GTKWF (Myanmar Translation )

By Liz_774

335K 45.7K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154

Chapter 94

1.9K 319 46
By Liz_774

{Unicode}

အပိုင်း ၉၄

အွန်လိုင်းပေါ်ရှိ 'CP ဖန်' အဖွဲ့များ ပွက်လောရိုက်နေပြီး ပြင်ပရှိ ရှန့်ချောင်မှာမူ ဒါရိုက်တာထံ ခွင့်တိုင်ရန် သွားရောက်သည်။

မနက်ဖြန်နေ့လယ်ခင်းတွင် ရှန့်ဟိုင်သို့ သူမ ပြန်မည့်အကြောင်း ဒါရိုက်တာဝမ် ကြားချိန်တွင် ခေါင်းမော်မကြည့်ပဲ မေးမြန်းသည်။

"ရှောင်ရှီး ဖျော်ဖြေတာကို သွားကြည့်မလို့လား?"

ရှန့်ချောင် - "အင်းရ

ဒါရိုက်တာ - "ကောင်းပြီလေ၊ သွားပေါ့၊ မနက်ဖြန်မနက်ကျ မင်းအခန်းတွေ ကြိုရိုက်ပြီး ပြီးတာနဲ့ သွားလေ"

လေယာဉ်ဖြင့် သွားသည်ဖြစ်စေ အမြန်ရထားစီးသည်ဖြစ်စေ ခရီးစဉ်အား ဖော်ထုတ်ခံရနိုင်ခြေများသည်မို့ ရှန့်ချောင်က တင်းကျန်နှင့် ဖန်းပိုင်ကို ခေါ်ကာ အပျော်ခရီးထွက်သကဲ့သို့ တိုက်ရိုက် ကားမောင်းသွားရန် စီစဉ်သည်။ ကံကောင်းစွာဖြင့်ပင် ဟန်ကျိုးက ရှန့်ဟိုင်နှင့် သိပ်မဝေးလှပဲ နာရီအနည်းငယ်သာ မောင်းနှင်ရသည်။

မထွက်ခွါခင်ညတွင် ရှန့်ချောင်က သူမ၏ အသစ်မှာယူထားသည့် မီးဆိုင်းဘုတ်အား စစ်ဆေးသည်။ 'Baby Huo Xi' ဟူသော စာလုံးငါးလုံး မီးလင်းစေရန်အတွက် ဘက်ထရီခြောက်လုံး လိုအပ်သည်။

မနက်ဖြန် မည်သည့်ရုပ်ရှင်ကားသွားကြည့်ရမလဲဟု ဆွေးနွေးနေသည့် တင်းကျန်နှင့် ဖန်းပိုင်မှာ ရွှေရောင်အလင်းကြောင့် မျက်လုံးပင် ကန်းလုနီးနီး။

ရှန့်ချောင်က သူမ၏ ဆိုင်းဘုတ်အား ခေါက်သိမ်းကာ အိတ်ထဲ ထည့်သိမ်းသည်။ သူမ ထည့်သိမ်းနေစဉ်မှာပင် ဖုန်းမြည်လာသည်။ ခေါ်ဆိုလာသူမှာ အမည်မသိဖုန်းနံပါတ်။

သူမက မသိသည့်ဖုန်းကောလ်များအား ကိုင်လေ့မရှိသည်မို့ အသံတိတ်ခလုတ်ကို နှိပ်ကာ ဘေးတွင် ထားလိုက်သည်။ သို့ရာတွင် ထိုခေါ်ဆိုမှုမှာ မိနစ်အနည်းငယ်အကြာတွင် ထပ်မံခေါ်ဆိုလာသည်။ သုံးကြိမ်မြောက် ခေါ်ဆိုလာချိန်တွင်မှ ရှန့်ချောင် ဖုန်းကိုင်လိုက်ပြီးနောက် သတိဖြင့် မေးသည်။

"ဟဲလို?"

တဖက်မှ ရယ်မောနေသည့် အသံက ပျံ့လွင့်လာသည်။

"ရှုန်းတိ၊ မင်း ဖုန်းဖြေတာ ဘာလို့ ဒီလောက် နှေးနေရတာလဲ?"

ရှန့်ချောင် သူမဖုန်းကို အံ့အားတကြီး ကြည့်လိုက်ပြီးနောက်

"ရှန်ကျွင့်ယီး? နင့်ဆီမှာ ငါ့ဖုန်းနံပါတ် ဘာလို့ ရှိနေတာလဲ?"

"မင်းဖုန်းနံပါတ်က လုံခြုံရေးတင်းကြပ်ထားတဲ့ ဖုန်းမို့လို့လား? ငါ မေးမလို့"

သူက သွက်လက်စွာ မေးသည်။

"ငါကြားတာ မင်း ဟန်ကျိုးမှာ ရိုက်ကူးရေးလုပ်နေတယ်ဆို? ထွက်လာပြီး တခွက်လောက် သောက်ချင်လား? ငါ မင်းကို ဟန်ကျိုးရဲ့ နာမည်အကြီးဆုံး ရှောင်လုံပေါင်း ဝယ်ကျွေးမယ်!!"

ရှန့်ချောင် - "....... အရက်သောက်ရင်း ပေါက်စီ စားရမယ်?"

ရှန်ကျွင့်ယီး - "ငါတို့ရဲ့ အမူအကျင့်ကိုက မတူဘူးလေ"

ရှန့်ချောင်က ကူကယ်ရာမဲ့စွာ ပြောသည်။

"ငါ မနက်ဖြန် ရိုက်ကူးရေးရှိသေးတယ်၊ သောက်လို့မရဘူး"

"ငါ့ စိတ်အခြေအနေမကောင်းလို့ အတူသောက်ဖို့ လူရှာတာလေကွာ၊ တစ်ယောက်ထဲ သောက်ရတာ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ? ပိုသောက်လေ ပိုစိတ်ဓါတ်ကျလေပဲ"

သူ့အဖွား သေဆုံးမှုကို ရှန့်ချောင် အမှတ်ရလိုက်သည်။ အချိန်ကို ရေတွက်ကြည့်လျှင် လူကြီးသူမ၏ နာရေးမှာ ပြီးလောက်ပြီးဖြစ်သည်။ ဒီကိစ္စကြောင့် သူ့ စိတ်အဆင်မပြေ ဖြစ်နေရတာလား? အခုချိန် သူ့ကို ငြင်းလိုက်ရင် လူမဆန်လွန်းရာ ကျနေမလား?"

ရှန့်ချောင်က ထပ်မေးသည်။

"နင့်မှာ တခြားသူငယ်ချင်း ဟန်ကျိုးမှာ မရှိတော့ဘူးလား? သူတို့ကို ရှာပြီး အဖော်လုပ်ခိုင်း၊ ငါ မသောက်ဘူး"

ရှန်ကျွင့်ယီးက သက်ပြင်းချသည်။

"ငါ့မှာ သူငယ်ချင်းအများကြီးရှိပေမယ့် ညီအစ်ကိုကတော့ မင်းတစ်ယောက်ထဲလေ"

ရှန့်ချောင် - "ငါက နင့်ညီအစ်ကို မဟုတ်ဘူး"

ရှန်ကျွင့်ယီး - "အဲ့ဒါ မင်းအပြစ်လေ၊ ငါက မင်းအိုင်ဒေါလ်ရဲ့ ပြိုင်ဘက်ဖြစ်နေရုံနဲ့ ညီအစ်ကို ဆက်ဆံရေးကို ဘယ်လိုများ ငြင်းပစ်လိုက်ရတာလဲ?"

သူက ထပ်မံသက်ပြင်းချလာပြန်ကာ

"ဒီတော့ အရင်က မင်း ငါ့ကို သဘောမကျတာ ဒါကြောင့်ပေါ့လေ၊ ငါ ပြောပါရစေဦး၊ ဘယ်သူကများ ငါ့ညို့ငင်နိုင်စွမ်းကို တောင့်ခံနိုင်ရတာလဲ?"

ရှန့်ချောင် - "......."

ရှန်ကျွင့်ယီး - "အင်တာနက်ပေါ်မှာ ငါတို့နှစ်ယောက်ကို နေ့တိုင်းတွဲပေးနေတာ ငါတွေ့သားပဲ၊ ဒါပေမယ့် သူတို့အိုင်ဒီယာက လွဲနေတာ၊ ငါတို့က ညီအစ်ကိုဖွဲ့ရမှာ၊ ညီအစ်ကိုကသာ တစ်သက်လုံး အတူလျှောက်လှမ်းသွားနိုင်မှာ၊ ဘယ်သူစကြိုက်ကြိုက်၊ ကြိုက်တဲ့သူ ခွေးပဲ"

ရှန့်ချောင် - "................"

သူက ပြုံးရင်း ဆိုသည်။

"ရှုန်းတိ၊ ထွက်လာပြီး တစ်ခွက်တဖလား သောက်ရအောင်ပါ"

အမှန်တကယ်တွင်မူ သူ၏ ပေါ့ပါးဟန်ဆောင်ထားသည့် ရယ်သံမှတဆင့် ဖိနှိပ်ထားသော ဝမ်းနည်းမှုများနှင့် နာကျင်မှုများအား ရှန့်ချောင် ခံစားရသည်။ ဘယ်လိုပဲ ပြိုင်ဘက်ဟုဆိုဆို၊ Variety Show အဖွဲ့ထဲတွင် သူက သူမအပေါ် ဂရုစိုက်ပေးခဲ့သည်သာ။

ဤကဲ့သို့ ဖုန်းပြောဆိုမှုအပြီးတွင် ငြင်းပယ်လိုက်ခြင်းက တကယ့်ကို လူမဆန်ရာ ကျပေမည်။ ဟိုတယ်လိပ်စာကို ရှန့်ချောင် ရွတ်ပြလိုက်ပြီးနောက် ရှန်ကျွင့်ယီးက ဆိုသည်။

"ငါ မင်းကို လာခေါ်မယ်၊ သိပ်မဝေးဘူး၊ နာရီဝက်ဆို ရောက်ပြီ"

ဖုန်းချပြီးနောက် ရှန့်ချောင်က သူမ၏ ဆိုင်းဘုတ်အား ဆက်လက် သိမ်းဆည်းပြီးနောက် မပေါ်လွင်သည့် အဝတ်တချို့ လဲလှယ်လိုက်ကာ ဦးထုပ်ဆောင်းပြီးနောက် လှမ်းပြောသည်။ ယခုလေးတင် သူမဖုန်းပြောနေသည်ကို တင်းကျန် ကြားခဲ့ပြီးဖြစ်ကာ ရှန်ကျွင့်ယီးဖြစ်မှန်း သိနှင့်ပြီးဖြစ်သည်။ သူ့အဖွား ကွယ်လွန်သွားသည်မှု သိပ်မကြာလှသေးသည်မို့ တားမြစ်စကားမဆိုနိုင်ပဲ သတိထားရန်သာ မှာကြားနိုင်သည်။

"လူများတဲ့ နေရာတွေ မသွားနဲ့၊ ဂရုစိုက်"

နာရီဝက်အကြာတွင် ရှန်ကျွင့်ယီးက Wechat မှတဆင့် တည်နေရာပေးပို့လာသည်။ ဟိုတယ်အနောက်တံခါးရှိ ကားပါကင်ထဲတွင် သူက မထင်မရှား အနက်ရောင်ကားကို မောင်းနှင်လာကာ ကားမှန်အား အနည်းငယ်သာ အောက်ချပြီးနောက် လက်ထုတ်ကာ သူမထံ ဝှေ့ရမ်းပြသည်။

ရှန့်ချောင် ကားတံခါးဖွင့်ကာ နောက်ခန်းတွင် ဝင်ထိုင်သည်။

ရှန်ကျွင့်ယီးက ဦးထုပ်ဆောင်းထားလျက်ဖြင့် နောက်လှည့်ကြည့်လာသည်။

"မတွေ့တာကြာပြီ ရှုန်းတိ"

သူ့ပုံစံက အနည်းငယ် ဖရိုဖရဲဖြစ်နေကာ နွမ်းလျနေသော်လည်း အပြုံးမှာမူ အရင်အတိုင်း။ မိသားစုအရေးကိစ္စနှင့် ပတ်သက်၍ စကားတစ်ခွန်းမှ သူ မဆို။ သဘာဝကျစွာပင် ရှန့်ချောင်ဘက်မှလည်း စတင်မေးမြန်းမည်မဟုတ်ပဲ မျက်လုံးလှိမ့်လိုက်သည်။

"ဘယ်မှာ စားမှာလဲ?"

ရှန်ကျွင့်ယီး - "အို့... ဒီရင်းနှီးနေတဲ့ မျက်နှာပေးပဲ"

ထို့နောက် သူ ကားစက်နှိုးလိုက်ကာ ကွေ့ထွက်သည်။

"ငါ ငယ်ငယ်ကတည်းက ဒီမှာ ကြီးလာတာ၊ ပေါက်စီသေးသေးလေးတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်၊ ငါ ဟန်ကျိုးက ထွက်သွားကတည်းက အမြဲစားချင်နေတာ"

သူ ပြောသည့် ဆိုင်သို့ ရောက်သည်အထိ နှစ်ဦးသား စကားစမြည်ဆိုလာကြသည်။ လူသူကင်းမဲ့ကာ ကျဉ်းမြောင်းသည့် လမ်းဟောင်းတစ်ခုတွင် လူအနည်းအကျဉ်းသာ ရှိနေသည်။ ဦးထုပ်ဆောင်းထားလျက်ပင် ရှန့်ချောင် သူ့နောက်မှ လိုက်သွားကာ သူက သူမကို ပြန်ပေးဆွဲကာ ရောင်းစားတော့မည်ဟု ထင်မှတ်မှားသွားရသည်။

ကံကောင်းစွာဖြင့်ပင် သိပ်မကြာခင်၌ပင် ဆိုင်သို့ ရောက်ရှိလာကာ အဝေးမှပင် မွှေးရနံ့ကို ရှူရှိုက်နိုင်သည်။ တံခါးဝတွင် မီးအိမ်တစ်လုံးချိတ်ထားကာ ရေနွေးငွေ့ကြောင့် ဝေဝါးလျက်ရှိသည်။ အဖိုးအိုတစ်ယောက်က တံခါးဝရှေ့တွင် ထိုင်နေကာ ရေဒီယိုကို လိုင်းဖမ်းနေသည်။ သူတို့ကို တွေ့သည်နှင့် အဖိုးအိုက မတ်တပ်ထကာ နှုတ်ဆက်သည်။

"ဟော.. ရှောင်ရှန် ပြန်လာပြီ"

"ဟုတ်၊ အန်ကယ်ဟွမ်၊ ပေါက်စီရှိသေးလား?"

"တိုက်ဆိုင်လိုက်တာ၊ နောက်ဆုံးနှစ်ကန့်ပဲ"

ရှန့်ချောင်လည်း လှမ်းနှုတ်ဆက်လိုက်ပြီးနောက် အန်ကယ်ဟွမ်က ပြုံးရင်း မေးသည်။

"ရှောင်ရှန်၊ မင်း ကောင်မလေးလား?"

ရှန်ကျွင့်ယီး ပြုံးသည်။

"မဟုတ်ဘူး၊ ကျွန်တော့် ညီအစ်ကို၊ လောင်ပန်၊ ဝိုင်နှစ်လုံး ထပ်ချပေးဦး"

ဆိုင်ငယ်အတွင်းရှိ စားပွဲများနှင့် ထိုင်ခုံအားလုံးမှာ ဆီဝ နေသော်လည်း သူက ဂရုမထား။ သူက ထိုနေရာတွင် ခြေပစ်လက်ပစ်ထိုင်နေကာ ပေါက်စီလာချပေးသည်ကို စောင့်နေရင်း အချဉ်ရည်တို့ကာ စားဖို့ကို မစောင့်နိုင်တော့သလိုမျိုး။

သူက နာမည်ကြီးတစ်ယောက်ဖြစ်မှန်း အန်ကယ်ဟွမ် နားလည်သည်မို့ တံခါးပိတ်လိုက်ကာ သူမတို့နှစ်ဦးသား ဆိုင်အတွင်း ထိုင်၍ ပေါက်စီစားကာ အရက်သောက်ကြသည်။

ရှန့်ချောင်က များများမသောက်နိိုင်သောကြောင့် တငုံနှစ်ငုံမျှသာ သောက်သည်။ ရှန်ကျွင့်ယီးက သူမအား အတင်းမတိုက်တွန်း။ သူတစ်ယောက်တည်းသာ တစ်ခွက်ပြီး တစ်ခွက်သောက်ရင်း သူမအား ပေါက်စီစားရန် တိုက်တွန်းသည်။ ရှန်ကျွင့်ယီးက ပေါက်စီနည်းနည်းသာ စားသော်လည်း အရက်နှစ်ပုလင်းကိုမူ ကုန်အောင် သောက်သည်။

ရှန့်ချောင် မျက်မှောင်ကြုတ်လိုက်ရင်း

"လျှော့သောက်တာ ပိုကောင်းမယ်"

ရှန်ကျွင့်ယီးက ပါးစပ်ထဲ အရက်လောင်းထည့်မည် ပြုပြီးကာမှ တွေးတောပြီးနောက် အရက်ခွက်ကို ပြန်ချသည်။

"အိုကေ၊ လျှော့သောက်မယ်၊ မဟုတ်ရင် ငါ မူးသွားရင် မင်းကို ဒုက္ခပေးမိနေမယ်"

ရှန့်ချောင် - "ငါပြောတာ အဲ့သဘောမဟုတ်ပါဘူး"

ရှန်ကျွင့်ယီးက ပြုံးကာ လက်ရမ်းပြလိုက်ပြီးနောက် သူမထံ ပေါက်စီ ထည့်ပေးသည်။

"နည်းနည်းပိုစား၊ မင်း ဝိတ်ကျသွားတယ်၊ ရိုက်ကူးရေးလုပ်ရတာ တအားပင်ပန်းတာပဲမလား?"

ရှန့်ချောင် ခေါင်းယမ်းပြကာ

"အရမ်းကြီး ခက်ခဲနေတာမျိုးတော့ မဟုတ်ပါဘူး၊ အမှန်ပြောရရင် အတော်လေး ပျော်ဖို့ကောင်းတယ်"

"ငါနားလည်တယ်၊ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း၊ မင်းအိုင်ဒေါလ်နဲ့ အတူ ရိုက်ရတာပဲ ချိုမြိန်မှာပေါ့"

သူက ဝမ်းနည်းပမ်းနည်း သက်ပြင်းချရင်း သိချင်စိတ် ပြင်းပြစွာ မေးသည်။

"မင်း ဘာလို့ ဟော့ရှီးရဲ့ ဖန်ဖြစ်လာတာလဲ? ဘာလို့ ငါ့ဖန်မဖြစ်တာလဲ? ဘာလို့လဲ?"

ရှန့်ချောင် - "......."

ရှန်ကျွင့်ယီး - "ဟော့ရှီးမှာ ငါ့လို ဖန်ကို အလိုလိုက်လို့လား၊ အမြဲတမ်း အေးစက်စက်ကြီးနဲ့"

ရှန့်ချောင် - " နင် ငါ့ရှေ့မှာ ငါ့အိုင်ဒေါလ် မကောင်းကြောင်း လာပြောနေတာလား?"

ရှန်ကျွင့်ယီး - "မဟုတ်ဘူး၊ ငါ မဲဆွယ်နေတာ"

ရှန့်ချောင် သူ့ထံ မျက်စောင်းထိုးလာသည်ကို မြင်လျှင် သူက လက်ဝှေ့ရမ်းလိုက်ပြီးနောက်

"ထားလိုက်တော့၊ ဖန်ထက် ညီအစ်ကိုလုပ်တာ ပိုကောင်းတယ်"

ရှန့်ချောင် နဂိုမူလက တွေးတောထားသည်မှာ သူ့ဝမ်းနည်းမှုများအား မေ့သွားသည်အထိ အရက်ဖြင့်မျှောချကာ သူ့အဖွားကွယ်လွန်သွားသည့်အတွက် စိတ်ညစ်ညူးနေမှုအား သူမထံ ဖွင့်ဟပြလိမ့်မည်ဟူ၍ပင်။ သို့ရာတွင် သူက သူ့မိသားစုအကြောင်း စကားတစ်ခွန်းပင် မဆိုခဲ့ပေ။

သို့သော် သူတို့ ပေါက်စီဆိုင်မှ ထွက်လာကာ တံခါးဝတွင် ရပ်နေချိန်၌ ရှန်ကျွင့်ယီးက နောက်ဘက်ရှိ လမ်းဟောင်းကို ကြည့်ရင်း ဆိုသည်။

"ငါ ကလေးဘဝတုန်းက ငါ့အဖွားနဲ့ ဒီမှာ နေခဲ့တာ"

နှစ်ဦးသားက လမ်းကျဉ်းထဲမှ လျှောက်ထွက်လာသည်။ သူတို့ကားထဲသို့ ရောက်ချိန်တွင် ရှန့်ချောင်က သူ့အား လှမ်းဆွဲလိုက်ပြီး

"နင် သောက်လာတာ၊ ငါ မောင်းမယ်"

ရှန်ကျွင့်ယီးက မေးခွန်းထုတ်သည်။

"မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိလား?"

ရှန့်ချောင် - "......"

ချောင်းချောင်တွင် ရှိသော်လည်း ရှန့်ချောင်ထံ၌ မရှိ။

ရှန်ကျွင့်ယီး - "ဘယ်အပြစ်ဒဏ်က ပိုကြီးလဲ? မူးပြီးမောင်းတာလား? လိုင်စင်မရှိပဲ မောင်းတာလား?"

ရှန့်ချောင်က တွေဝေတုံ့ဆိုင်းရင်း ဖြေသည်။

"လိုင်စင်မရှိပဲ မောင်းတာ....."

ရှန်ကျွင့်ယီး - "ဒါဆို ငါမောင်းမယ်"

ရှန့်ချောင် ခေါင်းခါလိုက်ပြီး

"မရဘူး၊ မူးပြီး မောင်းတာက မလုံခြုံဘူး၊ တကယ်လို့ ယာဉ်ထိန်းရဲသာ လမ်းမှာ တားစစ်ရင် နင် မနက်ဖြန် Hot search ထဲ ရောက်သွားလိမ့်မယ်၊ အဌားယာဉ်မောင်း ခေါ်လိုက်"

ရှန့်ချောင်က သူမဖုန်းကို သုံးကာ သူ့အတွက် အဌားယာဉ်မောင်းခေါ်ပေးပြီးနောက် လက်လှမ်းပြသည်။

"ငါ ကားခေါ်ထားတယ်၊ အဲ့တော့ နင် ငါ့ကို လိုက်ပို့စရာ မလိုတော့ဘူး"

ရှန်ကျွင့်ယီး တခဏမျှ အံ့အားသင့်သွားသော်လည်း ပြုံးလိုက်သည်။

"အိုကေ၊ ဒါဆို မင်း လုံလုံခြုံခြုံ ပြန်ရောက် မရောက် ငါ့ဆီ လှမ်းပြော"

အဌားယာဉ်မောင်းနှင့် Private taxi မှာ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာသည်။ ရှန့်ချောင် မှတ်မိခံရမည်ကို စိုးသဖြင့် ရှန်ကျွင့်ယီးအား နှုတ်ဆက်ကာ လမ်းဆုံဆီသို့ သွားရောက်၍ ကားပေါ်တက်သည်။ ရှန်ကျွင့်ယီးက အဝေးတွင် မတ်တပ်ရပ်လျက် သူမကားထဲဝင်ကာ ကားထွက်သွားသည်အထိ စောင့်ကြည့်ပြီးမှ  သူ့ကားပေါ်တက်သည်။

ဟိုတယ်သို့ ပြန်ရောက်လျှင် ရှန့်ချောင် သူမပြန်ရောက်ကြောင်း ရှန်ကျွင့်ယီးထံ မက်ဆေ့ချ်ပို့ကာ ခြေလက်သန့်စင်ပြီးနောက် အိပ်ရာဝင်သည်။

နောက်တနေ့မနက် ဇာတ်ဝင်ခန်းများ ရိုက်ကူးပြီးနောက် ဒါရိုက်တာက သူမအား နားရက်ခွင့်ပေးသည်။ အဖွဲ့သားများ စီစဉ်ပေးသည့် ကုမ္ပဏီကားကို ဖန်းပိုင် မောင်းနှင်ကာ သူမတို့သုံးယောက်သား ပျော်ရွှင်စွာဖြင့် ရှန့်ဟိုင်သို့ ဦးတည်ထွက်ခွါလာသည်။

အစောပိုင်းကတည်းကပင် တင်းကျန်က Fashion Star ပွဲတော် ကျင်းပမည့် နေရာအနီးရှိ ဟိုတယ်တွင် အခန်းကြိုတင် ဘိုကင်ထားပေးပြီးဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ပွဲမှာ ညမှ စတင်မည်ဖြစ်သည်။ ရှန့်ချောင်မှာ သူတို့နှစ်ယောက်နှင့်အတူ ရုပ်ရှင်သွားကြည့်၍ မရပဲ အခန်းထဲတွင်သာ နေရစ်ခဲ့ရပေမည်။

လျန်ရှောင်ထန်သည်လည်း နေ့လယ်ပိုင်းတွင် ရောက်ရှိလာကာ ရှန့်ချောင်က သူမထံ ဟိုတယ်လိပ်စာနှင့် အခန်းနံပါတ်ကို ပေးပို့လိုက်သည်။ နှစ်ဦးသား ခပ်မြန်မြန်တွေ့ဆုံပြီးနောက် လျန်ရှောင်ထန်က ဖန်ပစ္စည်းအမြောက်အမြား ရရှိလာသည်မို့ ပျော်ပျော်ရွှင်ရွှင် ခွဲဝေယူကြသည်။

အမှတ်မိရခံမည်ကို စိုးရိမ်ခြင်းကြောင့် ပွဲခင်းထဲ စောစောဝင်ရောက်ခြင်းမရှိပဲ ကောဇောနီလျှောက်လမ်းပြီးနောက် မီးများမှိန်ကျသွားမှသာလျှင် အထဲသို့ ခိုးဝင်သည်။ ဒီတကြိမ်တွင်မူ သူတို့ထိုင်ခုံနေရာများမှာ ကွဲပြားသည်။ ရှန့်ချောင်၏ လက်မှတ်မှာ တရားဝင်ပွဲစီစဉ်သူထံမှ ဖြစ်ပြီး သူမနှင့် လျန်ရှောင်ထန်က ဝင်ပေါက်တွင် လမ်းခွဲသည်။

ဟော့ရှီးအား ထောက်ခံအားပေးမှုများမှာ စတင်နေလေပြီ။ ပွဲခင်းထဲ ဝင်ရောက်လိုက်သည်နှင့် တောက်ပနေသည့် ရွှေရောင်မီးပင်လယ်မှာ မျက်စိကျိန်းလောက်စရာ။ ရှန့်ချောင်က သူမဆိုင်းဘုတ်ကို ထိုင်ခုံနေရာအထိ သယ်ဆောင်သွားသည်။ လှည့်ပတ်ကြည့်ရှုလျှင် သူမဘေးရှိ သူများအားလုံးမှာ ဖြတ်သွားဖြတ်လာဖန်များဖြစ်သည်။ အတန်းအနည်းငယ်အကျော်တွင်သာ ရှီးကွမ်းများရှိပြီး စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချသည်။

ခန်းမထဲရှိ မီးရောင်များ တဖြည်းဖြည်း မှိန်ကျသွားကာ ဖွင့်ပွဲအခမ်းအနား စတင်တော့မည်ဖြစ်သည်။ ဟော့ရှီးအား အော်ဟစ်အားပေးသံများမှာ အခြားသူများအား ဖုံးလွှမ်းသွားပြီးနောက် ရှန့်ချောင်က ခပ်မြန်မြန်ပင် သူ့ဆိုင်းဘုတ်မီးအား ဖွင့်လိုက်သည်။

ရွှေရောင်အလင်းများ ဖြာထွက်လာချိန်တွင် ဖြတ်သွားဖြတ်လာဖန်နှစ်ယောက်မှာ မျက်လုံးများပင် ပြာဝေသွားရသည်။ သူတို့အားလုံးက သူမထံ အပြုံးဖြင့် ဆိုလာသည်။

"မင်းတို့ဖန်တွေက တအား မိုက်တာပဲ"

ရွှေရောင်မီးများ၏ ရောင်ပြန်ဟပ်မှုအောက်တွင် စတိတ်မီးများ တစ်ခုပြီးတစ်ခု လင်းလာကာ နောက်ဆုံးတွင် အလယ်ဗဟိုတည့်တည့် ကျရောက်ကာ လူတစ်ဦးတည်းပေါ်တွင် စုပြုံကျရောက်လာသည်။

ဟော့ရှီး ပေါ်ထွက်လာလေပြီ။

သူ ပြင်ဆင်ထားခဲ့သည့် စတိတ်အပြင်အဆင်မှာ အယ်လ်ဘမ်အသစ်ထဲမှ ရော့ခ်အသားပေး သီချင်းဖြစ်သည်။ ထိုသီချင်းတွင် သီးသန့်ဆန်ကာ လှပသည့် အဖွင့်တီးလုံးရှိပြီး မကြာခင်မှာပင် ခန်းမတစ်ခုလုံး တက်တက်ကြွကြွဖြစ်လာသည်။

ပွဲစီစဉ်သူ ကတိပေးထားသည့် ထိပ်တန်းအဆင့် စိတ်အပြင်အဆင်မှာ တကယ့်ကိုပင် ရေရောထားခြင်းမျိုးမဟုတ်။ ဟော့ရှီးက အနက်ရောင်ပိုးသားရှပ်အကျီကို ဝတ်ဆင်ထားပြီး သီချင်းဆိုရင်း ကနေချိန်တွင် နားကြပ်ကို ဝတ်ဆင်ကာ ပွဲခင်းတစ်ခုလုံးကို ထိန်းချုပ်သွားသည်။

စတိတ်စင်ပေါ်တွင် Extension တစ်ခုရှိပြီး ဟော့ရှီးက ထိုလျှောက်လမ်းအတိုင်း လျှောက်လာသည်။ ရှန့်ချောင်က လက်တစ်ဖက်ဖြင့် ဆိုင်းဘုတ်ကို ကိုင်ကာ ကျန်တစ်ဖက်ဖြင့် ဗီဒီယို ရိုက်ကူးသည်။

ကင်မရာမှတဆင့် ဟော့ရှီး၏ မျက်ဝန်းများအား မြင်တွေ့ရသည်။

ဟမ်? သူက သူမကို ကြည့်နေတာလား?"

တင်ဆက်မှုမှာ ပေါက်ကွဲထွက်မတတ် မြူးကြွလွန်းသဖြင့် ရှန့်ချောင်က တဝက်သာ ရိုက်ကူးပြီးနောက် ကိရိယာများအား သိမ်းဆည်းကာ တလေးတနက် ကြည့်ရှုသည်။

ဆယ်မီတာအကွာအဝေးမှ ဟော့ရှဖိးက သူမအား မြင်တွေ့သွားသည်ဟု ခံစားနေရသည်။ သူမ ဆိုင်းဘုတ်ကို ထပ်မံမြှောက်လိုက်ကာ စတိတ်စင်ပေါ်ရှိ ဟော့ရှီးက နှုတ်ခမ်းတို့ တွန့်ကွေး၍ ပြုံးသည်။

Wow!! သူတကယ်ကြီး ငါ့ကို မြင်တာပဲ!!

ထိုရှာဖွေတွေ့ရှိမှုက ရှန့်ချောင်အား အလွန်အမင်း ပျော်ရွှင်စေသည်။ ကြည့်ရတာ ဒီဆိုင်းဘုတ်က အိုင်ဒေါလ်ရဲ့ အာရုံစိုက်မှုကို တကယ် ဆွဲဆောင်နိုင်တာပဲ!!

ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်တွင် ဟော့ရှီးက အပေါ်သို့ မြင့်တက်သွားသည့် ပလက်ဖောင်းဖြင့် ပြန်လည်ထွက်ခွါသွားသည်။ သူမ၏ သရုပ်မှန်မပေါ်ပေါက်မှီ ရှန့်ချောင်က ခပ်မြန်မြန် လစ်ထွက်လာသည်။ ရှန့်ချောင် ခန်းမထဲမှ ထွက်ကာ ဟိုတယ်သို့ ပြန်ရန် ပြင်နေချိန်မှာပင် ဟော့ရှီးက ဖုန်းခေါ်လာသည်။

ရှန့်ချောင် ဦးထုပ်အနားစွန်းကို အောက်သို့ ဆွဲချကာ ပျော်ရွှင်စွာ ထူးသည်။

"ဟော့ရှီး!!"

ဟော့ရှီးသည်လည်း ပြုံးသည်။

"ဘယ်မှာလဲ?"

"ဟိုတယ်ဆီ ပြန်တော့မလို့"

သူက လမ်းလျှောက်နေပုံရပြီး သူ့ဖက်တွင် ဝန်ထမ်းတစ်ယောက်အသံကို ကြားနေရသည်။

"ကိုယ့်ဆီ လိပ်စာပို့လိုက်၊ ခဏနေ ကိုယ် မင်းကို လာရှာမယ်"

"ရိုက်ကွင်းကို ရှင် ကျွန်မနဲ့အတူ ပြန်ချင်လား?"

"အင်း"

ရှန့်ချောင် အလွန်အမင်း ပျော်ရွှင်သွားသည်။

"အိုကေ၊ ကျွန်မ ရှင့်ကို စောင့်နေမယ်"

ရှီးကွမ်းများမှာ တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲမှ ထွက်လာနေပြီဖြစ်သည်။

ရှန့်ချောင် ခပ်မြန်မြန် ပြေးထွက်လာကာ ဟိုတယ်ဆီ ပြန်ပြီးနောက် ကင်မရာနှင့် ကွန်ပြူတာအား ချိတ်ဆက်ကာ ရိုက်ကူးလာသည့် ဗီဒီယိုအား Weibo ပေါ် တင်လိုက်သည်။

ဖူဆောရီး၏ Weibo ပေါ် တစ်ခုခုတင်ထားသည်နှင့် ရှီးကွမ်းများအားလုံး ဝိုင်းရံလာသည်။ သူတို့အားလုံး ဗီဒီယိုကို နှိပ်ကာ ကြည့်ရှုသည်။ ဗီဒီယိုမှာ အနီးကပ်ရိုက်ကူးထားခြင်းဖြစ်ပြီး ကြည်လင်ပြတ်သားကာ တည်ငြိမ်သည်။

[အိုးးး အားဖူ၊ အစ်ကိုက နင့်ကို တချိန်လုံး ကြည့်နေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်?]

[သူက ကင်မရာကို ကြည့်နေတာ....]

[အားဖူက ရှေ့ဆုံးမှာလေ၊ ငါ့အစ်ကိုချောလေးက ဆိုင်းဘုတ်ကို ဖတ်နေတာပဲဖြစ်ရမယ်၊ အားးးးးး.... အားဖူကို မနာလိုလိုက်တာ]

[ငါ့ပေါင်ပေနဲ့ ငါနဲ့ အချင်းချင်း စိုက်ကြည့်နေတာ၊ သူ ငါ့ကို ကြည့်နေတာ.... ဝူးးးးးးးးး ဝူးးးးးး အိပ်မက်မက်ခွင့်ပေးတဲ့အတွက် အားဖူကို ကျေးဇူးတင်ပါတယ်]

.......

......

အခန်းတံခါးခေါက်သံ ထွက်ပေါ်လာချိန်တွင် ဟော့ရှီးလာပြီဟု ရှန့်ချောင်ထင်မှတ်ကာ တံခါးပြေးဖွင့်သည်။ ရလဒ်ကား လျန်ရှောင်ထန်က တံခါးအပြင်ဘက်တွင် စိတ်လှုပ်ရှားသည့်မျက်နှာဖြင့် ရပ်စောင့်နေသည်။

"ချောင်ချောင်... ငါ့သားလေးက တကယ်ပဲ နင့်ကို ကြည့်နေတာလား?"

ရှန့်ချောင်က သူမ၏ ဆိုင်းဘုတ်ကို ထုတ်ယူလာသည်။

"သူက ဒီဟာကို ကြည့်နေတာ၊ ဒီလောက်ကြီးပြီး လင်းနေတာ၊ ကျိန်းသေပေါက် မျက်လုံးထဲ ဝင်မှာပဲ"

လျန်ရှောင်ထန် - "ဟားဟားဟားဟား... ဆိုင်းဘုတ်ကြီးတွေက တကယ်ပဲ စိတ်အာရုံကို ဆွဲဆောင်နိုင်တာပဲ"

စကားပြောနေစဉ်မှာပင် တံခါးခေါက်သံ နောက်တကြိမ် ပေါ်ထွက်လာသည်။

ရှန့်ချောင်က လျန်ရှောင်ထန်ထံ လှမ်းကြည့်ကာ တံခါးဖွင့်ရင်း လှမ်းပြောသည်။

"မအော်နဲ့!"

လျန်ရှောင်ထန် - "အာ? ဘာလို့လဲ?"

တံခါးပွင့်သွားပြီးနောက် ဟော့ရှီးက အထဲသို့ လျှောက်ဝင်လာသည်။

လျန်ရှောင်ထန် - " ????????? "

အမေရေ!! နောက်ဆုံးတော့ ငါ အပြင်မှာ မြင်ဖူးခဲ့ပြီ!!!

*****







{Zawgyi}

အပိုင္း ၉၄

အြန္လိုင္းေပၚရွိ 'CP ဖန္' အဖြဲ႕မ်ား ပြက္ေလာရိုက္ေနၿပီး ျပင္ပရွိ ရွန့္ေခ်ာင္မွာမူ ဒါရိုက္တာထံ ခြင့္တိုင္ရန္ သြားေရာက္သည္။

မနက္ျဖန္ေန႔လယ္ခင္းတြင္ ရွန့္ဟိုင္သို႔ သူမ ျပန္မည့္အေၾကာင္း ဒါရိုက္တာဝမ္ ၾကားခ်ိန္တြင္ ေခါင္းေမာ္မၾကည့္ပဲ ေမးျမန္းသည္။

"ေရွာင္ရွီး ေဖ်ာ္ေျဖတာကို သြားၾကည့္မလို႔လား?"

ရွန့္ေခ်ာင္ - "အင္းရ

ဒါရိုက္တာ - "ေကာင္းၿပီေလ၊ သြားေပါ့၊ မနက္ျဖန္မနက္က် မင္းအခန္းေတြ ႀကိဳရိုက္ၿပီး ၿပီးတာနဲ႔ သြားေလ"

ေလယာဥ္ျဖင့္ သြားသည္ျဖစ္ေစ အျမန္ရထားစီးသည္ျဖစ္ေစ ခရီးစဥ္အား ေဖာ္ထုတ္ခံရနိုင္ေျခမ်ားသည္မို႔ ရွန့္ေခ်ာင္က တင္းက်န္ႏွင့္ ဖန္းပိုင္ကို ေခၚကာ အေပ်ာ္ခရီးထြက္သကဲ့သို႔ တိုက္ရိုက္ ကားေမာင္းသြားရန္ စီစဥ္သည္။ ကံေကာင္းစြာျဖင့္ပင္ ဟန္က်ိဳးက ရွန့္ဟိုင္ႏွင့္ သိပ္မေဝးလွပဲ နာရီအနည္းငယ္သာ ေမာင္းႏွင္ရသည္။

မထြက္ခြါခင္ညတြင္ ရွန့္ေခ်ာင္က သူမ၏ အသစ္မွာယူထားသည့္ မီးဆိုင္းဘုတ္အား စစ္ေဆးသည္။ 'Baby Huo Xi' ဟူေသာ စာလုံးငါးလုံး မီးလင္းေစရန္အတြက္ ဘက္ထရီေျခာက္လုံး လိုအပ္သည္။

မနက္ျဖန္ မည္သည့္႐ုပ္ရွင္ကားသြားၾကည့္ရမလဲဟု ေဆြးေႏြးေနသည့္ တင္းက်န္ႏွင့္ ဖန္းပိုင္မွာ ေရႊေရာင္အလင္းေၾကာင့္ မ်က္လုံးပင္ ကန္းလုနီးနီး။

ရွန့္ေခ်ာင္က သူမ၏ ဆိုင္းဘုတ္အား ေခါက္သိမ္းကာ အိတ္ထဲ ထည့္သိမ္းသည္။ သူမ ထည့္သိမ္းေနစဥ္မွာပင္ ဖုန္းျမည္လာသည္။ ေခၚဆိုလာသူမွာ အမည္မသိဖုန္းနံပါတ္။

သူမက မသိသည့္ဖုန္းေကာလ္မ်ားအား ကိုင္ေလ့မရွိသည္မို႔ အသံတိတ္ခလုတ္ကို ႏွိပ္ကာ ေဘးတြင္ ထားလိုက္သည္။ သို႔ရာတြင္ ထိုေခၚဆိုမွုမွာ မိနစ္အနည္းငယ္အၾကာတြင္ ထပ္မံေခၚဆိုလာသည္။ သုံးႀကိမ္ေျမာက္ ေခၚဆိုလာခ်ိန္တြင္မွ ရွန့္ေခ်ာင္ ဖုန္းကိုင္လိုက္ၿပီးေနာက္ သတိျဖင့္ ေမးသည္။

"ဟဲလို?"

တဖက္မွ ရယ္ေမာေနသည့္ အသံက ပ်ံ႕လြင့္လာသည္။

"ရွုန္းတိ၊ မင္း ဖုန္းေျဖတာ ဘာလို႔ ဒီေလာက္ ေႏွးေနရတာလဲ?"

ရွန့္ေခ်ာင္ သူမဖုန္းကို အံ့အားတႀကီး ၾကည့္လိုက္ၿပီးေနာက္

"ရွန္ကၽြင့္ယီး? နင့္ဆီမွာ ငါ့ဖုန္းနံပါတ္ ဘာလို႔ ရွိေနတာလဲ?"

"မင္းဖုန္းနံပါတ္က လုံျခဳံေရးတင္းၾကပ္ထားတဲ့ ဖုန္းမို႔လို႔လား? ငါ ေမးမလို႔"

သူက သြက္လက္စြာ ေမးသည္။

"ငါၾကားတာ မင္း ဟန္က်ိဳးမွာ ရိုက္ကူးေရးလုပ္ေနတယ္ဆို? ထြက္လာၿပီး တခြက္ေလာက္ ေသာက္ခ်င္လား? ငါ မင္းကို ဟန္က်ိဳးရဲ့ နာမည္အႀကီးဆုံး ေရွာင္လုံေပါင္း ဝယ္ေကၽြးမယ္!!"

ရွန့္ေခ်ာင္ - "....... အရက္ေသာက္ရင္း ေပါက္စီ စားရမယ္?"

ရွန္ကၽြင့္ယီး - "ငါတို႔ရဲ့ အမူအက်င့္ကိုက မတူဘူးေလ"

ရွန့္ေခ်ာင္က ကူကယ္ရာမဲ့စြာ ေျပာသည္။

"ငါ မနက္ျဖန္ ရိုက္ကူးေရးရွိေသးတယ္၊ ေသာက္လို႔မရဘူး"

"ငါ့ စိတ္အေျခအေနမေကာင္းလို႔ အတူေသာက္ဖို႔ လူရွာတာေလကြာ၊ တစ္ေယာက္ထဲ ေသာက္ရတာ ဘယ္ေလာက္ဝမ္းနည္းဖို႔ေကာင္းလဲ? ပိုေသာက္ေလ ပိုစိတ္ဓါတ္က်ေလပဲ"

သူ႔အဖြား ေသဆုံးမွုကို ရွန့္ေခ်ာင္ အမွတ္ရလိုက္သည္။ အခ်ိန္ကို ေရတြက္ၾကည့္လၽွင္ လူႀကီးသူမ၏ နာေရးမွာ ၿပီးေလာက္ၿပီးျဖစ္သည္။ ဒီကိစၥေၾကာင့္ သူ႔ စိတ္အဆင္မေၿပ ျဖစ္ေနရတာလား? အခုခ်ိန္ သူ႔ကို ျငင္းလိုက္ရင္ လူမဆန္လြန္းရာ က်ေနမလား?"

ရွန့္ေခ်ာင္က ထပ္ေမးသည္။

"နင့္မွာ တျခားသူငယ္ခ်င္း ဟန္က်ိဳးမွာ မရွိေတာ့ဘူးလား? သူတို႔ကို ရွာၿပီး အေဖာ္လုပ္ခိုင္း၊ ငါ မေသာက္ဘူး"

ရွန္ကၽြင့္ယီးက သက္ျပင္းခ်သည္။

"ငါ့မွာ သူငယ္ခ်င္းအမ်ားႀကီးရွိေပမယ့္ ညီအစ္ကိုကေတာ့ မင္းတစ္ေယာက္ထဲေလ"

ရွန့္ေခ်ာင္ - "ငါက နင့္ညီအစ္ကို မဟုတ္ဘူး"

ရွန္ကၽြင့္ယီး - "အဲ့ဒါ မင္းအျပစ္ေလ၊ ငါက မင္းအိုင္ေဒါလ္ရဲ့ ၿပိဳင္ဘက္ျဖစ္ေန႐ုံနဲ႔ ညီအစ္ကို ဆက္ဆံေရးကို ဘယ္လိုမ်ား ျငင္းပစ္လိုက္ရတာလဲ?"

သူက ထပ္မံသက္ျပင္းခ်လာျပန္ကာ

"ဒီေတာ့ အရင္က မင္း ငါ့ကို သေဘာမက်တာ ဒါေၾကာင့္ေပါ့ေလ၊ ငါ ေျပာပါရေစဦး၊ ဘယ္သူကမ်ား ငါ့ညိဳ႕ငင္နိုင္စြမ္းကို ေတာင့္ခံနိုင္ရတာလဲ?"

ရွန့္ေခ်ာင္ - "......."

ရွန္ကၽြင့္ယီး - "အင္တာနက္ေပၚမွာ ငါတို႔ႏွစ္ေယာက္ကို ေန႔တိုင္းတြဲေပးေနတာ ငါေတြ႕သားပဲ၊ ဒါေပမယ့္ သူတို႔အိုင္ဒီယာက လြဲေနတာ၊ ငါတို႔က ညီအစ္ကိုဖြဲ႕ရမွာ၊ ညီအစ္ကိုကသာ တစ္သက္လုံး အတူေလၽွာက္လွမ္းသြားနိုင္မွာ၊ ဘယ္သူစႀကိဳက္ႀကိဳက္၊ ႀကိဳက္တဲ့သူ ေခြးပဲ"

ရွန့္ေခ်ာင္ - "................"

သူက ျပဳံးရင္း ဆိုသည္။

"ရွုန္းတိ၊ ထြက္လာၿပီး တစ္ခြက္တဖလား ေသာက္ရေအာင္ပါ"

အမွန္တကယ္တြင္မူ သူ၏ ေပါ့ပါးဟန္ေဆာင္ထားသည့္ ရယ္သံမွတဆင့္ ဖိႏွိပ္ထားေသာ ဝမ္းနည္းမွုမ်ားႏွင့္ နာက်င္မွုမ်ားအား ရွန့္ေခ်ာင္ ခံစားရသည္။ ဘယ္လိုပဲ ၿပိဳင္ဘက္ဟုဆိုဆို၊ Variety Show အဖြဲ႕ထဲတြင္ သူက သူမအေပၚ ဂ႐ုစိုက္ေပးခဲ့သည္သာ။

ဤကဲ့သို႔ ဖုန္းေျပာဆိုမွုအၿပီးတြင္ ျငင္းပယ္လိုက္ျခင္းက တကယ့္ကို လူမဆန္ရာ က်ေပမည္။ ဟိုတယ္လိပ္စာကို ရွန့္ေခ်ာင္ ရြတ္ျပလိုက္ၿပီးေနာက္ ရွန္ကၽြင့္ယီးက ဆိုသည္။

"ငါ မင္းကို လာေခၚမယ္၊ သိပ္မေဝးဘူး၊ နာရီဝက္ဆို ေရာက္ၿပီ"

ဖုန္းခ်ၿပီးေနာက္ ရွန့္ေခ်ာင္က သူမ၏ ဆိုင္းဘုတ္အား ဆက္လက္ သိမ္းဆည္းၿပီးေနာက္ မေပၚလြင္သည့္ အဝတ္တခ်ိဳ႕ လဲလွယ္လိုက္ကာ ဦးထုပ္ေဆာင္းၿပီးေနာက္ လွမ္းေျပာသည္။ ယခုေလးတင္ သူမဖုန္းေျပာေနသည္ကို တင္းက်န္ ၾကားခဲ့ၿပီးျဖစ္ကာ ရွန္ကၽြင့္ယီးျဖစ္မွန္း သိႏွင့္ၿပီးျဖစ္သည္။ သူ႔အဖြား ကြယ္လြန္သြားသည္မွု သိပ္မၾကာလွေသးသည္မို႔ တားျမစ္စကားမဆိုနိုင္ပဲ သတိထားရန္သာ မွာၾကားနိုင္သည္။

"လူမ်ားတဲ့ ေနရာေတြ မသြားနဲ႔၊ ဂ႐ုစိုက္"

နာရီဝက္အၾကာတြင္ ရွန္ကၽြင့္ယီးက Wechat မွတဆင့္ တည္ေနရာေပးပို႔လာသည္။ ဟိုတယ္အေနာက္တံခါးရွိ ကားပါကင္ထဲတြင္ သူက မထင္မရွား အနက္ေရာင္ကားကို ေမာင္းႏွင္လာကာ ကားမွန္အား အနည္းငယ္သာ ေအာက္ခ်ၿပီးေနာက္ လက္ထုတ္ကာ သူမထံ ေဝွ႕ရမ္းျပသည္။

ရွန့္ေခ်ာင္ ကားတံခါးဖြင့္ကာ ေနာက္ခန္းတြင္ ဝင္ထိုင္သည္။

ရွန္ကၽြင့္ယီးက ဦးထုပ္ေဆာင္းထားလ်က္ျဖင့္ ေနာက္လွည့္ၾကည့္လာသည္။

"မေတြ႕တာၾကာၿပီ ရွုန္းတိ"

သူ႔ပုံစံက အနည္းငယ္ ဖရိုဖရဲျဖစ္ေနကာ ႏြမ္းလ်ေနေသာ္လည္း အျပဳံးမွာမူ အရင္အတိုင္း။ မိသားစုအေရးကိစၥႏွင့္ ပတ္သက္၍ စကားတစ္ခြန္းမွ သူ မဆို။ သဘာဝက်စြာပင္ ရွန့္ေခ်ာင္ဘက္မွလည္း စတင္ေမးျမန္းမည္မဟုတ္ပဲ မ်က္လုံးလွိမ့္လိုက္သည္။

"ဘယ္မွာ စားမွာလဲ?"

ရွန္ကၽြင့္ယီး - "အို႔... ဒီရင္းႏွီးေနတဲ့ မ်က္ႏွာေပးပဲ"

ထို႔ေနာက္ သူ ကားစက္ႏွိုးလိုက္ကာ ေကြ႕ထြက္သည္။

"ငါ ငယ္ငယ္ကတည္းက ဒီမွာ ႀကီးလာတာ၊ ေပါက္စီေသးေသးေလးေတြ ေရာင္းတဲ့ ဆိုင္တစ္ဆိုင္ရွိတယ္၊ ငါ ဟန္က်ိဳးက ထြက္သြားကတည္းက အျမဲစားခ်င္ေနတာ"

သူ ေျပာသည့္ ဆိုင္သို႔ ေရာက္သည္အထိ ႏွစ္ဦးသား စကားစျမည္ဆိုလာၾကသည္။ လူသူကင္းမဲ့ကာ က်ဥ္းေျမာင္းသည့္ လမ္းေဟာင္းတစ္ခုတြင္ လူအနည္းအက်ဥ္းသာ ရွိေနသည္။ ဦးထုပ္ေဆာင္းထားလ်က္ပင္ ရွန့္ေခ်ာင္ သူ႔ေနာက္မွ လိုက္သြားကာ သူက သူမကို ျပန္ေပးဆြဲကာ ေရာင္းစားေတာ့မည္ဟု ထင္မွတ္မွားသြားရသည္။

ကံေကာင္းစြာျဖင့္ပင္ သိပ္မၾကာခင္၌ပင္ ဆိုင္သို႔ ေရာက္ရွိလာကာ အေဝးမွပင္ ေမႊးရနံ႔ကို ရွူရွိုက္နိုင္သည္။ တံခါးဝတြင္ မီးအိမ္တစ္လုံးခ်ိတ္ထားကာ ေရေႏြးေငြ႕ေၾကာင့္ ေဝဝါးလ်က္ရွိသည္။ အဖိုးအိုတစ္ေယာက္က တံခါးဝေရွ႕တြင္ ထိုင္ေနကာ ေရဒီယိုကို လိုင္းဖမ္းေနသည္။ သူတို႔ကို ေတြ႕သည္ႏွင့္ အဖိုးအိုက မတ္တပ္ထကာ ႏွုတ္ဆက္သည္။

"ေဟာ.. ေရွာင္ရွန္ ျပန္လာၿပီ"

"ဟုတ္၊ အန္ကယ္ဟြမ္၊ ေပါက္စီရွိေသးလား?"

"တိုက္ဆိုင္လိုက္တာ၊ ေနာက္ဆုံးႏွစ္ကန့္ပဲ"

ရွန့္ေခ်ာင္လည္း လွမ္းႏွုတ္ဆက္လိုက္ၿပီးေနာက္ အန္ကယ္ဟြမ္က ျပဳံးရင္း ေမးသည္။

"ေရွာင္ရွန္၊ မင္း ေကာင္မေလးလား?"

ရွန္ကၽြင့္ယီး ျပဳံးသည္။

"မဟုတ္ဘူး၊ ကၽြန္ေတာ့္ ညီအစ္ကို၊ ေလာင္ပန္၊ ဝိုင္ႏွစ္လုံး ထပ္ခ်ေပးဦး"

ဆိုင္ငယ္အတြင္းရွိ စားပြဲမ်ားႏွင့္ ထိုင္ခုံအားလုံးမွာ ဆီဝ ေနေသာ္လည္း သူက ဂ႐ုမထား။ သူက ထိုေနရာတြင္ ေျခပစ္လက္ပစ္ထိုင္ေနကာ ေပါက္စီလာခ်ေပးသည္ကို ေစာင့္ေနရင္း အခ်ဥ္ရည္တို႔ကာ စားဖို႔ကို မေစာင့္နိုင္ေတာ့သလိုမ်ိဳး။

သူက နာမည္ႀကီးတစ္ေယာက္ျဖစ္မွန္း အန္ကယ္ဟြမ္ နားလည္သည္မို႔ တံခါးပိတ္လိုက္ကာ သူမတို႔ႏွစ္ဦးသား ဆိုင္အတြင္း ထိုင္၍ ေပါက္စီစားကာ အရက္ေသာက္ၾကသည္။

ရွန့္ေခ်ာင္က မ်ားမ်ားမေသာက္နိိုင္ေသာေၾကာင့္ တငုံႏွစ္ငုံမၽွသာ ေသာက္သည္။ ရွန္ကၽြင့္ယီးက သူမအား အတင္းမတိုက္တြန္း။ သူတစ္ေယာက္တည္းသာ တစ္ခြက္ၿပီး တစ္ခြက္ေသာက္ရင္း သူမအား ေပါက္စီစားရန္ တိုက္တြန္းသည္။ ရွန္ကၽြင့္ယီးက ေပါက္စီနည္းနည္းသာ စားေသာ္လည္း အရက္ႏွစ္ပုလင္းကိုမူ ကုန္ေအာင္ ေသာက္သည္။

ရွန့္ေခ်ာင္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း

"ေလၽွာ့ေသာက္တာ ပိုေကာင္းမယ္"

ရွန္ကၽြင့္ယီးက ပါးစပ္ထဲ အရက္ေလာင္းထည့္မည္ ျပဳၿပီးကာမွ ေတြးေတာၿပီးေနာက္ အရက္ခြက္ကို ျပန္ခ်သည္။

"အိုေက၊ ေလၽွာ့ေသာက္မယ္၊ မဟုတ္ရင္ ငါ မူးသြားရင္ မင္းကို ဒုကၡေပးမိေနမယ္"

ရွန့္ေခ်ာင္ - "ငါေျပာတာ အဲ့သေဘာမဟုတ္ပါဘူး"

ရွန္ကၽြင့္ယီးက ျပဳံးကာ လက္ရမ္းျပလိုက္ၿပီးေနာက္ သူမထံ ေပါက္စီ ထည့္ေပးသည္။

"နည္းနည္းပိုစား၊ မင္း ဝိတ္က်သြားတယ္၊ ရိုက္ကူးေရးလုပ္ရတာ တအားပင္ပန္းတာပဲမလား?"

ရွန့္ေခ်ာင္ ေခါင္းယမ္းျပကာ

"အရမ္းႀကီး ခက္ခဲေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး၊ အမွန္ေျပာရရင္ အေတာ္ေလး ေပ်ာ္ဖို႔ေကာင္းတယ္"

"ငါနားလည္တယ္၊ ဘယ္ေလာက္ပဲ ပင္ပန္း ပင္ပန္း၊ မင္းအိုင္ေဒါလ္နဲ႔ အတူ ရိုက္ရတာပဲ ခ်ိဳၿမိန္မွာေပါ့"

သူက ဝမ္းနည္းပမ္းနည္း သက္ျပင္းခ်ရင္း သိခ်င္စိတ္ ျပင္းျပစြာ ေမးသည္။

"မင္း ဘာလို႔ ေဟာ့ရွီးရဲ့ ဖန္ျဖစ္လာတာလဲ? ဘာလို႔ ငါ့ဖန္မျဖစ္တာလဲ? ဘာလို႔လဲ?"

ရွန့္ေခ်ာင္ - "......."

ရွန္ကၽြင့္ယီး - "ေဟာ့ရွီးမွာ ငါ့လို ဖန္ကို အလိုလိုက္လို႔လား၊ အျမဲတမ္း ေအးစက္စက္ႀကီးနဲ႔"

ရွန့္ေခ်ာင္ - " နင္ ငါ့ေရွ႕မွာ ငါ့အိုင္ေဒါလ္ မေကာင္းေၾကာင္း လာေျပာေနတာလား?"

ရွန္ကၽြင့္ယီး - "မဟုတ္ဘူး၊ ငါ မဲဆြယ္ေနတာ"

ရွန့္ေခ်ာင္ သူ႔ထံ မ်က္ေစာင္းထိုးလာသည္ကို ျမင္လၽွင္ သူက လက္ေဝွ႕ရမ္းလိုက္ၿပီးေနာက္

"ထားလိုက္ေတာ့၊ ဖန္ထက္ ညီအစ္ကိုလုပ္တာ ပိုေကာင္းတယ္"

ရွန့္ေခ်ာင္ နဂိုမူလက ေတြးေတာထားသည္မွာ သူ႔ဝမ္းနည္းမွုမ်ားအား ေမ့သြားသည္အထိ အရက္ျဖင့္ေမၽွာခ်ကာ သူ႔အဖြားကြယ္လြန္သြားသည့္အတြက္ စိတ္ညစ္ညဴးေနမွုအား သူမထံ ဖြင့္ဟျပလိမ့္မည္ဟူ၍ပင္။ သို႔ရာတြင္ သူက သူ႔မိသားစုအေၾကာင္း စကားတစ္ခြန္းပင္ မဆိုခဲ့ေပ။

သို႔ေသာ္ သူတို႔ ေပါက္စီဆိုင္မွ ထြက္လာကာ တံခါးဝတြင္ ရပ္ေနခ်ိန္၌ ရွန္ကၽြင့္ယီးက ေနာက္ဘက္ရွိ လမ္းေဟာင္းကို ၾကည့္ရင္း ဆိုသည္။

"ငါ ကေလးဘဝတုန္းက ငါ့အဖြားနဲ႔ ဒီမွာ ေနခဲ့တာ"

ႏွစ္ဦးသားက လမ္းက်ဥ္းထဲမွ ေလၽွာက္ထြက္လာသည္။ သူတို႔ကားထဲသို႔ ေရာက္ခ်ိန္တြင္ ရွန့္ေခ်ာင္က သူ႔အား လွမ္းဆြဲလိုက္ၿပီး

"နင္ ေသာက္လာတာ၊ ငါ ေမာင္းမယ္"

ရွန္ကၽြင့္ယီးက ေမးခြန္းထုတ္သည္။

"မင္းမွာ ယာဥ္ေမာင္းလိုင္စင္ရွိလား?"

ရွန့္ေခ်ာင္ - "......"

ေခ်ာင္းေခ်ာင္တြင္ ရွိေသာ္လည္း ရွန့္ေခ်ာင္ထံ၌ မရွိ။

ရွန္ကၽြင့္ယီး - "ဘယ္အျပစ္ဒဏ္က ပိုႀကီးလဲ? မူးၿပီးေမာင္းတာလား? လိုင္စင္မရွိပဲ ေမာင္းတာလား?"

ရွန့္ေခ်ာင္က ေတြေဝတုံ႔ဆိုင္းရင္း ေျဖသည္။

"လိုင္စင္မရွိပဲ ေမာင္းတာ....."

ရွန္ကၽြင့္ယီး - "ဒါဆို ငါေမာင္းမယ္"

ရွန့္ေခ်ာင္ ေခါင္းခါလိုက္ၿပီး

"မရဘူး၊ မူးၿပီး ေမာင္းတာက မလုံျခဳံဘူး၊ တကယ္လို႔ ယာဥ္ထိန္းရဲသာ လမ္းမွာ တားစစ္ရင္ နင္ မနက္ျဖန္ Hot search ထဲ ေရာက္သြားလိမ့္မယ္၊ အဌားယာဥ္ေမာင္း ေခၚလိုက္"

ရွန့္ေခ်ာင္က သူမဖုန္းကို သုံးကာ သူ႔အတြက္ အဌားယာဥ္ေမာင္းေခၚေပးၿပီးေနာက္ လက္လွမ္းျပသည္။

"ငါ ကားေခၚထားတယ္၊ အဲ့ေတာ့ နင္ ငါ့ကို လိုက္ပို႔စရာ မလိုေတာ့ဘူး"

ရွန္ကၽြင့္ယီး တခဏမၽွ အံ့အားသင့္သြားေသာ္လည္း ျပဳံးလိုက္သည္။

"အိုေက၊ ဒါဆို မင္း လုံလုံျခဳံျခဳံ ျပန္ေရာက္ မေရာက္ ငါ့ဆီ လွမ္းေျပာ"

အဌားယာဥ္ေမာင္းႏွင့္ Private taxi မွာ ေရွ႕ဆင့္ေနာက္ဆင့္ ေရာက္ရွိလာသည္။ ရွန့္ေခ်ာင္ မွတ္မိခံရမည္ကို စိုးသျဖင့္ ရွန္ကၽြင့္ယီးအား ႏွုတ္ဆက္ကာ လမ္းဆုံဆီသို႔ သြားေရာက္၍ ကားေပၚတက္သည္။ ရွန္ကၽြင့္ယီးက အေဝးတြင္ မတ္တပ္ရပ္လ်က္ သူမကားထဲဝင္ကာ ကားထြက္သြားသည္အထိ ေစာင့္ၾကည့္ၿပီးမွ  သူ႔ကားေပၚတက္သည္။

ဟိုတယ္သို႔ ျပန္ေရာက္လၽွင္ ရွန့္ေခ်ာင္ သူမျပန္ေရာက္ေၾကာင္း ရွန္ကၽြင့္ယီးထံ မက္ေဆ့ခ်္ပို႔ကာ ေျခလက္သန့္စင္ၿပီးေနာက္ အိပ္ရာဝင္သည္။

ေနာက္တေန႔မနက္ ဇာတ္ဝင္ခန္းမ်ား ရိုက္ကူးၿပီးေနာက္ ဒါရိုက္တာက သူမအား နားရက္ခြင့္ေပးသည္။ အဖြဲ႕သားမ်ား စီစဥ္ေပးသည့္ ကုမၸဏီကားကို ဖန္းပိုင္ ေမာင္းႏွင္ကာ သူမတို႔သုံးေယာက္သား ေပ်ာ္ရႊင္စြာျဖင့္ ရွန့္ဟိုင္သို႔ ဦးတည္ထြက္ခြါလာသည္။

အေစာပိုင္းကတည္းကပင္ တင္းက်န္က Fashion Star ပြဲေတာ္ က်င္းပမည့္ ေနရာအနီးရွိ ဟိုတယ္တြင္ အခန္းႀကိဳတင္ ဘိုကင္ထားေပးၿပီးျဖစ္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ပြဲမွာ ညမွ စတင္မည္ျဖစ္သည္။ ရွန့္ေခ်ာင္မွာ သူတို႔ႏွစ္ေယာက္ႏွင့္အတူ ႐ုပ္ရွင္သြားၾကည့္၍ မရပဲ အခန္းထဲတြင္သာ ေနရစ္ခဲ့ရေပမည္။

လ်န္ေရွာင္ထန္သည္လည္း ေန႔လယ္ပိုင္းတြင္ ေရာက္ရွိလာကာ ရွန့္ေခ်ာင္က သူမထံ ဟိုတယ္လိပ္စာႏွင့္ အခန္းနံပါတ္ကို ေပးပို႔လိုက္သည္။ ႏွစ္ဦးသား ခပ္ျမန္ျမန္ေတြ႕ဆုံၿပီးေနာက္ လ်န္ေရွာင္ထန္က ဖန္ပစၥည္းအေျမာက္အျမား ရရွိလာသည္မို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခြဲေဝယူၾကသည္။

အမွတ္မိရခံမည္ကို စိုးရိမ္ျခင္းေၾကာင့္ ပြဲခင္းထဲ ေစာေစာဝင္ေရာက္ျခင္းမရွိပဲ ေကာေဇာနီေလၽွာက္လမ္းၿပီးေနာက္ မီးမ်ားမွိန္က်သြားမွသာလၽွင္ အထဲသို႔ ခိုးဝင္သည္။ ဒီတႀကိမ္တြင္မူ သူတို႔ထိုင္ခုံေနရာမ်ားမွာ ကြဲျပားသည္။ ရွန့္ေခ်ာင္၏ လက္မွတ္မွာ တရားဝင္ပြဲစီစဥ္သူထံမွ ျဖစ္ၿပီး သူမႏွင့္ လ်န္ေရွာင္ထန္က ဝင္ေပါက္တြင္ လမ္းခြဲသည္။

ေဟာ့ရွီးအား ေထာက္ခံအားေပးမွုမ်ားမွာ စတင္ေနေလၿပီ။ ပြဲခင္းထဲ ဝင္ေရာက္လိုက္သည္ႏွင့္ ေတာက္ပေနသည့္ ေရႊေရာင္မီးပင္လယ္မွာ မ်က္စိက်ိန္းေလာက္စရာ။ ရွန့္ေခ်ာင္က သူမဆိုင္းဘုတ္ကို ထိုင္ခုံေနရာအထိ သယ္ေဆာင္သြားသည္။ လွည့္ပတ္ၾကည့္ရွုလၽွင္ သူမေဘးရွိ သူမ်ားအားလုံးမွာ ျဖတ္သြားျဖတ္လာဖန္မ်ားျဖစ္သည္။ အတန္းအနည္းငယ္အေက်ာ္တြင္သာ ရွီးကြမ္းမ်ားရွိၿပီး စိတ္သက္သာရာရသြားဟန္ျဖင့္ သက္ျပင္းခ်သည္။

ခန္းမထဲရွိ မီးေရာင္မ်ား တျဖည္းျဖည္း မွိန္က်သြားကာ ဖြင့္ပြဲအခမ္းအနား စတင္ေတာ့မည္ျဖစ္သည္။ ေဟာ့ရွီးအား ေအာ္ဟစ္အားေပးသံမ်ားမွာ အျခားသူမ်ားအား ဖုံးလႊမ္းသြားၿပီးေနာက္ ရွန့္ေခ်ာင္က ခပ္ျမန္ျမန္ပင္ သူ႔ဆိုင္းဘုတ္မီးအား ဖြင့္လိုက္သည္။

ေရႊေရာင္အလင္းမ်ား ျဖာထြက္လာခ်ိန္တြင္ ျဖတ္သြားျဖတ္လာဖန္ႏွစ္ေယာက္မွာ မ်က္လုံးမ်ားပင္ ျပာေဝသြားရသည္။ သူတို႔အားလုံးက သူမထံ အျပဳံးျဖင့္ ဆိုလာသည္။

"မင္းတို႔ဖန္ေတြက တအား မိုက္တာပဲ"

ေရႊေရာင္မီးမ်ား၏ ေရာင္ျပန္ဟပ္မွုေအာက္တြင္ စတိတ္မီးမ်ား တစ္ခုၿပီးတစ္ခု လင္းလာကာ ေနာက္ဆုံးတြင္ အလယ္ဗဟိုတည့္တည့္ က်ေရာက္ကာ လူတစ္ဦးတည္းေပၚတြင္ စုျပဳံက်ေရာက္လာသည္။

ေဟာ့ရွီး ေပၚထြက္လာေလၿပီ။

သူ ျပင္ဆင္ထားခဲ့သည့္ စတိတ္အျပင္အဆင္မွာ အယ္လ္ဘမ္အသစ္ထဲမွ ေရာ့ခ္အသားေပး သီခ်င္းျဖစ္သည္။ ထိုသီခ်င္းတြင္ သီးသန့္ဆန္ကာ လွပသည့္ အဖြင့္တီးလုံးရွိၿပီး မၾကာခင္မွာပင္ ခန္းမတစ္ခုလုံး တက္တက္ႂကြႂကြျဖစ္လာသည္။

ပြဲစီစဥ္သူ ကတိေပးထားသည့္ ထိပ္တန္းအဆင့္ စိတ္အျပင္အဆင္မွာ တကယ့္ကိုပင္ ေရေရာထားျခင္းမ်ိဳးမဟုတ္။ ေဟာ့ရွီးက အနက္ေရာင္ပိုးသားရွပ္အက်ီကို ဝတ္ဆင္ထားၿပီး သီခ်င္းဆိုရင္း ကေနခ်ိန္တြင္ နားၾကပ္ကို ဝတ္ဆင္ကာ ပြဲခင္းတစ္ခုလုံးကို ထိန္းခ်ဳပ္သြားသည္။

စတိတ္စင္ေပၚတြင္ Extension တစ္ခုရွိၿပီး ေဟာ့ရွီးက ထိုေလၽွာက္လမ္းအတိုင္း ေလၽွာက္လာသည္။ ရွန့္ေခ်ာင္က လက္တစ္ဖက္ျဖင့္ ဆိုင္းဘုတ္ကို ကိုင္ကာ က်န္တစ္ဖက္ျဖင့္ ဗီဒီယို ရိုက္ကူးသည္။

ကင္မရာမွတဆင့္ ေဟာ့ရွီး၏ မ်က္ဝန္းမ်ားအား ျမင္ေတြ႕ရသည္။

ဟမ္? သူက သူမကို ၾကည့္ေနတာလား?"

တင္ဆက္မွုမွာ ေပါက္ကြဲထြက္မတတ္ ျမဴးႂကြလြန္းသျဖင့္ ရွန့္ေခ်ာင္က တဝက္သာ ရိုက္ကူးၿပီးေနာက္ ကိရိယာမ်ားအား သိမ္းဆည္းကာ တေလးတနက္ ၾကည့္ရွုသည္။

ဆယ္မီတာအကြာအေဝးမွ ေဟာ့ရွဖိးက သူမအား ျမင္ေတြ႕သြားသည္ဟု ခံစားေနရသည္။ သူမ ဆိုင္းဘုတ္ကို ထပ္မံေျမႇာက္လိုက္ကာ စတိတ္စင္ေပၚရွိ ေဟာ့ရွီးက ႏွုတ္ခမ္းတို႔ တြန့္ေကြး၍ ျပဳံးသည္။

Wow!! သူတကယ္ႀကီး ငါ့ကို ျမင္တာပဲ!!

ထိုရွာေဖြေတြ႕ရွိမွုက ရွန့္ေခ်ာင္အား အလြန္အမင္း ေပ်ာ္ရႊင္ေစသည္။ ၾကည့္ရတာ ဒီဆိုင္းဘုတ္က အိုင္ေဒါလ္ရဲ့ အာ႐ုံစိုက္မွုကို တကယ္ ဆြဲေဆာင္နိုင္တာပဲ!!

ဖြင့္ပြဲအခမ္းအနား ၿပီးဆုံးခ်ိန္တြင္ ေဟာ့ရွီးက အေပၚသို႔ ျမင့္တက္သြားသည့္ ပလက္ေဖာင္းျဖင့္ ျပန္လည္ထြက္ခြါသြားသည္။ သူမ၏ သ႐ုပ္မွန္မေပၚေပါက္မွီ ရွန့္ေခ်ာင္က ခပ္ျမန္ျမန္ လစ္ထြက္လာသည္။ ရွန့္ေခ်ာင္ ခန္းမထဲမွ ထြက္ကာ ဟိုတယ္သို႔ ျပန္ရန္ ျပင္ေနခ်ိန္မွာပင္ ေဟာ့ရွီးက ဖုန္းေခၚလာသည္။

ရွန့္ေခ်ာင္ ဦးထုပ္အနားစြန္းကို ေအာက္သို႔ ဆြဲခ်ကာ ေပ်ာ္ရႊင္စြာ ထူးသည္။

"ေဟာ့ရွီး!!"

ေဟာ့ရွီးသည္လည္း ျပဳံးသည္။

"ဘယ္မွာလဲ?"

"ဟိုတယ္ဆီ ျပန္ေတာ့မလို႔"

သူက လမ္းေလၽွာက္ေနပုံရၿပီး သူ႔ဖက္တြင္ ဝန္ထမ္းတစ္ေယာက္အသံကို ၾကားေနရသည္။

"ကိုယ့္ဆီ လိပ္စာပို႔လိုက္၊ ခဏေန ကိုယ္ မင္းကို လာရွာမယ္"

"ရိုက္ကြင္းကို ရွင္ ကၽြန္မနဲ႔အတူ ျပန္ခ်င္လား?"

"အင္း"

ရွန့္ေခ်ာင္ အလြန္အမင္း ေပ်ာ္ရႊင္သြားသည္။

"အိုေက၊ ကၽြန္မ ရွင့္ကို ေစာင့္ေနမယ္"

ရွီးကြမ္းမ်ားမွာ တစ္ေယာက္ၿပီးတစ္ေယာက္ ခန္းမထဲမွ ထြက္လာေနၿပီျဖစ္သည္။

ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ ေျပးထြက္လာကာ ဟိုတယ္ဆီ ျပန္ၿပီးေနာက္ ကင္မရာႏွင့္ ကြန္ျပဴတာအား ခ်ိတ္ဆက္ကာ ရိုက္ကူးလာသည့္ ဗီဒီယိုအား Weibo ေပၚ တင္လိုက္သည္။

ဖူေဆာရီး၏ Weibo ေပၚ တစ္ခုခုတင္ထားသည္ႏွင့္ ရွီးကြမ္းမ်ားအားလုံး ဝိုင္းရံလာသည္။ သူတို႔အားလုံး ဗီဒီယိုကို ႏွိပ္ကာ ၾကည့္ရွုသည္။ ဗီဒီယိုမွာ အနီးကပ္ရိုက္ကူးထားျခင္းျဖစ္ၿပီး ၾကည္လင္ျပတ္သားကာ တည္ၿငိမ္သည္။

[အိုးးး အားဖူ၊ အစ္ကိုက နင့္ကို တခ်ိန္လုံး ၾကည့္ေနတယ္လို႔ ဘာလို႔ ခံစားေနရတာပါလိမ့္?]

[သူက ကင္မရာကို ၾကည့္ေနတာ....]

[အားဖူက ေရွ႕ဆုံးမွာေလ၊ ငါ့အစ္ကိုေခ်ာေလးက ဆိုင္းဘုတ္ကို ဖတ္ေနတာပဲျဖစ္ရမယ္၊ အားးးးးး.... အားဖူကို မနာလိုလိုက္တာ]

[ငါ့ေပါင္ေပနဲ႔ ငါနဲ႔ အခ်င္းခ်င္း စိုက္ၾကည့္ေနတာ၊ သူ ငါ့ကို ၾကည့္ေနတာ.... ဝူးးးးးးးးး ဝူးးးးးး အိပ္မက္မက္ခြင့္ေပးတဲ့အတြက္ အားဖူကို ေက်းဇူးတင္ပါတယ္]

.......

......

အခန္းတံခါးေခါက္သံ ထြက္ေပၚလာခ်ိန္တြင္ ေဟာ့ရွီးလာၿပီဟု ရွန့္ေခ်ာင္ထင္မွတ္ကာ တံခါးေျပးဖြင့္သည္။ ရလဒ္ကား လ်န္ေရွာင္ထန္က တံခါးအျပင္ဘက္တြင္ စိတ္လွုပ္ရွားသည့္မ်က္ႏွာျဖင့္ ရပ္ေစာင့္ေနသည္။

"ေခ်ာင္ေခ်ာင္... ငါ့သားေလးက တကယ္ပဲ နင့္ကို ၾကည့္ေနတာလား?"

ရွန့္ေခ်ာင္က သူမ၏ ဆိုင္းဘုတ္ကို ထုတ္ယူလာသည္။

"သူက ဒီဟာကို ၾကည့္ေနတာ၊ ဒီေလာက္ႀကီးၿပီး လင္းေနတာ၊ က်ိန္းေသေပါက္ မ်က္လုံးထဲ ဝင္မွာပဲ"

လ်န္ေရွာင္ထန္ - "ဟားဟားဟားဟား... ဆိုင္းဘုတ္ႀကီးေတြက တကယ္ပဲ စိတ္အာ႐ုံကို ဆြဲေဆာင္နိုင္တာပဲ"

စကားေျပာေနစဥ္မွာပင္ တံခါးေခါက္သံ ေနာက္တႀကိမ္ ေပၚထြက္လာသည္။

ရွန့္ေခ်ာင္က လ်န္ေရွာင္ထန္ထံ လွမ္းၾကည့္ကာ တံခါးဖြင့္ရင္း လွမ္းေျပာသည္။

"မေအာ္နဲ႔!"

လ်န္ေရွာင္ထန္ - "အာ? ဘာလို႔လဲ?"

တံခါးပြင့္သြားၿပီးေနာက္ ေဟာ့ရွီးက အထဲသို႔ ေလၽွာက္ဝင္လာသည္။

လ်န္ေရွာင္ထန္ - " ????????? "

အေမေရ!! ေနာက္ဆုံးေတာ့ ငါ အျပင္မွာ ျမင္ဖူးခဲ့ၿပီ!!!

*****

Continue Reading

You'll Also Like

289K 4.3K 39
The class of 1-A were randomly sitting in the common space of their dorms until their teachers and the schools avid inventor Hatsume came into the ro...
1.3M 117K 47
She knew that her work wouldn't let her rest, Was aware that every day would be a test. It was her passion though, to see the last smiles, Although...
23.1K 1.1K 10
Tay and New have been married for years and they try to figure out how to change their dynamic once they discover they're expecting. Oh! Did I mentio...
9.4K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...