GTKWF (Myanmar Translation )

By Liz_774

338K 46.1K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 90

1.8K 300 45
By Liz_774

{Unicode}

အပိုင်း ၉၀

ထိုဇာတ်ဝင်ခန်းနှင့် ပတ်သက်၍ ဟော့ရှီး၏ သရုပ်ဆောင်မှုကို ဒါရိုက်တာဝမ်က အလွန်အမင်း စိတ်ကျေနပ်မှုရှိသည်။ ဖိနှိပ်ထားရသည့် မကျေမချမ်းဖြစ်မှုနှင့် စိတ်ဆိုးဒေါသထွက်မှုအား ဖွင့်ထုတ်ပြလိုသော်လည်း တစ်ဖက်လူအား ထိခိုက်နာကျင်စေရန် မစွမ်းသာသည့် အခြေအနေကြောင့် အသိစိတ်တစ်မျှင်အား ခက်ခက်ခဲခဲဖမ်းဆွဲထားရသည့် အမူအရာမှာ ကင်မရာထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။

ဤကဲ့သို့ ကျိုးကြောင်းညီညွတ်သည့် စိတ်ခံစားမှု ပြကွက်တွင် 'အများအကျိုးကို အသုံးချ၍ ကိုယ်ကျိုးရှာ'နေမှန်း မည်သူမျှ သံသယ မဝင်ချေ။

ကြောင်အမ်းနေဆဲ စိတ်အခြေအနေတွင် ရှိနေဆဲဖြစ်သည့် ရှန့်ချောင်ကို ကြည့်ကာ လူတိုင်း၏ မျက်ဝန်းအကြည့်များက စာလုံးကြီးလေးလုံးကိုသာ စိတ်လှုပ်ရှားစွာ ဖော်ပြနေသည်- 'ဘဝ၏ အောင်နိုင်သူ' ဟူ၍။

တင်းကျန်က သူမအား ဆွဲခေါ်ကာ ထိုင်စေပြီးနောက် ရေပုလင်းဖွင့်ပေးကာ သူမ၏ နီရဲကာ ယောင်ယမ်းနေသည့် နှုတ်ခမ်းသားကို ကြည့်ရင်း ရယ်မောလိုစိတ်ကို ထိန်းချုပ်၍ မေးသည်။

"ချောင်ချောင်၊ နင် ပျော်နေလား?"

ရှန့်ချောင်က တညီးတညူဆိုသည်။

"သူ ငါ့ကို ကိုက်တယ်"

တင်းကျန်ခမျာ ရယ်သေလုနီးနီး။

ရှန့်ချောင် သူမနှုတ်ခမ်းထောင့်အား တို့ထိကြည့်လိုက်၏။ သူ သူမအား အကြမ်းပတမ်း ကိုက်ခဲခဲ့သည့်နေရာရှိ အရေပြားမှာ ပေါက်ပြဲနေလေပြီ။ ရေသောက်နေရင်း ထိုနေရာကို မတော်တဆထိမိသဖြင့် နာကျင်မှုကြောင့် အသံထွက်မိသွားသည်။

ဒါ လွန်လွန်းတယ်!! ရုပ်ရှင်ရိုက်တာလေးပဲဟာ... ဒီလောက်ထိ တလေးတနက် အားသုံးစရာ လိုလို့လား?

ရိုက်ကွင်းပေါ်က ငါ့အိုင်ဒေါလ်နဲ့ ပထမဆုံးအနမ်းခန်းအကြောင်း စဉ်းစားလိုက်ရင် ကောင်းတဲ့ အမှတ်တရတောင် ရှိမနေဘူး... မှတ်မိတာဆိုလို့ နာတာပဲ!

ဟမ့်!!

ရှန့်ချောင် သူ့အား နာရီဝက်တိတိ လစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။

ဆယ်မိနစ်အကြာ ရှောင်တန့် အနားသို့ ရောက်လာကာ သူမထံ အစိမ်းရောင်လိမ်းဆေးဘူး ကမ်းပေးပြီးနောက်

"ရှီးကောက ငါ့ကို မင်းအတွက် ဆေးဝယ်ခိုင်းလိုက်လို့၊ မင်းနှုတ်ခမ်းထောင့်က ဒဏ်ရာအတွက်တဲ့"

ရှန့်ချောင် - ဝူး... ဝူး... ဒါဘယ်လိုတောင် အဖိုးတန်တဲ့ အိုင်ဒေါလ်မျိုးလဲ? ငါ သူ့ကို တသက်လုံး ချစ်သွားမှာ....

(T/N: Second hand embarrassment တွေ ရလိုက်တာ 🤦🏻‍♀️🤦🏻‍♀️)

......
ထိုနေ့ညအတွက် ညဘက်ရိုက်ကူးရန် ဇာတ်ဝင်ခန်းမရှိတာမို့ ရိုက်ကွင်းအား ညနေဘက်တွင် သိမ်းနိုင်သော်လည်း လင်းယင်ထုန်ပါဝင်သည့် နောက်ဆုံးရိုက်ကူးခန်းမှာ အဆင်မပြေဖြစ်ကာ မိနစ်လေးဆယ်ကျော် ကြာသွားသည်။ တင်းကျန်မှာ စိတ်လောကြီးလွန်းနေသဖြင့် အံကြိတ်ရင်း ဆိုသည်။

"ဒီခရမ်းသီးမရဲ့ သရုပ်ဆောင်စကေးက ညံ့လိုက်တာ၊ သူများတွေရဲ့ အချိန်ကို အလကားဖြုန်းနေတာပဲ!!"

ရှန့်ချောင် - "ဘာလောနေတာလဲ? နင် အလုပ်ရှိလို့လား?"

တင်းကျန် - "ငါ ပြန်သွားပြီး 'Escape from Life' ကြည့်ချင်တယ်"

ရှန့်ချောင် - " ??? "

လူတိုင်းမျှော်လင့်တကြီး စောင့်ဆိုင်းနေသည့် Escape from Life ၏ လူသူမဲ့ကျွန်း ဒုတိယပိုင်းမှာ နောက်ဆုံးတွင် ထုတ်လွှင့်လာလေပြီ။

သင်္ဘောရှာ CP ဖန်များမှာ နောက်ဆုံးတွင် သူတို့ပိုင်ဆိုင်သည့် နွေဦးလေပြည် သမ်းလာလေပြီ။ ဒီတကြိမ်တွင်တော့ သူတို့အားလုံးက ကျိန်းသေပေါက် အစီအစဉ်မှ လက်ကျန်အင်အားကို အသုံးချကာ သင်္ဘောရှာ CP ကို ပြန်လည် အားဖြည့်မည်ဖြစ်ပြီး ဟော့ရှန့် CP ခိုးယူသွားခဲ့သည့် သူတို့ပိုင်ဆိုင်သော အာရုံစိုက်ခံရမှုများနှင့် နာမည်ကျော်ကြားမှုများအား ပြန်လည် ရယူပေမည်။

ပြီးခဲ့သည့်တစ်ခေါက် ထုတ်လွှင့်မှု အပိုင်းမှာ ရှန်ကျွင့်ယီးက သူ့ရင်ခွင်ထဲ ရှန့်ချောင်အား ပွေ့ဖက်ထားကာ တံခါးကန်ဖွင့်လိုက်သည့် မြင်ကွင်းတွင် အဆုံးသတ်ထားသည်။

ကြည့်ရှုနေသူအားလုံး တွေးထင်ထားခဲ့သည်မှာ ကြောက်စရာအနီရောင်မီးအိမ်ချိတ်ထားပြီး တံခါးရှေ့တွင်လည်း အရိုးပြာအိုးရှိသည့်အပြင် အခန်းတွင်းမှ ဖြာကျနေသည့် အစိမ်းရောင်အလင်းကြောင့် ထိုအိမ်မှာ သရဲအိမ်ဖြစ်ရမည်ဟူ၍ပင်။

ထိတ်လန့်စရာ သရဲအိမ်ပေါ်ထွက်လာမှုအတွက် ကြည့်ရှုသူ မည်မျှက ခန္ဓာကိုယ်ကာကွယ်ရေးအစီအမံအနေဖြင့် စာလုံး ၂၄ လုံးပါ ဂါထာအား ကြိတင် ပြင်ဆင်ထားခဲ့ကြသနည်း။ သို့ရာတွင် ပေါ်ထွက်လာသည့်မြင်ကွင်းမှာ ဒါရိုက်တာအုပ်စုလိုက်က အခန်းတွင်းထိုင်နေကာ အချို့မှာ အသင့်စားခေါက်ဆွဲခြောက်များ စားနေကြသည်။

ကြည့်ရှုသူများ - ???

ယခုအခါတွင် ဒီအစီအစဉ်မှာ အမှန်တကယ်ကိုပင် ဇာတ်တိုက်ထားခြင်း မရှိကြောင်း သူတို့အားလုံး ယုံကြည်လက်ခံသွားကြသည်။

နှလုံးကယ်ဆေးရှာနေတဲ့ တာဝန်ခံဒါရိုက်တာရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာအမူအရာကို ကြည့်ပါဦး!

နောက်ပြီး ရိုက်ကူးရေးအဖွဲ့သားရဲ့ ဒေါသတကြီး အော်ဟစ်သံ ဖြစ်သည့် 'ဘာအရိုးပြာအိုးလဲ!! အဲ့ဒါ မနက်ဖြန် မနက်စာ' ဟူသည့် စကားသံ။

သင်္ဘောပေါ်မှ ဆင်းမလာနိုင်သည့် အဖွဲ့သားနှစ်ယောက်ခမျာ ဒါရိုက်တာများ၏ ညအိပ်တဲကိုယူကာ တောနက်ထဲ ကြုံသလို အိပ်လိုက်ရသည့်အဖြစ်ကို ကြည့်စမ်း!

ကျေးဇူးပြုပြီး တစ်ယောက်ယောက်က ဒီ Variety Show ရဲ့ ရှေ့က Horror ဆိုတဲ့ စကားလုံးကို ဖြုတ်ချပေးပါလား!

နင်တို့က ခြောက်လှန့်ဖို့ လာတာမဟုတ်ဘူး၊ ဟာသလုပ်ဖို့ လာနေတာ...

ထို့ပြင် လက်ရှိတွင် ရှန့်ချောင်က ဟော့ရှီး၏ ဖန်ဖြစ်ကြောင်း သေချာသွားပြီးနောက် ရှီးကွမ်းတစ်ယောက်အနေဖြင့် ကြည့်ရှုခြင်းက ပျော်စရာသိပ်မကောင်းလှပေ။

ကွန်မန့်များ -

[ရှန်ကျွင့်ယီးက အတူမရှင်ရင်တောင် အတူသေမယ်လို့ ပြောတာကို ရှန့်ချောင်ကြားလိုက်တော့ သူ လန့်သွားပြီး ချက်ချင်း သင်္ဘောထရှာတော့တာပဲ... ဟားဟား...]

[ငါ, ရှန့် , ရှီးကွမ်း, ချောင်က ဒီနေ့ ဒီနေရာကနေ ခုန်ချပြီး ရေနစ်သေမယ်ဆိုရင်တောင် ပြိုင်ဘက်နဲ့တော့ အတူမသေနိုင်ဘူး!]

[ဟော့ရှန့် CPကမှ အစစ်အမှန်!!]

[သင်္ဘောရှာ CP အဓွန့်တည်တံ့ပါစေ!!]

[အပေါ်ထပ်က CP ခွေးနှစ်ကောင် အပြင်ထွက်ပြီး သွားကိုက်၊ ဒီမှာ ရွံစရာတွေ လာလုပ်ပြမနေနဲ့]

[နင် မိုးကောင်ကင်နဲ့ မြေကြီးကို ဂရုမစိုက်ပဲ ငါ့ CP ဖန်ကျမှ လာဂရုစိုက်နေပါ့လား?]

[ငါ အိုင်ဒေါလ်နောက်လိုက်တာ သဘောကျလို့လေ၊ ငါ ဘယ်လောက် ကြိုးစားပမ်းစား လိုက်လိုက်လေ၊ နင် ဒီလောက် ငါ့ကို ဂရုစိုက်နေရင် နင့်နောက် လိုက်ပေးရမလား?]

[နင်တို့ဖန်တွေအားလုံး toxic ပဲလား?]

Barrage နေရာမှာ ရှီးကွမ်းနှင့် ယီးရန်၊ သင်္ဘောရှာအဖွဲ့နှင့် ဟော့ရှန့်၊ ရှီးကွမ်းနှင့် ဟော့ရှန့်၊ ယီးရန်နှင့် သင်္ဘောရှာအဖွဲ့ စသည်ဖြင့် အဖွဲ့ပေါင်းစုံ၏ စစ်မြေပြင်နေရာဖြစ်သည်။ ထို လေးစုအဖွဲ့၏ ပေါင်းစပ်မှုအင်အားမှာ တနေ့နဲ့ တည မရပ်မနား တိုက်ခိုက်နိုင်ပြီး ဖြတ်သွားဖြတ်လာဖန်များမှာ တိတ်တဆိတ်ပင် Barrage အား ဖျောက်ထားကြသည်။

ရှန့်ချောင်နှင့် ကျီကျားယို့ ပေါင်းစုံပြီးနောက် အခြားသူများ၏ မြင်ကွင်းများကိုပါ နောက်ဆုံးတွင် တည်းဖြတ်ထည့်သွင်းလာသည်။ သူတို့သုံးဦးသားက ကျန်းမင်နှင့် ဖန်းကျီအား သတ်ပစ်လိုက်ကာ သင်္ဘောရှာဖွေခြင်း ခရီးစဉ်ကို အတူတကွ စတင်သည်။

Barrage ;

[တောင်းပန်ပါတယ်... ငါ ရုတ်တရက်ကြီး ကျားချောင် (တံတား) ကို စတန်းချင်လာတယ်]

(T/N - တံတားက ကျချောင် (架桥)ပါ။ ကျီကျားယို့ရဲ့ ကျားနဲ့ ရှန့်ချောင်ရဲ့ ချောင်ကို အသံထွက်တူတဲ့ တခြားစာလုံးနှစ်လုံးနဲ့ ဖလှယ်ထားတာပါ။ အသံထွက် ပိုဆင်အောင် ကျားချောင်(တံတား) လို့ သုံးထားပါတယ်။ ဟော့ရှန့် CP လို အသံထွက်ဖလှယ်ထားတဲ့ CP နာမည်ပါ)

[? ? ? ? ? ?]

[အပေါ်ထပ်ကလူက နတ်ဆိုးဖမ်းစားခံရတာလား? ဒီကလေးက အခုမှ ၁၈နှစ်ပဲရှိသေးတာလေ!!!]

[မမနဲ့မောင်လေး CP, ငါကြိုက်တယ်!!]

[သင်္ဘောရှာ CP က လူယုတ်မာဒရာမာ၊ တံတားဆောက်တာကမှ အိုင်ဒေါလ်ဒရာမာ၊ ငါ တံတားဆောက်ဖို့ လာပြီ!]

[နင်တို့အားလုံး ကြပ်မပြည့်တဲ့ကောင်တွေ၊ နင်တို့တမိသားစုလုံး ကြပ်မပြည့်တွေ!! သင်္ဘောရှာ CP ကမှ တကယ့် ရန်သူကနေ ချစ်သူပြောင်းတဲ့ အိုင်ဒေါလ်ဒရာမာ! အကုန်နောက်ဆုတ်ကြ!]

[နင်တို့အားလုံး ဒီမှာ CP အပျော်တမ်းဖွဲ့နေတာ၊ ရှန့်ချောင်က CP Queen လား? သူက ဘယ်သူနဲ့မဆို CP လုပ်လို့ ဖြစ်တာပဲလား?]

[ဟုတ်တယ်၊ နက်တစ်ဇင်တွေက သူတို့ဘာသာ အပျော်လျှောက်ပြောနေပြီး အပြစ်ပြောခံရတော့ ငါတို့ချောင်ချောင်ပဲ]

[CP အားလုံး ငြင်းပယ်ပြီး ချောင်ချောင်ကို ခေါ်ထုတ်!]

သူတို့သုံးယောက် ရှေ့ဆက်တိုးသွားသည်နှင့်အမျှ ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာသည်။ ရှန်ကျွင့်ယီးက မြက်ပင်များအောက်တွင် ဖုံးကွယ်နေသည့် ကျောက်စာတိုင်ကို မတော်တဆရှာတွေ့သွားသည်။ ရှန့်ချောင်က ကျောက်စာတိုင်ကို အသုံးချ၍ သင်္ဘောတည်ရှိရာအရပ်နှင့် အချိန်ကို ခန့်မှန်းလိုက်နိုင်သည်။

သူမ၏ ဖြတ်ထိုးဉာဏ်ကောင်းမှုနှင့် အကင်းပါးမှုမှာ နက်တစ်ဇင်များအား နောက်ထပ်တကြိမ် အထင်ကြီးသွားစေသည်။

နောက်ဆုံးတကြိမ် သရဲမင်္ဂလာပွဲတွင် အဓိကကျသည့်အချက်ကို သူမ ခန့်မှန်းနိုင်ခဲ့ပြီး ဒီတစ်ခေါက်တွင် ရိုက်ကူးရေးအဖွဲ့သားများ၏ လှည့်ကွက်ကို ဖြေရှင်းနိုင်ခဲ့သည်။ လူတိုင်းက CP များအကြောင်း ပြောနေသည်ကို ရပ်လိုက်ကာ ဤကဲ့သို့ ချစ်စဖွယ်မိန်းမပျိုလေးက ဉာဏ်ရည်မြင့်ခြင်းအပေါ် သူတို့အားလုံး၏ နှစ်သက်သဘောကျမှုကို ဖော်ထုတ်လာသည်။

ကင်မရာရိုက်ကွက် မြင့်တက်သွားသည်နှင့်အမျှ သူတို့အားလုံး တောင်ပေါ်တက်လာကာ အောက်သို့ ငုံ့ကြည့်လျှင် ကမ်းစပ်တွင် ရပ်ထားသည့် လှေတစ်စင်းအား မြင်တွေ့နိုင်သည်။ ရှန်ကျွင့်ယီးက အပြောင်အပြက်မျက်နှာပြုလုပ်ကာ ရှန့်ချောင်အား အနိုင်ရစေပြီး သူ၏ နောက်ဆုံးကတိစကားဖြစ်သော 'ငါ့ညီအစ်ကိုကို သင်္ဘောပေါ်တင်ပေးမယ်' ဟူသည့်စကားမှာ မိန်းကလေးများ ချစ်သူရှာဖွေရေးအတွက် ဆောင်ပုဒ်ဖြစ်လာသည်။

ဘာ CP? ဘာ ချစ်မြတ်နိုးမှုလဲ? ကျယ်မေ့တို့... မျက်လုံးဖွင့်ပြီး သေချာကြည့်ကြ! ဒီဟာပဲ!

ငါ့အသင်းသားအပေါ် သစ္စာဖောက်ရမယ်ဆိုရင်တောင် မင်းအနိုင်ရစေရမယ်၊ ငါသေရမယ်ဆိုရင်တောင် မင်းထွက်ခွါနိုင်အောင် ငါ လုပ်ပေးမယ်... ဝူးးး... ဒါဘယ်လိုတောင် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမျိုးလဲ? ကျိန်းသေပေါက် သော့ခတ်လိုက်ပြီး ငါ သော့ကို မျိုချလိုက်ပြီ!!!

ရှန်ကျွင့်ယီးက ရှန့်ချောင်အား တောင်အောက်သို့ လိုက်ပို့သည်။

ရှန်ကျွင့်ယီးက ရှန့်ချောင်အား သင်္ဘောပေါ်သို့ တက်စေသည်။

ရှန်ကျွင့်ယီးက ရှန့်ချောင်အား ပစ်သတ်လိုက်သည်။

ရှန့်ချောင် သေဆုံးသွားကာ ပြိုင်ပွဲမှ ထုတ်ပယ်ခံရပြီး ရှန်ကျွင့်ယီး နိုင်သွားသည်။

သင်္ဘောရှာနေသူများ - [ ? ? ? ? ? ? ? ? ! ! ! ! ! ]

ကြည့်ရှုသူများ - [hahahahhahahahhaahhahaha]

[ဟဲလို... ဒါ 120 ကလား? ဟုတ်တယ်၊ ငါ အရေးပေါ်ဆေးအဖွဲ့ ခေါ်ဖို့၊ ငါ သော့ထုတ်ဖို့ အရေးပေါ် ခွဲစိတ်စရာလိုလို့]

[ယနေ့အတွက် သတင်းခေါင်းစဉ် ; ရှန်ကျွင့်ယီး CP အဖွဲ့အား ဖျက်ပစ်၊ ရှန့်ချောင် ဒေါသတကြီး ထွက်ခွါ...]

ဟော့ရှန့်အဖွဲ့ - [hahahahhahahahhahahhaha !!]

'Escape from Life' ၏ ကျော်ကြားမှုမှာ ရက်အနည်းငယ်ကြာမြင့်ကာ 'ရှန်ကျွင့်ယီး သင်္ဘောရှာ CP အား တမင်တကာ ဖျက်ဆီး' ဟူသည့် ခေါင်းစဉ်သည်လည်း ရှာဖွေမှုအဆင့်ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။ ဒါက သင်္ဘောရှာအဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်လာမယ်လို့ ငါထင်ထားခဲ့တာ၊ အဆုံးသတ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...

ကျိန်းသေပေါက်ကိုပင် အပျော်ဆုံးလူသားများမှာ ဟော့ရှန့်အဖွဲ့ဖြစ်သည်။ သူတို့ပို၍ ပျက်ဆီးလေ၊ သူတို့အခြေအနေက ပိုတည်ငြိမ်လေပင်!

သို့ရာတွင် ထိုအကြောင်းအရာအားလုံးမှာ ရှန့်ချောင် မသိသည့် ကိစ္စရပ်များဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့တွင် အားကြိုးမာန်တက် သရုပ်ဆောင်လျက်ရှိသည်။ နေ့လယ်ခင်းတွင် တင်းကျန်ရောက်လာကာ

"စီစဉ်သူတွေက ဖန်တွေကို ရိုက်ကွင်းဆီ လာလည်ဖို့ စီစဉ်ထားတယ်၊ နင် စားပြီးရင် တချက်သွားကြည့်ချင်လား?"

ရှန့်ချောင် - "သွားမယ်၊ သွားမယ်၊ ဟေးး၊ အခုသွားမယ်၊ သူတို့ကို အကြာကြီး ရပ်မစောင့်ရစေနဲ့၊ နေပူတယ်"

သူမက စားလက်စထမင်းအား နှစ်လုတ် သုံးလုတ်ဖြင့် အပြီးစားကာ ဖန်းပိုင်ထံ လှမ်းပြောသည်။

"လူအရေအတွက်ရေပြီးတော့ အအေးဆိုင်သွားပြီး အမောပြေသောက်စရာ သွားဝယ်ပြီး သူတို့ဆီ ပို့ပေး"

တင်းကျန်က ရှန့်ချောင်၏ မိတ်ကပ်ကို အနည်းငယ်ပြုပြင်ပေးပြီးနောက် ဦးဆောင်ခေါ်လာသည်။ အဝေးမှပင် ငွေရောင်အားပေးဆိုင်းဘုတ်များကို မြင်ရပြီး သူတို့ဘေးရှိ ရွှေရောင်ပင်လယ်နှင့် ခြားနားစွာ တည်ရှိသည်။

ရှန့်ချောင် တုံ့သွားကာ အနည်းငယ် ခိုးကြည့်သည်။ သူမတစ်ယောက်ထဲကိုသာ လာလည်သည့်ဖန်များ ရှိသည်ဆိုသည်မှာ မဖြစ်နိုင်။ ငွေပင်လယ်၏ နှစ်ဆဖြစ်သည့် ရှီးကွမ်းများက ယှဉ်ပြိုင်၍မရနိုင်သော ခွန်အားတစ်ရပ်အနေဖြင့် တည်ရှိသည်။

ငွေပင်လယ်နှင့် ရွှေပင်လယ်မှာ သိသိသာသာကိုပင် ကွဲပြားစွာ ရပ်နေသည်မှာ တစ်ယောက်နှင့် တစ်ယောက် အချင်းချင်း ကြည့်မိလျှင်ပင် ညစ်ပတ်သည်ဟု ခံစားရခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ရန်ပွဲများ၊ ကတောက်ကဆဖြစ်မှုများကား မရှိ။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်ဆိုသည်မှာ အိုင်ဒေါလ်များအား ကိုယ်စားပြုနေခြင်း။ လူတိုင်းက သူတို့အိုင်ဒေါလ်မျက်နှာကို ထည့်တွက်ရပေမည်။

ရှန့်ချောင် ပေါ်ထွက်လာသည်နှင့် ငွေပင်လယ်ထံမှ တပြိုင်နက် အားပေးသံများ ပေါ်ထွက်လာသည်။ သူတို့၏ စိတ်တက်ကြွမှုများ၏ အကျိုးသက်ရောက်မှုကြောင့် သူမ ခဏတုံ့သွားသော်လည်း တဖန် ခြေလှမ်းသွက်စေပြီး အပြုံးဖြင့် အနားလျှောက်လာသည်။ သူမက ချောင်ဖန်များအား နှုတ်ဆက်သည်။

"အကြာကြီး စောင့်နေလိုက်ရလား? ပူနေကြပြီလား?"

"မပူဘူး၊ မပူဘူး၊ ချောင်ချောင် နင်ဘာလို့ ပိန်သွားရပြန်တာလဲ? ရိုက်ကွင်းထမင်းက စားမကောင်းဘူးလား?"

"ချောင်ချောင်၊ ဘာလို့ နင့်လက်မောင်းတစ်ခုလုံး မညိုအမဲစွဲနေတာလဲ?"

"ပေါင်ပေ့၊ နင် ဒီလိုဖြစ်ရင် ဒီမားမားက စိတ်ပူရတာပေါ့"

ရှန့်ချောင်က ပြုံးရယ်ရင်း ချောင်ဖန်များထံမှ လက်ဆောင်ပစ္စည်းများကို လက်ခံယူသည်။

"အဲ့ဒါရိုက်ကူးရေးအတွက်လေ၊ အဆင်ပြေပါတယ်၊ ပြန်သွားရင် ပရုတ်ဆီ လိမ်းရုံပဲ"

လူတိုင်းက လက်ဆောင်ပစ္စည်းများ ပြင်ဆင်လာခဲ့ပြီး မုန့်ပဲသရေစာ၊ အသီးအနှံ၊ ပန်ကာအသေးများနှင့် အပျင်းပြေဆော့ရန် ဂိမ်းများပင် ပါဝင်သည်။

လက်ဆောင်များ လက်ခံယူပြီးနောက် လာလည်သည့်အစီအစဉ်ကို စီစဉ်သည့် ဖန်က ဓါတ်ပုံတစ်ထပ်ကို ရှက်ရွံ့စွာ ဆွဲထုတ်လာရင်း

"နင် လက်မှတ်ထိုးနိုင်သလောက်ပဲ ထိုးလို့ရတယ်"

ရှန့်ချောင်လှမ်းယူကာ တင်းကျန်လက်ပေါ်တင်ရင်း လက်မှတ်ထိုးကာ သူတို့နှင့် စကားစမြည်ပြောသည်။

သူတို့အားလုံး စကားပြောနေစဉ်တွင် ရွှေရောင်လူပင်လယ်မှ မိုးထိညံသည့် အော်သံတစ်ခု ပေါက်ကွဲထွက်လာသည်။

ဟော့ရှီး ရောက်လာလေပြီ။

ရှန့်ချောင် အဆက်မပြတ်လက်မှတ်ထိုးနေကာ နောက်သို့ လှည့်မကြည့်ပေ။

တဖက်ခြမ်းဆီမှ အားပေးသံတညံညံကို သူမကြားနေရပြီး ဟော့ရှီး၏ ပြုံးရယ်သည့်စကားသံကို ကြားရသည်။

"ဒါတွေ ထပ်မဝယ်လာနဲ့တော့၊ အဖွဲ့မှာ အားလုံးရှိတယ်"

ဖန်တိုင်းက သူတို့၏ အိုင်ဒေါလ်အပေါ် တူညီသည့်စိတ်ထားမျိုးဖြင့် သဘောကျ ချစ်မြတ်နိုးကြစမြဲ။

ရှေ့ဘက်ရှိ ချောင်ဖန်က တိတ်တဆိတ်လှမ်းကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။

"ချောင်ချောင်၊ ဟော့ရှီး နင့်ကို အနိုင်မကျင့်ဘူးမဟုတ်လား?"

ရှန့်ချောင် အသံထွက် ရယ်မောလာကာ တီးတိုးပြန်ဖြေသည်။

"မကျင့်ပါဘူး၊ သူလည်း ငါ့လိုပဲ ငါ့ကို သဘောကျတယ်"

ခဏအကြာတွင် ဖန်ပိုင်းက သုံးဘီးတွန်းလှည်းဖြင့် ရောက်ရှိလာသည်။ ချောင်ဖန်များမှာ သူတို့၏ အိုင်ဒေါလ်က သူတို့အတွက် အအေးဘူးများ တိတ်တိတ်လေး ဝယ်ပေးလာသည်ကို မြင်လျှင် အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

ရှန့်ချောင် လက်မှတ်ထိုးပြီးသွားပြီးနောက်အပြုံးဖြင့်ဆိုသည်။

"ရာသီဥတု ပူတယ်၊ အပူမလျှပ်စေနဲ့၊ အဖွဲ့သားအားလုံး ငါ့အပေါ် ကောင်းတယ်၊ စိတ်မပူကြနဲ့"

လည်ပတ်ခွင့်မှာ မိနစ်နှစ်ဆယ်မျှသာကြာမြင့်တာမို့ ချောင်ဖန်များမှာ နှုတ်ဆက်စကားအား တွန့်ဆုတ်စွာ ဆိုလာပြီး သုံးကြိမ်တိတိနောက်လှည့်ကြည့်သည်။

ရှန့်ချောင် နေရာတွင် မတ်တပ်ရပ်နေကာ သူတို့အား လက်ပြနေဆဲဖြစ်သည်ကို မြင်လျှင် နေအပူချိန်ကြောင့် အပူလျှပ်မည်ကို စိုးရိမ်ကာ နောက်လှည့်မကြည့်ရန် သတိပေးစကားဆိုကြပြီး အရှိန်မြှင့်ကာ ပြန်ထွက်သွားကြသည်။

သူမတို့ သုံးယောက်စလုံး လက်ဆောင်များပိုက်ကာ ပြန်ရန်ပြင်ချိန်တွင် နောက်ဘက်ဆီမှ ရှက်ရွံ့နေသည့် အသံတစ်သံက လှမ်းခေါ်သည်။

"ချောင်ချောင်"

ရှန့်ချောင် လှည့်ကြည့်လိုက်လျှင် မိန်းကလေးတစ်ယောက်က မတ်တပ်ရပ်နေကာ တိုးတိုးလှမ်းပြောသည်။

"နင် ငါ့ကို လက်မှတ်ထိုးပေးလို့ ရမလား?"

ရှန့်ချောင် ခပ်မြန်မြန် ပြန်လျှောက်လာကာ

"ရတာပေါ့"

မိန်းကလေးကမ်းပေးသည့် ပိုစတာကို လှမ်းယူလိုက်လျှင် ထိုအပေါ်၌ 'ဟော့ရှန့် CP' ဟူသည့်နာမည်အား ရိုက်နှိပ်ထားပြီး ဘယ်ဘက်ခြမ်းတွင် ဟော့ရှီး၏ ရွှေရောင်လက်မှတ်ကို မြင်တွေ့နိုင်သည်။

ရှန့်ချောင် - "........"

သူမ ခေါင်းမော့ကာ မိန်းကလေးထံ လှမ်းကြည့်သည်။

ထိုမိန်းကလေးသည်လည်း အနည်းငယ်ရှက်ရွံ့နေပုံရသည်။ သူမက လက်ချောင်းများ ဆုပ်နယ်လျက်ရှိကာ စိုးရိမ်တကြီး မေးမြန်းသည်။

"ချောင်ချောင် နင်လက်မှတ်ထိုးပေးလို့ ရမလား?"

ရှန့်ချောင် - "တခြားဟာရှိသေးလား? ငါ နင့်အတွက် လက်မှတ်ထိုးပေးမယ်"

မိန်းကလေးမှာ အနည်းငယ် စိတ်ပျက်သွားပုံရသော်လည်း မည်သည့်စကားမှ မဆိုချေ။ သူမအိတ်တွင်းမှ ရှန့်ချောင်တစ်ကိုယ်တော် ပိုစတာအား ထုတ်ယူလာသည်။ ရှန့်ချောင် သူမနာမည်ကို မေးကာ လက်မှတ်ထိုးပေးလိုက်သည်။ လက်မှတ်ထိုးပြီးနောက် ပြုံးရင်း ထိုမိန်းကလေးကို မှာကြားသည်။

"မြန်မြန်ပြန်တော့၊ အပူမလျှပ်စေနဲ့၊ လမ်းမှာ ဂရုစိုက်"

မိန်းကလေးက ခေါင်းညိတ်ကာ နောက်လှည့်၍ ပြန်ရန် ပြင်သည်။ သူမ စိတ်မထိန်းနိုင်ဟန်ဖြင့် နောက်ပြန်လှည့်လာကာ အနည်းငယ် ဝမ်းနည်းနေဟန်ဖြင့် မေးသည်။

"ချောင်ချောင်၊ ဟော့ရှီးတောင် လက်မှတ်ထိုးပြီးပြီ၊ နင် ဘာလို့ လက်မှတ်မထိုးတာလဲ?"

ရှန့်ချောင် - "..... ဘာလို့လဲဆိုတော့ ငါက အဆိပ်ပြင်းလို့"

မိန်းကလေး - ? ? ?

နောက်ဆုံး၌ ပရိသတ်များ လာရောက်လည်ပတ်ခြင်း ပြီးဆုံးသွားကာ ရှန့်ချောင်က ရိုက်ကွင်းသို့ ပြန်ကာ ဆက်လက်ရိုက်ကူးသည်။ ညနေစောင်းလာချိန်တွင် သူမဖုန်းက ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ခါလာသည်။ တင်းကျန်ထံမှ လှမ်းယူကြည့်လိုက်လျှင် ခေါ်ဆိုသူမှာ လျန်ရှောင်ထန်။

သူမက ဖုန်းခေါ်ဆိုသည်မှာ ရှားပါးလှပြီး များသောအားဖြင့် Wechat မက်ဆေ့ချ်မှသာ အဆက်အသွယ်လုပ်လေ့ရှိသည်။ ဒီတခေါက် ဘာတွေ အရေးကြီးနေပါလိမ့်?

ရှန့်ချောင် ခပ်မြန်မြန် ဖုန်းကိုင်လိုက်ကာ

"ဟေး"

တဖက်ဆီမှ လျန်ရှောင်ထန်၏ နားကွဲမတတ် အော်ဟစ်သံ ပေါ်ထွက်လာသည်။

"ချောင်ချောင်!! နင် ငါ့ရဲ့ CP ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရဲတယ်ပေါ့လေ!!! ဟော့ရှန့်အဖွဲ့ အားကောင်းလာဖို့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲ နင်သိလား? နင်ကတော့ စကားတစ်ခွန်းနဲ့ ဖျက်ဆီးချလိုက်တာ၊ ဟော့ရှန့် CP အဖွဲ့ရဲ့ super topic ဖန်အရေအတွက်က တနာရီထဲမှာ ၅၀၀၀ လျော့သွားတယ်!!!! အယောက်ငါးထောင်!!!!! ဒါ အဖွဲ့ဖျက်တာနဲ့ တူမနေဘူးလား!!"

ရှန့်ချောင် - "....... နေဦး၊ နင် ဘာပြောနေတာလဲ?"

လျန်ရှောင်ထန် - "ဒီနေ့ ဖန်တွေ ရိုက်ကွင်းလာလည်တော့၊ နင် ဘာပြောခဲ့လဲ? ဟမ်? နင့် ဘာသာ Weibo ပေါ် တက်ကြည့်!!"

ရှန့်ချောင်က တင်းကျန်ကို လှမ်းခေါ်ကာ သူမဖုန်းကို ယူလာစေပြီး Weibo ဖွင့်ကာ ဟော့ရှန့် super topic အားရှာဖွေသည်။

@ဟော့ရှန့်ရှီးချောင် - ငိုနေပြီ၊ ငိုနေပြီ!! ငါ ချောင်ချောင်ကို လက်မှတ်ထိုးခိုင်းတာ သူက ငြင်းလိုက်တယ်၊ သူက တူဝေ (毒唯)လို့ ပြောသေးတယ်.... ဝူး ဝူးဝူး... ငါ့ ဒီသင်္ဘောပေါ် ဆက်ရွက်မလွှင့်နိုင်တော့ဘူး

အောက်ဘက်မှ တွဲတင်လာသည်မှာ ဟော့ရှီးသာလက်မှတ်ထိုးထားသည့် ဟော့ရှန့်ပိုစတာဖြစ်သည်။

(T/N - တူဝေ (毒唯) - အဓိပ္ပါယ်ကို ရှာကြည့်တော့ ဒါက CP ကို လက်မခံတဲ့ solo stand တဲ့ ပရိသတ်မျိုးကို ပြောတာတဲ့။ တူ အသံက အဆိပ်ပြင်းတဲ့ အဓိပ္ပါယ်လည်းထွက်တယ်။ မှားရင် ပြောပေးကြပါဦး 😭😭)

ဟော့ရှန့်အဖွဲ့ - ? ? ? ?

ရှီးကွမ်းများမှာ ဟော့ရှန့်အဖွဲ့၏ super topic ကို အမြဲစောင့်ကြည့်နေခဲ့ပြီး ထိုပိုစ့်ကို မြင်လျှင် လုံးဝဥဿုံ စိတ်ရှုပ်ထွေးသွားကြသည်။

ဘယ်လို? ရှန့်ချောင်က ရှီးကွမ်းဖြစ်ရုံတင်မကသေးဘူး၊ သူက တူဝေ(အဆိပ်ပြင်းတဲ့သူ)ရောတဲ့လား?

သူ(မ)က အဆိပ်ပြင်းလွန်းလို့ သူမကိုယ်သူမတောင် ဟော့ရှီးရဲ့ CP အနေနဲ့ လက်မခံဘူးတဲ့လား? ?

မဟုတ်သေးဘူး၊ ငါ ရှန့်ချောင်ဖန်ပေမယ့် ငါ နည်းနည်း ရယ်မိသွားပြီ။

ကျယ်မေ့... နင် အဆိပ်ပြင်းနေသရွေ့ ငါတို့ ညီအစ်မ လုပ်လို့ ရပြီ...

Hahahahahha.... သူက တူဝေ ဆိုတာလည်း သိတာပဲလား? သူ ဘယ်လိုများ ဒီလောက်ထိ သိနေရတာလဲ? အလုပ်ပြီးရင် သူက ဖန်ဒမ်းထဲ ဝင်ကြည့်တာပဲလား?

.........

.........

သူ(မ)ပုံစံက ဖန်ဒမ်းအလုပ်လုပ်ပုံကို နားလည်နေတဲ့ပုံမျိုး....

လျန်ရှောင်ထန်မှာ အော်ဟစ်နေဆဲ။

"နင်အခု ဒီ CP ကို ဖျက်လိုက်လို့ ဝမ်းသာနေတယ်ပေါ့လေ၊ နောက်ပိုင်းကို တွေးကြည့်စမ်း!! နောင်ကျရင် ငါ့သားလေးက တခြား CP ရှိလာဦးမှာ၊ ချစ်သူကောင်မလေးရှိလာပြီး လက်ထပ်မှာ... အဲ့ချိန်ကျမှ အသဲကွဲတယ် မပြောနဲ့!!!"

ရှန့်ချောင် - "......."

လျန်ရှောင်ထန်မှာ နှလုံးကွဲကြေသကဲ့သို့ ခံစားနေရသည်။

"အဲ့ချိန်ကျမှ ထုတ်ပြောလာရင် အရမ်းနောက်ကျသွားပြီ၊ နင် ညတိုင်း ခေါင်မိုးပေါ် မတ်တပ်ရပ်၊ လ ကိုကြည့်ရင်း အဆွေးသီချင်းဆိုရလိမ့်မယ်၊ 'တချိန်တစ်ခါက ငါ့ရှေ့မှာ စစ်မှန်တဲ့ အတွဲတစ်တွဲရှိခဲ့ပါတယ်၊ ဒါပေမယ့် ငါကိုယ်တိုင်က တန်ဖိုးမထားခဲ့မိဘူး၊ ငါ့လက်နဲ့ ကိုယ်တိုင် ဖျက်ဆီးခဲ့ပြီးမှ နောင်တရနေမိပြီ၊ နတ်ဘုရားသာ ဒုတိယအခွင့်အရေးပေးလာခဲ့ရင် အဲ့ဒီ CP အတွက် စကားသုံးလုံးဆိုချင်ပါတယ်၊ စစ်မှန်တယ်လို့၊ ငါ နောက်ထပ်တစ်ခွန်းဖြည့်ဆိုချင်တယ်၊ နှစ်ပေါင်းထောင်ပေါင်းများစွာ တည်တံ့မယ်လို့"

ရှန့်ချောင် - ".........."

နင် တကယ့်ကို ဉာဏ်ကြီးရှင်ပဲ...

*****
Note

အင်တာနက်ပေါ်က ဗန်းစကားတွေ တတ်နိုင်သလောက် ဘာသာပြန်ထားပါတယ်။ တရုတ်စာလုံးမှာ အသံထွက်တူပြီး စာလုံးကွဲတာမျိုးတွေ အများကြီးရှိတော့ တချို့ဟာဆို ကိုယ့်ဘာသာ နားလည်ပေမယ့် ချရေးရင် မရှင်းတာမျိုး ဖြစ်နေမှာစိုးလို့။ မရှင်းရင် ပြောနော်။ နားလည်သလောက် ရှင်းပြပါ့မယ်။

ရေးထားတဲ့ထဲ လွဲနေတာရှိရင် အချိန်မရွေး လာပြောလို့ ရပါတယ်။

စာမစစ်ထားပါ

*****








{Zawgyi}

အပိုင္း ၉၀

ထိုဇာတ္ဝင္ခန္းႏွင့္ ပတ္သက္၍ ေဟာ့ရွီး၏ သ႐ုပ္ေဆာင္မွုကို ဒါရိုက္တာဝမ္က အလြန္အမင္း စိတ္ေက်နပ္မွုရွိသည္။ ဖိႏွိပ္ထားရသည့္ မေက်မခ်မ္းျဖစ္မွုႏွင့္ စိတ္ဆိုးေဒါသထြက္မွုအား ဖြင့္ထုတ္ျပလိုေသာ္လည္း တစ္ဖက္လူအား ထိခိုက္နာက်င္ေစရန္ မစြမ္းသာသည့္ အေျခအေနေၾကာင့္ အသိစိတ္တစ္မၽွင္အား ခက္ခက္ခဲခဲဖမ္းဆြဲထားရသည့္ အမူအရာမွာ ကင္မရာထဲတြင္ ကြက္ကြက္ကြင္းကြင္း ျမင္နိုင္သည္။

ဤကဲ့သို႔ က်ိဳးေၾကာင္းညီညြတ္သည့္ စိတ္ခံစားမွု ျပကြက္တြင္ 'အမ်ားအက်ိဳးကို အသုံးခ်၍ ကိုယ္က်ိဳးရွာ'ေနမွန္း မည္သူမၽွ သံသယ မဝင္ေခ်။

ေၾကာင္အမ္းေနဆဲ စိတ္အေျခအေနတြင္ ရွိေနဆဲျဖစ္သည့္ ရွန့္ေခ်ာင္ကို ၾကည့္ကာ လူတိုင္း၏ မ်က္ဝန္းအၾကည့္မ်ားက စာလုံးႀကီးေလးလုံးကိုသာ စိတ္လွုပ္ရွားစြာ ေဖာ္ျပေနသည္- 'ဘဝ၏ ေအာင္နိုင္သူ' ဟူ၍။

တင္းက်န္က သူမအား ဆြဲေခၚကာ ထိုင္ေစၿပီးေနာက္ ေရပုလင္းဖြင့္ေပးကာ သူမ၏ နီရဲကာ ေယာင္ယမ္းေနသည့္ ႏွုတ္ခမ္းသားကို ၾကည့္ရင္း ရယ္ေမာလိုစိတ္ကို ထိန္းခ်ဳပ္၍ ေမးသည္။

"ေခ်ာင္ေခ်ာင္၊ နင္ ေပ်ာ္ေနလား?"

ရွန့္ေခ်ာင္က တညီးတညဴဆိုသည္။

"သူ ငါ့ကို ကိုက္တယ္"

တင္းက်န္ခမ်ာ ရယ္ေသလုနီးနီး။

ရွန့္ေခ်ာင္ သူမႏွုတ္ခမ္းေထာင့္အား တို႔ထိၾကည့္လိုက္၏။ သူ သူမအား အၾကမ္းပတမ္း ကိုက္ခဲခဲ့သည့္ေနရာရွိ အေရျပားမွာ ေပါက္ျပဲေနေလၿပီ။ ေရေသာက္ေနရင္း ထိုေနရာကို မေတာ္တဆထိမိသျဖင့္ နာက်င္မွုေၾကာင့္ အသံထြက္မိသြားသည္။

ဒါ လြန္လြန္းတယ္!! ႐ုပ္ရွင္ရိုက္တာေလးပဲဟာ... ဒီေလာက္ထိ တေလးတနက္ အားသုံးစရာ လိုလို႔လား?

ရိုက္ကြင္းေပၚက ငါ့အိုင္ေဒါလ္နဲ႔ ပထမဆုံးအနမ္းခန္းအေၾကာင္း စဥ္းစားလိုက္ရင္ ေကာင္းတဲ့ အမွတ္တရေတာင္ ရွိမေနဘူး... မွတ္မိတာဆိုလို႔ နာတာပဲ!

ဟမ့္!!

ရွန့္ေခ်ာင္ သူ႔အား နာရီဝက္တိတိ လစ္လ်ဴရွုထားရန္ ဆုံးျဖတ္လိုက္သည္။

ဆယ္မိနစ္အၾကာ ေရွာင္တန့္ အနားသို႔ ေရာက္လာကာ သူမထံ အစိမ္းေရာင္လိမ္းေဆးဘူး ကမ္းေပးၿပီးေနာက္

"ရွီးေကာက ငါ့ကို မင္းအတြက္ ေဆးဝယ္ခိုင္းလိုက္လို႔၊ မင္းႏွုတ္ခမ္းေထာင့္က ဒဏ္ရာအတြက္တဲ့"

ရွန့္ေခ်ာင္ - ဝူး... ဝူး... ဒါဘယ္လိုေတာင္ အဖိုးတန္တဲ့ အိုင္ေဒါလ္မ်ိဳးလဲ? ငါ သူ႔ကို တသက္လုံး ခ်စ္သြားမွာ....

(T/N: Second hand embarrassment ေတြ ရလိုက္တာ 🤦🏻‍♀️🤦🏻‍♀️)

......
ထိုေန႔ညအတြက္ ညဘက္ရိုက္ကူးရန္ ဇာတ္ဝင္ခန္းမရွိတာမို႔ ရိုက္ကြင္းအား ညေနဘက္တြင္ သိမ္းနိုင္ေသာ္လည္း လင္းယင္ထုန္ပါဝင္သည့္ ေနာက္ဆုံးရိုက္ကူးခန္းမွာ အဆင္မေျပျဖစ္ကာ မိနစ္ေလးဆယ္ေက်ာ္ ၾကာသြားသည္။ တင္းက်န္မွာ စိတ္ေလာႀကီးလြန္းေနသျဖင့္ အံႀကိတ္ရင္း ဆိုသည္။

"ဒီခရမ္းသီးမရဲ့ သ႐ုပ္ေဆာင္စေကးက ညံ့လိုက္တာ၊ သူမ်ားေတြရဲ့ အခ်ိန္ကို အလကားျဖဳန္းေနတာပဲ!!"

ရွန့္ေခ်ာင္ - "ဘာေလာေနတာလဲ? နင္ အလုပ္ရွိလို႔လား?"

တင္းက်န္ - "ငါ ျပန္သြားၿပီး 'Escape from Life' ၾကည့္ခ်င္တယ္"

ရွန့္ေခ်ာင္ - " ??? "

လူတိုင္းေမၽွာ္လင့္တႀကီး ေစာင့္ဆိုင္းေနသည့္ Escape from Life ၏ လူသူမဲ့ကၽြန္း ဒုတိယပိုင္းမွာ ေနာက္ဆုံးတြင္ ထုတ္လႊင့္လာေလၿပီ။

သေဘၤာရွာ CP ဖန္မ်ားမွာ ေနာက္ဆုံးတြင္ သူတို႔ပိုင္ဆိုင္သည့္ ေႏြဦးေလျပည္ သမ္းလာေလၿပီ။ ဒီတႀကိမ္တြင္ေတာ့ သူတို႔အားလုံးက က်ိန္းေသေပါက္ အစီအစဥ္မွ လက္က်န္အင္အားကို အသုံးခ်ကာ သေဘၤာရွာ CP ကို ျပန္လည္ အားျဖည့္မည္ျဖစ္ၿပီး ေဟာ့ရွန့္ CP ခိုးယူသြားခဲ့သည့္ သူတို႔ပိုင္ဆိုင္ေသာ အာ႐ုံစိုက္ခံရမွုမ်ားႏွင့္ နာမည္ေက်ာ္ၾကားမွုမ်ားအား ျပန္လည္ ရယူေပမည္။

ၿပီးခဲ့သည့္တစ္ေခါက္ ထုတ္လႊင့္မွု အပိုင္းမွာ ရွန္ကၽြင့္ယီးက သူ႔ရင္ခြင္ထဲ ရွန့္ေခ်ာင္အား ေပြ႕ဖက္ထားကာ တံခါးကန္ဖြင့္လိုက္သည့္ ျမင္ကြင္းတြင္ အဆုံးသတ္ထားသည္။

ၾကည့္ရွုေနသူအားလုံး ေတြးထင္ထားခဲ့သည္မွာ ေၾကာက္စရာအနီေရာင္မီးအိမ္ခ်ိတ္ထားၿပီး တံခါးေရွ႕တြင္လည္း အရိုးျပာအိုးရွိသည့္အျပင္ အခန္းတြင္းမွ ျဖာက်ေနသည့္ အစိမ္းေရာင္အလင္းေၾကာင့္ ထိုအိမ္မွာ သရဲအိမ္ျဖစ္ရမည္ဟူ၍ပင္။

ထိတ္လန့္စရာ သရဲအိမ္ေပၚထြက္လာမွုအတြက္ ၾကည့္ရွုသူ မည္မၽွက ခႏၶာကိုယ္ကာကြယ္ေရးအစီအမံအေနျဖင့္ စာလုံး ၂၄ လုံးပါ ဂါထာအား ႀကိတင္ ျပင္ဆင္ထားခဲ့ၾကသနည္း။ သို႔ရာတြင္ ေပၚထြက္လာသည့္ျမင္ကြင္းမွာ ဒါရိုက္တာအုပ္စုလိုက္က အခန္းတြင္းထိုင္ေနကာ အခ်ိဳ႕မွာ အသင့္စားေခါက္ဆြဲေျခာက္မ်ား စားေနၾကသည္။

ၾကည့္ရွုသူမ်ား - ???

ယခုအခါတြင္ ဒီအစီအစဥ္မွာ အမွန္တကယ္ကိုပင္ ဇာတ္တိုက္ထားျခင္း မရွိေၾကာင္း သူတို႔အားလုံး ယုံၾကည္လက္ခံသြားၾကသည္။

ႏွလုံးကယ္ေဆးရွာေနတဲ့ တာဝန္ခံဒါရိုက္တာရဲ့ ရွုံ႔မဲ့ေနတဲ့ မ်က္ႏွာအမူအရာကို ၾကည့္ပါဦး!

ေနာက္ၿပီး ရိုက္ကူးေရးအဖြဲ႕သားရဲ့ ေဒါသတႀကီး ေအာ္ဟစ္သံ ျဖစ္သည့္ 'ဘာအရိုးျပာအိုးလဲ!! အဲ့ဒါ မနက္ျဖန္ မနက္စာ' ဟူသည့္ စကားသံ။

သေဘၤာေပၚမွ ဆင္းမလာနိုင္သည့္ အဖြဲ႕သားႏွစ္ေယာက္ခမ်ာ ဒါရိုက္တာမ်ား၏ ညအိပ္တဲကိုယူကာ ေတာနက္ထဲ ၾကဳံသလို အိပ္လိုက္ရသည့္အျဖစ္ကို ၾကည့္စမ္း!

ေက်းဇူးျပဳၿပီး တစ္ေယာက္ေယာက္က ဒီ Variety Show ရဲ့ ေရွ႕က Horror ဆိုတဲ့ စကားလုံးကို ျဖဳတ္ခ်ေပးပါလား!

နင္တို႔က ေျခာက္လွန့္ဖို႔ လာတာမဟုတ္ဘူး၊ ဟာသလုပ္ဖို႔ လာေနတာ...

ထို႔ျပင္ လက္ရွိတြင္ ရွန့္ေခ်ာင္က ေဟာ့ရွီး၏ ဖန္ျဖစ္ေၾကာင္း ေသခ်ာသြားၿပီးေနာက္ ရွီးကြမ္းတစ္ေယာက္အေနျဖင့္ ၾကည့္ရွုျခင္းက ေပ်ာ္စရာသိပ္မေကာင္းလွေပ။

ကြန္မန့္မ်ား -

[ရွန္ကၽြင့္ယီးက အတူမရွင္ရင္ေတာင္ အတူေသမယ္လို႔ ေျပာတာကို ရွန့္ေခ်ာင္ၾကားလိုက္ေတာ့ သူ လန့္သြားၿပီး ခ်က္ခ်င္း သေဘၤာထရွာေတာ့တာပဲ... ဟားဟား...]

[ငါ, ရွန့္ , ရွီးကြမ္း, ေခ်ာင္က ဒီေန႔ ဒီေနရာကေန ခုန္ခ်ၿပီး ေရနစ္ေသမယ္ဆိုရင္ေတာင္ ၿပိဳင္ဘက္နဲ႔ေတာ့ အတူမေသနိုင္ဘူး!]

[ေဟာ့ရွန့္ CPကမွ အစစ္အမွန္!!]

[သေဘၤာရွာ CP အဓြန့္တည္တံ့ပါေစ!!]

[အေပၚထပ္က CP ေခြးႏွစ္ေကာင္ အျပင္ထြက္ၿပီး သြားကိုက္၊ ဒီမွာ ရြံစရာေတြ လာလုပ္ျပမေနနဲ႔]

[နင္ မိုးေကာင္ကင္နဲ႔ ေျမႀကီးကို ဂ႐ုမစိုက္ပဲ ငါ့ CP ဖန္က်မွ လာဂ႐ုစိုက္ေနပါ့လား?]

[ငါ အိုင္ေဒါလ္ေနာက္လိုက္တာ သေဘာက်လို႔ေလ၊ ငါ ဘယ္ေလာက္ ႀကိဳးစားပမ္းစား လိုက္လိုက္ေလ၊ နင္ ဒီေလာက္ ငါ့ကို ဂ႐ုစိုက္ေနရင္ နင့္ေနာက္ လိုက္ေပးရမလား?]

[နင္တို႔ဖန္ေတြအားလုံး toxic ပဲလား?]

Barrage ေနရာမွာ ရွီးကြမ္းႏွင့္ ယီးရန္၊ သေဘၤာရွာအဖြဲ႕ႏွင့္ ေဟာ့ရွန့္၊ ရွီးကြမ္းႏွင့္ ေဟာ့ရွန့္၊ ယီးရန္ႏွင့္ သေဘၤာရွာအဖြဲ႕ စသည္ျဖင့္ အဖြဲ႕ေပါင္းစုံ၏ စစ္ေျမျပင္ေနရာျဖစ္သည္။ ထို ေလးစုအဖြဲ႕၏ ေပါင္းစပ္မွုအင္အားမွာ တေန႔နဲ႔ တည မရပ္မနား တိုက္ခိုက္နိုင္ၿပီး ျဖတ္သြားျဖတ္လာဖန္မ်ားမွာ တိတ္တဆိတ္ပင္ Barrage အား ေဖ်ာက္ထားၾကသည္။

ရွန့္ေခ်ာင္ႏွင့္ က်ီက်ားယို႔ ေပါင္းစုံၿပီးေနာက္ အျခားသူမ်ား၏ ျမင္ကြင္းမ်ားကိုပါ ေနာက္ဆုံးတြင္ တည္းျဖတ္ထည့္သြင္းလာသည္။ သူတို႔သုံးဦးသားက က်န္းမင္ႏွင့္ ဖန္းက်ီအား သတ္ပစ္လိုက္ကာ သေဘၤာရွာေဖြျခင္း ခရီးစဥ္ကို အတူတကြ စတင္သည္။

Barrage ;

[ေတာင္းပန္ပါတယ္... ငါ ႐ုတ္တရက္ႀကီး က်ားေခ်ာင္ (တံတား) ကို စတန္းခ်င္လာတယ္]

(T/N - တံတားက က်ေခ်ာင္ (架桥)ပါ။ က်ီက်ားယို႔ရဲ့ က်ားနဲ႔ ရွန့္ေခ်ာင္ရဲ့ ေခ်ာင္ကို အသံထြက္တူတဲ့ တျခားစာလုံးႏွစ္လုံးနဲ႔ ဖလွယ္ထားတာပါ။ အသံထြက္ ပိုဆင္ေအာင္ က်ားေခ်ာင္(တံတား) လို႔ သုံးထားပါတယ္။ ေဟာ့ရွန့္ CP လို အသံထြက္ဖလွယ္ထားတဲ့ CP နာမည္ပါ)

[? ? ? ? ? ?]

[အေပၚထပ္ကလူက နတ္ဆိုးဖမ္းစားခံရတာလား? ဒီကေလးက အခုမွ ၁၈ႏွစ္ပဲရွိေသးတာေလ!!!]

[မမနဲ႔ေမာင္ေလး CP, ငါႀကိဳက္တယ္!!]

[သေဘၤာရွာ CP က လူယုတ္မာဒရာမာ၊ တံတားေဆာက္တာကမွ အိုင္ေဒါလ္ဒရာမာ၊ ငါ တံတားေဆာက္ဖို႔ လာၿပီ!]

[နင္တို႔အားလုံး ၾကပ္မျပည့္တဲ့ေကာင္ေတြ၊ နင္တို႔တမိသားစုလုံး ၾကပ္မျပည့္ေတြ!! သေဘၤာရွာ CP ကမွ တကယ့္ ရန္သူကေန ခ်စ္သူေျပာင္းတဲ့ အိုင္ေဒါလ္ဒရာမာ! အကုန္ေနာက္ဆုတ္ၾက!]

[နင္တို႔အားလုံး ဒီမွာ CP အေပ်ာ္တမ္းဖြဲ႕ေနတာ၊ ရွန့္ေခ်ာင္က CP Queen လား? သူက ဘယ္သူနဲ႔မဆို CP လုပ္လို႔ ျဖစ္တာပဲလား?]

[ဟုတ္တယ္၊ နက္တစ္ဇင္ေတြက သူတို႔ဘာသာ အေပ်ာ္ေလၽွာက္ေျပာေနၿပီး အျပစ္ေျပာခံရေတာ့ ငါတို႔ေခ်ာင္ေခ်ာင္ပဲ]

[CP အားလုံး ျငင္းပယ္ၿပီး ေခ်ာင္ေခ်ာင္ကို ေခၚထုတ္!]

သူတို႔သုံးေယာက္ ေရွ႕ဆက္တိုးသြားသည္ႏွင့္အမၽွ ဇာတ္ရွိန္အျမင့္ဆုံးသို႔ ေရာက္ရွိလာသည္။ ရွန္ကၽြင့္ယီးက ျမက္ပင္မ်ားေအာက္တြင္ ဖုံးကြယ္ေနသည့္ ေက်ာက္စာတိုင္ကို မေတာ္တဆရွာေတြ႕သြားသည္။ ရွန့္ေခ်ာင္က ေက်ာက္စာတိုင္ကို အသုံးခ်၍ သေဘၤာတည္ရွိရာအရပ္ႏွင့္ အခ်ိန္ကို ခန့္မွန္းလိုက္နိုင္သည္။

သူမ၏ ျဖတ္ထိုးဉာဏ္ေကာင္းမွုႏွင့္ အကင္းပါးမွုမွာ နက္တစ္ဇင္မ်ားအား ေနာက္ထပ္တႀကိမ္ အထင္ႀကီးသြားေစသည္။

ေနာက္ဆုံးတႀကိမ္ သရဲမဂၤလာပြဲတြင္ အဓိကက်သည့္အခ်က္ကို သူမ ခန့္မွန္းနိုင္ခဲ့ၿပီး ဒီတစ္ေခါက္တြင္ ရိုက္ကူးေရးအဖြဲ႕သားမ်ား၏ လွည့္ကြက္ကို ေျဖရွင္းနိုင္ခဲ့သည္။ လူတိုင္းက CP မ်ားအေၾကာင္း ေျပာေနသည္ကို ရပ္လိုက္ကာ ဤကဲ့သို႔ ခ်စ္စဖြယ္မိန္းမပ်ိဳေလးက ဉာဏ္ရည္ျမင့္ျခင္းအေပၚ သူတို႔အားလုံး၏ ႏွစ္သက္သေဘာက်မွုကို ေဖာ္ထုတ္လာသည္။

ကင္မရာရိုက္ကြက္ ျမင့္တက္သြားသည္ႏွင့္အမၽွ သူတို႔အားလုံး ေတာင္ေပၚတက္လာကာ ေအာက္သို႔ ငုံ႔ၾကည့္လၽွင္ ကမ္းစပ္တြင္ ရပ္ထားသည့္ ေလွတစ္စင္းအား ျမင္ေတြ႕နိုင္သည္။ ရွန္ကၽြင့္ယီးက အေျပာင္အျပက္မ်က္ႏွာျပဳလုပ္ကာ ရွန့္ေခ်ာင္အား အနိုင္ရေစၿပီး သူ၏ ေနာက္ဆုံးကတိစကားျဖစ္ေသာ 'ငါ့ညီအစ္ကိုကို သေဘၤာေပၚတင္ေပးမယ္' ဟူသည့္စကားမွာ မိန္းကေလးမ်ား ခ်စ္သူရွာေဖြေရးအတြက္ ေဆာင္ပုဒ္ျဖစ္လာသည္။

ဘာ CP? ဘာ ခ်စ္ျမတ္နိုးမွုလဲ? က်ယ္ေမ့တို႔... မ်က္လုံးဖြင့္ၿပီး ေသခ်ာၾကည့္ၾက! ဒီဟာပဲ!

ငါ့အသင္းသားအေပၚ သစၥာေဖာက္ရမယ္ဆိုရင္ေတာင္ မင္းအနိုင္ရေစရမယ္၊ ငါေသရမယ္ဆိုရင္ေတာင္ မင္းထြက္ခြါနိုင္ေအာင္ ငါ လုပ္ေပးမယ္... ဝူးးး... ဒါဘယ္လိုေတာင္ မြန္ျမတ္တဲ့ ခ်စ္ျခင္းေမတၱာမ်ိဳးလဲ? က်ိန္းေသေပါက္ ေသာ့ခတ္လိုက္ၿပီး ငါ ေသာ့ကို မ်ိဳခ်လိုက္ၿပီ!!!

ရွန္ကၽြင့္ယီးက ရွန့္ေခ်ာင္အား ေတာင္ေအာက္သို႔ လိုက္ပို႔သည္။

ရွန္ကၽြင့္ယီးက ရွန့္ေခ်ာင္အား သေဘၤာေပၚသို႔ တက္ေစသည္။

ရွန္ကၽြင့္ယီးက ရွန့္ေခ်ာင္အား ပစ္သတ္လိုက္သည္။

ရွန့္ေခ်ာင္ ေသဆုံးသြားကာ ၿပိဳင္ပြဲမွ ထုတ္ပယ္ခံရၿပီး ရွန္ကၽြင့္ယီး နိုင္သြားသည္။

သေဘၤာရွာေနသူမ်ား - [ ? ? ? ? ? ? ? ? ! ! ! ! ! ]

ၾကည့္ရွုသူမ်ား - [hahahahhahahahhaahhahaha]

[ဟဲလို... ဒါ 120 ကလား? ဟုတ္တယ္၊ ငါ အေရးေပၚေဆးအဖြဲ႕ ေခၚဖို႔၊ ငါ ေသာ့ထုတ္ဖို႔ အေရးေပၚ ခြဲစိတ္စရာလိုလို႔]

[ယေန႔အတြက္ သတင္းေခါင္းစဥ္ ; ရွန္ကၽြင့္ယီး CP အဖြဲ႕အား ဖ်က္ပစ္၊ ရွန့္ေခ်ာင္ ေဒါသတႀကီး ထြက္ခြါ...]

ေဟာ့ရွန့္အဖြဲ႕ - [hahahahhahahahhahahhaha !!]

'Escape from Life' ၏ ေက်ာ္ၾကားမွုမွာ ရက္အနည္းငယ္ၾကာျမင့္ကာ 'ရွန္ကၽြင့္ယီး သေဘၤာရွာ CP အား တမင္တကာ ဖ်က္ဆီး' ဟူသည့္ ေခါင္းစဥ္သည္လည္း ရွာေဖြမွုအဆင့္ထိပ္ဆုံးသို႔ ေရာက္ရွိသြားသည္။ ဒါက သေဘၤာရွာအဖြဲ႕ရဲ့ ေဆာင္ပုဒ္ျဖစ္လာမယ္လို႔ ငါထင္ထားခဲ့တာ၊ အဆုံးသတ္သြားလိမ့္မယ္လို႔ မေမၽွာ္လင့္ထားခဲ့ဘူး...

က်ိန္းေသေပါက္ကိုပင္ အေပ်ာ္ဆုံးလူသားမ်ားမွာ ေဟာ့ရွန့္အဖြဲ႕ျဖစ္သည္။ သူတို႔ပို၍ ပ်က္ဆီးေလ၊ သူတို႔အေျခအေနက ပိုတည္ၿငိမ္ေလပင္!

သို႔ရာတြင္ ထိုအေၾကာင္းအရာအားလုံးမွာ ရွန့္ေခ်ာင္ မသိသည့္ ကိစၥရပ္မ်ားျဖစ္ၿပီး ရိုက္ကူးေရးအဖြဲ႕တြင္ အားႀကိဳးမာန္တက္ သ႐ုပ္ေဆာင္လ်က္ရွိသည္။ ေန႔လယ္ခင္းတြင္ တင္းက်န္ေရာက္လာကာ

"စီစဥ္သူေတြက ဖန္ေတြကို ရိုက္ကြင္းဆီ လာလည္ဖို႔ စီစဥ္ထားတယ္၊ နင္ စားၿပီးရင္ တခ်က္သြားၾကည့္ခ်င္လား?"

ရွန့္ေခ်ာင္ - "သြားမယ္၊ သြားမယ္၊ ေဟးး၊ အခုသြားမယ္၊ သူတို႔ကို အၾကာႀကီး ရပ္မေစာင့္ရေစနဲ႔၊ ေနပူတယ္"

သူမက စားလက္စထမင္းအား ႏွစ္လုတ္ သုံးလုတ္ျဖင့္ အၿပီးစားကာ ဖန္းပိုင္ထံ လွမ္းေျပာသည္။

"လူအေရအတြက္ေရၿပီးေတာ့ အေအးဆိုင္သြားၿပီး အေမာေျပေသာက္စရာ သြားဝယ္ၿပီး သူတို႔ဆီ ပို႔ေပး"

တင္းက်န္က ရွန့္ေခ်ာင္၏ မိတ္ကပ္ကို အနည္းငယ္ျပဳျပင္ေပးၿပီးေနာက္ ဦးေဆာင္ေခၚလာသည္။ အေဝးမွပင္ ေငြေရာင္အားေပးဆိုင္းဘုတ္မ်ားကို ျမင္ရၿပီး သူတို႔ေဘးရွိ ေရႊေရာင္ပင္လယ္ႏွင့္ ျခားနားစြာ တည္ရွိသည္။

ရွန့္ေခ်ာင္ တုံ႔သြားကာ အနည္းငယ္ ခိုးၾကည့္သည္။ သူမတစ္ေယာက္ထဲကိုသာ လာလည္သည့္ဖန္မ်ား ရွိသည္ဆိုသည္မွာ မျဖစ္နိုင္။ ေငြပင္လယ္၏ ႏွစ္ဆျဖစ္သည့္ ရွီးကြမ္းမ်ားက ယွဥ္ၿပိဳင္၍မရနိုင္ေသာ ခြန္အားတစ္ရပ္အေနျဖင့္ တည္ရွိသည္။

ေငြပင္လယ္ႏွင့္ ေရႊပင္လယ္မွာ သိသိသာသာကိုပင္ ကြဲျပားစြာ ရပ္ေနသည္မွာ တစ္ေယာက္ႏွင့္ တစ္ေယာက္ အခ်င္းခ်င္း ၾကည့္မိလၽွင္ပင္ ညစ္ပတ္သည္ဟု ခံစားရျခင္းေၾကာင့္ျဖစ္သည္။ သို႔ရာတြင္ ရန္ပြဲမ်ား၊ ကေတာက္ကဆျဖစ္မွုမ်ားကား မရွိ။ ဘယ္လိုပဲျဖစ္ျဖစ္ ဖန္ဆိုသည္မွာ အိုင္ေဒါလ္မ်ားအား ကိုယ္စားျပဳေနျခင္း။ လူတိုင္းက သူတို႔အိုင္ေဒါလ္မ်က္ႏွာကို ထည့္တြက္ရေပမည္။

ရွန့္ေခ်ာင္ ေပၚထြက္လာသည္ႏွင့္ ေငြပင္လယ္ထံမွ တၿပိဳင္နက္ အားေပးသံမ်ား ေပၚထြက္လာသည္။ သူတို႔၏ စိတ္တက္ႂကြမွုမ်ား၏ အက်ိဳးသက္ေရာက္မွုေၾကာင့္ သူမ ခဏတုံ႔သြားေသာ္လည္း တဖန္ ေျခလွမ္းသြက္ေစၿပီး အျပဳံးျဖင့္ အနားေလၽွာက္လာသည္။ သူမက ေခ်ာင္ဖန္မ်ားအား ႏွုတ္ဆက္သည္။

"အၾကာႀကီး ေစာင့္ေနလိုက္ရလား? ပူေနၾကၿပီလား?"

"မပူဘူး၊ မပူဘူး၊ ေခ်ာင္ေခ်ာင္ နင္ဘာလို႔ ပိန္သြားရျပန္တာလဲ? ရိုက္ကြင္းထမင္းက စားမေကာင္းဘူးလား?"

"ေခ်ာင္ေခ်ာင္၊ ဘာလို႔ နင့္လက္ေမာင္းတစ္ခုလုံး မညိဳအမဲစြဲေနတာလဲ?"

"ေပါင္ေပ့၊ နင္ ဒီလိုျဖစ္ရင္ ဒီမားမားက စိတ္ပူရတာေပါ့"

ရွန့္ေခ်ာင္က ျပဳံးရယ္ရင္း ေခ်ာင္ဖန္မ်ားထံမွ လက္ေဆာင္ပစၥည္းမ်ားကို လက္ခံယူသည္။

"အဲ့ဒါရိုက္ကူးေရးအတြက္ေလ၊ အဆင္ေျပပါတယ္၊ ျပန္သြားရင္ ပ႐ုတ္ဆီ လိမ္း႐ုံပဲ"

လူတိုင္းက လက္ေဆာင္ပစၥည္းမ်ား ျပင္ဆင္လာခဲ့ၿပီး မုန့္ပဲသေရစာ၊ အသီးအႏွံ၊ ပန္ကာအေသးမ်ားႏွင့္ အပ်င္းေျပေဆာ့ရန္ ဂိမ္းမ်ားပင္ ပါဝင္သည္။

လက္ေဆာင္မ်ား လက္ခံယူၿပီးေနာက္ လာလည္သည့္အစီအစဥ္ကို စီစဥ္သည့္ ဖန္က ဓါတ္ပုံတစ္ထပ္ကို ရွက္ရြံ႕စြာ ဆြဲထုတ္လာရင္း

"နင္ လက္မွတ္ထိုးနိုင္သေလာက္ပဲ ထိုးလို႔ရတယ္"

ရွန့္ေခ်ာင္လွမ္းယူကာ တင္းက်န္လက္ေပၚတင္ရင္း လက္မွတ္ထိုးကာ သူတို႔ႏွင့္ စကားစျမည္ေျပာသည္။

သူတို႔အားလုံး စကားေျပာေနစဥ္တြင္ ေရႊေရာင္လူပင္လယ္မွ မိုးထိညံသည့္ ေအာ္သံတစ္ခု ေပါက္ကြဲထြက္လာသည္။

ေဟာ့ရွီး ေရာက္လာေလၿပီ။

ရွန့္ေခ်ာင္ အဆက္မျပတ္လက္မွတ္ထိုးေနကာ ေနာက္သို႔ လွည့္မၾကည့္ေပ။

တဖက္ျခမ္းဆီမွ အားေပးသံတညံညံကို သူမၾကားေနရၿပီး ေဟာ့ရွီး၏ ျပဳံးရယ္သည့္စကားသံကို ၾကားရသည္။

"ဒါေတြ ထပ္မဝယ္လာနဲ႔ေတာ့၊ အဖြဲ႕မွာ အားလုံးရွိတယ္"

ဖန္တိုင္းက သူတို႔၏ အိုင္ေဒါလ္အေပၚ တူညီသည့္စိတ္ထားမ်ိဳးျဖင့္ သေဘာက် ခ်စ္ျမတ္နိုးၾကစျမဲ။

ေရွ႕ဘက္ရွိ ေခ်ာင္ဖန္က တိတ္တဆိတ္လွမ္းၾကည့္ကာ အသံတိုးတိုးျဖင့္ ေမးသည္။

"ေခ်ာင္ေခ်ာင္၊ ေဟာ့ရွီး နင့္ကို အနိုင္မက်င့္ဘူးမဟုတ္လား?"

ရွန့္ေခ်ာင္ အသံထြက္ ရယ္ေမာလာကာ တီးတိုးျပန္ေျဖသည္။

"မက်င့္ပါဘူး၊ သူလည္း ငါ့လိုပဲ ငါ့ကို သေဘာက်တယ္"

ခဏအၾကာတြင္ ဖန္ပိုင္းက သုံးဘီးတြန္းလွည္းျဖင့္ ေရာက္ရွိလာသည္။ ေခ်ာင္ဖန္မ်ားမွာ သူတို႔၏ အိုင္ေဒါလ္က သူတို႔အတြက္ အေအးဘူးမ်ား တိတ္တိတ္ေလး ဝယ္ေပးလာသည္ကို ျမင္လၽွင္ အလြန္အမင္း စိတ္လွုပ္ရွားသြားၾကသည္။

ရွန့္ေခ်ာင္ လက္မွတ္ထိုးၿပီးသြားၿပီးေနာက္အျပဳံးျဖင့္ဆိုသည္။

"ရာသီဥတု ပူတယ္၊ အပူမလၽွပ္ေစနဲ႔၊ အဖြဲ႕သားအားလုံး ငါ့အေပၚ ေကာင္းတယ္၊ စိတ္မပူၾကနဲ႔"

လည္ပတ္ခြင့္မွာ မိနစ္ႏွစ္ဆယ္မၽွသာၾကာျမင့္တာမို႔ ေခ်ာင္ဖန္မ်ားမွာ ႏွုတ္ဆက္စကားအား တြန့္ဆုတ္စြာ ဆိုလာၿပီး သုံးႀကိမ္တိတိေနာက္လွည့္ၾကည့္သည္။

ရွန့္ေခ်ာင္ ေနရာတြင္ မတ္တပ္ရပ္ေနကာ သူတို႔အား လက္ျပေနဆဲျဖစ္သည္ကို ျမင္လၽွင္ ေနအပူခ်ိန္ေၾကာင့္ အပူလၽွပ္မည္ကို စိုးရိမ္ကာ ေနာက္လွည့္မၾကည့္ရန္ သတိေပးစကားဆိုၾကၿပီး အရွိန္ျမႇင့္ကာ ျပန္ထြက္သြားၾကသည္။

သူမတို႔ သုံးေယာက္စလုံး လက္ေဆာင္မ်ားပိုက္ကာ ျပန္ရန္ျပင္ခ်ိန္တြင္ ေနာက္ဘက္ဆီမွ ရွက္ရြံ႕ေနသည့္ အသံတစ္သံက လွမ္းေခၚသည္။

"ေခ်ာင္ေခ်ာင္"

ရွန့္ေခ်ာင္ လွည့္ၾကည့္လိုက္လၽွင္ မိန္းကေလးတစ္ေယာက္က မတ္တပ္ရပ္ေနကာ တိုးတိုးလွမ္းေျပာသည္။

"နင္ ငါ့ကို လက္မွတ္ထိုးေပးလို႔ ရမလား?"

ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ ျပန္ေလၽွာက္လာကာ

"ရတာေပါ့"

မိန္းကေလးကမ္းေပးသည့္ ပိုစတာကို လွမ္းယူလိုက္လၽွင္ ထိုအေပၚ၌ 'ေဟာ့ရွန့္ CP' ဟူသည့္နာမည္အား ရိုက္ႏွိပ္ထားၿပီး ဘယ္ဘက္ျခမ္းတြင္ ေဟာ့ရွီး၏ ေရႊေရာင္လက္မွတ္ကို ျမင္ေတြ႕နိုင္သည္။

ရွန့္ေခ်ာင္ - "........"

သူမ ေခါင္းေမာ့ကာ မိန္းကေလးထံ လွမ္းၾကည့္သည္။

ထိုမိန္းကေလးသည္လည္း အနည္းငယ္ရွက္ရြံ႕ေနပုံရသည္။ သူမက လက္ေခ်ာင္းမ်ား ဆုပ္နယ္လ်က္ရွိကာ စိုးရိမ္တႀကီး ေမးျမန္းသည္။

"ေခ်ာင္ေခ်ာင္ နင္လက္မွတ္ထိုးေပးလို႔ ရမလား?"

ရွန့္ေခ်ာင္ - "တျခားဟာရွိေသးလား? ငါ နင့္အတြက္ လက္မွတ္ထိုးေပးမယ္"

မိန္းကေလးမွာ အနည္းငယ္ စိတ္ပ်က္သြားပုံရေသာ္လည္း မည္သည့္စကားမွ မဆိုေခ်။ သူမအိတ္တြင္းမွ ရွန့္ေခ်ာင္တစ္ကိုယ္ေတာ္ ပိုစတာအား ထုတ္ယူလာသည္။ ရွန့္ေခ်ာင္ သူမနာမည္ကို ေမးကာ လက္မွတ္ထိုးေပးလိုက္သည္။ လက္မွတ္ထိုးၿပီးေနာက္ ျပဳံးရင္း ထိုမိန္းကေလးကို မွာၾကားသည္။

"ျမန္ျမန္ျပန္ေတာ့၊ အပူမလၽွပ္ေစနဲ႔၊ လမ္းမွာ ဂ႐ုစိုက္"

မိန္းကေလးက ေခါင္းညိတ္ကာ ေနာက္လွည့္၍ ျပန္ရန္ ျပင္သည္။ သူမ စိတ္မထိန္းနိုင္ဟန္ျဖင့္ ေနာက္ျပန္လွည့္လာကာ အနည္းငယ္ ဝမ္းနည္းေနဟန္ျဖင့္ ေမးသည္။

"ေခ်ာင္ေခ်ာင္၊ ေဟာ့ရွီးေတာင္ လက္မွတ္ထိုးၿပီးၿပီ၊ နင္ ဘာလို႔ လက္မွတ္မထိုးတာလဲ?"

ရွန့္ေခ်ာင္ - "..... ဘာလို႔လဲဆိုေတာ့ ငါက အဆိပ္ျပင္းလို႔"

မိန္းကေလး - ? ? ?

ေနာက္ဆုံး၌ ပရိသတ္မ်ား လာေရာက္လည္ပတ္ျခင္း ၿပီးဆုံးသြားကာ ရွန့္ေခ်ာင္က ရိုက္ကြင္းသို႔ ျပန္ကာ ဆက္လက္ရိုက္ကူးသည္။ ညေနေစာင္းလာခ်ိန္တြင္ သူမဖုန္းက ႐ုတ္တရက္ဆိုသလို အျပင္းအထန္ တုန္ခါလာသည္။ တင္းက်န္ထံမွ လွမ္းယူၾကည့္လိုက္လၽွင္ ေခၚဆိုသူမွာ လ်န္ေရွာင္ထန္။

သူမက ဖုန္းေခၚဆိုသည္မွာ ရွားပါးလွၿပီး မ်ားေသာအားျဖင့္ Wechat မက္ေဆ့ခ်္မွသာ အဆက္အသြယ္လုပ္ေလ့ရွိသည္။ ဒီတေခါက္ ဘာေတြ အေရးႀကီးေနပါလိမ့္?

ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ ဖုန္းကိုင္လိုက္ကာ

"ေဟး"

တဖက္ဆီမွ လ်န္ေရွာင္ထန္၏ နားကြဲမတတ္ ေအာ္ဟစ္သံ ေပၚထြက္လာသည္။

"ေခ်ာင္ေခ်ာင္!! နင္ ငါ့ရဲ့ CP ကို ကိုယ္တိုင္ကိုယ္က် ဖ်က္ဆီးရဲတယ္ေပါ့ေလ!!! ေဟာ့ရွန့္အဖြဲ႕ အားေကာင္းလာဖို႔ ဘယ္ေလာက္ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရလဲ နင္သိလား? နင္ကေတာ့ စကားတစ္ခြန္းနဲ႔ ဖ်က္ဆီးခ်လိုက္တာ၊ ေဟာ့ရွန့္ CP အဖြဲ႕ရဲ့ super topic ဖန္အေရအတြက္က တနာရီထဲမွာ ၅၀၀၀ ေလ်ာ့သြားတယ္!!!! အေယာက္ငါးေထာင္!!!!! ဒါ အဖြဲ႕ဖ်က္တာနဲ႔ တူမေနဘူးလား!!"

ရွန့္ေခ်ာင္ - "....... ေနဦး၊ နင္ ဘာေျပာေနတာလဲ?"

လ်န္ေရွာင္ထန္ - "ဒီေန႔ ဖန္ေတြ ရိုက္ကြင္းလာလည္ေတာ့၊ နင္ ဘာေျပာခဲ့လဲ? ဟမ္? နင့္ ဘာသာ Weibo ေပၚ တက္ၾကည့္!!"

ရွန့္ေခ်ာင္က တင္းက်န္ကို လွမ္းေခၚကာ သူမဖုန္းကို ယူလာေစၿပီး Weibo ဖြင့္ကာ ေဟာ့ရွန့္ super topic အားရွာေဖြသည္။

@ေဟာ့ရွန့္ရွီးေခ်ာင္ - ငိုေနၿပီ၊ ငိုေနၿပီ!! ငါ ေခ်ာင္ေခ်ာင္ကို လက္မွတ္ထိုးခိုင္းတာ သူက ျငင္းလိုက္တယ္၊ သူက တူေဝ (毒唯)လို႔ ေျပာေသးတယ္.... ဝူး ဝူးဝူး... ငါ့ ဒီသေဘၤာေပၚ ဆက္ရြက္မလႊင့္နိုင္ေတာ့ဘူး

ေအာက္ဘက္မွ တြဲတင္လာသည္မွာ ေဟာ့ရွီးသာလက္မွတ္ထိုးထားသည့္ ေဟာ့ရွန့္ပိုစတာျဖစ္သည္။

(T/N - တူေဝ (毒唯) - အဓိပၸါယ္ကို ရွာၾကည့္ေတာ့ ဒါက CP ကို လက္မခံတဲ့ solo stand တဲ့ ပရိသတ္မ်ိဳးကို ေျပာတာတဲ့။ တူ အသံက အဆိပ္ျပင္းတဲ့ အဓိပၸါယ္လည္းထြက္တယ္။ မွားရင္ ေျပာေပးၾကပါဦး 😭😭)

ေဟာ့ရွန့္အဖြဲ႕ - ? ? ? ?

ရွီးကြမ္းမ်ားမွာ ေဟာ့ရွန့္အဖြဲ႕၏ super topic ကို အျမဲေစာင့္ၾကည့္ေနခဲ့ၿပီး ထိုပိုစ့္ကို ျမင္လၽွင္ လုံးဝဥႆုံ စိတ္ရွုပ္ေထြးသြားၾကသည္။

ဘယ္လို? ရွန့္ေခ်ာင္က ရွီးကြမ္းျဖစ္႐ုံတင္မကေသးဘူး၊ သူက တူေဝ(အဆိပ္ျပင္းတဲ့သူ)ေရာတဲ့လား?

သူ(မ)က အဆိပ္ျပင္းလြန္းလို႔ သူမကိုယ္သူမေတာင္ ေဟာ့ရွီးရဲ့ CP အေနနဲ႔ လက္မခံဘူးတဲ့လား? ?

မဟုတ္ေသးဘူး၊ ငါ ရွန့္ေခ်ာင္ဖန္ေပမယ့္ ငါ နည္းနည္း ရယ္မိသြားၿပီ။

က်ယ္ေမ့... နင္ အဆိပ္ျပင္းေနသေရြ႕ ငါတို႔ ညီအစ္မ လုပ္လို႔ ရၿပီ...

Hahahahahha.... သူက တူေဝ ဆိုတာလည္း သိတာပဲလား? သူ ဘယ္လိုမ်ား ဒီေလာက္ထိ သိေနရတာလဲ? အလုပ္ၿပီးရင္ သူက ဖန္ဒမ္းထဲ ဝင္ၾကည့္တာပဲလား?

.........

.........

သူ(မ)ပုံစံက ဖန္ဒမ္းအလုပ္လုပ္ပုံကို နားလည္ေနတဲ့ပုံမ်ိဳး....

လ်န္ေရွာင္ထန္မွာ ေအာ္ဟစ္ေနဆဲ။

"နင္အခု ဒီ CP ကို ဖ်က္လိုက္လို႔ ဝမ္းသာေနတယ္ေပါ့ေလ၊ ေနာက္ပိုင္းကို ေတြးၾကည့္စမ္း!! ေနာင္က်ရင္ ငါ့သားေလးက တျခား CP ရွိလာဦးမွာ၊ ခ်စ္သူေကာင္မေလးရွိလာၿပီး လက္ထပ္မွာ... အဲ့ခ်ိန္က်မွ အသဲကြဲတယ္ မေျပာနဲ႔!!!"

ရွန့္ေခ်ာင္ - "......."

လ်န္ေရွာင္ထန္မွာ ႏွလုံးကြဲေၾကသကဲ့သို႔ ခံစားေနရသည္။

"အဲ့ခ်ိန္က်မွ ထုတ္ေျပာလာရင္ အရမ္းေနာက္က်သြားၿပီ၊ နင္ ညတိုင္း ေခါင္မိုးေပၚ မတ္တပ္ရပ္၊ လ ကိုၾကည့္ရင္း အေဆြးသီခ်င္းဆိုရလိမ့္မယ္၊ 'တခ်ိန္တစ္ခါက ငါ့ေရွ႕မွာ စစ္မွန္တဲ့ အတြဲတစ္တြဲရွိခဲ့ပါတယ္၊ ဒါေပမယ့္ ငါကိုယ္တိုင္က တန္ဖိုးမထားခဲ့မိဘူး၊ ငါ့လက္နဲ႔ ကိုယ္တိုင္ ဖ်က္ဆီးခဲ့ၿပီးမွ ေနာင္တရေနမိၿပီ၊ နတ္ဘုရားသာ ဒုတိယအခြင့္အေရးေပးလာခဲ့ရင္ အဲ့ဒီ CP အတြက္ စကားသုံးလုံးဆိုခ်င္ပါတယ္၊ စစ္မွန္တယ္လို႔၊ ငါ ေနာက္ထပ္တစ္ခြန္းျဖည့္ဆိုခ်င္တယ္၊ ႏွစ္ေပါင္းေထာင္ေပါင္းမ်ားစြာ တည္တံ့မယ္လို႔"

ရွန့္ေခ်ာင္ - ".........."

နင္ တကယ့္ကို ဉာဏ္ႀကီးရွင္ပဲ...

*****
Note

အင္တာနက္ေပၚက ဗန္းစကားေတြ တတ္နိုင္သေလာက္ ဘာသာျပန္ထားပါတယ္။ တ႐ုတ္စာလုံးမွာ အသံထြက္တူၿပီး စာလုံးကြဲတာမ်ိဳးေတြ အမ်ားႀကီးရွိေတာ့ တခ်ိဳ႕ဟာဆို ကိုယ့္ဘာသာ နားလည္ေပမယ့္ ခ်ေရးရင္ မရွင္းတာမ်ိဳး ျဖစ္ေနမွာစိုးလို႔။ မရွင္းရင္ ေျပာေနာ္။ နားလည္သေလာက္ ရွင္းျပပါ့မယ္။

ေရးထားတဲ့ထဲ လြဲေနတာရွိရင္ အခ်ိန္မေရြး လာေျပာလို႔ ရပါတယ္။

စာမစစ္ထားပါ

*****

Continue Reading

You'll Also Like

2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
10.3K 883 25
သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story 💗💗💗 ပထမတွဲ (Unicode version) three lives three world:the pillow book 1 Myanmar translation by three...
22.8K 1.4K 42
ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world the pillow book 2 Myanmar translation b...
9.4K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...