GTKWF (Myanmar Translation )

Por Liz_774

338K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... Más

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 88

1.9K 321 95
Por Liz_774

{Unicode}

အပိုင်း ၈၈

ဟော့ရှီးနှင့် လင်းယင်ထုန်အကြား ဇာတ်ဝင်ခန်းမှာ ပြီးဆုံးသွားပြီးဖြစ်ပြီး ဒါရိုက်တာက ရှန့်ချောင်၏ မျက်ဝန်းအကြည့်ကို ပြန်လည်ရိုက်ကူးကာ  ထိုနေ့အတွက် ရိုက်ကွင်းသိမ်းသည်။

လင်းယင်ထုန်မှာ နောက်ဆုံးတွင် ရှန့်ချောင်အဆင်မပြေမှုကို မြင်တွေ့ရသည်မို့ ကျိန်းသေပေါက် ဒီအခွင့်အရေးကို လက်လွတ်မခံပေ။ သူမက ခနဲ့တဲ့တဲ့မေးသည်။

"ရှောင်ချောင် အခုလေးတင် ဘာဖြစ်သွားတာလဲ? မနာလိုဖြစ်နေတာလား?"

ရှန့်ချောင် - "ကျွန်မက လောင်ဖော်ဖန်မဟုတ်ဘူး"

လင်းယင်ထုန် - "......."

ရှန့်ချောင် ပြုံးရင်း တင်းကျန်ကမ်းပေးလာသည့် ကုတ်အကျီကို ဝတ်ဆင်လိုက်ပြီး နောက်လှည့်ထွက်သွားသည်။

ကားပေါ်ရောက်လျှင် ဖန်းပိုင်က ကားမောင်းသူအဖြစ် နေရာယူကာ တင်းကျန်က သူမနှင့်အတူ နောက်ခန်းတွင် စီးနင်း၍ မနက်ဖြန်ရိုက်ကွင်းအတွက် အချိန်ဇယားအား ကြည့်ရှုသည်။ ရှန့်ချောင်က ရုတ်တရက် မေးခွန်းထုတ်သည်။

"နင် မြင်လိုက်လား? ငါ တကယ်ကြီး မနာလိုဖြစ်နေတာလား?"

တင်းကျန် - "မနာလို ဖြစ် မဖြစ်က ပြောရခက်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းနည်းနေတဲ့ပုံတော့ ပေါက်တယ်"

ရှန့်ချောင် - "......"

ဒါ မဖြစ်နိုင်ဘူး!

သူမက လော်ဖော်ဖန်ဖြစ်သော်လည်း သူမ၏ အိုင်ဒေါလ် အချစ်တွေ့ကာ လက်ထပ်လျှင်တောင် မျက်ရည်ဖြင့် ဆုမွန်ကောင်းတောင်းပေးမည့် လောင်ဖော်ဖန်မျိုးဖြစ်သည်။ သူမသင်ယူခဲ့ရသည့် ပညာရေးက လက်တွေ့ဘဝနှင့် အိပ်မက်အား ကွဲကွဲပြားပြားခွဲခြားနိုင်ရန် သင်ကြားပေးထားပြီး အိုင်ဒေါလ်များနှင့် ပတ်သက်၍ အလွန်အမင်း စွဲလမ်းစိတ်မျိုး မထားပေ။

ထိုမျှသာမက ယခုချိန်မှာ ရိုက်ကူးရေး လုပ်နေရုံသက်သက်။ ဒီတော့ သူမ ဘာကြောင့်များ မနာလိုဖြစ်ရသလဲ?

ဘုရားရေ!! သူမ ဟော့ရှီးနဲ့ အချိန်အတော်ကြာကြာ နီးနီးကပ်ကပ် တည်ရှိမှုကြောင့် မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုမျိုးတွေ လုပ်နေမိပြီလား??!

ချစ်ခြင်းမေတ္တာမှာ လောဘတက်စရာမဟုတ်!

ဒီစကားကို အမြဲ မှတ်မိနေရမယ်!

စည်းကျော်ဖို့ ကြိုးစားနေတဲ့ ရူးနှမ်းတဲ့ အဲ့ဒီအတွေးတွေကို မောင်းထုတ်ပစ်လိုက်!!

သူမ တွေးတောနေစဉ်မှာပင် သူမဖုန်းက တုန်ခါလာပြီး ဖုန်းမျက်နှာပြင်ရှိ ခေါ်ဆိုသူနေရာတွင် 'My Baby' ဟု ဖော်ပြနေသည်။ ရှန့်ချောင် ဖုန်းပင် ပြန်မဖြေရဲလုနီးနီး။

မဟုတ်သေးဘူး၊ သူမ လက်ခံဖို့ ငြင်းဆန်လေ အပြစ်ရှိသည်ဟု ပိုခံစားရလေပဲ။ သူမစိတ်ထားမှာ ရိုးရှင်းပြီး ဖြောင့်မတ်သည်မို့ ကျိန်းသေပေါက် ဖုန်းဖြေရမယ်!!

"ဟော့ရှီး!!"

"မင်း ညစာ ဘာစားချင်လဲ? ရှောင်တန့်ကို ဝယ်ခိုင်းမယ်"

"အင်း၊ ကျွန်မနဲ့ အတူစားမလို့လား?"

"အင်း၊ ကိုယ့်ကို အခန်းထဲမှာ စောင့်နေ"

(အားးး... အိုင်ဒေါလ်က ငါနဲ့ flirt ပြန်ပြီ၊ ဒီ 'ကိုယ့်ကို အခန်းထဲမှာစောင့်နေ' ဆိုတာကိုပဲ နားထောင်ကြည့်ပါဦး...)

အခန်းသို့ ပြန်ရောက်ပြီး မကြာခင်တွင် ဟော့ရှီးက အစားအသောက်အစုံဖြင့် ရောက်ရှိလာသည်။ ဟင်းသုံးမျိုးနှင့် အရည်သောက်တစ်မျိုးမှာ ပါဝင်ပြီး အားလုံးမှာ သူမအကြိုက်ဟင်းများဖြစ်သည်။

ရှန့်ချောင် - (ကယ်ကြပါဦး၊ ငါ့အိုင်ဒေါလ်က တအားအလိုလိုက်ရင် ဘယ်လိုလုပ်ရမလဲ?)

သူမ စိတ်ပျံ့လွင့်လျက် ခပ်ဖြည်းဖြည်း စားနေသည်ကို ဟော့ရှီး မြင်လျှင်

"ဘာဖြစ်လို့လဲ? အရသာမရှိလို့လား?"

ရှန့်ချောင်က ထမင်းပန်ကန်ကို တူဖြင့်ဆွရင်း အချိန်အတော်ကြာမှ လေးလေးနက်နက်ဆိုလာသည်။

"ဟော့ရှီး၊ ရှင်က ရှင့်ဖန်တွေကို တအားအလိုလိုက်လွန်းတယ်၊ အဲ့ဒါ မကောင်းဘူး"

ဟော့ရှီး ပန်းကန်ကို အောက်ချကာ ပြုံးရင်း မေးသည်။

"ဘာလို့လဲ?"

သူမက စိုးရိမ်တကြီး ပြန်ဖြေသည်။

"ပရိသတ်တွေ စိတ်ရှုပ်ထွေးပြီး အထင်မှားအမြင်မှားဖြစ်ပြီး ဘယ်နေရာနေရမလဲ မသိဖြစ်စေနိုင်လို့"

ဟော့ရှီး သူမအား တခဏမျှ ကြည့်ကာ ခပ်ဖြည်းဖြည်း ဆိုသည်။

"ဒါဆို နေရာပြောင်းကြည့်လေ"

အချိန်အတော်ကြာသည်အထိ ရှန့်ချောင် တွေဝေနေပြီးနောက်

"နေရာပြောင်းတာက ဘာကို ဆိုလိုတာလဲ?"

ဟော့ရှီးက သူမအား စိုက်ကြည့်နေဆဲ။

ရှန့်ချောင် - "ရှင် ကျွန်မတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ပိုခိုင်မြဲစေချင်တာ ဟုတ်တယ်မလား?"

ဟော့ရှီး - " ??? "

ထမင်းဖြစ်ဖို့ အပူက မလုံလောက်သေးဘူးပဲ....

......
နောက်ထပ်ရက်အနည်းငယ်အထိ ရိုက်ကူးရေးမှာ အဆင်ပြေ ချောမွေ့လျက်ရှိသည်။ ရှန့်ချောင်နှင့် ဟော့ရှီးမှာ တွဲဖက်မိမိသရုပ်ဆောင်နိုင်ပြီး တစ်ယောက်နှင့် တစ်ယောက် ခိုင်မြဲသည့် စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်လျှင် ဇာတ်ဝင်ခန်းများအား တခါတည်းဖြင့် ရိုက်ကူးနိုင်သည်။

အဖွဲ့သားများ၏ နေ့စဉ်ရက်ဆက် ရိုက်ကူးရေး လုပ်ငန်းစဉ်မှာ ပျင်းရိဖွယ်ဖြစ်၏။ နေ့စဉ်နေ့တိုင်းလိုလို ဇာတ်ဝင်ခန်းများအား ထပ်ဖန်တလဲလဲရိုက်ကူးနေရပြီး အဖွဲ့သားများမှာ ဟိုဒီပြေးလွှားနေရသည်။ အထူးသဖြင့် နောက်ပိုင်းနေ့ရက်များတွင် ဒါရိုက်တာက ဇာတ်ဝင်ခန်းများအား အလျှင်အမြန်ရိုက်ကူးလာပြီး တနေ့တည်းတွင် အခန်းများများ ရိုက်ကူးကာ သရုပ်ဆောင်များမှာ စိတ်အခြေအနေအား တောက်လျှောက် ပြောင်းလဲနေရသည်။ စိတ်ပိုင်းဆိုင်ရာ အားအင်ကုန်ခန်းမှုတစ်ခုတည်းသည်ပင် အလွန်အမင်း ပင်ပန်းနေရပြီး နေ့စဉ်ရိုက်ကူးရေးပြီးချိန်တိုင်းတွင် လဲကျလုမတတ်ပင်။

ရှန့်ချောင်ခမျာ ပို၍ပင် ပင်ပန်းနေရသည်။ သူမ၏ ဇာတ်ကောင်မှာ ရာဇဝတ်ကောင်ဖမ်းဆီးရေးရဲအရာရှိဖြစ်သည်။ အကြမ်းပတမ်းရိုက်ကူးရမည့် နေရာများအတွက် လူစားထိုးများ ရှိသည့်တိုင်အောင် သရုပ်ဆောင်မှုကို သူမကိုယ်တိုင် ပြုလုပ်ရဆဲဖြစ်၏။ ရှန့်ချောင်မှာ ရိုက်ကူးရေးအပြင် ရိုက်ကွင်းပေါ်တွင် ကျန်ရှိသည့် အချိန်များအား စီစဉ်သူ အထူးတလည် ဖိတ်ကြားထားသည့် အထူးရဲအရာရှိများထံမှ တိုက်ခိုက်ရေးစွမ်းရည်ကို သင်ကြားရင်း ကုန်ဆုံးသည်။

သူမလက်မောင်းနှင့် ပေါင်များမှာ မကြာခဏ အညိုအမဲစွဲကာ ထိခိုက်နာကျင်ရပြီး သူမခန္ဓာကိုယ်တွင် ပရုပ်ဆီအနံ့ရနေလေ့ရှိသည်။

ထိုအခါမှသာ သရုပ်ဆောင်တစ်ယောက်ဖြစ်ရခြင်းမှာ မလွယ်ကူမှန်း သူမသိလာရသည်။

နေ့လယ်စာ စားချိန်တွင် လင်းယင်ထုန်က တည်ငြိမ်သည့်မျက်နှာပေးဖြင့် ရှန့်ချောင်ရှိရာဆီ လျှောက်လာသည်။

"ရှောင်ချောင်၊ ငါ့အတွက် နေ့တိုင်း အပြင်ထမင်းဘူးဝယ်ပေးစရာ မလိုဘူး၊ ငါအဖွဲ့ရဲ့ ထမင်းဘူး စားလို့ရတယ်"

"ဒါဘယ်လိုလုပ်ဖြစ်မှာလဲ?"

ရှန့်ချောင်က လက်ထဲတွင် ပရုပ်ဆီဘူးကိုင်ထားလျက်ဖြင့် မော့ကြည့်ကာ ပြုံးပြရင်း

"စီနီယာကို သုံးလ ထမင်းဘူးပို့မယ်လို့ ကျွန်မ ကတိပေးထားတာလေ၊ ကျိန်းသေပေါက် ကတိတည်ရမှာပေါ့၊ မဟုတ်ရင် ကျွန်မက အပြောပဲ ရှိတယ်လို့ လူတိုင်းက ထင်နေမှာ၊ စိတ်မပူပါနဲ့ စီနီယာ"

လင်းယင်ထုန်က အံ့ကြိတ်ကာ

"ငါ ခရမ်းသီး ထပ်မစားချင်တော့ဘူး!!"

ရှန့်ချောင် ပြုံးလိုက်ပြီး

"စီနီယာက ခရမ်းသီးအကြိုက်ဆုံး မဟုတ်ဘူးလား? ရှင့်အကြိုက်အတိုင်း ကျွန်မ စီစဉ်ပေးတာလေ"

လင်းယင်ထုန်က သူမထံ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးမှ မတရားခံရသူလို သနားစဖွယ် မျက်နှာပေးဖြင့်

"ရှောင်ချောင် နင် ငါ့ကို တမင်တကာ ပစ်မှတ်ထားနေတာလား? နင် ငါနဲ့ ပတ်သက်ပြီး မကျေနပ်တာရှိရင် ဒါရိုက်တာဝမ်နဲ့ တခြားသူတွေကို ပြောလို့ ရတာပဲ၊ ဘာလို့ ဒီလိုနည်းလမ်းသုံးရတာလဲ?"

ဘေးနားရှိ ဝန်ထမ်းအဖွဲ့သားများမှာ မျက်လုံးများသာ ဖော်ကာ စူးစမ်းလာပြီး ဖရုံစေ့ကိုက်ချင်သည့် အကြည့်များဖြင့် ကြည့်လာသည်။

ရှန့်ချောင်က သူမလက်ချောင်းများတွင် ပရုပ်ဆီများ ပေလျက် တုံ့ဆိုင်းသွားသည်။

အချိန်အတော်ကြာမှ အပြုံးဖြင့် ခေါင်းယမ်းရင်း ဆိုသည်။

"ဒါကို တမင်လုပ်တယ်လို့ ခေါ်တာလား? ကျွန်မ ခရမ်းသီးနဲ့ မတည့်မှန်း စီနီယာသိရဲ့သားနဲ့ အရင်က ကျွန်မကို အတင်းစားခိုင်းတာနဲ့ ယှဉ်ရင် ဒါက ကိစ္စကြီးမဟုတ်ဘူးလေ"

"နင်!! မတရား မစွပ်စွဲနဲ့! နင် ဘာခရမ်းသီးအလာဂျီအကြောင်း ပြောနေလဲတောင် ငါ မသိဘူး!"

"ဒါဆို အခုသိပြီလေ"

သူမ နှုတ်ခမ်းတို့ ကွေးတက်သွားကာ ချစ်စဖွယ်ပြုံးသည်။

"ကျွန်မရဲ့ အစားအသောက်ထဲ ခရမ်းသီးတွေ ထပ်ပေါ်လာရင်တော့ စီနီယာ့လက်ချက်လို့ ကျွန်မက ထင်မှာပဲ"

တင်းကျန်ဘက် ရှန့်ချောင် လှည့်ကြည့်ကာ လှမ်းမှာသည်။

"စီနီယာလင်းဆီ ထမင်းဘူး နေ့တိုင်းပို့စရာမလိုတော့ဘူးလို့ လက်ထောက်ကို ပြောလိုက်၊ သူများက ကျေးဇူးမတင်မှတော့ ငါတို့ရဲ့ လူအင်အားနဲ့ ငွေကြေးကို အလဟဿ ဖြုန်းတီးနေစရာမလိုဘူး"

သူမ၏ စောင်းမြောင်းပြောဆိုသည့် စကားကြောင့် လင်းယင်ထုန်မှာ အလွန်အမင်း ဒေါသပုန်ထသွားသည်။

သိပ်မဝေးလှသည့်နေရာတွင် ရှောင်တန့်က ဝေစုထမင်းဘူးကို ဟော့ရှီးထံ ယူလာရင်း တီးတိုးဆိုသည်။

"ကောရဲ့ လောင်ဖော်ဖန်က အတော်လေး လျှာစောင်းထက်တာပဲ"

ဟော့ရှီးက တူလှမ်းယူရင်း

"ဒါက အစွယ်ထုတ်ပြတယ် ခေါ်တယ်"

ရှောင်တန့် - "......"

ဟုတ်ပါပြီ၊ ဟုတ်ပါပြီ....

နေ့လယ်ခင်းရိုက်ကူးရေးမှာ တရားရုံးတွင် ရိုက်ကူးရမည်ဖြစ်သည်။ ဒါရိုက်တာ လှမ်းမခေါ်ခင်အထိ ရှန့်ချောင်မှာ လှေကားထစ်များအား ကြိမ်ဖန်များစွာ တက်လိုက်ဆင်းလိုက် လုပ်နေရသည်။ ရုတ်တရက် အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက် သူမဘေးမှ ဖြတ်လျှောက်သွားသည်ကို လှမ်းမြင်လိုက်ပြီး ထိုသူ့နောက်မှ လက်ထောက်တစ်ယောက် လိုက်လာသည်။ ရှန့်ချောင် ချက်ချင်းဆိုသလို လှမ်းအော်ခေါ်လိုက်သည်။

"ကိုကို!"

မည်သူမှ သူမခေါ်သံအား တုံ့ပြန်ခြင်းမရှိ။ ရိုက်ကွင်းမှတ်တမ်းတင်သူမှ အထူးအဆန်းဖြစ်စွာ မေးလာသည်။

"ရှောင်ချောင်၊ မင်း ဘယ်သူ့ကို ခေါ်နေတာလဲ?"

ရှန့်ချောင် လက်ဝှေ့ရမ်းကာ ခပ်မြန်မြန်ပြေးသွားပြီး ပါးစပ်မှလည်း အဆက်မပြတ် အော်ခေါ်နေသည်။

"ချောင်းယွီ! ချောင်းယွီ!"

ချောင်းယွီရပ်လိုက်ကာ နောက်လှည့်ကြည့်ပြီးနောက် အလွန်အမင်း အံ့အားသင့်သွားသည်။

ရှန့်ချောင်မှာ အနားထိ ပြေးလာပြီး ဖြစ်ကာ သူမ၏ ခပ်သေးသေးမျက်နှာမှာ မော်ချီလျက် ပြုံးရွှင်လျက်ရှိသည်။

"ရှင် ဘာလို့ ဒီရောက်နေတာလဲ?"

ချောင်းယွီ ဒီနေရာသို့ မလာခင် တရားရုံးအား ရိုက်ကူးရေးအတွက် ဌားရမ်းထားမှန်း သိရှိပြီးဖြစ်သည်။ သူ မမျှော်လင့်ထားခဲ့သည်မှာ သူမ၏ ရိုက်ကွင်း ဖြစ်နေခြင်း။ အနည်းငယ် အံ့အားသင့်စွာ ပြုံးလိုက်ပြီး ဆိုသည်။

"ဒီဘက်မှာ အမှုတစ်ခုရှိလို့ လိုတဲ့ အချက်အလက်တွေ လာယူတာ"

သူ ဘေးလှည့်ကာ ဘေးနားရှိ လက်ထောက်ထံ လှမ်းပြောသည်။

"သွားနှင့်ပြီး အပေါ်မှာ ငါ့ကို စောင့်နေ"

လက်ထောက်ထွက်ခွါသွားပြီးနောက် သူမဘက်ပြန်လှည့်ကာ ရဲယူနီဖောင်းအား လှည့်ပတ်ကြည့်ရင်း အပြုံးဖြင့် မေးသည်။

"မင်းက ရဲအရာရှိလား?"

ရှန့်ချောင် ခေါင်းညိတ်သည်။

"အင်း!"

သူမက စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပြကာ

"ကြည့်ကောင်းလား? အရမ်းမိမိုက်မနေဘူးလား?"

ချောင်းယွီ နှုတ်ခမ်းတို့ ကွေးတက်သွားပြီး သူမအား တမင်တကာ စနောက်သည်။

"ပြောရရင် မင်းက ရဲအတုပဲ"

ရှန့်ချောင် သူ့လက်မောင်းအား လက်သီးဖြင့် လှမ်းထိုးသည်။

အပူဒဏ်ကြောင့် သူမ ချွေးသံတရွှဲရွှဲဖြစ်နေသည်ကို ချောင်းယွီမြင်နိုင်သည်။ စနောက်ပြီးနောက်

"မင်း ရေဆာလား? အဲ့ဒီနားမှာ အအေးဆိုင်ရှိတယ်"

"ငါ ရေခဲမုန့်စားချင်တယ်"

ချောင်းယွီ လက်ဖျောက်တီးလိုက်၏။

"သွားမယ်၊ သွားစားကြမယ်"

သူမ ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်လာကာ တင်းကျန်ကို လှမ်းခေါ်သည်။

"ငါ ခဏနေ ပြန်လာခဲ့မယ်"

ဤသို့ဖြင့် ရိုက်ကူးရေးအဖွဲ့သားအားလုံးမှာ အမျိုးသမီးဇာတ်ကောင်က အရပ်မြင့်ကာ ချောမောသည့် သူစိမ်းနှင့် ထွက်ပြေးသွားသည်ကို ဝိုင်းကြည့်နေကြသည်။

မှတ်တမ်းရေးသူ - "အဲ့ဒါဘယ်သူလဲ? ရှောင်ချောင့် ကောင်လေးလား?"

စီစဉ်သူ - "ရှောင်ချောင့်မှာ ချစ်သူရှိမှန်း ငါ မကြားမိပါဘူး၊ သူသာ တကယ် သူ့ကောင်လေးဆို ဒီလောက်ထိ ပေါ်တင်ကြီး မတွဲသွားလောက်ဘူးမလား?"

ထုတ်လုပ်သူက စပ်စုလိုဟန်ဖြင့် သူ့ဘေးရှိ ဟော့ရှီးထံ လှမ်းမေးသည်။

"အဲ့ဒါ ရှောင်ချောင်ရဲ့ ကောင်လေးလား?"

ဟော့ရှီး - "......."

သူ တကယ့်ကို မသိချေ။

ဘယ်လိုပဲဖြစ်ဖြစ် လောင်ဖော်ဖန်များကို ချစ်သူမထားရဟု တားမြစ်ထားသည့် ဥပဒေမရှိပေ။

ဆယ်မိနစ်ကုန်ဆုံးသွားပြီး မိနစ်နှစ်ဆယ် ကုန်လွန်သွားကာ နာရီဝက် ကြာမြင့်သွားသည်။ ဟော့ရှီးက မျက်နှာသေဖြင့် တင်းကျန်ဆီ လျှောက်သွားကာ

"သူ့ကို ပြန်ခေါ်လိုက်၊ ရုပ်ရှင်က ဆက်မရိုက်တော့ဘူးလား?"

တင်းကျန် - "နေ့လယ်ပိုင်း ရှောင်ချောင်မှာ ရိုက်စရာ မရှိဘူး....."

တင်းကျန်မှာ ဟော့ရှီး၏ အေးစက်စက် မျက်နှာအမူအရာကို ကြည့်ရင်း သူမ ဆက်ပြောလိုသည့် စကားများအား ပြန်မျိုချကာ ဖုန်းကို တိတ်တဆိတ် ထုတ်ယူသည်။

သိပ်မကြာခင်၌ ရှန့်ချောင် ပြန်ရောက်လာသည်။

သူမလက်ထဲတွင် အအေးဘူးများ ထည့်ထားသည့် အိတ်နှစ်လုံးကို သယ်ဆောင်လာကာ တင်းကျန်ဆီ ကမ်းပေးပြီး အဖွဲ့သားများထံ ဝေဌစေသည်။ ထို့နောက် ဟော့ရှီးထံ ပြေးသွားကာ အမြုပ်ထနေသည့် ကော်ဖီခွက်ကို ကမ်းပေးသည်။

သူ ဘာသောက်ရတာ ကြိုက်လဲ၊ ဘာစားရတာ သဘောကျလည်း သူမ အသိဆုံးဖြစ်သည်။ ဟော့ရှီး ကော်ဖီခွက်ကို လှမ်းယူလိုက်ပြီး မျက်ဝန်းတို့ အောက်စိုက်ချကာ စကားတစ်ခွန်းမဆို။ ဟော့ရှီးက ဘေးဖက်သို့ လျှောက်သွားကာ တငုံမျှပင် မသောက်ပဲ ထိုင်ချသည်။ ကော်ဖီခွက်ကို ဘေးတွင် ချထားပြီး ဇာတ်ညွှန်းအား ကောက်ယူကာ ဆက်ဖတ်သည်။

ရှန့်ချောင်မှာ သူ့ထံမှ ချီးကျူးစကားအား အားတက်သရော စောင့်ဆိုင်းနေခဲ့သည်။ သူ၏ အေးစက်စက် အမူအရာကို မြင်လျှင် ရှန့်ချောင် သတိဝင်သွားကာ သူ့ရိုက်ကူးရေးက အဆင်မပြေဖြစ်နေသည်ဟု မှတ်ယူ၍ မနှောင့်ယှက်တော့ပဲ သူမနေရာဆီ ပြန်သွားထိုင်သည်။

ဟော့ရှီး - "......."

အေးစက်သည့် လေထုအခြေအနေမှာ ညဘက်ရိုက်ကူးရေးထိတိုင် ဆက်လက်ဖြစ်ပွါးနေသည်။ ရှန့်ချောင်က ရန်သူ့နောက် ပြေးလိုက်ရသည့် ညဘက်ဇာတ်ဝင်ခန်းနှစ်ခန်းအား ရိုက်ကူးသည်။ သူမ ဟိုတယ်သို့ ပြန်ရောက်ချိန်တွင် ပင်ပန်းနွမ်းနယ်မှုကြောင့် သူမ ခြေထောက်များပင် ကတုန်ကရင်ဖြစ်လျက် ရှိ၏။ ရှန့်ချောင် ရေချိုးလိုက်ပြီးနောက် ကုတင်ပေါ်လှဲလိုက်ပြီး ဆေးလိမ်းပေးရန် တင်းကျန်အား တောင်းဆိုသည်။

တင်းကျန်က ဧည့်ခန်းထဲမှ လိမ်းဆေးကို သွားယူနေချိန်တွင် တံခါးခေါက်သံနှစ်ချက် ပေါ်ထွက်လာသည်။ တံခါးဖွင့်လိုက်လျှင် ဟော့ရှီးအား အပြင်ဘက်တွင် မြင်တွေ့လိုက်ရသည်။

တင်းကျန် လက်ထဲရှိ ဒဏ်ကြေလိမ်းဆေးနှင့် ပရုပ်ဆီဘူးကို ဟော့ရှီး မြင်လျှင် သူ့မျက်ခုံးတို့ တွန့်ကုတ်သွားကာ တံခါးတွန်းဖွင့်၍ အထဲသို့ ဝင်လာသည်။

ရှန့်ချောင်မှာ ကုတင်ပေါ် လဲလျောင်းနေဆဲဖြစ်ပြီး သူမဦးခေါင်းမှာ ခေါင်းအုံးထဲ မြုပ်ဝင်လျက်ရှိသည်။ ပင်ပန်းလွန်းသဖြင့် တံခါးခေါက်သံကိုပင် ရှန့်ချောင် မကြားပေ။ တစ်စုံတစ်ယောက် ဝင်လာသည်ကို ကြားလျှင် သူမ တီရှပ်အား အနည်းငယ် အပေါ်သို့ ပင့်တင်လိုက်ကာ အချိုးအစားပြေပြစ်သည့် ခါးသွယ်သွယ်အား ပေါ်ထွက်လာစေသည်။

"ဒီနား အရမ်းနာနေတယ်၊ ယောင်နေလား ကြည့်ပြီး ဆေးဖြန်းပေးဦး"

သူမက တီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ သူမ လက်မောင်းနှင့် ခြေသလုံးသားများတွင် အညိုအမဲများစွဲနေကာ နောက်ကျောဘက်တွင်မူ နီရဲ၍ အနည်းငယ် ယောင်ကိုင်းလျက်ရှိပြီး ရိုက်ကူးရေးမှ ဒဏ်ရာများဖြစ်သည်။

ခဏအကြာတွင် သူမခါးပေါ် ဆေးဖြန်းလာသည်ကို ခံစားရသည်။ ထို့နောက် လက်ချောင်းများဖြင့် ခပ်ဖွဖွနှိပ်နယ်လာသည်။ ရှန့်ချောင် ခေါင်းအုံးထဲ ခေါင်းတိုးဝင်ကာ မသဲမကွဲလေသံဖြင့်

"ဖြေးဖြေးလုပ်"

လက်အားမှာ ရုတ်ချည်းပင် အားပျော့သွားကာ ထို့နောက် နှိပ်နယ်မှုမှာ သူမ၏ ပခုံးများနှင့် ခြေသလုံးများထိ ရောက်ရှိလာသည်။ ရှန့်ချောင်က ခေါင်းအုံးပေါ် လှဲလျက်ပင် ဝမ်းနည်းပန်းနည်းဆိုသည်။

"ဒီနေ့ ဟော့ရှီး နည်းနည်းထူးဆန်းနေတယ်လို့ နင်မထင်ဘူးလား?"

လက်ချောင်းနှစ်ချောင်းဖြင့် သူမတီရှပ်အား အောက်သို့ ဆွဲချကာ နောက်ကျောဘက်ဆီမှ ခပ်တိုးတိုးလေသံ ပေါ်ထွက်လာသည်။

"ဘာက ထူးဆန်းတာလဲ?"

ရှန့်ချောင် ဘုရားတလိုက်ကာ ကုတင်ပေါ်မှ ပြုတ်ကျလုနီးနီးပင်။

"ဟော့ဟော့ဟော့ဟော့.... ဟော့ရှီး!!! ဘယ်လိုလုပ် ရှင်လဲ?"

သူ့လက်ထဲရှိ ဆေးပုလင်းကို ကြည့်ကာ အခုလေးတင်မှ သူ့လက်ချောင်းတို့ဖြင့် နှိပ်နယ်ခံထားရသည့် အသားအရေအကြောင်း စဉ်းစားမိလိုက်လျှင် ရှန့်ချောင်မျက်နှာ နီရဲသွားသည်။ ဟော့ရှီးက ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေမြဲ။

"ကိုယ်က ဘာထူးဆန်းနေတယ်လို့ ထင်တာလဲ?"

သူမ ငိုချချင်စိတ်ပေါက်သွားသည်။ ရှန့်ချောင် ထထိုင်လိုက်လျှင် သူမပခုံးနှင့် လက်များပေါ်ရှိ ညိုမဲနေမှုများမှာ အထင်းသား ပေါ်ထွက်လာသည်။

တမင်တကာ အေးစက်နေဟန်ဆောင်နေမှုအား ဟော့ရှီး ဆက်မထိန်းထားနိုင်တော့။ သက်ပြင်းချကာ ကုတင်ဘေးတွင် ထိုင်ရင်း သူမလက်ကို လှမ်းကိုင်သည်။

ရှန့်ချောင်မှာ ဆက်လက်ရုန်းလိုနေဆဲ ဖြစ်တာမို့ သူက အသံနက်နက်ဖြင့် လှမ်းဆိုသည်။

"မလှုပ်နဲ့"

သူမချက်ချင်းပင် မလှုပ်ရဲတော့။

ဟော့ရှီး ခေါင်းငုံ့ကာ ဆေးဖြန်းပေးပြီးနောက် ဆေးစိမ့်ဝင်နိုင်စေရန် ဒဏ်ရာရသည့်နေရာပေါ် လက်ချောင်းများဖြင့် ရှေ့တိုးနောက်ငင် ပွတ်သပ်ပေးလာပြီး လက်အားမှာ နူးညံ့ညင်သာလျက်ရှိသည်။

ရှန့်ချောင်က ဟော့ရှီး၏ အောက်စိုက််ချထားသည့် မျက်တောင်ရှည်များအား ညို့ငင်ခံရသူပမာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် ဟော့ရှီး လက်လွှတ်ပေးပြီးနောက်

"ဒီလိုမျိုး တိုက်ခိုက်ခန်းတွေ ရိုက်တာ မင်းပဲ ရှိမယ်"

ရှန့်ချောင်မှာ စကားတစ်ခွန်းမဆိုပဲ သူ့အား စိုက်ကြည့်လျက်ရှိသည်။ ဟော့ရှီးက ဆေးပုလင်းအား ကုတင်ဘေးရှိ စားပွဲပေါ်တင်ကာ မတ်တပ်ထရပ်သည်။

"စောစောအိပ်၊ မနက်ဖြန် ရိုက်ရမှာ အများကြီးပဲ"

သူနောက်လှည့်ကာ ပြန်ထွက်ရန် ပြင်သည်။ ရှန့်ချောင်မှာ ကုတင်ပေါ်ထိုင်နေဆဲဖြစ်ကာ သူ့လက်ချောင်းတို့ဖြင့် ထိတွေ့သွားခဲ့သည့်နေရာများမှာ ပူနွေးနေဆဲ။

ဟော့ရှီး၏ သူမအပေါ် ကောင်းပေးမှုမှာ ဖန်တစ်ယောက်အား ဆက်ဆံပေးသည်ထက် ကျော်လွန်နေသည်ဟု ခံစားရသည်။

သူက ငါ့ကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား??

သူမဦးနှောက်ထဲမှ ထွက်ပေါ်လာသည့် ရူးနှမ်းသည့် အတွေးအခေါ်ကြောင့် ရှန့်ချောင် ထိတ်လန့်သွားသည်။ သတိဝင်လာချိန်တွင် သူမကိုယ်သူမ ခပ်ဆတ်ဆတ် တချက်ရိုက်လိုက်သည်။

ငါ ဘဝင်မြင့်လွန်းနေတယ် မဟုတ်ဘူးလား!!

လူသားတွေရဲ့ အတင့်ရဲမှုမှာ ထိတ်လန့်စရာ၊ ဒီလို စိတ်ကူးယဉ်အတွေးမျိုးကိုတောင် တွေးထုတ်လာရဲတယ်!!

ငါ့အိုင်ဒေါလ်ကြိုက်တာ ခံရအောင် ငါက ဘာမို့လို့လဲ?

ရှန့်ချောင်... ရှန့်ချောင်... နင်တော့ ဘဲငန်းအသားမှ စားချင်နေတာ... နင်တော့ သွားပြီ...

****
Note

အခုလေးတင် ခြေထောက်ကိုက်လို့ ကိုယ့်ဘာသာ ဆေးလူးထားရသော မိမိ - 🥲🥲

****







{Zawgyi}

အပိုင္း ၈၈

ေဟာ့ရွီးႏွင့္ လင္းယင္ထုန္အၾကား ဇာတ္ဝင္ခန္းမွာ ၿပီးဆုံးသြားၿပီးျဖစ္ၿပီး ဒါရိုက္တာက ရွန့္ေခ်ာင္၏ မ်က္ဝန္းအၾကည့္ကို ျပန္လည္ရိုက္ကူးကာ  ထိုေန႔အတြက္ ရိုက္ကြင္းသိမ္းသည္။

လင္းယင္ထုန္မွာ ေနာက္ဆုံးတြင္ ရွန့္ေခ်ာင္အဆင္မေျပမွုကို ျမင္ေတြ႕ရသည္မို႔ က်ိန္းေသေပါက္ ဒီအခြင့္အေရးကို လက္လြတ္မခံေပ။ သူမက ခနဲ႔တဲ့တဲ့ေမးသည္။

"ေရွာင္ေခ်ာင္ အခုေလးတင္ ဘာျဖစ္သြားတာလဲ? မနာလိုျဖစ္ေနတာလား?"

ရွန့္ေခ်ာင္ - "ကၽြန္မက ေလာင္ေဖာ္ဖန္မဟုတ္ဘူး"

လင္းယင္ထုန္ - "......."

ရွန့္ေခ်ာင္ ျပဳံးရင္း တင္းက်န္ကမ္းေပးလာသည့္ ကုတ္အက်ီကို ဝတ္ဆင္လိုက္ၿပီး ေနာက္လွည့္ထြက္သြားသည္။

ကားေပၚေရာက္လၽွင္ ဖန္းပိုင္က ကားေမာင္းသူအျဖစ္ ေနရာယူကာ တင္းက်န္က သူမႏွင့္အတူ ေနာက္ခန္းတြင္ စီးနင္း၍ မနက္ျဖန္ရိုက္ကြင္းအတြက္ အခ်ိန္ဇယားအား ၾကည့္ရွုသည္။ ရွန့္ေခ်ာင္က ႐ုတ္တရက္ ေမးခြန္းထုတ္သည္။

"နင္ ျမင္လိုက္လား? ငါ တကယ္ႀကီး မနာလိုျဖစ္ေနတာလား?"

တင္းက်န္ - "မနာလို ျဖစ္ မျဖစ္က ေျပာရခက္တယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ ဝမ္းနည္းေနတဲ့ပုံေတာ့ ေပါက္တယ္"

ရွန့္ေခ်ာင္ - "......"

ဒါ မျဖစ္နိုင္ဘူး!

သူမက ေလာ္ေဖာ္ဖန္ျဖစ္ေသာ္လည္း သူမ၏ အိုင္ေဒါလ္ အခ်စ္ေတြ႕ကာ လက္ထပ္လၽွင္ေတာင္ မ်က္ရည္ျဖင့္ ဆုမြန္ေကာင္းေတာင္းေပးမည့္ ေလာင္ေဖာ္ဖန္မ်ိဳးျဖစ္သည္။ သူမသင္ယူခဲ့ရသည့္ ပညာေရးက လက္ေတြ႕ဘဝႏွင့္ အိပ္မက္အား ကြဲကြဲျပားျပားခြဲျခားနိုင္ရန္ သင္ၾကားေပးထားၿပီး အိုင္ေဒါလ္မ်ားႏွင့္ ပတ္သက္၍ အလြန္အမင္း စြဲလမ္းစိတ္မ်ိဳး မထားေပ။

ထိုမၽွသာမက ယခုခ်ိန္မွာ ရိုက္ကူးေရး လုပ္ေန႐ုံသက္သက္။ ဒီေတာ့ သူမ ဘာေၾကာင့္မ်ား မနာလိုျဖစ္ရသလဲ?

ဘုရားေရ!! သူမ ေဟာ့ရွီးနဲ႔ အခ်ိန္အေတာ္ၾကာၾကာ နီးနီးကပ္ကပ္ တည္ရွိမွုေၾကာင့္ မျဖစ္နိုင္တဲ့ စိတ္ကူးယဥ္မွုမ်ိဳးေတြ လုပ္ေနမိၿပီလား??!

ခ်စ္ျခင္းေမတၱာမွာ ေလာဘတက္စရာမဟုတ္!

ဒီစကားကို အျမဲ မွတ္မိေနရမယ္!

စည္းေက်ာ္ဖို႔ ႀကိဳးစားေနတဲ့ ႐ူးႏွမ္းတဲ့ အဲ့ဒီအေတြးေတြကို ေမာင္းထုတ္ပစ္လိုက္!!

သူမ ေတြးေတာေနစဥ္မွာပင္ သူမဖုန္းက တုန္ခါလာၿပီး ဖုန္းမ်က္ႏွာျပင္ရွိ ေခၚဆိုသူေနရာတြင္ 'My Baby' ဟု ေဖာ္ျပေနသည္။ ရွန့္ေခ်ာင္ ဖုန္းပင္ ျပန္မေျဖရဲလုနီးနီး။

မဟုတ္ေသးဘူး၊ သူမ လက္ခံဖို႔ ျငင္းဆန္ေလ အျပစ္ရွိသည္ဟု ပိုခံစားရေလပဲ။ သူမစိတ္ထားမွာ ရိုးရွင္းၿပီး ေျဖာင့္မတ္သည္မို႔ က်ိန္းေသေပါက္ ဖုန္းေျဖရမယ္!!

"ေဟာ့ရွီး!!"

"မင္း ညစာ ဘာစားခ်င္လဲ? ေရွာင္တန့္ကို ဝယ္ခိုင္းမယ္"

"အင္း၊ ကၽြန္မနဲ႔ အတူစားမလို႔လား?"

"အင္း၊ ကိုယ့္ကို အခန္းထဲမွာ ေစာင့္ေန"

(အားးး... အိုင္ေဒါလ္က ငါနဲ႔ flirt ျပန္ၿပီ၊ ဒီ 'ကိုယ့္ကို အခန္းထဲမွာေစာင့္ေန' ဆိုတာကိုပဲ နားေထာင္ၾကည့္ပါဦး...)

အခန္းသို႔ ျပန္ေရာက္ၿပီး မၾကာခင္တြင္ ေဟာ့ရွီးက အစားအေသာက္အစုံျဖင့္ ေရာက္ရွိလာသည္။ ဟင္းသုံးမ်ိဳးႏွင့္ အရည္ေသာက္တစ္မ်ိဳးမွာ ပါဝင္ၿပီး အားလုံးမွာ သူမအႀကိဳက္ဟင္းမ်ားျဖစ္သည္။

ရွန့္ေခ်ာင္ - (ကယ္ၾကပါဦး၊ ငါ့အိုင္ေဒါလ္က တအားအလိုလိုက္ရင္ ဘယ္လိုလုပ္ရမလဲ?)

သူမ စိတ္ပ်ံ႕လြင့္လ်က္ ခပ္ျဖည္းျဖည္း စားေနသည္ကို ေဟာ့ရွီး ျမင္လၽွင္

"ဘာျဖစ္လို႔လဲ? အရသာမရွိလို႔လား?"

ရွန့္ေခ်ာင္က ထမင္းပန္ကန္ကို တူျဖင့္ဆြရင္း အခ်ိန္အေတာ္ၾကာမွ ေလးေလးနက္နက္ဆိုလာသည္။

"ေဟာ့ရွီး၊ ရွင္က ရွင့္ဖန္ေတြကို တအားအလိုလိုက္လြန္းတယ္၊ အဲ့ဒါ မေကာင္းဘူး"

ေဟာ့ရွီး ပန္းကန္ကို ေအာက္ခ်ကာ ျပဳံးရင္း ေမးသည္။

"ဘာလို႔လဲ?"

သူမက စိုးရိမ္တႀကီး ျပန္ေျဖသည္။

"ပရိသတ္ေတြ စိတ္ရွုပ္ေထြးၿပီး အထင္မွားအျမင္မွားျဖစ္ၿပီး ဘယ္ေနရာေနရမလဲ မသိျဖစ္ေစနိုင္လို႔"

ေဟာ့ရွီး သူမအား တခဏမၽွ ၾကည့္ကာ ခပ္ျဖည္းျဖည္း ဆိုသည္။

"ဒါဆို ေနရာေျပာင္းၾကည့္ေလ"

အခ်ိန္အေတာ္ၾကာသည္အထိ ရွန့္ေခ်ာင္ ေတြေဝေနၿပီးေနာက္

"ေနရာေျပာင္းတာက ဘာကို ဆိုလိုတာလဲ?"

ေဟာ့ရွီးက သူမအား စိုက္ၾကည့္ေနဆဲ။

ရွန့္ေခ်ာင္ - "ရွင္ ကၽြန္မတို႔ရဲ့ သူငယ္ခ်င္းဆက္ဆံေရးကို ပိုခိုင္ျမဲေစခ်င္တာ ဟုတ္တယ္မလား?"

ေဟာ့ရွီး - " ??? "

ထမင္းျဖစ္ဖို႔ အပူက မလုံေလာက္ေသးဘူးပဲ....

......
ေနာက္ထပ္ရက္အနည္းငယ္အထိ ရိုက္ကူးေရးမွာ အဆင္ေၿပ ေခ်ာေမြ႕လ်က္ရွိသည္။ ရွန့္ေခ်ာင္ႏွင့္ ေဟာ့ရွီးမွာ တြဲဖက္မိမိသ႐ုပ္ေဆာင္နိုင္ၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ ခိုင္ျမဲသည့္ စိတ္အေျခအေနကို ထိန္းသိမ္းထားနိုင္လၽွင္ ဇာတ္ဝင္ခန္းမ်ားအား တခါတည္းျဖင့္ ရိုက္ကူးနိုင္သည္။

အဖြဲ႕သားမ်ား၏ ေန႔စဥ္ရက္ဆက္ ရိုက္ကူးေရး လုပ္ငန္းစဥ္မွာ ပ်င္းရိဖြယ္ျဖစ္၏။ ေန႔စဥ္ေန႔တိုင္းလိုလို ဇာတ္ဝင္ခန္းမ်ားအား ထပ္ဖန္တလဲလဲရိုက္ကူးေနရၿပီး အဖြဲ႕သားမ်ားမွာ ဟိုဒီေျပးလႊားေနရသည္။ အထူးသျဖင့္ ေနာက္ပိုင္းေန႔ရက္မ်ားတြင္ ဒါရိုက္တာက ဇာတ္ဝင္ခန္းမ်ားအား အလၽွင္အျမန္ရိုက္ကူးလာၿပီး တေန႔တည္းတြင္ အခန္းမ်ားမ်ား ရိုက္ကူးကာ သ႐ုပ္ေဆာင္မ်ားမွာ စိတ္အေျခအေနအား ေတာက္ေလၽွာက္ ေျပာင္းလဲေနရသည္။ စိတ္ပိုင္းဆိုင္ရာ အားအင္ကုန္ခန္းမွုတစ္ခုတည္းသည္ပင္ အလြန္အမင္း ပင္ပန္းေနရၿပီး ေန႔စဥ္ရိုက္ကူးေရးၿပီးခ်ိန္တိုင္းတြင္ လဲက်လုမတတ္ပင္။

ရွန့္ေခ်ာင္ခမ်ာ ပို၍ပင္ ပင္ပန္းေနရသည္။ သူမ၏ ဇာတ္ေကာင္မွာ ရာဇဝတ္ေကာင္ဖမ္းဆီးေရးရဲအရာရွိျဖစ္သည္။ အၾကမ္းပတမ္းရိုက္ကူးရမည့္ ေနရာမ်ားအတြက္ လူစားထိုးမ်ား ရွိသည့္တိုင္ေအာင္ သ႐ုပ္ေဆာင္မွုကို သူမကိုယ္တိုင္ ျပဳလုပ္ရဆဲျဖစ္၏။ ရွန့္ေခ်ာင္မွာ ရိုက္ကူးေရးအျပင္ ရိုက္ကြင္းေပၚတြင္ က်န္ရွိသည့္ အခ်ိန္မ်ားအား စီစဥ္သူ အထူးတလည္ ဖိတ္ၾကားထားသည့္ အထူးရဲအရာရွိမ်ားထံမွ တိုက္ခိုက္ေရးစြမ္းရည္ကို သင္ၾကားရင္း ကုန္ဆုံးသည္။

သူမလက္ေမာင္းႏွင့္ ေပါင္မ်ားမွာ မၾကာခဏ အညိဳအမဲစြဲကာ ထိခိုက္နာက်င္ရၿပီး သူမခႏၶာကိုယ္တြင္ ပ႐ုပ္ဆီအနံ႔ရေနေလ့ရွိသည္။

ထိုအခါမွသာ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ရျခင္းမွာ မလြယ္ကူမွန္း သူမသိလာရသည္။

ေန႔လယ္စာ စားခ်ိန္တြင္ လင္းယင္ထုန္က တည္ၿငိမ္သည့္မ်က္ႏွာေပးျဖင့္ ရွန့္ေခ်ာင္ရွိရာဆီ ေလၽွာက္လာသည္။

"ေရွာင္ေခ်ာင္၊ ငါ့အတြက္ ေန႔တိုင္း အျပင္ထမင္းဘူးဝယ္ေပးစရာ မလိုဘူး၊ ငါအဖြဲ႕ရဲ့ ထမင္းဘူး စားလို႔ရတယ္"

"ဒါဘယ္လိုလုပ္ျဖစ္မွာလဲ?"

ရွန့္ေခ်ာင္က လက္ထဲတြင္ ပ႐ုပ္ဆီဘူးကိုင္ထားလ်က္ျဖင့္ ေမာ့ၾကည့္ကာ ျပဳံးျပရင္း

"စီနီယာကို သုံးလ ထမင္းဘူးပို႔မယ္လို႔ ကၽြန္မ ကတိေပးထားတာေလ၊ က်ိန္းေသေပါက္ ကတိတည္ရမွာေပါ့၊ မဟုတ္ရင္ ကၽြန္မက အေျပာပဲ ရွိတယ္လို႔ လူတိုင္းက ထင္ေနမွာ၊ စိတ္မပူပါနဲ႔ စီနီယာ"

လင္းယင္ထုန္က အံ့ႀကိတ္ကာ

"ငါ ခရမ္းသီး ထပ္မစားခ်င္ေတာ့ဘူး!!"

ရွန့္ေခ်ာင္ ျပဳံးလိုက္ၿပီး

"စီနီယာက ခရမ္းသီးအႀကိဳက္ဆုံး မဟုတ္ဘူးလား? ရွင့္အႀကိဳက္အတိုင္း ကၽြန္မ စီစဥ္ေပးတာေလ"

လင္းယင္ထုန္က သူမထံ အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနခဲ့ၿပီးမွ မတရားခံရသူလို သနားစဖြယ္ မ်က္ႏွာေပးျဖင့္

"ေရွာင္ေခ်ာင္ နင္ ငါ့ကို တမင္တကာ ပစ္မွတ္ထားေနတာလား? နင္ ငါနဲ႔ ပတ္သက္ၿပီး မေက်နပ္တာရွိရင္ ဒါရိုက္တာဝမ္နဲ႔ တျခားသူေတြကို ေျပာလို႔ ရတာပဲ၊ ဘာလို႔ ဒီလိုနည္းလမ္းသုံးရတာလဲ?"

ေဘးနားရွိ ဝန္ထမ္းအဖြဲ႕သားမ်ားမွာ မ်က္လုံးမ်ားသာ ေဖာ္ကာ စူးစမ္းလာၿပီး ဖ႐ုံေစ့ကိုက္ခ်င္သည့္ အၾကည့္မ်ားျဖင့္ ၾကည့္လာသည္။

ရွန့္ေခ်ာင္က သူမလက္ေခ်ာင္းမ်ားတြင္ ပ႐ုပ္ဆီမ်ား ေပလ်က္ တုံ႔ဆိုင္းသြားသည္။

အခ်ိန္အေတာ္ၾကာမွ အျပဳံးျဖင့္ ေခါင္းယမ္းရင္း ဆိုသည္။

"ဒါကို တမင္လုပ္တယ္လို႔ ေခၚတာလား? ကၽြန္မ ခရမ္းသီးနဲ႔ မတည့္မွန္း စီနီယာသိရဲ့သားနဲ႔ အရင္က ကၽြန္မကို အတင္းစားခိုင္းတာနဲ႔ ယွဥ္ရင္ ဒါက ကိစၥႀကီးမဟုတ္ဘူးေလ"

"နင္!! မတရား မစြပ္စြဲနဲ႔! နင္ ဘာခရမ္းသီးအလာဂ်ီအေၾကာင္း ေျပာေနလဲေတာင္ ငါ မသိဘူး!"

"ဒါဆို အခုသိၿပီေလ"

သူမ ႏွုတ္ခမ္းတို႔ ေကြးတက္သြားကာ ခ်စ္စဖြယ္ျပဳံးသည္။

"ကၽြန္မရဲ့ အစားအေသာက္ထဲ ခရမ္းသီးေတြ ထပ္ေပၚလာရင္ေတာ့ စီနီယာ့လက္ခ်က္လို႔ ကၽြန္မက ထင္မွာပဲ"

တင္းက်န္ဘက္ ရွန့္ေခ်ာင္ လွည့္ၾကည့္ကာ လွမ္းမွာသည္။

"စီနီယာလင္းဆီ ထမင္းဘူး ေန႔တိုင္းပို႔စရာမလိုေတာ့ဘူးလို႔ လက္ေထာက္ကို ေျပာလိုက္၊ သူမ်ားက ေက်းဇူးမတင္မွေတာ့ ငါတို႔ရဲ့ လူအင္အားနဲ႔ ေငြေၾကးကို အလဟႆ ျဖဳန္းတီးေနစရာမလိုဘူး"

သူမ၏ ေစာင္းေျမာင္းေျပာဆိုသည့္ စကားေၾကာင့္ လင္းယင္ထုန္မွာ အလြန္အမင္း ေဒါသပုန္ထသြားသည္။

သိပ္မေဝးလွသည့္ေနရာတြင္ ေရွာင္တန့္က ေဝစုထမင္းဘူးကို ေဟာ့ရွီးထံ ယူလာရင္း တီးတိုးဆိုသည္။

"ေကာရဲ့ ေလာင္ေဖာ္ဖန္က အေတာ္ေလး လၽွာေစာင္းထက္တာပဲ"

ေဟာ့ရွီးက တူလွမ္းယူရင္း

"ဒါက အစြယ္ထုတ္ျပတယ္ ေခၚတယ္"

ေရွာင္တန့္ - "......"

ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ....

ေန႔လယ္ခင္းရိုက္ကူးေရးမွာ တရား႐ုံးတြင္ ရိုက္ကူးရမည္ျဖစ္သည္။ ဒါရိုက္တာ လွမ္းမေခၚခင္အထိ ရွန့္ေခ်ာင္မွာ ေလွကားထစ္မ်ားအား ႀကိမ္ဖန္မ်ားစြာ တက္လိုက္ဆင္းလိုက္ လုပ္ေနရသည္။ ႐ုတ္တရက္ အေနာက္တိုင္းဝတ္စုံ ဝတ္ထားသည့္ လူတစ္ေယာက္ သူမေဘးမွ ျဖတ္ေလၽွာက္သြားသည္ကို လွမ္းျမင္လိုက္ၿပီး ထိုသူ႔ေနာက္မွ လက္ေထာက္တစ္ေယာက္ လိုက္လာသည္။ ရွန့္ေခ်ာင္ ခ်က္ခ်င္းဆိုသလို လွမ္းေအာ္ေခၚလိုက္သည္။

"ကိုကို!"

မည္သူမွ သူမေခၚသံအား တုံ႔ျပန္ျခင္းမရွိ။ ရိုက္ကြင္းမွတ္တမ္းတင္သူမွ အထူးအဆန္းျဖစ္စြာ ေမးလာသည္။

"ေရွာင္ေခ်ာင္၊ မင္း ဘယ္သူ႔ကို ေခၚေနတာလဲ?"

ရွန့္ေခ်ာင္ လက္ေဝွ႕ရမ္းကာ ခပ္ျမန္ျမန္ေျပးသြားၿပီး ပါးစပ္မွလည္း အဆက္မျပတ္ ေအာ္ေခၚေနသည္။

"ေခ်ာင္းယြီ! ေခ်ာင္းယြီ!"

ေခ်ာင္းယြီရပ္လိုက္ကာ ေနာက္လွည့္ၾကည့္ၿပီးေနာက္ အလြန္အမင္း အံ့အားသင့္သြားသည္။

ရွန့္ေခ်ာင္မွာ အနားထိ ေျပးလာၿပီး ျဖစ္ကာ သူမ၏ ခပ္ေသးေသးမ်က္ႏွာမွာ ေမာ္ခ်ီလ်က္ ျပဳံးရႊင္လ်က္ရွိသည္။

"ရွင္ ဘာလို႔ ဒီေရာက္ေနတာလဲ?"

ေခ်ာင္းယြီ ဒီေနရာသို႔ မလာခင္ တရား႐ုံးအား ရိုက္ကူးေရးအတြက္ ဌားရမ္းထားမွန္း သိရွိၿပီးျဖစ္သည္။ သူ မေမၽွာ္လင့္ထားခဲ့သည္မွာ သူမ၏ ရိုက္ကြင္း ျဖစ္ေနျခင္း။ အနည္းငယ္ အံ့အားသင့္စြာ ျပဳံးလိုက္ၿပီး ဆိုသည္။

"ဒီဘက္မွာ အမွုတစ္ခုရွိလို႔ လိုတဲ့ အခ်က္အလက္ေတြ လာယူတာ"

သူ ေဘးလွည့္ကာ ေဘးနားရွိ လက္ေထာက္ထံ လွမ္းေျပာသည္။

"သြားႏွင့္ၿပီး အေပၚမွာ ငါ့ကို ေစာင့္ေန"

လက္ေထာက္ထြက္ခြါသြားၿပီးေနာက္ သူမဘက္ျပန္လွည့္ကာ ရဲယူနီေဖာင္းအား လွည့္ပတ္ၾကည့္ရင္း အျပဳံးျဖင့္ ေမးသည္။

"မင္းက ရဲအရာရွိလား?"

ရွန့္ေခ်ာင္ ေခါင္းညိတ္သည္။

"အင္း!"

သူမက စက္ဝိုင္းသ႑ာန္ လွည့္ပတ္ျပကာ

"ၾကည့္ေကာင္းလား? အရမ္းမိမိုက္မေနဘူးလား?"

ေခ်ာင္းယြီ ႏွုတ္ခမ္းတို႔ ေကြးတက္သြားၿပီး သူမအား တမင္တကာ စေနာက္သည္။

"ေျပာရရင္ မင္းက ရဲအတုပဲ"

ရွန့္ေခ်ာင္ သူ႔လက္ေမာင္းအား လက္သီးျဖင့္ လွမ္းထိုးသည္။

အပူဒဏ္ေၾကာင့္ သူမ ေခၽြးသံတရႊဲရႊဲျဖစ္ေနသည္ကို ေခ်ာင္းယြီျမင္နိုင္သည္။ စေနာက္ၿပီးေနာက္

"မင္း ေရဆာလား? အဲ့ဒီနားမွာ အေအးဆိုင္ရွိတယ္"

"ငါ ေရခဲမုန့္စားခ်င္တယ္"

ေခ်ာင္းယြီ လက္ေဖ်ာက္တီးလိုက္၏။

"သြားမယ္၊ သြားစားၾကမယ္"

သူမ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေခါင္းညိတ္လာကာ တင္းက်န္ကို လွမ္းေခၚသည္။

"ငါ ခဏေန ျပန္လာခဲ့မယ္"

ဤသို႔ျဖင့္ ရိုက္ကူးေရးအဖြဲ႕သားအားလုံးမွာ အမ်ိဳးသမီးဇာတ္ေကာင္က အရပ္ျမင့္ကာ ေခ်ာေမာသည့္ သူစိမ္းႏွင့္ ထြက္ေျပးသြားသည္ကို ဝိုင္းၾကည့္ေနၾကသည္။

မွတ္တမ္းေရးသူ - "အဲ့ဒါဘယ္သူလဲ? ေရွာင္ေခ်ာင့္ ေကာင္ေလးလား?"

စီစဥ္သူ - "ေရွာင္ေခ်ာင့္မွာ ခ်စ္သူရွိမွန္း ငါ မၾကားမိပါဘူး၊ သူသာ တကယ္ သူ႔ေကာင္ေလးဆို ဒီေလာက္ထိ ေပၚတင္ႀကီး မတြဲသြားေလာက္ဘူးမလား?"

ထုတ္လုပ္သူက စပ္စုလိုဟန္ျဖင့္ သူ႔ေဘးရွိ ေဟာ့ရွီးထံ လွမ္းေမးသည္။

"အဲ့ဒါ ေရွာင္ေခ်ာင္ရဲ့ ေကာင္ေလးလား?"

ေဟာ့ရွီး - "......."

သူ တကယ့္ကို မသိေခ်။

ဘယ္လိုပဲျဖစ္ျဖစ္ ေလာင္ေဖာ္ဖန္မ်ားကို ခ်စ္သူမထားရဟု တားျမစ္ထားသည့္ ဥပေဒမရွိေပ။

ဆယ္မိနစ္ကုန္ဆုံးသြားၿပီး မိနစ္ႏွစ္ဆယ္ ကုန္လြန္သြားကာ နာရီဝက္ ၾကာျမင့္သြားသည္။ ေဟာ့ရွီးက မ်က္ႏွာေသျဖင့္ တင္းက်န္ဆီ ေလၽွာက္သြားကာ

"သူ႔ကို ျပန္ေခၚလိုက္၊ ႐ုပ္ရွင္က ဆက္မရိုက္ေတာ့ဘူးလား?"

တင္းက်န္ - "ေန႔လယ္ပိုင္း ေရွာင္ေခ်ာင္မွာ ရိုက္စရာ မရွိဘူး....."

တင္းက်န္မွာ ေဟာ့ရွီး၏ ေအးစက္စက္ မ်က္ႏွာအမူအရာကို ၾကည့္ရင္း သူမ ဆက္ေျပာလိုသည့္ စကားမ်ားအား ျပန္မ်ိဳခ်ကာ ဖုန္းကို တိတ္တဆိတ္ ထုတ္ယူသည္။

သိပ္မၾကာခင္၌ ရွန့္ေခ်ာင္ ျပန္ေရာက္လာသည္။

သူမလက္ထဲတြင္ အေအးဘူးမ်ား ထည့္ထားသည့္ အိတ္ႏွစ္လုံးကို သယ္ေဆာင္လာကာ တင္းက်န္ဆီ ကမ္းေပးၿပီး အဖြဲ႕သားမ်ားထံ ေဝဌေစသည္။ ထို႔ေနာက္ ေဟာ့ရွီးထံ ေျပးသြားကာ အျမဳပ္ထေနသည့္ ေကာ္ဖီခြက္ကို ကမ္းေပးသည္။

သူ ဘာေသာက္ရတာ ႀကိဳက္လဲ၊ ဘာစားရတာ သေဘာက်လည္း သူမ အသိဆုံးျဖစ္သည္။ ေဟာ့ရွီး ေကာ္ဖီခြက္ကို လွမ္းယူလိုက္ၿပီး မ်က္ဝန္းတို႔ ေအာက္စိုက္ခ်ကာ စကားတစ္ခြန္းမဆို။ ေဟာ့ရွီးက ေဘးဖက္သို႔ ေလၽွာက္သြားကာ တငုံမၽွပင္ မေသာက္ပဲ ထိုင္ခ်သည္။ ေကာ္ဖီခြက္ကို ေဘးတြင္ ခ်ထားၿပီး ဇာတ္ညႊန္းအား ေကာက္ယူကာ ဆက္ဖတ္သည္။

ရွန့္ေခ်ာင္မွာ သူ႔ထံမွ ခ်ီးက်ဴးစကားအား အားတက္သေရာ ေစာင့္ဆိုင္းေနခဲ့သည္။ သူ၏ ေအးစက္စက္ အမူအရာကို ျမင္လၽွင္ ရွန့္ေခ်ာင္ သတိဝင္သြားကာ သူ႔ရိုက္ကူးေရးက အဆင္မေျပျဖစ္ေနသည္ဟု မွတ္ယူ၍ မေႏွာင့္ယွက္ေတာ့ပဲ သူမေနရာဆီ ျပန္သြားထိုင္သည္။

ေဟာ့ရွီး - "......."

ေအးစက္သည့္ ေလထုအေျခအေနမွာ ညဘက္ရိုက္ကူးေရးထိတိုင္ ဆက္လက္ျဖစ္ပြါးေနသည္။ ရွန့္ေခ်ာင္က ရန္သူ႔ေနာက္ ေျပးလိုက္ရသည့္ ညဘက္ဇာတ္ဝင္ခန္းႏွစ္ခန္းအား ရိုက္ကူးသည္။ သူမ ဟိုတယ္သို႔ ျပန္ေရာက္ခ်ိန္တြင္ ပင္ပန္းႏြမ္းနယ္မွုေၾကာင့္ သူမ ေျခေထာက္မ်ားပင္ ကတုန္ကရင္ျဖစ္လ်က္ ရွိ၏။ ရွန့္ေခ်ာင္ ေရခ်ိဳးလိုက္ၿပီးေနာက္ ကုတင္ေပၚလွဲလိုက္ၿပီး ေဆးလိမ္းေပးရန္ တင္းက်န္အား ေတာင္းဆိုသည္။

တင္းက်န္က ဧည့္ခန္းထဲမွ လိမ္းေဆးကို သြားယူေနခ်ိန္တြင္ တံခါးေခါက္သံႏွစ္ခ်က္ ေပၚထြက္လာသည္။ တံခါးဖြင့္လိုက္လၽွင္ ေဟာ့ရွီးအား အျပင္ဘက္တြင္ ျမင္ေတြ႕လိုက္ရသည္။

တင္းက်န္ လက္ထဲရွိ ဒဏ္ေၾကလိမ္းေဆးႏွင့္ ပ႐ုပ္ဆီဘူးကို ေဟာ့ရွီး ျမင္လၽွင္ သူ႔မ်က္ခုံးတို႔ တြန့္ကုတ္သြားကာ တံခါးတြန္းဖြင့္၍ အထဲသို႔ ဝင္လာသည္။

ရွန့္ေခ်ာင္မွာ ကုတင္ေပၚ လဲေလ်ာင္းေနဆဲျဖစ္ၿပီး သူမဦးေခါင္းမွာ ေခါင္းအုံးထဲ ျမဳပ္ဝင္လ်က္ရွိသည္။ ပင္ပန္းလြန္းသျဖင့္ တံခါးေခါက္သံကိုပင္ ရွန့္ေခ်ာင္ မၾကားေပ။ တစ္စုံတစ္ေယာက္ ဝင္လာသည္ကို ၾကားလၽွင္ သူမ တီရွပ္အား အနည္းငယ္ အေပၚသို႔ ပင့္တင္လိုက္ကာ အခ်ိဳးအစားေျပျပစ္သည့္ ခါးသြယ္သြယ္အား ေပၚထြက္လာေစသည္။

"ဒီနား အရမ္းနာေနတယ္၊ ေယာင္ေနလား ၾကည့္ၿပီး ေဆးျဖန္းေပးဦး"

သူမက တီရွပ္ႏွင့္ ေဘာင္းဘီတိုကို ဝတ္ဆင္ထားသည္။ သူမ လက္ေမာင္းႏွင့္ ေျခသလုံးသားမ်ားတြင္ အညိဳအမဲမ်ားစြဲေနကာ ေနာက္ေက်ာဘက္တြင္မူ နီရဲ၍ အနည္းငယ္ ေယာင္ကိုင္းလ်က္ရွိၿပီး ရိုက္ကူးေရးမွ ဒဏ္ရာမ်ားျဖစ္သည္။

ခဏအၾကာတြင္ သူမခါးေပၚ ေဆးျဖန္းလာသည္ကို ခံစားရသည္။ ထို႔ေနာက္ လက္ေခ်ာင္းမ်ားျဖင့္ ခပ္ဖြဖြႏွိပ္နယ္လာသည္။ ရွန့္ေခ်ာင္ ေခါင္းအုံးထဲ ေခါင္းတိုးဝင္ကာ မသဲမကြဲေလသံျဖင့္

"ေျဖးေျဖးလုပ္"

လက္အားမွာ ႐ုတ္ခ်ည္းပင္ အားေပ်ာ့သြားကာ ထို႔ေနာက္ ႏွိပ္နယ္မွုမွာ သူမ၏ ပခုံးမ်ားႏွင့္ ေျခသလုံးမ်ားထိ ေရာက္ရွိလာသည္။ ရွန့္ေခ်ာင္က ေခါင္းအုံးေပၚ လွဲလ်က္ပင္ ဝမ္းနည္းပန္းနည္းဆိုသည္။

"ဒီေန႔ ေဟာ့ရွီး နည္းနည္းထူးဆန္းေနတယ္လို႔ နင္မထင္ဘူးလား?"

လက္ေခ်ာင္းႏွစ္ေခ်ာင္းျဖင့္ သူမတီရွပ္အား ေအာက္သို႔ ဆြဲခ်ကာ ေနာက္ေက်ာဘက္ဆီမွ ခပ္တိုးတိုးေလသံ ေပၚထြက္လာသည္။

"ဘာက ထူးဆန္းတာလဲ?"

ရွန့္ေခ်ာင္ ဘုရားတလိုက္ကာ ကုတင္ေပၚမွ ျပဳတ္က်လုနီးနီးပင္။

"ေဟာ့ေဟာ့ေဟာ့ေဟာ့.... ေဟာ့ရွီး!!! ဘယ္လိုလုပ္ ရွင္လဲ?"

သူ႔လက္ထဲရွိ ေဆးပုလင္းကို ၾကည့္ကာ အခုေလးတင္မွ သူ႔လက္ေခ်ာင္းတို႔ျဖင့္ ႏွိပ္နယ္ခံထားရသည့္ အသားအေရအေၾကာင္း စဥ္းစားမိလိုက္လၽွင္ ရွန့္ေခ်ာင္မ်က္ႏွာ နီရဲသြားသည္။ ေဟာ့ရွီးက ထူးမျခားနားဟန္ျဖင့္ စိုက္ၾကည့္ေနျမဲ။

"ကိုယ္က ဘာထူးဆန္းေနတယ္လို႔ ထင္တာလဲ?"

သူမ ငိုခ်ခ်င္စိတ္ေပါက္သြားသည္။ ရွန့္ေခ်ာင္ ထထိုင္လိုက္လၽွင္ သူမပခုံးႏွင့္ လက္မ်ားေပၚရွိ ညိဳမဲေနမွုမ်ားမွာ အထင္းသား ေပၚထြက္လာသည္။

တမင္တကာ ေအးစက္ေနဟန္ေဆာင္ေနမွုအား ေဟာ့ရွီး ဆက္မထိန္းထားနိုင္ေတာ့။ သက္ျပင္းခ်ကာ ကုတင္ေဘးတြင္ ထိုင္ရင္း သူမလက္ကို လွမ္းကိုင္သည္။

ရွန့္ေခ်ာင္မွာ ဆက္လက္႐ုန္းလိုေနဆဲ ျဖစ္တာမို႔ သူက အသံနက္နက္ျဖင့္ လွမ္းဆိုသည္။

"မလွုပ္နဲ႔"

သူမခ်က္ခ်င္းပင္ မလွုပ္ရဲေတာ့။

ေဟာ့ရွီး ေခါင္းငုံ႔ကာ ေဆးျဖန္းေပးၿပီးေနာက္ ေဆးစိမ့္ဝင္နိုင္ေစရန္ ဒဏ္ရာရသည့္ေနရာေပၚ လက္ေခ်ာင္းမ်ားျဖင့္ ေရွ႕တိုးေနာက္ငင္ ပြတ္သပ္ေပးလာၿပီး လက္အားမွာ ႏူးညံ့ညင္သာလ်က္ရွိသည္။

ရွန့္ေခ်ာင္က ေဟာ့ရွီး၏ ေအာက္စိုက္္ခ်ထားသည့္ မ်က္ေတာင္ရွည္မ်ားအား ညိဳ႕ငင္ခံရသူပမာ စိုက္ၾကည့္ေနသည္။ ခဏအၾကာတြင္ ေဟာ့ရွီး လက္လႊတ္ေပးၿပီးေနာက္

"ဒီလိုမ်ိဳး တိုက္ခိုက္ခန္းေတြ ရိုက္တာ မင္းပဲ ရွိမယ္"

ရွန့္ေခ်ာင္မွာ စကားတစ္ခြန္းမဆိုပဲ သူ႔အား စိုက္ၾကည့္လ်က္ရွိသည္။ ေဟာ့ရွီးက ေဆးပုလင္းအား ကုတင္ေဘးရွိ စားပြဲေပၚတင္ကာ မတ္တပ္ထရပ္သည္။

"ေစာေစာအိပ္၊ မနက္ျဖန္ ရိုက္ရမွာ အမ်ားႀကီးပဲ"

သူေနာက္လွည့္ကာ ျပန္ထြက္ရန္ ျပင္သည္။ ရွန့္ေခ်ာင္မွာ ကုတင္ေပၚထိုင္ေနဆဲျဖစ္ကာ သူ႔လက္ေခ်ာင္းတို႔ျဖင့္ ထိေတြ႕သြားခဲ့သည့္ေနရာမ်ားမွာ ပူေႏြးေနဆဲ။

ေဟာ့ရွီး၏ သူမအေပၚ ေကာင္းေပးမွုမွာ ဖန္တစ္ေယာက္အား ဆက္ဆံေပးသည္ထက္ ေက်ာ္လြန္ေနသည္ဟု ခံစားရသည္။

သူက ငါ့ကို ႀကိဳက္ေနတာေတာ့ မဟုတ္ဘူးမလား??

သူမဦးေႏွာက္ထဲမွ ထြက္ေပၚလာသည့္ ႐ူးႏွမ္းသည့္ အေတြးအေခၚေၾကာင့္ ရွန့္ေခ်ာင္ ထိတ္လန့္သြားသည္။ သတိဝင္လာခ်ိန္တြင္ သူမကိုယ္သူမ ခပ္ဆတ္ဆတ္ တခ်က္ရိုက္လိုက္သည္။

ငါ ဘဝင္ျမင့္လြန္းေနတယ္ မဟုတ္ဘူးလား!!

လူသားေတြရဲ့ အတင့္ရဲမွုမွာ ထိတ္လန့္စရာ၊ ဒီလို စိတ္ကူးယဥ္အေတြးမ်ိဳးကိုေတာင္ ေတြးထုတ္လာရဲတယ္!!

ငါ့အိုင္ေဒါလ္ႀကိဳက္တာ ခံရေအာင္ ငါက ဘာမို႔လို႔လဲ?

ရွန့္ေခ်ာင္... ရွန့္ေခ်ာင္... နင္ေတာ့ ဘဲငန္းအသားမွ စားခ်င္ေနတာ... နင္ေတာ့ သြားၿပီ...

****
Note

အခုေလးတင္ ေျခေထာက္ကိုက္လို႔ ကိုယ့္ဘာသာ ေဆးလူးထားရေသာ မိမိ - 🥲🥲

****

Seguir leyendo

También te gustarán

66.1K 1.9K 21
A secret research for Remus and his 'furry little problem' takes Hermione and Lyra (OC) to Forks. Determined not to give false hope, they say that th...
289K 4.3K 39
The class of 1-A were randomly sitting in the common space of their dorms until their teachers and the schools avid inventor Hatsume came into the ro...
9.4K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
9K 664 13
ခင်ဗျားနဲ့ပဲ လုံလောက်တာ နောက်ထပ်မရှိဘူး တကယ် ခင်ဗျားတစ်ယောက်တည်း ကျွန်တော့်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးနဲ့ တိုင်းတာပြီးကို ခင်ဗျားကို ချစ်တာ....