိဳင့္ေတြ မ်ားမ်ားရေအာင္ မနက္တိုင္း ၆နာရီဆို အေကာင့္ထဲ ဝင္ဖို႔ သတိရေနာ္၊ ပြိဳင့္တစ္ခုစီတိုးတိုင္း နာမည္ႀကီးလာဖို႔ အေထာက္အကူျပဳတယ္"
ေဟာ့ရွီး - ".........."
ရွန့္ေခ်ာင္ စပီကာဖြင့္လိုက္ၿပီးေနာက္ weibo ထဲ တစ္ခ်က္ဝင္ၾကည့္ကာ ခ်က္ခ်င္းပင္ ေရရြတ္လာသည္။
"ဘုရားေရ... Super topic ranking က ဒုတိယေနရာကို က်သြားၿပီ! က်ိန္းေသေပါက္ ဝင္ၾကည့္ရပါမယ္ဆို!"
ေဟာ့ရွီး - "မင္း စကားလမ္းေၾကာင္း လႊဲေနတာလား?"
ေဟာ့ရွီးက အလုပ္ႏွင့္ ကိုယ္ေရးကိုယ္တာအၾကားရွိ ကြဲျပားျခားနားမွုကို ရွင္းလင္းၿပီး အနမ္းခန္းႏွင့္ ပတ္သက္၍ ဆက္လက္ မေမးေတာ့ေခ်။ သူမက်န္းမာေရးကို ဂ႐ုစိုက္ရန္ သတိေပးလာၿပီး ေနထိုင္မေကာင္းေၾကာင္း ခံစားမိသည္ႏွင့္ ေဆး႐ုံသို႔ သြားရန္ပါ ဆိုလာသည္။ သူ ေက်ာင္းေရာက္ခါနီးအခ်ိန္က်မွပင္ ရွန့္ေခ်ာင္က တြန့္ဆုတ္ တြန့္ဆုတ္ျဖင့္ ဖုန္းခ်လိုက္သည္။ ဟူး..... အေဝးေရာက္ခ်စ္ျခင္းေတြက မလြယ္ကူလိုက္တာ...။
ကြဲျပားတဲ့ေနရာေဒသက ခ်စ္ျခင္းေတြက ပိုလို႔ေတာင္ နာက်င္ရေသးတယ္...။
ေနာက္တစ္ေန႔မနက္ေစာေစာတြင္ ရွန့္ေခ်ာင္ႏွင့္ က်န္းမင္က အတူတကြ မနက္စာစားသည္။ ဒါရိုက္တာက သူမရိုက္ရမည့္အခန္းမ်ားအား ဦးစားေပး ရိုက္ကူးလိုၿပီး လာမည့္အခ်ိန္ပိုင္းမ်ားတြင္ သူမက အေရးႀကီးဆုံးေသာ ဇာတ္ဝင္ခန္းမ်ားအား သ႐ုပ္ေဆာင္ရမည္ျဖစ္သလို က်န္းမင္ႏွင့္ အမ်ားဆုံး တြဲဖက္သ႐ုပ္ေဆာင္ရမည္လည္း ျဖစ္သည္။ သူမ ေပါက္စီစားေနခ်ိန္တြင္ က်န္းမင္က ဆိုလာသည္။
"မေန႔ညက ငါ့ေအးဂ်င့္က စၿပီး သတင္းလႊင့္ေတာ့မယ္လို႔ ေျပာလာတယ္၊ မင္းနဲ႔ ငါ့ၾကားက သတင္းအေနနဲ႔"
ရွန့္ေခ်ာင္မွာ စားလက္စေပါက္စီပင္ ေထြးထုတ္လုနီးနီးပင္။
"မျဖစ္ဘူး!!"
က်န္းမင္ ျပဳံးရင္း
"႐ုပ္ရွင္ရိုက္တဲ့ခ်ိန္ ပုံမွန္လုပ္ရိုးလုပ္စဥ္ပဲေလ၊ ဖန္ေတြကို ရိုက္ကြင္းလာၾကည့္ဖို႔ စီစဥ္ေပးၿပီး အခ်ိန္ခဏေလာက္ၾကာမွ ျငင္းခ်က္ထုတ္ၿပီး ေျဖရွင္းၾကတာေပါ့၊ လက္တေလာ costume drama ေတြ ရိုက္တာမ်ားေနေတာ့ ေက်ာ္ၾကားမွုက မလုံေလာက္ဘူးေလ"
ရွန့္ေခ်ာင္က အဆက္မျပတ္ ေခါင္းခါလာသည္။
"မရဘူး၊ မရဘူး... မရဘူး"
က်န္းမင္ က သူမအား စိုက္ၾကည့္သည္။
"မင္း ငါနဲ႔ ပတ္သက္ၿပီး ျပႆနာရွိလို႔လား?"
ရွန့္ေခ်ာင္ - "မရွိဘူး!"
က်န္းမင္ - "ဒါဆို မင္းက ေဟာ့ရွီးနဲ႔ ရွန္ကၽြင့္ယီးတို႔နဲ႔က် သတင္းထြက္လို႔ရၿပီး ငါနဲ႔ သတင္းျဖန့္ဖို႔ ျငင္းေနတာလဲ?"
ရွန့္ေခ်ာင္ - "........"
သူမ ပါးစပ္ထဲရွိ ေပါက္စီကို ခက္ခက္ခဲခဲ မ်ိဳခ်လိုက္ၿပီး
"ငါ အတင္းအဖ်င္းေတြၾကားထဲ တခ်ိန္လုံး ပတ္သက္ေနတယ္လို႔ နက္တစ္ဇင္ေတြကို မျမင္ေစခ်င္ဘူး၊ ဘာလို႔ ငါတို႔ ညီအစ္ကိုလို႔ သတင္းမလႊင့္တာလဲ?"
က်န္းမင္ - "ဉာဏ္ရည္နိမ့္တဲ့သူနဲ႔ ငါ ညီအစ္ကို မျဖစ္ခ်င္ဘူး"
(T/N: သူတို႔ရိုက္ေနတဲ့ကားမွာ ရွန့္ေခ်ာင္က အူတူတူ အတတပုံစံ သ႐ုပ္ေဆာင္ထားတာပါ)
ရွန့္ေခ်ာင္ - " ??? "
သူ႔မ်က္ႏွာကို ေပါက္စီနဲ႔ ပစ္ေပါက္ခ်င္စိတ္ပင္ ေပါက္လာရသည္။
ရိုက္ကြင္းသို႔ သြားရာလမ္းတြင္ ရွန့္ေခ်ာင္ ေပ့မင္းဖန္ဆီ ဖုန္းေခၚလိုက္ကာ စုံတြဲသတင္းလႊင့္မည့္ အစီအစဥ္ကို ယတိျပတ္ျငင္းဆန္သည္။ သူမထံမွ ခါးခါးသီးသီးျငင္းဆိုခ်က္ကို ျမင္လၽွင္ ေပ့မင္းဖန္မွာ ေရြးခ်ယ္စရာမရွိပဲ အျခားေခါင္းစဥ္မ်ားအား အသုံးျပဳ၍ လူစိတ္ဝင္စားေစရန္ လွုံ႔ေဆာ္ရန္ ေတြးေတာရေတာ့သည္။ ထိုအခါမွသာ ရွန့္ေခ်ာင္ စိတ္ေအးသြားရသည္။
ေနာက္ဆုံးတစ္ေခါက္ ရွန္ကၽြင့္ယီးႏွင့္ သတင္းထြက္ခဲ့စဥ္က ေဟာ့ရွီး ေလယာဥ္ေပၚပင္ မတက္ခဲ့ေပ။ သူက ျပန္လွည့္လာခဲ့ၿပီး သူမအား နံရံေပၚ ဖိကပ္ကာ နမ္းရွိုက္ခဲ့သည္။ ဒီတစ္ေခါက္ က်န္းမင္နဲ႔သာ သတင္းလႊင့္ခဲ့ရင္ သူမ တကယ္ကို ေျခေထာက္ အျဖတ္ခံရေလာက္သည္။
ရိုက္ကြင္းသို႔ ေရာက္ရွိခ်ိန္တြင္ ဒါရိုက္တာမွာ ေရာက္ႏွင့္ေနေလၿပီ။ သူ၏ အလုပ္အေပၚ အေလးအနက္ထားရွိမွုမွာ စကားအျဖစ္သာ မဟုတ္ရေခ်။ ရွန့္ေခ်ာင္ လာသည္ကို ျမင္သည္ႏွင့္ သူမအား လွမ္းေခၚကာ ဇာတ္ေၾကာင္းအား ရွင္းျပလာသည္။
ဝန္ထမ္းမ်ား အခ်ိန္မွန္ေရာက္ရွိလာကာ သက္ဆိုင္ရာဌာနအားလုံး အဆင္သင့္ျဖစ္ခ်ိန္တြင္ ဒါရိုက္တာက ဒုတိယမင္းသားအား ေခၚ၍ ေနရာယူေစသည္။
ဒုတိယမင္းသားျဖစ္သူမွာ ရွန့္ေခ်ာင္ကဲ့သို႔ပင္ က်ဳံးရွားမွ ျဖစ္သည္။ သူကား လူသစ္တစ္ဦးျဖစ္ကာ နာမည္မွာ လီကြမ္းခ်ီျဖစ္သည္။ လီကြမ္းခ်ီမွာ မေန႔ကတည္းက ရွန့္ေခ်ာင္အား ႏွုတ္ဆက္စကားဆိုၿပီးျဖစ္ေသာ္လည္း သူ၏ ပထမဆုံးတြဲဖက္သ႐ုပ္ေဆာင္ရမည့္ ဇာတ္ဝင္ခန္းမတိုင္ခင္ သူမထံ ေျပးလာျပန္ကာ
"စီနီယာအစ္မ ေရွာင္ေခ်ာင္၊ ခဏေနက်ရင္ ကၽြန္ေတာ့္ကို သင္ျပေပးပါဦး"
ရွန့္ေခ်ာင္ ျပဳံးလိုက္ရင္း
"သင္ၾကားတယ္လို႔ ေျပာလို႔ မရပါဘူး၊ ငါတို႔ အတူအေကာင္းဆုံး ႀကိဳးစားရေအာင္"
လီကြမ္းခ်ီက ရွက္ရွက္ရြံ႕ရြံ႕ျဖင့္ ေခါင္းကုတ္လာၿပီး ထိုအမူအရာမွာ သူသ႐ုပ္ေဆာင္ရမည့္ ဇာတ္ေကာင္ေနရာျဖစ္သည့္ နတ္ဆိုးဘုရင္ ေမာ့လင္၏ စရိုက္ႏွင့္ ဆန့္က်င္ဘက္ျဖစ္သည္။
နတ္ဆိုးဘုရင္အေနျဖင့္ ေမာ့လင္က အျဖဴေရာင္ဝတ္႐ုံကို ဝတ္ဆင္ကာ ႏူးညံ့၍ က်က္သေရရွိသည္။ ေသြးဆူကာ ဘဝျမင့္တတ္သည့္ အဓိကမင္းသား ေက်ာင္က်ီရႊမ္ႏွင့္ ႏွိုင္းယွဥ္လၽွင္ သူက နတ္ဘုံေလာကမွ မေသမ်ိဳးနတ္ဘုရားႏွင့္ ပိုတူသည္။
ထိုႏူးညံ့ျခင္းပုံရိပ္မွာ ျပင္ပပုံပန္းသြင္ျပင္သာ ျဖစ္ေန႐ုံ။ ဤဇာတ္ေကာင္မွာ ဆိုးသြမ္း၍ ဉာဏ္နီဉာဏ္နက္မ်ားၿပီး အျပဳံးေနာက္၌ လ်ိဳ႕ဝွက္ခ်က္မ်ား ဖုံးကြယ္ထားသူျဖစ္သည္။ လူသစ္ျဖစ္သူ လီကြမ္းခ်ီမွာ ဒီဇာတ္ေကာင္အား ေကာင္းမြန္စြာ သ႐ုပ္ေဖာ္နိုင္မလား သူမ ေသခ်ာမသိေပ။
ပါဝင္သူအားလုံး ေနရာယူလိုက္ၿပီး Clapperboard မွ အခ်က္ေပးသံေပၚထြက္လာသည္ႏွင့္ ရွန့္ေခ်ာင္က နတ္သားပုံစံ ဝတ္ဆင္ထားရင္း သီခ်င္းတညည္းညည္းျဖင့္ ခန္းမထဲ ဝင္ေရာက္လာသည္။
"မက္မြန္သီးေလးက မက္မြန္နန္းေတာ္ထဲေနတယ္၊ ဘယ္ေလာက္ေတာင္မ်ား အျပစ္ကင္းလိုက္သလဲ"
႐ုတ္တရက္ သူမ အနံ႔ရလိုက္ကာ တစ္စုံတစ္ခုအား သတိျပဳမိလိုက္ဟန္ျဖင့္ က်ယ္က်ယ္ေလာင္ေလာင္ ေမးသည္။
"ဘယ္သူလဲ?"
တခဏအၾကာ ရယ္သံသဲ့သဲ့က ေခါင္းထက္မွ ေပၚထြက္လာသည္။
"ေမ်ာက္ကေလးက အေတာ္ေလး သတိေကာင္းသားပဲ"
အျဖဴေရာင္ဝတ္စုံ ဝတ္ဆင္ထားသည့္ လီကြမ္းခ်ီက ဝါယာႀကိဳးမ်ား ခ်ိတ္ဆြဲလ်က္ျဖင့္ ေခါင္းမိုးေပၚမွ ပ်ံသန္းလာၿပီးေနာက္ ခလုတ္တိုက္၍ ရွန့္ေခ်ာင္ေရွ႕ ျပဳတ္က်သည္။
ရွန့္ေခ်ာင္ - "ဖြီး....."
ဒါရိုက္တာ - "ကဒ္!!"
လီကြမ္းခ်ီ မ်က္ႏွာမွာ ခ်က္ခ်င္းလိုပင္ နီရဲသြားရၿပီး
"ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္၊ ေသခ်ာမရပ္လိုက္မိဘူး"
ရွန့္ေခ်ာင္ ျပဳံးရင္း သူ႔အား တြဲကူကာ
"နတ္ဆိုးက တအားယဥ္ေက်းလြန္းေနပါၿပီ၊ ေရွာင္ရွစ္ လက္မခံနိုင္ပါဘူး"
လီကြမ္းခ်ီ အလြန္အမင္း ရွက္ရြံ႕သြားသည္။ ဝါယာႀကိဳးမ်ား ခ်ိန္ညႇိၿပီးသည္ႏွင့္ ရွန့္ေခ်ာင္ အျပင္ဘက္မွ ခန္းမထဲသို႔ ျပန္ဝင္လာသည္။ ဒီတစ္ႀကိမ္တြင္မူ လီကြမ္းခ်ီက ခိုင္ခိုင္ျမဲျမဲ မတ္တပ္ရပ္နိုင္သြားသည္။
သူ၏ ဇာတ္ေကာင္မွာ ကမၻာေပၚတြင္ အေခ်ာဆုံးေသာ ေယာက်္ားျဖစ္ကာ ေခ်ာေမာလြန္းလွသျဖင့္ နတ္သမီးမ်ားပင္ သူ႔အတြက္ နတ္ဆိုးျဖစ္ရန္ လိုလိုလားလားရွိၾကသည္။ သူ႔ႏွုတ္ခမ္းေထာင့္စြန္းသို႔ ေကာ့တက္၍ ျပဳံးလိုက္လၽွင္ ရွန့္ေခ်ာင္၏ အမူအရာမွာ သတိရွိသည့္ အသြင္အျပင္မွာ ခ်စ္စိတ္မႊန္သည့္ အသြင္အျပင္သို႔ တျဖည္းျဖည္း ေျပာင္းလဲသြားသည္။
သူမ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္ကာ အခ်ိန္အေတာ္ၾကာမွသာ ေမးခြန္းထုတ္သည္။
"ရွင္က ဘယ္သူလဲ?"
လီကြမ္းခ်ီ ထပ္ျပဳံးသည္။ သူ႔တကိုယ္လုံး အျဖဴေရာင္ဝတ္႐ုံ ဝတ္ဆင္ထားကာ သူ႔မ်က္ဝန္းမ်ားက အနည္းငယ္ ျမင့္တက္ေနပုံရကာ အလြန္အမင္း ေခ်ာေမာသည္။ ထိုကဲ့သို႔ေသာ အျပဳံးက သူ႔အား အလြန္တရာ ဆြဲေဆာင္မွုရွိသြားေစသည္။
"ငါ ဘယ္သူလဲ မွန္းၾကည့္ေလ"
ရွန့္ေခ်ာင္မွာ သူ႔အျပဳံးႏွင့္ ညႇို႔ငင္ျခင္း ခံလိုက္ရသည္။ သူမမွာ ေမွာ္ပညာအနည္းငယ္သာ တတ္ေသာ နတ္သူငယ္မၽွသာျဖစ္ၿပီး နတ္ဆိုးဘုရင္၏ ဖမ္းစားျခင္းအား မည္ကဲ့သို႔ ခံနိုင္ရည္ ရွိပါ့မလဲ?
အူတူတူ အျပဳံးျဖင့္ ျပန္ေျဖသည္။
"နင့္ပုံစံက ဒီေလာက္ ၾကည့္ေကာင္းတာ၊ ဒုတိယမင္းသားျဖစ္ရမယ္"
လီကြမ္းခ်ီ၏ အျပဳံးက ပို၍ နက္ရွိုင္းလာသည္။
"ဟုတ္တယ္၊ ငါက ဒုတိယမင္းသားပဲ"
သူမ မွန္မွန္ကန္ကန္ ခန့္မွန္းလိုက္နိုင္မွန္း ရွန့္ေခ်ာင္ ၾကားလိုက္ရလၽွင္ ခ်က္ခ်င္းပင္ စိတ္လွုပ္ရွားလာသည္။
လီကြမ္းခ်ီ - "ေမ်ာက္ကေလး၊ ကိုယ္ေတာ္က ေဆးလုံးေတာင္းဖို႔အတြက္ ေပ့သိုနန္းေတာ္ကို လာခဲ့တာ၊ ဒါေပမယ့္ မင္းတို႔နန္းေတာ္က လွပတဲ့မက္မြန္ပင္ေတြရဲ့ ဆြဲေဆာင္မွုကို ခံလိုက္ရတယ္၊ အခု နည္းနည္း ပင္ပန္းသြားၿပီ၊ ကိုယ္ေတာ့္ကို ကူညီၿပီး ႏွစ္တစ္ေထာင္ေဆးလုံးကို သြားယူေပးမလား?"
'ငါ ျပန္လာတဲ့ထိ ေစာင့္ေန' ဟု ဆိုၿပီးသည္ႏွင့္ ရွန့္ေခ်ာင္ ေနာက္လွည့္၍ ေျပးထြက္သြားသည္။ အလွအပျဖင့္ ျဖားေယာင္းခံလိုက္ရကာ ရမက္မႊန္ေနသည့္ ဇာတ္ေကာင္စရိုက္အား ရွန့္ေခ်ာင္ ပီျပင္စြာ သ႐ုပ္ေဆာင္သြားသည္။
ဒါရိုက္တာက 'pass' ဟု လွမ္းေအာ္သည္။
မူလက လီကြမ္းခ်ီက ဇာတ္ေကာင္အား မကိုင္တြယ္နိုင္မည္ကို စိုးရိမ္ခဲ့ေသာ္လည္း က်ဳံးရွားမွ စာခ်ဳပ္ခ်ဳပ္ခံထားရသည့္သူက ဘယ္လိုမ်ား သာမန္ျဖစ္နိုင္ပါ့မလဲ။ ထိုလူသစ္၏ သ႐ုပ္ေဆာင္ပညာအား ရွန့္ေခ်ာင္ ေလးစားသြားသည္။
ဒုတိယဇာတ္ဝင္ခန္းအား ရိုက္ကူးၿပီးသည္ႏွင့္ ရွန့္ေခ်ာင္က ေဆးလုံးႏွင့္အတူ ျပန္ေရာက္လာသည္။ လီကြမ္းခ်ီက သူမဦးေခါင္းအား လွမ္းထိရင္း တိုးတိုးဆိုသည္။
"မင္းက သိပ္လိမၼာတာပဲ ေမ်ာက္ကေလး၊ ေနာက္တစ္ေခါက္က် ေကာင္းေကာင္းဆုခ်မယ္"
ထိုစကားေျပာၿပီးသည္ႏွင့္ သူက ေဆာင့္ေၾကာင္ထိုင္လိုက္ကာ ေၾကာင္တစ္ေကာင္ ဝပ္ေနဟန္က စကရင္ထက္မွ ျဖတ္ေျပးသြားသည္။
ေနာက္ပိုင္းအခန္းမ်ားတြင္ ပို၍ ခက္ခဲလာမည္ဟု ေတြးေတာကာ ရွန့္ေခ်ာင္ ရယ္ခ်င္စိတ္အား ထိန္းခ်ဳပ္လိုက္သည္။ ဒါရိုက္တာက ဒီအခန္းကို တခါတည္း ရိုက္ကူးၿပီးစီးလိုသည္။ ရွန့္ေခ်ာင္ ကုတင္ဆီေျပးသြားကာ တုံးအသည့္အျပဳံးျဖင့္ လဲေလ်ာင္းေနရင္း ယခုေလးတင္မွ ဒုတိယမင္းသားႏွင့္ ၾကဳံေတြ႕ခဲ့ပုံအား အျပဳံးျဖင့္ ျပန္ေျပာင္းေတြးေတာေနစဥ္ အရံသ႐ုပ္ေဆာင္က ဒါရိုက္တာ၏ လက္ဟန္အတိုင္း လိုက္နာကာ ေျပးဝင္လာသည္။
သူ ခ်က္ခ်င္းပင္ တံခါးဆြဲဖြင့္ကာ ကုတင္ဆီေျပးလာသည္။
"စန္းရွစ္၊ မင္း ေဆးစပ္ခန္းထဲက ႏွစ္တစ္ေထာင္ေဆးလုံးကို ယူသြားတာလား?"
ရွန့္ေခ်ာင္ ထိတ္လန့္တၾကား ေအာ္ဟစ္ကာ ခ်က္ခ်င္းဆိုသလို ေစာင္ကို ခပ္တင္းတင္းဆြဲျခဳံရင္း ကုတင္ေထာင့္နားဆီ ေနာက္ဆုတ္သြားကာ သနားစဖြယ္ မ်က္ႏွာအမူအရာ ျပဳလုပ္သည္။
"ရွစ္ရွုန္း စန္းဝမ္ကို မုန္းလိုက္တာ၊ မိန္းကေလးတစ္ေယာက္ အခန္းထဲကို တံခါးမေခါက္ပဲ ဘယ္လိုမ်ား ဝင္နိုင္ရတာလဲ? ဘယ္လိုမ်ား ဒီေလာက္ထိ ရိုင္းရတာလဲ? ငါ အက်ီမဝတ္ထားရင္ ဘယ္လိုလုပ္မလဲ? ငါက အခုထိ ေမ်ာက္ႏုႏုထြတ္ထြတ္ေလး ရွိေသးတာ... နင္ ငါ့ရဲ့ အျပစ္ကင္းတဲ့ ခႏၶာကိုယ္ကို ျမင္သြားရင္ ဘယ္လိုမ်ား လက္ထပ္ရပါေတာ့မလဲ? အျပင္ထြက္.... ဟားဟားဟား.... ငါ လုပ္လို႔ မရေတာ့ဘူး ဒါရိုက္တာ.... ဒီစာသားက တအားပိန္းလြန္းတယ္!!"
ရွန့္ေခ်ာင္ခမ်ာ သူမဘာသာ ရယ္ေမာရလြန္းသျဖင့္ ေမ့ေမ်ာခါနီးနီးပင္။
ဒါရိုက္တာ - ".........."
ဇာတ္ညႊန္းဆရာ - ".........."
*****
ဒီရက္ထဲ ေဆးေတြ ေသာက္ေနတာနဲ႔ တန္းအိပ္ေပ်ာ္သြားလို႔ ဒီေန႔မွ ျပန္တင္ရတယ္။ ပိတ္ရက္မွ ပိုတင္ေပးမယ္ေနာ္ 💙
*****