GTKWF (Myanmar Translation )

By Liz_774

337K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 96

1.7K 306 24
By Liz_774

{Unicode}

အပိုင်း ၉၆

အဓိကအမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်တို့ ရိုက်ကွင်းသို့ ပြန်ရောက်ပြီးနောက် ရိုက်ကူးရေးပြန်လည်စတင်ကာ ရှန့်ချောင်မှာ နောက်ဆုံးတွင် လေထဲ သရုပ်ဆောင်ရန် မလိုတော့ပေ။

ရိုက်ကူးရေးလုပ်ငန်းစဉ်မှာ အမှန်တကယ်အားဖြင့် အတော်လေးလျှင်မြန်ပြီး အဓိကအကြောင်းအရင်းမှာ ရှန့်ချောင်၏ အံ့ဩဖွယ်သရုပ်ဆောင်စွမ်းရည်ကြောင့်ပင်။ အစပထမပိုင်း ဟော့ရှီးနှင့် တွဲဖက်သရုပ်ဆောင်ချိန်၌ ဆက်တိုက်ရရှိခဲ့သည့် NG များမှလွဲ၍ နောက်ပိုင်းတွင် ဇာတ်ကောင်စရိုက်ထံ ခပ်မြန်မြန်ဝင်စားနိုင်လာပြီး တစ်ခါ သို့မဟုတ် နှစ်ခါမျှဖြင့် အပြီးသတ်ရိုက်ကူးနိုင်သည်။

ထိုမျှသာမက သူမက အတော်လေး အလုပ်ကြိုးစားကာ ထိုအခြင်းအရာကို ရိုက်ကွင်းပေါ်ရှိ အဖွဲ့သားများအားလုံး မျက်မြင်တွေ့နိုင်သည်။ ရိုက်ကူးရေးအဖွဲ့သို့ သူမ ပထမဆုံးအကြိမ် လာရောက်ပူးပေါင်းစဉ်က သူမအပေါ် ထားရှိခဲ့သည့် အထင်အမြင်သေးမှုနှင့် သံသယစိတ်တို့မှာ အချိန်အတော်ကြာကတည်းကပင် ပျောက်ကွယ်နှင့်ပြီးလေပြီ။

အထူးသဖြင့် အသက်အရွယ်ကြီးရင့်ပြီးဖြစ်သော ရုပ်ရှင်သရုပ်ဆောင်များက နာမည်ကြီးမှုကို အခွင့်ကောင်းယူ၍ ကြိုးစားအားထုတ်လေ့မရှိသော ယနေ့ခေတ်မျိုးဆက်သရုပ်ဆောင်များအား အထင်သေးလေ့ရှိသည်။

ထိုကဲ့သို့သော သရုပ်ဆောင်များသည်ကား အနုပညာရှင်ဟုပင် မခေါ်ထိုက်ပါချေ။

ရိုက်ကူးရေးသို့ မဝင်ရောက်မှီ၌ အဓိကအမျိုးသမီးဇာတ်ကောင်နာမည်မှာ ရှန့်ချောင် ဖြစ်မှန်း သိရပြီး မရင်းနှီးသည့် နာမည်ဖြစ်နေခြင်းကြောင့် သူမ ကောင်းကြောင်း ပြောစရာများရှိမလားဟု ဘေးပတ်ဝန်းကျင်အား စုံစမ်းခဲ့သေးသည်။ သူမနှင့် မတွေ့ခင်ကတည်းကပင် ထိုသူများ၏ သူမအပေါ် သဘောထားမှာ ဆိုးရွားနေနှင့်သည်။

နောက်ပိုင်းတွင်မှ အနှီမိန်းကလေးက များစွာသောဒုက္ခများ ကြုံတွေ့ခဲ့ရကြောင်း သိရှိလာရသည်။ လူတိုင်းက သူမ မည်မျှ အလုပ်ကြိုးစားကြောင်းနှင့် မည်မျှ ဉာဏ်ပြေးကြောင်း သိရှိလာကြပြီး သူမအား သွန်သင်လမ်းညွှန်လိုလာကြသည်။ ရှေ့မျိုးဆက် ဝါရင့်သရုပ်ဆောင်များက ဘဝတစ်လျှောက်လုံး အနိမ့်အမြင့် အတက်အကျများစွာ ကြုံတွေ့ခဲ့ပြီးဖြစ်ကာ အနုပညာအသိုင်းအဝိုင်းတွင်း၌ ပါရမီရှိသည့် လူငယ်များနှင့် ပြည့်နှက်ကာ ဆက်လက်ထွန်းတောက်သွားဖို့ မျှော်လင့်ကြသည်မှာ ဓမ္မတာပင်။

ရှန့်ချောင်က သူမ၏ မှတ်စုစာအုပ်ငယ်အား နေ့စဉ်နေ့တိုင်း ယူဆောင်လာလေ့ရှိပြီး သည်နေရာ နည်းနည်း၊ ဟိုနေရာ နည်းနည်း မှတ်သားသင်ယူလေ့ရှိသည်။ ထို့နောက် လူတိုင်းက သူမမှာ 'ငါတို့ထံက ခိုးသွားတဲ့ ချောင်' ဟု စနောက်လေ့ရှိသည်။ ဝါရင့်သရုပ်ဆောင်များက

"မင်း ငါတို့ဆီက ဒီလောက် ပညာအများကြီး သင်သွားတာ၊ နောက်ပိုင်းကျ မင်း အကောင်းဆုံး မင်းသမီးမဖြစ်လာရင် ငါတို့စုပေါင်းသင်ကြားပေးတာက နှမြောစရာပဲ"

ရှန့်ချောင် - "လောင်ရှစ်တို့ ပြောတာ တအား လေးနက်လွန်းနေပါပြီ"

ရိုက်ကူးရေးက လျှင်မြန်ချော့မွေ့လျက်ရှိပြီး အလောတကြီး ရိုက်ကူးရန် မလိုတာမို့ အချိန်ဇယား ကျပ်တည်းမှုမရှိပဲ ဒါရိုက်တာက သူတို့အား အခါအားလျော်စွာ နားရက်ပေးလေ့ရှိသည်။

ဝါရင့်သရုပ်ဆောင် ကျောက်ကျစ်ဖုန်း၏ သားသည်လည်း လက်ရှိတွင် ပိတ်ကားထက်ပေါ်၌ နာမည်ရ သရုပ်ဆောင် ဖြစ်နေလေပြီ။ သူ၏ ပထမဆုံးသော ရုပ်ရှင်မှာ နှစ်ရက်အကြာတွင် ပြသမည်ဖြစ်သည်။ ကျောက်ကျစ်ဖုန်းက သူ့သားအတွက် ရုပ်ရှင်ရုံတစ်ခုလုံး ဘိုကင်လုပ်ထားကာ အဖွဲ့သားများအား အတူတကွ ကြည့်ရှုရန် ဖိတ်ကြားသည်။

သူမ ရှန့်ချောင် ဖြစ်လာချိန်မှစကာ ရုပ်ရှင်ရုံသို့ ထပ်မံမရောက်ဖြစ်တော့ပဲ သည်တစ်ကြိမ်တွင်မူ ရိုက်ကွင်းတစ်ခုလုံးရှိ အဖွဲ့သားများနှင့် အတူ သွားရောက်မည်ဖြစ်သည်။ ချုံ့ပြောရလျှင်ဖြင့် ဟော့ရှီးနှင့် ရုပ်ရှင်အတူသွားကြည့်သည်ဟု ဆိုနိုင်တယ်မလား!!

နေ့လယ်စာ စားပြီးနောက် ရိုက်ကွင်းအဖွဲ့သားများက ကားပေါ် တစ်ယောက်ပြီးတစ်ယောက် ဆွဲတင်သည်။ ထိုနေ့မှာ ကြားရက်အလုပ်ဖွင့်ရက်ဖြစ်ပြီး နေ့လယ်ပိုင်းဖြစ်သည်မို့ ရုပ်ရှင်ကြည့်သူမှာ လူနည်းစုမျှသာ။

စီစဉ်သူက ဖြတ်သွားဖြတ်လာများ သတိမထားမိစေရန် ခေါင်းဆောင်အနုပညာရှင်တစ်ချို့အား အရင်ဝင်ရောက်နိုင်အောင် စီစဉ်ပေးသည်။

ရှန့်ချောင်ခမျာ ပေါက်ပေါက်ဆုပ်နှင့် ကိုလာ သွားဝယ်လိုသော်လည်း အခြားသူများအားလုံး စောင့်ဆိုင်းနေသည်မို့ ထုတ်မေးရန် ရှက်ရွံ့ကာ ခေါင်းငုံ့၍ အထဲဝင်သွားသည်။ ခေါင်းဆောင်အနုပညာရှင်များမှာ ဘေးချင်းကပ်ထိုင်ရန် နေရာချပေးထားခြင်း ခံရပြီး ဟော့ရှီးက သူမ ဘယ်ဘက်တွင် ထိုင်သည်။

အိုင်ဒေါလ်နှင့်အတူ ပထမဆုံးအကြိမ် ရုပ်ရှင်ကြည့်ခြင်းဖြစ်ကာ ထိုအခိုက်အတန့်အား အမှတ်တရအဖြစ် သိမ်းဆည်းထားလိုသည်။ ရှန့်ချောင် သူမဖုန်းကို ထုတ်ယူလိုက်ကာ ဆယ်လ်ဖီရိုက်ဟန်ဆောင်ရင်း ခေါင်းအနည်းငဲ့စောင်းခြင်းဖြင့် ဟော့ရှီးကိုပါ ကင်မရာမြင်ကွင်းအတွင်းသို့ ဝင်ရောက်လာစေသည်။

သူမ ဓါတ်ပုံရိုက်လုဆဲဆဲတွင် ဟော့ရှီးက ရုတ်ခြည်းဆိုသလို ခေါင်းလှည့်လာပြီး လှမ်းကြည့်လာကာ သူ့လက်တစ်ဖက်က သူမပခုံးပေါ် သိုင်းဖက်၍ အနားကပ်လာသည်မှာ သူမဦးခေါင်းနှင့် ထိကပ်လုနီးနီး။ ထို့နောက် ဟော့ရှီးက ကင်မရာထံ ပြုံးပြကာ ဓါတ်ပုံရိုက်သည့်ခလုတ်အား လှမ်းနှိပ်သည်။

နူးနူးညံ့ညံ့ပြုံးနေသည့် သူ့အသွင်နှင့် တွေဝေမိန်းမောနေသည့် သူမပုံစံမှာ ကင်မရာအတွင်း ထင်ကျန်ရစ်ခဲ့သည်။

အဖွဲ့သားများ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြသည်။ ဟော့ရှီး အချိန်ကို လှမ်းကြည့်ကာ နေရာမှ ထရပ်၍ အပြင်သို့ လျှောက်ထွက်ရန် ပြင်သည်။ သူမက လေသံတိုးတိုးဖြင့်

"ဟော့ရှီး၊ ရှင် ဘယ်သွားမလို့လဲ?"

"အိမ်သာ သွားမလို့"

ရုပ်ရှင်ရုံတစ်ခုလုံးမှာ အဖွဲ့သားများဖြင့် အလျှင်အမြန် ပြည့်နှက်သွားသည်။ ရုပ်ရှင်မစတင်ခင်၌ ဟော့ရှီး အထဲပြန်ဝင်လာသည်။

သူ့လက်ထဲတွင် ကိုလာတစ်ခွက်နှင့် ပေါက်ပေါက်ဆုပ်တစ်ဘူးအား ကိုင်လျက် လျှောက်ဝင်လာခြင်းဖြစ်သည်။ ဟော့ရှီး နေရာတွင် ဝင်ထိုင်ကာ ဝယ်လာသည်များကို ရှန့်ချောင်အား ကမ်းပေးသည်။

ထိုအပြုအမူကြောင့် ရှန့်ချောင် အလွန်အမင်း ပျော်ရွှင်သွားကာ ပေါက်ပေါက်ဆုပ်တစ်ခုကို လှမ်းနှိုက်၍ ပါးစပ်ထဲ ကိုက်ဝါးပြီးနောက် ဟော့ရှီးဘေးနား တိုး၍ ခပ်ဖွဖွဆိုသည်။

"ဟော့ရှီး၊ တအားချိုတာပဲ"

ရှင်က သိပ်ချိုမြိန်ပြီး ပေါက်ပေါက်ဆုပ်သည်လည်း ထိုနည်းတူ။

မိနစ်ကိုးဆယ် ကြာမြင့်သည့် ရုပ်ရှင်မှာ ဇာတ်အိမ်ခိုင်ခိုင်မာမာရှိသည်။ ကျောက်ကျစ်ဖုန်း လောင်ရှစ်၏ သားဖြစ်သူသည်လည်း ထိုရုပ်ရှင်၌ ကောင်းမွန်စွာ သရုပ်ဆောင်နိုင်ခဲ့၏။ ရုပ်ရှင်ပြီးဆုံးသွားသည်နှင့် လူတိုင်း ပါးစပ်ဖျား၌ ချီးကျူးစကားသည်သာ ခိုတွဲလျက်ရှိသည်။ ချီးကျူးစကားများကြောင့် ကျောက်လောင်ရှစ်မှာ အလွန်အမင်း ပျော်ရွှင်လျက်ရှိသည်။

ခေါင်းဆောင်အနုပညာရှင်များမှာ အရင်ဆုံးဝင်ရောက်ပြီး နောက်ဆုံးမှ ထွက်ခွါရပေမည်။ ဒါရိုက်တာဝမ်က ဟော့ရှီးနောက်တွင် ထိုင်၍ သူ့တံတောင်ဆစ်အား ထိုင်ခုံနောက်တွင် တင်လျက် ကိုယ်ကို ငုံ့ကိုင်းရင်း မေးသည်။

"မင်း ဘယ်လိုထင်လဲ?"

ဟော့ရှီး - "သရုပ်ဆောင်အားလုံး ကောင်းပေမယ့် ဇာတ်ညွှန်းက နည်းနည်း သမာရိုးကျဆန်တယ်"

ဒါရိုက်တာဝမ်က ခပ်သာသာ ရယ်မောသည်။

"ငါလည်း အဲ့လိုခံစားရတယ်၊ ကင်မရာအယူအဆ သိပ်မကောင်းပေမယ့် မင်းကို ငါပေးတဲ့ ဇာတ်ညွှန်းနဲ့တော့ မယှဉ်နိုင်ဘူး၊ ငါ လောင်ကျောက်ဆီက ကြားတာတော့ ရှောင်ကျောက်က ဒီရုပ်ရှင်နဲ့ ဆုရဖို့ မှန်းထားတယ်တဲ့"

ဟော့ရှီးကား တည်တည်ငြိမ်ငြိမ်ပင် စကားပြန်သည်။

"ကောင်းသားပဲ"

ဒါရိုက်တာဝမ် - "ဂျူနီယာတွေတောင် ရှေ့ခြေလှမ်းတိုးဖို့ စိတ်လောကြီးနေကြပြီ၊ မင်း ဘာလို့ အခုထိ အချိန်ဖြုန်းနေသေးတာလဲ? ကိုယ်ပိုင်စတူဒီယို ထောင်တဲ့ ရည်ရွယ်ချက်က မင်းအနာဂတ်ကို ကိုယ်တိုင် ထုဆစ်ချင်လို့ မဟုတ်ဘူးလား? ပြောင်းလဲဖို့ကို နှောင့်နှေးနေလို့ မဖြစ်ဘူး"

ရှန့်ချောင်မှာ အနီးနားတွင် ပေါက်ပေါက်ဆုပ်စားနေသော်လည်း အမှန်တကယ်တွင်မူ ခိုးနားထောင်နေခြင်းဖြစ်သည်။

ဟော့ရှီး စတူဒီယိုထောင်တာ ပြောင်းလဲမှုလုပ်မလို့ပေါ့လေ?

ဟော့ရှီး ပြုံးသည်။

"ခင်များဇာတ်ညွှန်းက ရိုက်မဲ့သူ မရှိတာလည်း မဟုတ်ပဲနဲ့၊ ကျွန်တော့်ဆီ နေ့တိုင်း တွန်းပို့နေတာ၊ ခင်များပုံရိပ်ကို ကျွန်တော်ဖျက်ဆီးမှာ မကြောက်ဘူးလား?"

ဒါရိုက်တာဝမ်သည်လည်း ရယ်မောလာသည်။

"အမှန်အတိုင်းပြောရရင် ရှေ့ပိုင်းနှစ်တွေတုန်းက မင်းကိုယ်မင်း ငါ့ရုပ်ရှင်မှာ သရုပ်ဆောင်ချင်ပါတယ် လာပြောရင်တောင် ငါ သဘောတူမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလူက ဆက်ငြိမ်နေလို့ မဖြစ်တော့ဘူး၊ မင်းလို ရတနာကို ငါ စောစော မတူးထုတ်ရင် သိပ်မကြာခင်မှာပဲ တစ်ယောက်ယောက်က လာတူးသွားလိမ့်မယ်၊ ငါ အရင်ဆုံး လက်ဦးမှ ဖြစ်မှာပေါ့"

အဖွဲ့သားအားလုံးနီးပါး ထွက်ခွါသွားပြီးနောက် ဒရိုင်ဘာက သရုပ်ဆောင်များထံ ထွက်ခွါနိုင်ပြီဖြစ်ကြောင်း လာရောက်ဆော်ဩသည်။ လူအချို့ မတ်တပ်ရပ်လာကာ ဒါရိုက်တာဝမ်သည်လည်း သူ့ပခုံးကို လှမ်းပုတ်ရင်း

"ငါ ဇာတ်ညွှန်းပြန်ပို့ပြီး သူတို့ကို နည်းနည်း ပြင်ခိုင်းလိုက်မယ်၊ နောက်နှစ်ရက်လောက်ကျရင် မင်း ပြန်ဖတ်ကြည့်ပေါ့"

ဟော့ရှီး ပြုံးရင်း ခေါင်းညိတ်သည်။

"အိုကေ"

ရှန့်ချောင်မှာ ကိုလာတစ်ခွက်သောက်ပြီးနောက် အချိန်အတော်ကြာကတည်းကပင် သန့်စင်ခန်းသွားလိုနေသည်။ ရုပ်ရှင်ရုံထဲမှ ထွက်လာပြီးနောက် အခြားသူများအား အရင်သွားနှင့်စေကာ သူမက အိမ်သာသို့ ဦးတည်သည်။ သူမ ပြန်ထွက်လာချိန်တွင် ဟော့ရှီးက ကော်ရစ်တာတွင် သူမအား စောင့်ဆိုင်းလျက်ရှိပြီး ဘေးနှစ်ဖက်နံရံအပြည့်ချိတ်ဆွဲထားသော ရုပ်ရှင်ပိုစတာများအား စိတ်ဝင်တစားကြည့်ရှုနေသည်။

ရှန့်ချောင် ခပ်မြန်မြန်ပြေးသွားလျှင် ဟော့ရှီးက သူ့အကြည့်ကို ရုတ်သိမ်း၍ သူမခေါင်းကို ခပ်ဖွဖွပုတ်ပြီးနောက်

"သွားရအောင်"

ရှန့်ချောင် ခေါင်းငဲ့ကာ သူ့ထံ အကြိမ်ရေအနည်းငယ်မျှ လှမ်းကြည့်ပြီးနောက်ဆုံးတွင် မနေနိုင်ပဲ မေးမြန်းသည်။

"ဟော့ရှီး၊ ရှင် ရုပ်ရှင်ရိုက်မလို့လား?"

သူ ခေါင်းမညိတ်သော်လည်း

"ကိုယ် ဒီနှစ်ဆို ၂၉နှစ်ရှိပြီ"

ရှန့်ချောင်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။

"၂၉နှစ် ဖြစ်တော့ ဘာဖြစ်လဲ? ရှင်က အခုထိ ငယ်ပါသေးတယ်!"

သူက ပြုံးရင်း

"အသက်၃၀ ဆိုရင် လမ်းတစ်ချို့ကို စမ်းလျှောက်ချိန် ရောက်ပြီ"

သူမက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ခိုင်ခိုင်မာမာဆိုသည်။

"ဟော့ရှီး၊ ရှင် ဘာပဲလုပ်လုပ် ကျွန်မ အားပေးမယ်!  ရှီးကွမ်းတွေကလည်း ရှင့်ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးမှာပါ"

သူက အသံထွက် ရယ်မောရင်း ဆိုသည်။

"အင်း၊ ကိုယ်သိတယ်"

ရိုက်ကွင်းသို့ ပြန်ရောက်ချိန်တွင် ရှန့်ချောင်က ယခင်ကထက် ပို၍ ကြိုးစားသည်။

ဖန်ဆိုသည်မှာ အိုင်ဒေါလ်နောက် လိုက်ရစမြဲ၊ သူ ဒီလောက် အံ့အားသင့်ဖွယ်ကောင်းတာ၊ ဖန်တွေက သူ့ကို အရှက်ရစေလို့ မဖြစ်ဘူးလေ...

ရိုက်ကူးရေးက စည်းချက်ညီညီရှေ့ဆက်နေချိန်တွင် နိုင်ငံ့အနှံ့အပြားရှိ ပရိသတ်များက 'Escape from Life' အစီအစဉ်မှ အပိုင်းသစ်ထုတ်လွှင့်မည်အား စောင့်ဆိုင်းနေကြသည်။ ဤအစီအစဉ်၏ ကျော်ကြားမှုမှာ တစ်ပိုင်းပြီးတစ်ပိုင်း ပိုမိုမြင့်တက်လာသည်။ လက်ရှိတွင် ရိုက်ကွင်းအဖွဲ့သားအများစုသည်ပင် ထိုအစီအစဉ်အား ကြည့်ရှုနေကြသည်။ ထိုအစီအစဉ်ထုတ်လွှင့်မည့်နေ့တွင် သူတို့က ဒါရိုက်တာကိုပင် အပြောင်အပျက် စနောက်ဟန် ဆိုကြသေးသည်။

"ဒီနေ့ ညဘက်ရိုက်ကွင်း မတည်ရင် ကောင်းမယ်၊ ကျွန်တော်တို့ ပြန်သွားပြီး ရှောင်ချောင့်ရှိုးကို ကြည့်ရဦးမယ်"

ထိုသူများထဲမှ အချို့မှာ သတ္တိကောင်းလှစွာဖြင့် မဒမ်CP အား ထောက်ခံအားပေးကြောင်း ဟော့ရှီး၏ နှာခေါင်းအောက်၌ပင် ရှန့်ချောင်ထံ ဆိုကြသေးသည်။

"မဒမ် CP က အရမ်းမိုက်တာပဲ!!"

ရှန့်ချောင် - "........."

'နတ်ဆိုးမိဖုရား အပိုင်း၂' အား တည်းဖြတ်မှုမှာ ဇာတ်အိမ်အပေါ် ဦးစားပေးထားသည်။ အစီအစဉ် ရှေ့ဆက်လာသည်နှင့်အမျှ ယခင်ပဟေဠိများမှာ တစ်ခုပြီးတစ်ခု ကွာကျလာသည်။ ရှန့်ချောင်ရှေ့တွင် ဖုန်းကျီ အသတ်ခံလိုက်ရပြီးနောက် ပရိုဂရမ်အဖွဲ့ ဇာတ်ညွှန်းဆရာ၏ အကုသိုလ်ကောင်ဖြစ်သည့် အိုင်ကျူ Bug ကောင် ရှန့်ချောင်မှာ ရုတ်တရက် အကြံရလာသည်။

နောက်ထပ်တကြိမ် ပရိုဂရမ်အဖွဲ့၏ လျို့ဝှက်ပဟေဠိမှာ ဖော်ထုတ်ခြင်း ခံလိုက်ရသည်။

တနိုင်ငံလုံးရှိ ကြည့်ရှုသူများက '6666' ဟု အော်ဟစ်အားပေးလာသည်။

ထုတ်လွှင့်ပြသမှုမှာ နောက်ဆုံးခန်းသို့ ရောက်ရှိလာပြီး နတ်ဆိုးမိဖုရား၏ သူမ မသေဆုံးခင် ပြန်လည်တမ်းတသည့် မြင်ကွင်းအပြင် တည်းဖြတ်အဖွဲ့ ထည့်သွင်းထားသည့် သီချင်းသံကိုပါ ပေါင်းထည့်လိုက်ပါက ကြည့်ရှုသူများအား မျက်ရည်မဆည်နိုင်ဖြစ်သွားစေသည်။ နတ်ဆိုးမိဖုရားနေရာမှ သရုပ်ဆောင်သည့် တက်သစ်စ မင်းသမီးငယ်သည်ပင် အနည်းငယ် နာမည်ကြီးသွားသည်။

ကြည့်နေသူများခမျာ ပရိုဂရမ်အဖွဲ့ထံမှ မျက်ရည်ချူခြင်း ခံလိုက်ရသည်။ ဝမ်းနည်းမှုမှ သူတို့အားလုံး ရုန်းမထွက်နိုင်သေးခင်မှာပင် ကျားချောင် CP မှ လူဝင်စားတစ်ယောက်ဖြစ်သည့် ကျီကျားယို့က မက်မွန်ပင်အား အမြစ်မှ ဆွဲနှုတ်လိုက်သည်ကို မြင်လိုက်ရပြီး ကြည့်နေသူအားလုံး အံ့အားသင့်သွားရသည်။

ပရိသတ်များ - "ပရိုဂရမ်အဖွဲ့၊ နင်တို့က Horror show ဆိုတာရော ကိုယ့်ကိုယ်ကိုယ် အမှတ်ရသေးရဲ့လား? အခုပဲ ငို၊ အခုပဲ ရယ်၊ ငါတို့ကို ဘာဖြစ်စေချင်နေတာလဲ?"

ထိုအပိုင်း ထုတ်လွှင့်ပြီးသည့်နောက် မဒမ် CP မှာ ပြဿနာမရှာတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ခွေးကောင် အိမ်ရှေ့စံမှာ သေဆုံးသွားခဲ့ပြီး ကျန်ရှိသည့် ဇာတ်ညွှန်းတစ်ခုလုံးမှာ ကျားချောင် CP သာ ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ရှန့်ချောင်က အစီအစဉ်၏ လျို့ဝှက်ချက်အား သုံးပိုင်းဆက်တိုက် ဖော်ထုတ်နိုင်ခဲ့ပြီး သူမ၏ မြင့်မားသည့် ဉာဏ်ပညာနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းအား လှစ်ဟပြကာ များစွာသော အိုင်ကျူဖန်များကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

မည်သူ အစပြုလိုက်မှန်း မသိသော်လည်း တစ်စုံတစ်ယောက်က နှမြောတသဟန်ဖြင့် ဆိုသည်။

[တကယ်လို့ ရှောင်ချောင်သာ ပတ်ဝန်းကျင်ကောင်းကောင်းမှာ မွေးဖွားခဲ့ပြီး ကျောင်းမထွက်ခဲ့ရရင် ဒီလိုအိုင်ကျူမျိုးက ကျိန်းသေပေါက် တက္ကသိုလ်ကောင်းကောင်းကို ဝင်နိုင်မှာ]

လက်ရှိမှာမူ နောင်တရနေရုံသာ တတ်နိုင်သည်။

နက်တစ်ဇင်အချို့က 'အတူတကွ ယှဉ်တွဲနေထိုင်ခြင်း' အစီအစဉ်တွင် ရှန့်ချောင် ပါဝင်ခဲ့စဉ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် သူမ ပြင်ဆင်နေကြောင်း ပြောပြထားသည့် ဗီဒီယိုကို အစဆွဲထုတ်လာခဲ့သည်။

'Escape from Life' ၏ ထိုအပိုင်း ထုတ်လွှင့်ပြီးချိန်တွင် ရှာဖွေမှုအများဆုံးသော နာမည်စာရင်းတွင် ရပ်တည်နေသည့် ခေါင်းစဉ်မှာ 'ရှန့်ချောင်၊တက္ကသိုလ်ဝင်စာမေးပွဲ' ဟူ၍။

ပေ့မင်းဖန် - " ??????? "

စာချုပ်မချုပ်ဆိုမှီက ရှန့်ချောင် တောင်းဆိုခဲ့သည့် အချက်အလက်များထဲမှ တစ်ခုမှာ သူမ၏ ပညာရေးအား တိုးမြှင့်လိုခြင်း ဖြစ်သည်။

အာ.... ဒီအလုပ်သရဲ ကောင်မလေးကတော့....

သူက အချိန်ဇယားများအား စီမံခြင်း၌ အလွန်တရာ အလုပ်များနေခဲ့ပြီး ထိုအကြောင်းအား လုံးဝဥဿုံ မေ့လျော့သွားခဲ့သည်။

အပြစ်မကင်းသည့် စိတ်ဖြင့် ပေ့မင်းဖန်က ရှန့်ချောင်ထံ ခပ်မြန်မြန်ဖုန်းခေါ်သည်။

"မင်း တက္ကသိုလ်တက်ချင်လား?"

အခုလေးတင် ရိုက်ကူးပြီးသည့် ရှန့်ချောင် - "အာ?"

ပေ့မင်းဖန် - "မင်း စာပြန်လေ့လာနေတာ မဟုတ်ဘူးလား? အခုက ဧပြီလရောက်နေပြီဆိုတော့ မင်းအတွက် ငါ ဝင်ခွင့်စာမေးပွဲ စီစဉ်ပေးရင် ဘယ်လိုလဲ?"

ရှန့်ချောင် တခဏမျှ တွေးတောလိုက်သည်။

"အိုကေ၊ ဘာဖြေရမှာလဲ? ငါ ကြိုပြင်ထားလိုက်မယ်"

ပေ့မင်းဖန် - "တက္ကသိုလ်ဝင် စာမေးပွဲ"

ရှန့်ချောင် - " ???????? "

******
ဒီရက်တွေအတွင်း အရမ်းအလုပ်များနေလို့ ကွန်မန့်တွေ စာမပြန်ဖြစ်ပေမယ့် မန့်သမျှ အကုန်ဖတ်တယ်နော်။ မန့်တွေနဲ့ တခုတ်တရ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဘာသာပြန်ဖို့ ပျင်းနေရင် ကွန်မန့်တွေနဲ့ အားယူတာပဲ 💙

*****







{Zawgyi}

အပိုင္း ၉၆

အဓိကအမ်ိဳးသားဇာတ္ေဆာင္ႏွင့္ အမ်ိဳးသမီးဇာတ္ေဆာင္တို႔ ရိုက္ကြင္းသို႔ ျပန္ေရာက္ၿပီးေနာက္ ရိုက္ကူးေရးျပန္လည္စတင္ကာ ရွန့္ေခ်ာင္မွာ ေနာက္ဆုံးတြင္ ေလထဲ သ႐ုပ္ေဆာင္ရန္ မလိုေတာ့ေပ။

ရိုက္ကူးေရးလုပ္ငန္းစဥ္မွာ အမွန္တကယ္အားျဖင့္ အေတာ္ေလးလၽွင္ျမန္ၿပီး အဓိကအေၾကာင္းအရင္းမွာ ရွန့္ေခ်ာင္၏ အံ့ဩဖြယ္သ႐ုပ္ေဆာင္စြမ္းရည္ေၾကာင့္ပင္။ အစပထမပိုင္း ေဟာ့ရွီးႏွင့္ တြဲဖက္သ႐ုပ္ေဆာင္ခ်ိန္၌ ဆက္တိုက္ရရွိခဲ့သည့္ NG မ်ားမွလြဲ၍ ေနာက္ပိုင္းတြင္ ဇာတ္ေကာင္စရိုက္ထံ ခပ္ျမန္ျမန္ဝင္စားနိုင္လာၿပီး တစ္ခါ သို႔မဟုတ္ ႏွစ္ခါမၽွျဖင့္ အၿပီးသတ္ရိုက္ကူးနိုင္သည္။

ထိုမၽွသာမက သူမက အေတာ္ေလး အလုပ္ႀကိဳးစားကာ ထိုအျခင္းအရာကို ရိုက္ကြင္းေပၚရွိ အဖြဲ႕သားမ်ားအားလုံး မ်က္ျမင္ေတြ႕နိုင္သည္။ ရိုက္ကူးေရးအဖြဲ႕သို႔ သူမ ပထမဆုံးအႀကိမ္ လာေရာက္ပူးေပါင္းစဥ္က သူမအေပၚ ထားရွိခဲ့သည့္ အထင္အျမင္ေသးမွုႏွင့္ သံသယစိတ္တို႔မွာ အခ်ိန္အေတာ္ၾကာကတည္းကပင္ ေပ်ာက္ကြယ္ႏွင့္ၿပီးေလၿပီ။

အထူးသျဖင့္ အသက္အရြယ္ႀကီးရင့္ၿပီးျဖစ္ေသာ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ားက နာမည္ႀကီးမွုကို အခြင့္ေကာင္းယူ၍ ႀကိဳးစားအားထုတ္ေလ့မရွိေသာ ယေန႔ေခတ္မ်ိဳးဆက္သ႐ုပ္ေဆာင္မ်ားအား အထင္ေသးေလ့ရွိသည္။

ထိုကဲ့သို႔ေသာ သ႐ုပ္ေဆာင္မ်ားသည္ကား အႏုပညာရွင္ဟုပင္ မေခၚထိုက္ပါေခ်။

ရိုက္ကူးေရးသို႔ မဝင္ေရာက္မွီ၌ အဓိကအမ်ိဳးသမီးဇာတ္ေကာင္နာမည္မွာ ရွန့္ေခ်ာင္ ျဖစ္မွန္း သိရၿပီး မရင္းႏွီးသည့္ နာမည္ျဖစ္ေနျခင္းေၾကာင့္ သူမ ေကာင္းေၾကာင္း ေျပာစရာမ်ားရွိမလားဟု ေဘးပတ္ဝန္းက်င္အား စုံစမ္းခဲ့ေသးသည္။ သူမႏွင့္ မေတြ႕ခင္ကတည္းကပင္ ထိုသူမ်ား၏ သူမအေပၚ သေဘာထားမွာ ဆိုးရြားေနႏွင့္သည္။

ေနာက္ပိုင္းတြင္မွ အႏွီမိန္းကေလးက မ်ားစြာေသာဒုကၡမ်ား ၾကဳံေတြ႕ခဲ့ရေၾကာင္း သိရွိလာရသည္။ လူတိုင္းက သူမ မည္မၽွ အလုပ္ႀကိဳးစားေၾကာင္းႏွင့္ မည္မၽွ ဉာဏ္ေျပးေၾကာင္း သိရွိလာၾကၿပီး သူမအား သြန္သင္လမ္းညႊန္လိုလာၾကသည္။ ေရွ႕မ်ိဳးဆက္ ဝါရင့္သ႐ုပ္ေဆာင္မ်ားက ဘဝတစ္ေလၽွာက္လုံး အနိမ့္အျမင့္ အတက္အက်မ်ားစြာ ၾကဳံေတြ႕ခဲ့ၿပီးျဖစ္ကာ အႏုပညာအသိုင္းအဝိုင္းတြင္း၌ ပါရမီရွိသည့္ လူငယ္မ်ားႏွင့္ ျပည့္ႏွက္ကာ ဆက္လက္ထြန္းေတာက္သြားဖို႔ ေမၽွာ္လင့္ၾကသည္မွာ ဓမၼတာပင္။

ရွန့္ေခ်ာင္က သူမ၏ မွတ္စုစာအုပ္ငယ္အား ေန႔စဥ္ေန႔တိုင္း ယူေဆာင္လာေလ့ရွိၿပီး သည္ေနရာ နည္းနည္း၊ ဟိုေနရာ နည္းနည္း မွတ္သားသင္ယူေလ့ရွိသည္။ ထို႔ေနာက္ လူတိုင္းက သူမမွာ 'ငါတို႔ထံက ခိုးသြားတဲ့ ေခ်ာင္' ဟု စေနာက္ေလ့ရွိသည္။ ဝါရင့္သ႐ုပ္ေဆာင္မ်ားက

"မင္း ငါတို႔ဆီက ဒီေလာက္ ပညာအမ်ားႀကီး သင္သြားတာ၊ ေနာက္ပိုင္းက် မင္း အေကာင္းဆုံး မင္းသမီးမျဖစ္လာရင္ ငါတို႔စုေပါင္းသင္ၾကားေပးတာက ႏွေျမာစရာပဲ"

ရွန့္ေခ်ာင္ - "ေလာင္ရွစ္တို႔ ေျပာတာ တအား ေလးနက္လြန္းေနပါၿပီ"

ရိုက္ကူးေရးက လၽွင္ျမန္ေခ်ာ့ေမြ႕လ်က္ရွိၿပီး အေလာတႀကီး ရိုက္ကူးရန္ မလိုတာမို႔ အခ်ိန္ဇယား က်ပ္တည္းမွုမရွိပဲ ဒါရိုက္တာက သူတို႔အား အခါအားေလ်ာ္စြာ နားရက္ေပးေလ့ရွိသည္။

ဝါရင့္သ႐ုပ္ေဆာင္ ေက်ာက္က်စ္ဖုန္း၏ သားသည္လည္း လက္ရွိတြင္ ပိတ္ကားထက္ေပၚ၌ နာမည္ရ သ႐ုပ္ေဆာင္ ျဖစ္ေနေလၿပီ။ သူ၏ ပထမဆုံးေသာ ႐ုပ္ရွင္မွာ ႏွစ္ရက္အၾကာတြင္ ျပသမည္ျဖစ္သည္။ ေက်ာက္က်စ္ဖုန္းက သူ႔သားအတြက္ ႐ုပ္ရွင္႐ုံတစ္ခုလုံး ဘိုကင္လုပ္ထားကာ အဖြဲ႕သားမ်ားအား အတူတကြ ၾကည့္ရွုရန္ ဖိတ္ၾကားသည္။

သူမ ရွန့္ေခ်ာင္ ျဖစ္လာခ်ိန္မွစကာ ႐ုပ္ရွင္႐ုံသို႔ ထပ္မံမေရာက္ျဖစ္ေတာ့ပဲ သည္တစ္ႀကိမ္တြင္မူ ရိုက္ကြင္းတစ္ခုလုံးရွိ အဖြဲ႕သားမ်ားႏွင့္ အတူ သြားေရာက္မည္ျဖစ္သည္။ ခ်ဳံ႕ေျပာရလၽွင္ျဖင့္ ေဟာ့ရွီးႏွင့္ ႐ုပ္ရွင္အတူသြားၾကည့္သည္ဟု ဆိုနိုင္တယ္မလား!!

ေန႔လယ္စာ စားၿပီးေနာက္ ရိုက္ကြင္းအဖြဲ႕သားမ်ားက ကားေပၚ တစ္ေယာက္ၿပီးတစ္ေယာက္ ဆြဲတင္သည္။ ထိုေန႔မွာ ၾကားရက္အလုပ္ဖြင့္ရက္ျဖစ္ၿပီး ေန႔လယ္ပိုင္းျဖစ္သည္မို႔ ႐ုပ္ရွင္ၾကည့္သူမွာ လူနည္းစုမၽွသာ။

စီစဥ္သူက ျဖတ္သြားျဖတ္လာမ်ား သတိမထားမိေစရန္ ေခါင္းေဆာင္အႏုပညာရွင္တစ္ခ်ိဳ႕အား အရင္ဝင္ေရာက္နိုင္ေအာင္ စီစဥ္ေပးသည္။

ရွန့္ေခ်ာင္ခမ်ာ ေပါက္ေပါက္ဆုပ္ႏွင့္ ကိုလာ သြားဝယ္လိုေသာ္လည္း အျခားသူမ်ားအားလုံး ေစာင့္ဆိုင္းေနသည္မို႔ ထုတ္ေမးရန္ ရွက္ရြံ႕ကာ ေခါင္းငုံ႔၍ အထဲဝင္သြားသည္။ ေခါင္းေဆာင္အႏုပညာရွင္မ်ားမွာ ေဘးခ်င္းကပ္ထိုင္ရန္ ေနရာခ်ေပးထားျခင္း ခံရၿပီး ေဟာ့ရွီးက သူမ ဘယ္ဘက္တြင္ ထိုင္သည္။

အိုင္ေဒါလ္ႏွင့္အတူ ပထမဆုံးအႀကိမ္ ႐ုပ္ရွင္ၾကည့္ျခင္းျဖစ္ကာ ထိုအခိုက္အတန့္အား အမွတ္တရအျဖစ္ သိမ္းဆည္းထားလိုသည္။ ရွန့္ေခ်ာင္ သူမဖုန္းကို ထုတ္ယူလိုက္ကာ ဆယ္လ္ဖီရိုက္ဟန္ေဆာင္ရင္း ေခါင္းအနည္းငဲ့ေစာင္းျခင္းျဖင့္ ေဟာ့ရွီးကိုပါ ကင္မရာျမင္ကြင္းအတြင္းသို႔ ဝင္ေရာက္လာေစသည္။

သူမ ဓါတ္ပုံရိုက္လုဆဲဆဲတြင္ ေဟာ့ရွီးက ႐ုတ္ျခည္းဆိုသလို ေခါင္းလွည့္လာၿပီး လွမ္းၾကည့္လာကာ သူ႔လက္တစ္ဖက္က သူမပခုံးေပၚ သိုင္းဖက္၍ အနားကပ္လာသည္မွာ သူမဦးေခါင္းႏွင့္ ထိကပ္လုနီးနီး။ ထို႔ေနာက္ ေဟာ့ရွီးက ကင္မရာထံ ျပဳံးျပကာ ဓါတ္ပုံရိုက္သည့္ခလုတ္အား လွမ္းႏွိပ္သည္။

ႏူးႏူးညံ့ညံ့ျပဳံးေနသည့္ သူ႔အသြင္ႏွင့္ ေတြေဝမိန္းေမာေနသည့္ သူမပုံစံမွာ ကင္မရာအတြင္း ထင္က်န္ရစ္ခဲ့သည္။

အဖြဲ႕သားမ်ား တစ္ဦးၿပီးတစ္ဦး ဝင္ေရာက္လာၾကသည္။ ေဟာ့ရွီး အခ်ိန္ကို လွမ္းၾကည့္ကာ ေနရာမွ ထရပ္၍ အျပင္သို႔ ေလၽွာက္ထြက္ရန္ ျပင္သည္။ သူမက ေလသံတိုးတိုးျဖင့္

"ေဟာ့ရွီး၊ ရွင္ ဘယ္သြားမလို႔လဲ?"

"အိမ္သာ သြားမလို႔"

႐ုပ္ရွင္႐ုံတစ္ခုလုံးမွာ အဖြဲ႕သားမ်ားျဖင့္ အလၽွင္အျမန္ ျပည့္ႏွက္သြားသည္။ ႐ုပ္ရွင္မစတင္ခင္၌ ေဟာ့ရွီး အထဲျပန္ဝင္လာသည္။

သူ႔လက္ထဲတြင္ ကိုလာတစ္ခြက္ႏွင့္ ေပါက္ေပါက္ဆုပ္တစ္ဘူးအား ကိုင္လ်က္ ေလၽွာက္ဝင္လာျခင္းျဖစ္သည္။ ေဟာ့ရွီး ေနရာတြင္ ဝင္ထိုင္ကာ ဝယ္လာသည္မ်ားကို ရွန့္ေခ်ာင္အား ကမ္းေပးသည္။

ထိုအျပဳအမူေၾကာင့္ ရွန့္ေခ်ာင္ အလြန္အမင္း ေပ်ာ္ရႊင္သြားကာ ေပါက္ေပါက္ဆုပ္တစ္ခုကို လွမ္းႏွိုက္၍ ပါးစပ္ထဲ ကိုက္ဝါးၿပီးေနာက္ ေဟာ့ရွီးေဘးနား တိုး၍ ခပ္ဖြဖြဆိုသည္။

"ေဟာ့ရွီး၊ တအားခ်ိဳတာပဲ"

ရွင္က သိပ္ခ်ိဳၿမိန္ၿပီး ေပါက္ေပါက္ဆုပ္သည္လည္း ထိုနည္းတူ။

မိနစ္ကိုးဆယ္ ၾကာျမင့္သည့္ ႐ုပ္ရွင္မွာ ဇာတ္အိမ္ခိုင္ခိုင္မာမာရွိသည္။ ေက်ာက္က်စ္ဖုန္း ေလာင္ရွစ္၏ သားျဖစ္သူသည္လည္း ထို႐ုပ္ရွင္၌ ေကာင္းမြန္စြာ သ႐ုပ္ေဆာင္နိုင္ခဲ့၏။ ႐ုပ္ရွင္ၿပီးဆုံးသြားသည္ႏွင့္ လူတိုင္း ပါးစပ္ဖ်ား၌ ခ်ီးက်ဴးစကားသည္သာ ခိုတြဲလ်က္ရွိသည္။ ခ်ီးက်ဴးစကားမ်ားေၾကာင့္ ေက်ာက္ေလာင္ရွစ္မွာ အလြန္အမင္း ေပ်ာ္ရႊင္လ်က္ရွိသည္။

ေခါင္းေဆာင္အႏုပညာရွင္မ်ားမွာ အရင္ဆုံးဝင္ေရာက္ၿပီး ေနာက္ဆုံးမွ ထြက္ခြါရေပမည္။ ဒါရိုက္တာဝမ္က ေဟာ့ရွီးေနာက္တြင္ ထိုင္၍ သူ႔တံေတာင္ဆစ္အား ထိုင္ခုံေနာက္တြင္ တင္လ်က္ ကိုယ္ကို ငုံ႔ကိုင္းရင္း ေမးသည္။

"မင္း ဘယ္လိုထင္လဲ?"

ေဟာ့ရွီး - "သ႐ုပ္ေဆာင္အားလုံး ေကာင္းေပမယ့္ ဇာတ္ညႊန္းက နည္းနည္း သမာရိုးက်ဆန္တယ္"

ဒါရိုက္တာဝမ္က ခပ္သာသာ ရယ္ေမာသည္။

"ငါလည္း အဲ့လိုခံစားရတယ္၊ ကင္မရာအယူအဆ သိပ္မေကာင္းေပမယ့္ မင္းကို ငါေပးတဲ့ ဇာတ္ညႊန္းနဲ႔ေတာ့ မယွဥ္နိုင္ဘူး၊ ငါ ေလာင္ေက်ာက္ဆီက ၾကားတာေတာ့ ေရွာင္ေက်ာက္က ဒီ႐ုပ္ရွင္နဲ႔ ဆုရဖို႔ မွန္းထားတယ္တဲ့"

ေဟာ့ရွီးကား တည္တည္ၿငိမ္ၿငိမ္ပင္ စကားျပန္သည္။

"ေကာင္းသားပဲ"

ဒါရိုက္တာဝမ္ - "ဂ်ဴနီယာေတြေတာင္ ေရွ႕ေျခလွမ္းတိုးဖို႔ စိတ္ေလာႀကီးေနၾကၿပီ၊ မင္း ဘာလို႔ အခုထိ အခ်ိန္ျဖဳန္းေနေသးတာလဲ? ကိုယ္ပိုင္စတူဒီယို ေထာင္တဲ့ ရည္ရြယ္ခ်က္က မင္းအနာဂတ္ကို ကိုယ္တိုင္ ထုဆစ္ခ်င္လို႔ မဟုတ္ဘူးလား? ေျပာင္းလဲဖို႔ကို ေႏွာင့္ေႏွးေနလို႔ မျဖစ္ဘူး"

ရွန့္ေခ်ာင္မွာ အနီးနားတြင္ ေပါက္ေပါက္ဆုပ္စားေနေသာ္လည္း အမွန္တကယ္တြင္မူ ခိုးနားေထာင္ေနျခင္းျဖစ္သည္။

ေဟာ့ရွီး စတူဒီယိုေထာင္တာ ေျပာင္းလဲမွုလုပ္မလို႔ေပါ့ေလ?

ေဟာ့ရွီး ျပဳံးသည္။

"ခင္မ်ားဇာတ္ညႊန္းက ရိုက္မဲ့သူ မရွိတာလည္း မဟုတ္ပဲနဲ႔၊ ကၽြန္ေတာ့္ဆီ ေန႔တိုင္း တြန္းပို႔ေနတာ၊ ခင္မ်ားပုံရိပ္ကို ကၽြန္ေတာ္ဖ်က္ဆီးမွာ မေၾကာက္ဘူးလား?"

ဒါရိုက္တာဝမ္သည္လည္း ရယ္ေမာလာသည္။

"အမွန္အတိုင္းေျပာရရင္ ေရွ႕ပိုင္းႏွစ္ေတြတုန္းက မင္းကိုယ္မင္း ငါ့႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ခ်င္ပါတယ္ လာေျပာရင္ေတာင္ ငါ သေဘာတူမွာ မဟုတ္ဘူး၊ ဒါေပမယ့္ ဒီလူက ဆက္ၿငိမ္ေနလို႔ မျဖစ္ေတာ့ဘူး၊ မင္းလို ရတနာကို ငါ ေစာေစာ မတူးထုတ္ရင္ သိပ္မၾကာခင္မွာပဲ တစ္ေယာက္ေယာက္က လာတူးသြားလိမ့္မယ္၊ ငါ အရင္ဆုံး လက္ဦးမွ ျဖစ္မွာေပါ့"

အဖြဲ႕သားအားလုံးနီးပါး ထြက္ခြါသြားၿပီးေနာက္ ဒရိုင္ဘာက သ႐ုပ္ေဆာင္မ်ားထံ ထြက္ခြါနိုင္ၿပီျဖစ္ေၾကာင္း လာေရာက္ေဆာ္ဩသည္။ လူအခ်ိဳ႕ မတ္တပ္ရပ္လာကာ ဒါရိုက္တာဝမ္သည္လည္း သူ႔ပခုံးကို လွမ္းပုတ္ရင္း

"ငါ ဇာတ္ညႊန္းျပန္ပို႔ၿပီး သူတို႔ကို နည္းနည္း ျပင္ခိုင္းလိုက္မယ္၊ ေနာက္ႏွစ္ရက္ေလာက္က်ရင္ မင္း ျပန္ဖတ္ၾကည့္ေပါ့"

ေဟာ့ရွီး ျပဳံးရင္း ေခါင္းညိတ္သည္။

"အိုေက"

ရွန့္ေခ်ာင္မွာ ကိုလာတစ္ခြက္ေသာက္ၿပီးေနာက္ အခ်ိန္အေတာ္ၾကာကတည္းကပင္ သန့္စင္ခန္းသြားလိုေနသည္။ ႐ုပ္ရွင္႐ုံထဲမွ ထြက္လာၿပီးေနာက္ အျခားသူမ်ားအား အရင္သြားႏွင့္ေစကာ သူမက အိမ္သာသို႔ ဦးတည္သည္။ သူမ ျပန္ထြက္လာခ်ိန္တြင္ ေဟာ့ရွီးက ေကာ္ရစ္တာတြင္ သူမအား ေစာင့္ဆိုင္းလ်က္ရွိၿပီး ေဘးႏွစ္ဖက္နံရံအျပည့္ခ်ိတ္ဆြဲထားေသာ ႐ုပ္ရွင္ပိုစတာမ်ားအား စိတ္ဝင္တစားၾကည့္ရွုေနသည္။

ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ေျပးသြားလၽွင္ ေဟာ့ရွီးက သူ႔အၾကည့္ကို ႐ုတ္သိမ္း၍ သူမေခါင္းကို ခပ္ဖြဖြပုတ္ၿပီးေနာက္

"သြားရေအာင္"

ရွန့္ေခ်ာင္ ေခါင္းငဲ့ကာ သူ႔ထံ အႀကိမ္ေရအနည္းငယ္မၽွ လွမ္းၾကည့္ၿပီးေနာက္ဆုံးတြင္ မေနနိုင္ပဲ ေမးျမန္းသည္။

"ေဟာ့ရွီး၊ ရွင္ ႐ုပ္ရွင္ရိုက္မလို႔လား?"

သူ ေခါင္းမညိတ္ေသာ္လည္း

"ကိုယ္ ဒီႏွစ္ဆို ၂၉ႏွစ္ရွိၿပီ"

ရွန့္ေခ်ာင္က ယုံၾကည္ခ်က္ရွိရွိ ျပန္ေျဖသည္။

"၂၉ႏွစ္ ျဖစ္ေတာ့ ဘာျဖစ္လဲ? ရွင္က အခုထိ ငယ္ပါေသးတယ္!"

သူက ျပဳံးရင္း

"အသက္၃၀ ဆိုရင္ လမ္းတစ္ခ်ိဳ႕ကို စမ္းေလၽွာက္ခ်ိန္ ေရာက္ၿပီ"

သူမက ေခါင္းတဆတ္ဆတ္ညိတ္ရင္း ခိုင္ခိုင္မာမာဆိုသည္။

"ေဟာ့ရွီး၊ ရွင္ ဘာပဲလုပ္လုပ္ ကၽြန္မ အားေပးမယ္!  ရွီးကြမ္းေတြကလည္း ရွင့္ဆုံးျဖတ္ခ်က္ကို ေထာက္ခံအားေပးမွာပါ"

သူက အသံထြက္ ရယ္ေမာရင္း ဆိုသည္။

"အင္း၊ ကိုယ္သိတယ္"

ရိုက္ကြင္းသို႔ ျပန္ေရာက္ခ်ိန္တြင္ ရွန့္ေခ်ာင္က ယခင္ကထက္ ပို၍ ႀကိဳးစားသည္။

ဖန္ဆိုသည္မွာ အိုင္ေဒါလ္ေနာက္ လိုက္ရစျမဲ၊ သူ ဒီေလာက္ အံ့အားသင့္ဖြယ္ေကာင္းတာ၊ ဖန္ေတြက သူ႔ကို အရွက္ရေစလို႔ မျဖစ္ဘူးေလ...

ရိုက္ကူးေရးက စည္းခ်က္ညီညီေရွ႕ဆက္ေနခ်ိန္တြင္ နိုင္ငံ့အႏွံ့အျပားရွိ ပရိသတ္မ်ားက 'Escape from Life' အစီအစဥ္မွ အပိုင္းသစ္ထုတ္လႊင့္မည္အား ေစာင့္ဆိုင္းေနၾကသည္။ ဤအစီအစဥ္၏ ေက်ာ္ၾကားမွုမွာ တစ္ပိုင္းၿပီးတစ္ပိုင္း ပိုမိုျမင့္တက္လာသည္။ လက္ရွိတြင္ ရိုက္ကြင္းအဖြဲ႕သားအမ်ားစုသည္ပင္ ထိုအစီအစဥ္အား ၾကည့္ရွုေနၾကသည္။ ထိုအစီအစဥ္ထုတ္လႊင့္မည့္ေန႔တြင္ သူတို႔က ဒါရိုက္တာကိုပင္ အေျပာင္အပ်က္ စေနာက္ဟန္ ဆိုၾကေသးသည္။

"ဒီေန႔ ညဘက္ရိုက္ကြင္း မတည္ရင္ ေကာင္းမယ္၊ ကၽြန္ေတာ္တို႔ ျပန္သြားၿပီး ေရွာင္ေခ်ာင့္ရွိုးကို ၾကည့္ရဦးမယ္"

ထိုသူမ်ားထဲမွ အခ်ိဳ႕မွာ သတၱိေကာင္းလွစြာျဖင့္ မဒမ္CP အား ေထာက္ခံအားေပးေၾကာင္း ေဟာ့ရွီး၏ ႏွာေခါင္းေအာက္၌ပင္ ရွန့္ေခ်ာင္ထံ ဆိုၾကေသးသည္။

"မဒမ္ CP က အရမ္းမိုက္တာပဲ!!"

ရွန့္ေခ်ာင္ - "........."

'နတ္ဆိုးမိဖုရား အပိုင္း၂' အား တည္းျဖတ္မွုမွာ ဇာတ္အိမ္အေပၚ ဦးစားေပးထားသည္။ အစီအစဥ္ ေရွ႕ဆက္လာသည္ႏွင့္အမၽွ ယခင္ပေဟဠိမ်ားမွာ တစ္ခုၿပီးတစ္ခု ကြာက်လာသည္။ ရွန့္ေခ်ာင္ေရွ႕တြင္ ဖုန္းက်ီ အသတ္ခံလိုက္ရၿပီးေနာက္ ပရိုဂရမ္အဖြဲ႕ ဇာတ္ညႊန္းဆရာ၏ အကုသိုလ္ေကာင္ျဖစ္သည့္ အိုင္က်ဴ Bug ေကာင္ ရွန့္ေခ်ာင္မွာ ႐ုတ္တရက္ အႀကံရလာသည္။

ေနာက္ထပ္တႀကိမ္ ပရိုဂရမ္အဖြဲ႕၏ လ်ိဳ႕ဝွက္ပေဟဠိမွာ ေဖာ္ထုတ္ျခင္း ခံလိုက္ရသည္။

တနိုင္ငံလုံးရွိ ၾကည့္ရွုသူမ်ားက '6666' ဟု ေအာ္ဟစ္အားေပးလာသည္။

ထုတ္လႊင့္ျပသမွုမွာ ေနာက္ဆုံးခန္းသို႔ ေရာက္ရွိလာၿပီး နတ္ဆိုးမိဖုရား၏ သူမ မေသဆုံးခင္ ျပန္လည္တမ္းတသည့္ ျမင္ကြင္းအျပင္ တည္းျဖတ္အဖြဲ႕ ထည့္သြင္းထားသည့္ သီခ်င္းသံကိုပါ ေပါင္းထည့္လိုက္ပါက ၾကည့္ရွုသူမ်ားအား မ်က္ရည္မဆည္နိုင္ျဖစ္သြားေစသည္။ နတ္ဆိုးမိဖုရားေနရာမွ သ႐ုပ္ေဆာင္သည့္ တက္သစ္စ မင္းသမီးငယ္သည္ပင္ အနည္းငယ္ နာမည္ႀကီးသြားသည္။

ၾကည့္ေနသူမ်ားခမ်ာ ပရိုဂရမ္အဖြဲ႕ထံမွ မ်က္ရည္ခ်ဴျခင္း ခံလိုက္ရသည္။ ဝမ္းနည္းမွုမွ သူတို႔အားလုံး ႐ုန္းမထြက္နိုင္ေသးခင္မွာပင္ က်ားေခ်ာင္ CP မွ လူဝင္စားတစ္ေယာက္ျဖစ္သည့္ က်ီက်ားယို႔က မက္မြန္ပင္အား အျမစ္မွ ဆြဲႏွုတ္လိုက္သည္ကို ျမင္လိုက္ရၿပီး ၾကည့္ေနသူအားလုံး အံ့အားသင့္သြားရသည္။

ပရိသတ္မ်ား - "ပရိုဂရမ္အဖြဲ႕၊ နင္တို႔က Horror show ဆိုတာေရာ ကိုယ့္ကိုယ္ကိုယ္ အမွတ္ရေသးရဲ့လား? အခုပဲ ငို၊ အခုပဲ ရယ္၊ ငါတို႔ကို ဘာျဖစ္ေစခ်င္ေနတာလဲ?"

ထိုအပိုင္း ထုတ္လႊင့္ၿပီးသည့္ေနာက္ မဒမ္ CP မွာ ျပႆနာမရွာေတာ့ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ ေခြးေကာင္ အိမ္ေရွ႕စံမွာ ေသဆုံးသြားခဲ့ၿပီး က်န္ရွိသည့္ ဇာတ္ညႊန္းတစ္ခုလုံးမွာ က်ားေခ်ာင္ CP သာ ျဖစ္သည္။

ဆန့္က်င္ဘက္အားျဖင့္ ရွန့္ေခ်ာင္က အစီအစဥ္၏ လ်ိဳ႕ဝွက္ခ်က္အား သုံးပိုင္းဆက္တိုက္ ေဖာ္ထုတ္နိုင္ခဲ့ၿပီး သူမ၏ ျမင့္မားသည့္ ဉာဏ္ပညာႏွင့္ ဆင္ျခင္သုံးသပ္နိုင္စြမ္းအား လွစ္ဟျပကာ မ်ားစြာေသာ အိုင္က်ဴဖန္မ်ားကိုပင္ ဆြဲေဆာင္နိုင္ခဲ့သည္။

မည္သူ အစျပဳလိုက္မွန္း မသိေသာ္လည္း တစ္စုံတစ္ေယာက္က ႏွေျမာတသဟန္ျဖင့္ ဆိုသည္။

[တကယ္လို႔ ေရွာင္ေခ်ာင္သာ ပတ္ဝန္းက်င္ေကာင္းေကာင္းမွာ ေမြးဖြားခဲ့ၿပီး ေက်ာင္းမထြက္ခဲ့ရရင္ ဒီလိုအိုင္က်ဴမ်ိဳးက က်ိန္းေသေပါက္ တကၠသိုလ္ေကာင္းေကာင္းကို ဝင္နိုင္မွာ]

လက္ရွိမွာမူ ေနာင္တရေန႐ုံသာ တတ္နိုင္သည္။

နက္တစ္ဇင္အခ်ိဳ႕က 'အတူတကြ ယွဥ္တြဲေနထိုင္ျခင္း' အစီအစဥ္တြင္ ရွန့္ေခ်ာင္ ပါဝင္ခဲ့စဥ္က တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုရန္ သူမ ျပင္ဆင္ေနေၾကာင္း ေျပာျပထားသည့္ ဗီဒီယိုကို အစဆြဲထုတ္လာခဲ့သည္။

'Escape from Life' ၏ ထိုအပိုင္း ထုတ္လႊင့္ၿပီးခ်ိန္တြင္ ရွာေဖြမွုအမ်ားဆုံးေသာ နာမည္စာရင္းတြင္ ရပ္တည္ေနသည့္ ေခါင္းစဥ္မွာ 'ရွန့္ေခ်ာင္၊တကၠသိုလ္ဝင္စာေမးပြဲ' ဟူ၍။

ေပ့မင္းဖန္ - " ??????? "

စာခ်ဳပ္မခ်ဳပ္ဆိုမွီက ရွန့္ေခ်ာင္ ေတာင္းဆိုခဲ့သည့္ အခ်က္အလက္မ်ားထဲမွ တစ္ခုမွာ သူမ၏ ပညာေရးအား တိုးျမႇင့္လိုျခင္း ျဖစ္သည္။

အာ.... ဒီအလုပ္သရဲ ေကာင္မေလးကေတာ့....

သူက အခ်ိန္ဇယားမ်ားအား စီမံျခင္း၌ အလြန္တရာ အလုပ္မ်ားေနခဲ့ၿပီး ထိုအေၾကာင္းအား လုံးဝဥႆုံ ေမ့ေလ်ာ့သြားခဲ့သည္။

အျပစ္မကင္းသည့္ စိတ္ျဖင့္ ေပ့မင္းဖန္က ရွန့္ေခ်ာင္ထံ ခပ္ျမန္ျမန္ဖုန္းေခၚသည္။

"မင္း တကၠသိုလ္တက္ခ်င္လား?"

အခုေလးတင္ ရိုက္ကူးၿပီးသည့္ ရွန့္ေခ်ာင္ - "အာ?"

ေပ့မင္းဖန္ - "မင္း စာျပန္ေလ့လာေနတာ မဟုတ္ဘူးလား? အခုက ဧၿပီလေရာက္ေနၿပီဆိုေတာ့ မင္းအတြက္ ငါ ဝင္ခြင့္စာေမးပြဲ စီစဥ္ေပးရင္ ဘယ္လိုလဲ?"

ရွန့္ေခ်ာင္ တခဏမၽွ ေတြးေတာလိုက္သည္။

"အိုေက၊ ဘာေျဖရမွာလဲ? ငါ ႀကိဳျပင္ထားလိုက္မယ္"

ေပ့မင္းဖန္ - "တကၠသိုလ္ဝင္ စာေမးပြဲ"

ရွန့္ေခ်ာင္ - " ???????? "

******
ဒီရက္ေတြအတြင္း အရမ္းအလုပ္မ်ားေနလို႔ ကြန္မန့္ေတြ စာမျပန္ျဖစ္ေပမယ့္ မန့္သမၽွ အကုန္ဖတ္တယ္ေနာ္။ မန့္ေတြနဲ႔ တခုတ္တရ ဖတ္ေပးလို႔ ေက်းဇူးတင္ပါတယ္။ ဘာသာျပန္ဖို႔ ပ်င္းေနရင္ ကြန္မန့္ေတြနဲ႔ အားယူတာပဲ 💙

*****

Continue Reading

You'll Also Like

11.9K 186 48
"You feel that? You need a lot more flour. There's some in your hair, use that." "There's flour in my hair?" "I just said that didn't I? What did ya...
9K 664 13
ခင်ဗျားနဲ့ပဲ လုံလောက်တာ နောက်ထပ်မရှိဘူး တကယ် ခင်ဗျားတစ်ယောက်တည်း ကျွန်တော့်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးနဲ့ တိုင်းတာပြီးကို ခင်ဗျားကို ချစ်တာ....
1.3M 117K 47
She knew that her work wouldn't let her rest, Was aware that every day would be a test. It was her passion though, to see the last smiles, Although...
1.3M 99.8K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...