{Unicode}
အပိုင်း ၁၀၇
ရှစ်ရွှမ်းကိုယ်တိုင်သည်လည်း ရှန့်ချောင်နှင့် တူညီသည့် ရှိုးအစီအစဉ်တစ်ခုထဲတွင် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမနှင့် ရှန့်ချောင်မှာ မတူညီသည့် လမ်းကြောင်းနှစ်ခုပေါ်တွင် တည်ရှိနေသူများဖြစ်သည်။ တစ်ယောက်က ဂီတလမ်းကြောင်းမှ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ရုပ်ရှင်နယ်ပယ်မှဖြစ်သည်မို့ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ဖို့ရာ မဖြစ်နိုင်ပေ။ နောက်ဆုံးအကြိမ် အသံသွင်းစတူဒီယို၌ ရှန့်ချောင်ထံမှ ပါးဖြတ်ရိုက်ခံခဲ့ရသည့် အကြိမ်မှလွဲ၍ နှစ်ယောက်သားက မည်သည့်အခြေအနေမျိုး၌မဆို တွေ့ဆုံခဲ့ခြင်း မရှိပေ။
ဤအချိန်ကာလအတောအတွင်း၌ ရှန့်ချောင်နှင့် ပတ်သက်သည့် သတင်းစကားများ တစ်ခုမဟုတ် တစ်ခု ကြားသိရမြဲဖြစ်သည်။ တစ်ခါတစ်ရံ 'လောင်ဖော်ဖန်' အဖြစ်လည်းကောင်း၊ တစ်ခါတစ်ရံ ရှန်ကျွင့်ယီးနှင့် အချစ်ရေးသတင်းထွက်ခြင်းဌာတဖုံ။ ထိုသတင်းများအား ရွံရှာလွန်းသဖြင့် ရှစ်ရွှမ်းက လိုက်လံဖတ်ရှုခဲ့ခြင်းမရှိ။
ကုမ္ပဏီပြောင်းလဲပြီးနောက် ကိစ္စရပ်များအား ပရိုမုဒ်လုပ်ရာ၌ ရှန့်ချောင်က ပို၍ တော်လာသော်လည်း ထိုတူညီသည့် အောက်တန်းကျသည့်နည်းလမ်းများက သူမအပေါ် ပို၍ အထင်သေးစေလာသည်။
မျက်နှာချင်းဆိုင်တွင် ရှန့်ချောင် ရပ်ရင်း ပြုံးပြနေသည်ကို မြင်ရခြင်းမှာ ယင်ကောင်စားမိသူပမာ ရွံ့ရှာလာရသည်။ သို့သော် ကင်မရာရိုက်ကူးမှု စတင်နေပြီဖြစ်ရာ သူမ၏ ပြင်ပပုံရိပ်ဖော်ဆောင်မှုအား ထောက်ထားရမည်ဖြစ်သည်မို့ ရှစ်ရွှမ်းက အပြုံးတုတစ်ခု ဖော်ဆောင်လိုက်သည်။
"တကယ်တိုက်ဆိုင်တာပဲ"
ရှန့်ချောင်က အရောင်ဖျော့သည့် ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားကာ ခပ်တိုတိုဆံပင်က မေးဖျားထိသာ ရှည်ပြီး ကျောပိုးအိတ်တစ်လုံး လွယ်ထားသည်။ သူမတစ်ကိုယ်လုံးတွင် ငယ်ရွယ်တက်ကြွသည့် အားအင်အပြည့်ဖြစ်ကာ တစ်ဖက်လူအကြည့်မှ ရွံရှာစက်ဆုပ်သည့်အကြည့်ကို အလေးအနက်ထားဟန် မရှိ၏။ ရှန့်ချောင်က ရှစ်ရွှမ်းရှေ့ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်သည်။
သူမတိို့နှစ်ဦးစလုံး ဖုန်းကိုယ်စီသုံးနေကာ စကားပြောဆိုခြင်း မရှိပေ။ သူတို့ဘေးရှိ ဝန်ထမ်းများက အချင်းချင်း လှမ်းကြည့်လာပြီး နှစ်ဦးသားရှိ လေထုအခြေအနေမှာ သဟဇာတဖြစ်မှု မရှိမှန်း နားလည်ကာ နှစ်ဦးကြားတွင် အစိုင်အခဲတစ်ချို့ ရှိမည်ဟု နားလည်သဘောပေါက်သည်။
ကောင်းလိုက်တာ... တမင်တကာ တိုက်ခိုက်တဲ့ ပုံစံမျိုး လုပ်ယူစရာ မလိုတော့ဘူးပေါ့!
အခြားဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။
သုံးယောက်မြောက် ရောက်ရှိလာသူမှာ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ သူကား နှစ်သစ်ကူးအကြိုပွဲတော်များတွင် ကြိမ်ဖန်မနည်း ပါဝင်ဆင်နွှဲခဲ့ဖူးပြီး အလွန် ဟာသစကားဆိုတတ်သူဖြစ်သည်။ သူ ရောက်လာသည်နှင့် ချက်ချင်းပင် သူ့ကိုယ်သူ မိတ်ဆက်စကားဆိုလာသည်။
"ကျွန်တော်က ချီလျန်ပါ၊ ချီလျန်တောင်ရဲ့ ကျောရိုးပါ"
သူက အသက်လေးဆယ်နီးပါးရှိပြီဖြစ်ပြီး စကားပြောဆို ရယ်မောလာချိန်တွင် သူ့မျက်နှာထက်၌ အရေးအကြောင်းတို့ ပြည့်နှက်နေသည်။ ရှန့်ချောင်က သူ့ဟာသများ ကြည့်ရသည်ကို သဘောကျသည်မို့ ချက်ချင်းပင် မတ်တပ်ထရပ်ကာ လက်ဆွဲနှုတ်ဆက်သည်။
"ဟဲလို ချီလောင်ရှစ်၊ ကျွန်မက ရှန့်ချောင်ပါ"
"အိုး... ငါ မင်းကို သိတယ်၊ လောင်ဖော်ဖန်မလား?"
ရှန့်ချောင် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ ရှစ်ရွှမ်းသည်လည်း ဖုန်းသိမ်းလိုက်ပြီးနောက် ချီလျန်အား ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်သည်။ သူမ ပြန်မထိုင်နိုင်ခင်မှာပင် စတုတ္ထမြောက် ဧည့်သည်ရောက်ရှိလာပြီး ယင်းမှာ လီယောင်။
'Starlight Junior' အစီအစဉ် ရိုက်ကူးမှု ပြီးဆုံးသွားချိန်ကတည်းက ရှန့်ချောင် သူနှင့် တွေ့ဆုံခြင်း မရှိခဲ့ပေ။ လီယောင်က စိတ်ဆတ်သူတစ်ဦးဖြစ်ကာ လျှာစောင်းထက်သူတစ်ဦးဖြစ်သည်။ 'Starlight Junior' ရိုက်ကူးနေချိန်အတွင်း သူက ရှန့်ချောင်ထံ စကားတစ်ခွန်းမျှပင် မဆိုခဲ့ဖူးပေ။ သူသည်လည်း ရှန့်ချောင်အား မြင်တွေ့ခြင်းအပေါ် အံ့အားသင့်နေဟန်ရသည်။ နှစ်ဦးသားက သူငယ်ချင်းဖြစ်မလာသည့်တိုင် ပရိုဂရမ်ရိုက်ကူးနေချိန်အတွင်း ကတောက်ကဆဖြစ်ခဲ့ခြင်းမျိုး မရှိချေ။ သူတို့အကြား ဆက်ဆံရေးမှာ လိုက်လျောညီထွေရှိပြီး အသိအကျွမ်းများဟု ဆိုနိုင်သည်။
လီယောင်က ပထမဆုံး ချီလျန်နှင့် ရှစ်ရွှမ်းအား နှုတ်ဆက်ပြီးနောက် သူမထံ အပြုံးဖြင့် ကြည့်လာသည်။
"ရှောင်ချောင်၊ မင်း ဆံပင်တွေ ရှည်လာပြီ"
သူမနားရွက်ဘေး ဝဲကျနေသည့် ဆံပင်အဖျားများကို ရှန့်ချောင် ထိတွေ့ရင်း
"ကျွန်မ အရှည်ပြန်ထားနေတာ၊ နောက်ကားအတွက် ဆံပင်ပြန်ရှည်ဖို့ လိုနေပြီ"
ချီလျန် - "မင်းတို့ အချင်းချင်း သိတာလား?"
လီယောင်က ခေါင်းညိတ်သည်။
"ကျွန်တော်တို့ အရင်က ပရိုဂရမ်အတူတူ ရိုက်ဖူးတယ်"
သူတို့အချင်းချင်း စကားပြောဆို ရယ်မောနေကာ လေထုအခြေအနေမှာ အတော်လေး ရင်းနှီးနေပုံရသည်။ ဘေးဘက်ရှိ ရှစ်ရွှမ်းမှာ စကားဝင်မပြောနိုင်ပဲ သူမနှုတ်ခမ်းထက်ရှိ အပြုံးမှာ အေးခဲလာသည်။ မကြာမီတွင် ငါးယောက်မြောက်ဧည့်သည် ရောက်ရှိလာသည်။ သူမရောက်ရှိလာသည်နှင့် ကျန်လေးယောက်လုံးက တစ်ချိန်တည်းဆိုသလို မတ်တပ်ရပ်လာကာ အတူတကွ သက်ပြင်းချလာသည်။
ရောက်ရှိလာသူမှာ နာမည်ကျော် ဟောင်ကောင်ရုပ်ရှင်မင်းသမီးနှင့် ယခင် TVB ခေါင်းဆောင်မင်းသမီး လျန်ချိုးယွိ ဖြစ်သည်။ ရှန့်ချောင် ငယ်စဉ် ကြည့်ရှုခဲ့သည့် ဟောင်ကောင်ရုပ်ရှင်တိုင်းလိုလိုတွင် သူမအား တွေ့မြင်နိုင်သည်။
သူမက အသက်လေးဆယ်တွင်း ရောက်ရှိနေပြီဖြစ်ကာ ကောင်းကောင်းမွန်မွန် အရွယ်ထိန်းထားနိုင်ပြီး ကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေးရှိသည်။ ပြီးခဲ့သည့်နှစ်နှစ်တာအတွင်း သူမက ပြည်မကြီးတွင် ကျော်ကြားလာခဲ့ကာ များစွာသော ရှေးခေတ်ဝတ်စုံဒရာမာများတွင် ပါဝင်ခဲ့ပြီး သူမ၏ ဂုဏ်သတင်းမှာ မွှေးပျံ့သည်။ စိတ်ဝင်စားစရာ အချက်တစ်ခုမှာ သူမမျိုးရိုးမှာ စကားလုံးနှစ်လုံးပေါင်းထားသည့် လျန်ချိုး ဖြစ်သည်။
(T/N: များသောအားဖြင့် မျိုးရိုးနာမည်တွေက တစ်လုံးထဲ များပါတယ်။ ရှန့်ချောင်မှာဆို ရှန့်က မျိုးရိုး၊ ချောင်က နာမည်၊ နာမည်သုံးလုံးဆို ရှေ့ဆုံးတစ်လုံးက မျိုးရိုးနာမည်ဖြစ်တာများတယ်၊ ဥပမာ - ယန်လိကျန်းဆို ယန်က မျိုးရိုး၊ လိကျန်းက နာမည်၊ ဒီမှာက လျိန်ချိုးယွိမှာ လျန်ချိုး နှစ်လုံးပေါင်းမှ မျိုးရိုး၊ နာမည်က ယွိတစ်လုံးထဲ)
ဤကဲ့သို့သော မျိုးရိုးမှာ အလွန်တရာ ရှားပါး၏။ ယခင်က ယင်းမှာ အမြဲတစေ ဟာသလုပ်စရာတစ်ခု ဖြစ်ရသည်။ လူတိုင်းက သူမအား Miss လျန်ဟု ခေါ်တတ်လေ့ရှိပြီး အကြိမ်တိုင်းတွင် သူမ အမှန်ပြင်ပေးရလေ့ရှိသည်။ နောက်ပိုင်း၌ ပွဲတစ်ခုခုရှိသည့်အခါမျိုးများတွင် သူမဘက်မှ အရင်ဦးဆုံး ကြိုတင် မိတ်ဆက်စကားဆိုလေ့ရှိလာသည်။
"ကျွန်မ မျိုးရိုးနာမည်က လျန်ချိုးပါ၊ နာမည်က ယွိ တစ်လုံးထဲ"
ထို့ကြောင့် ပရိသတ်များက သူမအား ယွိကျဲ ဟု ခေါ်ကြသည်။
ဤအစီအစဉ်အတွက် လျန်ချိုးယွိအား ဖိတ်ခေါ်ရခြင်းမှာ မလွယ်ကူလှ။ လျန်ချိုးယွိက Variety show များတွင် မပါဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လေပြီ။ သူမက ရုပ်ရှင်ရိုက်ကူးရေးတွင်သာ အာရုံနှစ်ထားလေ့ရှိပြီး အလုပ်ပေါ်တွင် အလွန်တရာ အာရုံစိုက်တတ်ကာ သိုသိုသိပ်သိပ်နေတတ်သူဟု ဆိုနိုင်သည်။
သူ့အချိန်အခါက နတ်ဘုရားမဖြစ်သူ လျန်ချိုးယွိအား မြင်တွေ့ရခြင်းအတွက် ချီလျန်မှာ အလွန်ပင် ဝမ်းသာလျက်ရှိသည်။ သူက လျန်ချိုးယွိ လက်ကို ကိုင်ရင်း
"ကျွန်တော် ခင်များကို အရမ်းသဘောကျတာ၊ ခင်များဒရာမာတွေနဲ့ ကြီးလာတာ"
လူအချို့က ရယ်မောလာကြသည်။ ချီလျန်က ထပ်ပေါင်းဆိုသည်။
"ယွိကျယ်က စောစော ပွဲဦးထွက်ခဲ့လို့၊ တစ်ခြားသူတွေ သူတို့ကလေးဘဝကို တီဗီပေါ် ကုန်ဆုံးနေချိန်မှာ ငါက လယ်ကွင်းထဲ လျှောက်ပြေးနေတုန်း"
အချင်းချင်း နှုတ်ဆက်စကားဆိုပြီးနောက် နောက်ဆုံးဧည့်သည်က အလောတကြီး ရောက်ရှိလာသည်။ သူ ရောက်လာသည်နှင့် ချက်ချင်းပင် ခါးကိုင်း၍ အရိုအသေပေးလာကာ အဆက်မပြတ် တောင်းပန်စကား ဆိုလာသည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ လမ်းမှာ ကားတွေ ပိတ်နေလို့ လူတိုင်းကို အကြာကြီး စောင့်ခိုင်းသွားစေမိပြီ"
ပြီးခဲ့သည့် Variety Show တစ်ခုမှတဆင့် ပွဲဦးထွက်လာခဲ့သည့် ဟူရွေ့ဝန်က နာမည်ကြီး လူရွယ်တစ်ယောက်ဖြစ်ပြီး အဆိုအကအိုင်ဒေါလ်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်သည်။
သူက အသက်ငယ်ရွယ်သေးကာ ယခုနှစ်တွင်မှ ၁၉နှစ်မျှသာ ရှိသေးသည်။ ငယ်ရွယ်သည့် လူငယ်တစ်ယောက်ဖြစ်ပြီး တက်ကြွသည့် အားအင်တို့ ပြည့်နှက်နေကာ သူ့စကားလုံးနှင့် အပြုအမူတို့သည်လည်း ထူးခြားသည်။
သူတို့အားလုံးမှာ အချင်းချင်းသိကျွမ်းပြီးနောက် အခက်အခဲကြီးကြီးမားမားမရှိပဲ ခင်မင်ရင်းနှီးနိုင်သည်။
ရှစ်ရွှမ်းအတွက်မူ သူမကိုသာ လာအပြစ်မပြုလျှင် သူမကလည်း မည်သူ့ကိုမှ အပြစ်ပြုမည်မဟုတ်ပေ။ အချိန်ကျလာရင် အခွင့်အရေးကို အမိအရယူနိုင်သည်ပင်။ ထိုကဲ့သို့ တွေးတောလိုက်လျှင် ဤခရီးစဉ်အား ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနိုင်သည်ဟု ရှန့်ချောင် ခံစားရသည်။
ဧည့်သည်ခြောက်ယောက်လုံးရောက်ရှိလာလျှင် ဒါရိုက်တာအဖွဲ့က ကြေညာသည်။
"လာကြ၊ အားလုံးလာကြ၊ ကျေးဇူးပြုပြီး ပိုက်ဆံအိတ်တွေ အပ်ပါ၊ ဒီခရီးစဉ်မှာ ကိုယ်ပိုင်ငွေ သုံးခွင့်မပြုဘူး၊ ပရိုဂရမ်အဖွဲ့က ပေးတဲ့ ပိုက်ဆံကိုပဲ အဖွဲ့က သုံးရမယ်"
ချီလျန် - "ဘာလို့ ဒီလိုလုပ်နေတာလဲ? ဒီခေတ်ကြီးထဲ ဘယ်သူကများ ပိုက်ဆံအိတ်သုံးနေသေးလို့လဲ? အကုန်လုံးက မိုဘိုင်းငွေပေးချေမှု သုံးလို့ ရတယ်မဟုတ်လား?"
လီယောင်က သက်ပြင်းချသည်။
"ချီလောင်ရှစ်၊ နိုင်ငံခြားမှာ ဖုန်းနဲ့ ငွေချေလို့ မလွယ်ဘူး၊ ဘယ်လိုပဲပြောပြော Wechat နဲ့ Alipay က နိုင်ငံခြားအသိအမှတ်ပြုမခံရသေးဘူးလေ၊ ငွေလဲစျေးနှုန်းကို ထည့်မတွက်ရင်တောင်မှလေ"
ချီလျန်က သူ့နဖူးသူ ပြန်ရိုက်လိုက်သည်။
"ငါ နိုင်ငံခြားမထွက်တာ ကြာပြီဆိုတော့ မေ့သွားတယ်၊ ဟာသပဲ၊ ရှက်စရာတွေ ဖြစ်ကုန်ပြီ၊ ရှက်စရာတွေ ဖြစ်ကုန်ပြီ"
ရှန့်ချောင်မှာ အဖွဲ့သားများ၏ လှည့်ကွက်အား ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကာ ငွေကြေးများအား ကြိုတင်၍ တိတ်တဆိတ်ဝှက်ထားနှင့်ပြီးဖြစ်သည်။ သူမက luggage ထဲ၊ ကျောပိုးအိတ်၊ ကုတ်အကျီအနားသားနှင့် သူမ၏ ဖိနပ်အောက်ခံပြားအောက်တွင်ပင် ငွေအချို့ဝှက်ထားခဲ့သည်။
အဖွဲ့ဝန်ထမ်းဖြစ်သူက သူမပိုက်ဆံအိတ်အား လာရောက်ရှာဖွေချိန်တွင် ရှန့်ချောင်က သဘောထားကြီးကြီးဖြင့်ပင် ကမ်းပေးလိုက်သေးသည်။ သို့သော် ဒါရိုက်တာက
"ရှောင်ချောင်၊ မင်း ပိုက်ဆံမဝှက်ထားတာ ကျိန်းသေလား?"
ရှန့်ချောင် - " ??? "
ဒါရိုက်တာ - "မင်းရဲ့ ပစ္စည်းဝှက်တဲ့နေရာမှာ ထိပ်တန်းအဆင့်စွမ်းရည်က Variety Show အသိုင်းအဝိုင်းထဲမှာ ခုထိ အရမ်းကျော်ကြားနေတုန်းပဲ... ဒီတော့ ရှောင်ချင်း သွားရှာ"
ရှန့်ချောင် - " ??? "
အို့... ဒီဒါရိုက်တာက 'Escape from Life' ဒါရိုက်တာရဲ့ သူငယ်ချင်းပေါ့...
ဒါရိုက်တာ၏ လက်ထောက်ဖြစ်သူ ရှောင်ချင်းက ရှန့်ချောင်ဆီ အပြုံးဖြင့် အနားကပ်လာသည်။ သူမက အရင်ဦးဆုံးအနေဖြင့် ရှန့်ချောင်၏ ကျောပိုးအိတ်ကို ယူကာ အတွင်းမှ အပြင် လှန်လှောရှာဖွေသည်။ အားလုံး၏ မျက်စိရှေ့မှောက်တွင် ရှန့်ချောင်၏ ကိုယ်ပိုင်ငွေ ယွမ် ၁၀၀၀ အား ရှာဖွေတွေ့ရှိသည်။
ဒါရိုက်တာ - "တကယ့်ကို ဖွက်ထားတာ ရှိနေတာပဲ၊ ခန္ဓာကိုယ်ပေါ်မှာရော ဖွက်ထားသေးလား?"
ချီလျန် - "ထပ်မရှာနဲ့တော့၊ မရှာနဲ့တော့... ကလေးက ပိုက်ဆံဖွက်ဖို့ဆိုတာ လွယ်လို့လား? ရှင်သန်ဖို့ ထွက်ပေါက်တော့ ပေးဦးမှပေါ့"
ကျန်ဧည့်သည်များမှာ မရယ်မောပဲ မနေနိုင်ပေ။ ရှန့်ချောင်ခမျာ ကူကယ်ရာမဲ့နေဟန်။ ထို့နောက် ရှောင်ချင်းက သူမဂျက်ကတ်နှင့် ဘောင်းဘီအိတ်ကပ်ထဲမှ ယွမ် ၅၀၀ ဆီ ရှာတွေ့သည်။
ဒါရိုက်တာ - "အိုကေ ရှောင်ချောင်၊ ယွမ် ၂၀၀၀ ရှိနေပြီ၊ ထပ်ရှိသေးလား?"
ရှန့်ချောင် - "မရှိတော့ဘူး၊ တကယ်ထပ်မရှိတော့ဘူး"
ဒါရိုက်တာက စဉ်းစားနေဟန်ပြုကာ သူ့အကြည့်များက သူမခြေထောက်သို့ ကျရောက်သွားသည်။ ရှန့်ချောင်မှာ ကြောက်ရွံ့လွန်းသဖြင့် ချီလျန်နောက် ခပ်မြန်မြန် ပုန်းကွယ်လိုက်သည်။
"တကယ်မရှိတော့ဘူး၊ ဘာလုပ်တာလဲ?"
ချီလျန်သည်လည်း လက်ဆန့်တန်းကာ ရှောင်ချင်းအား တားမြစ်သည်။
"ထားလိုက်တော့၊ ကလေးကို ဖိအားမပေးနဲ့တော့၊ ငါပေးမယ်၊ ငါပေးမယ်"
ဒါရိုက်တာ - "တကယ် မထင်ထားဘူးပဲ၊ ချီလောင်ရှစ်... ခင်များတောင် လုပ်ရိုးလုပ်စဉ်ကို ဖောက်ဖျက်နေပြီ"
ချီလျန်က သူ့အိတ်ကပ်ထဲမှ ယွမ် ၅၀တန် ပိုက်ဆံကို ထုတ်ယူကာ
"ဒါအကုန်ပဲ၊ မရှိတော့ဘူး၊ မနက်က ငါ ပေါက်စီဝယ်စားလို့ ကျန်တာ"
ဟူရွေ့ဝန်က အပြစ်ကင်းဟန်ဖြင့်
"အန်ကယ်ချီ ပေါက်စီအလုံး ၅၀ လုံး တစ်ယောက်တည်း စားလိုက်တာလား?"
ချီလျန် - "မင်း ဒီအန်ကယ်ရဲ့ ဗိုက်ကို တွေ့လား? ဘာလို့ မင်းဗိုက်ထက် ကြီးနေတယ်ထင်လဲ? မင်း အန်ကယ့်အသက်ရောက်ရင် မင်းလည်း အဲ့ပမာဏအတိုင်းစားပြီး ဗိုက်လည်း ဒီဆိုဒ်အတိုင်း ဖြစ်လာလိမ့်မယ်"
ဟာသသရုပ်ဆောင်ဟု ဆိုရလောက်အောင်ပင် သူ၏ ပြောဆိုပုံမှာ ထိပ်တန်းအဆင့်ဖြစ်သည်။ ထိုကဲ့သို့ ဆူညံပူညံဖြစ်မှုများအပြီးတွင် နောက်ဆုံး၌ ဒါရိုက်တာအဖွဲ့က ရှန့်ချောင်အား လွှတ်ပေးလိုက်ပြီး ကျန်ရှိသည့် သူမ၏ ကိုယ်ပိုင်ငွေများအား သူမ ဖိနပ်အောက်တွင် ထားရှိနိုင်သွားသည်။
ပိုက်ဆံအိတ်များ ကမ်းပေးပြီးနောက် ဒါရိုက်တာအဖွဲ့က စာအိတ်ဝါတစ်လုံး လှမ်းပေးလာသည်။
"ဒါက နောက်တစ်နေရာအတွက် မင်းတို့ရဲ့ အသုံးစရိတ်ပဲ၊ ကြိုတင်စီစဉ်ပေးထားတဲ့ နေရာထိုင်ခင်းကလွဲလို့ ကျန်တဲ့ ကုန်ကျစရိတ်အားလုံးကို ဒီဘုံပိုက်ဆံကပဲ သုံးရမယ်၊ မနေ့က အင်တာဗျူးပေါ် မူတည်ပြီး ငွေစာရင်းထိန်းသိမ်းသူကို ရှစ်ရွှမ်းကို ရွေးလိုက်တယ်၊ ရှစ်ရွှမ်း လာ... ပိုက်ဆံသိမ်းထား"
ရှစ်ရွှမ်း စာအိတ်အား လှမ်းယူကာ ဖွင့်ကြည့်လိုက်ပြီး အထဲတွင် ရောင်စုံ ယူရိုများအား မြင်တွေ့လိုက်ရသည်။ ကျန်သူများက တိုက်တွန်းစကားဆိုလာသည်။
"ဘယ်လောက်ရှိလဲ မြန်မြန်ရေကြည့်"
သူမ ရေတွက်လိုက်လျှင် ငွေအမောင့်မှာ ယူရို ၁၀၀၀ တိတိ။
ရုတ်တရက်ဆိုသလို ထိုငွေအမောင့်က ပူပြင်းလာသည်ဟု ရှစ်ရွှမ်း ခံစားရသည်။
"လူခြောက်ယောက်၊ သုံးရက်၊ ၁၀၀၀ ယူရို?"
လျန်ချိုးယွိက ဟောင်ကောင်လေသံဖြင့် နှစ်သိမ့်စကားဆိုသည်။
"နည်းနည်း ချွေတာစားလို့ဖြစ်ပါတယ်၊ ငါတို့အားလုံး ဖျော်ဖြေရေးသမားတွေပဲ၊ အစားအစာအတွက် ပိုက်ဆံချွေတာလို့ ရတယ်"
ချီလျန် - "ငါ မရဘူး၊ ငါက တနပ်ကို ယွမ် ၅၀ ဖိုး စားရမှ"
ဒါရိုက်တာအဖွဲ့က ဆက်လက်ကြေညာသည်။
"မနေ့က အင်တာဗျူးအရ နောက်ဆုံးရွေးချယ်လိုက်တဲ့ အဖွဲ့ခေါင်းဆောင်နဲ့ ဧည့်လမ်းညွှန်က ရှန့်ချောင်၊ ရှောင်ချောင်.... ဒီကိုလာ၊ ဒါက ဘာစီလိုနာကို ရောက်ပြီး မင်းတို့ တည်းရမဲ့နေရာ၊ နောက်ပြီး မင်းတို့ သွားလည်ရမဲ့ အထင်ကရနေရာနေရာတွေ၊ အချိန်ကို သင့်လျော်သလို စီမံ၊ အဖွဲ့သားတွေကို တာဝန်ယူ"
ရှန့်ချောင် - " ??? "
ဒါ မနေ့က အင်တာဗျူးမှာ နင်တို့ ပြောခဲ့တာ မဟုတ်ဘူးလေ!!! ငါ့ကို လာလိမ်နေတာ မဟုတ်ဘူးလား?
ဟူရွေ့ဝန်က အစပျိုး၍ လက်ခုပ်တီးလာသော်လည်း ရှန့်ချောင်က သူ့အား စိုက်ကြည့်လာသဖြင့် တိတ်တဆိတ်ပင် လက်ပြန်ရုတ်သွားသည်။
ရှစ်ရွှမ်းက ရုတ်တရက်ဆိုသလို ပြုံးရင်း မေးသည်။
"အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့က ဆက်သွယ်ရေးကောင်းမွန်ဖို့ လိုတယ်မလား? ရှောင်ချောင်... နင့် အင်္ဂလိပ်စာက အဆင်ပြေရဲ့လား?"
ရှန့်ချောင် - "အရမ်းအဆင်ပြေတယ်၊ စိတ်မပူနဲ့"
ရှစ်ရွှမ်း - "......."
အချိန်ကား မစောတော့ချေ။ လိုအပ်သည်များ ရှင်းပြပြီးသည်နှင့် ပရိုဂရမ်အဖွဲ့က ဧည့်သည်များအတွက် လေယာဉ်ပေါ်တက်ရန် ပြင်ဆင်ပေးသည်။ ဧည့်သည်များနှင့် ဒါရိုက်တာများက First class တွင် စီးနင်းကာ ကျန်ဝန်ထမ်းများက Economy အတန်းတွင် လိုက်ပါပြီး ပထမတန်းအတွင်း ရိုက်ကူးမှုတချို့ ပြုလုပ်ရန်အတွက် ကင်မရာသမားနှစ်ဦးကိုပါ ပထမတန်းတွင် လိုက်ပါစေသည်။
နေရာတွင် ထိုင်လိုက်ချင်းမှာပင် ရှန့်ချောင်ဖုန်းမှ ခေါ်ဆိုသူ 'My Baby' နာမည်ဖြင့် ဖုန်းဝင်လာသည်။
သူမနလုံးသား တင်းကြပ်သွားကာ မည်သူမျှ ကြည့်မနေကြောင်း သေချာစေရန် ဘေးပတ်လည်အား ကြည့်ရှုသည်။ လူတိုင်းက ကိုယ်စီအလုပ်ရှုပ်နေကြကာ မည်သူမျှ သူမအား သတိမထားမိပေ။ ရှန့်ချောင် ကိုယ်ကို ကျုံ့ကာ ခေါင်းငုံ့ရင်း ပါးစပ်ပေါ် လက်ဖြင့်အုပ်၍ တိတ်တိတ်လေး ဖုန်းခိုးဖြေသည်။
ဟော့ရှီး၏ နူးညံ့သည့် လေသံက ဖုန်းခွက်ထဲမှတဆင့် ညင်ညင်သာသာ ပျံ့လွင့်လာသည်။
"နိုးပြီလား?"
"ကျွန်မ ရှိုးတစ်ခုရိုက်ဖို့ ဘာစီလိုနာသွားတဲ့ လေယာဉ်ပေါ် ရောက်နေတာ"
သူမက လေသံမျှဖြင့် ပြန်ဖြေသည်မို့ ဟော့ရှီးခမျာ သူမအသံကို ကြားနိုင်ရန် နှစ်ခါမျှ ပြန်လည်နားထောင်ရသည်။
သူက ဖုန်းတစ်ဖက်တွင် ကူကယ်ရာမဲ့စွာ ပြုံးလာသည်။
"အကြာကြီးစီးရမှာလား? လေယာဉ်ပေါ်မှာ ကောင်းကောင်းအနားယူပြီး မင်း ရောက်ရင် ကိုယ့်ဆီ မက်ဆေ့ချ်ပို့"
သူမက 'hmm' သံပြုကာ ခွန်းတုံ့ပြန်လိုက်သည်။ အမှန်တကယ်အားဖြင့် သူမက သူ့အား ရက်အတော်ကြာ ဖုန်းမခေါ်ခဲ့ပေ။ ပထမဆုံးအနေဖြင့် သူမတို့နှစ်ယောက်စလုံး အလုပ်များသူများဖြစ်ကာ ဒုတိယအနေဖြင့် Jet Lag ကြောင့်ဖြစ်သည်။ ယခုအခါ သူ့အသံအား သူမကြားရချိန်တွင် သူမနှလုံးသားတစ်ခုလုံး နွေးထွေးနူးညံ့လျက်ရှိသည်။ ရှန့်ချောင် အနည်းငယ် ရှက်ရွံ့နေသော်လည်း မနေနိုင်ပဲ တီးတိုးဆိုလိုက်သည်။
"ဟော့ရှီး.. ကျွန်မ ရှင့်ကို အရမ်းလွမ်းတာပဲ"
သူက ပြန်လည်တီးတိုးဆိုလာသည်။
"ကိုယ်လည်း မင်းကိုလွမ်းတယ်၊ ရှိုးရိုက်ပြီးရင် နယူးယောခ့်လာပြီး ကိုယ့်ကို လာရှာမှာမလား?"
သူမက နှုတ်ခမ်းစူရင်း
"ရှိုးရိုက်ပြီးတာနဲ့ ရိုက်ကူးရေးဝင်ရမှာ... အဲ့ဒီတော့ အချိန်မရှိလောက်ဘူး"
တစ်ဖက်ကလူမှာ စက္ကန့်အနည်းငယ်အကြာ တိတ်ဆိတ်သွားပြီး ထို့နောက် နူးနူးညံ့ညံ့ပြုံးသည်။
"ရပါတယ်.. ကိုယ် အချိန်ယူပြီး မင်းကို လာတွေ့မယ်လေ"
"မဖြစ်ဘူး... မဖြစ်ဘူး!!"
ထိတ်လန့်မှုကြောင့် သူမအသံ အနည်းငယ် ကျယ်သွားသော်လည်း အလျှင်အမြန်ပင် အသံပြန်တိုးသွားသည်။
"ရှင် စီစဉ်ထားတာတွေကို မရှုပ်ထွေးစေနဲ့... အမှန်တော့... ကျွန်မ တကယ် အတည်ကြီး တွေးထားတာမျိုးတော့ မဟုတ်ပါဘူး၊ ဓါတ်ပုံနဲ့ ဗီဒီယို ကြည့်ရရင်လည်း ဖြစ်ပါတယ်"
တစ်ဖက်လူမှာ အချိန်အတော်ကြာသည်အထိ စကားပြန်မလာပေ။
သူမက မဝံ့မရဲဖြင့် လှမ်းခေါ်သည်။
"ဟော့ရှီး?"
ခဏအကြာတွင် ဟော့ရှီးက လေသံဖွဖွဖြင့်
"မရဘူး... မင်း ကိုယ့်ကို အရမ်းလွမ်းမှ ဖြစ်မယ်"
*****
{Zawgyi}
အပိုင္း ၁၀၇
ရွစ္ရႊမ္းကိုယ္တိုင္သည္လည္း ရွန့္ေခ်ာင္ႏွင့္ တူညီသည့္ ရွိုးအစီအစဥ္တစ္ခုထဲတြင္ ေတြ႕ဆုံရလိမ့္မည္ဟု မေမၽွာ္လင့္ထားခဲ့ေပ။
သူမႏွင့္ ရွန့္ေခ်ာင္မွာ မတူညီသည့္ လမ္းေၾကာင္းႏွစ္ခုေပၚတြင္ တည္ရွိေနသူမ်ားျဖစ္သည္။ တစ္ေယာက္က ဂီတလမ္းေၾကာင္းမွ ျဖစ္ၿပီး က်န္တစ္ေယာက္မွာ ႐ုပ္ရွင္နယ္ပယ္မွျဖစ္သည္မို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ ယွဥ္ၿပိဳင္ဖို႔ရာ မျဖစ္နိုင္ေပ။ ေနာက္ဆုံးအႀကိမ္ အသံသြင္းစတူဒီယို၌ ရွန့္ေခ်ာင္ထံမွ ပါးျဖတ္ရိုက္ခံခဲ့ရသည့္ အႀကိမ္မွလြဲ၍ ႏွစ္ေယာက္သားက မည္သည့္အေျခအေနမ်ိဳး၌မဆို ေတြ႕ဆုံခဲ့ျခင္း မရွိေပ။
ဤအခ်ိန္ကာလအေတာအတြင္း၌ ရွန့္ေခ်ာင္ႏွင့္ ပတ္သက္သည့္ သတင္းစကားမ်ား တစ္ခုမဟုတ္ တစ္ခု ၾကားသိရျမဲျဖစ္သည္။ တစ္ခါတစ္ရံ 'ေလာင္ေဖာ္ဖန္' အျဖစ္လည္းေကာင္း၊ တစ္ခါတစ္ရံ ရွန္ကၽြင့္ယီးႏွင့္ အခ်စ္ေရးသတင္းထြက္ျခင္းဌာတဖုံ။ ထိုသတင္းမ်ားအား ရြံရွာလြန္းသျဖင့္ ရွစ္ရႊမ္းက လိုက္လံဖတ္ရွုခဲ့ျခင္းမရွိ။
ကုမၸဏီေျပာင္းလဲၿပီးေနာက္ ကိစၥရပ္မ်ားအား ပရိုမုဒ္လုပ္ရာ၌ ရွန့္ေခ်ာင္က ပို၍ ေတာ္လာေသာ္လည္း ထိုတူညီသည့္ ေအာက္တန္းက်သည့္နည္းလမ္းမ်ားက သူမအေပၚ ပို၍ အထင္ေသးေစလာသည္။
မ်က္ႏွာခ်င္းဆိုင္တြင္ ရွန့္ေခ်ာင္ ရပ္ရင္း ျပဳံးျပေနသည္ကို ျမင္ရျခင္းမွာ ယင္ေကာင္စားမိသူပမာ ရြံ႕ရွာလာရသည္။ သို႔ေသာ္ ကင္မရာရိုက္ကူးမွု စတင္ေနၿပီျဖစ္ရာ သူမ၏ ျပင္ပပုံရိပ္ေဖာ္ေဆာင္မွုအား ေထာက္ထားရမည္ျဖစ္သည္မို႔ ရွစ္ရႊမ္းက အျပဳံးတုတစ္ခု ေဖာ္ေဆာင္လိုက္သည္။
"တကယ္တိုက္ဆိုင္တာပဲ"
ရွန့္ေခ်ာင္က အေရာင္ေဖ်ာ့သည့္ ေပါ့ေပါ့ပါးပါးဝတ္စုံကို ဝတ္ဆင္ထားကာ ခပ္တိုတိုဆံပင္က ေမးဖ်ားထိသာ ရွည္ၿပီး ေက်ာပိုးအိတ္တစ္လုံး လြယ္ထားသည္။ သူမတစ္ကိုယ္လုံးတြင္ ငယ္ရြယ္တက္ႂကြသည့္ အားအင္အျပည့္ျဖစ္ကာ တစ္ဖက္လူအၾကည့္မွ ရြံရွာစက္ဆုပ္သည့္အၾကည့္ကို အေလးအနက္ထားဟန္ မရွိ၏။ ရွန့္ေခ်ာင္က ရွစ္ရႊမ္းေရွ႕ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခုံတြင္ ဝင္ထိုင္သည္။
သူမတိို႔ႏွစ္ဦးစလုံး ဖုန္းကိုယ္စီသုံးေနကာ စကားေျပာဆိုျခင္း မရွိေပ။ သူတို႔ေဘးရွိ ဝန္ထမ္းမ်ားက အခ်င္းခ်င္း လွမ္းၾကည့္လာၿပီး ႏွစ္ဦးသားရွိ ေလထုအေျခအေနမွာ သဟဇာတျဖစ္မွု မရွိမွန္း နားလည္ကာ ႏွစ္ဦးၾကားတြင္ အစိုင္အခဲတစ္ခ်ိဳ႕ ရွိမည္ဟု နားလည္သေဘာေပါက္သည္။
ေကာင္းလိုက္တာ... တမင္တကာ တိုက္ခိုက္တဲ့ ပုံစံမ်ိဳး လုပ္ယူစရာ မလိုေတာ့ဘူးေပါ့!
အျခားဧည့္သည္မ်ား တစ္ေယာက္ၿပီး တစ္ေယာက္ ေရာက္ရွိလာၾကသည္။
သုံးေယာက္ေျမာက္ ေရာက္ရွိလာသူမွာ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သည္။ သူကား ႏွစ္သစ္ကူးအႀကိဳပြဲေတာ္မ်ားတြင္ ႀကိမ္ဖန္မနည္း ပါဝင္ဆင္ႏႊဲခဲ့ဖူးၿပီး အလြန္ ဟာသစကားဆိုတတ္သူျဖစ္သည္။ သူ ေရာက္လာသည္ႏွင့္ ခ်က္ခ်င္းပင္ သူ႔ကိုယ္သူ မိတ္ဆက္စကားဆိုလာသည္။
"ကၽြန္ေတာ္က ခ်ီလ်န္ပါ၊ ခ်ီလ်န္ေတာင္ရဲ့ ေက်ာရိုးပါ"
သူက အသက္ေလးဆယ္နီးပါးရွိၿပီျဖစ္ၿပီး စကားေျပာဆို ရယ္ေမာလာခ်ိန္တြင္ သူ႔မ်က္ႏွာထက္၌ အေရးအေၾကာင္းတို႔ ျပည့္ႏွက္ေနသည္။ ရွန့္ေခ်ာင္က သူ႔ဟာသမ်ား ၾကည့္ရသည္ကို သေဘာက်သည္မို႔ ခ်က္ခ်င္းပင္ မတ္တပ္ထရပ္ကာ လက္ဆြဲႏွုတ္ဆက္သည္။
"ဟဲလို ခ်ီေလာင္ရွစ္၊ ကၽြန္မက ရွန့္ေခ်ာင္ပါ"
"အိုး... ငါ မင္းကို သိတယ္၊ ေလာင္ေဖာ္ဖန္မလား?"
ရွန့္ေခ်ာင္ ရွက္ရြံ႕သလို ခံစားလိုက္ရသည္။ ရွစ္ရႊမ္းသည္လည္း ဖုန္းသိမ္းလိုက္ၿပီးေနာက္ ခ်ီလ်န္အား ယဥ္ယဥ္ေက်းေက်း ႏွုတ္ဆက္သည္။ သူမ ျပန္မထိုင္နိုင္ခင္မွာပင္ စတုတၳေျမာက္ ဧည့္သည္ေရာက္ရွိလာၿပီး ယင္းမွာ လီေယာင္။
'Starlight Junior' အစီအစဥ္ ရိုက္ကူးမွု ၿပီးဆုံးသြားခ်ိန္ကတည္းက ရွန့္ေခ်ာင္ သူႏွင့္ ေတြ႕ဆုံျခင္း မရွိခဲ့ေပ။ လီေယာင္က စိတ္ဆတ္သူတစ္ဦးျဖစ္ကာ လၽွာေစာင္းထက္သူတစ္ဦးျဖစ္သည္။ 'Starlight Junior' ရိုက္ကူးေနခ်ိန္အတြင္း သူက ရွန့္ေခ်ာင္ထံ စကားတစ္ခြန္းမၽွပင္ မဆိုခဲ့ဖူးေပ။ သူသည္လည္း ရွန့္ေခ်ာင္အား ျမင္ေတြ႕ျခင္းအေပၚ အံ့အားသင့္ေနဟန္ရသည္။ ႏွစ္ဦးသားက သူငယ္ခ်င္းျဖစ္မလာသည့္တိုင္ ပရိုဂရမ္ရိုက္ကူးေနခ်ိန္အတြင္း ကေတာက္ကဆျဖစ္ခဲ့ျခင္းမ်ိဳး မရွိေခ်။ သူတို႔အၾကား ဆက္ဆံေရးမွာ လိုက္ေလ်ာညီေထြရွိၿပီး အသိအကၽြမ္းမ်ားဟု ဆိုနိုင္သည္။
လီေယာင္က ပထမဆုံး ခ်ီလ်န္ႏွင့္ ရွစ္ရႊမ္းအား ႏွုတ္ဆက္ၿပီးေနာက္ သူမထံ အျပဳံးျဖင့္ ၾကည့္လာသည္။
"ေရွာင္ေခ်ာင္၊ မင္း ဆံပင္ေတြ ရွည္လာၿပီ"
သူမနားရြက္ေဘး ဝဲက်ေနသည့္ ဆံပင္အဖ်ားမ်ားကို ရွန့္ေခ်ာင္ ထိေတြ႕ရင္း
"ကၽြန္မ အရွည္ျပန္ထားေနတာ၊ ေနာက္ကားအတြက္ ဆံပင္ျပန္ရွည္ဖို႔ လိုေနၿပီ"
ခ်ီလ်န္ - "မင္းတို႔ အခ်င္းခ်င္း သိတာလား?"
လီေယာင္က ေခါင္းညိတ္သည္။
"ကၽြန္ေတာ္တို႔ အရင္က ပရိုဂရမ္အတူတူ ရိုက္ဖူးတယ္"
သူတို႔အခ်င္းခ်င္း စကားေျပာဆို ရယ္ေမာေနကာ ေလထုအေျခအေနမွာ အေတာ္ေလး ရင္းႏွီးေနပုံရသည္။ ေဘးဘက္ရွိ ရွစ္ရႊမ္းမွာ စကားဝင္မေျပာနိုင္ပဲ သူမႏွုတ္ခမ္းထက္ရွိ အျပဳံးမွာ ေအးခဲလာသည္။ မၾကာမီတြင္ ငါးေယာက္ေျမာက္ဧည့္သည္ ေရာက္ရွိလာသည္။ သူမေရာက္ရွိလာသည္ႏွင့္ က်န္ေလးေယာက္လုံးက တစ္ခ်ိန္တည္းဆိုသလို မတ္တပ္ရပ္လာကာ အတူတကြ သက္ျပင္းခ်လာသည္။
ေရာက္ရွိလာသူမွာ နာမည္ေက်ာ္ ေဟာင္ေကာင္႐ုပ္ရွင္မင္းသမီးႏွင့္ ယခင္ TVB ေခါင္းေဆာင္မင္းသမီး လ်န္ခ်ိဳးယြိ ျဖစ္သည္။ ရွန့္ေခ်ာင္ ငယ္စဥ္ ၾကည့္ရွုခဲ့သည့္ ေဟာင္ေကာင္႐ုပ္ရွင္တိုင္းလိုလိုတြင္ သူမအား ေတြ႕ျမင္နိုင္သည္။
သူမက အသက္ေလးဆယ္တြင္း ေရာက္ရွိေနၿပီျဖစ္ကာ ေကာင္းေကာင္းမြန္မြန္ အရြယ္ထိန္းထားနိုင္ၿပီး ေကာင္းမြန္သည့္ ကိုယ္ရည္ကိုယ္ေသြးရွိသည္။ ၿပီးခဲ့သည့္ႏွစ္ႏွစ္တာအတြင္း သူမက ျပည္မႀကီးတြင္ ေက်ာ္ၾကားလာခဲ့ကာ မ်ားစြာေသာ ေရွးေခတ္ဝတ္စုံဒရာမာမ်ားတြင္ ပါဝင္ခဲ့ၿပီး သူမ၏ ဂုဏ္သတင္းမွာ ေမႊးပ်ံ႕သည္။ စိတ္ဝင္စားစရာ အခ်က္တစ္ခုမွာ သူမမ်ိဳးရိုးမွာ စကားလုံးႏွစ္လုံးေပါင္းထားသည့္ လ်န္ခ်ိဳး ျဖစ္သည္။
(T/N: မ်ားေသာအားျဖင့္ မ်ိဳးရိုးနာမည္ေတြက တစ္လုံးထဲ မ်ားပါတယ္။ ရွန့္ေခ်ာင္မွာဆို ရွန့္က မ်ိဳးရိုး၊ ေခ်ာင္က နာမည္၊ နာမည္သုံးလုံးဆို ေရွ႕ဆုံးတစ္လုံးက မ်ိဳးရိုးနာမည္ျဖစ္တာမ်ားတယ္၊ ဥပမာ - ယန္လိက်န္းဆို ယန္က မ်ိဳးရိုး၊ လိက်န္းက နာမည္၊ ဒီမွာက လ်ိန္ခ်ိဳးယြိမွာ လ်န္ခ်ိဳး ႏွစ္လုံးေပါင္းမွ မ်ိဳးရိုး၊ နာမည္က ယြိတစ္လုံးထဲ)
ဤကဲ့သို႔ေသာ မ်ိဳးရိုးမွာ အလြန္တရာ ရွားပါး၏။ ယခင္က ယင္းမွာ အျမဲတေစ ဟာသလုပ္စရာတစ္ခု ျဖစ္ရသည္။ လူတိုင္းက သူမအား Miss လ်န္ဟု ေခၚတတ္ေလ့ရွိၿပီး အႀကိမ္တိုင္းတြင္ သူမ အမွန္ျပင္ေပးရေလ့ရွိသည္။ ေနာက္ပိုင္း၌ ပြဲတစ္ခုခုရွိသည့္အခါမ်ိဳးမ်ားတြင္ သူမဘက္မွ အရင္ဦးဆုံး ႀကိဳတင္ မိတ္ဆက္စကားဆိုေလ့ရွိလာသည္။
"ကၽြန္မ မ်ိဳးရိုးနာမည္က လ်န္ခ်ိဳးပါ၊ နာမည္က ယြိ တစ္လုံးထဲ"
ထို႔ေၾကာင့္ ပရိသတ္မ်ားက သူမအား ယြိက်ဲ ဟု ေခၚၾကသည္။
ဤအစီအစဥ္အတြက္ လ်န္ခ်ိဳးယြိအား ဖိတ္ေခၚရျခင္းမွာ မလြယ္ကူလွ။ လ်န္ခ်ိဳးယြိက Variety show မ်ားတြင္ မပါဝင္ခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေလၿပီ။ သူမက ႐ုပ္ရွင္ရိုက္ကူးေရးတြင္သာ အာ႐ုံႏွစ္ထားေလ့ရွိၿပီး အလုပ္ေပၚတြင္ အလြန္တရာ အာ႐ုံစိုက္တတ္ကာ သိုသိုသိပ္သိပ္ေနတတ္သူဟု ဆိုနိုင္သည္။
သူ႔အခ်ိန္အခါက နတ္ဘုရားမျဖစ္သူ လ်န္ခ်ိဳးယြိအား ျမင္ေတြ႕ရျခင္းအတြက္ ခ်ီလ်န္မွာ အလြန္ပင္ ဝမ္းသာလ်က္ရွိသည္။ သူက လ်န္ခ်ိဳးယြိ လက္ကို ကိုင္ရင္း
"ကၽြန္ေတာ္ ခင္မ်ားကို အရမ္းသေဘာက်တာ၊ ခင္မ်ားဒရာမာေတြနဲ႔ ႀကီးလာတာ"
လူအခ်ိဳ႕က ရယ္ေမာလာၾကသည္။ ခ်ီလ်န္က ထပ္ေပါင္းဆိုသည္။
"ယြိက်ယ္က ေစာေစာ ပြဲဦးထြက္ခဲ့လို႔၊ တစ္ျခားသူေတြ သူတို႔ကေလးဘဝကို တီဗီေပၚ ကုန္ဆုံးေနခ်ိန္မွာ ငါက လယ္ကြင္းထဲ ေလၽွာက္ေျပးေနတုန္း"
အခ်င္းခ်င္း ႏွုတ္ဆက္စကားဆိုၿပီးေနာက္ ေနာက္ဆုံးဧည့္သည္က အေလာတႀကီး ေရာက္ရွိလာသည္။ သူ ေရာက္လာသည္ႏွင့္ ခ်က္ခ်င္းပင္ ခါးကိုင္း၍ အရိုအေသေပးလာကာ အဆက္မျပတ္ ေတာင္းပန္စကား ဆိုလာသည္။
"ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္၊ လမ္းမွာ ကားေတြ ပိတ္ေနလို႔ လူတိုင္းကို အၾကာႀကီး ေစာင့္ခိုင္းသြားေစမိၿပီ"
ၿပီးခဲ့သည့္ Variety Show တစ္ခုမွတဆင့္ ပြဲဦးထြက္လာခဲ့သည့္ ဟူေရြ႕ဝန္က နာမည္ႀကီး လူရြယ္တစ္ေယာက္ျဖစ္ၿပီး အဆိုအကအိုင္ေဒါလ္လမ္းစဥ္အတိုင္း ေလၽွာက္လွမ္းသူျဖစ္သည္။
သူက အသက္ငယ္ရြယ္ေသးကာ ယခုႏွစ္တြင္မွ ၁၉ႏွစ္မၽွသာ ရွိေသးသည္။ ငယ္ရြယ္သည့္ လူငယ္တစ္ေယာက္ျဖစ္ၿပီး တက္ႂကြသည့္ အားအင္တို႔ ျပည့္ႏွက္ေနကာ သူ႔စကားလုံးႏွင့္ အျပဳအမူတို႔သည္လည္း ထူးျခားသည္။
သူတို႔အားလုံးမွာ အခ်င္းခ်င္းသိကၽြမ္းၿပီးေနာက္ အခက္အခဲႀကီးႀကီးမားမားမရွိပဲ ခင္မင္ရင္းႏွီးနိုင္သည္။
ရွစ္ရႊမ္းအတြက္မူ သူမကိုသာ လာအျပစ္မျပဳလၽွင္ သူမကလည္း မည္သူ႔ကိုမွ အျပစ္ျပဳမည္မဟုတ္ေပ။ အခ်ိန္က်လာရင္ အခြင့္အေရးကို အမိအရယူနိုင္သည္ပင္။ ထိုကဲ့သို႔ ေတြးေတာလိုက္လၽွင္ ဤခရီးစဥ္အား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကုန္ဆုံးနိုင္သည္ဟု ရွန့္ေခ်ာင္ ခံစားရသည္။
ဧည့္သည္ေျခာက္ေယာက္လုံးေရာက္ရွိလာလၽွင္ ဒါရိုက္တာအဖြဲ႕က ေၾကညာသည္။
"လာၾက၊ အားလုံးလာၾက၊ ေက်းဇူးျပဳၿပီး ပိုက္ဆံအိတ္ေတြ အပ္ပါ၊ ဒီခရီးစဥ္မွာ ကိုယ္ပိုင္ေငြ သုံးခြင့္မျပဳဘူး၊ ပရိုဂရမ္အဖြဲ႕က ေပးတဲ့ ပိုက္ဆံကိုပဲ အဖြဲ႕က သုံးရမယ္"
ခ်ီလ်န္ - "ဘာလို႔ ဒီလိုလုပ္ေနတာလဲ? ဒီေခတ္ႀကီးထဲ ဘယ္သူကမ်ား ပိုက္ဆံအိတ္သုံးေနေသးလို႔လဲ? အကုန္လုံးက မိုဘိုင္းေငြေပးေခ်မွု သုံးလို႔ ရတယ္မဟုတ္လား?"
လီေယာင္က သက္ျပင္းခ်သည္။
"ခ်ီေလာင္ရွစ္၊ နိုင္ငံျခားမွာ ဖုန္းနဲ႔ ေငြေခ်လို႔ မလြယ္ဘူး၊ ဘယ္လိုပဲေျပာေျပာ Wechat နဲ႔ Alipay က နိုင္ငံျခားအသိအမွတ္ျပဳမခံရေသးဘူးေလ၊ ေငြလဲေစ်းႏွုန္းကို ထည့္မတြက္ရင္ေတာင္မွေလ"
ခ်ီလ်န္က သူ႔နဖူးသူ ျပန္ရိုက္လိုက္သည္။
"ငါ နိုင္ငံျခားမထြက္တာ ၾကာၿပီဆိုေတာ့ ေမ့သြားတယ္၊ ဟာသပဲ၊ ရွက္စရာေတြ ျဖစ္ကုန္ၿပီ၊ ရွက္စရာေတြ ျဖစ္ကုန္ၿပီ"
ရွန့္ေခ်ာင္မွာ အဖြဲ႕သားမ်ား၏ လွည့္ကြက္အား ႀကိဳတင္ခန့္မွန္းထားၿပီးျဖစ္ကာ ေငြေၾကးမ်ားအား ႀကိဳတင္၍ တိတ္တဆိတ္ဝွက္ထားႏွင့္ၿပီးျဖစ္သည္။ သူမက luggage ထဲ၊ ေက်ာပိုးအိတ္၊ ကုတ္အက်ီအနားသားႏွင့္ သူမ၏ ဖိနပ္ေအာက္ခံျပားေအာက္တြင္ပင္ ေငြအခ်ိဳ႕ဝွက္ထားခဲ့သည္။
အဖြဲ႕ဝန္ထမ္းျဖစ္သူက သူမပိုက္ဆံအိတ္အား လာေရာက္ရွာေဖြခ်ိန္တြင္ ရွန့္ေခ်ာင္က သေဘာထားႀကီးႀကီးျဖင့္ပင္ ကမ္းေပးလိုက္ေသးသည္။ သို႔ေသာ္ ဒါရိုက္တာက
"ေရွာင္ေခ်ာင္၊ မင္း ပိုက္ဆံမဝွက္ထားတာ က်ိန္းေသလား?"
ရွန့္ေခ်ာင္ - " ??? "
ဒါရိုက္တာ - "မင္းရဲ့ ပစၥည္းဝွက္တဲ့ေနရာမွာ ထိပ္တန္းအဆင့္စြမ္းရည္က Variety Show အသိုင္းအဝိုင္းထဲမွာ ခုထိ အရမ္းေက်ာ္ၾကားေနတုန္းပဲ... ဒီေတာ့ ေရွာင္ခ်င္း သြားရွာ"
ရွန့္ေခ်ာင္ - " ??? "
အို႔... ဒီဒါရိုက္တာက 'Escape from Life' ဒါရိုက္တာရဲ့ သူငယ္ခ်င္းေပါ့...
ဒါရိုက္တာ၏ လက္ေထာက္ျဖစ္သူ ေရွာင္ခ်င္းက ရွန့္ေခ်ာင္ဆီ အျပဳံးျဖင့္ အနားကပ္လာသည္။ သူမက အရင္ဦးဆုံးအေနျဖင့္ ရွန့္ေခ်ာင္၏ ေက်ာပိုးအိတ္ကို ယူကာ အတြင္းမွ အျပင္ လွန္ေလွာရွာေဖြသည္။ အားလုံး၏ မ်က္စိေရွ႕ေမွာက္တြင္ ရွန့္ေခ်ာင္၏ ကိုယ္ပိုင္ေငြ ယြမ္ ၁၀၀၀ အား ရွာေဖြေတြ႕ရွိသည္။
ဒါရိုက္တာ - "တကယ့္ကို ဖြက္ထားတာ ရွိေနတာပဲ၊ ခႏၶာကိုယ္ေပၚမွာေရာ ဖြက္ထားေသးလား?"
ခ်ီလ်န္ - "ထပ္မရွာနဲ႔ေတာ့၊ မရွာနဲ႔ေတာ့... ကေလးက ပိုက္ဆံဖြက္ဖို႔ဆိုတာ လြယ္လို႔လား? ရွင္သန္ဖို႔ ထြက္ေပါက္ေတာ့ ေပးဦးမွေပါ့"
က်န္ဧည့္သည္မ်ားမွာ မရယ္ေမာပဲ မေနနိုင္ေပ။ ရွန့္ေခ်ာင္ခမ်ာ ကူကယ္ရာမဲ့ေနဟန္။ ထို႔ေနာက္ ေရွာင္ခ်င္းက သူမဂ်က္ကတ္ႏွင့္ ေဘာင္းဘီအိတ္ကပ္ထဲမွ ယြမ္ ၅၀၀ ဆီ ရွာေတြ႕သည္။
ဒါရိုက္တာ - "အိုေက ေရွာင္ေခ်ာင္၊ ယြမ္ ၂၀၀၀ ရွိေနၿပီ၊ ထပ္ရွိေသးလား?"
ရွန့္ေခ်ာင္ - "မရွိေတာ့ဘူး၊ တကယ္ထပ္မရွိေတာ့ဘူး"
ဒါရိုက္တာက စဥ္းစားေနဟန္ျပဳကာ သူ႔အၾကည့္မ်ားက သူမေျခေထာက္သို႔ က်ေရာက္သြားသည္။ ရွန့္ေခ်ာင္မွာ ေၾကာက္ရြံ႕လြန္းသျဖင့္ ခ်ီလ်န္ေနာက္ ခပ္ျမန္ျမန္ ပုန္းကြယ္လိုက္သည္။
"တကယ္မရွိေတာ့ဘူး၊ ဘာလုပ္တာလဲ?"
ခ်ီလ်န္သည္လည္း လက္ဆန့္တန္းကာ ေရွာင္ခ်င္းအား တားျမစ္သည္။
"ထားလိုက္ေတာ့၊ ကေလးကို ဖိအားမေပးနဲ႔ေတာ့၊ ငါေပးမယ္၊ ငါေပးမယ္"
ဒါရိုက္တာ - "တကယ္ မထင္ထားဘူးပဲ၊ ခ်ီေလာင္ရွစ္... ခင္မ်ားေတာင္ လုပ္ရိုးလုပ္စဥ္ကို ေဖာက္ဖ်က္ေနၿပီ"
ခ်ီလ်န္က သူ႔အိတ္ကပ္ထဲမွ ယြမ္ ၅၀တန္ ပိုက္ဆံကို ထုတ္ယူကာ
"ဒါအကုန္ပဲ၊ မရွိေတာ့ဘူး၊ မနက္က ငါ ေပါက္စီဝယ္စားလို႔ က်န္တာ"
ဟူေရြ႕ဝန္က အျပစ္ကင္းဟန္ျဖင့္
"အန္ကယ္ခ်ီ ေပါက္စီအလုံး ၅၀ လုံး တစ္ေယာက္တည္း စားလိုက္တာလား?"
ခ်ီလ်န္ - "မင္း ဒီအန္ကယ္ရဲ့ ဗိုက္ကို ေတြ႕လား? ဘာလို႔ မင္းဗိုက္ထက္ ႀကီးေနတယ္ထင္လဲ? မင္း အန္ကယ့္အသက္ေရာက္ရင္ မင္းလည္း အဲ့ပမာဏအတိုင္းစားၿပီး ဗိုက္လည္း ဒီဆိုဒ္အတိုင္း ျဖစ္လာလိမ့္မယ္"
ဟာသသ႐ုပ္ေဆာင္ဟု ဆိုရေလာက္ေအာင္ပင္ သူ၏ ေျပာဆိုပုံမွာ ထိပ္တန္းအဆင့္ျဖစ္သည္။ ထိုကဲ့သို႔ ဆူညံပူညံျဖစ္မွုမ်ားအၿပီးတြင္ ေနာက္ဆုံး၌ ဒါရိုက္တာအဖြဲ႕က ရွန့္ေခ်ာင္အား လႊတ္ေပးလိုက္ၿပီး က်န္ရွိသည့္ သူမ၏ ကိုယ္ပိုင္ေငြမ်ားအား သူမ ဖိနပ္ေအာက္တြင္ ထားရွိနိုင္သြားသည္။
ပိုက္ဆံအိတ္မ်ား ကမ္းေပးၿပီးေနာက္ ဒါရိုက္တာအဖြဲ႕က စာအိတ္ဝါတစ္လုံး လွမ္းေပးလာသည္။
"ဒါက ေနာက္တစ္ေနရာအတြက္ မင္းတို႔ရဲ့ အသုံးစရိတ္ပဲ၊ ႀကိဳတင္စီစဥ္ေပးထားတဲ့ ေနရာထိုင္ခင္းကလြဲလို႔ က်န္တဲ့ ကုန္က်စရိတ္အားလုံးကို ဒီဘုံပိုက္ဆံကပဲ သုံးရမယ္၊ မေန႔က အင္တာဗ်ဴးေပၚ မူတည္ၿပီး ေငြစာရင္းထိန္းသိမ္းသူကို ရွစ္ရႊမ္းကို ေရြးလိုက္တယ္၊ ရွစ္ရႊမ္း လာ... ပိုက္ဆံသိမ္းထား"
ရွစ္ရႊမ္း စာအိတ္အား လွမ္းယူကာ ဖြင့္ၾကည့္လိုက္ၿပီး အထဲတြင္ ေရာင္စုံ ယူရိုမ်ားအား ျမင္ေတြ႕လိုက္ရသည္။ က်န္သူမ်ားက တိုက္တြန္းစကားဆိုလာသည္။
"ဘယ္ေလာက္ရွိလဲ ျမန္ျမန္ေရၾကည့္"
သူမ ေရတြက္လိုက္လၽွင္ ေငြအေမာင့္မွာ ယူရို ၁၀၀၀ တိတိ။
႐ုတ္တရက္ဆိုသလို ထိုေငြအေမာင့္က ပူျပင္းလာသည္ဟု ရွစ္ရႊမ္း ခံစားရသည္။
"လူေျခာက္ေယာက္၊ သုံးရက္၊ ၁၀၀၀ ယူရို?"
လ်န္ခ်ိဳးယြိက ေဟာင္ေကာင္ေလသံျဖင့္ ႏွစ္သိမ့္စကားဆိုသည္။
"နည္းနည္း ေခၽြတာစားလို႔ျဖစ္ပါတယ္၊ ငါတို႔အားလုံး ေဖ်ာ္ေျဖေရးသမားေတြပဲ၊ အစားအစာအတြက္ ပိုက္ဆံေခၽြတာလို႔ ရတယ္"
ခ်ီလ်န္ - "ငါ မရဘူး၊ ငါက တနပ္ကို ယြမ္ ၅၀ ဖိုး စားရမွ"
ဒါရိုက္တာအဖြဲ႕က ဆက္လက္ေၾကညာသည္။
"မေန႔က အင္တာဗ်ဴးအရ ေနာက္ဆုံးေရြးခ်ယ္လိုက္တဲ့ အဖြဲ႕ေခါင္းေဆာင္နဲ႔ ဧည့္လမ္းညႊန္က ရွန့္ေခ်ာင္၊ ေရွာင္ေခ်ာင္.... ဒီကိုလာ၊ ဒါက ဘာစီလိုနာကို ေရာက္ၿပီး မင္းတို႔ တည္းရမဲ့ေနရာ၊ ေနာက္ၿပီး မင္းတို႔ သြားလည္ရမဲ့ အထင္ကရေနရာေနရာေတြ၊ အခ်ိန္ကို သင့္ေလ်ာ္သလို စီမံ၊ အဖြဲ႕သားေတြကို တာဝန္ယူ"
ရွန့္ေခ်ာင္ - " ??? "
ဒါ မေန႔က အင္တာဗ်ဴးမွာ နင္တို႔ ေျပာခဲ့တာ မဟုတ္ဘူးေလ!!! ငါ့ကို လာလိမ္ေနတာ မဟုတ္ဘူးလား?
ဟူေရြ႕ဝန္က အစပ်ိဳး၍ လက္ခုပ္တီးလာေသာ္လည္း ရွန့္ေခ်ာင္က သူ႔အား စိုက္ၾကည့္လာသျဖင့္ တိတ္တဆိတ္ပင္ လက္ျပန္႐ုတ္သြားသည္။
ရွစ္ရႊမ္းက ႐ုတ္တရက္ဆိုသလို ျပဳံးရင္း ေမးသည္။
"အဖြဲ႕ေခါင္းေဆာင္ျဖစ္ဖို႔က ဆက္သြယ္ေရးေကာင္းမြန္ဖို႔ လိုတယ္မလား? ေရွာင္ေခ်ာင္... နင့္ အဂၤလိပ္စာက အဆင္ေျပရဲ့လား?"
ရွန့္ေခ်ာင္ - "အရမ္းအဆင္ေျပတယ္၊ စိတ္မပူနဲ႔"
ရွစ္ရႊမ္း - "......."
အခ်ိန္ကား မေစာေတာ့ေခ်။ လိုအပ္သည္မ်ား ရွင္းျပၿပီးသည္ႏွင့္ ပရိုဂရမ္အဖြဲ႕က ဧည့္သည္မ်ားအတြက္ ေလယာဥ္ေပၚတက္ရန္ ျပင္ဆင္ေပးသည္။ ဧည့္သည္မ်ားႏွင့္ ဒါရိုက္တာမ်ားက First class တြင္ စီးနင္းကာ က်န္ဝန္ထမ္းမ်ားက Economy အတန္းတြင္ လိုက္ပါၿပီး ပထမတန္းအတြင္း ရိုက္ကူးမွုတခ်ိဳ႕ ျပဳလုပ္ရန္အတြက္ ကင္မရာသမားႏွစ္ဦးကိုပါ ပထမတန္းတြင္ လိုက္ပါေစသည္။
ေနရာတြင္ ထိုင္လိုက္ခ်င္းမွာပင္ ရွန့္ေခ်ာင္ဖုန္းမွ ေခၚဆိုသူ 'My Baby' နာမည္ျဖင့္ ဖုန္းဝင္လာသည္။
သူမနလုံးသား တင္းၾကပ္သြားကာ မည္သူမၽွ ၾကည့္မေနေၾကာင္း ေသခ်ာေစရန္ ေဘးပတ္လည္အား ၾကည့္ရွုသည္။ လူတိုင္းက ကိုယ္စီအလုပ္ရွုပ္ေနၾကကာ မည္သူမၽွ သူမအား သတိမထားမိေပ။ ရွန့္ေခ်ာင္ ကိုယ္ကို က်ဳံ႕ကာ ေခါင္းငုံ႔ရင္း ပါးစပ္ေပၚ လက္ျဖင့္အုပ္၍ တိတ္တိတ္ေလး ဖုန္းခိုးေျဖသည္။
ေဟာ့ရွီး၏ ႏူးညံ့သည့္ ေလသံက ဖုန္းခြက္ထဲမွတဆင့္ ညင္ညင္သာသာ ပ်ံ႕လြင့္လာသည္။
"နိုးၿပီလား?"
"ကၽြန္မ ရွိုးတစ္ခုရိုက္ဖို႔ ဘာစီလိုနာသြားတဲ့ ေလယာဥ္ေပၚ ေရာက္ေနတာ"
သူမက ေလသံမၽွျဖင့္ ျပန္ေျဖသည္မို႔ ေဟာ့ရွီးခမ်ာ သူမအသံကို ၾကားနိုင္ရန္ ႏွစ္ခါမၽွ ျပန္လည္နားေထာင္ရသည္။
သူက ဖုန္းတစ္ဖက္တြင္ ကူကယ္ရာမဲ့စြာ ျပဳံးလာသည္။
"အၾကာႀကီးစီးရမွာလား? ေလယာဥ္ေပၚမွာ ေကာင္းေကာင္းအနားယူၿပီး မင္း ေရာက္ရင္ ကိုယ့္ဆီ မက္ေဆ့ခ်္ပို႔"
သူမက 'hmm' သံျပဳကာ ခြန္းတုံ႔ျပန္လိုက္သည္။ အမွန္တကယ္အားျဖင့္ သူမက သူ႔အား ရက္အေတာ္ၾကာ ဖုန္းမေခၚခဲ့ေပ။ ပထမဆုံးအေနျဖင့္ သူမတို႔ႏွစ္ေယာက္စလုံး အလုပ္မ်ားသူမ်ားျဖစ္ကာ ဒုတိယအေနျဖင့္ Jet Lag ေၾကာင့္ျဖစ္သည္။ ယခုအခါ သူ႔အသံအား သူမၾကားရခ်ိန္တြင္ သူမႏွလုံးသားတစ္ခုလုံး ေႏြးေထြးႏူးညံ့လ်က္ရွိသည္။ ရွန့္ေခ်ာင္ အနည္းငယ္ ရွက္ရြံ႕ေနေသာ္လည္း မေနနိုင္ပဲ တီးတိုးဆိုလိုက္သည္။
"ေဟာ့ရွီး.. ကၽြန္မ ရွင့္ကို အရမ္းလြမ္းတာပဲ"
သူက ျပန္လည္တီးတိုးဆိုလာသည္။
"ကိုယ္လည္း မင္းကိုလြမ္းတယ္၊ ရွိုးရိုက္ၿပီးရင္ နယူးေယာခ့္လာၿပီး ကိုယ့္ကို လာရွာမွာမလား?"
သူမက ႏွုတ္ခမ္းစူရင္း
"ရွိုးရိုက္ၿပီးတာနဲ႔ ရိုက္ကူးေရးဝင္ရမွာ... အဲ့ဒီေတာ့ အခ်ိန္မရွိေလာက္ဘူး"
တစ္ဖက္ကလူမွာ စကၠန့္အနည္းငယ္အၾကာ တိတ္ဆိတ္သြားၿပီး ထို႔ေနာက္ ႏူးႏူးညံ့ညံ့ျပဳံးသည္။
"ရပါတယ္.. ကိုယ္ အခ်ိန္ယူၿပီး မင္းကို လာေတြ႕မယ္ေလ"
"မျဖစ္ဘူး... မျဖစ္ဘူး!!"
ထိတ္လန့္မွုေၾကာင့္ သူမအသံ အနည္းငယ္ က်ယ္သြားေသာ္လည္း အလၽွင္အျမန္ပင္ အသံျပန္တိုးသြားသည္။
"ရွင္ စီစဥ္ထားတာေတြကို မရွုပ္ေထြးေစနဲ႔... အမွန္ေတာ့... ကၽြန္မ တကယ္ အတည္ႀကီး ေတြးထားတာမ်ိဳးေတာ့ မဟုတ္ပါဘူး၊ ဓါတ္ပုံနဲ႔ ဗီဒီယို ၾကည့္ရရင္လည္း ျဖစ္ပါတယ္"
တစ္ဖက္လူမွာ အခ်ိန္အေတာ္ၾကာသည္အထိ စကားျပန္မလာေပ။
သူမက မဝံ့မရဲျဖင့္ လွမ္းေခၚသည္။
"ေဟာ့ရွီး?"
ခဏအၾကာတြင္ ေဟာ့ရွီးက ေလသံဖြဖြျဖင့္
"မရဘူး... မင္း ကိုယ့္ကို အရမ္းလြမ္းမွ ျဖစ္မယ္"
*****