GTKWF (Myanmar Translation )

By Liz_774

395K 50.6K 5.4K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1
Chapter 155.2
Chapter 156
Chapter 157
Chapter 158
Chapter 159

Chapter 78

2K 305 60
By Liz_774

{Unicode}

အပိုင်း ၇၈

အသက်တန်ဖိုး သတိပေးသံ၊ ဇွန်ဘီများ၏ ခြေသံနှင့် လူအများစု၏ ထိတ်လန့်သွားသည့် အသံများမှာ ရောနှောသွားသည်။ ရှုပ်ယှက်ခတ်လျက်ရှိကာ ရှန့်ချောင် အော်ဟစ်လိုက်သည်။

"နင်တို့ မီးတုတ်တွေ ဘယ်မှာလဲ? မြန်မြန်!! မီးတုတ်တွေ ယူခဲ့!!"

ရှန့်ချောင်မှာ စိုးရိမ်တကြီး ထိတ်လန့်နေကာ တုန်ယင်နေတဲ့ လေသံဖြင့် အော်လိုက်သည်။

"ဟော့ရှီး? ဟော့ရှီး၊ ရှင် ဘယ်မှာလဲ?"

တစ်စုံတစ်ယောက်က သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို သူ့ထံ ဆွဲယူလိုက်သည်။ ခပ်တိုးတိုးအသံဖြင့်

"ငါ ဒီမှာ၊ မကြောက်နဲ့"

ငါ မကြောက်ဘူး!! ငါက ဇွန်ဘီပဲကို!! ဘာလို့ ကြောက်ရမှာလဲ? နင့်အတွက် ငါ စိတ်ပူနေတာ!!

သူမက သူ့ခန္ဓာကိုယ်အတိုင်း လိုက်စမ်းကာ ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်ပြီး လက်ဖြန့်တန်းကာ သူ့အား သူမနောက်တွင် ကာထားလိုက်သည်။ ထို့နောက် ရေပွက်သံ နှစ်ချက် ကြားလိုက်ရပြီး ရှန်ကျွင့်ယီးနှင့် ကျီကျားယို့ထံမှ အာမေဋိတ်သံ တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။

"ဟေးး ငါ့မီးတုတ် ဘယ်မှာလဲ?"

"ငါ့လက်ချော်ပြီး မီးတုတ် ရေထဲ ပြုတ်ကျသွားပြီ!!"

ရှန့်ချောင် - " ??? "

သူမဘေးနားတွင် မှိန်ဖျော့ဖျော့ မီးအလင်းထွက်ပေါ်လာကာ ယင်းမှာ ဟော့ရှီး ယူဆောင်လာသည့် အသေးစားဓါတ်မီးထံမှ ဖြစ်သည်။ သူက နောက်သို့ တချက်လှမ်းကြည့်ကာ ရေပန်းဘောင်ဆီ မီးလှမ်းပြသည်။

"အရင်ဆုံး အပေါ်တက်ရပ်လိုက်"

ဤရေပန်း၏ ဘေးဘောင်မှာ တမီတာမျှ အမြင့်ရှိသည်။ ခပ်မြန်မြန်ပင် သူတို့အားလုံး ဘောင်ပေါ် တက်ရပ်လိုက်သည်။ လှုပ်ခတ်နေသည့် ရေမျက်နှာပြင်ပေါ်တွင် မီးတုတ်နှစ်ချောင်းမှာ ပေါလောမျောလျက်ရှိသည်။ ရှန့်ချောင် ရေပန်းဘောင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ မီးတုတ်များကို လှမ်းဆယ်လိုက်သည်။ မီးစာညှိနိုင်သည့် နေရာမှာ ရေစိုသွားနှင့်ပြီးဖြစ်ကာ မီးညှိ၍ မရနိုင်တော့ချေ။

ရှန့်ချောင် - "နင်တို့နှစ်ယောက်ကတော့!! ရေထဲကို မီးတုတ်နှစ်ခုလုံး တပြိုင်ထဲ ကျသွားရတယ်လို့!! နင်တို့ကိုယ်တိုင် ဘာလို့ ခုန်မဆင်းလိုက်တာလဲ?"

တစ်ခုတည်းသော မီးအလင်းရောင်မှာ ဟော့ရှီးလက်ထဲရှိ အားမကောင်းလှသည့် ဓါတ်မီးရောင်သာ ဖြစ်သည်။

မီးရောင်မှာ တစ်မီတာ၊ နှစ်မီတာအထိသာ အလင်းပေးနိုင်သည်။ ထို့နောက် နှစ်မီတာ၊ သုံးမီတာ အကွာအဝေး၌ တစ်စုံတစ်ခုက မြေပြင်ပေါ် တွားသွားလျက်ရှိသည်ကို မြင်တွေ့လိုက်ရသည်။ ဂြိုဟ်သားများလား?

ထိုသူတို့မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ဦးခေါင်းထိပ်မှစ၍ ပိုးတုံးလုံးများပမာ ပတ်ကာထားပြီး နှာခေါင်းနှင့် မျက်လုံးနေရာအတွက်သာ အနက်ရောင် အပေါက်များ ဖောက်ထားသည်။ အရိုးများ ကျိုးကြေနေဟန် တစ်ကိုယ်လုံး တွန့်လိမ်လျက်ရှိပြီး အသားစိုင်များသာ သူတို့ ရှေ့မှောက်သို့ တစ်လက်မချင်းစီ တိုးလာပုံရ၏။

ရှန့်ချောင်၏ ဦးရေပြားများ ထုံကျင်လာရသည်။

အသက်တန်ဖိုးကို ဖော်ပြထားသည့် အီလက်ထရောနစ်ပစ္စည်းများမှ သတိပေးသံများ ထွက်ပေါ်လာသည်သာမက ယခုအခါ မီးနီများပင် လင်းနေသည်ဖြစ်ရာ ရှိနေသည့်သူများအား ပို၍ စိတ်လောကြီး ကြောက်ရွံ့လာစေသည်။

လက်ရှိ သူတို့၏ အခြေအနေမှာ အသတ်ခံရန် စောင့်ဆိုင်းနေသည့် သိုးငယ်များပမာ၊ လုပ်နိုင်သည့်အရာဟူ၍ မရှိပေ။

ဟော့ရှီး မျက်မှောင်ကြုတ်လိုက်ပြီး တွေးတွေးဆဆဆိုသည်။

"အသက်ပွိုင့် ၁၀၀ ဆိုရင် ဒီကနေ အပြင်ကို ပြေးထွက်ဖို့ လောက်နိုင်တယ်မလား?"

အသက်ပွိုင့်အနည်းငယ်ဆုံးရှူံးကာ ဤနေရာမှ ထွက်ခွါခြင်းက တခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။ ဤ ဂြိုဟ်သားများမှာ မြေပြင်ပေါ်တွင်သာ တွားသွားနိုင်ပုံရပြီး ဤနေရာမှ လွန်မြောက်သွားလျှင် သူတို့နောက် လိုက်နိုင်တော့မည် မဟုတ်။

ရှန်ကျွင့်ယီးက ချက်ချင်းပင် သဘောတူလာသည်။

"အိုကေ! ဒါဆို လူခွဲပြေးမလား?"

ရှန့်ချောင်က ရုတ်တရက် တားမြစ်စကား ဆိုသည်။

"ခဏစောင့်!"

သူမထံ ကျန်သူများအားလုံး လှည့်ကြည့်လာသည်။

"ဘာလို့ အသက်ပွိုင့်ကို ဖြုန်းတီးရမှာလဲ? ငါတို့ ဒီပေါ်မှာ ရပ်နေသရွေ့ သူတို့ တွယ်တက်မလာနိုင်ဘူးလေ"

ကျီကျားယို့ - "ဒီမှာပဲ မတ်တပ်ရပ်နေရမှာလား?"

ရှန့်ချောင် - "ငါတို့ စောင့်ဖို့ တတ်နိုင်ပေမဲ့ ထုတ်လုပ်ရေးအဖွဲ့က မတတ်နိုင်ဘူး၊ သူတို့က ပရိုဂရမ်အတွက် တည်းဖြတ်ဖို့ ရိုက်ကွက်တွေ လိုတယ်လေ၊ သူတို့သာ ငါတို့ကို ဒီမှာ တချိန်လုံး ပိတ်ထားရင် သူတို့ ဘာသွားပြမှာလဲ? ငါတို့ ရေပန်းဘောင်ပေါ် ရပ်ပြီး ဂြိုဟ်သားတွေကို သဘောတကျကြည့်နေတဲ့ ပုံကို ပြမှာလား?"

ဒါရိုက်တာ - " ??? "

ဤဂြိုဟ်သားအစုအဖွဲ့မှာ အရိုးမဲ့ဖြစ်ပြီး မြေပြင်ပေါ်တွင်သာ တွားသွားနိုင်သည်။ ဒါရိုက်တာအဖွဲ့သာ ကစားပွဲစည်းမျဉ်းအတိုင်း အမှန်တကယ်လိုက်နာလျှင် ထိုဂြိုဟ်သားများက ရေပန်းဘောင်ပေါ် တွယ်တက်ဖို့ တကယ့်ကို မဖြစ်နိုင်ပေ။

အဓိကနာမည်ကျော်နှစ်ယောက်က ရှိုးအစီအစဉ်တွင် ရောက်ရှိနေပြီး ဤအတိုင်းသာ ဆက်သွားပါက နောက်ပိုင်းအချိန်များတွင် ပြသစရာဟူ၍ ရှိမည်မဟုတ်တော့၊ ပရိုဂရမ်က ဆက်လွှင့်ရဦးမယ် မဟုတ်လား?

ဟာပေါက် ယိုပေါက်များ ရှာဖွေရာတွင် ဘာလို့ သူမ ဒီလောက်များ တော်နေရတာလဲ?

ဤနေရာ၌ သူတို့အသက်ပွိုင့်များကို အနည်းငယ် ဆုံးရှုံးစေရန် ပရိုဂရမ်အဖွဲ့က အမှန်တကယ်ပင် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ယခုမူ သူမ နှောင့်ယှက်လိုက်မှုကြောင့် သူတို့အသက်ပွိုင့်များ လျှော့နည်းသွားတော့မည် မဟုတ်ပဲ နောက်ဇာတ်လမ်းဇာတ်ကွက်ကို မည်ကဲ့သို့ စတင်ရမလဲ?

သန္ဓေပြောင်းဇွန်ဘီတစ်ကောင်အနေနဲ့ နင့်မှာ စပိုင်တစ်ယောက်ရဲ့ စိတ်ထားမျိုး နည်းနည်းထားပေးလို့ မရဘူးလား?! မင်းအပေါင်းအဖော်များ၏ အသက်ပွိုင့်လျော့လေ ပိုကောင်းလေ မဟုတ်ဘူးလား!!

သူမက ဘာလို့များ ဆန့်ကျင်ဘက်တွေပဲ လုပ်နေရသလဲ?

အဖွဲ့သားများက မေးမြန်းလာသည်။

"ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ?"

ဒါရိုက်တာချုပ် - "သန္ဓေပြောင်းနှုန်းကို မြှင့်တင်လိုက်"

ထို့နောက် နားကြပ်ထဲမှ System ကြေညာချက်ကို ရှန့်ချောင် ကြားလိုက်ရသည်။

"ပြိုင်ပွဲဝင်၏ သန္ဓေပြောင်းနှုန်းမှာ ၃၀% ရောက်ရှိပြီး လျို့ဝှက်တာဝန် ထမ်းဆောင်နိုင်ပါပြီ။ လူသားတွေကို သတ်ဖြတ်ပြီး မျိုးရိုးဗီဇ ပြောင်းလဲမှုကို တားဆီးပါ"

ရှန့်ချောင် - "ငါ မသိဘူး၊ ငါ မကြားရဘူး၊ ဖတ်လည်း မဖတ်တတ်ဘူး!"

ရေပန်းဘောင်ပေါ်တွင် ရပ်နေရခြင်းမှာ ပင်ပန်းစေသော ကိစ္စရပ်ဖြစ်သည်။

အချိန်အတော်ကြာ မတ်တပ်ရပ်နေရခြင်းကြောင့် ရှန်ကျွင့်ယီးက ခြေထောက် ညောင်းလာပုံရကာ ဆောင့်ကြောင့်ထိုင်၍ ပုံစံပြောင်းလိုက်သော်လည်း ဟန်ချက်ပျက်ကာ ရုတ်တရက် ရှေ့သို့ ငိုက်ဆင်းသွားသည်။

ရေပန်းဘောင်မှာ မူလကတည်းကပင် ကျဉ်းမြောင်းနေနှင့်ပြီးဖြစ်ကာ ထိုပေါ်တွင် ရပ်နေသည့် လူအချို့မှာ အလွန်အမင်း နေရာကြပ်လျက်ရှိသည်။ ကျီကျားယို့မှာ ရှန်ကျွင့်ယီးထံမှ တွန်းတိုက်ခြင်း ခံလိုက်ရပြီး ဘောင်ပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားသည်။

ရှန့်ချောင်က မသိစိတ်အရ ကျီကျားယို့ကို ဖမ်းဆွဲလိုက်သည်။ ကျီကျားယို့က သူမအကျီစကို ဆုပ်ဆွဲကာ အောက်သို့ ဆွဲချသည်။ သဘာဝကျစွာပင် ဟော့ရှီးက ရှန့်ချောင်အား ဖမ်းဆွဲထားလိုခဲ့ပြီး ရလဒ်မှာ လေးယောက်စလုံး ရေပန်းဘောင်ပေါ်မှာ ပြုတ်ကျသွားခြင်းပင်။

ရှန့်ချောင်မှာ 'ရှန်ကျွင့်ယီး' ဟုသာ အော်ဟစ်နိုင်လိုက်ပြီး တစ်စုံတစ်ယောက်က သူမလက်ကောက်ဝတ်ကို ဆွဲကာ ရှေ့သို့ ပြေးထွက်သည်။

မီးအလင်းတန်းများက တစ်ခုပြီး တစ်ခု ပြန်လည်လင်းလက်လာကာ ရှေ့လမ်းမတစ်ခုလုံးကို ထွန်းလင်းသွားစေသည်။

အသက်ပွိုင့်မှာ အဆက်မပြတ်ကျဆင်းလာပြီး ဂြိုဟ်သားများ ဝန်းရံမှုမှ သူတို့ လုံးဝ လွတ်မြောက်လာချိန်တွင် ရှန့်ချောင်၏ အသက်တန်ဖိုးမှာ ၆၉ သို့ ကျဆင်းသွားရပြီး ဟော့ရှီး၏ အသက်ပွိုင့်မှာ ၅၄ ပွိုင့်သာ ကျန်သည်။

သူက ရှေ့ဘက်ဆီမှ လမ်းရှင်းပေးခဲ့ခြင်းဖြစ်တာမို့ ဂြိုဟ်သားများ၏ တိုက်ခိုက်မှုမှာ သူ့အပေါ် အများဆုံး ကျရောက်သည်။

ထွက်ပြေးလာချိန်၌ ရှိနေသူများအားလုံး ခြေဦးတည့်ရာ ပြေးထွက်လာမှုကြောင့် လူစုကွဲသွားလေသည်။ ဒေါသဖြေနိုင်ဖို့ ရှန်ကျွင့်ယီးအား ရှာဖွေခြင်းမှာ မဖြစ်နိုင်လောက်ဟု ရှန့်ချောင် တွေးလိုက်သည်။

သွေးအေးရက်စက်သည့် System ၏ ကြေညာချက်က နားကြပ်ထဲတွင် ထပ်မံထွက်ပေါ်လာပြန်သည်။

"ယှဉ်ပြိုင်သူ၏ အသက်တန်ဖိုး လျော့နည်းသွားကာ ခုခံနိုင်စွမ်း လျော့ကျသွားသဖြင့် မျိုးရိုးဗီဇပြောင်းလဲနှုန်းမှာ ၅၀% သို့ ရောက်ရှိနေပြီ၊ မျိုးရိုးဗီဇပြောင်းလဲခြင်းကို ၁၀၀% မပြည့်မှီ မရပ်တန့်နိုင်လျှင် ပြိုင်ပွဲဝင်မှာ ဇွန်ဘီအဖြစ် ထာဝရ ပြောင်းလဲသွားပေမည်"

ရှန့်ချောင် - "ငါမသိဘူး! ငါ ကြားလည်း မကြားရသလို ဖတ်လည်း မဖတ်တတ်ဘူး!!"

ဟော့ရှီးက ရုတ်တရက်ဆိုလာသည်။

"ရှန်ကျွင့်ယီးမှာ ပြဿနာရှိနေတယ်"

ရှန့်ချောင် - "ဟမ်?"

"ကြည့်ရတာ သူက ငါတို့ကို တမင်တွန်းချပုံပဲ"

ရှန့်ချောင် တွေးတောလိုက်သည်။ မဖြစ်နိုင်ဘူး! ငါကမှ စပိုင်ပဲ! သူ တမင်တကာ တွန်းချရင် ဘာအကျိုးရမှာမို့လို့လဲ?

သူမ အသေအချာ မတွေးတောနိုင်ခင်မှာပင် ပရိုဂရမ်အဖွဲ့က ထပ်မံလှုပ်ရှားလာပြန်သည်။ မြင့်မားသည့် အဆောက်အအုံမှာ သူတို့ ရောက်နေသည့်နေရာမှ မဝေးလှ။

ဟော့ရှီး - "အရင်ဆုံး အဲ့ကို သွားရအောင်"

ရှန့်ချောင် ခေါင်းညိတ်ကာ သူ့ခြေလှမ်းအတိုင်း ထပ်ချပ်မကွာလိုက်သည်။

လမ်းထောင့်ကို ချိုးကွေ့လိုက်သည်နှင့် လမ်းမတဖက်ခြမ်းမှ လူတစ်ယောက် ပြေးလာသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ ကျန်းမင်။ သူတို့နှင့် ဆုံတွေ့ရသည့်အတွက် သူက အလွန်အမင်းဝမ်းသာနေပုံရကာ လက်ဝှေ့ရမ်းရင်း အော်ဟစ်လာသည်။

"နောက်ဆုံးတော့ အဖော်တွေ့ပြီ!!"

သူတစ်ယောက်တည်းဖြစ်နေသည်ကို ရှန့်ချောင်မြင်လျှင် မေးမြန်းလိုက်သည်။

"ဖန်းကျီရော ဘယ်မှာလဲ?"

ကျန်းမင်းကား အလွန်တရာ ဝမ်းနည်းသွားပုံရ၏။

"ငါတို့ ဝင်လာတုန်းက ဇွန်ဘီတွေ ဝိုင်းလိုက်တာ ခံရတယ်၊ သူ့အသက်ပွိုင့် သုညထိ ရောက်သွားပြီး ခေါ်သွားခံရတယ်"

ရှန့်ချောင် သူ့အသက်တန်ဖိုးကို လှမ်းကြည့်လျှင် ၇၇ မှတ်ဟု ဖော်ပြနေသည်။

ကျန်းမင် - "ငါတို့ အဖွဲ့ဖွဲ့ကြမလား? ငါ့တာဝန်က ကမ္ဘာကို ကယ်တင်ဖို့၊ မင်းတို့ရော?"

တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ရှန့်ချောင် ခံစားရကာ

"သူက ချက်ချင်းသေသွားပေမဲ့ ရှင့်မှာတော့ ဒီလောက်ပွိုင့်တွေ ကျန်နေသေးတယ်? ဘယ်လိုလုပ်ခဲ့တာလဲ? သူ့ကို သုံးပြီး ဇွန်ဘီတွေရန်က ကာကွယ်ခဲ့တာလား?"

ကျန်းမင်ကား ဝမ်းနည်းသွားပုံရ၏။

"ရှောင်ချောင်၊ မင်းတကယ်ပဲ ငါ့ကို အဲ့လိုတွေးတာလား? ငါက အဲ့လိုလူမျိုးလား?"

ရှန့်ချောင် - "နင် ပြီးခဲ့တဲ့အပိုင်းတုန်းက ငါ့ကို အနောက်ကနေ တိုက်တယ်လေ၊ ကျည်ကာသာ မဝတ်ထားရင် ငါသေနေပြီ"

ကျန်းမင် - " ??? "

ပြီးခဲ့တဲ့ အပိုင်းက ဖြစ်ပျက်ခဲ့တာကို အခုချိန်ထိ မှတ်မိနေတုန်းလား? မိန်းမတွေ ဒီလောက်ပဲ အငြိုးကြီးသလား?

သူက ဟော့ရှီးထံ ကြည့်ကာ

"ဟော့ရှီး အဖွဲ့ဖွဲ့ရအောင်လေ၊ မင်းနဲ့ ရှောင်ချောင်မှာ အသက်ပွိုင့်က ဘယ်လောက်မှ မကျန်တော့ဘူးလေ၊ ငါပါ ပါရင် နိုင်ဖို့ အခွင့်အရေးပိုများတာပေါ့၊ ငါ တကယ်ပဲ စပိုင်မဟုတ်ပါဘူး"

ဟော့ရှီးက ပြုံးရင်းဆိုသည်။

"ဒီကို ပထမဆုံးအကြိမ် လာတာဆိုတော့ ဘယ်လိုဆော့ရမလဲ မသိဘူး၊ ခင်များ သူ့ကို မေးတာပိုကောင်းတယ်"

လူသုံးယောက်မှာ စကားပြောဆိုလျက်ရှိပြီး လမ်းမထက်ရှိ ကော်ရစ်ဒါပေါ်မှ ဇွန်ဘီများ ထွက်ပေါ်လာသည်။ တွေးတောရန် အချိန်မရှိတော့ပဲ ရှန့်ချောင်က အလျှင်အမြန်ပင် အော်ပြောလာသည်။

"ပြေး!!! တိုက်အမြင့်ဆီ တိုက်ရိုက်ပြေး!!"

အဆောက်အအုံမှာ လမ်းအဆုံးတွင် တည်ရှိသည်။ လူသုံးယောက်မှာ တရှိန်ထိုး ပြေးလွှားလျက်ရှိကာ ဇွန်ဘီများသည်လည်း တဖြည်းဖြည်း စုဝေးရင်း နောက်မှ လိုက်လာသည်။ ထို့နောက် သူမတို့နောက်မှ ဒေါသထွက်နေသည့်အသံကို ကြားလိုက်ရသည်။

"ကျန်းမင်၊ နင် အဲ့မှာ ရပ်နေစမ်း!!! ငါ နင့်ကို သတ်မယ်!!"

ထိုအော်သံမှာ ဖန်းကျီထံမှ ဖြစ်သည်။

ပြေးလွှားနေရင်း ရှန့်ချောင် နောက်သို့ လှမ်းကြည့်လိုက်သည်။ ဖန်းကျီက ဇွန်ဘီဝတ်စုံကို လဲလှယ်ထားခဲ့ပြီးဖြစ်ကာ သူမဆံပင်မှာ ရှုပ်ပွလျက်ရှိပြီး မျက်နှာပေါ်တွင် Special effect ဖြင့် မိတ်ကပ်ပြင်ဆင်ထားသည်။ သူမ အသက်ပွိုင့်မှာ သုညထိ ကျဆင်းသွားပြီးနောက် ဇွန်ဘီအဖြစ် ပြောင်းလဲသွားသည်မှာ အထင်အရှား။

System မှ ဖန်းကျီအား သတိပေးစကားဆိုလာသည်။

"ဇွန်ဘီတွေက စကားပြောလို့ မရဘူး!!"

ဖန်းကျီ - " !!!! "

ဖန်းကျီ၏ ဝတ်စုံကို ကျန်းမင်တွေ့သည်နှင့် လမ်းတလျှောက် အူလှိုက်သဲလှိုက်ရယ်မောလာသော်လည်း ပြေးနေသည့်အရှိန်ကား လျော့ကျမသွား။ ဟော့ရှီးမှာ ရှန့်ချောင်အား စောင့်လိုသည်မို့ နှစ်ယောက်သားမှာ ကျန်းမင်၏ ကျော်တက်ခြင်း ခံလိုက်ရသည်။

တိုက်မြင့်၏ ဝင်ပေါက်သို့ သူတို့ ရောက်ရှိချိန်တွင် ကျန်းမင်မှာ ဝင်ရောက်သွားနှင့်ပြီးဖြစ်သည်။

ရှန့်ချောင် ခပ်မြန်မြန် တံခါးတွန်းဖွင့်လိုက်သော်လည်း သော့ခတ်ထားသည်ကိုသာ သိလိုက်ရသည်။

ကျန်းမင်က တောင်းပန်သည့် အကြည့်ဖြင့် လှမ်းကြည့်ရင်း အတွင်းထဲမှ ပြုံး၍ လှမ်းကြည့်သည်။

ရှန့်ချောင် တံခါးကို ရိုက်ပုတ်ကာ လှမ်းအော်သည်။

"နင်ဘာလုပ်တာလဲ? တံခါးမြန်မြန်ဖွင့်!!"

ကျန်းမင်က သူမအား ပခုံးတွန့်ပြကာ အတွင်းသို့ လျှောက်ဝင်သွားသည်။

သူတို့နောက်ဘက်ရှိ ဇွန်ဘီများမှာ နီးသထက် နီးလာလျက်ရှိသည်။ ရှန့်ချောင်ခမျာ ငိုချလုနီးပါးဖြင့် ဝင်ပေါက်တံခါးကို အရူးအမူး ထုရိုက်လာသည်။ ဟော့ရှီးက ဘေးပတ်ဝန်းကျင်ကို တည်တည်ငြိမ်ငြိမ်ဖြင့် လှည့်ပတ်ကြည့်ရှုပြီးနောက် သူမအား ဘယ်ဘက်ရှိ လမ်းသွယ်သို့ ခေါ်ဆောင်သွားသည်။

လမ်းသွယ်အဆုံးတွင် သော့ခတ်ထားသည့် သံပန်းဂိတ်တံခါးရှိသည်။

နှစ်ဦးသား သံတံခါးဆီ ပြေးသွားကာ ဟော့ရှီးက အောက်သို့ ငုံ့ကြည့်ရင်း မေးသည်။

"မင်း တွယ်တက်နိုင်လား?"

ရှန့်ချောင် ခေါင်းခါလိုက်ပြီးနောက် ခေါင်းညိတ်လာသည်မှာ ငိုချတော့မလို။

"ဟော့ရှီး ရှင်မြန်မြန်တွယ်တက်၊ ကျွန်မကို ထားခဲ့!!"

သူမနောက်လှည့်ကာ သေခြင်းအား ရင်ဆိုင်တော့မည့်ဟန်ပန်ဖြင့် လက်ဖြန့်ကားလာသည်။

"ကျွန်မ သူတို့ကို တားထားမယ်၊ ရှင်သွားတော့!"

ဟော့ရှီး ခေါင်းငုံ့ကာ သော့ခလောက်ကို လှမ်းကြည့်သည်။ သူ တခဏမျှ အံ့အားသင့်သွားပုံရပြီး လက်လှမ်းကာ သော့ကို ဆွဲဖြုတ်လိုက်သည်။

အိုမင်းဟောင်းနွမ်းနေသည့် သော့ခလောက်က သူ ဆွဲဖြုတ်လိုက်သည်နှင့် မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ဤသည်မှာ ဒါရိုက်တာအဖွဲ့မှ အထူးပြင်ဆင်ထားသည့် ထွက်လမ်းဖြစ်သည်။ သူမတို့နှစ်ယောက်မှာ အလွန်အမင်း ကံကောင်းသွားရပြီး ထွက်ပေါက် တံခါး၏ ဘယ်ဘက်လမ်းကို ရွေးမိခြင်းဖြစ်သည်။

အကယ်၍ ညာဘက်လမ်းကိုသာ ရွေးခဲ့လျှင် လမ်းဆုံးလေပြီ။

ဟော့ရှီး သံပန်းတံခါးကို တွန်းဖွင့်လိုက်ကာ သူ့အား ဇွန်ဘီများရန်မှ ကာကွယ်ရန် ပြင်ဆင်ထားသည့်အနေဖြင့် လက်ဆန့်တန်းထားသည့် ရှန့်ချောင်ကိုပါ ဆွဲခေါ်လိုက်သည်။

အချစ်အတွက် အသက်စွန့်မည့် ရှန့်ချောင် - "......'"

သံပန်းတံခါးဘေးတွင် စက်ဘီးသော့ခလောက်တစ်ခု လဲလျောင်းလျက်ရှိသည်။

ကင်မရာသမားများ ရောက်လာပြီးနောက် သံပန်းတံခါးကို စက်ဘီးသော့ဖြင့်ခတ်လိုက်သည်။

တဖက်ခြမ်းမှ ပြေးလာသည့် ဇွန်ဘီများမှာ တံခါးကို အဆက်မပြတ် ခါရမ်းလျက်ရှိသည်။ ဖန်းကျီက ရှေ့ဆုံးတွင် မတ်တပ်ရပ်လျက်ရှိကာ စည်းကမ်းချက်ကြောင့် စကားမပြောနိုင်ပဲ သူမမျက်နှာပေါ်  အမူအရာမျိုးစုံလုပ်ပြကာ ရှန့်ချောင်ထံ မျက်စိတစ်ဖက်မှိတ်ပြသည်။ သူမ၏ Special effect မိတ်ကပ်ကြောင့် ရှန့်ချောင်မှာ ရယ်သေလုနီးပါး။

"နင့်ကို ကျန်းမင် သတ်တာလား?"

ဖန်းကျီက ဒေါသထွက်နေသည့် မျက်နှာဖြင့် ခေါင်းဆက်တိုက်ညိတ်လာသည်။

အခြေအနေမှာ သူတို့ တွေးတောထားသကဲ့သို့ ရိုးရှင်းမှုမရှိဟု ရှန့်ချောင် ခံစားရသည်။

သူမ တစ်စုံတစ်ခုကို အမှတ်ရသွားကာ ရေပန်းမှ ကောက်ယူလာသည့် ဆုတောင်းအကြွေစေ့ကို ထုတ်ယူလိုက်သည်။

လက်ရှိတွင် အလင်းအားကောင်းမွန်မှုကြောင့် အကြွေစေ့ပေါ်တွင် ထွင်းထားသည်များကို သဲသဲကွဲကွဲမြင်နိုင်သည်။ တစ်ဖက်တွင် လူတစ်စုက မြေပြင်ပေါ် ထူးဆန်းသည့် ပုံပန်းသဏ္ဍာန်များဖြင့် ပုံဖော်ပြထားသည်မှာ သူတို့ ယခုလေးတင် တွေ့ကြုံခဲ့သည့် ဇွန်ဘီများအတိုင်းပင်။

သူမ ရေတွက်ကြည့်လိုက်ချိန်တွင် စုစုပေါင်း လူခုနစ်ယောက်မှာ မြေပြင်ပေါ် ဒူးထောက်လျက်ရှိသည်။

ရှေ့ဘက်သို့ လှန်ကြည့်ချိန်၌ လူတစ်ယောက်ပုံကိုသာ ထွင်းထားပြီး ထိုသူမှာ ထွက်ပြေးနေဟန်ဖြင့် အလယ်တွင် တကိုယ်တည်း မတ်တပ်ရပ်လျက်ရှိသည်။

မျက်တောင်တဖျပ်ခတ်စာအချိန်အတွင်း အတွေးတစ်ခုက ရှန့်ချောင် စိတ်ထဲ ပေါ်ပေါက်လာသည်။

ပရိုဂရမ်အဖွဲ့ဆိုခဲ့သည်မှာ ရှစ်ယောက်ထဲမှ တစ်ယောက်သောသူသာ ကျန်ခုနှစ်ယောက်နှင့် ကွဲပြားသည်ဟူ၍။ ထိုသူမှာ ဇွန်ဘီဖြစ်ရမည်ဟု လူတိုင်းက ယူဆခဲ့ကြသည်။

ထို့ကြောင့် ဗီဇပြောင်းလဲမှု ကြေညာချက်ကို သူမ လက်ခံရရှိချိန်တွင် သူမက ဇွန်ဘီဖြစ်သည်ဟု အလိုအလျောက် တွေးတောမိခဲ့သည်။

သို့သော် မျိုးရိုးဗီဇပြောင်းလဲသူ အရေအတွက်မှာ ခုနစ်ယောက်ဆိုလျှင်ရော?

ရေပန်းဘောင်ပေါ်၌ ရှန်ကျွင့်ယီးနှင့် ကျီကျားယို့က မီးတုတ်များကို ရေထဲသို့ တမင်တကာ ပစ်ချခဲ့ပြီး  ရှန်ကျွင့်ယီးက တမင်တကာ ခြေထောက်ညောင်းဟန်ဆောင်ခဲ့သည်။ ကျီကျားယို့က တွေဝေခြင်းအလျဉ်းမရှိပဲ သူမအား ဆွဲချခဲ့သည်။ ကျန်းမင်က တံခါး သော့ပိတ်ထားကာ သူတို့အား သေစေလိုသည်မှာ သိသာနေသည်။

သူတို့အားလုံးက သူတို့သည်သာ တစ်ဦးတည်းသော စပိုင်ဖြစ်သည်ဟု တွေးထင်ခဲ့ကာ လူသားများအား သတ်ဖြတ်ခြင်းက သန္ဓေပြောင်းလဲမှုကို တားဆီးနိုင်မည်ဟု ထင်မှတ်ခဲ့သည်။

သို့ရာတွင် လူသားကား တစ်ဦးတည်းသာ ဖြစ်၏။

ထိုသူကား မည်သူနည်း။

*****
Liz - ငါ ဘာသာပြန်နေတာ Romance မှ ဟုတ်ရဲ့လား? ဇွန်ဘီတွေရော သရဲတွေရော အစုံပဲ 😭😭 နောက် ဖတ်တဲ့သူတွေက အပိုင်းတိုင်းကို ဝက်ဝက်ကွဲရယ်နေကြတာ။ တကယ့် ဘုရားစူး Romance ။

ဒီနေ့စောတယ်မလား? ဆုရမှာလား 🤭🤭

****











{Zawgyi}

အပိုင္း ၇၈

အသက္တန္ဖိုး သတိေပးသံ၊ ဇြန္ဘီမ်ား၏ ေျခသံႏွင့္ လူအမ်ားစု၏ ထိတ္လန့္သြားသည့္ အသံမ်ားမွာ ေရာေႏွာသြားသည္။ ရွုပ္ယွက္ခတ္လ်က္ရွိကာ ရွန့္ေခ်ာင္ ေအာ္ဟစ္လိုက္သည္။

"နင္တို႔ မီးတုတ္ေတြ ဘယ္မွာလဲ? ျမန္ျမန္!! မီးတုတ္ေတြ ယူခဲ့!!"

ရွန့္ေခ်ာင္မွာ စိုးရိမ္တႀကီး ထိတ္လန့္ေနကာ တုန္ယင္ေနတဲ့ ေလသံျဖင့္ ေအာ္လိုက္သည္။

"ေဟာ့ရွီး? ေဟာ့ရွီး၊ ရွင္ ဘယ္မွာလဲ?"

တစ္စုံတစ္ေယာက္က သူမ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး သူမကို သူ႔ထံ ဆြဲယူလိုက္သည္။ ခပ္တိုးတိုးအသံျဖင့္

"ငါ ဒီမွာ၊ မေၾကာက္နဲ႔"

ငါ မေၾကာက္ဘူး!! ငါက ဇြန္ဘီပဲကို!! ဘာလို႔ ေၾကာက္ရမွာလဲ? နင့္အတြက္ ငါ စိတ္ပူေနတာ!!

သူမက သူ႔ခႏၶာကိုယ္အတိုင္း လိုက္စမ္းကာ ေရွ႕သို႔ ေျခႏွစ္လွမ္းတိုးလိုက္ၿပီး လက္ျဖန့္တန္းကာ သူ႔အား သူမေနာက္တြင္ ကာထားလိုက္သည္။ ထို႔ေနာက္ ေရပြက္သံ ႏွစ္ခ်က္ ၾကားလိုက္ရၿပီး ရွန္ကၽြင့္ယီးႏွင့္ က်ီက်ားယို႔ထံမွ အာေမဋိတ္သံ တစ္ခ်ိန္တည္းတြင္ ထြက္ေပၚလာသည္။

"ေဟးး ငါ့မီးတုတ္ ဘယ္မွာလဲ?"

"ငါ့လက္ေခ်ာ္ၿပီး မီးတုတ္ ေရထဲ ျပဳတ္က်သြားၿပီ!!"

ရွန့္ေခ်ာင္ - " ??? "

သူမေဘးနားတြင္ မွိန္ေဖ်ာ့ေဖ်ာ့ မီးအလင္းထြက္ေပၚလာကာ ယင္းမွာ ေဟာ့ရွီး ယူေဆာင္လာသည့္ အေသးစားဓါတ္မီးထံမွ ျဖစ္သည္။ သူက ေနာက္သို႔ တခ်က္လွမ္းၾကည့္ကာ ေရပန္းေဘာင္ဆီ မီးလွမ္းျပသည္။

"အရင္ဆုံး အေပၚတက္ရပ္လိုက္"

ဤေရပန္း၏ ေဘးေဘာင္မွာ တမီတာမၽွ အျမင့္ရွိသည္။ ခပ္ျမန္ျမန္ပင္ သူတို႔အားလုံး ေဘာင္ေပၚ တက္ရပ္လိုက္သည္။ လွုပ္ခတ္ေနသည့္ ေရမ်က္ႏွာျပင္ေပၚတြင္ မီးတုတ္ႏွစ္ေခ်ာင္းမွာ ေပါေလာေမ်ာလ်က္ရွိသည္။ ရွန့္ေခ်ာင္ ေရပန္းေဘာင္ေပၚ ေဆာင့္ေၾကာင့္ထိုင္ကာ မီးတုတ္မ်ားကို လွမ္းဆယ္လိုက္သည္။ မီးစာညႇိနိုင္သည့္ ေနရာမွာ ေရစိုသြားႏွင့္ၿပီးျဖစ္ကာ မီးညႇိ၍ မရနိုင္ေတာ့ေခ်။

ရွန့္ေခ်ာင္ - "နင္တို႔ႏွစ္ေယာက္ကေတာ့!! ေရထဲကို မီးတုတ္ႏွစ္ခုလုံး တၿပိဳင္ထဲ က်သြားရတယ္လို႔!! နင္တို႔ကိုယ္တိုင္ ဘာလို႔ ခုန္မဆင္းလိုက္တာလဲ?"

တစ္ခုတည္းေသာ မီးအလင္းေရာင္မွာ ေဟာ့ရွီးလက္ထဲရွိ အားမေကာင္းလွသည့္ ဓါတ္မီးေရာင္သာ ျဖစ္သည္။

မီးေရာင္မွာ တစ္မီတာ၊ ႏွစ္မီတာအထိသာ အလင္းေပးနိုင္သည္။ ထို႔ေနာက္ ႏွစ္မီတာ၊ သုံးမီတာ အကြာအေဝး၌ တစ္စုံတစ္ခုက ေျမျပင္ေပၚ တြားသြားလ်က္ရွိသည္ကို ျမင္ေတြ႕လိုက္ရသည္။ ၿဂိဳဟ္သားမ်ားလား?

ထိုသူတို႔မွာ ခႏၶာကိုယ္တစ္ခုလုံးကို ဖုံးအုပ္ထားသည့္ အျဖဴေရာင္ဝတ္စုံမ်ား ဝတ္ဆင္ထားၿပီး ဦးေခါင္းထိပ္မွစ၍ ပိုးတုံးလုံးမ်ားပမာ ပတ္ကာထားၿပီး ႏွာေခါင္းႏွင့္ မ်က္လုံးေနရာအတြက္သာ အနက္ေရာင္ အေပါက္မ်ား ေဖာက္ထားသည္။ အရိုးမ်ား က်ိဳးေၾကေနဟန္ တစ္ကိုယ္လုံး တြန့္လိမ္လ်က္ရွိၿပီး အသားစိုင္မ်ားသာ သူတို႔ ေရွ႕ေမွာက္သို႔ တစ္လက္မခ်င္းစီ တိုးလာပုံရ၏။

ရွန့္ေခ်ာင္၏ ဦးေရျပားမ်ား ထုံက်င္လာရသည္။

အသက္တန္ဖိုးကို ေဖာ္ျပထားသည့္ အီလက္ထေရာနစ္ပစၥည္းမ်ားမွ သတိေပးသံမ်ား ထြက္ေပၚလာသည္သာမက ယခုအခါ မီးနီမ်ားပင္ လင္းေနသည္ျဖစ္ရာ ရွိေနသည့္သူမ်ားအား ပို၍ စိတ္ေလာႀကီး ေၾကာက္ရြံ႕လာေစသည္။

လက္ရွိ သူတို႔၏ အေျခအေနမွာ အသတ္ခံရန္ ေစာင့္ဆိုင္းေနသည့္ သိုးငယ္မ်ားပမာ၊ လုပ္နိုင္သည့္အရာဟူ၍ မရွိေပ။

ေဟာ့ရွီး မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေတြးေတြးဆဆဆိုသည္။

"အသက္ပြိဳင့္ ၁၀၀ ဆိုရင္ ဒီကေန အျပင္ကို ေျပးထြက္ဖို႔ ေလာက္နိုင္တယ္မလား?"

အသက္ပြိဳင့္အနည္းငယ္ဆုံးရွူံးကာ ဤေနရာမွ ထြက္ခြါျခင္းက တခုတည္းေသာ နည္းလမ္းျဖစ္ပုံရသည္။ ဤ ၿဂိဳဟ္သားမ်ားမွာ ေျမျပင္ေပၚတြင္သာ တြားသြားနိုင္ပုံရၿပီး ဤေနရာမွ လြန္ေျမာက္သြားလၽွင္ သူတို႔ေနာက္ လိုက္နိုင္ေတာ့မည္ မဟုတ္။

ရွန္ကၽြင့္ယီးက ခ်က္ခ်င္းပင္ သေဘာတူလာသည္။

"အိုေက! ဒါဆို လူခြဲေျပးမလား?"

ရွန့္ေခ်ာင္က ႐ုတ္တရက္ တားျမစ္စကား ဆိုသည္။

"ခဏေစာင့္!"

သူမထံ က်န္သူမ်ားအားလုံး လွည့္ၾကည့္လာသည္။

"ဘာလို႔ အသက္ပြိဳင့္ကို ျဖဳန္းတီးရမွာလဲ? ငါတို႔ ဒီေပၚမွာ ရပ္ေနသေရြ႕ သူတို႔ တြယ္တက္မလာနိုင္ဘူးေလ"

က်ီက်ားယို႔ - "ဒီမွာပဲ မတ္တပ္ရပ္ေနရမွာလား?"

ရွန့္ေခ်ာင္ - "ငါတို႔ ေစာင့္ဖို႔ တတ္နိုင္ေပမဲ့ ထုတ္လုပ္ေရးအဖြဲ႕က မတတ္နိုင္ဘူး၊ သူတို႔က ပရိုဂရမ္အတြက္ တည္းျဖတ္ဖို႔ ရိုက္ကြက္ေတြ လိုတယ္ေလ၊ သူတို႔သာ ငါတို႔ကို ဒီမွာ တခ်ိန္လုံး ပိတ္ထားရင္ သူတို႔ ဘာသြားျပမွာလဲ? ငါတို႔ ေရပန္းေဘာင္ေပၚ ရပ္ၿပီး ၿဂိဳဟ္သားေတြကို သေဘာတက်ၾကည့္ေနတဲ့ ပုံကို ျပမွာလား?"

ဒါရိုက္တာ - " ??? "

ဤၿဂိဳဟ္သားအစုအဖြဲ႕မွာ အရိုးမဲ့ျဖစ္ၿပီး ေျမျပင္ေပၚတြင္သာ တြားသြားနိုင္သည္။ ဒါရိုက္တာအဖြဲ႕သာ ကစားပြဲစည္းမ်ဥ္းအတိုင္း အမွန္တကယ္လိုက္နာလၽွင္ ထိုၿဂိဳဟ္သားမ်ားက ေရပန္းေဘာင္ေပၚ တြယ္တက္ဖို႔ တကယ့္ကို မျဖစ္နိုင္ေပ။

အဓိကနာမည္ေက်ာ္ႏွစ္ေယာက္က ရွိုးအစီအစဥ္တြင္ ေရာက္ရွိေနၿပီး ဤအတိုင္းသာ ဆက္သြားပါက ေနာက္ပိုင္းအခ်ိန္မ်ားတြင္ ျပသစရာဟူ၍ ရွိမည္မဟုတ္ေတာ့၊ ပရိုဂရမ္က ဆက္လႊင့္ရဦးမယ္ မဟုတ္လား?

ဟာေပါက္ ယိုေပါက္မ်ား ရွာေဖြရာတြင္ ဘာလို႔ သူမ ဒီေလာက္မ်ား ေတာ္ေနရတာလဲ?

ဤေနရာ၌ သူတို႔အသက္ပြိဳင့္မ်ားကို အနည္းငယ္ ဆုံးရွုံးေစရန္ ပရိုဂရမ္အဖြဲ႕က အမွန္တကယ္ပင္ စီစဥ္ထားခဲ့သည္။ သို႔ရာတြင္ ယခုမူ သူမ ေႏွာင့္ယွက္လိုက္မွုေၾကာင့္ သူတို႔အသက္ပြိဳင့္မ်ား ေလၽွာ့နည္းသြားေတာ့မည္ မဟုတ္ပဲ ေနာက္ဇာတ္လမ္းဇာတ္ကြက္ကို မည္ကဲ့သို႔ စတင္ရမလဲ?

သေႏၶေျပာင္းဇြန္ဘီတစ္ေကာင္အေနနဲ႔ နင့္မွာ စပိုင္တစ္ေယာက္ရဲ့ စိတ္ထားမ်ိဳး နည္းနည္းထားေပးလို႔ မရဘူးလား?! မင္းအေပါင္းအေဖာ္မ်ား၏ အသက္ပြိဳင့္ေလ်ာ့ေလ ပိုေကာင္းေလ မဟုတ္ဘူးလား!!

သူမက ဘာလို႔မ်ား ဆန့္က်င္ဘက္ေတြပဲ လုပ္ေနရသလဲ?

အဖြဲ႕သားမ်ားက ေမးျမန္းလာသည္။

"ကၽြန္ေတာ္တို႔ ဘာဆက္လုပ္ရမလဲ?"

ဒါရိုက္တာခ်ဳပ္ - "သေႏၶေျပာင္းႏွုန္းကို ျမႇင့္တင္လိုက္"

ထို႔ေနာက္ နားၾကပ္ထဲမွ System ေၾကညာခ်က္ကို ရွန့္ေခ်ာင္ ၾကားလိုက္ရသည္။

"ၿပိဳင္ပြဲဝင္၏ သေႏၶေျပာင္းႏွုန္းမွာ ၃၀% ေရာက္ရွိၿပီး လ်ိဳ႕ဝွက္တာဝန္ ထမ္းေဆာင္နိုင္ပါၿပီ။ လူသားေတြကို သတ္ျဖတ္ၿပီး မ်ိဳးရိုးဗီဇ ေျပာင္းလဲမွုကို တားဆီးပါ"

ရွန့္ေခ်ာင္ - "ငါ မသိဘူး၊ ငါ မၾကားရဘူး၊ ဖတ္လည္း မဖတ္တတ္ဘူး!"

ေရပန္းေဘာင္ေပၚတြင္ ရပ္ေနရျခင္းမွာ ပင္ပန္းေစေသာ ကိစၥရပ္ျဖစ္သည္။

အခ်ိန္အေတာ္ၾကာ မတ္တပ္ရပ္ေနရျခင္းေၾကာင့္ ရွန္ကၽြင့္ယီးက ေျခေထာက္ ေညာင္းလာပုံရကာ ေဆာင့္ေၾကာင့္ထိုင္၍ ပုံစံေျပာင္းလိုက္ေသာ္လည္း ဟန္ခ်က္ပ်က္ကာ ႐ုတ္တရက္ ေရွ႕သို႔ ငိုက္ဆင္းသြားသည္။

ေရပန္းေဘာင္မွာ မူလကတည္းကပင္ က်ဥ္းေျမာင္းေနႏွင့္ၿပီးျဖစ္ကာ ထိုေပၚတြင္ ရပ္ေနသည့္ လူအခ်ိဳ႕မွာ အလြန္အမင္း ေနရာၾကပ္လ်က္ရွိသည္။ က်ီက်ားယို႔မွာ ရွန္ကၽြင့္ယီးထံမွ တြန္းတိုက္ျခင္း ခံလိုက္ရၿပီး ေဘာင္ေပၚမွ တိုက္ရိုက္ ျပဳတ္က်သြားသည္။

ရွန့္ေခ်ာင္က မသိစိတ္အရ က်ီက်ားယို႔ကို ဖမ္းဆြဲလိုက္သည္။ က်ီက်ားယို႔က သူမအက်ီစကို ဆုပ္ဆြဲကာ ေအာက္သို႔ ဆြဲခ်သည္။ သဘာဝက်စြာပင္ ေဟာ့ရွီးက ရွန့္ေခ်ာင္အား ဖမ္းဆြဲထားလိုခဲ့ၿပီး ရလဒ္မွာ ေလးေယာက္စလုံး ေရပန္းေဘာင္ေပၚမွာ ျပဳတ္က်သြားျခင္းပင္။

ရွန့္ေခ်ာင္မွာ 'ရွန္ကၽြင့္ယီး' ဟုသာ ေအာ္ဟစ္နိုင္လိုက္ၿပီး တစ္စုံတစ္ေယာက္က သူမလက္ေကာက္ဝတ္ကို ဆြဲကာ ေရွ႕သို႔ ေျပးထြက္သည္။

မီးအလင္းတန္းမ်ားက တစ္ခုၿပီး တစ္ခု ျပန္လည္လင္းလက္လာကာ ေရွ႕လမ္းမတစ္ခုလုံးကို ထြန္းလင္းသြားေစသည္။

အသက္ပြိဳင့္မွာ အဆက္မျပတ္က်ဆင္းလာၿပီး ၿဂိဳဟ္သားမ်ား ဝန္းရံမွုမွ သူတို႔ လုံးဝ လြတ္ေျမာက္လာခ်ိန္တြင္ ရွန့္ေခ်ာင္၏ အသက္တန္ဖိုးမွာ ၆၉ သို႔ က်ဆင္းသြားရၿပီး ေဟာ့ရွီး၏ အသက္ပြိဳင့္မွာ ၅၄ ပြိဳင့္သာ က်န္သည္။

သူက ေရွ႕ဘက္ဆီမွ လမ္းရွင္းေပးခဲ့ျခင္းျဖစ္တာမို႔ ၿဂိဳဟ္သားမ်ား၏ တိုက္ခိုက္မွုမွာ သူ႔အေပၚ အမ်ားဆုံး က်ေရာက္သည္။

ထြက္ေျပးလာခ်ိန္၌ ရွိေနသူမ်ားအားလုံး ေျခဦးတည့္ရာ ေျပးထြက္လာမွုေၾကာင့္ လူစုကြဲသြားေလသည္။ ေဒါသေျဖနိုင္ဖို႔ ရွန္ကၽြင့္ယီးအား ရွာေဖြျခင္းမွာ မျဖစ္နိုင္ေလာက္ဟု ရွန့္ေခ်ာင္ ေတြးလိုက္သည္။

ေသြးေအးရက္စက္သည့္ System ၏ ေၾကညာခ်က္က နားၾကပ္ထဲတြင္ ထပ္မံထြက္ေပၚလာျပန္သည္။

"ယွဥ္ၿပိဳင္သူ၏ အသက္တန္ဖိုး ေလ်ာ့နည္းသြားကာ ခုခံနိုင္စြမ္း ေလ်ာ့က်သြားသျဖင့္ မ်ိဳးရိုးဗီဇေျပာင္းလဲႏွုန္းမွာ ၅၀% သို႔ ေရာက္ရွိေနၿပီ၊ မ်ိဳးရိုးဗီဇေျပာင္းလဲျခင္းကို ၁၀၀% မျပည့္မွီ မရပ္တန့္နိုင္လၽွင္ ၿပိဳင္ပြဲဝင္မွာ ဇြန္ဘီအျဖစ္ ထာဝရ ေျပာင္းလဲသြားေပမည္"

ရွန့္ေခ်ာင္ - "ငါမသိဘူး! ငါ ၾကားလည္း မၾကားရသလို ဖတ္လည္း မဖတ္တတ္ဘူး!!"

ေဟာ့ရွီးက ႐ုတ္တရက္ဆိုလာသည္။

"ရွန္ကၽြင့္ယီးမွာ ျပႆနာရွိေနတယ္"

ရွန့္ေခ်ာင္ - "ဟမ္?"

"ၾကည့္ရတာ သူက ငါတို႔ကို တမင္တြန္းခ်ပုံပဲ"

ရွန့္ေခ်ာင္ ေတြးေတာလိုက္သည္။ မျဖစ္နိုင္ဘူး! ငါကမွ စပိုင္ပဲ! သူ တမင္တကာ တြန္းခ်ရင္ ဘာအက်ိဳးရမွာမို႔လို႔လဲ?

သူမ အေသအခ်ာ မေတြးေတာနိုင္ခင္မွာပင္ ပရိုဂရမ္အဖြဲ႕က ထပ္မံလွုပ္ရွားလာျပန္သည္။ ျမင့္မားသည့္ အေဆာက္အအုံမွာ သူတို႔ ေရာက္ေနသည့္ေနရာမွ မေဝးလွ။

ေဟာ့ရွီး - "အရင္ဆုံး အဲ့ကို သြားရေအာင္"

ရွန့္ေခ်ာင္ ေခါင္းညိတ္ကာ သူ႔ေျခလွမ္းအတိုင္း ထပ္ခ်ပ္မကြာလိုက္သည္။

လမ္းေထာင့္ကို ခ်ိဳးေကြ႕လိုက္သည္ႏွင့္ လမ္းမတဖက္ျခမ္းမွ လူတစ္ေယာက္ ေျပးလာသည္ကို ျမင္လိုက္ရသည္။ ထိုသူမွာ က်န္းမင္။ သူတို႔ႏွင့္ ဆုံေတြ႕ရသည့္အတြက္ သူက အလြန္အမင္းဝမ္းသာေနပုံရကာ လက္ေဝွ႕ရမ္းရင္း ေအာ္ဟစ္လာသည္။

"ေနာက္ဆုံးေတာ့ အေဖာ္ေတြ႕ၿပီ!!"

သူတစ္ေယာက္တည္းျဖစ္ေနသည္ကို ရွန့္ေခ်ာင္ျမင္လၽွင္ ေမးျမန္းလိုက္သည္။

"ဖန္းက်ီေရာ ဘယ္မွာလဲ?"

က်န္းမင္းကား အလြန္တရာ ဝမ္းနည္းသြားပုံရ၏။

"ငါတို႔ ဝင္လာတုန္းက ဇြန္ဘီေတြ ဝိုင္းလိုက္တာ ခံရတယ္၊ သူ႔အသက္ပြိဳင့္ သုညထိ ေရာက္သြားၿပီး ေခၚသြားခံရတယ္"

ရွန့္ေခ်ာင္ သူ႔အသက္တန္ဖိုးကို လွမ္းၾကည့္လၽွင္ ၇၇ မွတ္ဟု ေဖာ္ျပေနသည္။

က်န္းမင္ - "ငါတို႔ အဖြဲ႕ဖြဲ႕ၾကမလား? ငါ့တာဝန္က ကမၻာကို ကယ္တင္ဖို႔၊ မင္းတို႔ေရာ?"

တစ္စုံတစ္ခုမွားယြင္းေနသည္ဟု ရွန့္ေခ်ာင္ ခံစားရကာ

"သူက ခ်က္ခ်င္းေသသြားေပမဲ့ ရွင့္မွာေတာ့ ဒီေလာက္ပြိဳင့္ေတြ က်န္ေနေသးတယ္? ဘယ္လိုလုပ္ခဲ့တာလဲ? သူ႔ကို သုံးၿပီး ဇြန္ဘီေတြရန္က ကာကြယ္ခဲ့တာလား?"

က်န္းမင္ကား ဝမ္းနည္းသြားပုံရ၏။

"ေရွာင္ေခ်ာင္၊ မင္းတကယ္ပဲ ငါ့ကို အဲ့လိုေတြးတာလား? ငါက အဲ့လိုလူမ်ိဳးလား?"

ရွန့္ေခ်ာင္ - "နင္ ၿပီးခဲ့တဲ့အပိုင္းတုန္းက ငါ့ကို အေနာက္ကေန တိုက္တယ္ေလ၊ က်ည္ကာသာ မဝတ္ထားရင္ ငါေသေနၿပီ"

က်န္းမင္ - " ??? "

ၿပီးခဲ့တဲ့ အပိုင္းက ျဖစ္ပ်က္ခဲ့တာကို အခုခ်ိန္ထိ မွတ္မိေနတုန္းလား? မိန္းမေတြ ဒီေလာက္ပဲ အၿငိဳးႀကီးသလား?

သူက ေဟာ့ရွီးထံ ၾကည့္ကာ

"ေဟာ့ရွီး အဖြဲ႕ဖြဲ႕ရေအာင္ေလ၊ မင္းနဲ႔ ေရွာင္ေခ်ာင္မွာ အသက္ပြိဳင့္က ဘယ္ေလာက္မွ မက်န္ေတာ့ဘူးေလ၊ ငါပါ ပါရင္ နိုင္ဖို႔ အခြင့္အေရးပိုမ်ားတာေပါ့၊ ငါ တကယ္ပဲ စပိုင္မဟုတ္ပါဘူး"

ေဟာ့ရွီးက ျပဳံးရင္းဆိုသည္။

"ဒီကို ပထမဆုံးအႀကိမ္ လာတာဆိုေတာ့ ဘယ္လိုေဆာ့ရမလဲ မသိဘူး၊ ခင္မ်ား သူ႔ကို ေမးတာပိုေကာင္းတယ္"

လူသုံးေယာက္မွာ စကားေျပာဆိုလ်က္ရွိၿပီး လမ္းမထက္ရွိ ေကာ္ရစ္ဒါေပၚမွ ဇြန္ဘီမ်ား ထြက္ေပၚလာသည္။ ေတြးေတာရန္ အခ်ိန္မရွိေတာ့ပဲ ရွန့္ေခ်ာင္က အလၽွင္အျမန္ပင္ ေအာ္ေျပာလာသည္။

"ေျပး!!! တိုက္အျမင့္ဆီ တိုက္ရိုက္ေျပး!!"

အေဆာက္အအုံမွာ လမ္းအဆုံးတြင္ တည္ရွိသည္။ လူသုံးေယာက္မွာ တရွိန္ထိုး ေျပးလႊားလ်က္ရွိကာ ဇြန္ဘီမ်ားသည္လည္း တျဖည္းျဖည္း စုေဝးရင္း ေနာက္မွ လိုက္လာသည္။ ထို႔ေနာက္ သူမတို႔ေနာက္မွ ေဒါသထြက္ေနသည့္အသံကို ၾကားလိုက္ရသည္။

"က်န္းမင္၊ နင္ အဲ့မွာ ရပ္ေနစမ္း!!! ငါ နင့္ကို သတ္မယ္!!"

ထိုေအာ္သံမွာ ဖန္းက်ီထံမွ ျဖစ္သည္။

ေျပးလႊားေနရင္း ရွန့္ေခ်ာင္ ေနာက္သို႔ လွမ္းၾကည့္လိုက္သည္။ ဖန္းက်ီက ဇြန္ဘီဝတ္စုံကို လဲလွယ္ထားခဲ့ၿပီးျဖစ္ကာ သူမဆံပင္မွာ ရွုပ္ပြလ်က္ရွိၿပီး မ်က္ႏွာေပၚတြင္ Special effect ျဖင့္ မိတ္ကပ္ျပင္ဆင္ထားသည္။ သူမ အသက္ပြိဳင့္မွာ သုညထိ က်ဆင္းသြားၿပီးေနာက္ ဇြန္ဘီအျဖစ္ ေျပာင္းလဲသြားသည္မွာ အထင္အရွား။

System မွ ဖန္းက်ီအား သတိေပးစကားဆိုလာသည္။

"ဇြန္ဘီေတြက စကားေျပာလို႔ မရဘူး!!"

ဖန္းက်ီ - " !!!! "

ဖန္းက်ီ၏ ဝတ္စုံကို က်န္းမင္ေတြ႕သည္ႏွင့္ လမ္းတေလၽွာက္ အူလွိုက္သဲလွိုက္ရယ္ေမာလာေသာ္လည္း ေျပးေနသည့္အရွိန္ကား ေလ်ာ့က်မသြား။ ေဟာ့ရွီးမွာ ရွန့္ေခ်ာင္အား ေစာင့္လိုသည္မို႔ ႏွစ္ေယာက္သားမွာ က်န္းမင္၏ ေက်ာ္တက္ျခင္း ခံလိုက္ရသည္။

တိုက္ျမင့္၏ ဝင္ေပါက္သို႔ သူတို႔ ေရာက္ရွိခ်ိန္တြင္ က်န္းမင္မွာ ဝင္ေရာက္သြားႏွင့္ၿပီးျဖစ္သည္။

ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ တံခါးတြန္းဖြင့္လိုက္ေသာ္လည္း ေသာ့ခတ္ထားသည္ကိုသာ သိလိုက္ရသည္။

က်န္းမင္က ေတာင္းပန္သည့္ အၾကည့္ျဖင့္ လွမ္းၾကည့္ရင္း အတြင္းထဲမွ ျပဳံး၍ လွမ္းၾကည့္သည္။

ရွန့္ေခ်ာင္ တံခါးကို ရိုက္ပုတ္ကာ လွမ္းေအာ္သည္။

"နင္ဘာလုပ္တာလဲ? တံခါးျမန္ျမန္ဖြင့္!!"

က်န္းမင္က သူမအား ပခုံးတြန့္ျပကာ အတြင္းသို႔ ေလၽွာက္ဝင္သြားသည္။

သူတို႔ေနာက္ဘက္ရွိ ဇြန္ဘီမ်ားမွာ နီးသထက္ နီးလာလ်က္ရွိသည္။ ရွန့္ေခ်ာင္ခမ်ာ ငိုခ်လုနီးပါးျဖင့္ ဝင္ေပါက္တံခါးကို အ႐ူးအမူး ထုရိုက္လာသည္။ ေဟာ့ရွီးက ေဘးပတ္ဝန္းက်င္ကို တည္တည္ၿငိမ္ၿငိမ္ျဖင့္ လွည့္ပတ္ၾကည့္ရွုၿပီးေနာက္ သူမအား ဘယ္ဘက္ရွိ လမ္းသြယ္သို႔ ေခၚေဆာင္သြားသည္။

လမ္းသြယ္အဆုံးတြင္ ေသာ့ခတ္ထားသည့္ သံပန္းဂိတ္တံခါးရွိသည္။

ႏွစ္ဦးသား သံတံခါးဆီ ေျပးသြားကာ ေဟာ့ရွီးက ေအာက္သို႔ ငုံ႔ၾကည့္ရင္း ေမးသည္။

"မင္း တြယ္တက္နိုင္လား?"

ရွန့္ေခ်ာင္ ေခါင္းခါလိုက္ၿပီးေနာက္ ေခါင္းညိတ္လာသည္မွာ ငိုခ်ေတာ့မလို။

"ေဟာ့ရွီး ရွင္ျမန္ျမန္တြယ္တက္၊ ကၽြန္မကို ထားခဲ့!!"

သူမေနာက္လွည့္ကာ ေသျခင္းအား ရင္ဆိုင္ေတာ့မည့္ဟန္ပန္ျဖင့္ လက္ျဖန့္ကားလာသည္။

"ကၽြန္မ သူတို႔ကို တားထားမယ္၊ ရွင္သြားေတာ့!"

ေဟာ့ရွီး ေခါင္းငုံ႔ကာ ေသာ့ခေလာက္ကို လွမ္းၾကည့္သည္။ သူ တခဏမၽွ အံ့အားသင့္သြားပုံရၿပီး လက္လွမ္းကာ ေသာ့ကို ဆြဲျဖဳတ္လိုက္သည္။

အိုမင္းေဟာင္းႏြမ္းေနသည့္ ေသာ့ခေလာက္က သူ ဆြဲျဖဳတ္လိုက္သည္ႏွင့္ ေျမျပင္ေပၚ ျပဳတ္က်သြားသည္။ ဤသည္မွာ ဒါရိုက္တာအဖြဲ႕မွ အထူးျပင္ဆင္ထားသည့္ ထြက္လမ္းျဖစ္သည္။ သူမတို႔ႏွစ္ေယာက္မွာ အလြန္အမင္း ကံေကာင္းသြားရၿပီး ထြက္ေပါက္ တံခါး၏ ဘယ္ဘက္လမ္းကို ေရြးမိျခင္းျဖစ္သည္။

အကယ္၍ ညာဘက္လမ္းကိုသာ ေရြးခဲ့လၽွင္ လမ္းဆုံးေလၿပီ။

ေဟာ့ရွီး သံပန္းတံခါးကို တြန္းဖြင့္လိုက္ကာ သူ႔အား ဇြန္ဘီမ်ားရန္မွ ကာကြယ္ရန္ ျပင္ဆင္ထားသည့္အေနျဖင့္ လက္ဆန့္တန္းထားသည့္ ရွန့္ေခ်ာင္ကိုပါ ဆြဲေခၚလိုက္သည္။

အခ်စ္အတြက္ အသက္စြန့္မည့္ ရွန့္ေခ်ာင္ - "......'"

သံပန္းတံခါးေဘးတြင္ စက္ဘီးေသာ့ခေလာက္တစ္ခု လဲေလ်ာင္းလ်က္ရွိသည္။

ကင္မရာသမားမ်ား ေရာက္လာၿပီးေနာက္ သံပန္းတံခါးကို စက္ဘီးေသာ့ျဖင့္ခတ္လိုက္သည္။

တဖက္ျခမ္းမွ ေျပးလာသည့္ ဇြန္ဘီမ်ားမွာ တံခါးကို အဆက္မျပတ္ ခါရမ္းလ်က္ရွိသည္။ ဖန္းက်ီက ေရွ႕ဆုံးတြင္ မတ္တပ္ရပ္လ်က္ရွိကာ စည္းကမ္းခ်က္ေၾကာင့္ စကားမေျပာနိုင္ပဲ သူမမ်က္ႏွာေပၚ  အမူအရာမ်ိဳးစုံလုပ္ျပကာ ရွန့္ေခ်ာင္ထံ မ်က္စိတစ္ဖက္မွိတ္ျပသည္။ သူမ၏ Special effect မိတ္ကပ္ေၾကာင့္ ရွန့္ေခ်ာင္မွာ ရယ္ေသလုနီးပါး။

"နင့္ကို က်န္းမင္ သတ္တာလား?"

ဖန္းက်ီက ေဒါသထြက္ေနသည့္ မ်က္ႏွာျဖင့္ ေခါင္းဆက္တိုက္ညိတ္လာသည္။

အေျခအေနမွာ သူတို႔ ေတြးေတာထားသကဲ့သို႔ ရိုးရွင္းမွုမရွိဟု ရွန့္ေခ်ာင္ ခံစားရသည္။

သူမ တစ္စုံတစ္ခုကို အမွတ္ရသြားကာ ေရပန္းမွ ေကာက္ယူလာသည့္ ဆုေတာင္းအေႂကြေစ့ကို ထုတ္ယူလိုက္သည္။

လက္ရွိတြင္ အလင္းအားေကာင္းမြန္မွုေၾကာင့္ အေႂကြေစ့ေပၚတြင္ ထြင္းထားသည္မ်ားကို သဲသဲကြဲကြဲျမင္နိုင္သည္။ တစ္ဖက္တြင္ လူတစ္စုက ေျမျပင္ေပၚ ထူးဆန္းသည့္ ပုံပန္းသ႑ာန္မ်ားျဖင့္ ပုံေဖာ္ျပထားသည္မွာ သူတို႔ ယခုေလးတင္ ေတြ႕ၾကဳံခဲ့သည့္ ဇြန္ဘီမ်ားအတိုင္းပင္။

သူမ ေရတြက္ၾကည့္လိုက္ခ်ိန္တြင္ စုစုေပါင္း လူခုနစ္ေယာက္မွာ ေျမျပင္ေပၚ ဒူးေထာက္လ်က္ရွိသည္။

ေရွ႕ဘက္သို႔ လွန္ၾကည့္ခ်ိန္၌ လူတစ္ေယာက္ပုံကိုသာ ထြင္းထားၿပီး ထိုသူမွာ ထြက္ေျပးေနဟန္ျဖင့္ အလယ္တြင္ တကိုယ္တည္း မတ္တပ္ရပ္လ်က္ရွိသည္။

မ်က္ေတာင္တဖ်ပ္ခတ္စာအခ်ိန္အတြင္း အေတြးတစ္ခုက ရွန့္ေခ်ာင္ စိတ္ထဲ ေပၚေပါက္လာသည္။

ပရိုဂရမ္အဖြဲ႕ဆိုခဲ့သည္မွာ ရွစ္ေယာက္ထဲမွ တစ္ေယာက္ေသာသူသာ က်န္ခုႏွစ္ေယာက္ႏွင့္ ကြဲျပားသည္ဟူ၍။ ထိုသူမွာ ဇြန္ဘီျဖစ္ရမည္ဟု လူတိုင္းက ယူဆခဲ့ၾကသည္။

ထို႔ေၾကာင့္ ဗီဇေျပာင္းလဲမွု ေၾကညာခ်က္ကို သူမ လက္ခံရရွိခ်ိန္တြင္ သူမက ဇြန္ဘီျဖစ္သည္ဟု အလိုအေလ်ာက္ ေတြးေတာမိခဲ့သည္။

သို႔ေသာ္ မ်ိဳးရိုးဗီဇေျပာင္းလဲသူ အေရအတြက္မွာ ခုနစ္ေယာက္ဆိုလၽွင္ေရာ?

ေရပန္းေဘာင္ေပၚ၌ ရွန္ကၽြင့္ယီးႏွင့္ က်ီက်ားယို႔က မီးတုတ္မ်ားကို ေရထဲသို႔ တမင္တကာ ပစ္ခ်ခဲ့ၿပီး  ရွန္ကၽြင့္ယီးက တမင္တကာ ေျခေထာက္ေညာင္းဟန္ေဆာင္ခဲ့သည္။ က်ီက်ားယို႔က ေတြေဝျခင္းအလ်ဥ္းမရွိပဲ သူမအား ဆြဲခ်ခဲ့သည္။ က်န္းမင္က တံခါး ေသာ့ပိတ္ထားကာ သူတို႔အား ေသေစလိုသည္မွာ သိသာေနသည္။

သူတို႔အားလုံးက သူတို႔သည္သာ တစ္ဦးတည္းေသာ စပိုင္ျဖစ္သည္ဟု ေတြးထင္ခဲ့ကာ လူသားမ်ားအား သတ္ျဖတ္ျခင္းက သေႏၶေျပာင္းလဲမွုကို တားဆီးနိုင္မည္ဟု ထင္မွတ္ခဲ့သည္။

သို႔ရာတြင္ လူသားကား တစ္ဦးတည္းသာ ျဖစ္၏။

ထိုသူကား မည္သူနည္း။

*****
Liz - ငါ ဘာသာျပန္ေနတာ Romance မွ ဟုတ္ရဲ့လား? ဇြန္ဘီေတြေရာ သရဲေတြေရာ အစုံပဲ 😭😭 ေနာက္ဖတ္တဲ့သူေတြက အပိုင္းတိုင္းကို ဝက္ဝက္ကြဲရယ္ေနၾကတာ။ တကယ့္ ဘုရားစူး Romance ။

ဒီေန႔ေစာတယ္မလား? ဆုရမွာလား 🤭🤭

****

Continue Reading

You'll Also Like

44.6K 939 33
What if Boruto and Naruto were in the 4th Great Ninja War together, but Naruto knew that Boruto was his son. Read this to see what happens
373K 44.7K 200
Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)
23.6K 2.2K 58
ဒါ​ပေမယ့်​လေ ထင်းထင်....ကျန်းရန်က အရမ်းလည်း​ကောင်း​ပေးနိုင်ပါတယ်....သူက​လေ မင်းအတွက်ဆိုပြီး အ​ကောင်းဆုံးဖြစ်​အောင် အမြဲတမ်း​ပြောင်းလဲ​ပေး​နေခဲ့တာပါ...
25.6K 926 30
What were to happen if instead of being caught, Jyugo agreed to leave Nanba with Elf in order for his friends to be left alone? What will happen now...