{Unicode}
အပိုင်း ၁၁၅
သက်ဆိုင်ရာဆရာဝန်က ရှန့်ချောင်အား လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်သည်။ သူမဦးခေါင်းထက်တွင် သုံးချက်ချုပ်ရပြီး အလတ်စား ဦးနှောက်ထိခိုက်မှု ဒဏ်ရာရသည်။ စောင့်ကြည့်ကာလအတွင်း မည်သည့်ရှုပ်ထွေးမှုများ မပေါ်ပေါက်ခဲ့လျှင် သူမ အဆင်ပြေသည်ဟု သတ်မှတ်နိုင်သည်။
ထိုအခါမှသာ ဟော့ရှီး စိတ်အေးသွားရသည်။
ရှန့်ချောင်က ကုတင်ပေါ် လှဲနေရင်း ရှန့်အမေထံ ဖုန်းခေါ်သည်။ ရှန့်အမေသည်လည်း သတင်းများမှတဆင့် မတော်တဆဖြစ်မှုအကြောင်း သိရှိပြီးဖြစ်သည်။ ရှန့်အမေမှာ စိုးရိမ်ပူပန်လွန်းသဖြင့် သမီးဖြစ်သူ ရှိရာဆီ ချက်ချင်းပင် လေယာဉ်စီးလာလိုသည်။ သို့သော် သူမကား လွယ်လင့်တကူ လှုပ်ရှားနိုင်ခြင်းမရှိပဲ ပတ်စ်စပို့မရှိသလို ဗီဇာရဖို့ရန်လည်း မလွယ်ကူပေ။ ပေ့မင်းဖန်က လူကြီးဖြစ်သူအား မစိုးရိမ်စေရန်အလို့ဌာ ပြန်ပေးဆွဲခံရသည့် ကိစ္စရပ်အား ကွယ်ဝှက်ထားပြီး ဖန်းပိုင်အား ဆေးရုံတွင် လူနာစောင့်စေသည်။
သူမသမီးထံမှ ဖုန်းလက်ခံရရှိချိန်တွင် ရှန့်အမေမှာ ဝမ်းနည်းတကြီး ငိုချလာသည်။ ရှန့်ချောင်က သူမအား စိတ်ချစေရန် ညင်ညင်သာသာ နှစ်သိမ့်စကားဆိုသည်။ စကားအကြာကြီးပြောရာမှ ရှန့်ချောင် ခေါင်းကိုက်နေမည်ကို စိုးရိမ်သည်မို့ သမီးဖြစ်သူ အဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် ရှန့်အမေက ဖုန်းချသွားသည်။
ရှန့်ချောင် ဖုန်းချလိုက်ကာ ဝမ်းနည်းတကြီး သက်ပြင်းချလိုက်ပြီး ဟော့ရှီးထံ လှည့်ကြည့်သည်။ သူ့မျက်ဝန်းတဝိုက် မဲမှောင်နေကာ မျက်နှာသွင်ပြင်မှာ မောပန်းနွမ်းနယ်နေပုံရ၏။ ရှန့်ချောင်မှာ အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားရသည်။ သူမက သူ့လက်သန်းကို ဆုပ်ကိုင်ရင်း
"ဟော့ရှီး သွားအိပ်လေ... ကျွန်မ အဆင်ပြေတယ်"
သူက သူမဦးခေါင်းအား ပွတ်သပ်ကာ
"မလိုဘူး"
ဆုံးရှုံးပြီးမှ ပြန်ရှာတွေ့ရသည့် စိတ်ခံစားချက်မှာ ထိတ်လန့်နာကျင်ဖွယ်ဖြစ်ပြီး မျက်စိရှေ့ မြင်တွေ့နေမှသာ စိတ်ချလက်ချရှိနိုင်မည်ဖြစ်သည်။
ရှန့်ချောင်သည်လည်း နားလည်သည်။ တခဏမျှ တွေးတောပြီးနောက် သူမခန္ဓာကိုယ်ကို ဘေးဘက်သို့ တိုးကပ်လိုက်ကာ ကုတင်ပေါ် နေရာလုပ်ပေးသည်။
"ဒါဆို ရှင် ဒီမှာ အိပ်ရင်ရော? ကျွန်မက ရှင့်ဘေးမှာပဲ ရှိနေမှာလေ"
ဟော့ရှီးက သူမထံ စိုက်ကြည့်သည်။ ရှန့်ချောင် ရှက်ရွံ့သွားကာ မျက်ဝန်းအကြည့်တို့ ဟိုဒီရှောင်ဖယ်နေရင်း ခပ်တိုးတိုးဆိုသည်။
"ကုတင်က ကျယ်ပါတယ်"
ဟော့ရှီး ပြုံးရင်း ကုတ်အကျီနှင့် ဖိနပ်ကို ချွတ်ကာ ကုတင်ပေါ် လှဲချသည်။
အနည်းငယ်စိတ်လှုပ်ရှားနေဆဲဖြစ်သည်မို့ သူ လှဲချလာချိန်တွင် ရှန့်ချောင်က ဘေးဘက်သို့ တိုးကပ်လိုက်ရာ အလယ်တွင် နောက်ထပ်လူတစ်ယောက် ဝင်လှဲနိုင်သည့် အကွာအဝေးတစ်ခုစာ ကွာဟသွားသည်။ ရုတ်တရက်ဆိုသလို ဟော့ရှီးက ဘေးဘက်စောင်း၍ သူမအား ပွေ့ဖက်ကာ အလယ်သို့ ပြန်ဆွဲခေါ်သည်။
"မင်း ထပ်လှုပ်နေရင် ပြုတ်ကျတော့မယ်"
သူမတောင့်တင်းသွားပြီးနောက်
"အင်း... မလှုပ်တော့ဘူး"
သူ ပြုံးရင်း သူမလက်ကို ကိုင်ထားကာ
"ကိုယ် ခဏလောက် အိပ်ဦးမယ်၊ တစ်ခုခုလိုရင် ကိုယ့်ကို ခေါ်"
မျက်ဝန်းတို့ မှိတ်သွားကာ တခဏအကြာတွင် အိပ်မောကျနေသည့် အသက်ရှုသံမှန်မှန် ထွက်ပေါ်လာသည်။ သူ တကယ့်ကို နှစ်ရက်လုံးလုံး မအိပ်ရသေးပေ။ ဟော့ရှီးက ပြီးခဲ့သည့်နှစ်ရက် သူမ မေ့မျောနေစဉ်အတောအတွင်း နေ့ရောညပါ သူမအား အရိပ်တကြည့်ကြည့် စောင့်ကြည့်နေခဲ့ကြောင်း တွေးတောလိုက်လျှင် ရှန့်ချောင်မှာ ချိုမြိန်မှုရော နှလုံးသားနာကျင်မှုကိုပါ ရောပြွမ်းခံစားရသည်။
သူမ အနှီလူအပေါ် ကောင်းပေးမှ ဖြစ်ပေမည်။
ခဏအကြာ အခန်းတံခါးတွန်းဖွင့်ခံလိုက်ရကာ ကျောက်ယွိ လျှောက်ဝင်လာပြီးနောက် ရှန့်ချောင်က အလျင်စလိုပင် နှုတ်ခမ်းနား လက်ညိုးကပ်ဟန် ပြုမူသည်။ ကျောက်ယွိက သူမတို့နှစ်ဦးအား အတန်ကြာသည်အထိ စိုက်ကြည့်နေပြီး ဤတကြိမ်တွင် ခွေးစာအဝ အကျွေးခံလိုက်ရသည်။
ရှန့်ချောင် သူမထံ လက်ဝှေ့ရမ်းပြလိုက်လျှင် ကောက်ယွိက ခြေဖျားထောက်၍ အနားကပ်လာပြီး ကုတင်ဘေးတွင် ဆောင့်ကြောင့်ထိုင်သည်။ ရှန့်ချောင်က သူမထံ လေသံမျှဖြင့် မေးသည်။
"ဟော့ရှီး ဒီမှာ ရှိနေတဲ့ သတင်း မပျံ့ဘူးမလား?"
ကျောက်ယွိ ခေါင်းယမ်းကာ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
"အဲ့ဒီအချိန်က နင့်လက်ထောက်ရယ်၊ ငါရယ်၊ လီယောင်နဲ့ ဦးလေးရယ်ပဲ ရှိတယ်၊ ဒီဆက်ဆံရေးကို ဖော်ထုတ်လို့ မဖြစ်ဘူးလို့ နင့်လက်ထောက်က ပြောတယ်၊ ငါတို့ နားလည်ပါတယ်"
ရှန့်ချောင် စိတ်သက်သာရာရသွားသည်။
ကျောက်ယွိက ထပ်ပေါင်းဆိုသည်။
"ဒါပေမယ့် ပြည်တွင်းမီဒီယာတွေကတော့ နင့်အကြောင်း သတင်းရေးလိုက်ပြီ၊ ကားမတော်တဆဖြစ်တာက ကြီးလွန်းပြီး ရှိုးအဖွဲ့သားတွေလည်း ရှုပ်ထွေးကုန်တာ၊ ဦးလေးက နင် ကားမတော်တဆဖြစ်တဲ့အကြောင်းပဲ ပြောထားပြီး ပြန်ပေးဆွဲခံရတဲ့ ကိစ္စကို ထည့်မပြောထားဘူး၊ မနေ့က နင့်မန်နေဂျာ ရောက်လာတယ်၊ ဒါနဲဲ့ ချောင်းမျိုးရိုး ရှေ့နေလည်း ရောက်လာတယ်၊ သူ ပြောတာတော့ သူက နင့်ရဲ့ ပင်တိုင်ရှေ့နေတဲ့၊ နင့် မန်နေဂျာနဲ့ ပူးပေါင်းပြီး ပြန်ပေးဆွဲတဲ့ကိစ္စကို ရဲစခန်းမှာ ဖြေရှင်းလိမ့်မယ်"
"ချောင်းယွီက ဒီမှာလား?"
ရှန့်ချောင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဘာပြောရမည်မှန်းပင် မသိနိုင်အောင် ဖြစ်ရသည်။ ထို့နောက် သူမက
"သူ ဘယ်မှာလဲ? ငါ သူနဲ့ တွေ့ချင်တယ်"
ကျောက်ယွိ - "ခဏနေ လာလိမ့်မယ်၊ နင်သက်သာလာပြီဆိုတာနဲ့ ရဲစခန်းကလည်း နင့်ဆီက ထွက်ဆိုချက်လာယူလိမ့်မယ်"
ရှန့်ချောင်မှာ တခဏမျှ တိတ်ဆိတ်သွားပြီးမှ
"နောက်ကွယ်က တရားခံက ဘယ်သူလို့ ပြန်ပေးသမားတွေ ဝန်ခံလဲ?"
ကျောက်ယွိ ခေါင်းယမ်းသည်။
"အခုထိ သက်သေပစ္စည်း စုဆောင်းနေတုန်းပဲ၊ ဘာမှ မကြေညာရသေးဘူး၊ နင့်ရှေ့နေက ပိုသိလိမ့်မယ်၊ ခဏနေ သူ့ကို မေးကြည့်လို့ရတယ်"
သူမ ရပ်သွားပြီးနောက် စကားဆက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါ ကြိုတင်စီစဉ်ထားတဲ့ ပြန်ပေးမှုပဲ၊ ဟိုတယ်ဘေးပတ်လည်က စီစီတီဗီအားလုံး ပျက်နေမှန်း အစစ်ခံရတယ်၊ နင်သာ အဲ့အချိန်က ဟော့ရှီးနဲ့ ဖုန်းမပြောနေရင် သူသာ တစ်ခုခုမှားနေမှန်း သတိထားမိပြီး ရဲမတိုင်ရင် နင်သာ ကားလမ်းမအလယ်မှာ မတော်တဆမှုဖြစ်အောင် မလုပ်နိုင်ရင် ဘာဖြစ်မယ်မှန်း ငါ မတွေးရဲအောင်ပဲ"
ဘာဖြစ်လာမည်မှန်း သူမ ကျိန်းသေပေါက် သိပေသည်။
ထိုလူများက သူမအား သတ်လိုစိတ်မရှိ၊ သူတို့က သူမအား ဖျက်စီးလိုခြင်းသာ ဖြစ်၏။ သူတို့က သူမအား ပြန်ပေးဆွဲကာ ဗီဒီယိုရိုက်ပြီးသည်နှင့် ပြန်လွှတ်ပေးမည်ဖြစ်သည်။ သူမဘက်မှ ဘာမှ တတ်နိုင်လိမ့်မည်မဟုတ်။ ဤနေရာမှာ နိုင်ငံရပ်ခြားဖြစ်ပြီး နေရာတိုင်းတွင် ကန့်သတ်မှုများ ရှိသည်။ ရိုက်ကူးရေးအတွက် ပရိုဂရမ်အဖွဲ့ ယူထားသည့် ဗီဇာမှာ အချိန်အကြာကြီး နေနိုင်ခွင့်မရှိပေ။ ဖြစ်နိုင်သည်မှာ သူမ ရဲမတိုင်နိုင်ခင်မှာပင် သူမဘဝအား ဖျက်ဆီးနိုင်သည့် ထိုဗီဒီယိုများက မိုးထိညံအောင် ပျံ့နေလောက်သည်။
နိုင်ငံခြားမှ ပြန်ပေးသမားများ ငှါးရမ်းသောအခါ နောက်ကွယ်မှ ကြိုးကိုင်သူအား ရှာဖွေရန် ပို၍ပင် ခက်ခဲသည်။ ပြန်ပေးဆွဲသမား၏ ပုံပန်းသဏ္ဍာန်ကိုပင် သူမ မြင်တွေ့ခဲ့ခြင်းမရှိ၊ ထိုမျှသာမက ဘေးပတ်ဝန်းကျင်ရှိ စီစီတီဗီမှတ်တမ်းများမှာလည်း ဖျောက်ဖျက်ထားခြင်း ခံရရာ တရားခံရှာမည့်အရေးမှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသကဲ့သို့ပင်။
တဖက်လူက သေချာအကွက်ချထားခဲ့ပြီး ပိုက်ဆံမလိုချင်သလို အသက်သေစေလိုခြင်းလည်းမဟုတ်။ လမ်းတဝက်တွင် ကားမတော်တဆမှုသာ ဖြစ်ပွါးခဲ့ခြင်း မရှိပါက သည်ကိစ္စမှာ ဖြေရှင်း၍ မရနိုင်သည့် ပြန်ပေးဆွဲမှု ဖြစ်လာပေမည်။
ကံကောင်းထောက်မပေလို့...
ဘုရားသခင်က သူမဘက် ရှိနေသေးသည်။
အတွေးထဲ နစ်မျောရင်း သူမမျက်မှောင်ကြုတ်သည်ကို မြင်လျှင် ကျောက်ယွိက လက်ချောင်းတို့ဖြင့် သူမမျက်နှာအား လှမ်းထိရင်း
"စကားမစပ်... နင်နဲ့ ဟော့ရှီးက ဘယ်တုန်းက အတူရှိသွားတာလဲ? လောင်ဖော်ဖန်ကနေ လောင်ဖော်ဖြစ်သွားတာ မိုက်လိုက်တာ"
ရှန့်ချောင်မှာ ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားသည်။
"နည်းနည်းကြာပြီ"
ကျောက်ယွိက နှာခေါင်းရှုံ့သည်။
"ငါ့ကို ညီအစ်မဆိုပြီး ဒီကိစ္စကျ ဖုံးထားတယ်! ဒီလိုဆို ငါက နင်နဲ့ ဘယ်လိုလုပ် CP သတင်းလွှင့်လို့ ရတော့မှာလဲ? နင် တောင်သုံးလုံး သိမ်းချင်သေးရဲ့လား?"
ဘေးဘက်မှ အနည်းငယ် ဩရှနေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက သူနဲ့ ဘယ်လို ကောလဟာလများ လွှင့်ချင်နေတာလဲ?"
ကျောက်ယွိ - "ဘုရား!"
ဟော့ရှီး ထထိုင်ကာ ရှန့်ချောင်ဆံပင်အား လှမ်းသပ်ရင်း ရယ်မောလျက် မေးသည်။
"မင်းမှာ ကောလဟာလသတင်းတွေ လုံလောက်ပြီလို့ မထင်ဘူးလား?"
ရှန့်ချောင် ထထိုင်လိုသော်လည်း သူမ ခေါင်းနာနေဆဲဖြစ်သည်မို့ ဆက်လှဲနေရန်သာ တတ်နိုင်သည်။ သူမက စိုးရိမ်တကြီး မေးသည်။
"ဟော့ရှီး... ရှင် ကောင်းကောင်းအိပ်ရရဲ့လား? ခဏလောက် ထပ်အိပ်ဦးမလား?"
သူက သူမခေါင်းထက် ထိတွေ့ရင်း
"ကောင်းကောင်းအိပ်ရတယ်"
ကျောက်ယွိ - "........"
ငါ ခွေးစာမစားချင်ဘူး... ဘိုင်ဘိုင့်ပဲ!
သူမနောက်လှည့်ကာ ပြန်ထွက်သွားသည်။ တံခါးဝသို့ ရောက်ချိန်တွင် တစ်ခုခုတွေးမိဟန်ဖြင့် ပြန်လှည့်လာကည
"နင့်ရှေ့နေနဲ့ အမှုစစ်ရဲတွေ လာနေပြီ၊ အဆင်သင့်ပြင်ထားတော့"
ကျောက်ယွိ တံခါးပိတ်ကာ ထွက်ခွါသွားသည်။
ဟော့ရှီး ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းသို့ သွားရောက်၍ မျက်နှာသစ်သည်။ သူ ပြန်ထွက်လာချိန်တွင် ရှန့်ချောင်က သူမဖုန်းအား မှန်အနေနဲ့ အသုံးပြုနေသည်။ သူမက ဦးခေါင်းထက်တွင် စည်းထားသည့် ပတ်တီးအား ကြည့်ရင်း ချုပ်ရိုးနေရာ၌ ဆံပင်အရိတ်ခံထားရသည်ကို တွေးကြည့်လိုက်လျှင် ငိုချလုနီးနီးပင်။
သူမ နှုတ်ခမ်းစူရင်း
"ဟော့ရှီး... ငါ ကတုံးဖြစ်တော့မယ်ထင်တယ်"
ဟော့ရှီးက ကုတင်ရှိရာ လျှောက်လာကာ ဘေးတွင် ဝင်ထိုင်သည်။
"ဆံပင်က သိပ်မကြာခင် ပြန်ရှည်လာမှာ"
သူမ ဘေးဘက်သို့ ကြည့်နေသည်ကို ကြည့်ရင်း သူ့မျက်ဝန်းတို့ နက်မှောင်သွားကာ ရုတ်တရက် ငုံ့ကိုင်း၍ အနားတိုးလာပြီး သူမနှုတ်ခမ်းထောင့်အား လှမ်းကိုက်သည်။
နာကျင်မှုကြောင့် ရှန့်ချောင် ကြက်သီးထသွားကာ မတရားခံရသူပမာ မကျေမနပ်ဆိုသည်။
"ဟော့ရှီး... နင်ဘာလုပ်တာလဲ?"
သူက လေသံတိုးတိုးဖြင့်
"ကိုယ် မနာလိုမဖြစ်ဘူးလို့ မင်းထင်နေတာမလား?"
ထိုအချိန်မှသာ သူ ထုတ်ပြောလာသည့်အခါမှသာ သူ ဘာကိုဆိုလိုမှန်း ရှန့်ချောင် သဘောပေါက်သွားသည်။ ထို့နောက် 'Fearless' အား ရိုက်ကူးနေချိန် ပထမဆုံးသော အနမ်းခန်းအား ရုတ်တရက် အမှတ်ရသွားသည်။ ထိုနေ့ကလည်း အနမ်းခန်းအား အသုံးချကာ သူမအား အသားယူခဲ့ပြီး အပြစ်ပေးသည်ဟုပင် ဆိုခဲ့သေးသည်။
ယခုချိန်တွင် သူပြောနေသည့် အပြစ်ဒဏ်မှာ မည်သည်ကို ဆိုလိုကြောင်း နောက်ဆုံးတွင် သူမ သဘောပေါက်သွားသည်။ အကြောင်းရင်းမှာ ချောင်းယွီဖြစ်နေခဲ့ခြင်း!
ရှန့်ချောင် အသံထွက်ရယ်မောလာကာ လက်ဆန့်၍ သူ့လည်ပင်းထံ လှမ်းဖက်ရင်း ချွဲချွဲနွဲ့နွဲ့ဆိုသည်။
"သူက ဒီတိုင်း ငါ့ရှေ့နေပဲကို"
ဟော့ရှီးက မျက်ခုံးပင့်လာသည်။
"သူက ယောကျ်ားတစ်ယောက်ပဲလေ"
ရှန့်ချောင် မျက်လုံးလှိမ့်လိုက်ရင်း တီးတိုးဆိုသည်။
"ဟော့ရှီး... လျို့ဝှက်ချက်တစ်ခု ပြောပြရမလား?"
"အင်း?"
"သူက ငါ့အစ်ကို"
ဟော့ရှီးက စကားတစ်ခွန်းမဆိုပဲ သူမထံ စိုက်ကြည့်သည်။ ရှန့်ချောင် တောက်ပစွာ ပြုံးလိုက်ရင်း
"ယွီအစ်ကို၊ သူ့မိဘတွေက ငါ့မွေးစားအဖေနဲ့ အမေ၊ ငါတို့ကြားမှာ သန့်စင်တဲ့ မောင်နှမဆက်ဆံရေးပဲ ရှိတာ၊ အဲ့ဒါကြောင့် သူ့ကိုမနာလိုမဖြစ်နဲ့ မကောင်းဘူးလား?"
သူက အနားပိုတိုးကပ်လာရင်း ပြန်ဖြေသည်။
"မကောင်းဘူး"
ရှန့်ချောင် သက်ပြင်းချသည်။
"အို့... နင့်မှာ ချစ်သူကောင်မလေးဖန်နဲ့ လောင်ဖော်ဖန်တွေ ဒီလောက်များတာ... ငါ ဘာမှ မပြောဘူးလေ"
ဟော့ရှီး အသံထွက် ရယ်မောလာကာ သူမပါးပြင်အား လှမ်းဖျစ်ညှစ်သည်။
ထိုတခဏတွင် အခန်းတံခါးပွင့်သွားကာ ချောင်းယွီက အရင်ဆုံး လျှောက်ဝင်လာသည်။ အခန်းတွင်းရှိ တစ်ယောက်ကိုတစ်ယောက် နမ်းရှိုက်နေသည့် လူနှစ်ဦးအား လှမ်းမြင်ချိန်တွင် သူ့မျက်ဝန်းတို့ ပြူးကျယ်သွားရကာ ခပ်မြန်မြန် ချောင်းဟန့်လာသည်။
ဟော့ရှီး ခပ်မတ်မတ်ပြင်ထိုင်လိုက်ပြီး သူ့ထံ လှမ်းပြုံးပြသည်။ ရှန့်ချောင်မှာ စိတ်လှုပ်ရှားနေ၏။
"ချောင်းယွီ... ဘာလို့ ဒီရောက်နေတာလဲ?"
"တရုတ်ပြည်က သတင်းတွေ့ပြီး မင်းဆီ ဖုန်းခေါ်သေးတယ်၊ မင်းလက်ထောက်က ဘာဖြစ်လဲ ပြောပြတာ၊ ငါ့မိဘတွေပါ စိတ်ပူပြီး ငါ့ကို လာကြည့်ခိုင်းလိုက်တာ"
ချောင်းယွီ အနားတိုးလာကာ သူမထံ စေ့စပ်စွာ ကြည့်သည်။
"နေလို့ သက်သာသွားပြီလား?"
"အင်း!! အဆင်ပြေတယ်!"
ချောင်းယွီပြုံးရင်း ဆိုသည်။
"အဲ့ဒါဆို အတော်ပဲ၊ ရဲတွေ မင်းဆီက ထွက်ဆိုချက်လာယူတယ်၊ ငါ သူတို့ကို ဝင်လာခိုင်းလိုက်မယ်"
ရှန့်ချောင် သဘောတူလိုက်ကာ ရဲအရာရှိများ အခန်းတွင်း ဝင်ရောက်လာသည်။ ပထမဦးဆုံး သူတို့က စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြလာပြီး မေးခွန်းများ စတင်မေးမြန်းကာ မှတ်စုများ ချရေးသည်။ ဟော့ရှီးနှင့် ချောင်းယွီက သူမဘေးတွင် မတ်တပ်ရပ်နေပြီး ဟော့ရှီးက လေသံတိုးတိုးဖြင့် မေးလာသည်။
"အမှုလိုက်ရခက်နေလား?"
ချောင်းယွီက ခေါင်းခါကာ တဖန် ခေါင်းညိတ်သည်။
"ပြန်ပေးသမားတွေက ဝန်ခံပြီးပြီ၊ ကြိုးကိုင်သူကို နိုင်ငံပြင်ပထွက်ဖို့ လုပ်နေတုန်း ဖမ်းမိထားတယ်၊ ဒါပေမယ့် သူကလည်း နောက်လူနှစ်ယောက်နာမည်ကို ဖော်လာတယ်၊ နှစ်ယောက်စလုံးက တရုတ်က၊ နယ်ကျော်ပြီး ကိုင်တွယ်ဖို့က ခက်တဲ့အပြင် တဖက်လူက နောက်ခံအင်အားရှိတယ်"
ထို့နောက် ချောင်းယွီက ဟော့ရှီးကို ပခုံးပုတ်သည်။
"စိတ်မပူနဲ့၊ ငါ ရှိနေသရွေ့ သူတို့ကို အပြစ်ကနေ ရှောင်ထွက်ခွင့်မပြုဘူး"
ဟော့ရှီးက ခေါင်းညိတ်သည်။
ထွက်ဆိုချက်ရယူပြီးနောက် ရဲများက ပြန်ပေးသမားများ၏ ဓါတ်ပုံအား ထုတ်ယူလာကာ ရှန့်ချောင်အား အတည်ပြုစေသည်။ လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးဆုံးချိန်တွင် မိုးမှောင်စပြုလေပြီ။ အမှုစစ်ရဲများ ပြန်သွားချိန်မှသာ ချောင်းယွီအား မေးမြန်းရန် အချိန်ရသည်။
"ဘယ်သူက ကြိုးကိုင်သူလဲ?"
ချောင်းယွီ - "ဒီမှာ ဖမ်းမိတဲ့သူနာမည်က ယွဲ့ရှုယန်၊ သူက နောက်လူနှစ်ယောက်နာမည်ကို ထုတ်ပြောပြီး ဝန်ခံလာတယ်၊ မင်းရဲ့ အရင်မန်နေဂျာဟောင်း ကောင်းမေလင်နဲ့ လုလီ... မင်း ခိုးကူးကိစ္စနဲ့ အပြစ်လုပ်ခဲ့တဲ့သူ၊ ကောင်းမေလင်ရော လုလီပါ တရုတ်ပြည်တွင်းမှာ၊ ငါ ဒီမှာ နယ်စပ်ဖြတ်ကျော်ဖမ်းခွင့်အတွက် လိုအပ်တာတွေ လုပ်နေပြီ"
ရှန့်ချောင်မှာ အံ့အားသင့်ပုံမရ။
ချောင်းယွီ - "ဒါနဲ့ ပြီးခဲ့တဲ့ လပိုင်းလောက်က မင်း ရခဲ့တဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာကလည်း ယွဲ့ရှုယန်လုပ်တာလို့ မင်းမန်နေဂျာ ပြောတယ်၊ သက်သေအထောက်အထားပြတာနဲ့ သူ ဝန်ခံလာတာ"
ဟော့ရှီး မျက်မှောင်ကြုတ်သည်။
"အသက်အန္တရာယ်ခြိမ်းခြောက်တယ်? ဘယ်တုန်းက ဖြစ်တာလဲ?"
ရှန့်ချောင် အချိန်ကြာသည်အထိ ငြိမ်သက်နေခဲ့ပြီးမှ တိုးညှင်းစွာဆိုသည်။
"အရင်က...."
ဟော့ရှီးအကြည့်တို့မှာ အနည်းငယ်မှောင်မိုက်နေသော်လည်း သူက မည်သည့်စကားမှမဆို။ ချောင်းယွီက ဆက်ပြောသည်။
"ဒီကိစ္စကို စိတ်မပူနဲ့တော့၊ မင်းကျန်းမာရေးကိုပဲ ဂရုစိုက်၊ ငါ့မှာ ပြန်ပေးဆွဲတဲ့အမှုတွေကို ကိုင်တွယ်ရာမှာ အထူးပြုတဲ့ နာမည်ကြီး သူငယ်ချင်းနည်းနည်း ရှိတယ်၊ သူတို့ကိုင်တွယ်ပုံနဲ့ဆိုရင် နောက်ခံဘယ်လောက်ကြီးကြီး၊ ဒီကိစ္စ အေးဆေးမပြီးဘူး"
ရှန့်ချောင် ခပ်သာသာ ခေါင်းညိတ်သည်။
"ကျေးဇူးတင်ပါတယ် ချောင်းယွီ"
သူက ပြုံးရင်း
"မင်း ပိုသက်သာတဲ့ချိန်ကျ ငါ့မိဘတွေဆီ ဖုန်းခေါ်ဦး၊ သူတို့အားလုံး အရမ်းစိတ်ပူနေတာ"
ရှန့်ချောင် ချက်ချင်းပင် ဖုန်းထုတ်လိုက်သည်။
"ငါ အခုခေါ်လိုက်မယ်"
ဖုန်းခေါ်ဆိုမှုအား ဖြေဆိုလာသူမှာ ချောင်းအမေဖြစ်သည်။ ရှန့်ချောင်အသံကို ကြားသည်နှင့် သူမက ချက်ချင်းဆိုသလို ရှိုက်ငိုလာသည်။ ရှန့်ချောင် အဆင်ပြေမှန်း သိရသည့်အတွက် စိတ်အေးသွားရပြီး သူမကျန်းမာရေးကို ဂရုစိုက်ရန်နှင့် သူမ တရုတ်ပြည်ပြန်ရောက်လျှင် သူတို့လာတွေ့မည်ဖြစ်ကြောင်း မှာကြားသည်။
ချောင်းယွီရှိနေသည်မို့ အမှုကိစ္စနှင့် ပတ်သက်သည်များအား သူမ စိတ်ပူရန် မလိုပေ။ နောက်တဆင့်မှာ သူမခန္ဓာကိုယ်အား ဂရုစိုက်ရန်ဖြစ်သည်။
ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းများအားလုံး တရုတ်ပြည် ပြန်နှင့်ပြီးဖြစ်သော်လည်း ဒါရိုက်တာကျောက်က နေရစ်ခဲ့သည်။ ဘယ်လိုပဲပြောပြော မတော်တဆမှုက သူ့အစီအစဉ်ရိုက်ကူးရေးတွင် ဖြစ်ပွါးခဲ့သည်မလား။ ကျန်အနုပညာရှင်များထံတွင် အချိန်ဇယားကိုယ်စီရှိကာ သူမအခြေအနေ တည်ငြိမ်ပြီးဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ကိုယ်စီ ထွက်ခွါသွားကြသည်။ ကျောက်ယွိတစ်ယောက်တည်းသည်သာ သူမနိုးလာချိန်အထိ စောင့်နေရစ်ပြီး ယနေ့ညမှ ထွက်ခွါမည်ဖြစ်သည်။
ပေ့မင်းဖန်မှာ အမှုကိစ္စအတွက် ချောင်းယွီနောက်လိုက်နေပြီး တင်းကျန်မှာ ဘာသာစကားနားလည်ရန် အခက်အခဲရှိသည်။ အချိန်အများစုတွင် ဟော့ရှီးကသာ သူမအား ဂရုစိုက်ပေးလေ့ရှိသည်။
ဖြစ်ချင်တော့ သူမအား တကြိမ်လျှင် တလုတ်စာမျှ စိတ်ရှည်လက်ရှည် ခွံ့ကျွေးနိုင်သည်အထိ သူက နူးညံ့ညင်သာသည်။
ဖြစ်ချင်တော့ သူက သူမနှင့် ညလုံးပေါက် အဖော်ပြုပေးနိုင်စွမ်းသည်။
ဖြစ်ချင်တော့ သူက သူမချစ်သလောက် သူမအား ပြန်ချစ်သည်။
ဖြစ်ချင်တော့ သူ၏ အိုင်ဒေါလ်ဂုဏ်ပုဒ်ရှိနေသေးသည့်တိုင် သူက ကိုယ်ပိုင်ဘဝတွင်ပါ တောက်ပနေသေးသည်။
ဤလူသားအား သူမ သေချာပေါက် ကောင်းမွန်စွာ ဆက်ဆံရပေမည်။
*****
{Zawgyi}
အပိုင္း ၁၁၅
သက္ဆိုင္ရာဆရာဝန္က ရွန့္ေခ်ာင္အား လိုအပ္သည့္ စစ္ေဆးမွုမ်ား ျပဳလုပ္သည္။ သူမဦးေခါင္းထက္တြင္ သုံးခ်က္ခ်ဳပ္ရၿပီး အလတ္စား ဦးေႏွာက္ထိခိုက္မွု ဒဏ္ရာရသည္။ ေစာင့္ၾကည့္ကာလအတြင္း မည္သည့္ရွုပ္ေထြးမွုမ်ား မေပၚေပါက္ခဲ့လၽွင္ သူမ အဆင္ေျပသည္ဟု သတ္မွတ္နိုင္သည္။
ထိုအခါမွသာ ေဟာ့ရွီး စိတ္ေအးသြားရသည္။
ရွန့္ေခ်ာင္က ကုတင္ေပၚ လွဲေနရင္း ရွန့္အေမထံ ဖုန္းေခၚသည္။ ရွန့္အေမသည္လည္း သတင္းမ်ားမွတဆင့္ မေတာ္တဆျဖစ္မွုအေၾကာင္း သိရွိၿပီးျဖစ္သည္။ ရွန့္အေမမွာ စိုးရိမ္ပူပန္လြန္းသျဖင့္ သမီးျဖစ္သူ ရွိရာဆီ ခ်က္ခ်င္းပင္ ေလယာဥ္စီးလာလိုသည္။ သို႔ေသာ္ သူမကား လြယ္လင့္တကူ လွုပ္ရွားနိုင္ျခင္းမရွိပဲ ပတ္စ္စပို႔မရွိသလို ဗီဇာရဖို႔ရန္လည္း မလြယ္ကူေပ။ ေပ့မင္းဖန္က လူႀကီးျဖစ္သူအား မစိုးရိမ္ေစရန္အလို႔ဌာ ျပန္ေပးဆြဲခံရသည့္ ကိစၥရပ္အား ကြယ္ဝွက္ထားၿပီး ဖန္းပိုင္အား ေဆး႐ုံတြင္ လူနာေစာင့္ေစသည္။
သူမသမီးထံမွ ဖုန္းလက္ခံရရွိခ်ိန္တြင္ ရွန့္အေမမွာ ဝမ္းနည္းတႀကီး ငိုခ်လာသည္။ ရွန့္ေခ်ာင္က သူမအား စိတ္ခ်ေစရန္ ညင္ညင္သာသာ ႏွစ္သိမ့္စကားဆိုသည္။ စကားအၾကာႀကီးေျပာရာမွ ရွန့္ေခ်ာင္ ေခါင္းကိုက္ေနမည္ကို စိုးရိမ္သည္မို႔ သမီးျဖစ္သူ အဆင္ေျပေၾကာင္း အတည္ျပဳၿပီးသည္ႏွင့္ ရွန့္အေမက ဖုန္းခ်သြားသည္။
ရွန့္ေခ်ာင္ ဖုန္းခ်လိုက္ကာ ဝမ္းနည္းတႀကီး သက္ျပင္းခ်လိုက္ၿပီး ေဟာ့ရွီးထံ လွည့္ၾကည့္သည္။ သူ႔မ်က္ဝန္းတဝိုက္ မဲေမွာင္ေနကာ မ်က္ႏွာသြင္ျပင္မွာ ေမာပန္းႏြမ္းနယ္ေနပုံရ၏။ ရွန့္ေခ်ာင္မွာ အလြန္အမင္း စိတ္မသက္မသာ ျဖစ္သြားရသည္။ သူမက သူ႔လက္သန္းကို ဆုပ္ကိုင္ရင္း
"ေဟာ့ရွီး သြားအိပ္ေလ... ကၽြန္မ အဆင္ေျပတယ္"
သူက သူမဦးေခါင္းအား ပြတ္သပ္ကာ
"မလိုဘူး"
ဆုံးရွုံးၿပီးမွ ျပန္ရွာေတြ႕ရသည့္ စိတ္ခံစားခ်က္မွာ ထိတ္လန့္နာက်င္ဖြယ္ျဖစ္ၿပီး မ်က္စိေရွ႕ ျမင္ေတြ႕ေနမွသာ စိတ္ခ်လက္ခ်ရွိနိုင္မည္ျဖစ္သည္။
ရွန့္ေခ်ာင္သည္လည္း နားလည္သည္။ တခဏမၽွ ေတြးေတာၿပီးေနာက္ သူမခႏၶာကိုယ္ကို ေဘးဘက္သို႔ တိုးကပ္လိုက္ကာ ကုတင္ေပၚ ေနရာလုပ္ေပးသည္။
"ဒါဆို ရွင္ ဒီမွာ အိပ္ရင္ေရာ? ကၽြန္မက ရွင့္ေဘးမွာပဲ ရွိေနမွာေလ"
ေဟာ့ရွီးက သူမထံ စိုက္ၾကည့္သည္။ ရွန့္ေခ်ာင္ ရွက္ရြံ႕သြားကာ မ်က္ဝန္းအၾကည့္တို႔ ဟိုဒီေရွာင္ဖယ္ေနရင္း ခပ္တိုးတိုးဆိုသည္။
"ကုတင္က က်ယ္ပါတယ္"
ေဟာ့ရွီး ျပဳံးရင္း ကုတ္အက်ီႏွင့္ ဖိနပ္ကို ခၽြတ္ကာ ကုတင္ေပၚ လွဲခ်သည္။
အနည္းငယ္စိတ္လွုပ္ရွားေနဆဲျဖစ္သည္မို႔ သူ လွဲခ်လာခ်ိန္တြင္ ရွန့္ေခ်ာင္က ေဘးဘက္သို႔ တိုးကပ္လိုက္ရာ အလယ္တြင္ ေနာက္ထပ္လူတစ္ေယာက္ ဝင္လွဲနိုင္သည့္ အကြာအေဝးတစ္ခုစာ ကြာဟသြားသည္။ ႐ုတ္တရက္ဆိုသလို ေဟာ့ရွီးက ေဘးဘက္ေစာင္း၍ သူမအား ေပြ႕ဖက္ကာ အလယ္သို႔ ျပန္ဆြဲေခၚသည္။
"မင္း ထပ္လွုပ္ေနရင္ ျပဳတ္က်ေတာ့မယ္"
သူမေတာင့္တင္းသြားၿပီးေနာက္
"အင္း... မလွုပ္ေတာ့ဘူး"
သူ ျပဳံးရင္း သူမလက္ကို ကိုင္ထားကာ
"ကိုယ္ ခဏေလာက္ အိပ္ဦးမယ္၊ တစ္ခုခုလိုရင္ ကိုယ့္ကို ေခၚ"
မ်က္ဝန္းတို႔ မွိတ္သြားကာ တခဏအၾကာတြင္ အိပ္ေမာက်ေနသည့္ အသက္ရွုသံမွန္မွန္ ထြက္ေပၚလာသည္။ သူ တကယ့္ကို ႏွစ္ရက္လုံးလုံး မအိပ္ရေသးေပ။ ေဟာ့ရွီးက ၿပီးခဲ့သည့္ႏွစ္ရက္ သူမ ေမ့ေမ်ာေနစဥ္အေတာအတြင္း ေန႔ေရာညပါ သူမအား အရိပ္တၾကည့္ၾကည့္ ေစာင့္ၾကည့္ေနခဲ့ေၾကာင္း ေတြးေတာလိုက္လၽွင္ ရွန့္ေခ်ာင္မွာ ခ်ိဳၿမိန္မွုေရာ ႏွလုံးသားနာက်င္မွုကိုပါ ေရာႁပြမ္းခံစားရသည္။
သူမ အႏွီလူအေပၚ ေကာင္းေပးမွ ျဖစ္ေပမည္။
ခဏအၾကာ အခန္းတံခါးတြန္းဖြင့္ခံလိုက္ရကာ ေက်ာက္ယြိ ေလၽွာက္ဝင္လာၿပီးေနာက္ ရွန့္ေခ်ာင္က အလ်င္စလိုပင္ ႏွုတ္ခမ္းနား လက္ညိဳးကပ္ဟန္ ျပဳမူသည္။ ေက်ာက္ယြိက သူမတို႔ႏွစ္ဦးအား အတန္ၾကာသည္အထိ စိုက္ၾကည့္ေနၿပီး ဤတႀကိမ္တြင္ ေခြးစာအဝ အေကၽြးခံလိုက္ရသည္။
ရွန့္ေခ်ာင္ သူမထံ လက္ေဝွ႕ရမ္းျပလိုက္လၽွင္ ေကာက္ယြိက ေျခဖ်ားေထာက္၍ အနားကပ္လာၿပီး ကုတင္ေဘးတြင္ ေဆာင့္ေၾကာင့္ထိုင္သည္။ ရွန့္ေခ်ာင္က သူမထံ ေလသံမၽွျဖင့္ ေမးသည္။
"ေဟာ့ရွီး ဒီမွာ ရွိေနတဲ့ သတင္း မပ်ံ႕ဘူးမလား?"
ေက်ာက္ယြိ ေခါင္းယမ္းကာ အသံတိုးတိုးျဖင့္ ျပန္ေျဖသည္။
"အဲ့ဒီအခ်ိန္က နင့္လက္ေထာက္ရယ္၊ ငါရယ္၊ လီေယာင္နဲ႔ ဦးေလးရယ္ပဲ ရွိတယ္၊ ဒီဆက္ဆံေရးကို ေဖာ္ထုတ္လို႔ မျဖစ္ဘူးလို႔ နင့္လက္ေထာက္က ေျပာတယ္၊ ငါတို႔ နားလည္ပါတယ္"
ရွန့္ေခ်ာင္ စိတ္သက္သာရာရသြားသည္။
ေက်ာက္ယြိက ထပ္ေပါင္းဆိုသည္။
"ဒါေပမယ့္ ျပည္တြင္းမီဒီယာေတြကေတာ့ နင့္အေၾကာင္း သတင္းေရးလိုက္ၿပီ၊ ကားမေတာ္တဆျဖစ္တာက ႀကီးလြန္းၿပီး ရွိုးအဖြဲ႕သားေတြလည္း ရွုပ္ေထြးကုန္တာ၊ ဦးေလးက နင္ ကားမေတာ္တဆျဖစ္တဲ့အေၾကာင္းပဲ ေျပာထားၿပီး ျပန္ေပးဆြဲခံရတဲ့ ကိစၥကို ထည့္မေျပာထားဘူး၊ မေန႔က နင့္မန္ေနဂ်ာ ေရာက္လာတယ္၊ ဒါနဲဲ့ ေခ်ာင္းမ်ိဳးရိုး ေရွ႕ေနလည္း ေရာက္လာတယ္၊ သူ ေျပာတာေတာ့ သူက နင့္ရဲ့ ပင္တိုင္ေရွ႕ေနတဲ့၊ နင့္ မန္ေနဂ်ာနဲ႔ ပူးေပါင္းၿပီး ျပန္ေပးဆြဲတဲ့ကိစၥကို ရဲစခန္းမွာ ေျဖရွင္းလိမ့္မယ္"
"ေခ်ာင္းယြီက ဒီမွာလား?"
ရွန့္ေခ်ာင္မွာ စိတ္လွုပ္ရွားလြန္းသျဖင့္ ဘာေျပာရမည္မွန္းပင္ မသိနိုင္ေအာင္ ျဖစ္ရသည္။ ထို႔ေနာက္ သူမက
"သူ ဘယ္မွာလဲ? ငါ သူနဲ႔ ေတြ႕ခ်င္တယ္"
ေက်ာက္ယြိ - "ခဏေန လာလိမ့္မယ္၊ နင္သက္သာလာၿပီဆိုတာနဲ႔ ရဲစခန္းကလည္း နင့္ဆီက ထြက္ဆိုခ်က္လာယူလိမ့္မယ္"
ရွန့္ေခ်ာင္မွာ တခဏမၽွ တိတ္ဆိတ္သြားၿပီးမွ
"ေနာက္ကြယ္က တရားခံက ဘယ္သူလို႔ ျပန္ေပးသမားေတြ ဝန္ခံလဲ?"
ေက်ာက္ယြိ ေခါင္းယမ္းသည္။
"အခုထိ သက္ေသပစၥည္း စုေဆာင္းေနတုန္းပဲ၊ ဘာမွ မေၾကညာရေသးဘူး၊ နင့္ေရွ႕ေနက ပိုသိလိမ့္မယ္၊ ခဏေန သူ႔ကို ေမးၾကည့္လို႔ရတယ္"
သူမ ရပ္သြားၿပီးေနာက္ စကားဆက္သည္။
"ဘယ္လိုပဲျဖစ္ျဖစ္ ဒါ ႀကိဳတင္စီစဥ္ထားတဲ့ ျပန္ေပးမွုပဲ၊ ဟိုတယ္ေဘးပတ္လည္က စီစီတီဗီအားလုံး ပ်က္ေနမွန္း အစစ္ခံရတယ္၊ နင္သာ အဲ့အခ်ိန္က ေဟာ့ရွီးနဲ႔ ဖုန္းမေျပာေနရင္ သူသာ တစ္ခုခုမွားေနမွန္း သတိထားမိၿပီး ရဲမတိုင္ရင္ နင္သာ ကားလမ္းမအလယ္မွာ မေတာ္တဆမွုျဖစ္ေအာင္ မလုပ္နိုင္ရင္ ဘာျဖစ္မယ္မွန္း ငါ မေတြးရဲေအာင္ပဲ"
ဘာျဖစ္လာမည္မွန္း သူမ က်ိန္းေသေပါက္ သိေပသည္။
ထိုလူမ်ားက သူမအား သတ္လိုစိတ္မရွိ၊ သူတို႔က သူမအား ဖ်က္စီးလိုျခင္းသာ ျဖစ္၏။ သူတို႔က သူမအား ျပန္ေပးဆြဲကာ ဗီဒီယိုရိုက္ၿပီးသည္ႏွင့္ ျပန္လႊတ္ေပးမည္ျဖစ္သည္။ သူမဘက္မွ ဘာမွ တတ္နိုင္လိမ့္မည္မဟုတ္။ ဤေနရာမွာ နိုင္ငံရပ္ျခားျဖစ္ၿပီး ေနရာတိုင္းတြင္ ကန့္သတ္မွုမ်ား ရွိသည္။ ရိုက္ကူးေရးအတြက္ ပရိုဂရမ္အဖြဲ႕ ယူထားသည့္ ဗီဇာမွာ အခ်ိန္အၾကာႀကီး ေနနိုင္ခြင့္မရွိေပ။ ျဖစ္နိုင္သည္မွာ သူမ ရဲမတိုင္နိုင္ခင္မွာပင္ သူမဘဝအား ဖ်က္ဆီးနိုင္သည့္ ထိုဗီဒီယိုမ်ားက မိုးထိညံေအာင္ ပ်ံ႕ေနေလာက္သည္။
နိုင္ငံျခားမွ ျပန္ေပးသမားမ်ား ငွါးရမ္းေသာအခါ ေနာက္ကြယ္မွ ႀကိဳးကိုင္သူအား ရွာေဖြရန္ ပို၍ပင္ ခက္ခဲသည္။ ျပန္ေပးဆြဲသမား၏ ပုံပန္းသ႑ာန္ကိုပင္ သူမ ျမင္ေတြ႕ခဲ့ျခင္းမရွိ၊ ထိုမၽွသာမက ေဘးပတ္ဝန္းက်င္ရွိ စီစီတီဗီမွတ္တမ္းမ်ားမွာလည္း ေဖ်ာက္ဖ်က္ထားျခင္း ခံရရာ တရားခံရွာမည့္အေရးမွာ ေကာက္ရိုးပုံထဲ အပ္ေပ်ာက္ရွာသကဲ့သို႔ပင္။
တဖက္လူက ေသခ်ာအကြက္ခ်ထားခဲ့ၿပီး ပိုက္ဆံမလိုခ်င္သလို အသက္ေသေစလိုျခင္းလည္းမဟုတ္။ လမ္းတဝက္တြင္ ကားမေတာ္တဆမွုသာ ျဖစ္ပြါးခဲ့ျခင္း မရွိပါက သည္ကိစၥမွာ ေျဖရွင္း၍ မရနိုင္သည့္ ျပန္ေပးဆြဲမွု ျဖစ္လာေပမည္။
ကံေကာင္းေထာက္မေပလို႔...
ဘုရားသခင္က သူမဘက္ ရွိေနေသးသည္။
အေတြးထဲ နစ္ေမ်ာရင္း သူမမ်က္ေမွာင္ၾကဳတ္သည္ကို ျမင္လၽွင္ ေက်ာက္ယြိက လက္ေခ်ာင္းတို႔ျဖင့္ သူမမ်က္ႏွာအား လွမ္းထိရင္း
"စကားမစပ္... နင္နဲ႔ ေဟာ့ရွီးက ဘယ္တုန္းက အတူရွိသြားတာလဲ? ေလာင္ေဖာ္ဖန္ကေန ေလာင္ေဖာ္ျဖစ္သြားတာ မိုက္လိုက္တာ"
ရွန့္ေခ်ာင္မွာ ႐ုတ္တရက္ အနည္းငယ္ ရွက္ရြံ႕သြားသည္။
"နည္းနည္းၾကာၿပီ"
ေက်ာက္ယြိက ႏွာေခါင္းရွုံ႔သည္။
"ငါ့ကို ညီအစ္မဆိုၿပီး ဒီကိစၥက် ဖုံးထားတယ္! ဒီလိုဆို ငါက နင္နဲ႔ ဘယ္လိုလုပ္ CP သတင္းလႊင့္လို႔ ရေတာ့မွာလဲ? နင္ ေတာင္သုံးလုံး သိမ္းခ်င္ေသးရဲ့လား?"
ေဘးဘက္မွ အနည္းငယ္ ဩရွေနသည့္ အသံတစ္သံ ထြက္ေပၚလာသည္။
"မင္းက သူနဲ႔ ဘယ္လို ေကာလဟာလမ်ား လႊင့္ခ်င္ေနတာလဲ?"
ေက်ာက္ယြိ - "ဘုရား!"
ေဟာ့ရွီး ထထိုင္ကာ ရွန့္ေခ်ာင္ဆံပင္အား လွမ္းသပ္ရင္း ရယ္ေမာလ်က္ ေမးသည္။
"မင္းမွာ ေကာလဟာလသတင္းေတြ လုံေလာက္ၿပီလို႔ မထင္ဘူးလား?"
ရွန့္ေခ်ာင္ ထထိုင္လိုေသာ္လည္း သူမ ေခါင္းနာေနဆဲျဖစ္သည္မို႔ ဆက္လွဲေနရန္သာ တတ္နိုင္သည္။ သူမက စိုးရိမ္တႀကီး ေမးသည္။
"ေဟာ့ရွီး... ရွင္ ေကာင္းေကာင္းအိပ္ရရဲ့လား? ခဏေလာက္ ထပ္အိပ္ဦးမလား?"
သူက သူမေခါင္းထက္ ထိေတြ႕ရင္း
"ေကာင္းေကာင္းအိပ္ရတယ္"
ေက်ာက္ယြိ - "........"
ငါ ေခြးစာမစားခ်င္ဘူး... ဘိုင္ဘိုင့္ပဲ!
သူမေနာက္လွည့္ကာ ျပန္ထြက္သြားသည္။ တံခါးဝသို႔ ေရာက္ခ်ိန္တြင္ တစ္ခုခုေတြးမိဟန္ျဖင့္ ျပန္လွည့္လာကည
"နင့္ေရွ႕ေနနဲ႔ အမွုစစ္ရဲေတြ လာေနၿပီ၊ အဆင္သင့္ျပင္ထားေတာ့"
ေက်ာက္ယြိ တံခါးပိတ္ကာ ထြက္ခြါသြားသည္။
ေဟာ့ရွီး ကုတင္ေပၚမွဆင္းကာ ေရခ်ိဳးခန္းသို႔ သြားေရာက္၍ မ်က္ႏွာသစ္သည္။ သူ ျပန္ထြက္လာခ်ိန္တြင္ ရွန့္ေခ်ာင္က သူမဖုန္းအား မွန္အေနနဲ႔ အသုံးျပဳေနသည္။ သူမက ဦးေခါင္းထက္တြင္ စည္းထားသည့္ ပတ္တီးအား ၾကည့္ရင္း ခ်ဳပ္ရိုးေနရာ၌ ဆံပင္အရိတ္ခံထားရသည္ကို ေတြးၾကည့္လိုက္လၽွင္ ငိုခ်လုနီးနီးပင္။
သူမ ႏွုတ္ခမ္းစူရင္း
"ေဟာ့ရွီး... ငါ ကတုံးျဖစ္ေတာ့မယ္ထင္တယ္"
ေဟာ့ရွီးက ကုတင္ရွိရာ ေလၽွာက္လာကာ ေဘးတြင္ ဝင္ထိုင္သည္။
"ဆံပင္က သိပ္မၾကာခင္ ျပန္ရွည္လာမွာ"
သူမ ေဘးဘက္သို႔ ၾကည့္ေနသည္ကို ၾကည့္ရင္း သူ႔မ်က္ဝန္းတို႔ နက္ေမွာင္သြားကာ ႐ုတ္တရက္ ငုံ႔ကိုင္း၍ အနားတိုးလာၿပီး သူမႏွုတ္ခမ္းေထာင့္အား လွမ္းကိုက္သည္။
နာက်င္မွုေၾကာင့္ ရွန့္ေခ်ာင္ ၾကက္သီးထသြားကာ မတရားခံရသူပမာ မေက်မနပ္ဆိုသည္။
"ေဟာ့ရွီး... နင္ဘာလုပ္တာလဲ?"
သူက ေလသံတိုးတိုးျဖင့္
"ကိုယ္ မနာလိုမျဖစ္ဘူးလို႔ မင္းထင္ေနတာမလား?"
ထိုအခ်ိန္မွသာ သူ ထုတ္ေျပာလာသည့္အခါမွသာ သူ ဘာကိုဆိုလိုမွန္း ရွန့္ေခ်ာင္ သေဘာေပါက္သြားသည္။ ထို႔ေနာက္ 'Fearless' အား ရိုက္ကူးေနခ်ိန္ ပထမဆုံးေသာ အနမ္းခန္းအား ႐ုတ္တရက္ အမွတ္ရသြားသည္။ ထိုေန႔ကလည္း အနမ္းခန္းအား အသုံးခ်ကာ သူမအား အသားယူခဲ့ၿပီး အျပစ္ေပးသည္ဟုပင္ ဆိုခဲ့ေသးသည္။
ယခုခ်ိန္တြင္ သူေျပာေနသည့္ အျပစ္ဒဏ္မွာ မည္သည္ကို ဆိုလိုေၾကာင္း ေနာက္ဆုံးတြင္ သူမ သေဘာေပါက္သြားသည္။ အေၾကာင္းရင္းမွာ ေခ်ာင္းယြီျဖစ္ေနခဲ့ျခင္း!
ရွန့္ေခ်ာင္ အသံထြက္ရယ္ေမာလာကာ လက္ဆန့္၍ သူ႔လည္ပင္းထံ လွမ္းဖက္ရင္း ခၽြဲခၽြဲႏြဲ႕ႏြဲ႕ဆိုသည္။
"သူက ဒီတိုင္း ငါ့ေရွ႕ေနပဲကို"
ေဟာ့ရွီးက မ်က္ခုံးပင့္လာသည္။
"သူက ေယာက်္ားတစ္ေယာက္ပဲေလ"
ရွန့္ေခ်ာင္ မ်က္လုံးလွိမ့္လိုက္ရင္း တီးတိုးဆိုသည္။
"ေဟာ့ရွီး... လ်ိဳ႕ဝွက္ခ်က္တစ္ခု ေျပာျပရမလား?"
"အင္း?"
"သူက ငါ့အစ္ကို"
ေဟာ့ရွီးက စကားတစ္ခြန္းမဆိုပဲ သူမထံ စိုက္ၾကည့္သည္။ ရွန့္ေခ်ာင္ ေတာက္ပစြာ ျပဳံးလိုက္ရင္း
"ယြီအစ္ကို၊ သူ႔မိဘေတြက ငါ့ေမြးစားအေဖနဲ႔ အေမ၊ ငါတို႔ၾကားမွာ သန့္စင္တဲ့ ေမာင္ႏွမဆက္ဆံေရးပဲ ရွိတာ၊ အဲ့ဒါေၾကာင့္ သူ႔ကိုမနာလိုမျဖစ္နဲ႔ မေကာင္းဘူးလား?"
သူက အနားပိုတိုးကပ္လာရင္း ျပန္ေျဖသည္။
"မေကာင္းဘူး"
ရွန့္ေခ်ာင္ သက္ျပင္းခ်သည္။
"အို႔... နင့္မွာ ခ်စ္သူေကာင္မေလးဖန္နဲ႔ ေလာင္ေဖာ္ဖန္ေတြ ဒီေလာက္မ်ားတာ... ငါ ဘာမွ မေျပာဘူးေလ"
ေဟာ့ရွီး အသံထြက္ ရယ္ေမာလာကာ သူမပါးျပင္အား လွမ္းဖ်စ္ညႇစ္သည္။
ထိုတခဏတြင္ အခန္းတံခါးပြင့္သြားကာ ေခ်ာင္းယြီက အရင္ဆုံး ေလၽွာက္ဝင္လာသည္။ အခန္းတြင္းရွိ တစ္ေယာက္ကိုတစ္ေယာက္ နမ္းရွိုက္ေနသည့္ လူႏွစ္ဦးအား လွမ္းျမင္ခ်ိန္တြင္ သူ႔မ်က္ဝန္းတို႔ ျပဴးက်ယ္သြားရကာ ခပ္ျမန္ျမန္ ေခ်ာင္းဟန့္လာသည္။
ေဟာ့ရွီး ခပ္မတ္မတ္ျပင္ထိုင္လိုက္ၿပီး သူ႔ထံ လွမ္းျပဳံးျပသည္။ ရွန့္ေခ်ာင္မွာ စိတ္လွုပ္ရွားေန၏။
"ေခ်ာင္းယြီ... ဘာလို႔ ဒီေရာက္ေနတာလဲ?"
"တ႐ုတ္ျပည္က သတင္းေတြ႕ၿပီး မင္းဆီ ဖုန္းေခၚေသးတယ္၊ မင္းလက္ေထာက္က ဘာျဖစ္လဲ ေျပာျပတာ၊ ငါ့မိဘေတြပါ စိတ္ပူၿပီး ငါ့ကို လာၾကည့္ခိုင္းလိုက္တာ"
ေခ်ာင္းယြီ အနားတိုးလာကာ သူမထံ ေစ့စပ္စြာ ၾကည့္သည္။
"ေနလို႔ သက္သာသြားၿပီလား?"
"အင္း!! အဆင္ေျပတယ္!"
ေခ်ာင္းယြီျပဳံးရင္း ဆိုသည္။
"အဲ့ဒါဆို အေတာ္ပဲ၊ ရဲေတြ မင္းဆီက ထြက္ဆိုခ်က္လာယူတယ္၊ ငါ သူတို႔ကို ဝင္လာခိုင္းလိုက္မယ္"
ရွန့္ေခ်ာင္ သေဘာတူလိုက္ကာ ရဲအရာရွိမ်ား အခန္းတြင္း ဝင္ေရာက္လာသည္။ ပထမဦးဆုံး သူတို႔က စိတ္မေကာင္းျဖစ္ရေၾကာင္း ေဖာ္ျပလာၿပီး ေမးခြန္းမ်ား စတင္ေမးျမန္းကာ မွတ္စုမ်ား ခ်ေရးသည္။ ေဟာ့ရွီးႏွင့္ ေခ်ာင္းယြီက သူမေဘးတြင္ မတ္တပ္ရပ္ေနၿပီး ေဟာ့ရွီးက ေလသံတိုးတိုးျဖင့္ ေမးလာသည္။
"အမွုလိုက္ရခက္ေနလား?"
ေခ်ာင္းယြီက ေခါင္းခါကာ တဖန္ ေခါင္းညိတ္သည္။
"ျပန္ေပးသမားေတြက ဝန္ခံၿပီးၿပီ၊ ႀကိဳးကိုင္သူကို နိုင္ငံျပင္ပထြက္ဖို႔ လုပ္ေနတုန္း ဖမ္းမိထားတယ္၊ ဒါေပမယ့္ သူကလည္း ေနာက္လူႏွစ္ေယာက္နာမည္ကို ေဖာ္လာတယ္၊ ႏွစ္ေယာက္စလုံးက တ႐ုတ္က၊ နယ္ေက်ာ္ၿပီး ကိုင္တြယ္ဖို႔က ခက္တဲ့အျပင္ တဖက္လူက ေနာက္ခံအင္အားရွိတယ္"
ထို႔ေနာက္ ေခ်ာင္းယြီက ေဟာ့ရွီးကို ပခုံးပုတ္သည္။
"စိတ္မပူနဲ႔၊ ငါ ရွိေနသေရြ႕ သူတို႔ကို အျပစ္ကေန ေရွာင္ထြက္ခြင့္မျပဳဘူး"
ေဟာ့ရွီးက ေခါင္းညိတ္သည္။
ထြက္ဆိုခ်က္ရယူၿပီးေနာက္ ရဲမ်ားက ျပန္ေပးသမားမ်ား၏ ဓါတ္ပုံအား ထုတ္ယူလာကာ ရွန့္ေခ်ာင္အား အတည္ျပဳေစသည္။ လုပ္ငန္းစဥ္တစ္ရပ္လုံး ၿပီးဆုံးခ်ိန္တြင္ မိုးေမွာင္စျပဳေလၿပီ။ အမွုစစ္ရဲမ်ား ျပန္သြားခ်ိန္မွသာ ေခ်ာင္းယြီအား ေမးျမန္းရန္ အခ်ိန္ရသည္။
"ဘယ္သူက ႀကိဳးကိုင္သူလဲ?"
ေခ်ာင္းယြီ - "ဒီမွာ ဖမ္းမိတဲ့သူနာမည္က ယြဲ႕ရွုယန္၊ သူက ေနာက္လူႏွစ္ေယာက္နာမည္ကို ထုတ္ေျပာၿပီး ဝန္ခံလာတယ္၊ မင္းရဲ့ အရင္မန္ေနဂ်ာေဟာင္း ေကာင္းေမလင္နဲ႔ လုလီ... မင္း ခိုးကူးကိစၥနဲ႔ အျပစ္လုပ္ခဲ့တဲ့သူ၊ ေကာင္းေမလင္ေရာ လုလီပါ တ႐ုတ္ျပည္တြင္းမွာ၊ ငါ ဒီမွာ နယ္စပ္ျဖတ္ေက်ာ္ဖမ္းခြင့္အတြက္ လိုအပ္တာေတြ လုပ္ေနၿပီ"
ရွန့္ေခ်ာင္မွာ အံ့အားသင့္ပုံမရ။
ေခ်ာင္းယြီ - "ဒါနဲ႔ ၿပီးခဲ့တဲ့ လပိုင္းေလာက္က မင္း ရခဲ့တဲ့ အသက္အႏၲရာယ္ၿခိမ္းေျခာက္စာကလည္း ယြဲ႕ရွုယန္လုပ္တာလို႔ မင္းမန္ေနဂ်ာ ေျပာတယ္၊ သက္ေသအေထာက္အထားျပတာနဲ႔ သူ ဝန္ခံလာတာ"
ေဟာ့ရွီး မ်က္ေမွာင္ၾကဳတ္သည္။
"အသက္အႏၲရာယ္ၿခိမ္းေျခာက္တယ္? ဘယ္တုန္းက ျဖစ္တာလဲ?"
ရွန့္ေခ်ာင္ အခ်ိန္ၾကာသည္အထိ ၿငိမ္သက္ေနခဲ့ၿပီးမွ တိုးညႇင္းစြာဆိုသည္။
"အရင္က...."
ေဟာ့ရွီးအၾကည့္တို႔မွာ အနည္းငယ္ေမွာင္မိုက္ေနေသာ္လည္း သူက မည္သည့္စကားမွမဆို။ ေခ်ာင္းယြီက ဆက္ေျပာသည္။
"ဒီကိစၥကို စိတ္မပူနဲ႔ေတာ့၊ မင္းက်န္းမာေရးကိုပဲ ဂ႐ုစိုက္၊ ငါ့မွာ ျပန္ေပးဆြဲတဲ့အမွုေတြကို ကိုင္တြယ္ရာမွာ အထူးျပဳတဲ့ နာမည္ႀကီး သူငယ္ခ်င္းနည္းနည္း ရွိတယ္၊ သူတို႔ကိုင္တြယ္ပုံနဲ႔ဆိုရင္ ေနာက္ခံဘယ္ေလာက္ႀကီးႀကီး၊ ဒီကိစၥ ေအးေဆးမၿပီးဘူး"
ရွန့္ေခ်ာင္ ခပ္သာသာ ေခါင္းညိတ္သည္။
"ေက်းဇူးတင္ပါတယ္ ေခ်ာင္းယြီ"
သူက ျပဳံးရင္း
"မင္း ပိုသက္သာတဲ့ခ်ိန္က် ငါ့မိဘေတြဆီ ဖုန္းေခၚဦး၊ သူတို႔အားလုံး အရမ္းစိတ္ပူေနတာ"
ရွန့္ေခ်ာင္ ခ်က္ခ်င္းပင္ ဖုန္းထုတ္လိုက္သည္။
"ငါ အခုေခၚလိုက္မယ္"
ဖုန္းေခၚဆိုမွုအား ေျဖဆိုလာသူမွာ ေခ်ာင္းအေမျဖစ္သည္။ ရွန့္ေခ်ာင္အသံကို ၾကားသည္ႏွင့္ သူမက ခ်က္ခ်င္းဆိုသလို ရွိုက္ငိုလာသည္။ ရွန့္ေခ်ာင္ အဆင္ေျပမွန္း သိရသည့္အတြက္ စိတ္ေအးသြားရၿပီး သူမက်န္းမာေရးကို ဂ႐ုစိုက္ရန္ႏွင့္ သူမ တ႐ုတ္ျပည္ျပန္ေရာက္လၽွင္ သူတို႔လာေတြ႕မည္ျဖစ္ေၾကာင္း မွာၾကားသည္။
ေခ်ာင္းယြီရွိေနသည္မို႔ အမွုကိစၥႏွင့္ ပတ္သက္သည္မ်ားအား သူမ စိတ္ပူရန္ မလိုေပ။ ေနာက္တဆင့္မွာ သူမခႏၶာကိုယ္အား ဂ႐ုစိုက္ရန္ျဖစ္သည္။
ပရိုဂရမ္အဖြဲ႕မွ ဝန္ထမ္းမ်ားအားလုံး တ႐ုတ္ျပည္ ျပန္ႏွင့္ၿပီးျဖစ္ေသာ္လည္း ဒါရိုက္တာေက်ာက္က ေနရစ္ခဲ့သည္။ ဘယ္လိုပဲေျပာေျပာ မေတာ္တဆမွုက သူ႔အစီအစဥ္ရိုက္ကူးေရးတြင္ ျဖစ္ပြါးခဲ့သည္မလား။ က်န္အႏုပညာရွင္မ်ားထံတြင္ အခ်ိန္ဇယားကိုယ္စီရွိကာ သူမအေျခအေန တည္ၿငိမ္ၿပီးျဖစ္ေၾကာင္း အတည္ျပဳၿပီးသည္ႏွင့္ ကိုယ္စီ ထြက္ခြါသြားၾကသည္။ ေက်ာက္ယြိတစ္ေယာက္တည္းသည္သာ သူမနိုးလာခ်ိန္အထိ ေစာင့္ေနရစ္ၿပီး ယေန႔ညမွ ထြက္ခြါမည္ျဖစ္သည္။
ေပ့မင္းဖန္မွာ အမွုကိစၥအတြက္ ေခ်ာင္းယြီေနာက္လိုက္ေနၿပီး တင္းက်န္မွာ ဘာသာစကားနားလည္ရန္ အခက္အခဲရွိသည္။ အခ်ိန္အမ်ားစုတြင္ ေဟာ့ရွီးကသာ သူမအား ဂ႐ုစိုက္ေပးေလ့ရွိသည္။
ျဖစ္ခ်င္ေတာ့ သူမအား တႀကိမ္လၽွင္ တလုတ္စာမၽွ စိတ္ရွည္လက္ရွည္ ခြံ႕ေကၽြးနိုင္သည္အထိ သူက ႏူးညံ့ညင္သာသည္။
ျဖစ္ခ်င္ေတာ့ သူက သူမႏွင့္ ညလုံးေပါက္ အေဖာ္ျပဳေပးနိုင္စြမ္းသည္။
ျဖစ္ခ်င္ေတာ့ သူက သူမခ်စ္သေလာက္ သူမအား ျပန္ခ်စ္သည္။
ျဖစ္ခ်င္ေတာ့ သူ၏ အိုင္ေဒါလ္ဂုဏ္ပုဒ္ရွိေနေသးသည့္တိုင္ သူက ကိုယ္ပိုင္ဘဝတြင္ပါ ေတာက္ပေနေသးသည္။
ဤလူသားအား သူမ ေသခ်ာေပါက္ ေကာင္းမြန္စြာ ဆက္ဆံရေပမည္။
*****