GTKWF (Myanmar Translation )

By Liz_774

395K 50.6K 5.4K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1
Chapter 155.2
Chapter 156
Chapter 157
Chapter 158
Chapter 159

Chapter 85

2.2K 336 59
By Liz_774

{Unicode}

အပိုင်း ၈၅

တိတ်ဆိတ်နေသည့် လေထုထဲတွင် ဟော့ရှီးက ပထမဦးဆုံး စတင်စကားပြောဆိုသူဖြစ်သည်။

"ဒါရိုက်တာဝမ်၊ ဒီအခန်းကို မနက်ဖြန်မှ ရိုက်ရအောင်၊ ချောင်ချောင်ကို အရင်ပေးနားလိုက်တာပေါ့"

ထို့နောက် သူက ကင်မရာမြင်ကွင်းအပြင်ရှိ ရှောင်တန်ဆီ လှမ်းပြောသည်။

"အဲ့ဒီကမီဒီယာတွေကို ဓါတ်ပုံမရိုက်ဖို့ ပြောလိုက်"

ဒါရိုက်တာဝမ်မှာ ဟော့ရှီးနှင့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ဆက်ဆံရေးမျိုးရှိသော်လည်း ရှန့်ချောင်၏ 'လောင်ကုန်း' ဟူသော စကားစုကြောင့် ကြက်သေသေသွားရကာ အချိန်အတော်ကြာသည်အထိ နာလန်ပြန်မထူနိုင်ပေ။ စိတ်ဆိုးဒေါသထွက်နေခြင်းပင် မေ့ပျောက်သွားရသည်။

ကြည့်ရှုနေသူအားလုံး၏ အကြည့်တို့မှာ အာရုံစူးစိုက်လျက်ရှိပြီး ထိတ်လန့်အံ့အားသင့်နေကာ သူတို့အကြည့်များက အတင်းအဖျင်းပြောလိုဟန် အပြည့်ပင်။

ထိုတခဏတွင် ရှန့်ချောင် သူမကိုယ်သူမ နှစ်ချက်တည်းဖြင့် အသေရိုက်သတ်ပစ်ချင်စိတ်ပေါက်လာသည်။ သူမဦးနှောက်မှာ ဝေဝေဝါးဝါးဖြစ်နေခြင်းမရှိတော့ပဲ အောက်စီဂျင် ပြတ်လပ်နေခြင်းမျိုးလည်း မရှိတော့။

သူမနှလုံးသားထဲတွင် အတွေးတစ်ခုသာ ကြီးစိုးလျက်ရှိသည် - အရာအားလုံးပြီးဆုံးသွားပြီ။ သူမပါးစပ်ကြောင့် မည်မျှ ပြန်လည်ပေးဆပ်ရမည်နည်း?

ဟော့ရှီးက သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ တီးတိုးဆိုသည်။

"သွားရအောင်"

သူမမျက်နှာမှာ လုံးဝ ဖြူဖျော့လျက်ရှိသည်။

"ကျွန်မ ရှင်းပြလို့ရ...."

သူက ခပ်ဖွဖွပြုံးပြီး

"မလိုဘူး၊ သွားရအောင်"

ရိုက်ကွင်း၌ သူမ တကယ့်ကို ဆက်ရှိနေ၍ မဖြစ်တာမို့ သူမ ခေါင်းငုံ့လိုက်ပြီး ဟော့ရှီးမှ သူမအား ဆွဲခေါ်သွားသည်။ နောက်ဘက်ရှိ မီဒီယာသမားများမှ လိုက်လာလိုသော်လည်း ရှောင်တန်၊ ဖန်းပိုင်နှင့် တင်းကျန်တို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဟော့ရှီးက သူမအား ကားထဲထိ ပို့ဆောင်ပြီးနောက် ကားတံခါးကို လက်ဖြင့် ကိုင်ရင်း

"ကိုယ် ဒီကိစ္စကို ဖြေရှင်းလိုက်မယ်၊ မင်း ဟိုတယ်ပြန်ပြီး အရင်နားလိုက်"

ရှန့်ချောင် သူ့အား မကြည့်ရဲပဲ ခေါင်းအောက်စိုက်ချလျက်ပင် ခေါင်းညိတ်ပြသည်။

ကားမောင်းထွက်လာသည်နှင့် သူမ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ အော်ဟစ်သည်။ တင်းကျန်ခမျာ နှလုံးရောဂါ ရလုနီးနီး ထိတ်လန့်သွားရပြီး စိတ်ရှုပ်ထွေးစွာ မေးမြန်းသည်။

"နင်.... နင် ဘာဖြစ်တာလဲ?"

ရှန့်ချောင်က အော်ဟစ်ဖြေသည်။

"ငါတော့သွားပြီ၊ ငါ မှားသွားပြီ၊ ဘယ်လိုလုပ်ရမလဲ?"

ပေ့မင်းဖန်ဆီ တင်းကျန် ကူကယ်ရာမဲ့စွာ ဖုန်းခေါ်သည်။ ပေ့မင်းဖန်မှာ ဟော့ပေါ့စားနေဆဲဖြစ်သည်။ တင်းကျန်ဆီမှ အကြောင်းစုံကို ကြားသိချိန်တွင် သူ့ဖုန်းပင် ဟော့ပေါ့အိုးထဲ ကျလုနီးနီးဖြစ်ကာ ထိတ်လန့်တကြား အော်ဟစ်သည်။

"မင်း ဘာပြောတယ်? ပြန်ပြောစမ်း!!"

"ချောင်ချောင်က ဟော့ရှီးကို ရိုက်ကွင်းမှာ 'လောင်ကုန်း' လို့ ခေါ်မိသွားတယ်၊ အဖွဲ့သားအားလုံး ကြားတဲ့အပြင် ရိုက်ကွင်းကို လာကြည့်နေတဲ့ မီဒီယာသမားတွေပါ ကြားသွားတယ်"

ပေ့မင်းဖန် - "ရှန့်ချောင်!!!! နင် ဘယ်တုန်းက လက်ထပ်မှတ်ပုံတင် တင်လိုက်တာလဲ? နင် တိတ်တိတ်ပုန်း လက်ထပ်ထားမှန်း နင့်အေးဂျင့်ကိုတောင် မပြောတတ်ဘူးလား?"

ရှန့်ချောင် - "ဝူးးးးးးးးးးးးးးးး ငါ မရှိဘူးးးးး၊ ငါ Single"

ပေ့မင်းဖန် - " ??? "

တင်းကျန် - အော်မနေနဲ့တော့၊ မြန်မြန်နည်းလမ်းစဉ်းစား၊ ခဏနေရင် Hot Search ထဲ ရောက်တော့မယ်"

ပေ့မင်းဖန် - "........."

အဆုံးတွင်မူ ဟော့ရှီးက စတူဒီယိုသို့ ပြန်သွားကာ လာရောက်လေ့လာသည့် မီဒီယာသမားများနှင့် တွေ့ဆုံသည်။ စာနယ်ဇင်းသမားများမှာ ထိတ်လန့်မှုမှ သတိပြန်မလည်လာသေးချေ။

ငါတို့က ဒီတိုင်း ရိုက်ကွင်းကို လာလေ့လာတာလေ။ ဒီလို သတင်းအကြီးစားကို ချပြလိုက်တယ်တဲ့လား? Wow....  သဘောသိပ်ကောင်းလွန်းနေတာပဲ။

ဟော့ရှီး - "ဒီနေ့ရိုက်ကွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ညှာတာပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်၊ ကျွန်တော့်အချိန်ဇယားအားတာနဲ့ အားလုံးနဲ့ သီးသန့်အင်တာဗျူး ဖြေပေးပါ့မယ်"

သတင်းထောက်များ - "ဒါပေါ့၊ ဒါပေါ့၊ မသေချာပဲ ဘယ်လျှောက်ရေးပါ့မလဲ"

စိတ်ထဲရှိ စကားသံများ - ကျိန်းသေပေါက် ရေးကို ရေးရမယ်!!!

ဟော့ရှီး ပြန်လာချိန်တွင် ရှောင်တန့်မှ

"တားဖို့ မလွယ်ဘူး၊ ရိုက်ကွင်းပေါ်မှာ ဝန်ထမ်းများလွန်းအားကြီးတယ်၊ သတင်းတွေကို ငြင်းဖို့ စတူဒီယိုကို ကျွန်တော် စာအရင်ထုတ်ခိုင်းလိုက်မယ်"

ဟော့ရှီးက ခေါင်းခါသည်။

"လောလောဆယ် မလိုသေးဘူး"

အတင်းအဖျင်းများအား တရားဝင်ငြင်းချက်ထုတ်လိုက်လျှင် ရှန့်ချောင်အား မျက်နှာတည့်တည့် ဖြတ်ရိုက်သကဲ့သို့ ဖြစ်သွားပေမည်။

ရှောင်တန့်မှာ စိုးရိမ်ပူပန်လျက်ရှိသည်။

"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ? အားလုံးကို ကော တိတ်တိတ်ပုန်းလက်ထပ်ထားတယ်လို့ ထင်စေလို့ မရဘူးမလား?"

ဟော့ရှီးက စကားတစ်ခွန်းမဆိုပဲ ရိုက်ကွင်းဆီ ပြန်လျှောက်သွားကာ သိချင်စိတ်ပြင်းပြနေသည့် သူများထံ ပြုံးပြရင်း ရှင်းပြသည်။

"ရှောင်ချောင်နဲ့ ကျွန်တော်က သရုပ်ဆောင်လေ့ကျင့်နေကျဖြစ်လို့ ကိုယ်ပိုင်ချိန်မှာလည်း စနောက်နေတာ အကျင့်ဖြစ်နေတာ"

လူတိုင်း - "........"

မဟုတ်သေးဘူး၊ ငါတို့ ဒီရှင်းပြချက်လောက်နဲ့ စိတ်မကျေနပ်နိုင်ဘူး။

ဒါရိုက်တာဝမ်သည်လည်း ရယ်ရယ်မောမောနှင့် သူ့အား ကူညီဖြေရှင်းပေးလာသည်။

"ငါ အခုပဲပြောနေတာ၊ ရှောင်ရှီးက သူ့မင်္ဂလာဆောင်ကို ငါ့ကို မဖိတ်ပဲ ဘယ်နေပါ့မလဲလို့၊ အဲ့လိုသာဆိုရင် မင်း ငါ့ဇာတ်လမ်းတွဲတွေထဲ သရုပ်ဆောင်လို့ မဖြစ်တော့ဘူး"

"ကျွန်တော် စေ့စပ်တာနဲ့ ချက်ချင်း ပြောပါ့မယ်"

အပြောင်အပျက်ဟာသစကားအချို့က အခြေအနေတင်းမာမှုကို ပြေလျှော့သွားစေကာ ဟော့ရှီးမှ စကားဆိုသည်။

"ဒါဆို ဆက်ရိုက်ကြတာပေါ့၊ ကျွန်တော့်အခန်းတွေ အရင်ရိုက်မယ်လေ"

ဖရုံစေ့ လုံလုံလောက်လောက်ကိုက်ပြီးသည်နှင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကာ စတူဒီယိုတစ်ခုလုံးက ပြန်လည် လေးနက်သွားသည်။ သို့ရာတွင် အတင်းအဖျင်းစကားများအား ဖုံးအုပ်ထားဖို့ရာ မဖြစ်နိုင်ပေ။ တစ်နာရီမကြာခင် အချိန်မှာပင် "ဟော့ရှီးနှင့် ရှန့်ချောင်၏ တိတ်တဆိတ်လက်ထပ်ပွဲ" သတင်းခေါင်းစဉ်မှာ Hot Search ထိပ်ဆုံးသို့ ရောက်ရှိလာသည်။

Weibo server မှာ တိုက်ရိုက်ပင် ပျက်ကျသွားကာ ဝင်ရောက်မရတော့ချေ။

ရှီးကွမ်းများ - ? ? ? ?

ချောင်ဖန်များ - ? ? ? ?

ဖြတ်သွားဖြတ်လာများ - ? ? ? ?

သင်္ဘောရှာနေသည့် CP ဖန်များ - ? ? ? ?

လျန်ရှောင်ထန် - ဟော့ရှန့် CP ကမှ အစစ်အမှန်!!!

ရှန့်ချောင်မှာ အခန်းတွင်း ထိုင်နေကာ ကူကယ်ရာမဲ့စွာ ဖုန်းကိုင်ထားလျက်ဖြင့် ပေ့မင်းဖန်ဆီ ဖုန်းခေါ်ကာ ဟော့ရှီးစတူဒီယိုထံ ဆက်သွယ်ပြီး ငြင်းဆန်သည့် တရားဝင်ဆက်သွယ်ချက် ထုတ်ရန် ဆက်သွယ်ခိုင်းသည်။

ပေ့မင်းဖန် - "ငါ ဆက်သွယ်ပြီးပြီ၊ ဒါပေမယ့် သူတို့ဘက်က စာမထုတ်ဘူးလို့ ပြောတယ်"

ရှန့်ချောင် - "........"

ပေ့မင်းဖန် - "ဒါလည်း ကောင်းတာပဲ၊ မဟုတ်ရင် မင်းကို မျက်နှာဖြတ်ရိုက်တာနဲ့ တူတူပဲ၊ စိတ်အေးအေးထား၊ ငါ့ကို ပေးစဉ်းစားဦး၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ"

Weibo မှ ဝန်ထမ်းများက ဆာဗာကို ထိန်းသိမ်းပြုပြင်နေစဉ်တွင် 'တိတ်တဆိတ်မင်္ဂလာပွဲ' သတင်းခေါင်းစဉ်မှာ ပေါက်ကွဲထွက်နှင့်ပြီးဖြစ်သည်။ အင်တာနက်လောကတစ်ခုလုံးမှာ ထိုကိစ္စရပ်နှင့် ပတ်သက်၍ သိလိုစိတ်ပြင်းပြနေကာ ရိုက်ကွင်းသို့ လာရောက်သည့် မီဒီယာသမားများက မြင်ကွင်းကို အသေးစိတ်ရေးသားဖော်ပြလာကြသည်။

ဒါရိုက်တာထံမှ ကဒ်ဟု အကြိမ်ရေမနည်း အော်ဟစ်နေရပြီး ဟော့ရှီးမှ ရှန့်ချောင်အား ဆူပူလိုက်ခြင်းအပါအဝင် ရှန့်ချောင်၏ နှုတ်မှ လွှတ်ခနဲထွက်ကာ 'လောင်ကုန်း' ဟု ခေါ်မိခြင်းအဆုံး၊ အသေးစိတ်ပုံဖော်လာသည်။ နှမြောစရာ သက်သေခံစရာ ဗီဒီယို ရှိမနေခြင်း။

ဒါက ဒီနှစ်ရဲ့ အကြီးဆုံး အတင်းအဖျင်းပဲ!!!

နာမည်ကြီး ထိပ်တန်းအနုပညာရှင်က တိတ်တဆိတ်လက်ထပ်ထားပြီး သူ့ဇနီးနှာ နာမည်မကြီးသည့် မင်းသမီးဖြစ်နေသေးသည်?

ဒါဆို နှစ်ဖက်ပရိသတ်က စိတ်အားထက်သန်စွာ တိုက်ခိုက်နေတုန်း သခင်ကြီးက တိတ်တိတ်လေး လက်ထပ်မှတ်ပုံတင်လိုက်တယ်?

ရှီးကွမ်းများ -

[ဒါမဖြစ်နိုင်ဘူး!!! ငါတို့မယုံဘူး!!! ငါ့အစ်ကိုဆီမှာ တိတ်တိတ်ပုန်းလက်ထပ်ထားတာမျိုး မရှိနိုင်ဘူး!!! ပြီးတော့ ရှန့်ချောင် ဖြစ်နေသေးတယ်!!! မရဘူး!!! ငါတို့ လက်မခံဘူး!!! စတူဒီယိုက သတင်းကို ငြင်းဖို့ ကြေညာချက် ထုတ်သင့်တယ်!!! ရှန့်ချောင် ထွက်လာခဲ့!!! ထွက်လာပြီး လာရှင်း!!!]

ချောင်ဖန်များ -

[ဒါမဖြစ်နိုင်ဘူး!!! ငါတို့မယုံဘူး!!! ချောင်ပေါင်ပေ့ဆီမှာ တိတ်တိတ်ပုန်းလက်ထပ်ထားတာမျိုး မရှိနိုင်ဘူး!!! ပြီးတော့ ဟော့ရှီး ဖြစ်နေသေးတယ်!!! မရဘူး!!! ငါတို့ လက်မခံဘူး!!! သူ့တက်လမ်းက အခုမှစတာ!!! ဘာလို့လဲ??? အားလုံး ပျက်စီးသွားလိမ့်မယ်!!!]

အခြေအနေက ပို၍ ဆိုးဝါးလာကာ ဆာဗာမှာ နောက်ထပ်တကြိမ် ပျက်ကျမည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ဟော့ရှီး၏ မန်နေဂျာများနှင့် စတူဒီယိုဝန်ထမ်းများက တစ်ယောက်ပြီး တစ်ယောက် သူ့ဆီ ဖုန်းခေါ်လာပြီး အတင်းအဖျင်းများအား ငြင်းဆန်သည့် ကြေညာချက် ချက်ချင်းထုတ်ရန်နှင့် တိတ်တဆိတ်လက်ထပ်ထားခြင်းအား ငြင်းဆိုရန် တောင်းဆိုသည်။

ပေ့မင်းဖန်သည်လည်း PR အဖွဲ့အားဆက်သွယ်ကာ အရေးပေါ် လူထုကြေညာချက်များ စတင်ရန် လုပ်ဆောင်သည်။

နှစ်ဖက်စလုံးမှ လူများ စိုးရိမ်ပူပန်နေစဉ် ရှန့်ချောင်၏ Weibo မှာ အွန်လိုင်းပေါ်တက်လာပြီး ရှန့်ချောင်က ပိုစ့်တင်လာသည်။

@ရှန့်ချောင် - လောင်ဖော်ဖန်တွေ နားလည်ပေးကြပါလား....

အင်တာနက်တစ်ခုလုံး - "သောက်ကျိုးနည်း၊ နားလည်ပေးကြပါဆိုတာ ဘာကို ပြောချင်တာလဲ?"

ပေ့မင်းဖန်ဆီမှ ဖုန်း ထပ်ဝင်လာသည်။

"မင်းကို Weibo ပေါ်မတက်ဖို့ ငါ မပြောထားဘူးလား?"

ရှန့်ချောင် - "ဒါအကောင်းဆုံး ရှင်းပြချက်ပဲ၊ ဒါကလွဲပြီး တခြားဖြေရှင်းချက်အားလုံး အကျိုးမရှိဘူး"

ဟုတ်သည်၊ ဒီဖြေရှင်းချက်မှလွဲကာ မည်သည့်ဖြေရှင်းချက်မျိုးမှ လူထုအား စိတ်ကျေနပ်နိုင်စေမည်မဟုတ်။

သူမအား ကာကွယ်ရန်အတွက် အတင်းအဖျင်းများအား ငြင်းဆိုသည့် တရားဝင်ကြေညာချက်အား ဟော့ရှီးမှ ထုတ်ပြန်မည်မဟုတ်ကြောင်း သူမ၏ အတွေးကို ထုတ်ဖော်မပြတော့ချေ။

တိတ်တဆိတ်လက်ထပ်ထားမှု အတင်းအဖျင်းအား အချိန်ဆွဲလေလေ ပို၍ ပျံ့နှံ့လေလေ ဖြစ်ပေမည်။ နှစ်ဖက်အုပ်စု၏ ဖန်ဒမ်းများကို ပို၍ ရန်စောင်လာကြလိမ့်မည်။ သူမ ပြောပြသည့် ဖြေရှင်းချက်မှာ အမှန်ကန်ဆုံးသော ဖြေရှင်းချက်လည်းဖြစ်သည်။

တိတ်တဆိတ်လက်ထပ်ထားမှု အကြောင်းအရာအား ချိုးဖျက်နိုင်သလို ဟော့ရှီးအား အနည်းငယ်မျှပင် ထိခိုက်စေမည်မဟုတ်။

ယခုချိန်တွင် ပေ့မင်းဖန်မှာ သူ့ကံကြမ္မာအား လက်ခံပြီးဖြစ်ကာ

"စိတ်မပူနဲ့တော့၊ ပိုစ့်ပဲ တင်ပြီးနေပြီ၊ ကျန်တာကို ငါ့တာဝန်ထားလိုက်"

ဖုန်းချပြီးနောက် ရှန့်ချောင်က အကောင့်တုထဲ ဝင်ရောက်ကာ Weibo ပေါ်တွင် လျှောက်ကြည့်သည်။ 'ဟော့ရှီးနှင့် ရှန့်ချောင်၏ တိတ်တဆိတ်လက်ထပ်ပွဲ' ခေါင်းစဉ်မှာ ထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သော်လည်း 'ရှန့်ချောင်က လောင်ဖော်ဖန်' ဟူသော် သတင်းမှာလည်း ဒုတိယနေရာသို့ ခုန်တက်လာသည်။ သူမ ဆက်မကြည့်တော့ပဲ Weibo မှ ထွက်လိုက်သည်။

WeChat မှ တတောင်တောင်မြည်ကာ မက်ဆေ့ချ်များ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။ ကျိန်းသေပေါက် ကျုံးရှန်း ဦးဆောင်ကာ ပို့လာသည့် အတင်းအဖျင်းစကားအတွက် ဆုတောင်းစကားများပင် ဖြစ်သည်။ ရှန့်ချောင်က အားလုံးကို အတူတကွစာပြန်သည်။

"အဓိပ္ပါယ်မရှိတာတွေ"

လျန်ရှောင်ထန် - "ဝူးဝူးဝူး.... ငါ နားလည်ပါတယ်"

'Red မဂ္ဂဇင်း' တွင် ပါဝင်သည့် ငွေကြယ်ပွင့်များနောက်လိုက်ခြင်း အကြောင်းဖြေဆိုထားသည့် ရှန့်ချောင်၏ အင်တာဗျုးမှာ အဓိကကြော်ငြာအကောင့်များ၏ ထုတ်ဖော်ခြင်းကို ခံလိုက်ရသည်။

ထိုအချိန်က ထိုစကားများမှာ ဖန်လောကတစ်ခုလုံးအား ပဲ့တင်ထပ်သွားစေခဲ့ပြီး ရှန့်ချောင်အား 'ကြယ်ပွင့်နောက်လိုက်သူများ၏ ပြယုဒ်' အဖြစ် နာမည်ပြောင်ပေးခဲ့ကြသည်။

ထိုအချိန်က ဖြတ်သွားဖြတ်လာဖန်များမှ သိလိုစိတ်ပြင်းပြခဲ့ပြီး သူမရော ကြယ်ပွင့်နောက်လိုက်နေသလားဟု မေးခွန်းထုတ်ခဲ့ကြသည်။ သို့ရာတွင် ထိုမေးခွန်းများမှာ ပေ့မင်းဖန်၏ အစအနဖျောက်ခြင်းကို ခံလိုက်ရသည်။

လက်ရှိတွင်မူ သူက ထိုအကြောင်းအရာအား ဦးတည်ကာ လူထုထဲ ထပ်မံပစ်ထည့်လိုက်၏။

သူမက တကယ့်ကိုပင် ကြယ်ပွင့်နောက် လိုက်နေခဲ့ကြောင်း လူတိုင်း နားလည်သဘောပေါက်သွားကြသည်။

သူမက ဟော့ရှီးနောက် လိုက်နေခဲ့ခြင်း!! သူမက တကယ်ပဲ ဟော့ရှီးရဲ့ လောင်ဖော်ဖန်လား?

ကြော်ငြာအကောင့်များက ချက်ချင်းပင် 'ရှန့်ချောင် ကြယ်ပွင့်နောက်လိုက်ခြင်း' ခေါင်းစဉ်အား အာရုံစိုက်လာကြပြီး မျက်စိလျှင်သည့် နက်တစ်ဇင်များက ရှန့်ချောင် ကြယ်ပွင့်နောက် လိုက်ခြင်းအသေးစိတ်အား ထောက်ပြလာကြသည်။

သူမ ရှန်ကျွင့်ယီးအား သဘောမကျတာ အံ့ဩစရာမဟုတ်တော့ပေ!!!

သူမသာ ရှီးကွမ်းဆိုလျှင် ရှန်ကျွင့်ယီးအပေါ် ထားရှိသည့် မကောင်းသည့် စိတ်ခံစားချက်များနှင့် ရှိုးအစီအစဉ်အတွင်း မျက်လုံးလိမ့်ခြင်းမှာ ရှောင်လွှဲ၍ ရနိုင်သည်မျိုးမဟုတ်။

ပြိုင်ဘက်ကို မမုန်းပဲ ဘယ်လိုလုပ်နေနိုင်မှာလဲ?

သူမက အလွန်ကြင်နာတတ်ကာ သူမ၏ ကိုယ်ပိုင်ဖန်များအပေါ်တွင်သာမက အခြားသူများ၏ ဖန်များပေါ်တွင်ပင် နူးနူးညံ့ညံ့ဆက်ဆံတတ်သူဖြစ်သည်။ အချို့က သူမဖန်များအား အလိုလိုက်သည်ဟု ဆိုကြသည်။ အချို့က သူမ ဟန်ဆောင်နေခြင်းသက်သက်သာ ဖြစ်သည်ဟု ပြောကြသော်လည်း နှစ်ခုလုံး မှန်ကန်ခြင်းမရှိ။

အကြောင်းရင်းမှာ သူမကိုယ်တိုင်က ပရိသတ်တစ်ယောက်ဖြစ်နေခြင်းဖြစ်ပြီး ထိုစိတ်ခံစားချက်အား နားလည်ခြင်း!!

"Starlight Junior" အစီအစဉ်ဒုတိယပိုင်းမှာ ခိုးကူးကိစ္စကြောင့် နာမည်ကျော်သွားခဲ့သေးသည်။ ထိုအချိန်က ရှီးကွမ်းများသာ မှတ်မိနိုင်သည့် ဟော့ရှီး၏ သီချင်းဖြစ်ကြောင်း ရှန့်ချောင် မည်ကဲ့သို့ မှတ်မိသွားခဲ့သလဲဟု လူအများက တွေးတောခဲ့ကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမတော်တဆကြောင့် မိုက်ခရိုဖုန်း အသံပိတ်ခံရသည့်တိုင် သူမက စင်ပေါ် ပြေးတက်ခဲ့သည်။ ထိုဒေါသစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့မှုက သူမအိုင်ဒေါလ်အပေါ် ချစ်ခင်စိတ်မှ ပေါက်ဖွားလာခဲ့ခြင်း!!

ရှန့်ချောင်နှင့် ဟော့ရှီးတို့ ပါဝင်ခဲ့သည့် အတူတကွယှဉ်တွဲနေထိုင်ခြင်း ရှိုးအစီအစဉ်မှာ နက်တစ်ဇင်များ သက်သေအထောက်အထားရှာဖွေနိုင်ရန် အရေးပါသည့် အစီအစဉ်ဖြစ်လာသည်၌

ရှီးကွမ်းဖြစ်ကြောင့် သရုပ်မှန်ဖြင့် တွေးဆကြည့်လျှင် သူမ၏ လုပ်ရပ်များမှာ ပို၍ ထင်သာမြင်သာ ရှိလာသည်။

တစ်ယောက်ခန်းကို ဟော့ရှီးအား ပေးခဲ့သည့်အပြင် ဟော့ရှီးကို ကူညီပြီး သေတ္တာများ သယ်ပေးခဲ့ကာ ဟော့ရှီးအတွက် အိမ်အလုပ်များလည်း စီစဉ်ပေးခဲ့ခြင်းမရှိပေ။ ပဲငံပြာရည်ခေါက်ဆွဲ ချက်ချိန်တွင်ပင် ဟော့ရှီးပန်ကန်ထဲရှိ အသားနှင့်ခေါက်ဆွဲမှာ အခြားသူများထက် ပိုများသည်။

မနက်စာမှာ ဟော့ရှီး ကြိုက်နှစ်သက်သည့် ကြက်ဥကြော်ဖြစ်ပြီး ခရမ်းသီးနှင့် မတည့်သူက ခရမ်းသီးအများကြီး ဝယ်ယူလာသည်မှာ ဟော့ရှီးက ခရမ်းသီးစားရသည်ကို သဘောကျခြင်းကြောင့်။ လမ်းပေါ်ထွက်ချိန်တွင်လည်း ဟော့ရှီး၏ အကြိုက်ဆုံးစားစရာ ကန်စွန်းဥမီးဖုတ်အား ဝယ်ပေးခဲ့သေးသည်။ ပရိုမိုရှင်းအတွက် ကြော်ငြာဓါတ်ပုံများ ရိုက်ကူးချိန်တွင်လည်း အတင်းအဖျင်းစကားများ ထွက်မလာစေရန် သူမအိုင်ဒေါလ်ထံမှ ခပ်ဝေးဝေးတွင် နေခဲ့ပေးသေးသည်။

ညလယ်ခေါင်အချိန် ထုတ်လွှင့်သည့် တိုက်ရိုက်ထုတ်လွှင့်မှုအပိုင်းပါမချန် နက်တစ်ဇင်များ၏ မြေလှန်ခြင်း ခံရသည်။

မနက်၂နာရီတွင်ပင် ကြယ်ပွင့်နောက်လိုက်သူ ရှန့်ချောင်က သူမအိုင်ဒေါလ်အတွက် ခရမ်းချဉ်သီးနှင့် ကြက်ဥခေါက်ဆွဲကို ချက်ပေးသေးသည်။

သူမက သူနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ တိတ်တိတ်ခိုးကြည့်ရင်း အကြည့်ချင်းဆုံသွားချိန်၌ ကပျာကယာ မျက်လွှာချတတ်သေးသည်။

ဒါ ဘယ်လို စစ်မှန်တဲ့ ကြယ်ပွင့်နောက်လိုက်ခြင်းမျိုးလဲ?

မကြာခင်မှာပင် 'ဟော့ရှန့် ပါတီ ကမ္ဘာလွှမ်းရမည်' ဟူသော အိုင်ဒီထံမှ ဗီဒီယိုတစ်ခုတင်လာသည်။

ဗီဒီယိုကြာမြင့်ချိန်မှာ ဆယ်မိနစ်ဖြစ်ပြီး နောက်ခံတီးလုံးမှာ အလွန်တရာ ချိုမြိန်သည့် တီးလုံးဖြစ်ပြီး ပြည်သူလူထုအမြင်၌ ဟော့ရှီးအား ရှန့်ချောင် တွေ့မြင်ချိန်တိုင်း လုပ်ဆောင်ခဲ့သမျှကို ဖော်ပြထားသည်။

ဂရုတစိုက် ခိုးကြည့်သည့် ချစ်ခင်မြတ်နိုးခြင်းများအားလုံးကို ထိုဗီဒီယိုထဲ တည်းဖြတ်ထည့်ထားသည်။ ဗီဒီယိုမှာ စာသားနှင့်အတူ တွဲတင်ထားခြင်းဖြစ်ပြီး စာသားမှာ

သူမက တစ်ယောက်တည်းဖြစ်ပေမယ့် သတ္တိရှိတယ်၊ သူမကိုယ်ပိုင် နူးညံ့ညင်သာခြင်းမျိုးနဲ့ ထိုတောက်ပနေတဲ့ ကောင်ကလေးကို တိတ်တဆိတ် ကာကွယ်ပေးခဲ့တယ်၊ ငါတို့ သူ့ကို သဘောကျသလောက် သူမလည်း သဘောကျမယ်လို့ ငါယုံတယ်

ထိုဗီဒီယိုမှာ ဆွေးနွေးပွဲများကို ပေါ်ပေါက်လာစေပြီး ပေါ်ထွက်လာသည်နှင့် နက်တစ်ဇင်များအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေသည်။

ကြော်ငြာအကောင့်များက သဘာဝကျစွာပင် နာမည်ကြီးမည့်အခွင့်အရေးကို လက်လွတ်မခံပဲ ထိုဗှဒီယိုအား တစ်ယောက်ပြီးတစ်ယောက် မျှဝေလာသည်။

ထိုဗီဒီယိုအား ကြည့်ရှုသူအရေအတွက်မှာ မီလီယံ ၁၀၀ ကျော်သွားသည်။ ဓါတ်ပုံများအား အတူတကွတည်းဖြတ်လိုက်ချိန်၌ ထို ခိုးကြည့်နေသည့် မျက်ဝန်းများအား အနှေးပြကွက်ဖြင့် ကြည့်ရှုလျှင် သူမမျက်ဝန်းထဲရှိ ချစ်ခြင်းမေတ္တာအား ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

ဝူး..... ငါ ငိုနေပြီ၊ ဒါ ဘယ်လိုတောင် ကြယ်ပွင့်နောက်လိုက်ရာမှာ စံပြဖြစ်နေတာလဲ?

လျန်ရှောင်ထန် - "နောက်ဆုံးတော့ ငါ တိတ်တိတ်လေး တည်းဖြတ်ထားတဲ့ ဗီဒီယိုကို ဒီနေ့တင်လိုက်နိုင်ပြီ!"

မကြာခင်မှာပင် သတင်းပိုစ့်များ တစ်ခုပြီး တစ်ခု တက်လာသည်။ ရိုက်ကူးရေးအဖွဲ့သားများထဲမှ တစ်ယောက်က တိုက်ရိုက်ပင် အခြေအနေအား ဖော်ပြလာသည်။

"ဒီနေ့ဇာတ်ဝင်ခန်းက ရှန့်ချောင်က ဟော့ရှီးကို တိုက်ခိုက်ရမယ့်အခန်း၊ သူ()က အရင်ဆင်းဒ်တွေတုန်းက တစ်ခါတည်းနဲ့ အပြီး ရိုက်လိုက်နိုင်တာ၊ ဒီတစ်ခေါက်တော့ NG မိတာ မနည်းဘူး၊ အကြိမ်ပေါင်း ၂၀ ကျော်တယ်၊ သူ ဟော့ရှီးကို မတိုက်ချင်မှန်း ရှိနေတဲ့သူအားလုံး တွေ့တယ်၊ ရွံ့ရှာမုန်းတီးတဲ့ ပုံစံကို ဟော့ရှီးကို ပြဖို့ကို သူ မလုပ်နိုင်ဘူး"

အင်တာနက်အသုံးပြုသူများ - "ဝူး.... ငါ ငိုပြီ၊ တကယ်ငိုမိပြီ"

ထို့နောက် နောက်အကောင့်တုတစ်ခုမှ သတင်းပေးလာပြန်သည်။

"ငါ ပြောပြရဦးမယ်၊ ပြီးခဲ့တဲ့ နှစ်ရက်က ဟော့ရှီး အယ်ဘမ်လ်အသစ်ထုတ်တယ်မလား? ရှန့်ချောင် ရိုက်ကူးရေးဝင်ရမှာဆိုတော့ သူ() အယ်ဘမ်လ်အချပ် ၁၀၀ မှာပြီး သူ့အေးဂျင့်အိမ်ဆီ ပို့ခိုင်းလိုက်တာ... ဟားဟားဟားဟား... လက်ခံရရှိကြောင်း လက်မှတ်ထိုးတုန်းက သူ့အေးဂျင့်မျက်နှာကို ကြည့်ကြဦး၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်"

တွဲလျက်ပါလာသည်မှာ အိမ်တံခါးဝတွင် ရောက်ရှိလာသည့် ပါဆယ်အား ပေ့မင်းဖန်လက်ခံကာ ဖောက်စစ်နေပုံဖြစ်သည်။

ဟော့ရှီးအယ်ဘမ်လ်၏ ကာဗာအရောင်မှာ မှတ်မိလွယ်သော အနီနှင့် အနက်ဖြစ်ပြီး တချက်ကြည့်ရုံဖြင့်ပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

နက်တစ်ဇင် - "hahahahhahahaha.... ကြည့်ရတာ အနုပညာရှင်တွေကလည်း ငါတို့လိုပါပဲလား"

ထိုအကောင့်တုထံမှ သတင်းအချက်အလက်မှာ ကျိန်းသေပေါက် ပေ့မင်းဖန်၏ ထုတ်ဖော်မှုဖြစ်သည်။ လက်ရှိတွင် အကောင်းဆုံးသော ဖြေရှင်းခြင်းနည်းလမ်းမှာ ရှန့်ချောင်၏ ကြယ်ပွင့်နောက်လိုက်သူ သရုပ်မှန်အား အတည်ပြုခြင်းဖြစ်သည်။ ဤ အဆင့်ကိုသာ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်လျှင် ဒီနေ့အတွက် ပြဿနာများကိုပါ ဖြေရှင်းပေးနိုင်မည်သာမက ဖန်များကိုပင် ဆွဲဆောင်နိုင်လိမ့်မည်။

မူလအစက ဒေါသကြီးနေသည့် ရှီးကွမ်းများမှာ လုံးဝဥဿုံစိတ်ရှုပ်ထွေးသွားကြသည်။

ဘာ? ငါတို့ တိုက်ခိုက်နေမိတာ မိသားစုဝင်တဲ့လား?

များစွာသော ရှီးကွမ်းများက ထိုဗီဒီယိုအား 'မဖြစ်နိုင်ဘူး၊ လုပ်ကြံတာဖြစ်ရမယ်' ဟူသော အတွေးဖြင့် ကြည့်ရှုကြသည်။ ကြည့်ရှုပြီးသည့်နောက်...

ဝူး.... ဒါ ငါမဟုတ်ဘူးလား? ဒါ ငါ့အစ်ကိုနဲ့ တွေ့ရင် ငါ ဖြစ်သွားတဲ့ ပုံစံပဲ မဟုတ်ဘူးလား?

နေဦး၊ ဟော့ရှန့် CP? ဒီ CP နာမည်က အတော်လေး နားထောင်ကောင်းတာပဲ၊ မြင်းရှာတာပဲဖြစ်ဖြစ် သင်္ဘောရှာတာပဲဖြစ်ဖြစ် ဒါက ပိုစိတ်ချရတယ်။

ယင်းမှာ လူနည်းစုဖြစ်သည်။ ရှီးကွမ်းအများစုမှာ ယခင်က ရှန့်ချောင် လုပ်ခဲ့သည့်အပေါ် ဒေါသထွက်နေဆဲဖြစ်သည်။

နင်သာ တကယ့်ဖန်ဆိုရင် အရင်က ငါ့အစ်ကိုကို နင့်မန်နေဂျာ အရှုပ်ပုံထဲ ဆွဲထည့်တာကို ထိုင်ကြည့်နိုင်မလား? သို့ရာတွင် ဖန်အချို့က ပြန်ချေပသည်။

"စာချုပ်မဖျက်သိမ်းခင်က သူ့မှာ ဘာပြောဆိုပိုင်ခွင့်မှ မရှိဘူး၊ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်း အတင်းလိုက်ကပ်တာမျိုး မရှိတော့ဘူးလေ"

ဟော့ရှီး၏ ဖန်ဒမ်းအတွင်း ငြင်းခုန်မှု များပြားလာသဖြင့် ဖန်ဒမ်းမန်ဘာအကောင့်တစ်ခုဖြစ်သည့် 'ဟိုင်းထန်ရှောင်ရှီး" မှ Weibo ပေါ် ပိုစ့်တင်လာသည်။

@ဟိုင်းထန်ရှောင်ရှီး - ဒီအချိန်မှာ ထုတ်ပြောတာက သံသယဝင်စရာတွေ ဖြစ်နိုင်တယ်ဆိုပေမယ့် ငါ တစ်ခုတော့ ပြောပြချင်တယ်၊ လောင်ဖော်ဖန်တစ်ယောက်အနေနဲ့ နင်တို့လိုမျိုး ရှန့်ချောင်ကို ငါ မုန်းခဲ့ဖူးတယ်၊ ဒါပေမယ့် အဲ့ဒီအချိန်က ကုမ္ပဏီမှာ ငါ သူဌေးဆီက အနိုင်ကျင့်ခံရတုန်းက အဲ့ဒီမှာ အသံသွင်းနေတဲ့ SQက ရုံးခန်းထဲ ပြေးဝင်လာပြီး ငါ့ကို ကယ်ပေးခဲ့တယ်၊ အဲ့ဒီချိန်က ငါ သူ့ကို မုန်းနေတုန်း၊ ငါ့အတွက်တော့ သူက သူစိမ်းပဲ၊ အနုပညာရှင်တစ်ယောက်အနေနဲ့ သူ့လုပ်ရပ်က တကယ့်ကို အကျိုးမရှိဘူး၊ ဒါပေမယ့် ငါ ဒုက္ခရောက်နေချိန်၊ ငါ့လုပ်ဖော်ကိုင်ဖက်တွေတောင် ဝင်မပါပဲ ဘေးမှာ ရပ်ကြည့်နေချိန် သူတစ်ယောက်တည်းကပဲ ငါ့ဘက်က ရပ်တည်ပေးခဲ့တယ်၊ သူက နူးညံ့ပြီး ကြင်နာတတ်တဲ့သူလို့ ငါယုံတယ်၊ သူ ခံစားရခဲ့သမျှ အနိုင်ကျင့်ခံရတဲ့ အရာအားလုံးက သူ မတတ်နိုင်တဲ့ အရာတွေမို့ တချို့ အနိုင်ကျင့်တာတွေကို ရပ်သင့်ပြီ

ယွမ်သွမ် station မှာ ကြာမြင့်ပြီးဖြစ်သည့် ဖန်ဒမ်းဖြစ်သည်။ လက်ရှိနှစ်များအတွင်း ထိုဖန်အကောင့်မှာ ranking နှင့် Support အတွက် ရှေ့တန်းမှ ပါဝင်လေ့ရှိသည်။ ထိုဖန်အကောင့်နှင့် ပတ်သက်၍ စစ်မှန်မှုမှာ သံသယဝင်စရာမလိုပေ။

ဟိုင်ထန်ရှောင်ရှီးသည်လည်း သက်တမ်းရင့်ဖန်တစ်ယောက်ဖြစ်ကာ သူမ၏ လွှမ်းမိုးနိုင်စွမ်းမှာ မနည်းလှ။ ရှန့်ချောင်အတွက် လုပ်ကြံလီဆယ်ပြောဆိုခြင်းမှာ ဖြစ်နိုင်ချေမရှိ။ ထို Weibo ပိုစ့်သည်လည်း ဖန်အသိုင်းအဝိုင်းအတွင်း ဂယက်ထသွားစေသည်။

ထိုအချိန်တွင် နောက်ထပ် ရှီးကွမ်းတစ်ယောက်က Weibo ပေါ် ပိုစ့်တင်လာသည်။

"ငါ ပြောသင့် မပြောသင့် မသိပေမယ့် ငါ မပြောပဲ မနေနိုင်တော့လို့၊ ပြီးခဲ့တဲ့တစ်ခေါက် လေဆိပ်ကြိုတုန်းက ငါ အကြွေစေ့အိတ်တစ်အိတ်ကောက်ရခဲ့တယ်၊ ငါ အချိန်အကြာကြီး နောက်ကနေလိုက်မှ ပြုတ်ကျသွားတဲ့သူနောက် မှီသွားတာ၊ ပြုတ်ကျတဲ့သူက ဦးထုပ်ဆောင်းပြီး mask တပ်ထားတယ်၊ သူ ဘယ်သူမှန်း ငါ မသိလို့ ဒီတိုင်း ပိုက်ဆံအိတ်ပြန်ပေးလိုက်တာ၊ ရလဒ်အနေနဲ့ကတော့ ပိုင်ရှင်က ငါ့အစ်ကိုရဲ့ လက်မှတ်ထိုးထားတဲ့ ဓါတ်ပုံကို ထုတ်လာပြီး ငါ့ကို ပေးလာတာ၊ သူလည်း ရှီးကွမ်းပဲလို့ ငါ့ကို ပြောသေးတယ်၊ နောက်ပိုင်း ငါ 'Escape from Life' ကြည့်တော့ အဲ့ထဲက SQ ရဲ့ အကြွေစေ့အိတ်ကလည်း ငါ ကောက်ရတဲ့ အိတ်နဲ့ တစ်ပုံစံတည်းပဲ၊ ဒါတိုက်ဆိုင်ရုံသက်သက်လား? လေဆိပ်မှာ ငါတွေ့ခဲ့တဲ့သူက တကယ်ပဲ SQလား?"

တွဲတင်ထားသည့်မှာ လက်မှတ်ထိုးထားသည့် ဓါတ်ပုံ။

နောက်ထပ် Weibo ပိုစ့်တစ်ခု။

"ငါ မပြောပဲ မနေနိုင်တော့လို့၊ SQ က ရှီးကွမ်းလို့ ယူဆရင် ပြီးခဲ့တစ်ခေါက် ချောင်းယင်းပွဲတုန်းက တကယ်ပဲ သူလား? ငါ မျက်စိမှားတယ်ပဲ မှတ်နေတာ"

တွဲတင်ထားသည့်ဓါတ်ပုံမှာ လူတစ်ယောက် လှေကားမှ ဆင်းနေပုံကို ဘေးတိုက်ရိုက်ကူးထားခြင်းဖြစ်သည်။ ဓါတ်ပုံထဲရှိ သူမှာ ဖုန်းဖြေနေခြင်း ဖြစ်တာမို့ ဦးထုပ်အနားစွန်းမှာ အပေါ်သို့ အနည်းငယ်မြင့်တက်နေပြီး မျက်နှာ အပေါ်ဘက်ခြမ်းကို မြင်နေရသည်။ တကယ့်ကို ရှန့်ချောင်နှင့် တူပေသည်။ ထိုသူမှာ လက်ထဲတွင် ရွှေရောင်ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသေးသည်။

သူမက ဘယ်လိုများ ရှိုးပွဲကို ပေါ်တင်လာပြီး ငါတို့ထဲ လာထိုင်အားပေးရဲရတာလဲ??

ရှန့်ချောင် တမင်တကာ သတင်းလွှင့်ခြင်း ဖြစ်နိုင်ချေကို ပယ်ချလျှင် အားလုံးသော အထောက်အထားများမှာ သူမ ရှီးကွမ်းဖြစ်ကြောင်း ညွှန်ပြနေသည်။

နေ့တိုင်း အဆဲခံနေရတဲ့ ဖန်အသိုင်းအဝိုင်းထဲ နေနေတဲ့ ရှီးကွမ်း။

ကျယ်မေ့၊ နင် တော်တော် သတ္တိကောင်းပါလား!

*****
Note:

GTKWF က paid group မရှိပါဘူး။ ဒါကို ခဏခဏ ပြောဖူးတယ်ရယ်။ ခဏခဏ လာမေးတာ တို့ကို ကော်ဖီတိုက်ချင်လို့လား 😂

Wattpad က လွဲပြီး တခြား ဘယ်မှာတင်လဲဆို bibliobay နဲ့ Storyglory မှာတင်ပါတယ်။ ဒီမှာတင်တာထက်တောင် နောက်ကျတယ်။ အိုင်ကလေး တင်ရမှာ အပျင်းတစ်လို့။ ကော်ဖီတိုက်ချင်ရင် အဲ့ကနေ ဖတ်လို့ရ၊ မဟုတ်လဲ ဒီမှာ ဖတ်လို့ရ။

ဒီအပိုင်းက တိုတိုလေးမှတ်တာ၊ ဟုတ်မနေဘူး 🥲

Edit - ညက အိပ်ချင်မူးတူးတင်တာ ခေါင်းစဉ်မှာ နံပါတ်ပါမလာတာ မပြောကြဘူး 🥲
*****







{Zawgyi}

အပိုင္း ၈၅

တိတ္ဆိတ္ေနသည့္ ေလထုထဲတြင္ ေဟာ့ရွီးက ပထမဦးဆုံး စတင္စကားေျပာဆိုသူျဖစ္သည္။

"ဒါရိုက္တာဝမ္၊ ဒီအခန္းကို မနက္ျဖန္မွ ရိုက္ရေအာင္၊ ေခ်ာင္ေခ်ာင္ကို အရင္ေပးနားလိုက္တာေပါ့"

ထို႔ေနာက္ သူက ကင္မရာျမင္ကြင္းအျပင္ရွိ ေရွာင္တန္ဆီ လွမ္းေျပာသည္။

"အဲ့ဒီကမီဒီယာေတြကို ဓါတ္ပုံမရိုက္ဖို႔ ေျပာလိုက္"

ဒါရိုက္တာဝမ္မွာ ေဟာ့ရွီးႏွင့္ ခင္မင္ရင္းႏွီးသည့္ မိတ္ေဆြ ဆက္ဆံေရးမ်ိဳးရွိေသာ္လည္း ရွန့္ေခ်ာင္၏ 'ေလာင္ကုန္း' ဟူေသာ စကားစုေၾကာင့္ ၾကက္ေသေသသြားရကာ အခ်ိန္အေတာ္ၾကာသည္အထိ နာလန္ျပန္မထူနိုင္ေပ။ စိတ္ဆိုးေဒါသထြက္ေနျခင္းပင္ ေမ့ေပ်ာက္သြားရသည္။

ၾကည့္ရွုေနသူအားလုံး၏ အၾကည့္တို႔မွာ အာ႐ုံစူးစိုက္လ်က္ရွိၿပီး ထိတ္လန့္အံ့အားသင့္ေနကာ သူတို႔အၾကည့္မ်ားက အတင္းအဖ်င္းေျပာလိုဟန္ အျပည့္ပင္။

ထိုတခဏတြင္ ရွန့္ေခ်ာင္ သူမကိုယ္သူမ ႏွစ္ခ်က္တည္းျဖင့္ အေသရိုက္သတ္ပစ္ခ်င္စိတ္ေပါက္လာသည္။ သူမဦးေႏွာက္မွာ ေဝေဝဝါးဝါးျဖစ္ေနျခင္းမရွိေတာ့ပဲ ေအာက္စီဂ်င္ ျပတ္လပ္ေနျခင္းမ်ိဳးလည္း မရွိေတာ့။

သူမႏွလုံးသားထဲတြင္ အေတြးတစ္ခုသာ ႀကီးစိုးလ်က္ရွိသည္ - အရာအားလုံးၿပီးဆုံးသြားၿပီ။ သူမပါးစပ္ေၾကာင့္ မည္မၽွ ျပန္လည္ေပးဆပ္ရမည္နည္း?

ေဟာ့ရွီးက သူမလက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားဆဲျဖစ္ကာ တီးတိုးဆိုသည္။

"သြားရေအာင္"

သူမမ်က္ႏွာမွာ လုံးဝ ျဖဴေဖ်ာ့လ်က္ရွိသည္။

"ကၽြန္မ ရွင္းျပလို႔ရ...."

သူက ခပ္ဖြဖြျပဳံးၿပီး

"မလိုဘူး၊ သြားရေအာင္"

ရိုက္ကြင္း၌ သူမ တကယ့္ကို ဆက္ရွိေန၍ မျဖစ္တာမို႔ သူမ ေခါင္းငုံ႔လိုက္ၿပီး ေဟာ့ရွီးမွ သူမအား ဆြဲေခၚသြားသည္။ ေနာက္ဘက္ရွိ မီဒီယာသမားမ်ားမွ လိုက္လာလိုေသာ္လည္း ေရွာင္တန္၊ ဖန္းပိုင္ႏွင့္ တင္းက်န္တို႔၏ တားဆီးျခင္းကို ခံလိုက္ရသည္။

ေဟာ့ရွီးက သူမအား ကားထဲထိ ပို႔ေဆာင္ၿပီးေနာက္ ကားတံခါးကို လက္ျဖင့္ ကိုင္ရင္း

"ကိုယ္ ဒီကိစၥကို ေျဖရွင္းလိုက္မယ္၊ မင္း ဟိုတယ္ျပန္ၿပီး အရင္နားလိုက္"

ရွန့္ေခ်ာင္ သူ႔အား မၾကည့္ရဲပဲ ေခါင္းေအာက္စိုက္ခ်လ်က္ပင္ ေခါင္းညိတ္ျပသည္။

ကားေမာင္းထြက္လာသည္ႏွင့္ သူမ မ်က္ႏွာကို လက္ဝါးျဖင့္အုပ္ကာ ေအာ္ဟစ္သည္။ တင္းက်န္ခမ်ာ ႏွလုံးေရာဂါ ရလုနီးနီး ထိတ္လန့္သြားရၿပီး စိတ္ရွုပ္ေထြးစြာ ေမးျမန္းသည္။

"နင္.... နင္ ဘာျဖစ္တာလဲ?"

ရွန့္ေခ်ာင္က ေအာ္ဟစ္ေျဖသည္။

"ငါေတာ့သြားၿပီ၊ ငါ မွားသြားၿပီ၊ ဘယ္လိုလုပ္ရမလဲ?"

ေပ့မင္းဖန္ဆီ တင္းက်န္ ကူကယ္ရာမဲ့စြာ ဖုန္းေခၚသည္။ ေပ့မင္းဖန္မွာ ေဟာ့ေပါ့စားေနဆဲျဖစ္သည္။ တင္းက်န္ဆီမွ အေၾကာင္းစုံကို ၾကားသိခ်ိန္တြင္ သူ႔ဖုန္းပင္ ေဟာ့ေပါ့အိုးထဲ က်လုနီးနီးျဖစ္ကာ ထိတ္လန့္တၾကား ေအာ္ဟစ္သည္။

"မင္း ဘာေျပာတယ္? ျပန္ေျပာစမ္း!!"

"ေခ်ာင္ေခ်ာင္က ေဟာ့ရွီးကို ရိုက္ကြင္းမွာ 'ေလာင္ကုန္း' လို႔ ေခၚမိသြားတယ္၊ အဖြဲ႕သားအားလုံး ၾကားတဲ့အျပင္ ရိုက္ကြင္းကို လာၾကည့္ေနတဲ့ မီဒီယာသမားေတြပါ ၾကားသြားတယ္"

ေပ့မင္းဖန္ - "ရွန့္ေခ်ာင္!!!! နင္ ဘယ္တုန္းက လက္ထပ္မွတ္ပုံတင္ တင္လိုက္တာလဲ? နင္ တိတ္တိတ္ပုန္း လက္ထပ္ထားမွန္း နင့္ေအးဂ်င့္ကိုေတာင္ မေျပာတတ္ဘူးလား?"

ရွန့္ေခ်ာင္ - "ဝူးးးးးးးးးးးးးးးး ငါ မရွိဘူးးးးး၊ ငါ Single"

ေပ့မင္းဖန္ - " ??? "

တင္းက်န္ - ေအာ္မေနနဲ႔ေတာ့၊ ျမန္ျမန္နည္းလမ္းစဥ္းစား၊ ခဏေနရင္ Hot Search ထဲ ေရာက္ေတာ့မယ္"

ေပ့မင္းဖန္ - "........."

အဆုံးတြင္မူ ေဟာ့ရွီးက စတူဒီယိုသို႔ ျပန္သြားကာ လာေရာက္ေလ့လာသည့္ မီဒီယာသမားမ်ားႏွင့္ ေတြ႕ဆုံသည္။ စာနယ္ဇင္းသမားမ်ားမွာ ထိတ္လန့္မွုမွ သတိျပန္မလည္လာေသးေခ်။

ငါတို႔က ဒီတိုင္း ရိုက္ကြင္းကို လာေလ့လာတာေလ။ ဒီလို သတင္းအႀကီးစားကို ခ်ျပလိုက္တယ္တဲ့လား? Wow....  သေဘာသိပ္ေကာင္းလြန္းေနတာပဲ။

ေဟာ့ရွီး - "ဒီေန႔ရိုက္ကြင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ညႇာတာေပးဖို႔ ကၽြန္ေတာ္ ေတာင္းဆိုခ်င္ပါတယ္၊ ကၽြန္ေတာ့္အခ်ိန္ဇယားအားတာနဲ႔ အားလုံးနဲ႔ သီးသန့္အင္တာဗ်ဴး ေျဖေပးပါ့မယ္"

သတင္းေထာက္မ်ား - "ဒါေပါ့၊ ဒါေပါ့၊ မေသခ်ာပဲ ဘယ္ေလၽွာက္ေရးပါ့မလဲ"

စိတ္ထဲရွိ စကားသံမ်ား - က်ိန္းေသေပါက္ ေရးကို ေရးရမယ္!!!

ေဟာ့ရွီး ျပန္လာခ်ိန္တြင္ ေရွာင္တန့္မွ

"တားဖို႔ မလြယ္ဘူး၊ ရိုက္ကြင္းေပၚမွာ ဝန္ထမ္းမ်ားလြန္းအားႀကီးတယ္၊ သတင္းေတြကို ျငင္းဖို႔ စတူဒီယိုကို ကၽြန္ေတာ္ စာအရင္ထုတ္ခိုင္းလိုက္မယ္"

ေဟာ့ရွီးက ေခါင္းခါသည္။

"ေလာေလာဆယ္ မလိုေသးဘူး"

အတင္းအဖ်င္းမ်ားအား တရားဝင္ျငင္းခ်က္ထုတ္လိုက္လၽွင္ ရွန့္ေခ်ာင္အား မ်က္ႏွာတည့္တည့္ ျဖတ္ရိုက္သကဲ့သို႔ ျဖစ္သြားေပမည္။

ေရွာင္တန့္မွာ စိုးရိမ္ပူပန္လ်က္ရွိသည္။

"ကၽြန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ? အားလုံးကို ေကာ တိတ္တိတ္ပုန္းလက္ထပ္ထားတယ္လို႔ ထင္ေစလို႔ မရဘူးမလား?"

ေဟာ့ရွီးက စကားတစ္ခြန္းမဆိုပဲ ရိုက္ကြင္းဆီ ျပန္ေလၽွာက္သြားကာ သိခ်င္စိတ္ျပင္းျပေနသည့္ သူမ်ားထံ ျပဳံးျပရင္း ရွင္းျပသည္။

"ေရွာင္ေခ်ာင္နဲ႔ ကၽြန္ေတာ္က သ႐ုပ္ေဆာင္ေလ့က်င့္ေနက်ျဖစ္လို႔ ကိုယ္ပိုင္ခ်ိန္မွာလည္း စေနာက္ေနတာ အက်င့္ျဖစ္ေနတာ"

လူတိုင္း - "........"

မဟုတ္ေသးဘူး၊ ငါတို႔ ဒီရွင္းျပခ်က္ေလာက္နဲ႔ စိတ္မေက်နပ္နိုင္ဘူး။

ဒါရိုက္တာဝမ္သည္လည္း ရယ္ရယ္ေမာေမာႏွင့္ သူ႔အား ကူညီေျဖရွင္းေပးလာသည္။

"ငါ အခုပဲေျပာေနတာ၊ ေရွာင္ရွီးက သူ႔မဂၤလာေဆာင္ကို ငါ့ကို မဖိတ္ပဲ ဘယ္ေနပါ့မလဲလို႔၊ အဲ့လိုသာဆိုရင္ မင္း ငါ့ဇာတ္လမ္းတြဲေတြထဲ သ႐ုပ္ေဆာင္လို႔ မျဖစ္ေတာ့ဘူး"

"ကၽြန္ေတာ္ ေစ့စပ္တာနဲ႔ ခ်က္ခ်င္း ေျပာပါ့မယ္"

အေျပာင္အပ်က္ဟာသစကားအခ်ိဳ႕က အေျခအေနတင္းမာမွုကို ေျပေလၽွာ့သြားေစကာ ေဟာ့ရွီးမွ စကားဆိုသည္။

"ဒါဆို ဆက္ရိုက္ၾကတာေပါ့၊ ကၽြန္ေတာ့္အခန္းေတြ အရင္ရိုက္မယ္ေလ"

ဖ႐ုံေစ့ လုံလုံေလာက္ေလာက္ကိုက္ၿပီးသည္ႏွင့္ လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္ရမည္ျဖစ္ကာ စတူဒီယိုတစ္ခုလုံးက ျပန္လည္ ေလးနက္သြားသည္။ သို႔ရာတြင္ အတင္းအဖ်င္းစကားမ်ားအား ဖုံးအုပ္ထားဖို႔ရာ မျဖစ္နိုင္ေပ။ တစ္နာရီမၾကာခင္ အခ်ိန္မွာပင္ "ေဟာ့ရွီးႏွင့္ ရွန့္ေခ်ာင္၏ တိတ္တဆိတ္လက္ထပ္ပြဲ" သတင္းေခါင္းစဥ္မွာ Hot Search ထိပ္ဆုံးသို႔ ေရာက္ရွိလာသည္။

Weibo server မွာ တိုက္ရိုက္ပင္ ပ်က္က်သြားကာ ဝင္ေရာက္မရေတာ့ေခ်။

ရွီးကြမ္းမ်ား - ? ? ? ?

ေခ်ာင္ဖန္မ်ား - ? ? ? ?

ျဖတ္သြားျဖတ္လာမ်ား - ? ? ? ?

သေဘၤာရွာေနသည့္ CP ဖန္မ်ား - ? ? ? ?

လ်န္ေရွာင္ထန္ - ေဟာ့ရွန့္ CP ကမွ အစစ္အမွန္!!!

ရွန့္ေခ်ာင္မွာ အခန္းတြင္း ထိုင္ေနကာ ကူကယ္ရာမဲ့စြာ ဖုန္းကိုင္ထားလ်က္ျဖင့္ ေပ့မင္းဖန္ဆီ ဖုန္းေခၚကာ ေဟာ့ရွီးစတူဒီယိုထံ ဆက္သြယ္ၿပီး ျငင္းဆန္သည့္ တရားဝင္ဆက္သြယ္ခ်က္ ထုတ္ရန္ ဆက္သြယ္ခိုင္းသည္။

ေပ့မင္းဖန္ - "ငါ ဆက္သြယ္ၿပီးၿပီ၊ ဒါေပမယ့္ သူတို႔ဘက္က စာမထုတ္ဘူးလို႔ ေျပာတယ္"

ရွန့္ေခ်ာင္ - "........"

ေပ့မင္းဖန္ - "ဒါလည္း ေကာင္းတာပဲ၊ မဟုတ္ရင္ မင္းကို မ်က္ႏွာျဖတ္ရိုက္တာနဲ႔ တူတူပဲ၊ စိတ္ေအးေအးထား၊ ငါ့ကို ေပးစဥ္းစားဦး၊ ဘယ္လိုေျဖရွင္းရမလဲဆိုတာ"

Weibo မွ ဝန္ထမ္းမ်ားက ဆာဗာကို ထိန္းသိမ္းျပဳျပင္ေနစဥ္တြင္ 'တိတ္တဆိတ္မဂၤလာပြဲ' သတင္းေခါင္းစဥ္မွာ ေပါက္ကြဲထြက္ႏွင့္ၿပီးျဖစ္သည္။ အင္တာနက္ေလာကတစ္ခုလုံးမွာ ထိုကိစၥရပ္ႏွင့္ ပတ္သက္၍ သိလိုစိတ္ျပင္းျပေနကာ ရိုက္ကြင္းသို႔ လာေရာက္သည့္ မီဒီယာသမားမ်ားက ျမင္ကြင္းကို အေသးစိတ္ေရးသားေဖာ္ျပလာၾကသည္။

ဒါရိုက္တာထံမွ ကဒ္ဟု အႀကိမ္ေရမနည္း ေအာ္ဟစ္ေနရၿပီး ေဟာ့ရွီးမွ ရွန့္ေခ်ာင္အား ဆူပူလိုက္ျခင္းအပါအဝင္ ရွန့္ေခ်ာင္၏ ႏွုတ္မွ လႊတ္ခနဲထြက္ကာ 'ေလာင္ကုန္း' ဟု ေခၚမိျခင္းအဆုံး၊ အေသးစိတ္ပုံေဖာ္လာသည္။ ႏွေျမာစရာ သက္ေသခံစရာ ဗီဒီယို ရွိမေနျခင္း။

ဒါက ဒီႏွစ္ရဲ့ အႀကီးဆုံး အတင္းအဖ်င္းပဲ!!!

နာမည္ႀကီး ထိပ္တန္းအႏုပညာရွင္က တိတ္တဆိတ္လက္ထပ္ထားၿပီး သူ႔ဇနီးႏွာ နာမည္မႀကီးသည့္ မင္းသမီးျဖစ္ေနေသးသည္?

ဒါဆို ႏွစ္ဖက္ပရိသတ္က စိတ္အားထက္သန္စြာ တိုက္ခိုက္ေနတုန္း သခင္ႀကီးက တိတ္တိတ္ေလး လက္ထပ္မွတ္ပုံတင္လိုက္တယ္?

ရွီးကြမ္းမ်ား -

[ဒါမျဖစ္နိုင္ဘူး!!! ငါတို႔မယုံဘူး!!! ငါ့အစ္ကိုဆီမွာ တိတ္တိတ္ပုန္းလက္ထပ္ထားတာမ်ိဳး မရွိနိုင္ဘူး!!! ၿပီးေတာ့ ရွန့္ေခ်ာင္ ျဖစ္ေနေသးတယ္!!! မရဘူး!!! ငါတို႔ လက္မခံဘူး!!! စတူဒီယိုက သတင္းကို ျငင္းဖို႔ ေၾကညာခ်က္ ထုတ္သင့္တယ္!!! ရွန့္ေခ်ာင္ ထြက္လာခဲ့!!! ထြက္လာၿပီး လာရွင္း!!!]

ေခ်ာင္ဖန္မ်ား -

[ဒါမျဖစ္နိုင္ဘူး!!! ငါတို႔မယုံဘူး!!! ေခ်ာင္ေပါင္ေပ့ဆီမွာ တိတ္တိတ္ပုန္းလက္ထပ္ထားတာမ်ိဳး မရွိနိုင္ဘူး!!! ၿပီးေတာ့ ေဟာ့ရွီး ျဖစ္ေနေသးတယ္!!! မရဘူး!!! ငါတို႔ လက္မခံဘူး!!! သူ႔တက္လမ္းက အခုမွစတာ!!! ဘာလို႔လဲ??? အားလုံး ပ်က္စီးသြားလိမ့္မယ္!!!]

အေျခအေနက ပို၍ ဆိုးဝါးလာကာ ဆာဗာမွာ ေနာက္ထပ္တႀကိမ္ ပ်က္က်မည့္ အရိပ္အေယာင္မ်ား ေပၚထြက္လာသည္။

ေဟာ့ရွီး၏ မန္ေနဂ်ာမ်ားႏွင့္ စတူဒီယိုဝန္ထမ္းမ်ားက တစ္ေယာက္ၿပီး တစ္ေယာက္ သူ႔ဆီ ဖုန္းေခၚလာၿပီး အတင္းအဖ်င္းမ်ားအား ျငင္းဆန္သည့္ ေၾကညာခ်က္ ခ်က္ခ်င္းထုတ္ရန္ႏွင့္ တိတ္တဆိတ္လက္ထပ္ထားျခင္းအား ျငင္းဆိုရန္ ေတာင္းဆိုသည္။

ေပ့မင္းဖန္သည္လည္း PR အဖြဲ႕အားဆက္သြယ္ကာ အေရးေပၚ လူထုေၾကညာခ်က္မ်ား စတင္ရန္ လုပ္ေဆာင္သည္။

ႏွစ္ဖက္စလုံးမွ လူမ်ား စိုးရိမ္ပူပန္ေနစဥ္ ရွန့္ေခ်ာင္၏ Weibo မွာ အြန္လိုင္းေပၚတက္လာၿပီး ရွန့္ေခ်ာင္က ပိုစ့္တင္လာသည္။

@ရွန့္ေခ်ာင္ - ေလာင္ေဖာ္ဖန္ေတြ နားလည္ေပးၾကပါလား....

အင္တာနက္တစ္ခုလုံး - "ေသာက္က်ိဳးနည္း၊ နားလည္ေပးၾကပါဆိုတာ ဘာကို ေျပာခ်င္တာလဲ?"

ေပ့မင္းဖန္ဆီမွ ဖုန္း ထပ္ဝင္လာသည္။

"မင္းကို Weibo ေပၚမတက္ဖို႔ ငါ မေျပာထားဘူးလား?"

ရွန့္ေခ်ာင္ - "ဒါအေကာင္းဆုံး ရွင္းျပခ်က္ပဲ၊ ဒါကလြဲၿပီး တျခားေျဖရွင္းခ်က္အားလုံး အက်ိဳးမရွိဘူး"

ဟုတ္သည္၊ ဒီေျဖရွင္းခ်က္မွလြဲကာ မည္သည့္ေျဖရွင္းခ်က္မ်ိဳးမွ လူထုအား စိတ္ေက်နပ္နိုင္ေစမည္မဟုတ္။

သူမအား ကာကြယ္ရန္အတြက္ အတင္းအဖ်င္းမ်ားအား ျငင္းဆိုသည့္ တရားဝင္ေၾကညာခ်က္အား ေဟာ့ရွီးမွ ထုတ္ျပန္မည္မဟုတ္ေၾကာင္း သူမ၏ အေတြးကို ထုတ္ေဖာ္မျပေတာ့ေခ်။

တိတ္တဆိတ္လက္ထပ္ထားမွု အတင္းအဖ်င္းအား အခ်ိန္ဆြဲေလေလ ပို၍ ပ်ံ႕ႏွံ့ေလေလ ျဖစ္ေပမည္။ ႏွစ္ဖက္အုပ္စု၏ ဖန္ဒမ္းမ်ားကို ပို၍ ရန္ေစာင္လာၾကလိမ့္မည္။ သူမ ေျပာျပသည့္ ေျဖရွင္းခ်က္မွာ အမွန္ကန္ဆုံးေသာ ေျဖရွင္းခ်က္လည္းျဖစ္သည္။

တိတ္တဆိတ္လက္ထပ္ထားမွု အေၾကာင္းအရာအား ခ်ိဳးဖ်က္နိုင္သလို ေဟာ့ရွီးအား အနည္းငယ္မၽွပင္ ထိခိုက္ေစမည္မဟုတ္။

ယခုခ်ိန္တြင္ ေပ့မင္းဖန္မွာ သူ႔ကံၾကမၼာအား လက္ခံၿပီးျဖစ္ကာ

"စိတ္မပူနဲ႔ေတာ့၊ ပိုစ့္ပဲ တင္ၿပီးေနၿပီ၊ က်န္တာကို ငါ့တာဝန္ထားလိုက္"

ဖုန္းခ်ၿပီးေနာက္ ရွန့္ေခ်ာင္က အေကာင့္တုထဲ ဝင္ေရာက္ကာ Weibo ေပၚတြင္ ေလၽွာက္ၾကည့္သည္။ 'ေဟာ့ရွီးႏွင့္ ရွန့္ေခ်ာင္၏ တိတ္တဆိတ္လက္ထပ္ပြဲ' ေခါင္းစဥ္မွာ ထိပ္ဆုံးတြင္ ရွိေနဆဲျဖစ္ေသာ္လည္း 'ရွန့္ေခ်ာင္က ေလာင္ေဖာ္ဖန္' ဟူေသာ္ သတင္းမွာလည္း ဒုတိယေနရာသို႔ ခုန္တက္လာသည္။ သူမ ဆက္မၾကည့္ေတာ့ပဲ Weibo မွ ထြက္လိုက္သည္။

WeChat မွ တေတာင္ေတာင္ျမည္ကာ မက္ေဆ့ခ်္မ်ား အဆက္မျပတ္ ဝင္ေရာက္လ်က္ရွိသည္။ က်ိန္းေသေပါက္ က်ဳံးရွန္း ဦးေဆာင္ကာ ပို႔လာသည့္ အတင္းအဖ်င္းစကားအတြက္ ဆုေတာင္းစကားမ်ားပင္ ျဖစ္သည္။ ရွန့္ေခ်ာင္က အားလုံးကို အတူတကြစာျပန္သည္။

"အဓိပၸါယ္မရွိတာေတြ"

လ်န္ေရွာင္ထန္ - "ဝူးဝူးဝူး.... ငါ နားလည္ပါတယ္"

'Red မဂၢဇင္း' တြင္ ပါဝင္သည့္ ေငြၾကယ္ပြင့္မ်ားေနာက္လိုက္ျခင္း အေၾကာင္းေျဖဆိုထားသည့္ ရွန့္ေခ်ာင္၏ အင္တာဗ်ဳးမွာ အဓိကေၾကာ္ျငာအေကာင့္မ်ား၏ ထုတ္ေဖာ္ျခင္းကို ခံလိုက္ရသည္။

ထိုအခ်ိန္က ထိုစကားမ်ားမွာ ဖန္ေလာကတစ္ခုလုံးအား ပဲ့တင္ထပ္သြားေစခဲ့ၿပီး ရွန့္ေခ်ာင္အား 'ၾကယ္ပြင့္ေနာက္လိုက္သူမ်ား၏ ျပယုဒ္' အျဖစ္ နာမည္ေျပာင္ေပးခဲ့ၾကသည္။

ထိုအခ်ိန္က ျဖတ္သြားျဖတ္လာဖန္မ်ားမွ သိလိုစိတ္ျပင္းျပခဲ့ၿပီး သူမေရာ ၾကယ္ပြင့္ေနာက္လိုက္ေနသလားဟု ေမးခြန္းထုတ္ခဲ့ၾကသည္။ သို႔ရာတြင္ ထိုေမးခြန္းမ်ားမွာ ေပ့မင္းဖန္၏ အစအနေဖ်ာက္ျခင္းကို ခံလိုက္ရသည္။

လက္ရွိတြင္မူ သူက ထိုအေၾကာင္းအရာအား ဦးတည္ကာ လူထုထဲ ထပ္မံပစ္ထည့္လိုက္၏။

သူမက တကယ့္ကိုပင္ ၾကယ္ပြင့္ေနာက္ လိုက္ေနခဲ့ေၾကာင္း လူတိုင္း နားလည္သေဘာေပါက္သြားၾကသည္။

သူမက ေဟာ့ရွီးေနာက္ လိုက္ေနခဲ့ျခင္း!! သူမက တကယ္ပဲ ေဟာ့ရွီးရဲ့ ေလာင္ေဖာ္ဖန္လား?

ေၾကာ္ျငာအေကာင့္မ်ားက ခ်က္ခ်င္းပင္ 'ရွန့္ေခ်ာင္ ၾကယ္ပြင့္ေနာက္လိုက္ျခင္း' ေခါင္းစဥ္အား အာ႐ုံစိုက္လာၾကၿပီး မ်က္စိလၽွင္သည့္ နက္တစ္ဇင္မ်ားက ရွန့္ေခ်ာင္ ၾကယ္ပြင့္ေနာက္ လိုက္ျခင္းအေသးစိတ္အား ေထာက္ျပလာၾကသည္။

သူမ ရွန္ကၽြင့္ယီးအား သေဘာမက်တာ အံ့ဩစရာမဟုတ္ေတာ့ေပ!!!

သူမသာ ရွီးကြမ္းဆိုလၽွင္ ရွန္ကၽြင့္ယီးအေပၚ ထားရွိသည့္ မေကာင္းသည့္ စိတ္ခံစားခ်က္မ်ားႏွင့္ ရွိုးအစီအစဥ္အတြင္း မ်က္လုံးလိမ့္ျခင္းမွာ ေရွာင္လႊဲ၍ ရနိုင္သည္မ်ိဳးမဟုတ္။

ၿပိဳင္ဘက္ကို မမုန္းပဲ ဘယ္လိုလုပ္ေနနိုင္မွာလဲ?

သူမက အလြန္ၾကင္နာတတ္ကာ သူမ၏ ကိုယ္ပိုင္ဖန္မ်ားအေပၚတြင္သာမက အျခားသူမ်ား၏ ဖန္မ်ားေပၚတြင္ပင္ ႏူးႏူးညံ့ညံ့ဆက္ဆံတတ္သူျဖစ္သည္။ အခ်ိဳ႕က သူမဖန္မ်ားအား အလိုလိုက္သည္ဟု ဆိုၾကသည္။ အခ်ိဳ႕က သူမ ဟန္ေဆာင္ေနျခင္းသက္သက္သာ ျဖစ္သည္ဟု ေျပာၾကေသာ္လည္း ႏွစ္ခုလုံး မွန္ကန္ျခင္းမရွိ။

အေၾကာင္းရင္းမွာ သူမကိုယ္တိုင္က ပရိသတ္တစ္ေယာက္ျဖစ္ေနျခင္းျဖစ္ၿပီး ထိုစိတ္ခံစားခ်က္အား နားလည္ျခင္း!!

"Starlight Junior" အစီအစဥ္ဒုတိယပိုင္းမွာ ခိုးကူးကိစၥေၾကာင့္ နာမည္ေက်ာ္သြားခဲ့ေသးသည္။ ထိုအခ်ိန္က ရွီးကြမ္းမ်ားသာ မွတ္မိနိုင္သည့္ ေဟာ့ရွီး၏ သီခ်င္းျဖစ္ေၾကာင္း ရွန့္ေခ်ာင္ မည္ကဲ့သို႔ မွတ္မိသြားခဲ့သလဲဟု လူအမ်ားက ေတြးေတာခဲ့ၾကသည္။ တိုက္ရိုက္ထုတ္လႊင့္မွုမေတာ္တဆေၾကာင့္ မိုက္ခရိုဖုန္း အသံပိတ္ခံရသည့္တိုင္ သူမက စင္ေပၚ ေျပးတက္ခဲ့သည္။ ထိုေဒါသစိတ္ႏွင့္ ဆင္ျခင္တုံတရားကင္းမဲ့မွုက သူမအိုင္ေဒါလ္အေပၚ ခ်စ္ခင္စိတ္မွ ေပါက္ဖြားလာခဲ့ျခင္း!!

ရွန့္ေခ်ာင္ႏွင့္ ေဟာ့ရွီးတို႔ ပါဝင္ခဲ့သည့္ အတူတကြယွဥ္တြဲေနထိုင္ျခင္း ရွိုးအစီအစဥ္မွာ နက္တစ္ဇင္မ်ား သက္ေသအေထာက္အထားရွာေဖြနိုင္ရန္ အေရးပါသည့္ အစီအစဥ္ျဖစ္လာသည္၌

ရွီးကြမ္းျဖစ္ေၾကာင့္ သ႐ုပ္မွန္ျဖင့္ ေတြးဆၾကည့္လၽွင္ သူမ၏ လုပ္ရပ္မ်ားမွာ ပို၍ ထင္သာျမင္သာ ရွိလာသည္။

တစ္ေယာက္ခန္းကို ေဟာ့ရွီးအား ေပးခဲ့သည့္အျပင္ ေဟာ့ရွီးကို ကူညီၿပီး ေသတၱာမ်ား သယ္ေပးခဲ့ကာ ေဟာ့ရွီးအတြက္ အိမ္အလုပ္မ်ားလည္း စီစဥ္ေပးခဲ့ျခင္းမရွိေပ။ ပဲငံျပာရည္ေခါက္ဆြဲ ခ်က္ခ်ိန္တြင္ပင္ ေဟာ့ရွီးပန္ကန္ထဲရွိ အသားႏွင့္ေခါက္ဆြဲမွာ အျခားသူမ်ားထက္ ပိုမ်ားသည္။

မနက္စာမွာ ေဟာ့ရွီး ႀကိဳက္ႏွစ္သက္သည့္ ၾကက္ဥေၾကာ္ျဖစ္ၿပီး ခရမ္းသီးႏွင့္ မတည့္သူက ခရမ္းသီးအမ်ားႀကီး ဝယ္ယူလာသည္မွာ ေဟာ့ရွီးက ခရမ္းသီးစားရသည္ကို သေဘာက်ျခင္းေၾကာင့္။ လမ္းေပၚထြက္ခ်ိန္တြင္လည္း ေဟာ့ရွီး၏ အႀကိဳက္ဆုံးစားစရာ ကန္စြန္းဥမီးဖုတ္အား ဝယ္ေပးခဲ့ေသးသည္။ ပရိုမိုရွင္းအတြက္ ေၾကာ္ျငာဓါတ္ပုံမ်ား ရိုက္ကူးခ်ိန္တြင္လည္း အတင္းအဖ်င္းစကားမ်ား ထြက္မလာေစရန္ သူမအိုင္ေဒါလ္ထံမွ ခပ္ေဝးေဝးတြင္ ေနခဲ့ေပးေသးသည္။

ညလယ္ေခါင္အခ်ိန္ ထုတ္လႊင့္သည့္ တိုက္ရိုက္ထုတ္လႊင့္မွုအပိုင္းပါမခ်န္ နက္တစ္ဇင္မ်ား၏ ေျမလွန္ျခင္း ခံရသည္။

မနက္၂နာရီတြင္ပင္ ၾကယ္ပြင့္ေနာက္လိုက္သူ ရွန့္ေခ်ာင္က သူမအိုင္ေဒါလ္အတြက္ ခရမ္းခ်ဥ္သီးႏွင့္ ၾကက္ဥေခါက္ဆြဲကို ခ်က္ေပးေသးသည္။

သူမက သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ တိတ္တိတ္ခိုးၾကည့္ရင္း အၾကည့္ခ်င္းဆုံသြားခ်ိန္၌ ကပ်ာကယာ မ်က္လႊာခ်တတ္ေသးသည္။

ဒါ ဘယ္လို စစ္မွန္တဲ့ ၾကယ္ပြင့္ေနာက္လိုက္ျခင္းမ်ိဳးလဲ?

မၾကာခင္မွာပင္ 'ေဟာ့ရွန့္ ပါတီ ကမၻာလႊမ္းရမည္' ဟူေသာ အိုင္ဒီထံမွ ဗီဒီယိုတစ္ခုတင္လာသည္။

ဗီဒီယိုၾကာျမင့္ခ်ိန္မွာ ဆယ္မိနစ္ျဖစ္ၿပီး ေနာက္ခံတီးလုံးမွာ အလြန္တရာ ခ်ိဳၿမိန္သည့္ တီးလုံးျဖစ္ၿပီး ျပည္သူလူထုအျမင္၌ ေဟာ့ရွီးအား ရွန့္ေခ်ာင္ ေတြ႕ျမင္ခ်ိန္တိုင္း လုပ္ေဆာင္ခဲ့သမၽွကို ေဖာ္ျပထားသည္။

ဂ႐ုတစိုက္ ခိုးၾကည့္သည့္ ခ်စ္ခင္ျမတ္နိုးျခင္းမ်ားအားလုံးကို ထိုဗီဒီယိုထဲ တည္းျဖတ္ထည့္ထားသည္။ ဗီဒီယိုမွာ စာသားႏွင့္အတူ တြဲတင္ထားျခင္းျဖစ္ၿပီး စာသားမွာ

သူမက တစ္ေယာက္တည္းျဖစ္ေပမယ့္ သတၱိရွိတယ္၊ သူမကိုယ္ပိုင္ ႏူးညံ့ညင္သာျခင္းမ်ိဳးနဲ႔ ထိုေတာက္ပေနတဲ့ ေကာင္ကေလးကို တိတ္တဆိတ္ ကာကြယ္ေပးခဲ့တယ္၊ ငါတို႔ သူ႔ကို သေဘာက်သေလာက္ သူမလည္း သေဘာက်မယ္လို႔ ငါယုံတယ္

ထိုဗီဒီယိုမွာ ေဆြးေႏြးပြဲမ်ားကို ေပၚေပါက္လာေစၿပီး ေပၚထြက္လာသည္ႏွင့္ နက္တစ္ဇင္မ်ားအၾကား လွုပ္လွုပ္ခတ္ခတ္ျဖစ္သြားေစသည္။

ေၾကာ္ျငာအေကာင့္မ်ားက သဘာဝက်စြာပင္ နာမည္ႀကီးမည့္အခြင့္အေရးကို လက္လြတ္မခံပဲ ထိုဗွဒီယိုအား တစ္ေယာက္ၿပီးတစ္ေယာက္ မၽွေဝလာသည္။

ထိုဗီဒီယိုအား ၾကည့္ရွုသူအေရအတြက္မွာ မီလီယံ ၁၀၀ ေက်ာ္သြားသည္။ ဓါတ္ပုံမ်ားအား အတူတကြတည္းျဖတ္လိုက္ခ်ိန္၌ ထို ခိုးၾကည့္ေနသည့္ မ်က္ဝန္းမ်ားအား အေႏွးျပကြက္ျဖင့္ ၾကည့္ရွုလၽွင္ သူမမ်က္ဝန္းထဲရွိ ခ်စ္ျခင္းေမတၱာအား ဖုံးကြယ္ထားရန္ မျဖစ္နိုင္ေပ။

ဝူး..... ငါ ငိုေနၿပီ၊ ဒါ ဘယ္လိုေတာင္ ၾကယ္ပြင့္ေနာက္လိုက္ရာမွာ စံျပျဖစ္ေနတာလဲ?

လ်န္ေရွာင္ထန္ - "ေနာက္ဆုံးေတာ့ ငါ တိတ္တိတ္ေလး တည္းျဖတ္ထားတဲ့ ဗီဒီယိုကို ဒီေန႔တင္လိုက္နိုင္ၿပီ!"

မၾကာခင္မွာပင္ သတင္းပိုစ့္မ်ား တစ္ခုၿပီး တစ္ခု တက္လာသည္။ ရိုက္ကူးေရးအဖြဲ႕သားမ်ားထဲမွ တစ္ေယာက္က တိုက္ရိုက္ပင္ အေျခအေနအား ေဖာ္ျပလာသည္။

"ဒီေန႔ဇာတ္ဝင္ခန္းက ရွန့္ေခ်ာင္က ေဟာ့ရွီးကို တိုက္ခိုက္ရမယ့္အခန္း၊ သူ()က အရင္ဆင္းဒ္ေတြတုန္းက တစ္ခါတည္းနဲ႔ အၿပီး ရိုက္လိုက္နိုင္တာ၊ ဒီတစ္ေခါက္ေတာ့ NG မိတာ မနည္းဘူး၊ အႀကိမ္ေပါင္း ၂၀ ေက်ာ္တယ္၊ သူ ေဟာ့ရွီးကို မတိုက္ခ်င္မွန္း ရွိေနတဲ့သူအားလုံး ေတြ႕တယ္၊ ရြံ႕ရွာမုန္းတီးတဲ့ ပုံစံကို ေဟာ့ရွီးကို ျပဖို႔ကို သူ မလုပ္နိုင္ဘူး"

အင္တာနက္အသုံးျပဳသူမ်ား - "ဝူး.... ငါ ငိုၿပီ၊ တကယ္ငိုမိၿပီ"

ထို႔ေနာက္ ေနာက္အေကာင့္တုတစ္ခုမွ သတင္းေပးလာျပန္သည္။

"ငါ ေျပာျပရဦးမယ္၊ ၿပီးခဲ့တဲ့ ႏွစ္ရက္က ေဟာ့ရွီး အယ္ဘမ္လ္အသစ္ထုတ္တယ္မလား? ရွန့္ေခ်ာင္ ရိုက္ကူးေရးဝင္ရမွာဆိုေတာ့ သူ(မ) အယ္ဘမ္လ္အခ်ပ္ ၁၀၀ မွာၿပီး သူ႔ေအးဂ်င့္အိမ္ဆီ ပို႔ခိုင္းလိုက္တာ... ဟားဟားဟားဟား... လက္ခံရရွိေၾကာင္း လက္မွတ္ထိုးတုန္းက သူ႔ေအးဂ်င့္မ်က္ႏွာကို ၾကည့္ၾကဦး၊ ငါ ရယ္ရလြန္းလို႔ ေသေတာ့မယ္"

တြဲလ်က္ပါလာသည္မွာ အိမ္တံခါးဝတြင္ ေရာက္ရွိလာသည့္ ပါဆယ္အား ေပ့မင္းဖန္လက္ခံကာ ေဖာက္စစ္ေနပုံျဖစ္သည္။

ေဟာ့ရွီးအယ္ဘမ္လ္၏ ကာဗာအေရာင္မွာ မွတ္မိလြယ္ေသာ အနီႏွင့္ အနက္ျဖစ္ၿပီး တခ်က္ၾကည့္႐ုံျဖင့္ပင္ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕နိုင္သည္။

နက္တစ္ဇင္ - "hahahahhahahaha.... ၾကည့္ရတာ အႏုပညာရွင္ေတြကလည္း ငါတို႔လိုပါပဲလား"

ထိုအေကာင့္တုထံမွ သတင္းအခ်က္အလက္မွာ က်ိန္းေသေပါက္ ေပ့မင္းဖန္၏ ထုတ္ေဖာ္မွုျဖစ္သည္။ လက္ရွိတြင္ အေကာင္းဆုံးေသာ ေျဖရွင္းျခင္းနည္းလမ္းမွာ ရွန့္ေခ်ာင္၏ ၾကယ္ပြင့္ေနာက္လိုက္သူ သ႐ုပ္မွန္အား အတည္ျပဳျခင္းျဖစ္သည္။ ဤ အဆင့္ကိုသာ မွန္မွန္ကန္ကန္ကိုင္တြယ္နိုင္လၽွင္ ဒီေန႔အတြက္ ျပႆနာမ်ားကိုပါ ေျဖရွင္းေပးနိုင္မည္သာမက ဖန္မ်ားကိုပင္ ဆြဲေဆာင္နိုင္လိမ့္မည္။

မူလအစက ေဒါသႀကီးေနသည့္ ရွီးကြမ္းမ်ားမွာ လုံးဝဥႆုံစိတ္ရွုပ္ေထြးသြားၾကသည္။

ဘာ? ငါတို႔ တိုက္ခိုက္ေနမိတာ မိသားစုဝင္တဲ့လား?

မ်ားစြာေသာ ရွီးကြမ္းမ်ားက ထိုဗီဒီယိုအား 'မျဖစ္နိုင္ဘူး၊ လုပ္ႀကံတာျဖစ္ရမယ္' ဟူေသာ အေတြးျဖင့္ ၾကည့္ရွုၾကသည္။ ၾကည့္ရွုၿပီးသည့္ေနာက္...

ဝူး.... ဒါ ငါမဟုတ္ဘူးလား? ဒါ ငါ့အစ္ကိုနဲ႔ ေတြ႕ရင္ ငါ ျဖစ္သြားတဲ့ ပုံစံပဲ မဟုတ္ဘူးလား?

ေနဦး၊ ေဟာ့ရွန့္ CP? ဒီ CP နာမည္က အေတာ္ေလး နားေထာင္ေကာင္းတာပဲ၊ ျမင္းရွာတာပဲျဖစ္ျဖစ္ သေဘၤာရွာတာပဲျဖစ္ျဖစ္ ဒါက ပိုစိတ္ခ်ရတယ္။

ယင္းမွာ လူနည္းစုျဖစ္သည္။ ရွီးကြမ္းအမ်ားစုမွာ ယခင္က ရွန့္ေခ်ာင္ လုပ္ခဲ့သည့္အေပၚ ေဒါသထြက္ေနဆဲျဖစ္သည္။

နင္သာ တကယ့္ဖန္ဆိုရင္ အရင္က ငါ့အစ္ကိုကို နင့္မန္ေနဂ်ာ အရွုပ္ပုံထဲ ဆြဲထည့္တာကို ထိုင္ၾကည့္နိုင္မလား? သို႔ရာတြင္ ဖန္အခ်ိဳ႕က ျပန္ေခ်ပသည္။

"စာခ်ဳပ္မဖ်က္သိမ္းခင္က သူ႔မွာ ဘာေျပာဆိုပိုင္ခြင့္မွ မရွိဘူး၊ စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ပိုင္း အတင္းလိုက္ကပ္တာမ်ိဳး မရွိေတာ့ဘူးေလ"

ေဟာ့ရွီး၏ ဖန္ဒမ္းအတြင္း ျငင္းခုန္မွု မ်ားျပားလာသျဖင့္ ဖန္ဒမ္းမန္ဘာအေကာင့္တစ္ခုျဖစ္သည့္ 'ဟိုင္းထန္ေရွာင္ရွီး" မွ Weibo ေပၚ ပိုစ့္တင္လာသည္။

@ဟိုင္းထန္ေရွာင္ရွီး - ဒီအခ်ိန္မွာ ထုတ္ေျပာတာက သံသယဝင္စရာေတြ ျဖစ္နိုင္တယ္ဆိုေပမယ့္ ငါ တစ္ခုေတာ့ ေျပာျပခ်င္တယ္၊ ေလာင္ေဖာ္ဖန္တစ္ေယာက္အေနနဲ႔ နင္တို႔လိုမ်ိဳး ရွန့္ေခ်ာင္ကို ငါ မုန္းခဲ့ဖူးတယ္၊ ဒါေပမယ့္ အဲ့ဒီအခ်ိန္က ကုမၸဏီမွာ ငါ သူေဌးဆီက အနိုင္က်င့္ခံရတုန္းက အဲ့ဒီမွာ အသံသြင္းေနတဲ့ SQက ႐ုံးခန္းထဲ ေျပးဝင္လာၿပီး ငါ့ကို ကယ္ေပးခဲ့တယ္၊ အဲ့ဒီခ်ိန္က ငါ သူ႔ကို မုန္းေနတုန္း၊ ငါ့အတြက္ေတာ့ သူက သူစိမ္းပဲ၊ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ သူ႔လုပ္ရပ္က တကယ့္ကို အက်ိဳးမရွိဘူး၊ ဒါေပမယ့္ ငါ ဒုကၡေရာက္ေနခ်ိန္၊ ငါ့လုပ္ေဖာ္ကိုင္ဖက္ေတြေတာင္ ဝင္မပါပဲ ေဘးမွာ ရပ္ၾကည့္ေနခ်ိန္ သူတစ္ေယာက္တည္းကပဲ ငါ့ဘက္က ရပ္တည္ေပးခဲ့တယ္၊ သူက ႏူးညံ့ၿပီး ၾကင္နာတတ္တဲ့သူလို႔ ငါယုံတယ္၊ သူ ခံစားရခဲ့သမၽွ အနိုင္က်င့္ခံရတဲ့ အရာအားလုံးက သူ မတတ္နိုင္တဲ့ အရာေတြမို႔ တခ်ိဳ႕ အနိုင္က်င့္တာေတြကို ရပ္သင့္ၿပီ

ယြမ္သြမ္ station မွာ ၾကာျမင့္ၿပီးျဖစ္သည့္ ဖန္ဒမ္းျဖစ္သည္။ လက္ရွိႏွစ္မ်ားအတြင္း ထိုဖန္အေကာင့္မွာ ranking ႏွင့္ Support အတြက္ ေရွ႕တန္းမွ ပါဝင္ေလ့ရွိသည္။ ထိုဖန္အေကာင့္ႏွင့္ ပတ္သက္၍ စစ္မွန္မွုမွာ သံသယဝင္စရာမလိုေပ။

ဟိုင္ထန္ေရွာင္ရွီးသည္လည္း သက္တမ္းရင့္ဖန္တစ္ေယာက္ျဖစ္ကာ သူမ၏ လႊမ္းမိုးနိုင္စြမ္းမွာ မနည္းလွ။ ရွန့္ေခ်ာင္အတြက္ လုပ္ႀကံလီဆယ္ေျပာဆိုျခင္းမွာ ျဖစ္နိုင္ေခ်မရွိ။ ထို Weibo ပိုစ့္သည္လည္း ဖန္အသိုင္းအဝိုင္းအတြင္း ဂယက္ထသြားေစသည္။

ထိုအခ်ိန္တြင္ ေနာက္ထပ္ ရွီးကြမ္းတစ္ေယာက္က Weibo ေပၚ ပိုစ့္တင္လာသည္။

"ငါ ေျပာသင့္ မေျပာသင့္ မသိေပမယ့္ ငါ မေျပာပဲ မေနနိုင္ေတာ့လို႔၊ ၿပီးခဲ့တဲ့တစ္ေခါက္ ေလဆိပ္ႀကိဳတုန္းက ငါ အေႂကြေစ့အိတ္တစ္အိတ္ေကာက္ရခဲ့တယ္၊ ငါ အခ်ိန္အၾကာႀကီး ေနာက္ကေနလိုက္မွ ျပဳတ္က်သြားတဲ့သူေနာက္ မွီသြားတာ၊ ျပဳတ္က်တဲ့သူက ဦးထုပ္ေဆာင္းၿပီး mask တပ္ထားတယ္၊ သူ ဘယ္သူမွန္း ငါ မသိလို႔ ဒီတိုင္း ပိုက္ဆံအိတ္ျပန္ေပးလိုက္တာ၊ ရလဒ္အေနနဲ႔ကေတာ့ ပိုင္ရွင္က ငါ့အစ္ကိုရဲ့ လက္မွတ္ထိုးထားတဲ့ ဓါတ္ပုံကို ထုတ္လာၿပီး ငါ့ကို ေပးလာတာ၊ သူလည္း ရွီးကြမ္းပဲလို႔ ငါ့ကို ေျပာေသးတယ္၊ ေနာက္ပိုင္း ငါ 'Escape from Life' ၾကည့္ေတာ့ အဲ့ထဲက SQ ရဲ့ အေႂကြေစ့အိတ္ကလည္း ငါ ေကာက္ရတဲ့ အိတ္နဲ႔ တစ္ပုံစံတည္းပဲ၊ ဒါတိုက္ဆိုင္႐ုံသက္သက္လား? ေလဆိပ္မွာ ငါေတြ႕ခဲ့တဲ့သူက တကယ္ပဲ SQလား?"

တြဲတင္ထားသည့္မွာ လက္မွတ္ထိုးထားသည့္ ဓါတ္ပုံ။

ေနာက္ထပ္ Weibo ပိုစ့္တစ္ခု။

"ငါ မေျပာပဲ မေနနိုင္ေတာ့လို႔၊ SQ က ရွီးကြမ္းလို႔ ယူဆရင္ ၿပီးခဲ့တစ္ေခါက္ ေခ်ာင္းယင္းပြဲတုန္းက တကယ္ပဲ သူလား? ငါ မ်က္စိမွားတယ္ပဲ မွတ္ေနတာ"

တြဲတင္ထားသည့္ဓါတ္ပုံမွာ လူတစ္ေယာက္ ေလွကားမွ ဆင္းေနပုံကို ေဘးတိုက္ရိုက္ကူးထားျခင္းျဖစ္သည္။ ဓါတ္ပုံထဲရွိ သူမွာ ဖုန္းေျဖေနျခင္း ျဖစ္တာမို႔ ဦးထုပ္အနားစြန္းမွာ အေပၚသို႔ အနည္းငယ္ျမင့္တက္ေနၿပီး မ်က္ႏွာ အေပၚဘက္ျခမ္းကို ျမင္ေနရသည္။ တကယ့္ကို ရွန့္ေခ်ာင္ႏွင့္ တူေပသည္။ ထိုသူမွာ လက္ထဲတြင္ ေရႊေရာင္ဆိုင္းဘုတ္ကို ကိုင္ေဆာင္ထားေသးသည္။

သူမက ဘယ္လိုမ်ား ရွိုးပြဲကို ေပၚတင္လာၿပီး ငါတို႔ထဲ လာထိုင္အားေပးရဲရတာလဲ??

ရွန့္ေခ်ာင္ တမင္တကာ သတင္းလႊင့္ျခင္း ျဖစ္နိုင္ေခ်ကို ပယ္ခ်လၽွင္ အားလုံးေသာ အေထာက္အထားမ်ားမွာ သူမ ရွီးကြမ္းျဖစ္ေၾကာင္း ညႊန္ျပေနသည္။

ေန႔တိုင္း အဆဲခံေနရတဲ့ ဖန္အသိုင္းအဝိုင္းထဲ ေနေနတဲ့ ရွီးကြမ္း။

က်ယ္ေမ့၊ နင္ ေတာ္ေတာ္ သတၱိေကာင္းပါလား!

*****
Note:

GTKWF က paid group မရွိပါဘူး။ ဒါကို ခဏခဏ ေျပာဖူးတယ္ရယ္။ ခဏခဏ လာေမးတာ တို႔ကို ေကာ္ဖီတိုက္ခ်င္လို႔လား 😂

Wattpad က လြဲၿပီး တျခား ဘယ္မွာတင္လဲဆို bibliobay နဲ႔ Storyglory မွာတင္ပါတယ္။ ဒီမွာတင္တာထက္ေတာင္ ေနာက္က်တယ္။ အိုင္ကေလး တင္ရမွာ အပ်င္းတစ္လို႔။ ေကာ္ဖီတိုက္ခ်င္ရင္ အဲ့ကေန ဖတ္လို႔ရ၊ မဟုတ္လဲ ဒီမွာ ဖတ္လို႔ရ။

ဒီအပိုင္းက တိုတိုေလးမွတ္တာ၊ ဟုတ္မေနဘူး 🥲
*****

Continue Reading

You'll Also Like

10.9K 934 25
သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story 💗💗💗 ပထမတွဲ (Unicode version) three lives three world:the pillow book 1 Myanmar translation by three...
44.6K 939 33
What if Boruto and Naruto were in the 4th Great Ninja War together, but Naruto knew that Boruto was his son. Read this to see what happens
4.3M 281K 60
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
171K 3K 27
"I'm not a chuunibyou. I'm just a weeaboo who has fantasies of getting isekai'd. Like, if you got isekai'd with amazing powers, wouldn't you try to a...