GTKWF (Myanmar Translation )

Bởi Liz_774

337K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... Xem Thêm

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 92

1.8K 310 53
Bởi Liz_774

{Unicode}

အပိုင်း ၉၂

ရှန့်ချောင် သက်သာသွားချိန်တွင် ဟော့ရှီးက သူမအား မြေကြီးပေါ်မှ တွဲထူသည်။ ကားမောင်းအကွာအဝေးကြာမြင့်ချိန်မှာ မိနစ်နှစ်ဆယ်ဖြစ်ပြီး လမ်းလျှောက်သွားလျှင် နှစ်ဆ ပိုကြာမည်ဖြစ်သည်။

သူမကားစီးနေချိန်အတွင်း သက်သောင့်သက်သာမရှိသည်ကိုသာ ခံစားနေရကာ ပတ်ဝန်းကျင်အား သတိမမူမိခဲ့။ သို့ရာတွင် ကားပေါ်မှ ဆင်းလာသောအခါတွင်မူ ဘေးပတ်လည်၌ စိမ်းစိုသည့်သစ်ပင်၊ မြက်ပင်များ ဝန်းရံထားကာ ကားလမ်းနံဘေးရှိ တောရိုင်းပန်းများမှာ လေနှင့်အတူ ယိမ်းနွဲ့နေ၏။

အဝေးသို့ မျှော်ကြည့်လျှင် မြို့ပြကို ခပ်ရေးရေး လှမ်းမြင်နိုင်ပြီး ရှုမျှော်ခင်းမှာ ပင့်သက်ရှိုက်ရလောက်အောင် မင်သက်ဖွယ်။

ဟော့ရှီးက တင်းကျန်ထံ လှမ်းပြောသည်။

"နောင်ကျရင် အမူးပြေဆေးကို ကိုယ်နဲ့မကွာ ဆောင်ထား"

တင်းကျန် ခေါင်းညိတ်လိုက်ကာ နောက်တွန့်သွားပြီးနောက် သူတို့နှင့် သူမအကြား ငါးမီတာ အကွာအဝေးခြားထားလိုက်ကာ မီးလုံးဗို့အားကို နည်းနိုင်သမျှ နည်းစေရန် ကြိုးပမ်းသည်။

ကားမူးဝေဒနာကြောင့် သက်သောင့်သက်သာ မဖြစ်မှုများ ပြေပျောက်သွားသည်နှင့် ရှန့်ချောင်က တက်တက်ကြွကြွ ပြန်ဖြစ်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် အိုင်ဒေါလ်နှင့်အတူ တောင်တက်ကာ ရှုမျှော်ခင်းကြည့်ရသည့် အခြေအနေမျိုးမှာ နှစ်တစ်သောင်းမှ တစ်ကြိမ်ကြုံနိုင်သည့် အခွင့်အရေးမျိုးဖြစ်ပြီး ကျိန်းသေပေါက် တန်ဖိုးထားရပေမည်။

ရှန့်ချောင် ဟော့ရှီးထံ လှမ်းမေးသည်။

"ဟော့ရှီး ရှင်ပင်ပန်းနေပြီလား? ဗိုက်ဆာလား? တင်းကျန်ရဲ့ အိတ်ထဲမှာ မုန့်ပါတယ်"

ဟော့ရှီးက သူမအား ကားလမ်းဘေးအစွန်းမှ ပြန်ဆွဲယူရင်း

"အတွင်းထဲကလျှောက်၊ ပြီးခဲ့တဲ့ နှစ်ရက်က မိုးရွာထားတာ၊ အစွန်းနားတွေက မလုံခြုံဘူး"

ထို့ကြောင့် ရှန့်ချောင်က ကားလမ်းအလယ်မှ လိမ်လိမ်မာမာဖြင့် လျှောက်လာကာ သူမလက်ချောင်းကြားတွင် လမ်းဘေးမှ ကောက်ယူလာသည့် ဒေစီပန်းတစ်ပွင့်မှာ တွဲလောင်းကျလျက်ရှိသည်။

နေမင်းမှာ အနောက်ရပ်ဆီသို့ တဖြည်းဖြည်း ငုံ့လျိုးသွားသည်။ တောင်တန်းများဆီမှ မျှော်ကြည့်လျှင် နေဝန်းနီက အစိမ်းရောင်တောင်တန်းများ၊ သစ်ပင်များနှင့် တိမ်တိုက်များပေါ် အရိပ်ထင်လျက်ရှိသည်။

သူမ ယခင်က ကြားခဲ့ဖူးသည့် ယုံတမ်းစကားအား ရှန့်ချောင် အမှတ်ရလိုက်သည်။

နေဝင်ချိန် အတူကြည့်ပေးပြီး နေထွက်ချိန်ကို သင်နဲ့အတူ စောင့်ဆိုင်းပေးသူမှာ ဘဝတစ်လျှောက်လုံး လက်တွဲသွားရမယ့်သူ ဖြစ်သည်တဲ့။

သူမနှလုံးခုန်သံမှာ အနည်းငယ် မြန်ဆန်လျက်ရှိပြီး သူမဘေးပတ်လည်ရှိ လူများကို တိတ်တခိုး လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူမနောက်ဘက်ကျကျဆီမှ တင်းကျန်ကို လှမ်းတွေ့လိုက်သည်။

အိုး... ယုံတမ်းစကားတွေက အမှားတွေပဲ။

မိနစ်လေးဆယ်ကြာမျှ လမ်းလျှောက်ပြီးနောက် ဒါရိုက်တာမှ သူတို့အား ကြိုဆိုရန် လွှတ်လိုက်သည့် လူနှင့် ဆုံတွေ့သည်။

တဒါဇင်ခန့်မျှသော ရွက်ဖျင်တဲများအား စက်ဝိုင်းသဖွယ် တည်ဆောက်ထားပြီးဖြစ်ကာ အလယ်တွင် မီးဖိုထားပြီး စားဖွယ်များပင် ချက်ပြုတ်နေလေပြီ။ စီစဉ်သူက အဝေးမှ လှမ်းနှုတ်ဆက်သည်။

"ဒီနေ့ညတော့ ခေါက်ဆွဲပြုတ် အတူစုစားကြတာပေါ့"

တောင်ပေါ်ရှိ ဧည့်သည်များ လည်ပတ်ရာဧရိယာတဝိုက်တွင် ညအိပ်တည်းခိုနိုင်သည့် ဟိုတယ်များ ရှိသော်လည်း ဒါရိုက်တာဝမ်က တောနက်တောင်နက်ထဲရှိ ပတ်ဝန်းကျင်အား အထူးပြု၍ သရုပ်ဖော်လိုသည်။

ဇာတ်ဝင်ခန်းအား ပို၍ စစ်မှန်စေရန် ဤတစ်ကြိမ်တွင် များများစားစား မဖွံ့ဖြိုးသေးသည့် တောင်ထိပ်အား ရွေးချယ်ထားခဲ့သည်။ တောင်ထိပ်မှာ နာမည်ကြီးတောင်တက်စခန်းတစ်ခုဖြစ်သည်။ တောင်တက်ဝါသနာပါသူအများစုမှာ ဤနေရာသို့ မကြာခဏ လာရောက် တောင်တက်လေ့ရှိသည်။ ဒါရိုက်တာက တောင်ဘေးဘက်နေရာအား ရွေးချယ်ထားခြင်းမှာ အထူးပင် သင့်လျော်သည်။

ညစာစားပြီးနောက် ပထမဦးဆုံး ညဘက်ဇာတ်ဝင်ခန်းအား ရိုက်ကူးသည်။ တစ်ခါ တစ်ခါ တောင်တက်ရခြင်းမှာ မလွယ်ကူလှ။ အခြေခံအားဖြင့် ဇာတ်ညွှန်းတွင် ပါသမျှ တောင်ပေါ် ဇာတ်ဝင်ခန်းများအားလုံး ရိုက်ကူးမည်ဖြစ်သည်။

ပထမဆုံးဇာတ်ဝင်ခန်းမှာ ရှန့်ချောင်က အဖွဲ့သားများကို ဦးဆောင်၍ တောင်ပေါ်တွင် လာရောက်ရှာဖွေခြင်းဖြစ်ပြီး မြုပ်နှံထားခြင်းခံရသည့် နစ်နာသူ အရိုးစုများအား ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

အရံသရုပ်ဆောင်များက ရဲယူနီဖောင်းများကို ဝတ်ဆင်ကာ ရှန့်ချောင်က ပစ္စတိုအိတ်ကို လွယ်ပြီးနောက် clapperboard မှ ဖြောင်းခနဲ အသံမြည်လာသည်။

ရှန့်ချောင်က လက်တစ်ဖက်တွင် ဓါတ်မီးကိုင်၍ အခြားတစ်ဖက်တွင် သေနတ်ကိုင်ကာ သူမဘေးရှိ ညီအစ်ကိုများထံ လှမ်းပြောသည်။

"မြန်မြန်လှုပ်ရှားကြ၊ နေရာတိုင်းကို ပေါက်တူးနဲ့ တူးကြ"

ညအမှောင်ထုမှာ သိပ်သည်းလွန်းသဖြင့် ဓါတ်မီးရောင်ပင် တိုးမပေါက်ချေ။ ဓါတ်မီးအလင်းတန်းမှာ နေရာတိုင်းဆီ လှုပ်လီလှုပ်လဲ့ လွှဲယမ်းလျက်ရှိသည်။ ညအခါ တောင်လေတိုက်သံမှာ အော်မြည်လျက်။

ခဏအကြာတွင် တစ်စုံတစ်ယောက်ထံမှ အော်ဟစ်သံထွက်ပေါ်လာသည်။

"ခေါင်းဆောင်နျဲ့၊ ဒီမှာ တစ်ခုခု တူးမိထားတယ်!!"

ရှန့်ချောင် ခပ်မြန်မြန်လျှောက်သွားကာ ရွှံ့ဖုံးနေသည့် ခြေထောက်တစ်စုံမှာ လွန်ခဲ့သည့် နှစ်ရက်အတွင်း မိုးရွာသွန်းမှုကြောင့် ပုံကျနေသည့် မြေကြီးထုအောက်တွင် တစ်ပိုင်းတစ်စ ပေါ်ထွက်လျက်ရှိသည်။ ခြေထောက်တစ်ဖက်မှာ ဖိနပ်ဝတ်ဆင်ထားပြီး ကျန်တစ်ဖက်မှာ ခြေဗလာ။

ဗလာကျင်းနေသည့် ခြေတစ်ဖက်မှာ စတင်၍ ပုပ်သိုးနေလေပြီ။ သူမ အေးစက်စက် အမိန့်ပေးလိုက်သည်။

"တူးတော့!"

လူတိုင်းက ပေါက်တူးများ ဆွဲယူလာကာ အလောင်းတစ်ခုလုံးကို ခပ်မြန်မြန်တူးထုတ်လာပြီး အပေါ်ပိုင်းခန္ဓာကိုယ်အား ဘိလပ်မြေအိတ်ဖြင့် ပတ်ထားသည်။ ရှန့်ချောင် လက်အိတ်စွပ်လိုက်ပြီး မှုခင်းဆရာဝန်ရောက်လာသည်အထိ စောင့်ဆိုင်းကာ ဘိလပ်မြေအိတ်အား ဖယ်ခွါသည်။ ရွှံ့ရေများမှာ အလောင်း၏ ဆံပင်ထဲ ရောထွေးလျက်ရှိသည်။

ရှန့်ချောင် မျက်မှောင်ကြုတ်၍ စိုက်ကြည့်သည်။ မူခင်းဆရာဝန်က သုံးသပ်သည်။

"မျက်နှာပြင်ပုပ်သိုးတာက အတော်လေး ဆိုးရွားနေပြီ၊ ဘယ်သူလဲ သိရအောင် ပြန်ယူသွားပြီး DNA စစ်ဆေးမှ ရမယ်"

သူမ ခေါင်းညိတ်ကာ မတ်တပ်ရပ်သည်။

ဒါရိုက်တာ - "ကဒ်!! အဆင်ပြေတယ်"

ဇာတ်ကောင် နျဲ့ချင်းပိုင်ဆိုင်သည့် အေးစက်တည်ငြိမ်မှုမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ရှန့်ချောင် နောက်လှည့်ကာ တင်းကျန်ဆီ ဦးတည်ပြေးရင်း ဆိုသည်။

"ကြောက်လွန်းလို့ သေတော့မလို့၊ ဝူးးး... ဝူးးးး ဆက်တင်အဖွဲ့စီစဉ်ထားတဲ့ အလောင်းက အစစ်နဲ့ အရမ်းတူလွန်းတယ်"

တင်းကျန် သူမအပြုံးကို ဖိနှိပ်လိုက်ကာ ရှန့်ချောင်လက်ကို ပုတ်ရင်း နှစ်သိမ့်သည်။

"နင့်မှာ အဆောင်ရှိနေတာပဲ၊ မကြောက်နဲ့တော့"

နောက်ထပ်နှစ်ခန်း ရိုက်ရန် ကျန်သေးပြီး လူတိုင်းမှာ တောင်တက်ခဲ့ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေလေပြီ။ ဒါရိုက်တာက ယနေ့အတွက် ရိုက်ကွင်းအား နားစေပြီးနောက် လူတိုင်းကို စောစော အနားယူခိုင်းသည်။

ရွက်ဖျင်တဲများအားလုံးမှာ လူတစ်ကိုယ်စာနားနေရန် တဲများဖြစ်တာမို့ ယောကျာ်းလေးနှင့် မိန်းကလေး ခွဲခြားမှုအတွက် စိတ်ပူရန်မလိုပေ။

တမင်တကာလား တိုက်ဆိုင်သည်လား မသိ၊ ရှန့်ချောင်နှင့် ဟော့ရှီး၏ တဲများမှာ ဘေးချင်းကပ်ဖြစ်သည်။ ရှန့်ချောင်က ရွက်ဖျင်တဲရှေ့တွင် ငုတ်တုတ်ထိုင်ကာ မိတ်ကပ်ဖျက်၍ မျက်နှာသစ်သည်။ လူတိုင်းမှာ အလုပ်များလျက်ရှိသည်။ တင်းကျန်မှာ အိပ်ရာခင်းပြီးဖြစ်ကာ အနားယူရန် ပြင်ဆင်နေသည်။

အမှန်တကယ်အားဖြင့် ရှန့်ချောင်က တင်းကျန်အား ခေါ်၍ အတူအိပ်လိုသည်။ ယခုလေးတင် ဆက်တင်အဖွဲ့ပြင်ဆင်ထားသည့် အလောင်းတုကြောင့် သူမ ထိတ်လန့်သွားခဲ့ရသည်။ သူမက တောင်ပေါ်ရောက်ရှိနေခြင်းဖြစ်ကာ ကြောက်မက်ဖွယ် မြင်ကွင်းများမှာ သူမစိတ်ထဲ စီရရီပေါ်လာနှင့်လေပြီ။ သို့ရာတွင် တင်းကျန်၏ ပင်ပန်းနေသည့် မျက်နှာကို မြင်လျှင် သူမအနားယူချိန်အား နှောင့်ယှက်မိမည်ကို စိုးရိမ်တာမို့ ထိုအကြံအစည်ကို စွန့်လွှတ်လိုက်သည်။

သန့်ရှင်းရေးလုပ်ပြီးသည်နှင့် သူမ ရွက်ဖျင်တဲထဲသို့ ဝင်ရောက်ကာ လေထိုးမွေ့ယာပေါ် တင်ပုလ္လင်ခွေထိုင်ရင်း လှည့်ပတ်ကြည့်ကာ ရွက်ဖျင်တဲတစ်နေရာကို လက်ဖြင့် ထိတွေ့၍ ခိုင်ခံ့မှုရှိ မရှိ စမ်းသပ်သည်။ ဘေးပတ်လည်မှ ဇစ်ဆွဲသံများ ပေါ်ထွက်လာကာ လူတိုင်းက အိပ်စက်ရန် ပြင်ဆင်ကြသည်။

ရွက်ဖျင်တဲအဝတွင် လူရိပ်ပေါ်ထွက်လာပြီး ဟော့ရှီးက ဒူးထောက်၍ လက်တဖက်တွင် ကြိုးတစ်ချောင်းကိုင်ထားသည်။

သူက ခပ်တိုးတိုးဆိုသည်။

"မင်းလက် ကိုယ့်ကိုပေး"

သူ ဘာလုပ်ချင်မှန်း ရှန့်ချောင် မသိသော်လည်း လိမ်လိမ်မာမာဖြင့် လက်ကမ်းပေးလိုက်သည်။ ဟော့ရှီးက သူမ၏ လက်ကောက်ဝတ်တွင် ကြိုးစတစ်ဖက်အား ပြေမကျစေရန်နှင့် တင်းကြပ်ကြပ်မဖြစ်စေရန် ဖွဖွချည်သည်။ ရှန့်ချောင် အသံတိုးတိုးဖြင့် မေးသည်။

"ဟော့ရှီး ဒီကြိုးက ဘာအတွက်လဲ?"

သူ ကြိုးကို ဆွဲလိုက်လျှင် သူမလက်ကောက်ဝတ်က လှုပ်ခါသွားသည်။

"မင်း ကြောက်တဲ့အခါကျရင် ကြိုးကို ဒီလိုမျိုး ဆွဲလိုက်၊ ကိုယ် မင်းဘေးမှာ ရှိတယ်၊ မကြောက်နဲ့"

သူ့လက်ထဲရှိ အခြားကြိုးစတစ်ဖက်အား ရှန့်ချောင် စိုက်ကြည့်ရင်း သူ ဤကဲ့သို့ လုပ်မည်ဟု တခါမှ မတွေးဖူးခဲ့ပေ။ အကြောင်းရင်းတစ်ချို့ကြောင့် ရှန့်ချောင်နှလုံးသားမှာ လက်ဖြင့် ဖွဖွအညှစ်ခံနေရသလို ခံစားနေရပြီး ထူးဆန်းသည့်ခံစားချက်မှာ လျှပ်စစ်ဓါတ်ဖြင့် အတို့ခံလိုက်ရသကဲ့သို့ သူမ ခြေချောင်းတွေထိတိုင် ပျံ့နှံ့သွားသည်။

ဟော့ရှီးက သူမခေါင်းကို ဖွဖွပုတ်ကာ

"အိပ်တော့၊ ဝမ်အန်း"

သူက သူမအား ကူညီ၍ ရွက်ဖျင်တဲဇစ်ကို ပိတ်ပေးပြီး ကြိုးထွက်နိုင်စေရန် အပေါက်ငယ်တစ်ပေါက်ချန်ထားကာ သူ့တဲဆီပြန်သွား၍ လဲလျောင်းပြီးနောက် သူ့လက်ကောက်ဝတ်တွင် ကြိုးတစ်စအား စည်းနှောင်သည်။

ရွက်ဖျင်တဲများအတွင်းရှိ မီးရောင်များ တစ်ခုပြီး တစ်ခု မှိန်ကျသွားကာ စခန်းချရာအလယ်ဗဟိုမှ လုံခြုံရေးမီးရောင်သာ ကျန်ရစ်သည်။ အစပထမပိုင်းတွင် စကားသံများ ကြားနေရသေးသော်လည်း တဖြည်းဖြည်းဖြင့် လေတိုးသံသာ ကြားရတော့သည်။

ဟော့ရှီးက သူမတဲရှိရာဆီ မျက်နှာလှည့်ထားသည်။ ခဏအကြာတွင် သူ့လက်ကောက်ဝတ်ဆီမှ လှုပ်ရှားမှု ပေါ်ထွက်လာသည်မှာ စမ်းသပ်ချက်သဖွယ် တုံ့ဆိုင်းဆိုင်း၊ ထို့နောက် ပျောက်ကွယ်သွားသည်။ သူ တိတ်တဆိတ် ပြုံးလိုက်ကာ ကြိုးကို ခပ်ဖွဖွ ပြုံးဆွဲလိုက်ပြီး သူမအား တုံ့ပြန်သည်။

ရှန့်ချောင် အိပ်ရာထဲ စောင်ခြုံအောက်တွင် ကွေးလျက်သားဖြင့် ကြိုးစကြောင့် လှုပ်ယမ်းသွားသည့် သူမလက်ကောက်ဝတ်ကို ငုံ့ကြည့်ကာ လက်မြှောက်၍ မျက်လုံးပွတ်လိုက်သည်။ ထိုညကား အိပ်မက်ကင်းမဲ့သည့် ညပင်။

နောက်တစ်နေ့မနက်တွင် စခန်းချရာနေရာမှာ တဖန်ပြန်၍ သက်ဝင်လှုပ်ရှားလာသည်။ ရှန့်ချောင် စောင်ခြုံထဲမှ ထွက်လာချိန်တွင် ကြိုးစမှာ ရွက်ဖျင်ထဲအတွင်းသို့ ရောက်ရှိနေကာ မည်သည့်အချိန်ကတည်းက လာရောက်ထည့်ထားမှန်း မသိရ​ပေ။

သူမလက်ကောက်ဝတ်မှ ကြိုးကို ဖြေလိုက်ကာ ကြိုးစခွေရစ်ပြီးနောက် သိမ်းလိုက်သည်။

ထိုနေ့တနေကုန်မှာ တောင်ပေါ် နေရာအနှံ့ရိုက်ကူး၍ အချိန်ကုန်ဆုံးသည်။

ဓားစာခံများကို ကယ်တင်ရန်အတွက် နျဲ့ချင်းက ပြန်ပေးဆွဲသမားများထံမှ ပြန်ပေးဆွဲခံလိုက်ရသည်။ ပြန်ပေးဆွဲသမားများထံတွင် သေနတ်များ ဓါးများ ပါလာကာ သူမက ဇွတ်တရွတ် လုပ်ဆောင်၍ မဖြစ်ပေ။

သူမနောက်မှ လိုက်လာမည့် အဖော်များအတွက် နည်းလမ်းရှာ၍ အမှတ်အသားများ ချန်ထားရစ်ပြီး ထွက်ပြေးနိုင်မည့် အခွင့်အရေးအား ချောင်းမြောင်းသည်။ နျဲ့ချင်း ခံစားသည့် ဒုက္ခများအား ပေါ်လွင်စေရန် ဒါရိုက်တာက ရှန့်ချောင်အား ရွှံ့တောထဲတွင် ခုနှစ်ကြိမ်၊ ရှစ်ကြိမ်မျှ အတက်အဆင်းလုပ်ခိုင်းကာ နောက်ဆုံးတွင် နားအတွင်းသို့ပင် ရွှံ့များ ဝင်ရောက်သည်အထိ။

ထိုဇာတ်ဝင်ခန်းအား ရိုက်ကူးပြီးသည်နှင့် တင်းကျန်က နားကြပ်တံကို ခပ်မြန်မြန်ထုတ်ယူကာ သူမနားအား သန့်စင်ပေးသည်။

နောက်ထပ်ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းမှာ သူမ သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဆင်ခြေလျောအတိုင်း ပြုတ်ကျသည့်အခန်းဖြစ်သည်။ ကံကောင်းစွာဖြင့် သူမက ပြုတ်ကျသည့်နေရာ၌သာ သရုပ်ဆောင်ရန် လိုပြီး ဒလိမ့်ကောက်ကွေးကျသည့် လှုပ်ရှားမှုကိုမူ အစားထိုးသရုပ်ဆောင်က ဆောင်ရွက်သည်။

လူစားထိုးက ပြုတ်ကျသည့် လှုပ်ရှားမှုအား အဆုံးသတ်ပြီးနောက် ဆက်တင်အဖွဲ့က သူမဝမ်းဗိုက်ပေါ်ရှိ သေနတ်ဒဏ်ရာအား ပြုလုပ်ပြီးဖြစ်သည်။

သူမက မြေပြင်ပေါ် လဲလျောင်းနေကာ တစ်ကိုယ်လုံး ရွှံ့ပေနေသည့် ဟော့ရှီးက သူမဘေး ဒူးထောက်လျက်သား။

ဒါရိုက်တာ - "Action!!"

ဟော့ရှီး ပြေးလာကာ သူမအား ပွေ့ဖက်လိုသော်လည်း သူမတစ်ကိုယ်လုံး သွေးလွှမ်းလျက်ရှိပြီး ဒဏ်ရာမှာ မည်သည့်နေရာ၌ ရှိမှန်း မသိရချေ။ သူ့လက်မှာ တုန်ယင်နေကာ သူမလည်ပင်းနား ပွေ့ထားသည်။ စိတ်ခံစားချက်များအား လွယ်လင့်တကူ ထိန်းချုပ်နိုင်သည့် ရှေ့နေရွှီ၏ မျက်ဝန်းတို့မှာ မျက်ရည်စတို့ ခိုတွဲလျက်ရှိပြီး သူ့အသံမှာ အက်ကွဲလျက်။

"နျဲ့ချင်း... နျဲ့ချင်း...."

သူမမျက်ဝန်းတို့ အတန်ငယ်ပွင့်ဟလာပြီး သူ့ထံ တကြိမ်တခါမှ ပြုံးပြဖူးခြင်းမရှိသူက ထိုအခိုက်တွင် နူးနူးညံ့ညံ့ပြုံးပြကာ ခပ်ဖွဖွမေးသည်။

"ရွှီလုရှန်း၊ ရှင် ဘာလို့ ဒီရောက်နေတာလဲ? အမှုလိုက်တွေ စစ်ဆေးတာကို နှောင့်ယှက်ရင်တော့...."

သူမက ပါးစပ်တွင်းရှိ သွေးအိတ်အား ကိုက်ဖောက်လိုက်ကာ ခံတွင်းမှ သွေးအန်ထွက်လာသည်။

သူ့လက်များ တုန်ယင်နေသည်မှာ လက်ချောင်းများပင် ဖြူရော်လာသည်အထိ။

သူက သူမပါးစပ်ထောင့်မှ သွေးစတို့ကို အလျှင်အမြန်သုတ်ပေးလာပြီးနောက် ဆိုသည်။

"စကားမပြောနဲ့၊ စကားမပြောပါနဲ့...."

သူ့ကုတ်အကျီကို ချွတ်၍ စုတ်ဖြဲကာ သူမဗိုက်မှ ဒဏ်ရာအား သွေးတိတ်စေရန် ကြိုးပမ်းသည်။ သို့ရာတွင် သူ ဘယ်လိုကြိုးစားကြိုးစား ဆွဲဖြဲ၍ မရပေ။

သူ့မျက်ဝန်းတို့မှာ နီရဲလျက်ရှိပြီး နှုတ်ခမ်းကိုက်ထားသည်မှာ ရူးနှမ်းခါနီး လူတစ်ယောက်လို။

ပြဲဟရာနေရာ ပေါ်ထွက်လာပြီးနောက် သူ့အကျီစ ဆုတ်ပြဲသွားသည်။ အကျီအား လုံးခြေကာ သူမဒဏ်ရာပေါ် ဖိကပ်ထားသော်လည်း များမကြာမီပင် ထိုအကျီစပေါ်သို့တိုင် သွေးများ စိုရွဲလာသည်။ ဟော့ရှီးက သွေးပေနေသည့် သူ့လက်ကို ဖိထားလျက်ဖြင့် အက်ကွဲစွာ မြည်တမ်းသည်။

"မလုပ်... နျဲ့ချင်း... မဖြစ်ရဘူး..."

ထိုရိုးရှင်းသည့်စကားလုံး အနည်းငယ်မှ လွဲ၍ သူကား ပြောစရာ စကားမဲ့လျက်ရှိသည်။

အဖွဲ့သားများအားလုံး တိတ်ဆိတ်လျက်ရှိကာ တင်းကျန်မှာ ဘေးမှ ကြည့်နေရင်း တိတ်တဆိတ် မျက်ရည်ကျသည်။ ခဏအကြာတွင် ဒါရိုက်တာက လှမ်းအော်သည်။

"ကဒ်!! အိုကေ!! နောက်တစ်ဆင်းဒ်အတွက် အသင့်ပြင်"

ရှန့်ချောင် မြေကြီးပေါ်မှ ထထိုင်လိုက်ကာ ဟော့ရှီးမှာ ဒူးထောက်နေဆဲ။ သူမ သူ့လက်အား ဖွဖွထိတွေ့ကာ ခေါင်းငဲ့၍ ခပ်တိုးတိုးခေါ်လိုက်သည်။

"ဟော့ရှီး?"

ခဏအကြာတွင် သူ့မျက်ဝန်းတို့ တဖြည်းဖြည်း ပင့်တက်လာပြီး သူမ၏ သွေးစွန်းနေသည့် မျက်နှာထံ အကြည့်ရောက်လာသည်။ သရုပ်ဆောင်နေစဉ်တုန်းကကဲ့သို့ သူ့အသံမှာ အက်ကွဲနေဆဲ။

"ချောင်ချောင်"

"ကျွန်မ ဒီမှာ ရှိတယ်"

သူက သရုပ်ဆောင်မှုထဲ နစ်ဝင်နေဆဲဖြစ်ကာ ယခုချိန်ထိ ထိုခံစားချက်များမှ ရုန်းမထွက်နိုင်သေးမှန်း သူမသိသည်။

ထိုဝမ်းနည်း၍ ဆောက်တည်ရာမဲ့သော မျက်ဝန်းများက သူမအား နှလုံးကွဲကြေစေသည်။ သူ့လက်ကို ကိုင်ရင်း နွေးထွေးသည့်ခံစားချက်က သူတို့လက်ဖဝါးမှတဆင့် စိမ့်ဝင်သွားသည်။ ရှန့်ချောင် တီးတိုးဆိုသည်။

"ဟော့ရှီး ကျွန်မ ဒီမှာလေ"

သူ့မျက်ဝန်းအကြည့်တို့တွင် သူမအား ပွေ့ဖက်လိုဟန်မှာ အထင်းသား။ သို့ရာတွင် ဘေးပတ်လည်တွင် ရိုက်ကူးရေးအဖွဲ့သားများ ရှိနေသောကြောင့် ပွေ့ဖက်၍ မရ။ သူ့စိတ်နှလုံးအတွင်းရှိ လှုပ်ခတ်နေသည့် ခံစားချက်များကို ချိုးနှိမ်ရန် သူမလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရန်သာ တတ်နိုင်သည်။ သူ့အားမှာ ပြင်းလွန်းသဖြင့် သူမ နာသွားသော်လည်း စကားတစ်ခွန်းသော်မျှမဆို။ သူ့အား နူးနူးညံ့ညံ့ဖြင့် စိုးရိမ်ပူပန်စွာသာ စိုက်ကြည့်နေသည်။

ရှောင်တန့်နှင့် တင်းကျန် နှစ်ယောက်စလုံး ပြေးလာသည်။ ဟော့ရှီး မျက်လွှာချကာ တဖြည်းဖြည်း လက်လွှတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ စကားတစ်ခွန်းမဆိုပဲ ရွက်ဖျင်တဲဆီသို့ အနားယူရန် ထွက်ခွါသွားသည်။ တင်းကျန်က သူမအား လမ်းလျှောက်နိုင်ရန် ကူညီပေးရင်း နှာတရှုံ့ရှုံ့။

"သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ၊ ရင်ထဲကို ထိသွားတာပဲ"

ဇစ်ဆွဲထားနှင့်ပြီးဖြစ်သည့် ရွက်ဖျင်တဲထံ ရှန့်ချောင် လှမ်းကြည့်ကာ ခပ်ဖွဖွ သက်ပြင်းချသည်။

......
သုံးရက်အကြာတွင် တောင်ပေါ်၌ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများအားလုံး ပြီးဆုံးသွားသည်။ စခန်းချရာနေရာအား သိမ်းဆည်းပြီးနောက် ကားက သူတို့အား တောင်အောက်ဆင်းရန် လာခေါ်သည်။

မနေ့က ဖန်းပိုင်ရောက်လာကာ အမူးပြေဆေး ယူလာပေးသည်။ ရှန့်ချောင် ကားပေါ်မတက်ခင် ဆေးသောက်လိုက်ကာ ကား တောင်ခြေရောက်သည်အထိ အိပ်၍ လိုက်ပါသွားသည်။

တောင်ပေါ်ရိုက်ကူးရသည့် ဇာတ်ဝင်ခန်းများမှာ ပင်ပန်းလွန်းသဖြင့် ဒါရိုက်တာက သူတို့ ကောင်းကောင်းအနားယူနိုင်စေရန် နေ့တဝက်ခွင့်ပေးကာ မနက်ဖြန်မှ ရိုက်ကွင်းပြန်စမည်ဖြစ်သည်။

ရှန့်ချောင်မှာ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ ရေချိုးပြီးနောက် သူမ အိပ်ရာပေါ် လှဲနေကာ လှုပ်ပင် မလှုပ်ချင်။ သူမ weibo ကို အပေါ်အောက်ဆွဲကြည့်ကာ super topic များထဲ ဝင်ကြည့်ပြီးနောက် မဲစာရင်းတွင် ကျန်ခဲ့သည်များအား ကြည့်ရှုသည်။

Super topic ရှိ ဗီဒီယိုများနှင့် ဓါတ်ပုံများကို မြင်လျှင် ရှန့်ချောင် အတွေးထဲ၌ 'မိုးကောင်းကင်က တောင်တန်းများအပေါ် ရွေ့လျားနေတယ်' ဟူသော စကားလုံးအား တွေးတောမိကာ ဟော့ရှီး၏ သွေးစွန်းနေသည့်လက်များက သူမအား ပွေ့ထားသည်ကို မြင်ယောင်လာသည်။

သူမ မတ်တပ်ထကာ အိတ်ထဲမှ ကြိုးခွေကို ထုတ်ယူလိုက်သည်။

ဟော့ရှီးက ထိုကြိုးကို ဆက်တင်အဖွဲ့ခေါင်းဆောင်ထံမှ တောင်းယူလာခဲ့ခြင်းဖြစ်ကာ တောင်ပေါ် ရွက်ဖျင်တဲအတွင်း အိပ်စက်ရသည့် သုံးညလုံးလုံး သူမလက်ကောက်ဝတ်တွင် ချည်နှောင်ပေးခဲ့သည်။

သူမ ကြိုးဆွဲလိုက်သည့်အချိန်တိုင်း သူ့ထံမှ တုံ့ပြန်မှုကို ရခဲ့သည်။ သူမဦးနှောက်အတွင်း အတွေးတို့ လွန်ဆွဲလျက်ရှိ၏။

သူမ မတ်တပ်ရပ်ရာမှ ထိုင်ကာ ထိုင်နေရာမှ လှဲလျောင်းသည်။ သူမ စိတ်ရှုပ်ထွေးလွန်းသဖြင့် မနေနိုင်ပဲ ဖုန်းထုတ်လိုက်ကာ ကျုံးရှန်းဆီ မက်ဆေ့ချ်ပို့လိုက်သည်။

"ဟော့ရှီး ငါ့ကို သဘောကျတယ်လို့ ငါထင်နေတယ်"

ငါးမိနစ်အကြာတွင် ကျုံးရှန်းဆီမှ ပြန်စာကို လက်ခံရရှိသည်။

"နင် နွေလယ်ခေါင် အိပ်မက် မက်မနေနဲ့"

ရှန့်ချောင် - "......"

သူမမျက်နှာပေါ် စိတ်ဓါတ်ကျသွားဟန်ဖြင့် အိပ်ရာပေါ် ပြန်လှဲလိုက်သည်။

မိုးမမှောင်ခင်မှာပင် သူမ အိပ်မောကျသွားလေပြီ။

*****
Happy New Year ညကြီးမှာကွာ၊ ကိုယ်တိုင်လည်း မူးလို့ ရှူစရာ ဘဲမရှိပဲနဲ့ ဒီကဲကဲသဲသဲအတွဲ ရိုနေတာကို ဘာသာပြန်နေရတာ အဆင်ပြေမနေတော့ဘူးလို့ 😭😭

Btw, Happy New Year Everyone !!! 💙💙

*****










{Zawgyi}

အပိုင္း ၉၂

ရွန့္ေခ်ာင္ သက္သာသြားခ်ိန္တြင္ ေဟာ့ရွီးက သူမအား ေျမႀကီးေပၚမွ တြဲထူသည္။ ကားေမာင္းအကြာအေဝးၾကာျမင့္ခ်ိန္မွာ မိနစ္ႏွစ္ဆယ္ျဖစ္ၿပီး လမ္းေလၽွာက္သြားလၽွင္ ႏွစ္ဆ ပိုၾကာမည္ျဖစ္သည္။

သူမကားစီးေနခ်ိန္အတြင္း သက္ေသာင့္သက္သာမရွိသည္ကိုသာ ခံစားေနရကာ ပတ္ဝန္းက်င္အား သတိမမူမိခဲ့။ သို႔ရာတြင္ ကားေပၚမွ ဆင္းလာေသာအခါတြင္မူ ေဘးပတ္လည္၌ စိမ္းစိုသည့္သစ္ပင္၊ ျမက္ပင္မ်ား ဝန္းရံထားကာ ကားလမ္းနံေဘးရွိ ေတာရိုင္းပန္းမ်ားမွာ ေလႏွင့္အတူ ယိမ္းႏြဲ႕ေန၏။

အေဝးသို႔ ေမၽွာ္ၾကည့္လၽွင္ ၿမိဳ႕ျပကို ခပ္ေရးေရး လွမ္းျမင္နိုင္ၿပီး ရွုေမၽွာ္ခင္းမွာ ပင့္သက္ရွိုက္ရေလာက္ေအာင္ မင္သက္ဖြယ္။

ေဟာ့ရွီးက တင္းက်န္ထံ လွမ္းေျပာသည္။

"ေနာင္က်ရင္ အမူးေျပေဆးကို ကိုယ္နဲ႔မကြာ ေဆာင္ထား"

တင္းက်န္ ေခါင္းညိတ္လိုက္ကာ ေနာက္တြန့္သြားၿပီးေနာက္ သူတို႔ႏွင့္ သူမအၾကား ငါးမီတာ အကြာအေဝးျခားထားလိုက္ကာ မီးလုံးဗို႔အားကို နည္းနိုင္သမၽွ နည္းေစရန္ ႀကိဳးပမ္းသည္။

ကားမူးေဝဒနာေၾကာင့္ သက္ေသာင့္သက္သာ မျဖစ္မွုမ်ား ေျပေပ်ာက္သြားသည္ႏွင့္ ရွန့္ေခ်ာင္က တက္တက္ႂကြႂကြ ျပန္ျဖစ္လာသည္။ ဘယ္လိုပဲျဖစ္ျဖစ္ အိုင္ေဒါလ္ႏွင့္အတူ ေတာင္တက္ကာ ရွုေမၽွာ္ခင္းၾကည့္ရသည့္ အေျခအေနမ်ိဳးမွာ ႏွစ္တစ္ေသာင္းမွ တစ္ႀကိမ္ၾကဳံနိုင္သည့္ အခြင့္အေရးမ်ိဳးျဖစ္ၿပီး က်ိန္းေသေပါက္ တန္ဖိုးထားရေပမည္။

ရွန့္ေခ်ာင္ ေဟာ့ရွီးထံ လွမ္းေမးသည္။

"ေဟာ့ရွီး ရွင္ပင္ပန္းေနၿပီလား? ဗိုက္ဆာလား? တင္းက်န္ရဲ့ အိတ္ထဲမွာ မုန့္ပါတယ္"

ေဟာ့ရွီးက သူမအား ကားလမ္းေဘးအစြန္းမွ ျပန္ဆြဲယူရင္း

"အတြင္းထဲကေလၽွာက္၊ ၿပီးခဲ့တဲ့ ႏွစ္ရက္က မိုးရြာထားတာ၊ အစြန္းနားေတြက မလုံျခဳံဘူး"

ထို႔ေၾကာင့္ ရွန့္ေခ်ာင္က ကားလမ္းအလယ္မွ လိမ္လိမ္မာမာျဖင့္ ေလၽွာက္လာကာ သူမလက္ေခ်ာင္းၾကားတြင္ လမ္းေဘးမွ ေကာက္ယူလာသည့္ ေဒစီပန္းတစ္ပြင့္မွာ တြဲေလာင္းက်လ်က္ရွိသည္။

ေနမင္းမွာ အေနာက္ရပ္ဆီသို႔ တျဖည္းျဖည္း ငုံ႔လ်ိဳးသြားသည္။ ေတာင္တန္းမ်ားဆီမွ ေမၽွာ္ၾကည့္လၽွင္ ေနဝန္းနီက အစိမ္းေရာင္ေတာင္တန္းမ်ား၊ သစ္ပင္မ်ားႏွင့္ တိမ္တိုက္မ်ားေပၚ အရိပ္ထင္လ်က္ရွိသည္။

သူမ ယခင္က ၾကားခဲ့ဖူးသည့္ ယုံတမ္းစကားအား ရွန့္ေခ်ာင္ အမွတ္ရလိုက္သည္။

ေနဝင္ခ်ိန္ အတူၾကည့္ေပးၿပီး ေနထြက္ခ်ိန္ကို သင္နဲ႔အတူ ေစာင့္ဆိုင္းေပးသူမွာ ဘဝတစ္ေလၽွာက္လုံး လက္တြဲသြားရမယ့္သူ ျဖစ္သည္တဲ့။

သူမႏွလုံးခုန္သံမွာ အနည္းငယ္ ျမန္ဆန္လ်က္ရွိၿပီး သူမေဘးပတ္လည္ရွိ လူမ်ားကို တိတ္တခိုး လွည့္ပတ္ၾကည့္လိုက္ၿပီးေနာက္ သူမေနာက္ဘက္က်က်ဆီမွ တင္းက်န္ကို လွမ္းေတြ႕လိုက္သည္။

အိုး... ယုံတမ္းစကားေတြက အမွားေတြပဲ။

မိနစ္ေလးဆယ္ၾကာမၽွ လမ္းေလၽွာက္ၿပီးေနာက္ ဒါရိုက္တာမွ သူတို႔အား ႀကိဳဆိုရန္ လႊတ္လိုက္သည့္ လူႏွင့္ ဆုံေတြ႕သည္။

တဒါဇင္ခန့္မၽွေသာ ရြက္ဖ်င္တဲမ်ားအား စက္ဝိုင္းသဖြယ္ တည္ေဆာက္ထားၿပီးျဖစ္ကာ အလယ္တြင္ မီးဖိုထားၿပီး စားဖြယ္မ်ားပင္ ခ်က္ျပဳတ္ေနေလၿပီ။ စီစဥ္သူက အေဝးမွ လွမ္းႏွုတ္ဆက္သည္။

"ဒီေန႔ညေတာ့ ေခါက္ဆြဲျပဳတ္ အတူစုစားၾကတာေပါ့"

ေတာင္ေပၚရွိ ဧည့္သည္မ်ား လည္ပတ္ရာဧရိယာတဝိုက္တြင္ ညအိပ္တည္းခိုနိုင္သည့္ ဟိုတယ္မ်ား ရွိေသာ္လည္း ဒါရိုက္တာဝမ္က ေတာနက္ေတာင္နက္ထဲရွိ ပတ္ဝန္းက်င္အား အထူးျပဳ၍ သ႐ုပ္ေဖာ္လိုသည္။

ဇာတ္ဝင္ခန္းအား ပို၍ စစ္မွန္ေစရန္ ဤတစ္ႀကိမ္တြင္ မ်ားမ်ားစားစား မဖြံ႕ၿဖိဳးေသးသည့္ ေတာင္ထိပ္အား ေရြးခ်ယ္ထားခဲ့သည္။ ေတာင္ထိပ္မွာ နာမည္ႀကီးေတာင္တက္စခန္းတစ္ခုျဖစ္သည္။ ေတာင္တက္ဝါသနာပါသူအမ်ားစုမွာ ဤေနရာသို႔ မၾကာခဏ လာေရာက္ ေတာင္တက္ေလ့ရွိသည္။ ဒါရိုက္တာက ေတာင္ေဘးဘက္ေနရာအား ေရြးခ်ယ္ထားျခင္းမွာ အထူးပင္ သင့္ေလ်ာ္သည္။

ညစာစားၿပီးေနာက္ ပထမဦးဆုံး ညဘက္ဇာတ္ဝင္ခန္းအား ရိုက္ကူးသည္။ တစ္ခါ တစ္ခါ ေတာင္တက္ရျခင္းမွာ မလြယ္ကူလွ။ အေျခခံအားျဖင့္ ဇာတ္ညႊန္းတြင္ ပါသမၽွ ေတာင္ေပၚ ဇာတ္ဝင္ခန္းမ်ားအားလုံး ရိုက္ကူးမည္ျဖစ္သည္။

ပထမဆုံးဇာတ္ဝင္ခန္းမွာ ရွန့္ေခ်ာင္က အဖြဲ႕သားမ်ားကို ဦးေဆာင္၍ ေတာင္ေပၚတြင္ လာေရာက္ရွာေဖြျခင္းျဖစ္ၿပီး ျမဳပ္ႏွံထားျခင္းခံရသည့္ နစ္နာသူ အရိုးစုမ်ားအား ရွာေဖြေတြ႕ရွိျခင္းျဖစ္သည္။

အရံသ႐ုပ္ေဆာင္မ်ားက ရဲယူနီေဖာင္းမ်ားကို ဝတ္ဆင္ကာ ရွန့္ေခ်ာင္က ပစၥတိုအိတ္ကို လြယ္ၿပီးေနာက္ clapperboard မွ ေျဖာင္းခနဲ အသံျမည္လာသည္။

ရွန့္ေခ်ာင္က လက္တစ္ဖက္တြင္ ဓါတ္မီးကိုင္၍ အျခားတစ္ဖက္တြင္ ေသနတ္ကိုင္ကာ သူမေဘးရွိ ညီအစ္ကိုမ်ားထံ လွမ္းေျပာသည္။

"ျမန္ျမန္လွုပ္ရွားၾက၊ ေနရာတိုင္းကို ေပါက္တူးနဲ႔ တူးၾက"

ညအေမွာင္ထုမွာ သိပ္သည္းလြန္းသျဖင့္ ဓါတ္မီးေရာင္ပင္ တိုးမေပါက္ေခ်။ ဓါတ္မီးအလင္းတန္းမွာ ေနရာတိုင္းဆီ လွုပ္လီလွုပ္လဲ့ လႊဲယမ္းလ်က္ရွိသည္။ ညအခါ ေတာင္ေလတိုက္သံမွာ ေအာ္ျမည္လ်က္။

ခဏအၾကာတြင္ တစ္စုံတစ္ေယာက္ထံမွ ေအာ္ဟစ္သံထြက္ေပၚလာသည္။

"ေခါင္းေဆာင္န်ဲ့၊ ဒီမွာ တစ္ခုခု တူးမိထားတယ္!!"

ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ေလၽွာက္သြားကာ ရႊံ့ဖုံးေနသည့္ ေျခေထာက္တစ္စုံမွာ လြန္ခဲ့သည့္ ႏွစ္ရက္အတြင္း မိုးရြာသြန္းမွုေၾကာင့္ ပုံက်ေနသည့္ ေျမႀကီးထုေအာက္တြင္ တစ္ပိုင္းတစ္စ ေပၚထြက္လ်က္ရွိသည္။ ေျခေထာက္တစ္ဖက္မွာ ဖိနပ္ဝတ္ဆင္ထားၿပီး က်န္တစ္ဖက္မွာ ေျခဗလာ။

ဗလာက်င္းေနသည့္ ေျခတစ္ဖက္မွာ စတင္၍ ပုပ္သိုးေနေလၿပီ။ သူမ ေအးစက္စက္ အမိန့္ေပးလိုက္သည္။

"တူးေတာ့!"

လူတိုင္းက ေပါက္တူးမ်ား ဆြဲယူလာကာ အေလာင္းတစ္ခုလုံးကို ခပ္ျမန္ျမန္တူးထုတ္လာၿပီး အေပၚပိုင္းခႏၶာကိုယ္အား ဘိလပ္ေျမအိတ္ျဖင့္ ပတ္ထားသည္။ ရွန့္ေခ်ာင္ လက္အိတ္စြပ္လိုက္ၿပီး မွုခင္းဆရာဝန္ေရာက္လာသည္အထိ ေစာင့္ဆိုင္းကာ ဘိလပ္ေျမအိတ္အား ဖယ္ခြါသည္။ ရႊံ့ေရမ်ားမွာ အေလာင္း၏ ဆံပင္ထဲ ေရာေထြးလ်က္ရွိသည္။

ရွန့္ေခ်ာင္ မ်က္ေမွာင္ၾကဳတ္၍ စိုက္ၾကည့္သည္။ မူခင္းဆရာဝန္က သုံးသပ္သည္။

"မ်က္ႏွာျပင္ပုပ္သိုးတာက အေတာ္ေလး ဆိုးရြားေနၿပီ၊ ဘယ္သူလဲ သိရေအာင္ ျပန္ယူသြားၿပီး DNA စစ္ေဆးမွ ရမယ္"

သူမ ေခါင္းညိတ္ကာ မတ္တပ္ရပ္သည္။

ဒါရိုက္တာ - "ကဒ္!! အဆင္ေျပတယ္"

ဇာတ္ေကာင္ န်ဲ့ခ်င္းပိုင္ဆိုင္သည့္ ေအးစက္တည္ၿငိမ္မွုမွာ ခ်က္ခ်င္းဆိုသလို ေပ်ာက္ကြယ္သြားသည္။ ရွန့္ေခ်ာင္ ေနာက္လွည့္ကာ တင္းက်န္ဆီ ဦးတည္ေျပးရင္း ဆိုသည္။

"ေၾကာက္လြန္းလို႔ ေသေတာ့မလို႔၊ ဝူးးး... ဝူးးးး ဆက္တင္အဖြဲ႕စီစဥ္ထားတဲ့ အေလာင္းက အစစ္နဲ႔ အရမ္းတူလြန္းတယ္"

တင္းက်န္ သူမအျပဳံးကို ဖိႏွိပ္လိုက္ကာ ရွန့္ေခ်ာင္လက္ကို ပုတ္ရင္း ႏွစ္သိမ့္သည္။

"နင့္မွာ အေဆာင္ရွိေနတာပဲ၊ မေၾကာက္နဲ႔ေတာ့"

ေနာက္ထပ္ႏွစ္ခန္း ရိုက္ရန္ က်န္ေသးၿပီး လူတိုင္းမွာ ေတာင္တက္ခဲ့ရျခင္းေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနေလၿပီ။ ဒါရိုက္တာက ယေန႔အတြက္ ရိုက္ကြင္းအား နားေစၿပီးေနာက္ လူတိုင္းကို ေစာေစာ အနားယူခိုင္းသည္။

ရြက္ဖ်င္တဲမ်ားအားလုံးမွာ လူတစ္ကိုယ္စာနားေနရန္ တဲမ်ားျဖစ္တာမို႔ ေယာက်ာ္းေလးႏွင့္ မိန္းကေလး ခြဲျခားမွုအတြက္ စိတ္ပူရန္မလိုေပ။

တမင္တကာလား တိုက္ဆိုင္သည္လား မသိ၊ ရွန့္ေခ်ာင္ႏွင့္ ေဟာ့ရွီး၏ တဲမ်ားမွာ ေဘးခ်င္းကပ္ျဖစ္သည္။ ရွန့္ေခ်ာင္က ရြက္ဖ်င္တဲေရွ႕တြင္ ငုတ္တုတ္ထိုင္ကာ မိတ္ကပ္ဖ်က္၍ မ်က္ႏွာသစ္သည္။ လူတိုင္းမွာ အလုပ္မ်ားလ်က္ရွိသည္။ တင္းက်န္မွာ အိပ္ရာခင္းၿပီးျဖစ္ကာ အနားယူရန္ ျပင္ဆင္ေနသည္။

အမွန္တကယ္အားျဖင့္ ရွန့္ေခ်ာင္က တင္းက်န္အား ေခၚ၍ အတူအိပ္လိုသည္။ ယခုေလးတင္ ဆက္တင္အဖြဲ႕ျပင္ဆင္ထားသည့္ အေလာင္းတုေၾကာင့္ သူမ ထိတ္လန့္သြားခဲ့ရသည္။ သူမက ေတာင္ေပၚေရာက္ရွိေနျခင္းျဖစ္ကာ ေၾကာက္မက္ဖြယ္ ျမင္ကြင္းမ်ားမွာ သူမစိတ္ထဲ စီရရီေပၚလာႏွင့္ေလၿပီ။ သို႔ရာတြင္ တင္းက်န္၏ ပင္ပန္းေနသည့္ မ်က္ႏွာကို ျမင္လၽွင္ သူမအနားယူခ်ိန္အား ေႏွာင့္ယွက္မိမည္ကို စိုးရိမ္တာမို႔ ထိုအႀကံအစည္ကို စြန့္လႊတ္လိုက္သည္။

သန့္ရွင္းေရးလုပ္ၿပီးသည္ႏွင့္ သူမ ရြက္ဖ်င္တဲထဲသို႔ ဝင္ေရာက္ကာ ေလထိုးေမြ႕ယာေပၚ တင္ပုလႅင္ေခြထိုင္ရင္း လွည့္ပတ္ၾကည့္ကာ ရြက္ဖ်င္တဲတစ္ေနရာကို လက္ျဖင့္ ထိေတြ႕၍ ခိုင္ခံ့မွုရွိ မရွိ စမ္းသပ္သည္။ ေဘးပတ္လည္မွ ဇစ္ဆြဲသံမ်ား ေပၚထြက္လာကာ လူတိုင္းက အိပ္စက္ရန္ ျပင္ဆင္ၾကသည္။

ရြက္ဖ်င္တဲအဝတြင္ လူရိပ္ေပၚထြက္လာၿပီး ေဟာ့ရွီးက ဒူးေထာက္၍ လက္တဖက္တြင္ ႀကိဳးတစ္ေခ်ာင္းကိုင္ထားသည္။

သူက ခပ္တိုးတိုးဆိုသည္။

"မင္းလက္ ကိုယ့္ကိုေပး"

သူ ဘာလုပ္ခ်င္မွန္း ရွန့္ေခ်ာင္ မသိေသာ္လည္း လိမ္လိမ္မာမာျဖင့္ လက္ကမ္းေပးလိုက္သည္။ ေဟာ့ရွီးက သူမ၏ လက္ေကာက္ဝတ္တြင္ ႀကိဳးစတစ္ဖက္အား ေျပမက်ေစရန္ႏွင့္ တင္းၾကပ္ၾကပ္မျဖစ္ေစရန္ ဖြဖြခ်ည္သည္။ ရွန့္ေခ်ာင္ အသံတိုးတိုးျဖင့္ ေမးသည္။

"ေဟာ့ရွီး ဒီႀကိဳးက ဘာအတြက္လဲ?"

သူ ႀကိဳးကို ဆြဲလိုက္လၽွင္ သူမလက္ေကာက္ဝတ္က လွုပ္ခါသြားသည္။

"မင္း ေၾကာက္တဲ့အခါက်ရင္ ႀကိဳးကို ဒီလိုမ်ိဳး ဆြဲလိုက္၊ ကိုယ္ မင္းေဘးမွာ ရွိတယ္၊ မေၾကာက္နဲ႔"

သူ႔လက္ထဲရွိ အျခားႀကိဳးစတစ္ဖက္အား ရွန့္ေခ်ာင္ စိုက္ၾကည့္ရင္း သူ ဤကဲ့သို႔ လုပ္မည္ဟု တခါမွ မေတြးဖူးခဲ့ေပ။ အေၾကာင္းရင္းတစ္ခ်ိဳ႕ေၾကာင့္ ရွန့္ေခ်ာင္ႏွလုံးသားမွာ လက္ျဖင့္ ဖြဖြအညႇစ္ခံေနရသလို ခံစားေနရၿပီး ထူးဆန္းသည့္ခံစားခ်က္မွာ လၽွပ္စစ္ဓါတ္ျဖင့္ အတို႔ခံလိုက္ရသကဲ့သို႔ သူမ ေျခေခ်ာင္းေတြထိတိုင္ ပ်ံ႕ႏွံ့သြားသည္။

ေဟာ့ရွီးက သူမေခါင္းကို ဖြဖြပုတ္ကာ

"အိပ္ေတာ့၊ ဝမ္အန္း"

သူက သူမအား ကူညီ၍ ရြက္ဖ်င္တဲဇစ္ကို ပိတ္ေပးၿပီး ႀကိဳးထြက္နိုင္ေစရန္ အေပါက္ငယ္တစ္ေပါက္ခ်န္ထားကာ သူ႔တဲဆီျပန္သြား၍ လဲေလ်ာင္းၿပီးေနာက္ သူ႔လက္ေကာက္ဝတ္တြင္ ႀကိဳးတစ္စအား စည္းေႏွာင္သည္။

ရြက္ဖ်င္တဲမ်ားအတြင္းရွိ မီးေရာင္မ်ား တစ္ခုၿပီး တစ္ခု မွိန္က်သြားကာ စခန္းခ်ရာအလယ္ဗဟိုမွ လုံျခဳံေရးမီးေရာင္သာ က်န္ရစ္သည္။ အစပထမပိုင္းတြင္ စကားသံမ်ား ၾကားေနရေသးေသာ္လည္း တျဖည္းျဖည္းျဖင့္ ေလတိုးသံသာ ၾကားရေတာ့သည္။

ေဟာ့ရွီးက သူမတဲရွိရာဆီ မ်က္ႏွာလွည့္ထားသည္။ ခဏအၾကာတြင္ သူ႔လက္ေကာက္ဝတ္ဆီမွ လွုပ္ရွားမွု ေပၚထြက္လာသည္မွာ စမ္းသပ္ခ်က္သဖြယ္ တုံ႔ဆိုင္းဆိုင္း၊ ထို႔ေနာက္ ေပ်ာက္ကြယ္သြားသည္။ သူ တိတ္တဆိတ္ ျပဳံးလိုက္ကာ ႀကိဳးကို ခပ္ဖြဖြ ျပဳံးဆြဲလိုက္ၿပီး သူမအား တုံ႔ျပန္သည္။

ရွန့္ေခ်ာင္ အိပ္ရာထဲ ေစာင္ျခဳံေအာက္တြင္ ေကြးလ်က္သားျဖင့္ ႀကိဳးစေၾကာင့္ လွုပ္ယမ္းသြားသည့္ သူမလက္ေကာက္ဝတ္ကို ငုံ႔ၾကည့္ကာ လက္ေျမႇာက္၍ မ်က္လုံးပြတ္လိုက္သည္။ ထိုညကား အိပ္မက္ကင္းမဲ့သည့္ ညပင္။

ေနာက္တစ္ေန႔မနက္တြင္ စခန္းခ်ရာေနရာမွာ တဖန္ျပန္၍ သက္ဝင္လွုပ္ရွားလာသည္။ ရွန့္ေခ်ာင္ ေစာင္ျခဳံထဲမွ ထြက္လာခ်ိန္တြင္ ႀကိဳးစမွာ ရြက္ဖ်င္ထဲအတြင္းသို႔ ေရာက္ရွိေနကာ မည္သည့္အခ်ိန္ကတည္းက လာေရာက္ထည့္ထားမွန္း မသိရ​ေပ။

သူမလက္ေကာက္ဝတ္မွ ႀကိဳးကို ေျဖလိုက္ကာ ႀကိဳးစေခြရစ္ၿပီးေနာက္ သိမ္းလိုက္သည္။

ထိုေန႔တေနကုန္မွာ ေတာင္ေပၚ ေနရာအႏွံ့ရိုက္ကူး၍ အခ်ိန္ကုန္ဆုံးသည္။

ဓားစာခံမ်ားကို ကယ္တင္ရန္အတြက္ န်ဲ့ခ်င္းက ျပန္ေပးဆြဲသမားမ်ားထံမွ ျပန္ေပးဆြဲခံလိုက္ရသည္။ ျပန္ေပးဆြဲသမားမ်ားထံတြင္ ေသနတ္မ်ား ဓါးမ်ား ပါလာကာ သူမက ဇြတ္တရြတ္ လုပ္ေဆာင္၍ မျဖစ္ေပ။

သူမေနာက္မွ လိုက္လာမည့္ အေဖာ္မ်ားအတြက္ နည္းလမ္းရွာ၍ အမွတ္အသားမ်ား ခ်န္ထားရစ္ၿပီး ထြက္ေျပးနိုင္မည့္ အခြင့္အေရးအား ေခ်ာင္းေျမာင္းသည္။ န်ဲ့ခ်င္း ခံစားသည့္ ဒုကၡမ်ားအား ေပၚလြင္ေစရန္ ဒါရိုက္တာက ရွန့္ေခ်ာင္အား ရႊံ့ေတာထဲတြင္ ခုႏွစ္ႀကိမ္၊ ရွစ္ႀကိမ္မၽွ အတက္အဆင္းလုပ္ခိုင္းကာ ေနာက္ဆုံးတြင္ နားအတြင္းသို႔ပင္ ရႊံ့မ်ား ဝင္ေရာက္သည္အထိ။

ထိုဇာတ္ဝင္ခန္းအား ရိုက္ကူးၿပီးသည္ႏွင့္ တင္းက်န္က နားၾကပ္တံကို ခပ္ျမန္ျမန္ထုတ္ယူကာ သူမနားအား သန့္စင္ေပးသည္။

ေနာက္ထပ္ရိုက္ကူးရမည့္ ဇာတ္ဝင္ခန္းမွာ သူမ ေသနတ္ျဖင့္ အပစ္ခံရၿပီးေနာက္ ဆင္ေျခေလ်ာအတိုင္း ျပဳတ္က်သည့္အခန္းျဖစ္သည္။ ကံေကာင္းစြာျဖင့္ သူမက ျပဳတ္က်သည့္ေနရာ၌သာ သ႐ုပ္ေဆာင္ရန္ လိုၿပီး ဒလိမ့္ေကာက္ေကြးက်သည့္ လွုပ္ရွားမွုကိုမူ အစားထိုးသ႐ုပ္ေဆာင္က ေဆာင္ရြက္သည္။

လူစားထိုးက ျပဳတ္က်သည့္ လွုပ္ရွားမွုအား အဆုံးသတ္ၿပီးေနာက္ ဆက္တင္အဖြဲ႕က သူမဝမ္းဗိုက္ေပၚရွိ ေသနတ္ဒဏ္ရာအား ျပဳလုပ္ၿပီးျဖစ္သည္။

သူမက ေျမျပင္ေပၚ လဲေလ်ာင္းေနကာ တစ္ကိုယ္လုံး ရႊံ့ေပေနသည့္ ေဟာ့ရွီးက သူမေဘး ဒူးေထာက္လ်က္သား။

ဒါရိုက္တာ - "Action!!"

ေဟာ့ရွီး ေျပးလာကာ သူမအား ေပြ႕ဖက္လိုေသာ္လည္း သူမတစ္ကိုယ္လုံး ေသြးလႊမ္းလ်က္ရွိၿပီး ဒဏ္ရာမွာ မည္သည့္ေနရာ၌ ရွိမွန္း မသိရေခ်။ သူ႔လက္မွာ တုန္ယင္ေနကာ သူမလည္ပင္းနား ေပြ႕ထားသည္။ စိတ္ခံစားခ်က္မ်ားအား လြယ္လင့္တကူ ထိန္းခ်ဳပ္နိုင္သည့္ ေရွ႕ေနရႊီ၏ မ်က္ဝန္းတို႔မွာ မ်က္ရည္စတို႔ ခိုတြဲလ်က္ရွိၿပီး သူ႔အသံမွာ အက္ကြဲလ်က္။

"န်ဲ့ခ်င္း... န်ဲ့ခ်င္း...."

သူမမ်က္ဝန္းတို႔ အတန္ငယ္ပြင့္ဟလာၿပီး သူ႔ထံ တႀကိမ္တခါမွ ျပဳံးျပဖူးျခင္းမရွိသူက ထိုအခိုက္တြင္ ႏူးႏူးညံ့ညံ့ျပဳံးျပကာ ခပ္ဖြဖြေမးသည္။

"ရႊီလုရွန္း၊ ရွင္ ဘာလို႔ ဒီေရာက္ေနတာလဲ? အမွုလိုက္ေတြ စစ္ေဆးတာကို ေႏွာင့္ယွက္ရင္ေတာ့...."

သူမက ပါးစပ္တြင္းရွိ ေသြးအိတ္အား ကိုက္ေဖာက္လိုက္ကာ ခံတြင္းမွ ေသြးအန္ထြက္လာသည္။

သူ႔လက္မ်ား တုန္ယင္ေနသည္မွာ လက္ေခ်ာင္းမ်ားပင္ ျဖဴေရာ္လာသည္အထိ။

သူက သူမပါးစပ္ေထာင့္မွ ေသြးစတို႔ကို အလၽွင္အျမန္သုတ္ေပးလာၿပီးေနာက္ ဆိုသည္။

"စကားမေျပာနဲ႔၊ စကားမေျပာပါနဲ႔...."

သူ႔ကုတ္အက်ီကို ခၽြတ္၍ စုတ္ျဖဲကာ သူမဗိုက္မွ ဒဏ္ရာအား ေသြးတိတ္ေစရန္ ႀကိဳးပမ္းသည္။ သို႔ရာတြင္ သူ ဘယ္လိုႀကိဳးစားႀကိဳးစား ဆြဲျဖဲ၍ မရေပ။

သူ႔မ်က္ဝန္းတို႔မွာ နီရဲလ်က္ရွိၿပီး ႏွုတ္ခမ္းကိုက္ထားသည္မွာ ႐ူးႏွမ္းခါနီး လူတစ္ေယာက္လို။

ျပဲဟရာေနရာ ေပၚထြက္လာၿပီးေနာက္ သူ႔အက်ီစ ဆုတ္ျပဲသြားသည္။ အက်ီအား လုံးေျခကာ သူမဒဏ္ရာေပၚ ဖိကပ္ထားေသာ္လည္း မ်ားမၾကာမီပင္ ထိုအက်ီစေပၚသို႔တိုင္ ေသြးမ်ား စိုရြဲလာသည္။ ေဟာ့ရွီးက ေသြးေပေနသည့္ သူ႔လက္ကို ဖိထားလ်က္ျဖင့္ အက္ကြဲစြာ ျမည္တမ္းသည္။

"မလုပ္... န်ဲ့ခ်င္း... မျဖစ္ရဘူး..."

ထိုရိုးရွင္းသည့္စကားလုံး အနည္းငယ္မွ လြဲ၍ သူကား ေျပာစရာ စကားမဲ့လ်က္ရွိသည္။

အဖြဲ႕သားမ်ားအားလုံး တိတ္ဆိတ္လ်က္ရွိကာ တင္းက်န္မွာ ေဘးမွ ၾကည့္ေနရင္း တိတ္တဆိတ္ မ်က္ရည္က်သည္။ ခဏအၾကာတြင္ ဒါရိုက္တာက လွမ္းေအာ္သည္။

"ကဒ္!! အိုေက!! ေနာက္တစ္ဆင္းဒ္အတြက္ အသင့္ျပင္"

ရွန့္ေခ်ာင္ ေျမႀကီးေပၚမွ ထထိုင္လိုက္ကာ ေဟာ့ရွီးမွာ ဒူးေထာက္ေနဆဲ။ သူမ သူ႔လက္အား ဖြဖြထိေတြ႕ကာ ေခါင္းငဲ့၍ ခပ္တိုးတိုးေခၚလိုက္သည္။

"ေဟာ့ရွီး?"

ခဏအၾကာတြင္ သူ႔မ်က္ဝန္းတို႔ တျဖည္းျဖည္း ပင့္တက္လာၿပီး သူမ၏ ေသြးစြန္းေနသည့္ မ်က္ႏွာထံ အၾကည့္ေရာက္လာသည္။ သ႐ုပ္ေဆာင္ေနစဥ္တုန္းကကဲ့သို႔ သူ႔အသံမွာ အက္ကြဲေနဆဲ။

"ေခ်ာင္ေခ်ာင္"

"ကၽြန္မ ဒီမွာ ရွိတယ္"

သူက သ႐ုပ္ေဆာင္မွုထဲ နစ္ဝင္ေနဆဲျဖစ္ကာ ယခုခ်ိန္ထိ ထိုခံစားခ်က္မ်ားမွ ႐ုန္းမထြက္နိုင္ေသးမွန္း သူမသိသည္။

ထိုဝမ္းနည္း၍ ေဆာက္တည္ရာမဲ့ေသာ မ်က္ဝန္းမ်ားက သူမအား ႏွလုံးကြဲေၾကေစသည္။ သူ႔လက္ကို ကိုင္ရင္း ေႏြးေထြးသည့္ခံစားခ်က္က သူတို႔လက္ဖဝါးမွတဆင့္ စိမ့္ဝင္သြားသည္။ ရွန့္ေခ်ာင္ တီးတိုးဆိုသည္။

"ေဟာ့ရွီး ကၽြန္မ ဒီမွာေလ"

သူ႔မ်က္ဝန္းအၾကည့္တို႔တြင္ သူမအား ေပြ႕ဖက္လိုဟန္မွာ အထင္းသား။ သို႔ရာတြင္ ေဘးပတ္လည္တြင္ ရိုက္ကူးေရးအဖြဲ႕သားမ်ား ရွိေနေသာေၾကာင့္ ေပြ႕ဖက္၍ မရ။ သူ႔စိတ္ႏွလုံးအတြင္းရွိ လွုပ္ခတ္ေနသည့္ ခံစားခ်က္မ်ားကို ခ်ိဳးႏွိမ္ရန္ သူမလက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားရန္သာ တတ္နိုင္သည္။ သူ႔အားမွာ ျပင္းလြန္းသျဖင့္ သူမ နာသြားေသာ္လည္း စကားတစ္ခြန္းေသာ္မၽွမဆို။ သူ႔အား ႏူးႏူးညံ့ညံ့ျဖင့္ စိုးရိမ္ပူပန္စြာသာ စိုက္ၾကည့္ေနသည္။

ေရွာင္တန့္ႏွင့္ တင္းက်န္ ႏွစ္ေယာက္စလုံး ေျပးလာသည္။ ေဟာ့ရွီး မ်က္လႊာခ်ကာ တျဖည္းျဖည္း လက္လႊတ္လိုက္ၿပီးေနာက္ မတ္တပ္ရပ္ကာ စကားတစ္ခြန္းမဆိုပဲ ရြက္ဖ်င္တဲဆီသို႔ အနားယူရန္ ထြက္ခြါသြားသည္။ တင္းက်န္က သူမအား လမ္းေလၽွာက္နိုင္ရန္ ကူညီေပးရင္း ႏွာတရွုံ႔ရွုံ႔။

"သ႐ုပ္ေဆာင္တာ အရမ္းေကာင္းတာပဲ၊ ရင္ထဲကို ထိသြားတာပဲ"

ဇစ္ဆြဲထားႏွင့္ၿပီးျဖစ္သည့္ ရြက္ဖ်င္တဲထံ ရွန့္ေခ်ာင္ လွမ္းၾကည့္ကာ ခပ္ဖြဖြ သက္ျပင္းခ်သည္။

......
သုံးရက္အၾကာတြင္ ေတာင္ေပၚ၌ ရိုက္ကူးရမည့္ ဇာတ္ဝင္ခန္းမ်ားအားလုံး ၿပီးဆုံးသြားသည္။ စခန္းခ်ရာေနရာအား သိမ္းဆည္းၿပီးေနာက္ ကားက သူတို႔အား ေတာင္ေအာက္ဆင္းရန္ လာေခၚသည္။

မေန႔က ဖန္းပိုင္ေရာက္လာကာ အမူးေျပေဆး ယူလာေပးသည္။ ရွန့္ေခ်ာင္ ကားေပၚမတက္ခင္ ေဆးေသာက္လိုက္ကာ ကား ေတာင္ေျခေရာက္သည္အထိ အိပ္၍ လိုက္ပါသြားသည္။

ေတာင္ေပၚရိုက္ကူးရသည့္ ဇာတ္ဝင္ခန္းမ်ားမွာ ပင္ပန္းလြန္းသျဖင့္ ဒါရိုက္တာက သူတို႔ ေကာင္းေကာင္းအနားယူနိုင္ေစရန္ ေန႔တဝက္ခြင့္ေပးကာ မနက္ျဖန္မွ ရိုက္ကြင္းျပန္စမည္ျဖစ္သည္။

ရွန့္ေခ်ာင္မွာ အမွန္တကယ္ပင္ ပင္ပန္းႏြမ္းနယ္လ်က္ရွိသည္။ ေရခ်ိဳးၿပီးေနာက္ သူမ အိပ္ရာေပၚ လွဲေနကာ လွုပ္ပင္ မလွုပ္ခ်င္။ သူမ weibo ကို အေပၚေအာက္ဆြဲၾကည့္ကာ super topic မ်ားထဲ ဝင္ၾကည့္ၿပီးေနာက္ မဲစာရင္းတြင္ က်န္ခဲ့သည္မ်ားအား ၾကည့္ရွုသည္။

Super topic ရွိ ဗီဒီယိုမ်ားႏွင့္ ဓါတ္ပုံမ်ားကို ျမင္လၽွင္ ရွန့္ေခ်ာင္ အေတြးထဲ၌ 'မိုးေကာင္းကင္က ေတာင္တန္းမ်ားအေပၚ ေရြ႕လ်ားေနတယ္' ဟူေသာ စကားလုံးအား ေတြးေတာမိကာ ေဟာ့ရွီး၏ ေသြးစြန္းေနသည့္လက္မ်ားက သူမအား ေပြ႕ထားသည္ကို ျမင္ေယာင္လာသည္။

သူမ မတ္တပ္ထကာ အိတ္ထဲမွ ႀကိဳးေခြကို ထုတ္ယူလိုက္သည္။

ေဟာ့ရွီးက ထိုႀကိဳးကို ဆက္တင္အဖြဲ႕ေခါင္းေဆာင္ထံမွ ေတာင္းယူလာခဲ့ျခင္းျဖစ္ကာ ေတာင္ေပၚ ရြက္ဖ်င္တဲအတြင္း အိပ္စက္ရသည့္ သုံးညလုံးလုံး သူမလက္ေကာက္ဝတ္တြင္ ခ်ည္ေႏွာင္ေပးခဲ့သည္။

သူမ ႀကိဳးဆြဲလိုက္သည့္အခ်ိန္တိုင္း သူ႔ထံမွ တုံ႔ျပန္မွုကို ရခဲ့သည္။ သူမဦးေႏွာက္အတြင္း အေတြးတို႔ လြန္ဆြဲလ်က္ရွိ၏။

သူမ မတ္တပ္ရပ္ရာမွ ထိုင္ကာ ထိုင္ေနရာမွ လွဲေလ်ာင္းသည္။ သူမ စိတ္ရွုပ္ေထြးလြန္းသျဖင့္ မေနနိုင္ပဲ ဖုန္းထုတ္လိုက္ကာ က်ဳံးရွန္းဆီ မက္ေဆ့ခ်္ပို႔လိုက္သည္။

"ေဟာ့ရွီး ငါ့ကို သေဘာက်တယ္လို႔ ငါထင္ေနတယ္"

ငါးမိနစ္အၾကာတြင္ က်ဳံးရွန္းဆီမွ ျပန္စာကို လက္ခံရရွိသည္။

"နင္ ေႏြလယ္ေခါင္ အိပ္မက္ မက္မေနနဲ႔"

ရွန့္ေခ်ာင္ - "......"

သူမမ်က္ႏွာေပၚ စိတ္ဓါတ္က်သြားဟန္ျဖင့္ အိပ္ရာေပၚ ျပန္လွဲလိုက္သည္။

မိုးမေမွာင္ခင္မွာပင္ သူမ အိပ္ေမာက်သြားေလၿပီ။

*****
Happy New Year ညႀကီးမွာကြာ၊ ကိုယ္တိုင္လည္း မူးလို႔ ရွူစရာ ဘဲမရွိပဲနဲ႔ ဒီကဲကဲသဲသဲအတြဲ ရိုေနတာကို ဘာသာျပန္ေနရတာ အဆင္ေျပမေနေတာ့ဘူးလို႔ 😭😭

Btw, Happy New Year Everyone !!! 💙💙

*****

Đọc tiếp

Bạn Cũng Sẽ Thích

22.8K 1.4K 42
ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world the pillow book 2 Myanmar translation b...
289K 4.3K 39
The class of 1-A were randomly sitting in the common space of their dorms until their teachers and the schools avid inventor Hatsume came into the ro...
23.2K 1.1K 10
Tay and New have been married for years and they try to figure out how to change their dynamic once they discover they're expecting. Oh! Did I mentio...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...