{Unicode}
အပိုင်း ၁၀၈.၁
လေယာဉ်မယ်၏ ချိုမြိန်သည့် ကြေညာသံပေါ်ထွက်လာသည်။
"ခရီးသွားဧည့်သည်တော်များရှင့်၊ ကျွန်မတို့ရဲ့ လေယာဉ်ဟာ မကြာခင်မှာ စတင်ထွက်ခွါတော့မည်ဖြစ်ပါ၍ ကျေးဇူးပြုပြီး လူကြီးမင်းတို့၏ လက်ကိုင်ဖုန်းများနှင့် အခြားအီလက်ထရောနစ်ပစ္စည်းများအား စက်ပိတ်၍သော်လည်းကောင်း (သို့) Flight mode သို့ပြောင်းပေးထားပါရန်၊ မိမိတို့ရှေ့တွင်ရှိသော စားပွဲများကို ခေါက်သိမ်းပေးပါရန်နှင့် ထိုင်ခုံများအား တည့်မတ်စွာ ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုင်ခုံခါးပတ်များကိုလည်း သေချာစွာ တပ်ဆင်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။"
ဟော့ရှီးသည်လည်း ဖုန်းတစ်ဖက်ရှိ ကြေညာချက်အား ကြားရပြီးနောက် နွေးထွေးစွာဖြင့် ဆိုသည်။
"မင်း ဟိုကိုရောက်ရင် ကိုယ့်ဆီ မက်ဆေ့ချ်ပို့"
ရှန့်ချောင်မှာ ဖုန်းချရန် တွန့်ဆုတ်နေသော်လည်း ဖုန်းချရန်သာ တတ်နိုင်ပြီး ဝမ်းနည်းတကြီးဖြင့် ခပ်မတ်မတ်ပြင်ထိုင်လိုက်သည်။ သူမဘေးတွင် ချီလျန်က မဂ္ဂဇင်းတစ်အုပ်ကိုင်ကာ ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူက မျက်စိတစ်ဖက်မှိတ်ပြကာ လေသံတိုးတိုးဖြင့် မေးသည်။
"ရှောင်ချောင်၊ မင်း ရည်းစားထားနေတာလား?"
ရှန့်ချောင်က ထပ်ခါတလဲလဲ ငြင်းဆိုသည်။
"မဟုတ်ပါဘူး!"
ချီလျန် - "ဒါဆို မင်း ဘာလို့ တိတ်တိတ်လေး ဖုန်းခိုးဖြေတာလဲ?"
ရှန့်ချောင် - "ရှင့်ကို နှောင့်ယှက်မိမှာ စိုးလို့ပါ"
လေယာဉ်မယ်များက လုံခြုံရေးစစ်ဆေးချက်များ ပြုလုပ်ရန် ခပ်မြန်မြန်လာရောက်သည်။ ပြန်ထွက်မသွားခင်တွင် လေယာဉ်မယ်တစ်ယောက်က စိတ်လှုပ်ရှားမှုအား ချုပ်တည်းထားရဟန်ဖြင့် ရှန့်ချောင်ထံ ဆိုလာသည်။
"ချောင်ချောင်၊ ရှင် တကယ်လို့ တစ်ခုခုလိုရင် ကျေးဇူးပြုပြီး ကျွန်မကို ခေါ်လိုက်နော်၊ ကျွန်မက ရှင့်ပရိသတ်ပါ"
ချီလျန်က သက်ပြင်းချသည်။
"လေယာဉ်ပေါ်မှာ ပရိသတ်တွေနဲ့ တွေ့နိုင်တဲ့ မင်းတို့အားလုံးကို ငါ မနာလိုလိုက်တာ၊ ငါ့ဘဝမှာ ဒီလိုမျိုး အခွင့်အရေးရှိမှာ မဟုတ်ဘူး"
ရှန့်ချောင် - "ချီလောင်ရှစ်၊ ကျွန်မက ရှင့်ဖန်လေ၊ ခဏနေကျရင် လက်မှတ်ထိုးပေးပါဦး"
ချီလျန် - "ဟေ့ ကောင်မလေး၊ ငါ့ကို ဘောပင်နဲ့ စာရွက်ယူလာပေးပါဦး"
မကြာမှီမှာပင် လေယာဉ်စတင်ထွက်ခွါလာကာ ချောချောမွေ့မွေ့ စတင်ပျံသန်းနိုင်သည်နှင့် ဒါရိုက်တာအဖွဲ့က လေယာဉ်ချိန်အတွင်း ဇာတ်ဝင်ခန်းတစ်ချို့ ရိုက်ကူးလိုသည်။ ဗီဒီယိုကင်မရာ အသုံးပြုရန် အဆင်မပြေသည်မို့ DV ဖြင့်သာ ရိုက်ကူးသည်။
ရှစ်ရွှမ်းနှင့် လျန်ချိုးယွိက အတူတကွထိုင်ကာ ရုပ်ရှင်ကြည့်နေသည်။ လီယောင်နှင့် ဟူရွေ့ဝန်က Ipad ကိုယ်စီကိုင်ကာ တစ်ယောက်ချင်းစီ ဂိမ်းဆော့နေကြသည်။ ရှန့်ချောင်အား ရိုက်ကူးချိန်တွင် သူမက Physics စာလုပ်နေသည်။
ချီလျန်က ဘေးတွင် မှီကြည့်နေပြီး သူ့မျက်နှာအမူအရာမှာ ရှုံ့မဲ့လျက် ညည်းတွားသည်။
"အို့... မင်း ဒီတပုဒ်ဖြေတာ မှားနေတယ်၊ မင်း ဘာလို့ ထပ်မှားဖြေပြန်တာလဲ? အဖြေမှန်ကိုကြည့်၊ ပုစ္ဆာဖြေရှင်းတဲ့ အဆင့်တွေရော... အို့... ငါလည်း နားမလည်ဘူး၊ မင်း ကိုယ့်ဘာသာ ကြည့်"
ရှန့်ချောင် - "......"
ဒါရိုက်တာက ရယ်ချင်စိတ်ကို ထိန်းကာ မေးသည်။
"ရှောင်ချောင်၊ ခက်လား?"
ရှန့်ချောင် ကင်မရာကို ကြည့်ရင်း
"ဝူးးးး တအားခက်တာပဲ! Physics က ကောင်းကင်ပေါ် လက်လှမ်းရသလောက်နီးနီး ခက်တယ်"
ချီလျန် - "တရုတ်စာက အကောင်းဆုံးပဲ"
ဆယ်နာရီကျော်ကြာမြင့်သည့် လေယာဉ်ခရီးစဉ်အပြီးတွင် ပရိုဂရမ်အဖွဲ့က ခရီးစဉ်၏ ပထမဆုံးသော မှတ်တိုင်ဆီ ရောက်ရှိလာသည်၊ ဘာစီလိုနာမြို့။ လေယာဉ်ပေါ်မှ ဆင်းသက်ချိန်တွင် ပြည်တွင်းအချိန် ညနေ၇နာရီခန့်ဖြစ်ပြီး အပူချိန်မှာ တရုတ်ပြည်ထက်ပို၍ နိမ့်ကျသည်။ အထူးသဖြင့် ညအခါမျိုးတွင် ဖြစ်ပြီး မနက်ပိုင်းနှင့် ညပိုင်းအပူကွာခြားချက်မှာ ကြီးမားသည်။
ဧည့်သည်အများစုမှာ လက်တိုများဝတ်ဆင်ထားပြီး လေယာဉ်ပေါ်မှ ဆင်းသည်နှင့် တုန်ယင်သွားကြသည်။
ခရီးဆောင်အိတ် အကြီးအသေးစုစုပေါင်း ကိုးလုံးရှိပြီး လူအားလုံး အတူတကွမတ်တပ်ရပ်နေကာ ဘေးပတ်လည်တွင် မရင်းနှီးသည့် ဘာသာစကားများဖြင့် ဝန်းရံထားခြင်း ခံရသည်။ သူတို့အားလုံး ပင်ပန်းနွမ်းနယ်နေကာ အေးနေပြီး စိတ်ရှုပ်ထွေးလျက်ရှိသည်။
ပရိုဂရမ်အဖွဲ့မှာ ကင်မရာချိန်ထားနှင့်ပြီး ဖြစ်ကာ ဘေးဘက်တွင် ရပ်၍ စတင်ရိုက်ကူးနေလေပြီ။ ဒါရိုက်တာအဖွဲ့မှာ သူတို့မျက်နှာပေါ်တွင် 'ငါတို့ကို မရှာနဲ့' ဟူသော စကားလုံးလေးလုံးအား ရေးသားထားဟန်ဖြင့် အေးစက်သည့် မျက်နှာပေးများရှိသည်။
ဧည့်သည်များက အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လာပြီး ချီလျန်က မေးခွန်းထုတ်သည်။
"ဘယ်လိုလုပ်ကြမလဲ? ငါ အင်္ဂလိပ်လို တစ်လုံးမှ မတတ်ဘူး"
လီယောင် - "အရင်ဆုံး ကားငှါးတာပေါ့၊ ဒီလောက် အိတ်အများကြီးနဲ့ အပြင်ထွက်ဖို့တောင် တွန်းလှည်းမရှိဘူး၊ တကယ် ပြဿနာပဲ"
မြေပုံကြည့်နေသည့် ရှန့်ချောင်ထံ ရှစ်ရွှမ်းက အပြုံးမမည်သော မျက်နှာဖြင့် လှမ်းကြည့်ကာ
"ခေါင်းဆောင် တစ်ခုခု ပြောပါဦး"
ထို့နောက် ရှန့်ချောင် ခေါင်းမော့လာကာ မြေပုံကို သူမအိတ်ထဲ သိမ်းလိုက်သည်။
"ခရီးဆောင်အိတ်တွေထဲက အရင်ဆုံး ကုတ်အကျီထုတ်ဝတ်ထားလိုက်၊ အအေးမမိစေနဲ့၊ ရှင်တို့အားလုံး ကုတ်အကျီအရင်ဝတ်ထား၊ ကျွန်မ ထွက်ပြီးကားငှါးလိုက်ဦးမယ်"
သူမက ရှစ်ရွှမ်းရှေ့ လက်ဖြန့်လာသည်။
"ငါ့ကို ယူရို ၁၀၀ အရင်ပေး"
ရှစ်ရွှမ်း - "အများကြီးပဲ?"
ရှန့်ချောင် - "ခရီးဆောင်အိတ်တွေက များလွန်းပြီး လူတိုင်းပင်ပန်းနေပြီ၊ ဟိုတယ်အရင်ပြန်ကြရအောင်၊ ငါတို့ ကားခကို ချွေတာလို့ မဖြစ်ဘူး"
ရှစ်ရွှမ်းက ပိုက်ဆံကို ခပ်ဖြည်းဖြည်း ထုတ်ယူလာရင်း မေးသည်။
"ကားဘယ်မှာ ငှါးလို့ရလဲ နင်သိလို့လား?"
ရှန့်ချောင်က သူမဘေးရှိ လမ်းညွှန်ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြသည်။
"အဲ့ဒီမှာ ရေးထားတယ် မဟုတ်ဘူးလား?"
လမ်းညွှန်ဆိုင်းဘုတ်ပေါ်တွင် ဘတ်စ်ကား၊ မြေအောက်ရထားလိုင်း၊ အငှါးကားနှင့် အခြားသော သွားလာရေးနည်းစနစ်များအား အင်္ဂလိပ်လို ရေးသားထားသည်။ ရှစ်ရွှမ်းက ရှန့်ချောင် နားမလည်နိုင်ဟု ထင်မှတ်ကာ အရှက်ရစေလိုခဲ့ခြင်းဖြစ်သည်။
ရှန့်ချောင်က ပိုက်ဆံလှမ်းယူကာ အလျှင်အမြန်ပင် ထွက်ခွါသွားသည်။
ကျန်ရှိသည့်သူများမှာ ခရီးဆောင်အိတ်များထဲမှ ကုတ်အကျီများ ထုတ်ယူဝတ်ဆင်လိုက်ပြီး နောက်ဆုံးတွင် အနည်းငယ် နွေးထွေးသွားသည်။ လူတိုင်းက သူတို့ မည်သည့်နေရာတွင် ရောက်နေကြောင်း ဖုန်းများမှတဆင့် သတင်းပေးနေကြသည်။ ခဏအကြာတွင် ရှန့်ချောင် ပြန်ရောက်လာသည်။
"ကားငှါးလို့ ရပြီ၊ သွားရအောင်"
ဤသို့ဖြင့် လူတိုင်းက luggage ကိုယ်စီတွန်းကာ စတင်ထွက်ခွါသည်။ ခဏမျှ လမ်းလျှောက်ပြီးနောက် လျန်ချိုးယွိ အမှတ်ရသွားသည်။
"ရှောင်ချောင်၊ နင်လည်း ကုတ်အကျီဝတ်သင့်တယ်"
ရှန့်ချောင်က လက်တိုဝတ်ထားဆဲဖြစ်ပြီး နောက်လှည့်ပြုံးပြလာသည်။
"မလိုတော့ဘူး၊ ကျွန်မ ကားထဲ ချက်ချင်းတန်းဝင်မှာ"
ချီလျန်က သူ့နဖူး သူ ပြန်ရိုက်သည်။
"အိုး... ငါ ရှောင်ချောင်အတွက် အကျီယူပေးဖို့ မေ့သွားတယ်၊ ငါ့ကို ဘာလို့ သတိမပေးတာလဲ? ဒီအဖွဲ့က... နေဦး... အဲ့စာလုံးက ဘယ်လို သုံးတာ?"
ဟူရွေ့ဝန် - "သွမ်ဟွမ်?"
ချီလျန် - "ဟုတ်တယ်!! သွမ်ဟွမ်!! အသင်းစိတ်ဓါတ်မရှိပဲ နေလို့ မဖြစ်ဘူး!! လူတိုင်းက ဒီနေရာနဲ့ မရင်းနှီးကြဘူး၊ အခုကစပြီး လူတိုင်း အချင်းချင်းကူညီပေးသင့်တယ်"
လမ်းတစ်လျှောက် ရယ်ရယ်မောမောပြောဆိုလာရင်း မကြာမှီမှာပင် ဂိတ်ပေါက်ဝသို့ ရောက်ရှိလာသည်။ ရှန့်ချောင် ငှါးရမ်းထားသည့် ကားသုံးစီးမှာ ထိုနေရာတွင် ရပ်စောင့်နေသည်။ သူတို့အားလုံး ခရီးဆောင်အိတ်ကိုယ်စီ သယ်ယူရမည်ဖြစ်တာမို့ ကားတစ်စီးကို လူနှစ်ယောက်နှုန်းဖြစ်သည်။
လူတိုင်း ကားပေါ် တက်ပြီးချိန်တွင် ရှန့်ချောင်က ဒါရိုင်ဘာတစ်ယောက်ချင်းစီကို လိပ်စာပြပြီး
"Please take them to the address (ကျေးဇူးပြုပြီး သူတို့ကို လိပ်စာအတိုင်း ပို့ပေးပါ)"
လျန်ချိုးယွိက ကားထဲတွင်ထိုင်ကာ စောင့်ကြည့်နေရင်း ခေါင်းညိတ်ပြုံးသည်။
"အဖွဲ့ခေါင်းဆောင် ရှောင်ချောင်က အတော်လေး အားကိုးရတယ်"
ရှစ်ရွှမ်းက သူမဘေးတွင် သဘောတူဟန် ပြုံးပြလာပြီး မျက်ဝန်းတို့ အောက်စိုက်ချလိုက်ချိန်တွင်တော့ အကြည့်တို့ နက်မှောင်သွားသည်။
ကားသုံးစီးက သူတို့အားလုံးကို ပရိုဂရမ်အဖွဲ့မှ ကြိုတင်ဘိုကင်လုပ်ပေးထားသည့် ဟိုတယ်ရှိရာဆီ တိုက်ရိုက်ခေါ်ဆောင်သွားသည်။ ဒီကို မလာခင်က သူတို့အားလုံး တွေးတောခဲ့သည်မှာ တည်းခိုရမည့်ဟိုတယ်မှာ ကောင်းမွန်မည်ဟု ထင်မှတ်ခဲ့ပြီး အနည်းဆုံး တစ်ယောက်တစ်ခန်း နေရမည်ဟု ယူဆခဲ့သည်။ သို့ရာတွင် ဟိုတယ်ပိုင်ရှင်က သူတို့အားလုံးကို အပေါ်ထပ််သို့ ဦးဆောင်ခေါ်သွားကာ အခန်းလေးခန်းသာ ရှိသည်ကို မြင်တွေ့လိုက်ရသည်။ တစ်ယောက်ခန်း ၂ခန်းနှင့် နှစ်ယောက်ခန်း ၂ခန်းဖြစ်သည်။
ဤနည်းအတိုင်းဆိုလျှင် လူနှစ်ယောက်က အတူနေရမည်ဖြစ်ပြီး ယောကျ်ားလေးနှင့် မိန်းကလေးမှာ ရောနှောနေ၍ မရ။ လျန်ချိုးယွိ၏ အသက်အရွယ်နှင့် ဂုဏ်ပုဒ်အရ တစ်ယောက်ခန်းတစ်ခန်းကို သူမအား ပေးနေစေပြီး ရှန့်ချောင်နှင့် ရှစ်ရွှမ်းမှာ တစ်ခန်းထဲ မျှနေရန် ဖိအားပေးခံလိုက်ရသည်။
ယောကျ်ားလေး အုပ်စုဘက်တွင် ချီလျန်က နောက်တွန့်သွားကာ တစ်ယောက်ခန်းသို့ ဝင်သွားသည်။ သူက ဆိုသွားသေးသည်။
"သုံးရက်ကြာမယ်မလား? တစ်ယောက် တစ်ည"
သူတို့အားလုံး ကိုယ်စီကိုယ်ဌ သန့်ရှင်းရေး ပြုလုပ်ကြသည်။
အချိန်ကြာမြင့်စွာ လေယာဉ်စီးနင်းလာပြီး Jet lag ကြောင့် ရှစ်ရွှမ်းမှာ အတော်လေး ပင်ပန်းလျက်ရှိသည်။ သူမက ရှန့်ချောင်ကို နှုတ်ဆက်စကားပင် မဆိုပဲ ရေချိုးခန်းသို့ အရင်ဝင်သွားကာ တံခါးလော့ချလိုက်သည်။ သူမက တစ်နာရီကြာသည်အထိ ထွက်မလာသေး။
ရှန့်ချောင်က မှတ်စုစာအုပ်အသေးနှင့် ဘောပင်ကို ကိုင်ကာ ကုတင်ပေါ် လဲလျောင်းရင်း မြေပုံကို ကြည့်ကာ တစ်ချိန်တည်းမှာပင် အချက်အလက်များ ရှာဖွေလျက်ရှိသည်။ ဘာစီလိုနာ၌ သုံးရက်ကြာခရီးစဉ်အတွင်း ပရိုဂရမ်အဖွဲ့က သူမအား အထင်ကရနေရာ သုံးနေရာအား လည်ပတ်ရန် တာဝန်ပေးထားသည်။
ရှန့်ချောင်မှာ ယခင်က ဤနေရာသို့ ရောက်ဖူးခြင်းမရှိတာမို့ လမ်းကြောင်းများအား ကြိုတင်စီမံကာ လက်မှတ်များကို စစ်ဆေးသည့်အပြင် ဖွင့်လှစ်သည့်နေ့ရက်များကိုပါ စစ်ဆေးသည်။ ဒါရိုက်တာအဖွဲ့က သူမအား အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရန် ဖိအားပေးချိန်၌ သူမမှာ အသဲနှလုံးပင် ကွဲကြေသွားရသည်။ ရှန့်ချောင် မနက်ဖြန်အတွက် အစီအစဉ်များ ရေးဆွဲပြီးသည့်တိုင်အောင် ရှစ်ရွှမ်းက ရေချိုးခန်းထဲတွင် ရှိနေဆဲဖြစ်သည်။
ရှန့်ချောင် မတ်တပ်ရပ်ကာ တံခါးဆီလျှောက်သွားရင်း ခပ်ဖြည်းဖြည်း မေးလိုက်သည်။
"ရှစ်ရွှမ်း၊ နင် ဝမ်းချုပ်နေတာလား?"
အတွင်းထဲရှိ ရှစ်ရွှမ်း - " ??? "
ရှန့်ချောင်က စိတ်ရင်းဖြင့် မေးသည်။
"နင် ရာသီဥတုအပြောင်းအလဲကို နေသားမကျရင် အလွယ်တကူ ဝမ်းချုပ်နိုင်တယ်၊ နင် ဆေးသောက်ဦးမလား?"
ရှစ်ရွှမ်း - "အခုချက်ချင်း ထွက်လာပြီ!!"
အခြားဧည့်သည်အားလုံးမှာ အနားယူကုန်ကြလေပြီ။ ရှန့်ချောင် ရေမိုးချိုးကာ ပြန်ထွက်လာသည်။ သူမ၏ ခပ်တိုတိုဆံပင်မှာ စိုရွှဲနေကာ ရေများ စီးကျနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကား တိတ်ဆိတ်နေသည်။ ရှစ်ရွှမ်းက ကုတင်ပေါ် လှဲနေပြီးဖြစ်ကာ စောင်ခြုံ၍ ကျောပေးထားသည်။
ရှန့်ချောင် လှည့်ပတ်ကြည့်ကာ လက်ထဲတွင် လေမှုတ်စက်ကိုင်၍ အောက်ဘက်သို့ ခြေဖျားထောက်ဆင်းသွားပြီး ဧည့်ကြိုကောင်တာတွင် ခေါင်းခြောက်အောင် လုပ်ပြီးမှ ပြန်တက်လာသည်။ မနက်လင်းခါနီးပြီးဖြစ်ကာ ရှန့်ချောင် ကုတင်ပေါ် လှဲလိုက်သည်နှင့် မောပန်းနွမ်းနယ်မှုက ချက်ချင်းဆိုသလို သူမထံ ရိုက်ခတ်လာသည်။
ရှန့်ချောင် အချိန်ကွာခြားချက်ကို တွက်လိုက်ကာ ဟော့ရှီးဘက်တွင် ညရောက်ခါစဖြစ်မည်ဟု တွက်ဆလိုက်သည်။ သူမ အရမ်းအိပ်ချင်နေသော်လည်း မျက်လုံးမှေးစင်းကာ သူ့ထံ မက်ဆေ့ချ်ပို့လိုက်သည်။
"ဟိုတယ်ရောက်ပြီ"
မိနစ်အနည်းငယ်ကြာပြီးမှ ဟော့ရှီးက စာပြန်လာသည်။
"ဖုန်းဖြေဖို့ အဆင်ပြေလား?"
ရှန့်ချောင်က သူမကိုယ်သူမ ပွေ့ဖက်လိုက်ရင်း
"မရဘူး၊ အကုန် အိပ်ကုန်ပြီ၊ ရှစ်ရွှမ်းနဲ့ ကျွန်မ အခန်းတူတူနေရတာ"
တဖက်ရှိ ဟော့ရှီးက မျက်မှောင်ကုတ်သွားကာ စာပြန်သည်။
"ဒါဆို မင်းလည်း အိပ်တော့လေ၊ လိမ်လိမ်မာမာနဲ့ စောင်သေချာခြုံအိပ်နော်"
သူမထံမှ စာပြန်မလာတော့၊ ကြည့်ရတာ အိပ်ပျော်သွားဟန်တူသည်။ ဟော့ရှီးက စကားပြောခန်းကို ကြည့်ရင်း ဖုန်းကိုင်ကာ ခေါင်းငဲ့၍ အိပ်ပျော်နေမည့် သူမပုံရိပ်ကို စိတ်ကူးကြည့်ကာ တိတ်တဆိတ် ပြုံးလိုက်သည်။
နောက်တနေ့မနက်စောစောတွင် ပရိုဂရမ်အဖွဲ့က ဧည့်သည်များအား ခေါ်နှိုးလာပြီး ပထမနေ့တွင်ပင် ပထမဆုံးတာဝန်အား ဆောင်ရွက်ရန် နှိုးဆော်လာသည်။
လူတိုင်းနီးပါး တချိန်တည်းဆိုသလို အိပ်ရာနိုးလာသည်။
ဘာတာဝန်တွေလဲ?
ဒါရိုက်တာက ဆိုလာသည်။
"ပထမဆုံးသွားရမယ့် အထင်ကရနေရာက Sagrada Familia"
လီယောင်က ပေါင်မုန့်ကိုက်ရင်း မေးသည်။
"ဘယ်လိုသွားရမှာလဲ? ဝေးလား?"
ချီလျန်မှာ သွားတိုက်နေဆဲဖြစ်ကာ ပါးစပ်ထဲတွင် သွားတိုက်ဆေးအပြည့်ဖြင့် ပြေးထွက်လာသည်။
"ဒီနေရာတွေ သွားဖို့ လက်မှတ်လိုလား? ငါတို့မှာ ပိုက်ဆံလောက်ရဲ့လား?"
လျန်ချိုးယွိ - "ခေါင်းဆောင်ရှောင်ချောင် ဘယ်မှာလဲ?"
ရှစ်ရွှမ်းက ခပ်သာသာ ပြုံးသည်။
"အခုထိ အိပ်ရာထဲမှာ"
လျန်ချိုးယွိ - "မြန်မြန် သူ့ကို နှိုးလိုက်၊ ဒီနေ့ခရီးစဉ်အကြောင်း ဆွေးနွေးရအောင်"
ရှစ်ရွှမ်း - "ကျွန်မ မနှိုးရဲဘူး၊ ပရိုဂရမ်အဖွဲ့ အော်ခေါ်တာတောင် မနိုးဘူး"
လျန်ချိုးယွိက ခပ်မြန်မြန် အခန်းကူးလာကာ ရှန့်ချောင်က သူမတစ်ကိုယ်လုံး စောင်ခေါင်းမြီးခြုံထားသည်ကို မြင်လိုက်ရသည်။ လျန်ချိုးယွိက စောင်ထုပ်ကို ပုတ်လိုက်ရင်း အော်ခေါ်သည်။
"ရှောင်ချောင်၊ မြန်မြန်ထတော့၊ ငါတို့ နောက်ခရီးစဉ်အတွက် ဆွေးနွေးရမယ်၊ ဘာအစီအစဉ်မှ ငါတို့ မလုပ်ရသေးဘူး"
ရှန့်ချောင်က စောင်ပုံအောက်မှ လက်တစ်ဖက် ဆန့်ထုတ်လာကာ ခေါင်းအုံးအောက် လက်ထိုးထည့်ပြီး အချိန်အတော်ကြာသည်အထိ ဟိုဒီစမ်းနေပြီးမှ မှတ်စုစာအုပ်အား ဆွဲထုတ်လာသည်။
"အကုန်လုံး ဒီထဲမှာ ရှိတယ်၊ ကျွန်မကို နောက်နာရီဝက်လောက် ပေးအိပ်ဦး"
လျန်ချိုးယွိက မှတ်စုစာအုပ်ကို လှမ်းယူကာ ဖွင့်ဖတ်ပြီးနောက် စာအုပ်ထဲတွင် 'Sagrada Familia' နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား သေသေသပ်သပ် ရေးသားထားသည်ကို မြင်လိုက်ရသည်။ တည်နေရာ၊ ဟိုတယ်မှ သွားရောက်ရန် အလွယ်ကူဆုံးစီးနင်းရမည့် ဘတ်စ်ကား၊ စီးနင်းရန် ကြာချိန်၊ လက်မှတ်တန်ဖိုး၊ လည်ပတ်ရမည့်အချိန်နှင့် အနီးအနားပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ၏ လက်မှတ်တန်ဖိုးများအား အသေးစိတ်ရေးမှတ်ထားသည်။
လူတစ်ယောက်ချင်းစီ၏ တနေ့အသုံးစရိတ်ကိုပါ တွက်ဆထားပြီး မျက်ဝန်းအကြည့်တို့အား ဆွဲဆောင်သွားနိုင်သည့် စက်ဝိုင်းတစ်ခုကိုပါ အောက်ဆုံးတွင် ရေးဆွဲထားသည်။
လျန်ချိုးယွိ၏ မျက်ဝန်းတို့ ပြူးကျယ်သွားရပြီး မှတ်စုစာအုပ်ကိုင်လျက် ပြေးထွက်လာသည်မှာ ရတနာတစ်ပါးရှာဖွေတွေ့ရှိလာသကဲ့သို့ပင်။
"ဘုရားရေ! ခေါင်းဆောင် ရှောင်ချောင်က တအားမိုက်တာပဲ၊ အားလုံး စီစဉ်ပြီးသွားပြီ"
ကျန်သူများက တစ်ယောက်တစ်လှည့်စီ မှတ်စုစာအုပ်ကို ယူဖတ်ကာ ချီလျန်ကာ ဆိုသည်။
"ဒီကလေးက လုံးဝစိတ်ချရတာပဲ၊ ငါ ပြန်သွားပြီး တရေးမှေးဦးမယ်!"
ဟူရွေ့ဝန်က သူ့ဖုန်းကို ကြည့်ကာ
"အခုမှ ၇နာရီခွဲပဲ ရှိသေးတယ်၊ ရှောင်ချောင်ကျဲက မနေ့က အချက်အလက်တွေ စစ်ရင်း အရမ်းနောက်ကျမှ အိပ်တာ ဖြစ်မယ်၊ သူ့ကို နည်းနည်း ပေးအိပ်ရအောင်"
လျန်ချိုးယွိ - "ရှစ်ရွှမ်း၊ ငါ့အခန်းဆီလာ၊ ရှောင်ချောင် ကောင်းကောင်း အိပ်ပါစေ"
ရှစ်ရွှမ်း - "......."
ဤသို့ဖြင့် ရှန့်ချောင်က ကိုးနာရီထိုးသည်အထိ အိပ်စက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် အားအင်တဝက်မျှ ဖြည့်တင်းလိုက်နိုင်သည်။ သူမ သိမ်းဆည်းပြီးသည်နှင့် တစ်ဖွဲ့လုံးက သူမ စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း မြေအောက်ရထားစီးမည်ဖြစ်ကာ Sagrada Familia သို့ ထွက်ခွါလာသည်။
*****
အောက်မှာ Sagrada Familia ရဲ့ပုံပါ။ တည်ဆောက်လို့ မပြီးသေးတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး church ကျောင်းပါ။ 1882 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အခုထိ မပြီးသေးပါဘူး။
*****
{Zawgyi}
အပိုင္း ၁၀၈.၁
ေလယာဥ္မယ္၏ ခ်ိဳၿမိန္သည့္ ေၾကညာသံေပၚထြက္လာသည္။
"ခရီးသြားဧည့္သည္ေတာ္မ်ားရွင့္၊ ကၽြန္မတို႔ရဲ့ ေလယာဥ္ဟာ မၾကာခင္မွာ စတင္ထြက္ခြါေတာ့မည္ျဖစ္ပါ၍ ေက်းဇူးျပဳၿပီး လူႀကီးမင္းတို႔၏ လက္ကိုင္ဖုန္းမ်ားႏွင့္ အျခားအီလက္ထေရာနစ္ပစၥည္းမ်ားအား စက္ပိတ္၍ေသာ္လည္းေကာင္း (သို႔) Flight mode သို႔ေျပာင္းေပးထားပါရန္၊ မိမိတို႔ေရွ႕တြင္ရွိေသာ စားပြဲမ်ားကို ေခါက္သိမ္းေပးပါရန္ႏွင့္ ထိုင္ခုံမ်ားအား တည့္မတ္စြာ ထားေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။ ထိုင္ခုံခါးပတ္မ်ားကိုလည္း ေသခ်ာစြာ တပ္ဆင္ထားေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။"
ေဟာ့ရွီးသည္လည္း ဖုန္းတစ္ဖက္ရွိ ေၾကညာခ်က္အား ၾကားရၿပီးေနာက္ ေႏြးေထြးစြာျဖင့္ ဆိုသည္။
"မင္း ဟိုကိုေရာက္ရင္ ကိုယ့္ဆီ မက္ေဆ့ခ်္ပို႔"
ရွန့္ေခ်ာင္မွာ ဖုန္းခ်ရန္ တြန့္ဆုတ္ေနေသာ္လည္း ဖုန္းခ်ရန္သာ တတ္နိုင္ၿပီး ဝမ္းနည္းတႀကီးျဖင့္ ခပ္မတ္မတ္ျပင္ထိုင္လိုက္သည္။ သူမေဘးတြင္ ခ်ီလ်န္က မဂၢဇင္းတစ္အုပ္ကိုင္ကာ ထိုင္ေနသည္ကို ျမင္လိုက္ရသည္။ သူက မ်က္စိတစ္ဖက္မွိတ္ျပကာ ေလသံတိုးတိုးျဖင့္ ေမးသည္။
"ေရွာင္ေခ်ာင္၊ မင္း ရည္းစားထားေနတာလား?"
ရွန့္ေခ်ာင္က ထပ္ခါတလဲလဲ ျငင္းဆိုသည္။
"မဟုတ္ပါဘူး!"
ခ်ီလ်န္ - "ဒါဆို မင္း ဘာလို႔ တိတ္တိတ္ေလး ဖုန္းခိုးေျဖတာလဲ?"
ရွန့္ေခ်ာင္ - "ရွင့္ကို ေႏွာင့္ယွက္မိမွာ စိုးလို႔ပါ"
ေလယာဥ္မယ္မ်ားက လုံျခဳံေရးစစ္ေဆးခ်က္မ်ား ျပဳလုပ္ရန္ ခပ္ျမန္ျမန္လာေရာက္သည္။ ျပန္ထြက္မသြားခင္တြင္ ေလယာဥ္မယ္တစ္ေယာက္က စိတ္လွုပ္ရွားမွုအား ခ်ဳပ္တည္းထားရဟန္ျဖင့္ ရွန့္ေခ်ာင္ထံ ဆိုလာသည္။
"ေခ်ာင္ေခ်ာင္၊ ရွင္ တကယ္လို႔ တစ္ခုခုလိုရင္ ေက်းဇူးျပဳၿပီး ကၽြန္မကို ေခၚလိုက္ေနာ္၊ ကၽြန္မက ရွင့္ပရိသတ္ပါ"
ခ်ီလ်န္က သက္ျပင္းခ်သည္။
"ေလယာဥ္ေပၚမွာ ပရိသတ္ေတြနဲ႔ ေတြ႕နိုင္တဲ့ မင္းတို႔အားလုံးကို ငါ မနာလိုလိုက္တာ၊ ငါ့ဘဝမွာ ဒီလိုမ်ိဳး အခြင့္အေရးရွိမွာ မဟုတ္ဘူး"
ရွန့္ေခ်ာင္ - "ခ်ီေလာင္ရွစ္၊ ကၽြန္မက ရွင့္ဖန္ေလ၊ ခဏေနက်ရင္ လက္မွတ္ထိုးေပးပါဦး"
ခ်ီလ်န္ - "ေဟ့ ေကာင္မေလး၊ ငါ့ကို ေဘာပင္နဲ႔ စာရြက္ယူလာေပးပါဦး"
မၾကာမွီမွာပင္ ေလယာဥ္စတင္ထြက္ခြါလာကာ ေခ်ာေခ်ာေမြ႕ေမြ႕ စတင္ပ်ံသန္းနိုင္သည္ႏွင့္ ဒါရိုက္တာအဖြဲ႕က ေလယာဥ္ခ်ိန္အတြင္း ဇာတ္ဝင္ခန္းတစ္ခ်ိဳ႕ ရိုက္ကူးလိုသည္။ ဗီဒီယိုကင္မရာ အသုံးျပဳရန္ အဆင္မေျပသည္မို႔ DV ျဖင့္သာ ရိုက္ကူးသည္။
ရွစ္ရႊမ္းႏွင့္ လ်န္ခ်ိဳးယြိက အတူတကြထိုင္ကာ ႐ုပ္ရွင္ၾကည့္ေနသည္။ လီေယာင္ႏွင့္ ဟူေရြ႕ဝန္က Ipad ကိုယ္စီကိုင္ကာ တစ္ေယာက္ခ်င္းစီ ဂိမ္းေဆာ့ေနၾကသည္။ ရွန့္ေခ်ာင္အား ရိုက္ကူးခ်ိန္တြင္ သူမက Physics စာလုပ္ေနသည္။
ခ်ီလ်န္က ေဘးတြင္ မွီၾကည့္ေနၿပီး သူ႔မ်က္ႏွာအမူအရာမွာ ရွုံ႔မဲ့လ်က္ ညည္းတြားသည္။
"အို႔... မင္း ဒီတပုဒ္ေျဖတာ မွားေနတယ္၊ မင္း ဘာလို႔ ထပ္မွားေျဖျပန္တာလဲ? အေျဖမွန္ကိုၾကည့္၊ ပုစၧာေျဖရွင္းတဲ့ အဆင့္ေတြေရာ... အို႔... ငါလည္း နားမလည္ဘူး၊ မင္း ကိုယ့္ဘာသာ ၾကည့္"
ရွန့္ေခ်ာင္ - "......"
ဒါရိုက္တာက ရယ္ခ်င္စိတ္ကို ထိန္းကာ ေမးသည္။
"ေရွာင္ေခ်ာင္၊ ခက္လား?"
ရွန့္ေခ်ာင္ ကင္မရာကို ၾကည့္ရင္း
"ဝူးးးး တအားခက္တာပဲ! Physics က ေကာင္းကင္ေပၚ လက္လွမ္းရသေလာက္နီးနီး ခက္တယ္"
ခ်ီလ်န္ - "တ႐ုတ္စာက အေကာင္းဆုံးပဲ"
ဆယ္နာရီေက်ာ္ၾကာျမင့္သည့္ ေလယာဥ္ခရီးစဥ္အၿပီးတြင္ ပရိုဂရမ္အဖြဲ႕က ခရီးစဥ္၏ ပထမဆုံးေသာ မွတ္တိုင္ဆီ ေရာက္ရွိလာသည္၊ ဘာစီလိုနာၿမိဳ႕။ ေလယာဥ္ေပၚမွ ဆင္းသက္ခ်ိန္တြင္ ျပည္တြင္းအခ်ိန္ ညေန၇နာရီခန့္ျဖစ္ၿပီး အပူခ်ိန္မွာ တ႐ုတ္ျပည္ထက္ပို၍ နိမ့္က်သည္။ အထူးသျဖင့္ ညအခါမ်ိဳးတြင္ ျဖစ္ၿပီး မနက္ပိုင္းႏွင့္ ညပိုင္းအပူကြာျခားခ်က္မွာ ႀကီးမားသည္။
ဧည့္သည္အမ်ားစုမွာ လက္တိုမ်ားဝတ္ဆင္ထားၿပီး ေလယာဥ္ေပၚမွ ဆင္းသည္ႏွင့္ တုန္ယင္သြားၾကသည္။
ခရီးေဆာင္အိတ္ အႀကီးအေသးစုစုေပါင္း ကိုးလုံးရွိၿပီး လူအားလုံး အတူတကြမတ္တပ္ရပ္ေနကာ ေဘးပတ္လည္တြင္ မရင္းႏွီးသည့္ ဘာသာစကားမ်ားျဖင့္ ဝန္းရံထားျခင္း ခံရသည္။ သူတို႔အားလုံး ပင္ပန္းႏြမ္းနယ္ေနကာ ေအးေနၿပီး စိတ္ရွုပ္ေထြးလ်က္ရွိသည္။
ပရိုဂရမ္အဖြဲ႕မွာ ကင္မရာခ်ိန္ထားႏွင့္ၿပီး ျဖစ္ကာ ေဘးဘက္တြင္ ရပ္၍ စတင္ရိုက္ကူးေနေလၿပီ။ ဒါရိုက္တာအဖြဲ႕မွာ သူတို႔မ်က္ႏွာေပၚတြင္ 'ငါတို႔ကို မရွာနဲ႔' ဟူေသာ စကားလုံးေလးလုံးအား ေရးသားထားဟန္ျဖင့္ ေအးစက္သည့္ မ်က္ႏွာေပးမ်ားရွိသည္။
ဧည့္သည္မ်ားက အခ်င္းခ်င္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လာၿပီး ခ်ီလ်န္က ေမးခြန္းထုတ္သည္။
"ဘယ္လိုလုပ္ၾကမလဲ? ငါ အဂၤလိပ္လို တစ္လုံးမွ မတတ္ဘူး"
လီေယာင္ - "အရင္ဆုံး ကားငွါးတာေပါ့၊ ဒီေလာက္ အိတ္အမ်ားႀကီးနဲ႔ အျပင္ထြက္ဖို႔ေတာင္ တြန္းလွည္းမရွိဘူး၊ တကယ္ ျပႆနာပဲ"
ေျမပုံၾကည့္ေနသည့္ ရွန့္ေခ်ာင္ထံ ရွစ္ရႊမ္းက အျပဳံးမမည္ေသာ မ်က္ႏွာျဖင့္ လွမ္းၾကည့္ကာ
"ေခါင္းေဆာင္ တစ္ခုခု ေျပာပါဦး"
ထို႔ေနာက္ ရွန့္ေခ်ာင္ ေခါင္းေမာ့လာကာ ေျမပုံကို သူမအိတ္ထဲ သိမ္းလိုက္သည္။
"ခရီးေဆာင္အိတ္ေတြထဲက အရင္ဆုံး ကုတ္အက်ီထုတ္ဝတ္ထားလိုက္၊ အေအးမမိေစနဲ႔၊ ရွင္တို႔အားလုံး ကုတ္အက်ီအရင္ဝတ္ထား၊ ကၽြန္မ ထြက္ၿပီးကားငွါးလိုက္ဦးမယ္"
သူမက ရွစ္ရႊမ္းေရွ႕ လက္ျဖန့္လာသည္။
"ငါ့ကို ယူရို ၁၀၀ အရင္ေပး"
ရွစ္ရႊမ္း - "အမ်ားႀကီးပဲ?"
ရွန့္ေခ်ာင္ - "ခရီးေဆာင္အိတ္ေတြက မ်ားလြန္းၿပီး လူတိုင္းပင္ပန္းေနၿပီ၊ ဟိုတယ္အရင္ျပန္ၾကရေအာင္၊ ငါတို႔ ကားခကို ေခၽြတာလို႔ မျဖစ္ဘူး"
ရွစ္ရႊမ္းက ပိုက္ဆံကို ခပ္ျဖည္းျဖည္း ထုတ္ယူလာရင္း ေမးသည္။
"ကားဘယ္မွာ ငွါးလို႔ရလဲ နင္သိလို႔လား?"
ရွန့္ေခ်ာင္က သူမေဘးရွိ လမ္းညႊန္ဆိုင္းဘုတ္ကို လက္ညႇိုးထိုးျပသည္။
"အဲ့ဒီမွာ ေရးထားတယ္ မဟုတ္ဘူးလား?"
လမ္းညႊန္ဆိုင္းဘုတ္ေပၚတြင္ ဘတ္စ္ကား၊ ေျမေအာက္ရထားလိုင္း၊ အငွါးကားႏွင့္ အျခားေသာ သြားလာေရးနည္းစနစ္မ်ားအား အဂၤလိပ္လို ေရးသားထားသည္။ ရွစ္ရႊမ္းက ရွန့္ေခ်ာင္ နားမလည္နိုင္ဟု ထင္မွတ္ကာ အရွက္ရေစလိုခဲ့ျခင္းျဖစ္သည္။
ရွန့္ေခ်ာင္က ပိုက္ဆံလွမ္းယူကာ အလၽွင္အျမန္ပင္ ထြက္ခြါသြားသည္။
က်န္ရွိသည့္သူမ်ားမွာ ခရီးေဆာင္အိတ္မ်ားထဲမွ ကုတ္အက်ီမ်ား ထုတ္ယူဝတ္ဆင္လိုက္ၿပီး ေနာက္ဆုံးတြင္ အနည္းငယ္ ေႏြးေထြးသြားသည္။ လူတိုင္းက သူတို႔ မည္သည့္ေနရာတြင္ ေရာက္ေနေၾကာင္း ဖုန္းမ်ားမွတဆင့္ သတင္းေပးေနၾကသည္။ ခဏအၾကာတြင္ ရွန့္ေခ်ာင္ ျပန္ေရာက္လာသည္။
"ကားငွါးလို႔ ရၿပီ၊ သြားရေအာင္"
ဤသို႔ျဖင့္ လူတိုင္းက luggage ကိုယ္စီတြန္းကာ စတင္ထြက္ခြါသည္။ ခဏမၽွ လမ္းေလၽွာက္ၿပီးေနာက္ လ်န္ခ်ိဳးယြိ အမွတ္ရသြားသည္။
"ေရွာင္ေခ်ာင္၊ နင္လည္း ကုတ္အက်ီဝတ္သင့္တယ္"
ရွန့္ေခ်ာင္က လက္တိုဝတ္ထားဆဲျဖစ္ၿပီး ေနာက္လွည့္ျပဳံးျပလာသည္။
"မလိုေတာ့ဘူး၊ ကၽြန္မ ကားထဲ ခ်က္ခ်င္းတန္းဝင္မွာ"
ခ်ီလ်န္က သူ႔နဖူး သူ ျပန္ရိုက္သည္။
"အိုး... ငါ ေရွာင္ေခ်ာင္အတြက္ အက်ီယူေပးဖို႔ ေမ့သြားတယ္၊ ငါ့ကို ဘာလို႔ သတိမေပးတာလဲ? ဒီအဖြဲ႕က... ေနဦး... အဲ့စာလုံးက ဘယ္လို သုံးတာ?"
ဟူေရြ႕ဝန္ - "သြမ္ဟြမ္?"
ခ်ီလ်န္ - "ဟုတ္တယ္!! သြမ္ဟြမ္!! အသင္းစိတ္ဓါတ္မရွိပဲ ေနလို႔ မျဖစ္ဘူး!! လူတိုင္းက ဒီေနရာနဲ႔ မရင္းႏွီးၾကဘူး၊ အခုကစၿပီး လူတိုင္း အခ်င္းခ်င္းကူညီေပးသင့္တယ္"
လမ္းတစ္ေလၽွာက္ ရယ္ရယ္ေမာေမာေျပာဆိုလာရင္း မၾကာမွီမွာပင္ ဂိတ္ေပါက္ဝသို႔ ေရာက္ရွိလာသည္။ ရွန့္ေခ်ာင္ ငွါးရမ္းထားသည့္ ကားသုံးစီးမွာ ထိုေနရာတြင္ ရပ္ေစာင့္ေနသည္။ သူတို႔အားလုံး ခရီးေဆာင္အိတ္ကိုယ္စီ သယ္ယူရမည္ျဖစ္တာမို႔ ကားတစ္စီးကို လူႏွစ္ေယာက္ႏွုန္းျဖစ္သည္။
လူတိုင္း ကားေပၚ တက္ၿပီးခ်ိန္တြင္ ရွန့္ေခ်ာင္က ဒါရိုင္ဘာတစ္ေယာက္ခ်င္းစီကို လိပ္စာျပၿပီး
"Please take them to the address (ေက်းဇူးျပဳၿပီး သူတို႔ကို လိပ္စာအတိုင္း ပို႔ေပးပါ)"
လ်န္ခ်ိဳးယြိက ကားထဲတြင္ထိုင္ကာ ေစာင့္ၾကည့္ေနရင္း ေခါင္းညိတ္ျပဳံးသည္။
"အဖြဲ႕ေခါင္းေဆာင္ ေရွာင္ေခ်ာင္က အေတာ္ေလး အားကိုးရတယ္"
ရွစ္ရႊမ္းက သူမေဘးတြင္ သေဘာတူဟန္ ျပဳံးျပလာၿပီး မ်က္ဝန္းတို႔ ေအာက္စိုက္ခ်လိုက္ခ်ိန္တြင္ေတာ့ အၾကည့္တို႔ နက္ေမွာင္သြားသည္။
ကားသုံးစီးက သူတို႔အားလုံးကို ပရိုဂရမ္အဖြဲ႕မွ ႀကိဳတင္ဘိုကင္လုပ္ေပးထားသည့္ ဟိုတယ္ရွိရာဆီ တိုက္ရိုက္ေခၚေဆာင္သြားသည္။ ဒီကို မလာခင္က သူတို႔အားလုံး ေတြးေတာခဲ့သည္မွာ တည္းခိုရမည့္ဟိုတယ္မွာ ေကာင္းမြန္မည္ဟု ထင္မွတ္ခဲ့ၿပီး အနည္းဆုံး တစ္ေယာက္တစ္ခန္း ေနရမည္ဟု ယူဆခဲ့သည္။ သို႔ရာတြင္ ဟိုတယ္ပိုင္ရွင္က သူတို႔အားလုံးကို အေပၚထပ္္သို႔ ဦးေဆာင္ေခၚသြားကာ အခန္းေလးခန္းသာ ရွိသည္ကို ျမင္ေတြ႕လိုက္ရသည္။ တစ္ေယာက္ခန္း ၂ခန္းႏွင့္ ႏွစ္ေယာက္ခန္း ၂ခန္းျဖစ္သည္။
ဤနည္းအတိုင္းဆိုလၽွင္ လူႏွစ္ေယာက္က အတူေနရမည္ျဖစ္ၿပီး ေယာက်္ားေလးႏွင့္ မိန္းကေလးမွာ ေရာေႏွာေန၍ မရ။ လ်န္ခ်ိဳးယြိ၏ အသက္အရြယ္ႏွင့္ ဂုဏ္ပုဒ္အရ တစ္ေယာက္ခန္းတစ္ခန္းကို သူမအား ေပးေနေစၿပီး ရွန့္ေခ်ာင္ႏွင့္ ရွစ္ရႊမ္းမွာ တစ္ခန္းထဲ မၽွေနရန္ ဖိအားေပးခံလိုက္ရသည္။
ေယာက်္ားေလး အုပ္စုဘက္တြင္ ခ်ီလ်န္က ေနာက္တြန့္သြားကာ တစ္ေယာက္ခန္းသို႔ ဝင္သြားသည္။ သူက ဆိုသြားေသးသည္။
"သုံးရက္ၾကာမယ္မလား? တစ္ေယာက္ တစ္ည"
သူတို႔အားလုံး ကိုယ္စီကိုယ္ဌ သန့္ရွင္းေရး ျပဳလုပ္ၾကသည္။
အခ်ိန္ၾကာျမင့္စြာ ေလယာဥ္စီးနင္းလာၿပီး Jet lag ေၾကာင့္ ရွစ္ရႊမ္းမွာ အေတာ္ေလး ပင္ပန္းလ်က္ရွိသည္။ သူမက ရွန့္ေခ်ာင္ကို ႏွုတ္ဆက္စကားပင္ မဆိုပဲ ေရခ်ိဳးခန္းသို႔ အရင္ဝင္သြားကာ တံခါးေလာ့ခ်လိုက္သည္။ သူမက တစ္နာရီၾကာသည္အထိ ထြက္မလာေသး။
ရွန့္ေခ်ာင္က မွတ္စုစာအုပ္အေသးႏွင့္ ေဘာပင္ကို ကိုင္ကာ ကုတင္ေပၚ လဲေလ်ာင္းရင္း ေျမပုံကို ၾကည့္ကာ တစ္ခ်ိန္တည္းမွာပင္ အခ်က္အလက္မ်ား ရွာေဖြလ်က္ရွိသည္။ ဘာစီလိုနာ၌ သုံးရက္ၾကာခရီးစဥ္အတြင္း ပရိုဂရမ္အဖြဲ႕က သူမအား အထင္ကရေနရာ သုံးေနရာအား လည္ပတ္ရန္ တာဝန္ေပးထားသည္။
ရွန့္ေခ်ာင္မွာ ယခင္က ဤေနရာသို႔ ေရာက္ဖူးျခင္းမရွိတာမို႔ လမ္းေၾကာင္းမ်ားအား ႀကိဳတင္စီမံကာ လက္မွတ္မ်ားကို စစ္ေဆးသည့္အျပင္ ဖြင့္လွစ္သည့္ေန႔ရက္မ်ားကိုပါ စစ္ေဆးသည္။ ဒါရိုက္တာအဖြဲ႕က သူမအား အဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူရန္ ဖိအားေပးခ်ိန္၌ သူမမွာ အသဲႏွလုံးပင္ ကြဲေၾကသြားရသည္။ ရွန့္ေခ်ာင္ မနက္ျဖန္အတြက္ အစီအစဥ္မ်ား ေရးဆြဲၿပီးသည့္တိုင္ေအာင္ ရွစ္ရႊမ္းက ေရခ်ိဳးခန္းထဲတြင္ ရွိေနဆဲျဖစ္သည္။
ရွန့္ေခ်ာင္ မတ္တပ္ရပ္ကာ တံခါးဆီေလၽွာက္သြားရင္း ခပ္ျဖည္းျဖည္း ေမးလိုက္သည္။
"ရွစ္ရႊမ္း၊ နင္ ဝမ္းခ်ဳပ္ေနတာလား?"
အတြင္းထဲရွိ ရွစ္ရႊမ္း - " ??? "
ရွန့္ေခ်ာင္က စိတ္ရင္းျဖင့္ ေမးသည္။
"နင္ ရာသီဥတုအေျပာင္းအလဲကို ေနသားမက်ရင္ အလြယ္တကူ ဝမ္းခ်ဳပ္နိုင္တယ္၊ နင္ ေဆးေသာက္ဦးမလား?"
ရွစ္ရႊမ္း - "အခုခ်က္ခ်င္း ထြက္လာၿပီ!!"
အျခားဧည့္သည္အားလုံးမွာ အနားယူကုန္ၾကေလၿပီ။ ရွန့္ေခ်ာင္ ေရမိုးခ်ိဳးကာ ျပန္ထြက္လာသည္။ သူမ၏ ခပ္တိုတိုဆံပင္မွာ စိုရႊဲေနကာ ေရမ်ား စီးက်ေနသည္။ ပတ္ဝန္းက်င္တစ္ခုလုံးကား တိတ္ဆိတ္ေနသည္။ ရွစ္ရႊမ္းက ကုတင္ေပၚ လွဲေနၿပီးျဖစ္ကာ ေစာင္ျခဳံ၍ ေက်ာေပးထားသည္။
ရွန့္ေခ်ာင္ လွည့္ပတ္ၾကည့္ကာ လက္ထဲတြင္ ေလမွုတ္စက္ကိုင္၍ ေအာက္ဘက္သို႔ ေျခဖ်ားေထာက္ဆင္းသြားၿပီး ဧည့္ႀကိဳေကာင္တာတြင္ ေခါင္းေျခာက္ေအာင္ လုပ္ၿပီးမွ ျပန္တက္လာသည္။ မနက္လင္းခါနီးၿပီးျဖစ္ကာ ရွန့္ေခ်ာင္ ကုတင္ေပၚ လွဲလိုက္သည္ႏွင့္ ေမာပန္းႏြမ္းနယ္မွုက ခ်က္ခ်င္းဆိုသလို သူမထံ ရိုက္ခတ္လာသည္။
ရွန့္ေခ်ာင္ အခ်ိန္ကြာျခားခ်က္ကို တြက္လိုက္ကာ ေဟာ့ရွီးဘက္တြင္ ညေရာက္ခါစျဖစ္မည္ဟု တြက္ဆလိုက္သည္။ သူမ အရမ္းအိပ္ခ်င္ေနေသာ္လည္း မ်က္လုံးေမွးစင္းကာ သူ႔ထံ မက္ေဆ့ခ်္ပို႔လိုက္သည္။
"ဟိုတယ္ေရာက္ၿပီ"
မိနစ္အနည္းငယ္ၾကာၿပီးမွ ေဟာ့ရွီးက စာျပန္လာသည္။
"ဖုန္းေျဖဖို႔ အဆင္ေျပလား?"
ရွန့္ေခ်ာင္က သူမကိုယ္သူမ ေပြ႕ဖက္လိုက္ရင္း
"မရဘူး၊ အကုန္ အိပ္ကုန္ၿပီ၊ ရွစ္ရႊမ္းနဲ႔ ကၽြန္မ အခန္းတူတူေနရတာ"
တဖက္ရွိ ေဟာ့ရွီးက မ်က္ေမွာင္ကုတ္သြားကာ စာျပန္သည္။
"ဒါဆို မင္းလည္း အိပ္ေတာ့ေလ၊ လိမ္လိမ္မာမာနဲ႔ ေစာင္ေသခ်ာျခဳံအိပ္ေနာ္"
သူမထံမွ စာျပန္မလာေတာ့၊ ၾကည့္ရတာ အိပ္ေပ်ာ္သြားဟန္တူသည္။ ေဟာ့ရွီးက စကားေျပာခန္းကို ၾကည့္ရင္း ဖုန္းကိုင္ကာ ေခါင္းငဲ့၍ အိပ္ေပ်ာ္ေနမည့္ သူမပုံရိပ္ကို စိတ္ကူးၾကည့္ကာ တိတ္တဆိတ္ ျပဳံးလိုက္သည္။
ေနာက္တေန႔မနက္ေစာေစာတြင္ ပရိုဂရမ္အဖြဲ႕က ဧည့္သည္မ်ားအား ေခၚႏွိုးလာၿပီး ပထမေန႔တြင္ပင္ ပထမဆုံးတာဝန္အား ေဆာင္ရြက္ရန္ ႏွိုးေဆာ္လာသည္။
လူတိုင္းနီးပါး တခ်ိန္တည္းဆိုသလို အိပ္ရာနိုးလာသည္။
ဘာတာဝန္ေတြလဲ?
ဒါရိုက္တာက ဆိုလာသည္။
"ပထမဆုံးသြားရမယ့္ အထင္ကရေနရာက Sagrada Familia"
လီေယာင္က ေပါင္မုန့္ကိုက္ရင္း ေမးသည္။
"ဘယ္လိုသြားရမွာလဲ? ေဝးလား?"
ခ်ီလ်န္မွာ သြားတိုက္ေနဆဲျဖစ္ကာ ပါးစပ္ထဲတြင္ သြားတိုက္ေဆးအျပည့္ျဖင့္ ေျပးထြက္လာသည္။
"ဒီေနရာေတြ သြားဖို႔ လက္မွတ္လိုလား? ငါတို႔မွာ ပိုက္ဆံေလာက္ရဲ့လား?"
လ်န္ခ်ိဳးယြိ - "ေခါင္းေဆာင္ေရွာင္ေခ်ာင္ ဘယ္မွာလဲ?"
ရွစ္ရႊမ္းက ခပ္သာသာ ျပဳံးသည္။
"အခုထိ အိပ္ရာထဲမွာ"
လ်န္ခ်ိဳးယြိ - "ျမန္ျမန္ သူ႔ကို ႏွိုးလိုက္၊ ဒီေန႔ခရီးစဥ္အေၾကာင္း ေဆြးေႏြးရေအာင္"
ရွစ္ရႊမ္း - "ကၽြန္မ မႏွိုးရဲဘူး၊ ပရိုဂရမ္အဖြဲ႕ ေအာ္ေခၚတာေတာင္ မနိုးဘူး"
လ်န္ခ်ိဳးယြိက ခပ္ျမန္ျမန္ အခန္းကူးလာကာ ရွန့္ေခ်ာင္က သူမတစ္ကိုယ္လုံး ေစာင္ေခါင္းၿမီးျခဳံထားသည္ကို ျမင္လိုက္ရသည္။ လ်န္ခ်ိဳးယြိက ေစာင္ထုပ္ကို ပုတ္လိုက္ရင္း ေအာ္ေခၚသည္။
"ေရွာင္ေခ်ာင္၊ ျမန္ျမန္ထေတာ့၊ ငါတို႔ ေနာက္ခရီးစဥ္အတြက္ ေဆြးေႏြးရမယ္၊ ဘာအစီအစဥ္မွ ငါတို႔ မလုပ္ရေသးဘူး"
ရွန့္ေခ်ာင္က ေစာင္ပုံေအာက္မွ လက္တစ္ဖက္ ဆန့္ထုတ္လာကာ ေခါင္းအုံးေအာက္ လက္ထိုးထည့္ၿပီး အခ်ိန္အေတာ္ၾကာသည္အထိ ဟိုဒီစမ္းေနၿပီးမွ မွတ္စုစာအုပ္အား ဆြဲထုတ္လာသည္။
"အကုန္လုံး ဒီထဲမွာ ရွိတယ္၊ ကၽြန္မကို ေနာက္နာရီဝက္ေလာက္ ေပးအိပ္ဦး"
လ်န္ခ်ိဳးယြိက မွတ္စုစာအုပ္ကို လွမ္းယူကာ ဖြင့္ဖတ္ၿပီးေနာက္ စာအုပ္ထဲတြင္ 'Sagrada Familia' ႏွင့္ ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားအား ေသေသသပ္သပ္ ေရးသားထားသည္ကို ျမင္လိုက္ရသည္။ တည္ေနရာ၊ ဟိုတယ္မွ သြားေရာက္ရန္ အလြယ္ကူဆုံးစီးနင္းရမည့္ ဘတ္စ္ကား၊ စီးနင္းရန္ ၾကာခ်ိန္၊ လက္မွတ္တန္ဖိုး၊ လည္ပတ္ရမည့္အခ်ိန္ႏွင့္ အနီးအနားပတ္ဝန္းက်င္ရွိ စားေသာက္ဆိုင္မ်ား၏ လက္မွတ္တန္ဖိုးမ်ားအား အေသးစိတ္ေရးမွတ္ထားသည္။
လူတစ္ေယာက္ခ်င္းစီ၏ တေန႔အသုံးစရိတ္ကိုပါ တြက္ဆထားၿပီး မ်က္ဝန္းအၾကည့္တို႔အား ဆြဲေဆာင္သြားနိုင္သည့္ စက္ဝိုင္းတစ္ခုကိုပါ ေအာက္ဆုံးတြင္ ေရးဆြဲထားသည္။
လ်န္ခ်ိဳးယြိ၏ မ်က္ဝန္းတို႔ ျပဴးက်ယ္သြားရၿပီး မွတ္စုစာအုပ္ကိုင္လ်က္ ေျပးထြက္လာသည္မွာ ရတနာတစ္ပါးရွာေဖြေတြ႕ရွိလာသကဲ့သို႔ပင္။
"ဘုရားေရ! ေခါင္းေဆာင္ ေရွာင္ေခ်ာင္က တအားမိုက္တာပဲ၊ အားလုံး စီစဥ္ၿပီးသြားၿပီ"
က်န္သူမ်ားက တစ္ေယာက္တစ္လွည့္စီ မွတ္စုစာအုပ္ကို ယူဖတ္ကာ ခ်ီလ်န္ကာ ဆိုသည္။
"ဒီကေလးက လုံးဝစိတ္ခ်ရတာပဲ၊ ငါ ျပန္သြားၿပီး တေရးေမွးဦးမယ္!"
ဟူေရြ႕ဝန္က သူ႔ဖုန္းကို ၾကည့္ကာ
"အခုမွ ၇နာရီခြဲပဲ ရွိေသးတယ္၊ ေရွာင္ေခ်ာင္က်ဲက မေန႔က အခ်က္အလက္ေတြ စစ္ရင္း အရမ္းေနာက္က်မွ အိပ္တာ ျဖစ္မယ္၊ သူ႔ကို နည္းနည္း ေပးအိပ္ရေအာင္"
လ်န္ခ်ိဳးယြိ - "ရွစ္ရႊမ္း၊ ငါ့အခန္းဆီလာ၊ ေရွာင္ေခ်ာင္ ေကာင္းေကာင္း အိပ္ပါေစ"
ရွစ္ရႊမ္း - "......."
ဤသို႔ျဖင့္ ရွန့္ေခ်ာင္က ကိုးနာရီထိုးသည္အထိ အိပ္စက္နိုင္ခဲ့ၿပီး ေနာက္ဆုံးတြင္ အားအင္တဝက္မၽွ ျဖည့္တင္းလိုက္နိုင္သည္။ သူမ သိမ္းဆည္းၿပီးသည္ႏွင့္ တစ္ဖြဲ႕လုံးက သူမ စီစဥ္ထားသည့္ လမ္းေၾကာင္းအတိုင္း ေျမေအာက္ရထားစီးမည္ျဖစ္ကာ Sagrada Familia သို႔ ထြက္ခြါလာသည္။
*****
ေအာက္မွာ Sagrada Familia ရဲ့ပုံပါ။ တည္ေဆာက္လို႔ မၿပီးေသးတဲ့ ကမၻာေပၚမွာ အႀကီးဆုံး church ေက်ာင္းပါ။ 1882 ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး အခုထိ မၿပီးေသးပါဘူး။
*****